Pisces - မိန်ရာသီဖွား

General

Pisces(ဖေဖော်ဝါရီ ၁၉ မှ မတ်လ ၂၀)

Element-Water
Planet-Neptune
Lucky Stone-Aquamarine
Lucky Colour-Sea Green,Turquoise
Lucky Number-9,12,7
Lucky Days-Tuesdays,Sundays,Thursdays
Business Partner-Cancer,Scorpio,Capricorn
Soul Mate-Cancer,Scorpio

Post Credict - မှော်ပညာ - The Magic / Myanmar Zodiacers Facebook Group

About

Pisces များသည် ဖေဖော်ဝါရီ ၁၉မှ မတ်လ ၂၀ကြား မွေးဖွားသူများဖြစ်ကြပြီး မြန်မာလို မိန်ရာသီဖွားများဟုခေါ်ဝေါ်ကြပါတယ်။


စီးပွားရေး

Pisces ဖွားတွေကတော့ စိတ်ကူးယဉ်ဆန်ကြသူများ ဖြစ်ကြပြီး အပြောကောင်းအဟောကောင်း သမားများပဲဖြစ်ကြပါတယ်။ အလုပ်အပေါ်တွင် မိမိဦးဆောင်ဦးစီးရပါက ကောင်းစွာစီမံအုပ်ချုပ်နိုင်သလို အကယ်၍ခေါင်းဆောင်မဖြစ်လာဘူးဆိုလည်း အေးဆေးပေါ့ပါးကြသူများဖြစ်ကြပါတယ်။ နူးညံ့သော်လည်း ခေါင်းဆောင်ကောင်း ပီသကြသူများတော့ ဖြစ်ကြပါတယ်။ ထူးကဲပြီး ခေါင်းဆောင်နေရာအတွက်လောဘမရှိတတ်ကြပါ။ အေးဆေးတည်ငြိမ်သော စီးပွားရေးများနှင့် ပိုအံကိုက်လေ့ရှိပြီး သူတို့စိတ်ဝင်စားသော အလုပ်များအပေါ်တွင် အလွန်အာရုံစူးစိုက်ပြီးကို လုပ်ဆောင်နိုင်ကြပါတယ်။ ဖန်တီးမှုစွမ်းရည်ထူးချွန်ကြသူများလည်း ဖြစ်ပါတယ်။

အဓိက အမူအကျင့်များ

အမြဲတမ်းအတွေးကမ္ဘာထဲ ရောက်ရှိနေတတ်ပြီး တစ်ခုခုဆိုစိတ်ခံစားချက်လွယ်တာလည်း ဖြစ်ပါတယ်။ အငိုလွယ်အရယ်လွယ်ကြသူများဖြစ်ကြပါတယ်။ ဂျစ်ကြတတ်ပြီး ဇီဇာလည်းကြောင်ကြပါတယ်။ ကလေးအလွန်ချစ်တတ်ပြီး တခြားသူများကိုဂရုစိုက်ရတာ သဘောကျတတ်သူများဖြစ်ကြပါတယ်။ အနုပညာအလွန်ဆန်ပြီး သူတို့ရဲ့စိတ်ကူးများကိုလည်း ပုံဖော်ကြလေ့ရှိကြပါတယ်။သနားကြင်နာသောစိတ်ထားများ ပိုင်ဆိုင်ထားကြပါတယ်။ ကိုယ်ချင်းစာတရားအားကောင်းပြီး ပုခုံးတစ်ဖက်အမြဲငှားပေးနိုင်ကြသူများ ဖြစ်ကြပါတယ်။ ပျော်ရွှင်ဖွယ်ရာများကို တွေးတောတတ်ပြီး နူးညံ့ငြင်သာကြသူများ ဖြစ်ကြပါတယ်။ ရိုးသားဖြူစင်သူများ ဖြစ်ကြပြီးအယုံအကြည်လွယ် ကြပါတယ်။ အရှက်အကြောက်ကြီးကာ မဝံ့မရဲပုံစံမျိုးရှိတတ်ကြပါတယ်။

