သိုသိပ်မှုကို ဦးစားပေးကြမယ် - Dr. Phio Thiha


 “သိုသိပ်မှုကို ဦးစားပေးကြမယ်”


ကျွန်တော့်လို သာမန်ပြည်သူတွေ ဖတ်ဖို့ပါ။
စစ်ရေးကျွမ်းကျင်သူ မဟုတ်ပေမဲ့ ဒီကာလမှာ လေ့လာဖြစ်တာတွေ၊ စကားဝိုင်း ဆွေးနွေးပွဲတွေမှာ Moderator အဖြစ် ဝင်ပါရင်း သိလာတာတွေကို မျှဝေချင်ပါတယ်။
ခုဆို ကမ်ပိန်းတွေ အများကြီးပဲ လုပ်ကြတယ်။ လုပ်သမျှ တော်တော်များများလည်း ပြည်သူတွေရဲ့ ပါဝင်မှုကြောင့် အောင်မြင်သွားကြတာ များတယ်။ ပြီးရင် အဲဒီငွေတွေက မြေပြင်ကို တကယ်ရောက်သလား၊ ထိထိရောက်ရောက် ဖြစ်သလားကျ သေချာမသိရဘူး။ ပြည်သူတွေကလည်း တော်လှန်ရေး နိုင်ချင်စိတ်နဲ့ ကူနေကြပေမဲ့ ကိုယ်ကူလိုက်တဲ့ငွေ တကယ်အကျိုးရှိမရှိတော့ သိချင်ကြမှာပဲ။
နောက်ပြီး ခုပဲ ကရင်နီအတွက် ကမ်ပိန်းတစ်ခု အောင်သွားတယ်။ နောက်ရက်ကျ ကရင်နီအတွက်ပဲ နောက်ကမ်ပိန်းတစ်ခု ပေါ်လာပြန်တယ်။ ဒီတော့ ဘယ်လောက်ကူကူ မလုံလောက်နိုင်သလို ဖြစ်နေတယ်။
ဒါတွေနဲ့ ပတ်သက်လို့ ပြောပြလိုတာပါ။
📌 ပထမတစ်ချက်က ကျွန်တော်တို့ တော်လှန်ရေးက ပြည်သူတွေရဲ့ ချွေးနဲစာနဲ့ အဓိက လည်ပတ်နေရတာပါ။ တစ်ဖက်ကတော့ နိုင်ငံတော်ဘတ်ဂျက်ဆိုပြီး တရားဝင် တောင်းခံတာရော၊ သယံဇာတ ရောင်းရငွေတွေရော၊ စီးပွားရေးလုပ်ငန်းတွေကနေ ရတာတွေရောနဲ့ တည်ဆောက်ထားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။
ဒါကြောင့် တော်လှန်ရေးမှာ ငွေလိုအပ်ချက်ဟာ အင်မတန် များပါတယ်။ ပြောရရင် ဆင့်ပါးစပ် နှမ်းပက်နေသလိုပါပဲ။ ဒီအတွက် ဘယ်လောက်ကူကူ မလောက်နိုင် ဖြစ်နေတာပါ။ စစ်ကိုင်းတိုင်းအတွက် ရည်ရွယ်ပေမဲ့ တစ်တိုင်းလုံးက အဖွဲ့အားလုံး ရချင်မှ ရမယ်။ ကရင်နီအတွက် ဆိုပေမဲ့ မရလိုက်တဲ့ အဖွဲ့တွေ အများကြီး ရှိမယ်။ ဒါကို နားလည်ပေးဖို့ လိုပါတယ်။
အဲဒါကြောင့်မို့လည်း အားလုံး ဝိုင်းကူကြဖို့ ပြောနေရခြင်း ဖြစ်ပါတယ်။ လက်နက်ဖိုးထဲ ကူရဲသူက ကူ။ အကုသိုလ် ဖြစ်မှာစိုးတယ်ဆို စစ်ဘေးရှောင်ထဲကို ကူ။ မဟုတ်ရင် တော်လှန်ရေးလည်း ဒီလူတွေ၊ စစ်ဘေးရှောင် ကူလည်း ဒီလူတွေဆို ကြာရင် မလွယ်ပါဘူး။
