တနေ့တလံ

 တောင်တက်ဖူးကြလားခင်ဗျာ။

ကျွန်တော်တို့ တောင်အမြင့်ကြီးတွေကို တက်ကြတဲ့အခါ အစပိုင်းတော့ တက်တက်ကြွကြွ ပျော်ပျော်ပါးပါးတက်ကြတယ်ပေါ့နော်
တဖြည်းဖြည်း ညောင်းလာ မောလာတဲ့အခါ ဟာ မရောက်သေးဘူးလားကွာ ဟာတော်ပြီ ဆက်မတက်နိုင်တော့ဘူးဆိုပြီး အကြိမ်ပေါင်းများစွာ တွေးမိတတ်ကြပါတယ်။
ဒါပေမယ့်လည်း တက်လာတဲ့ဟာကို နှမြောပြီး တက်ကြတယ်ပေါ့နော်။
ဒိတောင်ရဲ့ ဒီနေရာကိုရောက်လာတာဟာ အောက်က ဒီလောက်တက်လာခဲ့လို့ပဲ ဆိုတာ သတိရပြီး ဆက်တက်ကြပါတယ်။ အဲ့လိုနဲ့ မောလိုက် နားလိုက် မတက်ချင်တော့ဘူးတွေးလိုက်နဲ့ တက်ရင်းတက်ရင်း အချိန်တန်တော့ တောင်ထိပ်ကိုရောက်ပါတယ်။
လိုချင်တဲ့ပန်းတိုင်ကိုရောက်သွားတဲ့အခါ ရတဲ့ စိတ်ခံစားမှု ၊ တောင်ထိပ်ကနေ မြင်ရတဲ့ လှပတဲ့ရှုခင်းတွေ ကိုကြည့်ရတဲ့စိတ်ခံစားမှု တွေဟာ ပင်ပန်းတာတွေကို ပျောက်သွားလောက်အောင်ကို တန်တဲ့ ရလာဒ်တွေရပါတယ်။ တောင်ပေါ်ကနေပြန်ဆင်းတော့ ပေါ့ပေါ့ပါးပါးလေးဖြစ်သွားရောပေါ့ခင်ဗျာ။
ဒီလိုပါပဲ ကျွန်တော်တို့ဟာ တက်လာတာ အတော်လေးခရီးရောက်နေပါပြီ။
ဒီအချိန်မှာ မောပန်းမယ် ပင်ပန်းမယ် ဒါပေမယ့် ပန်းတိုင်ကိုမြင်နေရတာမို့ အားကိုတင်းပြီး ဆက်လျှောက်ရပါမယ်ခင်ဗျာ။
တောင်တက်ရင် လမ်းတဝက်မှာ မလိုက်ချင်တော့ဘူးလို့နေခဲ့တဲ့သူကတော့ တောင်ထိပ်ကအလှအပတွေကိုမြင်ရမှာမဟုတ်ပေမယ့်
တော်လှန်ရေးအောင်မြင်တဲ့အခါမှာတော့ နေသာသလိုနေခဲ့ကြသူတွေပါ အောင်မြင်မှုအကျိုးရလာဒ်ကို ခံစား၇မှာဖြစ်ပါတယ်။
ကျွန်တော်တို့ဟာ ခြေလှမ်းမှန်မှန်လေး ချီတက်နေဆဲပါ။
ဘာတွေဘယ်လောက်ဖြစ်နေတယ်ဆိုတာကို တော်တော်လေးထဲထဲဝင်ဝင်သိထားတဲ့ ကျွန်တော့်အတွက်တော့ တော်လှန်ရေးဟာ နေ့ရက်တိုင်း အားတက်စရာပါ။
ဝုန်းခနဲ ရလာဒ်တစ်ခု ရလာဖို့အတွက် တထစ်ချင်းစီ တက်နေတဲ့ခရီးမို့
တောင်ထိပ်ထိရောက်အောင်တော့ အတူတူလိုက်ခဲ့ကြပါခင်ဗျာ။ တစ်ဦးကလဲရင် တစ်ဦးကထူလို့ အခက်အခဲတွေကို အတူတူဖြတ်ကျော်ရင်း အောင်မြင်မှုရတဲ့အခါ ဒါဟာ ငါတို့ထုဆစ်ထားတဲ့ အောင်မြင်မှုပဲ လို့ ဝမ်းသာဂုဏ်ယူကြရအောင်ပါခင်ဗျာ။



Comments

  1. Mingalabar Admin😘

    ReplyDelete
    Replies
    1. မင်္ဂလာပါ

      Delete
    2. အိုမို cmtတွေများကြီးပဲ အောက်ဆင်းပျင်းလို့ဒီမှာရေးမယ်နော်🤗🤗
      အောင်ပွဲမရမချင်း နောက်မဆုတ်ကြေး
      ကိုယ်ရှင် သူသေပဲ

