



Pisces - မိန်ရာသီဖွား
General
Pisces(ဖေဖော်ဝါရီ ၁၉ မှ မတ်လ ၂၀)
Element-Water
Planet-Neptune
Lucky Stone-Aquamarine
Lucky Colour-Sea Green,Turquoise
Lucky Number-9,12,7
Lucky Days-Tuesdays,Sundays,Thursdays
Business Partner-Cancer,Scorpio,Capricorn
Soul Mate-Cancer,Scorpio
Post Credict - မှော်ပညာ - The Magic / Myanmar Zodiacers Facebook Group
About
Pisces များသည် ဖေဖော်ဝါရီ ၁၉မှ မတ်လ ၂၀ကြား မွေးဖွားသူများဖြစ်ကြပြီး မြန်မာလို မိန်ရာသီဖွားများဟုခေါ်ဝေါ်ကြပါတယ်။
စီးပွားရေး
Pisces ဖွားတွေကတော့ စိတ်ကူးယဉ်ဆန်ကြသူများ ဖြစ်ကြပြီး အပြောကောင်းအဟောကောင်း သမားများပဲဖြစ်ကြပါတယ်။ အလုပ်အပေါ်တွင် မိမိဦးဆောင်ဦးစီးရပါက ကောင်းစွာစီမံအုပ်ချုပ်နိုင်သလို အကယ်၍ခေါင်းဆောင်မဖြစ်လာဘူးဆိုလည်း အေးဆေးပေါ့ပါးကြသူများဖြစ်ကြပါတယ်။ နူးညံ့သော်လည်း ခေါင်းဆောင်ကောင်း ပီသကြသူများတော့ ဖြစ်ကြပါတယ်။ ထူးကဲပြီး ခေါင်းဆောင်နေရာအတွက်လောဘမရှိတတ်ကြပါ။ အေးဆေးတည်ငြိမ်သော စီးပွားရေးများနှင့် ပိုအံကိုက်လေ့ရှိပြီး သူတို့စိတ်ဝင်စားသော အလုပ်များအပေါ်တွင် အလွန်အာရုံစူးစိုက်ပြီးကို လုပ်ဆောင်နိုင်ကြပါတယ်။ ဖန်တီးမှုစွမ်းရည်ထူးချွန်ကြသူများလည်း ဖြစ်ပါတယ်။
အဓိက အမူအကျင့်များ
အမြဲတမ်းအတွေးကမ္ဘာထဲ ရောက်ရှိနေတတ်ပြီး တစ်ခုခုဆိုစိတ်ခံစားချက်လွယ်တာလည်း ဖြစ်ပါတယ်။ အငိုလွယ်အရယ်လွယ်ကြသူများဖြစ်ကြပါတယ်။ ဂျစ်ကြတတ်ပြီး ဇီဇာလည်းကြောင်ကြပါတယ်။ ကလေးအလွန်ချစ်တတ်ပြီး တခြားသူများကိုဂရုစိုက်ရတာ သဘောကျတတ်သူများဖြစ်ကြပါတယ်။ အနုပညာအလွန်ဆန်ပြီး သူတို့ရဲ့စိတ်ကူးများကိုလည်း ပုံဖော်ကြလေ့ရှိကြပါတယ်။သနားကြင်နာသောစိတ်ထားများ ပိုင်ဆိုင်ထားကြပါတယ်။ ကိုယ်ချင်းစာတရားအားကောင်းပြီး ပုခုံးတစ်ဖက်အမြဲငှားပေးနိုင်ကြသူများ ဖြစ်ကြပါတယ်။ ပျော်ရွှင်ဖွယ်ရာများကို တွေးတောတတ်ပြီး နူးညံ့ငြင်သာကြသူများ ဖြစ်ကြပါတယ်။ ရိုးသားဖြူစင်သူများ ဖြစ်ကြပြီးအယုံအကြည်လွယ် ကြပါတယ်။ အရှက်အကြောက်ကြီးကာ မဝံ့မရဲပုံစံမျိုးရှိတတ်ကြပါတယ်။
နှလုံးသားရေးရာ