နှလုံးသားရေးရာ

မေတ္တာတရားကြီးမားကာ စိတ်ကူးယဉ်ရတာကို သဘောကျသူများဖြစ်ကြပါတယ်။ စိတ်ထိခိုက်လွယ်တာကြောင့် အချစ်ကိုဖွင့်ဟဝန်ခံဖို့ အချစ်ကိုရင်ဆိုင်ဖို့ကြောက်ရွံ့တတ်ကြပါတယ်။ ကြိတ် Crush ရတာ ၊ ကိုယ်တစ်ဖက်သက် သဘောကျသူအပေါ်ကို နောက်ကွယ်ကနေ ပံ့ပိုးပေးရတာ ၊ သူ့ပုံလေးတွေဆွဲရင်း သီချင်းလေးတွေနားထောင်ရင်း Feel ရတာကိုသဘောကျကြသူများ ဖြစ်ကြပါတယ်။ မိသားစုများအပေါ် ချစ်ခင်ရသူများအပေါ် မေတ္တာပေးရတာကိုပျော်နေတတ်သူများဖြစ်ကြပါတယ်။ ဒွိဟများတတ်ပြီး ရွေးချယ်ရခက်တဲ့အခြေအနေမျိုးလည်း ကြုံရသူများဖြစ်ကြပါတယ်။

ပညာရေး

စာရေးဆရာ၊ကဗျာဆရာ၊ပန်းချီဆရာ စသည့်အနုပညာလုပ်ငန်းများတွင် အထူးအောင်မြင်ကျော်ကြား တတ်ကြပြီးငြိမ်ငြိမ်ကုပ်ကုပ်လေးနှင့် အမြဲကြိုးစားနေသူများ ဖြစ်ကြပါတယ်။ စကားပြောဆိုမှုစွမ်းရည်ထူးခြားပြီး ဂီတအနုပညာပိုင်းမှာလည်း ပညာမသေးလှပါဘူး။ နာမည်ကျော်အဆိုတော်အများစုဟာလည်း Pisces ရာသီခွင်ဖွားများပဲဖြစ်ပါတယ်။

Post Credict - မှော်ပညာ - The Magic / Myanmar Zodiacers Facebook Group

Bar Nyar

စွမ်းအင်

Water Element Power ပိုင်ရှင် Pisces ရာသီခွင်ဖွားများသည် ရေကဲ့သို့အရွေ့အလျားစွမ်းအင်များ ရှိကြပါတယ်။ Telepathy စွမ်းရည်နှင့် Teleportation Healing စွမ်းရည်များရှိကြပါတယ်။ Sixth Sense power အားလည်းကောင်းကြကာ တခြားသူ၏စိတ်အခြေအနေကို ခန့်မှန်းနိုင်ကြပါတယ်။
Zodiac Signs တစ်ခုစီတိုင်းမှာလည်း မတူညီတဲ့ Characters များအပေါ်မူတည်ပြီး အမျိုးအစားများခွဲခြားထားပါသေးတယ်။ Feb 19 to 28 born များကတော့ Pisces 1 များဖြစ်ကြပြီး မေတ္တာကရုဏာတရား ကြီးမားကြသူများဖြစ်ကြပါတယ်။ Creative ဥာဏ်ရည်အားသာပြီး ဂရုစိုက်တတ်ကြသူများ ဖြစ်ကြပါတယ်။ ချစ်ခြင်းဖြင့်လွှမ်းခြုံနေကြတာကတော့ Pisces 1 လေးများပဲဖြစ်ပါတယ်။ March 1 to 10 born များကတော့ Pisces 2 များဖြစ်ကြပြီး ရေပက်မဝင်စကားပြောနိုင်ကြသူများ ပဲဖြစ်ပါတယ်။ စကားသာပြောရမယ်ဆို ဘယ်တောင်ရိုးတက်တက်ဆိုတဲ့ အပြောသမားလေးတွေပဲဖြစ်ပါတယ်။ ခင်မင်ဖော်ရွေတတ်ကြပြီး ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ကြပါတယ်။ သူတို့လေးတွေနဲ့ပေါင်းမယ်ဆိုရင်တော့ စကားပြောနိုင်ရမယ် ၊ ရူးကြောင်ကြောင်နိုင်တဲ့ အတွေးတွေကိုလက်ခံနိုင်ရမယ် ဒါတေလိုပါတယ်နော်။ သဘောလည်းအရမ်းကောင်းကြတဲ့သူတွေမို့ တကယ်ကိုခင်ဖို့ကောင်းတဲ့မိတ်ဆွေလေးတွေပါပဲ။ March 11 to 20 born များကတော့ Pisces 3 များပဲဖြစ်ပါတယ်။ စိတ်ခံစားလွယ်ပြီး သီးသန့်နေရတာသဘောကျတတ်ကြပါတယ်။ ပြောစရာမလိုအောင် ဥာဏ်ကောင်းကြပြီး အေးအေးဆေးဆေး အတွေးကမ္ဘာထဲကို ရောက်နေတတ်ကြပါတယ်။ ဒီစိတ်ခံစားချက်နုတဲ့ Pisces လေးများကိုသေချာ ဂရုစိုက်ဖို့တော့လိုပါတယ်နော်။ Pisces ၏ နက္ခတ်တာရာကြယ်သဏ္ဍာန်မှာ ငါးလေးနှစ်ကောင်ရေကူးနေပုံပဲ ဖြစ်ပါတယ်။