      Delete
    3. ဒါဆိုကလစ်တာအောင်မြင်ပြီလား

      Delete
    4. မဂ်လာပါ

      Delete
    5. ကိုယ်ရှင်သူသေ သိပ်မိုက်တဲ့အသုံးအနှုံးလေးတို့ပြည်သူတွေရှင် မအလကြီးသေ ပေါ့

      Delete
    6. အဆုံးထိသွားမှာပါ မင်မင်ရေ။ဘယ်သူမှ မလိုက်တော့ရင်လည်း တယောက်ထဲပဲသွားမှာပါ။

      Delete
    7. အနိုင်မခံအရှုံးမပေးပဲဆက်သွားကြမယ် ကျနော်တို့ပြည်သူတွေကလဲ click ကြမယ် အတူတူသွားရင်ပန်တိုင်ကို အောင်စွာရောက်ကြမှာပါဗျာ့အားလုံး Will try 💪

      Delete
  2. Early bird admin is coming🤗

    ReplyDelete
  3. Have a nice day😇

    ReplyDelete
  4. 🥰🥰🥰💪💪💪

    ReplyDelete
  5. Fb မှာရော ဒီမှာရော သိပ်သဘောကျရ၊ Moti ရတဲ့စာလေးပါ အားတင်းထားကြစို့💪

    ReplyDelete
    Replies
    1. Right ပုလေးက၄သိန်းရှိတယ်တဲ့တကယ်တော့ငကြွားကြီးပါ ရှိလှ၂.၃သိန်းပေါ့ တစ်နေ့ ခွေ၅၀လောက် ပဲtaအုံ အခုအချိန်ထိဆိုတော်တော် ခရီးပေါက်နေပီ 5tin

      Delete
    2. တနေ့ကိုဘယ်နှခုလောက်၀င်ကြည့်ရတာလဲ

      Delete
  6. fighting
    we must win

    ReplyDelete
  7. adsမတက်သေးဘူး..သူများတွေတက်တယ်ပြောလို့ပါ...

    ReplyDelete
    Replies
    1. ပုံမှန်ဝင်ကြည့်ပါအသေးလေးတွေတက်ပါတယ်ssတောငိယူထားတယ်ရှင့်

      Delete
    2. ဟုပ app ထဲမှာပေါ်နေတာကို ss ယူထားမို့ အများကြီးတက်မယ်ထင်လို့ မယူလိုက်မိဘူး
      ပြီးတော့ လင့်ခ်ထဲဝင်ရင်း ဟိုဆွဲဒီဆွဲလုပ်နေတုန်းလည်း ads အရှည်တခုတက်လာလို့ အံ့ဩသွားတာ
      ပြန်တက်နေပြီလို့
      ခုတော့မတက်ပြန်ဘူး 😪

      Delete
    3. ,,🤩🤩🤩🤩🤩🤩

      Delete
    4. 29.11.ေအသေးလေးတွေတက်လာတယ်.နောက်ဝင်.ဝင်ချင်းကြော်ငြာတစ်ခုဝင်လာလို့pointတစ်ခုရပါတယ်ရှင့်😊

      Delete
  8. 😘😘😘😘😘

    ReplyDelete
  9. Hiking is one of my favorite hobby. I can't change with anything the feeling of when I reach the top of hill.

    ReplyDelete
    Replies
    1. 🥰🥰🥰🥰🥰🥰🥰🥰

      Delete
  10. ပုဂံဘယ်ရွေ

    ReplyDelete
  11. ဒါပေါ့ ဒါပေါ့

    ReplyDelete
  12. That's sure, the goal of federal Democracy is just around the corner.

    ReplyDelete
  13. We will fight till the end. .Never Give up 💪💪💪
    Click 😊 24/11/2022 10:20AM

    ReplyDelete
  14. Fighting together!!
    Thanks Admin ☕💙🍀

    ReplyDelete
  15. This comment has been removed by the author.