မေတ္တာတရားကြီးမားကာ စိတ်ကူးယဉ်ရတာကို သဘောကျသူများဖြစ်ကြပါတယ်။ စိတ်ထိခိုက်လွယ်တာကြောင့် အချစ်ကိုဖွင့်ဟဝန်ခံဖို့ အချစ်ကိုရင်ဆိုင်ဖို့ကြောက်ရွံ့တတ်ကြပါတယ်။ ကြိတ် Crush ရတာ ၊ ကိုယ်တစ်ဖက်သက် သဘောကျသူအပေါ်ကို နောက်ကွယ်ကနေ ပံ့ပိုးပေးရတာ ၊ သူ့ပုံလေးတွေဆွဲရင်း သီချင်းလေးတွေနားထောင်ရင်း Feel ရတာကိုသဘောကျကြသူများ ဖြစ်ကြပါတယ်။ မိသားစုများအပေါ် ချစ်ခင်ရသူများအပေါ် မေတ္တာပေးရတာကိုပျော်နေတတ်သူများဖြစ်ကြပါတယ်။ ဒွိဟများတတ်ပြီး ရွေးချယ်ရခက်တဲ့အခြေအနေမျိုးလည်း ကြုံရသူများဖြစ်ကြပါတယ်။
ပညာရေး
စာရေးဆရာ၊ကဗျာဆရာ၊ပန်းချီဆရာ စသည့်အနုပညာလုပ်ငန်းများတွင် အထူးအောင်မြင်ကျော်ကြား တတ်ကြပြီးငြိမ်ငြိမ်ကုပ်ကုပ်လေးနှင့် အမြဲကြိုးစားနေသူများ ဖြစ်ကြပါတယ်။ စကားပြောဆိုမှုစွမ်းရည်ထူးခြားပြီး ဂီတအနုပညာပိုင်းမှာလည်း ပညာမသေးလှပါဘူး။ နာမည်ကျော်အဆိုတော်အများစုဟာလည်း Pisces ရာသီခွင်ဖွားများပဲဖြစ်ပါတယ်။
Post Credict - မှော်ပညာ - The Magic / Myanmar Zodiacers Facebook Group
Bar Nyar
စွမ်းအင်
Water Element Power ပိုင်ရှင် Pisces ရာသီခွင်ဖွားများသည် ရေကဲ့သို့အရွေ့အလျားစွမ်းအင်များ ရှိကြပါတယ်။ Telepathy စွမ်းရည်နှင့် Teleportation Healing စွမ်းရည်များရှိကြပါတယ်။ Sixth Sense power အားလည်းကောင်းကြကာ တခြားသူ၏စိတ်အခြေအနေကို ခန့်မှန်းနိုင်ကြပါတယ်။
Zodiac Signs တစ်ခုစီတိုင်းမှာလည်း မတူညီတဲ့ Characters များအပေါ်မူတည်ပြီး အမျိုးအစားများခွဲခြားထားပါသေးတယ်။ Feb 19 to 28 born များကတော့ Pisces 1 များဖြစ်ကြပြီး မေတ္တာကရုဏာတရား ကြီးမားကြသူများဖြစ်ကြပါတယ်။ Creative ဥာဏ်ရည်အားသာပြီး ဂရုစိုက်တတ်ကြသူများ ဖြစ်ကြပါတယ်။ ချစ်ခြင်းဖြင့်လွှမ်းခြုံနေကြတာကတော့ Pisces 1 လေးများပဲဖြစ်ပါတယ်။ March 1 to 10 born များကတော့ Pisces 2 များဖြစ်ကြပြီး ရေပက်မဝင်စကားပြောနိုင်ကြသူများ ပဲဖြစ်ပါတယ်။ စကားသာပြောရမယ်ဆို ဘယ်တောင်ရိုးတက်တက်ဆိုတဲ့ အပြောသမားလေးတွေပဲဖြစ်ပါတယ်။ ခင်မင်ဖော်ရွေတတ်ကြပြီး ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ကြပါတယ်။ သူတို့လေးတွေနဲ့ပေါင်းမယ်ဆိုရင်တော့ စကားပြောနိုင်ရမယ် ၊ ရူးကြောင်ကြောင်နိုင်တဲ့ အတွေးတွေကိုလက်ခံနိုင်ရမယ် ဒါတေလိုပါတယ်နော်။ သဘောလည်းအရမ်းကောင်းကြတဲ့သူတွေမို့ တကယ်ကိုခင်ဖို့ကောင်းတဲ့မိတ်ဆွေလေးတွေပါပဲ။ March 11 to 20 born များကတော့ Pisces 3 များပဲဖြစ်ပါတယ်။ စိတ်ခံစားလွယ်ပြီး သီးသန့်နေရတာသဘောကျတတ်ကြပါတယ်။ ပြောစရာမလိုအောင် ဥာဏ်ကောင်းကြပြီး အေးအေးဆေးဆေး အတွေးကမ္ဘာထဲကို ရောက်နေတတ်ကြပါတယ်။ ဒီစိတ်ခံစားချက်နုတဲ့ Pisces လေးများကိုသေချာ ဂရုစိုက်ဖို့တော့လိုပါတယ်နော်။ Pisces ၏ နက္ခတ်တာရာကြယ်သဏ္ဍာန်မှာ ငါးလေးနှစ်ကောင်ရေကူးနေပုံပဲ ဖြစ်ပါတယ်။
Post Credict - မှော်ပညာ - The Magic / Myanmar Zodiacers Facebook Group
😎
ReplyDeleteထိပ်ဆုံးမှာ ခန့်ခန့်ကြီး😎
Deleteခန့်ချောကြီးလို့ပြောပေးပါနော် T layရေ😁😁
Deleteနဲ့ စန့်စန့်ကြီး
Delete😂😂😂
DeletePisces ၂ယောက်သိတယ်
ReplyDeleteတစ်ယောက်ကဒီထဲကအတိုင်းပဲ တစ်ယောက်ကတော့မဟုတ်ဘူး
yay
ReplyDeleteအရင်မန့်
မဖတ်ရသေးဘူး😁🙂
ဖတ်ပြီးပါပြီနော်
Deleteငိုလွယ်😥
အတွေးကမ္ဘာ😅
ကျေးဇူးပါ အက်မင်ရေ🤍🤍🤍
ss လေးတွေ သိမ်းထားလိုက်ပြီနော်
စောန ပိုင်စိကို ဟိုဘက်မှာမြင်လိုက်ပြီး ပျောက်သွားတာလားလို့ ဒီထဲလာရှာတာပါ 😁
ReplyDeleteThank
ReplyDeleteနောက်ဆုံး အလှည့်ထိစောင့်ကြည့်တော့မယ်
ReplyDeleteမျှဝေပေးလို့ကျေးဇူးပါ admin
ဘာမှသိဘူးကွာ😋😋
ReplyDeletePIECES အနေနဲ့ပြောရရင်
ReplyDeletePersonally အရဆို
ဒွိဟ တော်တော်လေးဖြစ်တာတော့ မှန်တယ်
ဘယ်လောက်လွယ်တာလေးဖြစ်ဖြစ် စဉ်းစားရခက်ခဲ နေတာ
အတွေးကမ္ဘာဟာလဲ မှန်
ကြောက်ဖို့ကောင်းလောက်အောင်စိတ်ကူးယဉ်လို့ ဘယ်ဟာမဆိုFactရှိမှ ပဲ ယုံဖို့
ဆုံးဖြတ်ထားပါတယ်
ကျန်တာတွေလဲ မှန်တယ်ရော 🙆
🤍✨
💙
ReplyDeleteဝိုးးး 😲😲😲
ReplyDeleteမင်မင် အများကြီး သေချာရေးပေးထားတာပဲ 👏👏👏🥰🥰🥰
တားရော့တို့ ဗေဒင်တို့ မေးရင်တောင် အဲ့လောက် မသိရဘူး 😊😊😊
😅🥰
Delete😁😁😁
DeleteTarot က ဘယ်လိုကြည့်ရမှန်း သိဘူး ဖြစ်နေတယ်
DeleteTarot လို့ရေးထားတဲ့စာတန်းလေးနှိပ်ပြီးရင်ကဒ်မွှေပါဆိုတဲ့စာတန်းလေးနှိပ်ပြီးရင်ကဒ်လေးကိုကြာကြာလေးဖိအောက်ကအကွက်လေးထဲဆွဲထည့်ပြီးရင်ကဒ်လေးကိုထိလိုက်ရပြီ
DeleteSagi lay လဲမျှော်နေပါတယ်🤗
ReplyDelete
ReplyDeleteဆိုးရွားခါးသီးလွန်းတဲ့ နာရီတွေကြား
ငါတို့ချင်း
တစ်ယောက်ကို တစ်ယောက်ပေးနိုင်တဲ့အရာတွေထဲ