Post Credict - မှော်ပညာ - The Magic / Myanmar Zodiacers Facebook Group

Comments

  1. Replies
    1. ထိပ်ဆုံးမှာ ခန့်ခန့်ကြီး😎

      Delete
    2. ခန့်ချောကြီးလို့ပြောပေးပါနော် T layရေ😁😁

      Delete
    3. နဲ့ စန့်စန့်ကြီး

      Delete
  2. Pisces ၂ယောက်သိတယ်
    တစ်ယောက်ကဒီထဲကအတိုင်းပဲ တစ်ယောက်ကတော့မဟုတ်ဘူး

    ReplyDelete
  3. yay
    အရင်မန့်
    မဖတ်ရသေးဘူး😁🙂

    ReplyDelete
    Replies
    1. ဖတ်ပြီးပါပြီနော်
      ငိုလွယ်😥
      အတွေးကမ္ဘာ😅
      ကျေးဇူးပါ အက်မင်ရေ🤍🤍🤍
      ss လေးတွေ သိမ်းထားလိုက်ပြီနော်

      Delete
  4. စောန ပိုင်စိကို ဟိုဘက်မှာမြင်လိုက်ပြီး ပျောက်သွားတာလားလို့ ဒီထဲလာရှာတာပါ 😁

    ReplyDelete
  5. နောက်ဆုံး အလှည့်ထိစောင့်ကြည့်တော့မယ်
    မျှဝေပေးလို့ကျေးဇူးပါ admin

    ReplyDelete
  6. ဘာမှသိဘူးကွာ😋😋

    ReplyDelete
  7. PIECES အနေနဲ့ပြောရရင်
    Personally အရဆို
    ဒွိဟ တော်တော်လေးဖြစ်တာတော့ မှန်တယ်
    ဘယ်လောက်လွယ်တာလေးဖြစ်ဖြစ် စဉ်းစားရခက်ခဲ နေတာ
    အတွေးကမ္ဘာဟာလဲ မှန်
    ကြောက်ဖို့ကောင်းလောက်အောင်စိတ်ကူးယဉ်လို့ ဘယ်ဟာမဆိုFactရှိမှ ပဲ ယုံဖို့
    ဆုံးဖြတ်ထားပါတယ်
    ကျန်တာတွေလဲ မှန်တယ်ရော 🙆
    🤍✨

    ReplyDelete
  8. ဝိုးးး 😲😲😲
    မင်မင် အများကြီး ​သေချာ​ရေး​ပေးထားတာပဲ 👏👏👏🥰🥰🥰
    တား​ရော့တို့ ​ဗေဒင်တို့ ​မေးရင်​တောင် အဲ့​လောက် မသိရဘူး 😊😊😊

    ReplyDelete
    Replies
    1. Tarot က ဘယ်လိုကြည့်ရမှန်း သိဘူး ဖြစ်နေတယ်

      Delete
    2. Tarot လို့ရေးထားတဲ့စာတန်းလေးနှိပ်ပြီးရင်ကဒ်မွှေပါဆိုတဲ့စာတန်းလေးနှိပ်ပြီးရင်ကဒ်လေးကိုကြာကြာလေးဖိအောက်ကအကွက်လေးထဲဆွဲထည့်ပြီးရင်ကဒ်လေးကိုထိလိုက်ရပြီ