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
    2. နောက် နှစ်ပြန်တက် မယ်ဆိုပြီး မအလ စေ​ကေ်ရူးထလို့ မတက်ရဘူးဆိုတော့ 2020 မှာ တက်ခဲ့တာထင်တယ်
      အဲ့တာဆို တူတူပဲ တို့နဲ့ 2020 ​ခြောက်လပိုင်းက တက်တာ
      တောင် တက်လမ်းက နှစ်ခု ရှိတယ်နော်
      ရေးထားတဲ့ပုံအရ တက်တဲ့လမ်းလဲ တူတယ်ထင်တယ်
      တချို့ နေရာတွေကမတ်စောက်ပြီး အသဲတထိတ်ထိတ်နဲ့
      တောင် ကျရေတံခွန်လေးတွေတွေ့တော့ ခနလေး အမောပြေသွားတာ
      ကျောက်စက်ရေက ကျန်းမာတယ်ဆိုလို် ရေဘူးထဲကရေတွေ ကုန်အောင်သောက်ပြီး ကျောက်စက်ရေကို အကြာကြီး ခံယူကြသေးတာ

      bro (or) sis Azzurri ရေးထားတဲ့
      တောင်ထိပ်ကို ငါရောက်ခဲ့တယ် အဲ့တာ ကိုယ့်ရဲ့ပျော်ရွှင်မှူ့ပဲ ဆိုတာ
      တောက်တက်ရခြင်းရဲ့ အထိရောက်ဆုံးစကားလေးပဲ
      ပြန်လာပြီး နှစ်ရက်လောက် ကိုယ်တွေလက်တွေနာသေးတာပေမဲ့ ရှေ့နှစ်ထပ်တက််မယ်လို့ အားခဲထားတာ မအလ ကြောင့် မတက်ရတော့တာ

      Delete
    3. 2019 တုန်းက April ဆိုတော့မတရားပူတာ, အပေါ်ရောက်တော့ပူကျစ်နေတာပဲ. 2020 က ကိုဗစ်တွေစဖြစ်တော့ ခရီးမထွက်ဖြစ်တော့ဘူးနောက်ပိုင်းထိန်းချုပ်လာနိုင်တော့ 2021 ထပ်သွားကြမယ်ဆိုပြီး
      ဟုတ်တယ်၂လမ်းရှိတယ်
      နောက်တခေါက်သွားရင် အဲ့မတ်တဲ့ဘက်ကနေတက်မလား တိုင်ပင်ထားကြတာ (ပိုမတ်ပြီး ပိုနီးတယ်, ရှုခင်းတွေ ကွဲသွားတယ်)

      Delete
  16. ကိုယ်ကတော်တက်ဖူးသူတစ်ယောက်မိုးအဲရသာကိုကောင်းကောင်းသိနားလည်တယ် အခုလည်းအလုပ်တစ်ဖက်နဲကလစ်တဖက်ဆိုတော်အရမ်းပင်ပန်းပေမယ်
    မင်းမင်းပြောခဲသလိုပဲ ပန်းတိုင်ကိုရောက်ဖိုးဆက်လက်ကြိုးစားမယ်ဆက်တက်မယ်ပင်ပန်းခံမယ် အောင်ပွဲ ယူမယ်ပျော်မယ်

    ReplyDelete
    Replies
    1. သမိုင်းပေးတာဝန်ပါ

      Delete
    2. အားလုံးကိုကျေးဇူးအလွန်တင်ပါတယ်

      Delete
  17. အဆုံးထိကလစ်ကြမယ် ဟဲ"❤️

    ReplyDelete
  18. we must win💪💪💪

    ReplyDelete
  19. အဆုံးထိသွားမဲ့ ကလစ်ကာ

    ReplyDelete
  20. ​တောင်ထိပ်​ရောက်တဲ့အခါ အတူအ​မော​ဖြေကြတာ​ပေါ့🥰

    ReplyDelete
  21. ​တောင်တက်ဖူးတာ​ပေါ့, သ​ဘောလဲကျတယ်, အ​မော​​တော့ မခံနိုင်ဘူး
    ဒါ​ပေမယ့် အဆုံးထိ ​ဖြေး​ဖြေးမှန်မှန်တက်တယ် ​မောလို့​တော့ ​နောက်ပြန်မလှည့်ဘူး, ခုလဲ ဒီလိုပါပဲ အဆုံးထိ တူတူ ​တောင်တက်ပါမယ် 💪💪💪

    ReplyDelete
  22. တောင်တွေတော့ သိပ်တက် ဖူးလေ့မရှိပေမယ့် ဒီတလရ ခရီးကိုတော့ အဆုံးထိ ဇွဲမလျော့တမ်းတတ်နိုင်သလောက် သွားမှာ..လမ်းတဝက်က လှည့်ပြန်အားလျော့မယ့်သူတွေထဲကိုယ်မပါစေရဘူး..promise 🤛🤛