📌 နောက်တစ်ချက်က တော်လှန်ရေးမှာ လက်နက်ရရှိဖို့နည်းတူ အမိန့်စီးဆင်းမှု Chain of command အားကောင်းဖို့ဟာလည်း သိပ်အရေးကြီးပါတယ်။ တက်ဆို တက်ရမယ်။ ပစ်ဆို ပစ်ရမယ်။ ဆုတ်ဆို ဆုတ်ရမယ်။ တစ်ခါတလေ တစ်ဖက်အင်အားက နည်းနည်းပဲ ရှိတယ်။ တိုက်လိုက်ရင် အလွယ်တကူ နိုင်တယ်။ သို့သော် အဲ့လိုနိုင်ပြီးရင် တစ်ဖက်က ထိုးစစ်ဆင်လာမှာကို ခုခံနိုင်တဲ့ အနေအထား ရှိလား တွက်ရတယ်။ မဟုတ်ရင် ဒီတစ်ပွဲတော့ နိုင်သွားပေမဲ့ ကိုယ့်ဘက်က ပြန်ပေးရမှာ ပိုများတယ်။ ဒါဆို ရှောင်သင့်ရင် ရှောင်လိုက်ရမယ်ပေါ့။ ဒါတွေအတွက်က COC သည် အရေးကြီးတယ်။
ကိုတေဇာစန်း ပြောသလို ပြောရရင် စစ်ပုံကျဖို့ လိုတယ်။ COC အားကောင်းရမယ်။ သိုသိပ်ရမယ်။ လျှို့ဝှက်တတ်ရမယ်။ ဗျူဟာမြောက်ရမယ်ပေါ့။ အဲ့လိုမဟုတ်ဘဲ ဆိုရှယ်မီဒီယာပေါ် အကုန်တင်နေရင်၊ တိုက်ချင်သလို တိုက်နေရင် အောင်ပွဲရဖို့ ခက်နိုင်ပါတယ်။
ဒါ​ကြောင့် မြေပြင်ကို ထောက်ပံ့ပြီးသွားတိုင်း ချက်ချင်း သုံးချင်မှ သုံးလိမ့်မယ်။ အခြေအနေကို တွက်ဆရတာ ရှိတယ်။ တစ်ဖက်က ထိုးစစ်ဆင်လာတာကို စောင့်ရတာတွေ ရှိတယ်။ ကိုယ့်ဆီမှာ ဒါတွေရှိနေပြီ ဖြစ်ကြောင်းလည်း ထုတ်ပြောလို့ မရဘူး။ သုံးပြီးသွားလည်း တိုက်ပွဲသတင်းကို မထုတ်ပြန်ရတာတွေ ရှိတယ်။ ပြည်သူကို အားတက်စေချင်လို့ ပြောပြချင်ပေမဲ့ ကိုယ်ပြောလိုက်ကာမှ မြေပြင်အဖွဲ့တွေ ပိုခက်ခဲသွားမှာကိုလည်း တွက်ဆရပြန်သေးတယ်။ ဥပမာ မြောက်ပိုင်းဆို ကြည့်ပါ။ အချင်းချင်းထဲက လူတောင် မသိရတဲ့အထိ လျှို့ဝှက်ပါတယ်။ AA ဆိုလည်း ထိုနည်းလည်းကောင်းပါပဲ။
📌 ဆိုတော့ ကူလိုက်တဲ့ ပြည်သူဟာ ကိုယ့်ငွေ ဘာဖြစ်သွားတယ် ဆိုတာကို အလုံးစုံ သိနိုင်ဖို့ရာ ခက်သလို၊ သိချင်နေလို့လည်း အဆင်မပြေဘူး ဆိုတာ အမုန်းခံပြီး ပြောလိုပါတယ်။
UG တွေ၊ လူသိနည်းတဲ့ အဖွဲ့တွေ အခက်အခဲ ဖြစ်ရတာလည်း အဲဒါကြောင့်ပါပဲ။ ထုတ်ပြောလို့က မရ၊ မရတော့ လူတွေက မယုံ၊ မယုံတော့ Fund မရနဲ့ လည်နေတာ။
အဲ့လိုအခြေအနေကို ကြားကနေ အမြတ်ထုတ်ပြီး ပြည်သူတွေရဲ့ ငွေကို အလွဲသုံးစား လုပ်နေသူတွေကလည်း ရှိပြန်တာကိုး။