      Delete
  9. Sagi lay လဲမျှော်နေပါတယ်🤗

    ReplyDelete

  10. ဆိုးရွားခါးသီးလွန်းတဲ့ နာရီတွေကြား
    ငါတို့ချင်း
    တစ်ယောက်ကို တစ်ယောက်ပေးနိုင်တဲ့အရာ‌တွေထဲ
    "ချစ်ခြင်းမေတ္တာ"ဟာ တန်ဖိုးအကြီးဆုံးပါပဲ

    တော်လှန်ရေးဆိုတာကလဲ
    ဥာဏ်ပညာနဲ့ ချစ်ခြင်းတရားပဲ

    ဘာပြန်ရမလဲထက် ဘာလုပ်ပေးနိုင်လဲဆိုတဲ့
    ချစ်ခြင်းတရားကပဲ တော်လှန်ရေးဖြစ်တယ်

    ဥာဏ်ပညာရယ် ချစ်ခြင်းတရားရယ်
    တော်လှန်ရေးကို ရှင်သန်စေမယ်🌸

    ReplyDelete
    Replies

    1. ✨မိမိပြုသောကံ ပဲ့တင်သံ
      မိမိထံ ပြန်လာမည်💯✨

      Delete
    2. လင်းဆက်October 4, 2022 at 8:11 PM

      ✍✍

      Delete
  11. P3😁
    ဒီလိုတွေဖတ်ရတာပျော်စရာတော့ကောင်းသား✨❤️
    ဝီလပ်ဗ်ယူနော်ကိုကလစ်... ဟီး"

    ReplyDelete
  12. မွေးသက္ကရာဇ်မသိတော့ ကိုယ့်ကို ဘာမှန်းလဲ မသိဘူးခင်ဗျ 😁🤭

    ReplyDelete
    Replies
    1. လင်းဆက်October 4, 2022 at 8:11 PM

      တကယ်ကြီးလား

      Delete
  13. ကိုယ့်လဟုဘူးလေ😊

    ReplyDelete
  14. ငါးနှစ်ကောင်က ကျွန်တော် ရာသီဖွားပါ မင်မင် ကျွန်တော် E လိုမရေးတတ်လို့ 🐝

    ReplyDelete
  15. စာဘယ်မှာ ဖတ်ရဒါလဲ လင်းပေးပါအုံး

    ReplyDelete
    Replies
    1. Pisces အောက်မှာ အတုံး၃တုံး general/about/ bar nyar ပါတယ် အာ့လေးတွေနှိပ်ကြည့်ရမှာ

      Delete
  16. Thanks for sharing knowledge.

    ReplyDelete
  17. Pyout nay de ma ma day
    D ko yout nay tar koe😁😁😁

    ReplyDelete
  18. Thanks for sharing 💕

    ReplyDelete
  19. ဖတ်တော့ဘူး ကိုယ့်လ လေးမှဖတ်တော့မယ်

    ReplyDelete
  20. မောင်လေး sign
    ခုတင်သူ့ရှေ့ဖတ်ပြနေတာ
    တစ်ခုမှမမှန်ဘူး 😁

    ReplyDelete
  21. အလုပ်ထဲမှာလဲ ရတဲ့အချိန်တိုင်း ကလစ်တယ် အိမ်ပြန်ရောက်တာနဲ့ ည တစ်နာရီအထိ appတွေအလှည့်ကျကလစ်တယ် မနားဘူး မင်မင် တခြားအရာတွေတော့နားမလည်ဘူး လစာထဲကလဲ လတိုင်းလှုတယ် နိုင်တဲ့ဘက်က ကူမယ်

    ReplyDelete
  22. မန့်တွေမရေးဖြစ်ပေမဲ့နေ့စဥ်နဲ့အမျှကလစ်နေပါတယ်နော်မင်မင်😍😍😍😍

    ReplyDelete
  23. ☘️☘️☘️

    ReplyDelete
  24. PISCES 2 လေးပါ မှန်ပါတယ် စကားများပါတယ် 😁

    ReplyDelete
  25. Great articles thanks. 29 Oct 2022. From Lattsaung.

    ReplyDelete
  26. Good articles thanks. 29 Oct 2022. From Lattsaung.

    ReplyDelete
  27. Black Friday sale ♥️

    ReplyDelete
  28. ကလစ်ခဲ့ပြီနော်

    ReplyDelete

Post a Comment