    ReplyDelete
  23. ဖြည်းဖြည်း မှန်မှန်လျှောက်ရင် ရောက်ရမှာပေါ့။ ဖိုက်တင်းဗျာ။

    ReplyDelete
  24. ဟုတ်ကဲ့ပါဆရာ

    ReplyDelete
  25. အရှုံးမပေးသရွေ့ငါတို့နိုင်တယ်💪

    ReplyDelete
  26. ကိုယ့်လိပ်ပြာကိုယ်လုံဖို့​နေ့တိုင်းကလစ်တယ်

    ReplyDelete
  27. ဖြေးဖြေးမှန်မှန်လေးနဲ့အဆုံးထိတူတူတောင်တက်ပါမယ် 💪💪💪

    ReplyDelete
  28. ဆက်ပန်းတိုင်ဇွဲမလျော့ပဲ တိုက်ကြပေးပါ🙏🙏🙏ငြိမ်းချမ်းတဲ့ပြည်ဖြစ်ဖို့အတွက်

    ReplyDelete
  29. တကယ်ကောင်းတဲ့စာသားနဲ့ပုံလေးပါ၊အားတက်ရပါတယ်၊ကျေးဇူးတင်ပါတယ်။

    ReplyDelete
  30. တောင်ကနေ့တိုင်းတက်နေဆင်းနေရတာခြေသလုံးတွေကြီးလာတော့မယ်🤭🤭 လိုင်းရတဲ့နေရာက အဲ့လိုနေရာမို့ ကလစ်ဖို့နေ့တိုင်း တက်ဆင်းနေရတာ
    မောတော့မောတာပေါ့ ဒါပေမယ့်မမောဘူး😁😁❤️

    ReplyDelete
  31. တစ်နေ့တစ်လံ ဘယ်ဂံ ဘယ်ရွေ့မလဲ

    ReplyDelete
  32. တလရ အမြန်ဆုံး အောင်စေရန် နေ့စဥ် ကလစ်ကြပါစို့။

    ReplyDelete
  33. တောင် ကြီးဖဝါးအောက်ပါ

    ReplyDelete
  34. We must Click to donate for our AungPwal and our goal.
    We must success and we must win.

    ReplyDelete
  35. ရောင်နီသာတဲ့နေ့သစ်စီသို့
    💪💪💪

    ReplyDelete
  36. ဖြေးဖြေးမှန်မှန် တရွေ့ရွေ့
    လက်တွေတွဲပြီး အဆုံးထိ လျှောက်ကြမယ်💪🏻💪🏻💪🏻

    ReplyDelete
  37. မလျှော့သောဇွဲနဲ့အဆုံးထိ
    💪💪💪

    ReplyDelete
  38. 👍👍👍👍👍👍

    ReplyDelete
  39. ပန်းတိုင်ရောက်တဲ့ထိ clickers တို့နဲ့အတူ တက်မှာပါ

    ReplyDelete
  40. အရှူံးမပေးနဲ့မိငယ်ရေရဲရင့်မှအောင်နိုင်မှာ🎤🎤🎤🎼🎼🎼

    ReplyDelete
  41. Clicks တောင်တက်နေပါတယ်

    ReplyDelete
  42. တောင်တက်ရတာနဲ့ပတ်သတ်ရင် uni life ကိုပြန်သတိရတယ်
    ကိုယ်ယူတဲ့ မေဂျာအရ ဒုတိယနှစ်မှာ ပထမဆုံး field ဆင်းရတာပဲ။ အိမ်နဲ့ ၁၄ ရက်တောင်ခွဲပြီးနေရတာရယ် မိသားစုထဲက တစ်ယောက်မှမပါဘဲ ပထမဦးဆုံးသွားခဲ့ရတာတွေအပြင် အစားအသောက် အနေအထိုင် အခက်အခဲတွေကြောင့် စိတ်ပင်ပန်းရတာကတစ်ချက်၊ ရန်ကုန်မှာမွေး၊ ရန်ကုန်မှကြီးခဲ့သူတစ်‌ယောက်မို့လို့ တစ်နေ့ကို camp ကနေ သတ်မှတ်နေရာရောက်ဖို့ ၆မိုင်ဝန်းကျင်၊ camp ကိုအပြန် ၆မိုင်ဝန်းကျင် နေ့တိုင်းအသွားအပြန် ၁၂မိုင်ဝန်းကျင်လောက်ကို ဘာယာဉ်မှ စီးခွင့်မရဘဲလမ်းလျှောက်ခဲ့ရတာ၊ ရထားလမ်းမကြီးတစ်လျှောက်တို့၊ သတ်မှတ်ထားတဲ့ တောင်/နေရာ မရောက်ခင် ကွင်းပြင်ကြီးကို နွေလလယ်ကြီးမှာ ကိုယ့်ကျောပိုးအိတ်ထဲ ကိုယ့်ထမင်းချိုင့်၊ ရေဗူးတွေအပြင် ကောက်ထားတဲ့ sample တွေပါသယ်ပြီး မရောက်ရောက်အောင်သွားခဲ့ရတာတို့၊ အဲ့နှစ်က ကိုယ်တွေရဲ့ သွားရတဲ့အပိုင်းမှာ အမြင့်ဆုံးဖြစ်တဲ့ နယ်နဲ့အလှမ်းဝေးတဲ့သူတွေ ဖြစ်တဲ့ကိုယ်တွေအတွက် လမ်းအရမ်းကြမ်းတဲ့ ပေ၃ထောင်ကျော်မြင့်တဲ့မင်းပုန်းတောင်ပေါ်တက်ခဲ့ရတာတွေကတော့ အခုထိမေ့မရတဲ့ ဘဝရဲ့အဖိုးတန် အတွေ့အကြုံတွေပါပဲ။‌