"ချစ်ခြင်းမေတ္တာ"ဟာ တန်ဖိုးအကြီးဆုံးပါပဲ
တော်လှန်ရေးဆိုတာကလဲ
ဥာဏ်ပညာနဲ့ ချစ်ခြင်းတရားပဲ
ဘာပြန်ရမလဲထက် ဘာလုပ်ပေးနိုင်လဲဆိုတဲ့
ချစ်ခြင်းတရားကပဲ တော်လှန်ရေးဖြစ်တယ်
ဥာဏ်ပညာရယ် ချစ်ခြင်းတရားရယ်
တော်လှန်ရေးကို ရှင်သန်စေမယ်🌸
Delete✨မိမိပြုသောကံ ပဲ့တင်သံ
မိမိထံ ပြန်လာမည်💯✨
✍✍
Delete👽
ReplyDelete🙋🏻♀️
ReplyDeleteP3😁
ReplyDeleteဒီလိုတွေဖတ်ရတာပျော်စရာတော့ကောင်းသား✨❤️
ဝီလပ်ဗ်ယူနော်ကိုကလစ်... ဟီး"
မွေးသက္ကရာဇ်မသိတော့ ကိုယ့်ကို ဘာမှန်းလဲ မသိဘူးခင်ဗျ 😁🤭
ReplyDeleteတကယ်ကြီးလား
Deleteကိုယ့်လဟုဘူးလေ😊
ReplyDelete🤗🤗
ReplyDelete🌸
ReplyDeleteငါးနှစ်ကောင်က ကျွန်တော် ရာသီဖွားပါ မင်မင် ကျွန်တော် E လိုမရေးတတ်လို့ 🐝
ReplyDeleteစာဘယ်မှာ ဖတ်ရဒါလဲ လင်းပေးပါအုံး
ReplyDeletePisces အောက်မှာ အတုံး၃တုံး general/about/ bar nyar ပါတယ် အာ့လေးတွေနှိပ်ကြည့်ရမှာ
DeleteThanks for sharing knowledge.
ReplyDeletethanks
ReplyDeletePyout nay de ma ma day
ReplyDeleteD ko yout nay tar koe😁😁😁
🤗🤗🤗
ReplyDeleteThanks for sharing 💕
ReplyDeleteဖတ်တော့ဘူး ကိုယ့်လ လေးမှဖတ်တော့မယ်
ReplyDeleteမောင်လေး sign
ReplyDeleteခုတင်သူ့ရှေ့ဖတ်ပြနေတာ
တစ်ခုမှမမှန်ဘူး 😁
Till the end
ReplyDeleteFighting together 💪
Thanks for sharing
ReplyDeleteအလုပ်ထဲမှာလဲ ရတဲ့အချိန်တိုင်း ကလစ်တယ် အိမ်ပြန်ရောက်တာနဲ့ ည တစ်နာရီအထိ appတွေအလှည့်ကျကလစ်တယ် မနားဘူး မင်မင် တခြားအရာတွေတော့နားမလည်ဘူး လစာထဲကလဲ လတိုင်းလှုတယ် နိုင်တဲ့ဘက်က ကူမယ်
ReplyDeletePisces ပါ 😁
ReplyDeleteမန့်တွေမရေးဖြစ်ပေမဲ့နေ့စဥ်နဲ့အမျှကလစ်နေပါတယ်နော်မင်မင်😍😍😍😍
ReplyDeleteDone
ReplyDelete☘️☘️☘️
ReplyDeletePISCES 2 လေးပါ မှန်ပါတယ် စကားများပါတယ် 😁
ReplyDelete💕💕
ReplyDeleteDone❤
ReplyDeleteDone
ReplyDelete👌
ReplyDeleteGreat articles thanks. 29 Oct 2022. From Lattsaung.
ReplyDeleteGood articles thanks. 29 Oct 2022. From Lattsaung.
ReplyDeleteDone
ReplyDeleteDone
ReplyDeleteI don't know 😁
ReplyDeleteBlack Friday sale ♥️
ReplyDeleteကလစ်ခဲ့ပြီနော်
ReplyDelete