    တောင်ခြေကနေစတက်စက အဲ့လောက်ပင်ပန်းမယ်မထင်ဘဲ ခပ်ပေါ့ပေါ့တွေးပြီး ရေဆာတိုင်း‌သောက်ခဲ့သမျှ၊ ခရီးတစ်ဝက်ကျော်ကျော်မှာ စပြီး တိုင်ပတ်တာပါဘဲ၊ အတွေ့အကြုံမရှိတဲ့ အတန်းဖော်တွေ အချင်းချင်းကူညီရိုင်းပင်းရင်း၊ ရှိတဲ့မုန့်နဲ့ရေကိုမျှစား၊မျှသောက်နဲ့ အတွေ့အကြုံရှိပြီးသား ဆရာ၊ ဆရာမတွေအပြင် ညီ၊ညီမငယ်တွေကို ကူဖို့နဲ့သူတို့ရဲ့ စာတမ်းအတွက် လိုက်လာတဲ့ senior အကိုအမတွေရဲ့ လမ်းညွှန်မှုနဲ့ နောက်ဆုံးမှာ သတ်မှတ်ထားတဲ့အချိန်ထက်အနည်းငယ်နောက်ကျပေမယ့် ထောင်ထိပ်ကို အောင်အောင်မြင်မြင်နဲ့ ရောက်ခဲ့တာပါဘဲ။ မလျှောတဲ့ ဇွဲလုံ့လအပြင်၊ စည်း၂လုံး၂ညီ၂ညွှတ်၂နဲ့ အချင်းချင်းဖေးမကူညီပြီး၊ အတွေ့အကြုံရှိတဲ့ဆရာ၊ဆရာမ၊ seniors တွေရဲ့ လမ်းညွှန်စောင့်ရှောက်တာတွေနဲ့အတူ ဆယ်ကျော်သက်အရွယ်မှာ ပထမဦးဆုံး ရခဲ့တဲ့ အောင်မြင်မှုပေါ့။ ဘယ်တော့မှလဲ မေ့ရမယ်မထင်ပါဘူး။
    အခုတော်လှန်ရေးမှာလဲ ဇွဲ၊ လုံ့လ ညီညွှတ်မှုတွေနဲ့ လက်မလျှော့တမ်းဆက်လက်ကြိုးစားပါဝင်နေကြမယ်ဆိုရင် အချိန်ကြာကောင်းကြာနိုင်ပေမယ့် အဆုံးသတ်မှာတော့ သေချာပေါက် အောင်ပွဲကို ရမှာပါလို့။💙💙💙

    ထူးထူးခြားခြားစကားအတည်တွေပြောထားလို့ anonymous နဲ့ပဲ lattsaung ကနေမန့်လိုက်တယ် 😁

    ReplyDelete
  43. crd ပေးပြီး ပြန်တင်ချင်တာ copy မရတော့ ဘိုလုပ်ရပါ့

    ReplyDelete
    Replies
    1. C2D Facebook pageမှာလည်း အက်မင်တင်ထားပါတယ်၊ အဲဒီက copy ရင်ရမယ်ထင်တယ်

      Delete
    2. fb မှာယူတင်လိုက်ပြီwith credit

      Delete
    3. ကျေးကျေးပါ ညိုပြာ😍

      Delete
  44. ရှေ့တန်းတိုက်စစ်မှူးတွေအတွက် ငါတို့အားလုံး pcf

    ReplyDelete
  45. တောင်ထိပ်ရောက်အောင်အဆုံးထိတူတူတက်ကြမယ်✊

    ReplyDelete
  46. အတူတူပဲ နော်

    ReplyDelete
  47. This comment has been removed by the author.

    ReplyDelete
    Replies
    1. ကျေးဇူးပါ မင်မင်
      မင်မင့်ရဲ့အားပေး
      စကားတွေဖတ်ရတိုင်း
      တကယ်အားတက်ရပါတယ်
      ဖြေးဖြေးမှန်မှန် ဆက်လက် လျှောက်လှမ်းနေပါတယ်

      Delete
  48. တောင်ထိပ်‌ပေါ်ထိ မလျှော့သောဇွဲနှင့်အတူတူ❤️✊


    တောင်ပေါ်က မြင်ရတဲ့ရှုခင်းတွေကို သဘောကျတယ်၊ ထိုင်ပြီးငေးနေရတာ အရသာတခုပဲ၊
    ဒါပေမယ့် Acrophobia ရှိလို့ တောင်အစွန်းတွေ တောင်ထိပ်နေရာကျဉ်းကျဉ်းတွေဆို ရှောင်တယ်၊ မနေရဲဘူး။
    တက်ဖူးတဲ့တောင်တွေက ကျိုက်ထီးရိုး၊ မြသပိတ်တောင်၊ နော်ဘူဘောတောင်(တောင်ထိပ်ရောက်ခါနီးအသေကြောက်ခဲ့ရတာမမေ့ဘူး🥶) ။

    ReplyDelete
    Replies
    1. ကိုယ်ကတော့ အဲ့ဒါကို Gravity လိုခေါ်တယ် 😁 (ကိုယ်လည်းအမြင့်ကြောက်တတ်လို့, ခြေထောက်တွေပါယားတယ်, အိမ်မက်ထဲလည်းအမြဲအမြင့်ကပြုတ်ကျနေကြ 😁)
      အရင်ကျိုက်ထီးရိုးမှာရေတံခွန်ဘက်ဆင်းတဲ့လမ်းဘေးက ကမ်းဘားမှာကပ်ပြီး ဝါးလုံးတန်းအကာလေးနဲ့လမ်းကျဉ်းလေးကိုဖြတ်လိုက်ရင် လူကိုချောက်ကမ်းဘားဘက်ကိုဆွဲချနေသလိုခံစားရတယ်
      ခုတော့ကျိုက်ထီးရိုးတက်ရတာမပျော်တော့ဘူး
      သဘာဝတရားတွေပျောက်ဆုံးကုန်ပြီ အပေါ်ကအမှိုက်ပုံတွေကြည့်ပြီးလည်းစိတ်မကောင်းဖြစ်
      နောက်ဆုံးတက်ခဲ့ချိန် ရဟတ်ယာဉ်ကွင်းဘက်ကနေလှမ်းကြည့်လိုက်ရင် မြင်ရတဲ့တောအုပ်ကြီး ဘာမှမဖြစ်ပါစေနဲ့ဆုတောင်းခဲ့တာပဲ

      Delete
    2. ဟုတ်ပါ့ တူတူပဲ
      အဲလိုတွေကြောင့် ကျိုက်ထီးရိုးကို မသွားတော့တာကြာပေါ့၊ တခြား
      လူများတဲ့နေရာ ဘယ်နေရာမှလည်း ခရီးမထွက်ဖြစ်တော့ဘူး
      အချိန်ကုန်ငွေကုန်ပြီး စိတ်အပန်းမပြေ၊ ခုတော့ငဗစ်နှင့် မအလကြောင့် ဘယ်နေရာမှမသွားတော့ဘူး အေးရော။

      Delete
  49. ကြော်ငြာဘယ်မှာမှမတက်ဘူး။ YouTube မှာလဲ state acc, server သုံးလဲမတက်ဘူး။

    ReplyDelete
  50. အမြဲကလစ်ဖြစ်ပါသည်

    ReplyDelete
  51. ဟုတ်ကဲ့ပါ မင်မင်ရေ💪😍

    ReplyDelete

  52. ဒီခရီး
    နောက်မဆုတ်တမ်း
    လျှောက်လာခဲ့ပြီး
    နောင်တမရခဲ့ပါ

    ဒီ အထိ
    ရောက်လာခဲ့ပြီးမှ
    ရင်ထဲမှာ
    အကြောက်တရားလည်း
    မရှိ‌တော့ပါ

    အတုံ့အလှည့်နဲ့
    ကြုံလာမဲ့ တစ်နေ့ကို
    အပြုံးတစ်ပွင့်
    ပန်ဆင်ရင်း ကြံ့ကြံ့ခံ
    အံတုရင်ဆိုင်မယ်

    "အရှုံးမပေးမချင်း ငါတို့နိုင်တာ"
    ဆိုတာထက်

    "ရန်သူက လက်မြောက်ဒူးထောက်ပြီး
    ကြောက်ပါပြီဆိုတဲ့ အနိုင်"
    ရအောင် တိုက်ကြမယ်

    နိုင်ငံပျောက်နေတာ မကဘူး
    အသက်တွေပါ ပျောက်နေတာ

    သွေးမအေးနဲ့ သွေးမကွဲ‌နဲ့🌸

    ReplyDelete
  53. This comment has been removed by the author.

    ReplyDelete
  54. ယုံကြည်မှုဟာအောင်မြင်ခြင်းပဲ

    ReplyDelete
  55. ကူးယူခွင့်ပြုပါခင်ဗျာ

    ReplyDelete
  56. မင်္ဂလာပါ

    ReplyDelete
  57. တောင်တက်ရမှာပျင်းပေမဲ့ စကားပြောရတာတော့တကယ်ကြိုက်ပါတယ်
    (⁠@⁠_⁠@⁠).....ဒါမဲ့တက်မှရမယ်ဆိုတက်ရမှာပေါ့ မတတ်နိုင်ဝူး(⁠@⁠_⁠@⁠)...

    ReplyDelete
  58. မဂၤလာပါ

    ReplyDelete
  59. ရရှိလာမယ့်အကျိုးအမြတ်က ​ဒို့မျိုးဆက်​တွေအတွက် ​ကောင်းမွန်တဲ့ အနာဂတ်ကို မှန်းဆပီး အဆုံးထိ ချီတက်ရမှာ တာဝန်တရပ်ဘဲ

    ReplyDelete
  60. ရှေ့သို့

    ReplyDelete
  61. အဟမ်း အဟမ်း Ads လေးနည်းနည်းပြန်တက်စပြုလာပြီနော်
    Mountaineer ဂျီးရေ 😁😁

    ReplyDelete
    Replies
    1. Mountaineer ဂျီးရေ
      နောက်ဆုံးတော့ ads အရှည်ပြန်တက်နေတယ်
      Ads တက်လို့ပျော်ရတာ C2D ရောက်မှပဲ
      ကမောက်ကမ ဘွ 😁

      Delete
  62. ကောက်ရိုးမီးမဟုတ်

    ReplyDelete
  63. ပန်းချစ်သူNovember 24, 2022 at 7:01 AM

    adsရေနင့်ကိုငါလွမ်းလှပြီပြန်လာပါတော့ဟယ်နင်ပြောသမျှနားထောင်ပြီးနင်ခိုင်းသမျှလုပ်ပါ့မယ်

    ReplyDelete
  64. Good night 😴🌉💤

    ReplyDelete
  65. ဇွဲ ဆိုတာ အားစိုက်ရင် ပေါ့ပါးသွက်လက် သလို အားလျော့ရင် ပိုလို့ ပျော့ညံ့ တယ် ရှေ့ ပန်းတိုင်ကိုကြည့် ပျော်ရွှင်စွာ လက်တကမ်း💪🏻💪🏻💪🏻

    ReplyDelete
  66. We are clicking together.

    ReplyDelete
  67. ဒီေန့ကတော့ ကိုယ့်အသိတလရရဲဘော်ကျဆုံးသွားလို့ တော်တော်လေးကိုသောကရောက်နေပါတယ် စိတ်ဆင်းရဲလွန်းလို့ဖြေသိမ့်ရခက်နေတာ

    ReplyDelete
  68. ဘယ်တော့မှနောက်မဆုပ်ဘူး
    ရှေ့သိုလှမ်းချီအောင်ပွဲဆီ💪💪💪

    ReplyDelete
  69. 🌈 သင် လွတ်လပ်စွာ ငိုကြွေးလိုက်ပါ၊
    🔥 သင့်ရဲ့ ဝမ်းနည်းယူကြုံးမရ စိတ်ခံစားချက်တွေကို၊ 🔥 ပြင်းထန်ခွန်အား
    မိုကြိုးသွား အဖြစ် ပြောင်းလဲလိုက်ပါ၊
    🔥အဲ့ဒီနောက်တော့၊ ပြည်သူတွေ နဲ့ သင့်ကို မတရားမှု့ ပြုသူတွေကို၊
    🔥မုန်တိုင်းခွန်အား မိုးကြိုးသွားဖြင့်
    ⚡ပစ်ခွင်းလိုက်ပါတော့..⚡
    🌈We Are Digital Strikers..Clickers.

    ReplyDelete
  70. မေားတော့မေဒါပေါ့ဒါပေမဲ့မေားဘူး

    ReplyDelete
  71. တောင်ပေါ် ရောက်တော့ ဖြစ်လာတဲ့ပျော်ရွှင်မှု့လေးက အရမ်းကို ပါ့ပါးလန်းဆန်းနေတယ် ကျေနပ်ပျော်ရွှင်ရတယ်၊၊ အတူတူတတ်တော့ ခရီးအမြန်ရောက်တာပေါ့၊၊ 💞ရောင်နီသာချိန်ကိုယ်တိုင်မြင်ခြင်တော့ စောစောအိပ်ရာထရမှာပေါ့💞

    ReplyDelete
  72. Morning 🌞
    အလီလီ ကလစ်ပါနော်😊

    ReplyDelete
  73. မတက်ခင်တုန်းကတော့ ငါမတက်နိုင်လောက်ဘူးလို့ထင်ထားခဲ့တာ ဒါပေမဲ့ ဇွဲမလျှော့၊အားမလျှော့ဘဲ နားလိုက် တက်လိုက်နဲ့ တက်သွားခဲ့တာ နောက်ဆုံးတော့ လိုချင်တဲ့ ပန်းတိုင်ဖြစ်တဲ့ တောင်ပေါ်ကို ရောက်သွားနိုင်ခဲ့တယ်😊😊😊

    ReplyDelete
  74. တစ်ယောက်နဲ့တစ်ယောက် ဖေးကူရင်းနဲ့ လျှောက်ခဲ့ကြတာ ဒီခရီး ဒီအထိပေါက်ခဲ့ကြတာပါရှေ့ဆက်တူတူ ဖိုက်တင်းပါခင်မျာ

    ReplyDelete
  75. 💪💪💪 ပါရှင်၊

    ReplyDelete
  76. Done.Be industrius to win.
    Dont be lazy.

    ReplyDelete
  77. ပန်းတိုင်ရောက်ဖို့အတူတိုက်ကျစို့
    နွေဦးတော်လှန်ရေးအောင်ပွဲဆီသို့

    ReplyDelete
  78. တက်ရင်းနဲ့ ကျဆုံးရတာတွေလည်းများလှနေပြီ
    အမြန်တောင်ထိပ်ရောက်ကြရပါစေ

    ReplyDelete
  79. မငင်္ဂလာပါ အားလုံးကိုကျေးဇူးတင်ပါတယ်

    ReplyDelete
  80. ငါတို့အတွက်​ ငါတို့ရှိတယ်

    ReplyDelete
  81. အတူတူ တက်နေစဲတက်နေမြဲပါ...တစ်ခါတစ်ခါအားပြတ်မိပေမဲ့ပေါ့လေ

    ReplyDelete
  82. ကြိုးစားတက်နေတယ်

    ReplyDelete
  83. ​ကြော်ငြာရ​သေးဘူး

    ReplyDelete
  84. အဆုံးထိတိုက်ပွဲဝင်ကြမယ်
    အရှုံးမပေးနဲ့ အရှုံးမပေးမခြင်းငါတို့နိုင်တယ်
    💪💪💪💪💪

    ReplyDelete
  85. ဟုတ်ကဲ့ပါ

    ReplyDelete
  86. ကြော်ငြာတက်ပါ

    ReplyDelete
  87. ဒို့click ဒို့အောင်ပွဲ

    ReplyDelete
  88. No ads ဘဲဖြစ်နေပြန်ပြီနော်။

    ReplyDelete
    Replies
    1. ဟုတယ်
      လက်ဆောင်ကအရင်လို ads ပြန်မတက်သေးဘူး

      Delete
  89. အဒ်မင့်လို့ မရေးတတ်ပေမဲ့ အဲ့အတိုင်းပဲပြောချင်တာရယ် 😅
    ကြိုးစားနေသရွေ့ ပန်းတိုင်ရောက်မယ် 😁

    ReplyDelete
  90. Clicker လုပ်​နေခဲ့တာကြာပြီ
    ဘယ်လိုမန့်ရမှန်းမသိဘူး
    ခုမဘဲ မန့်​ရေးဖြစ်တယ်။
    ကျေး​ကျေးပါ ညိုပြာ​ရေ။

    ReplyDelete
  91. လုပ်ကြပါဦး No ad config ဖြစ်နေတာကြာပြီ ကျော်ငြာတွေမတက်ဘူး

    ReplyDelete
  92. အပါလိုက်ခဲ့ပါတယ်

    ReplyDelete
  93. ကြိုးစားနေပါတယ်

    ReplyDelete
  94. No ad config တပတ်ရှိဘီ
    ပြောပြကြပါအူး

    ReplyDelete
    Replies
    1. အတူတူဘဲ

      Delete
    2. ဘလိုလုပ်ရမလဲမသိဘူး

      Delete
  95. အသက်ရူသ၍ အမှန်တရားဘက်ကအမြဲရှီ

    ReplyDelete
  96. Tလေး အမရဲ့ မွေးနေ့ကို အမှတ်ရနေမှာပါ 🥰

    ReplyDelete
  97. Click ရင်းနဲ့ထွက်ထွက်သွားတယ်အလင်းပြပါ

    ReplyDelete
  98. တစ်​နေ.​နေ.​တော.​ရောက်မှာပါလို.အားတင်းရင်းဆက်လက်ချီတက်​နေမှာပါ

    ReplyDelete
  99. Click လို့အကောင်းဆုံးvpnလေးပြောပေးကြပါ

    ReplyDelete

Post a Comment