စစ်ရဲ့ သဘောအရ သိုသိပ်ရတယ်။ Fundraising ကျတော့ လူတွေကို ချပြပြီးမှ ယုံကြည်မှု တည်ဆောက်ရတယ်။ အဲဒီတော့ ပြဒါးတစ်လမ်း သံတစ်လမ်းလို ဖြစ်နေတယ်။
📌 ဦးစားပေး ရွေးရရင်တော့ တော်လှန်ရေးကာလ ဖြစ်နေတော့ သိုသိပ်မှုကို ဦးစားပေးကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။
မလှူခင်၊ မကူခင်မှာတော့ သေချာစိစစ်ပါ။ ခေါင်းရှုပ်မခံနိုင်ရင် ကာကွယ်ရေးဝန်ကြီးဌာနဆီ တိုက်ရိုက်ရောက်မဲ့ PRF လို အစီအစဉ်တွေ၊ မမများနဲ့ ပွဲကမယ်လို အစီအစဉ်တွေမှာ ဝင်ပါပါ။ တခြားအဖွဲ့တွေကို တိုက်ရိုက်ကူချင်တာ ဆိုလည်း တော်လှန်ရေးထဲ အချိတ်အဆက် ရှိတဲ့သူတွေနဲ့ မေးမြန်းပြီးမှ ကူပါ။ ကျွန်တော်တို့တွေ ကြော်ငြာပေးရင်လည်း သေချာစိစစ်ပြီးမှ ကြော်ငြာပေးပါတယ်။ မဟုတ်ရင် ပြည်သူ့ငွေတွေ အလဟဿ ဖြစ်ကုန်မှာစိုးလို့ပါ။
ပြည်သူကို အားတက်စေဖို့ သိသင့်သိထိုက်သလောက် သိရအောင်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောပြပေးပါ။ အထူးသဖြင့် ဗမာပြည်သူအများစုဟာ ဒီအခြေအနေနဲ့ အသားမကျသေးပါဘူး။ သိုသိပ်မှုထက် ဒီမိုကရေစီစနစ်ရဲ့ ပွင့်လင်းမြင်သာမှု ဆိုတာနဲ့ ပိုရင်းနှီးသူတွေ ဖြစ်ပါတယ်။ ကချင်၊ ကရင်နီ၊ ရခိုင် စတဲ့ တိုင်းရင်းသားတွေလို မဟုတ်သေးဘူး။ ဒီတော့ ကိုယ့်ဘက်က ပြောထားသင့်သလောက် မပြောထားရင် (​ကောင်း​စေချင်လို့ သဘောရိုးနဲ့ ထောက်ပြတာ မဟုတ်တဲ့) ကြားလူတွေ ဝင်နှောက်ကုန်ပါလိမ့်မယ်။ အဲဒါကလည်း သတိထားသင့်တဲ့ကိစ္စ ဖြစ်ပါတယ်။
ပြည်သူများကလည်း တော်လှန်ရေးရဲ့ သိုသိပ်ဖို့ အရေးကြီးတဲ့သဘောကို နားလည်ပေးပါ။ ကျွန်တော်တို့ ကူသမျှ ဘာမှအကျိုးမရှိဘူးဆို တော်လှန်ရေးဟာ ခုလို ရှေ့ကို ရွေ့လာစရာ အကြောင်းမရှိပါဘူး။ ဒါကြောင့် နိုင်သလောက်ဝန်ကို ဆက်ထမ်းပေးပါ။ တကယ့်အကြီးစား ဘီလူးကြီးကို နှိမ်နင်းနေရတာမို့ အချိန်တော့ ပေးရပါတယ်။ အားစိုက်ရပါတယ်။ ဒီတစ်နှစ်အတွင်းမှာကို ရလဒ်တွေ အများကြီးရှိလာခဲ့ပြီမို့လို့ ရှေ့ဆက်ပြီး ပါဝင်ကြမယ်ဆို ကျွန်တော်တို့ မျှော်လင့်ထားတဲ့ ပန်းတိုင်ကို မဖြစ်မနေ ရောက်လာပါလိမ့်မယ်ခင်ဗျာ။

Dr. Phio Thiha
၁၆.၉.၂၀၂၂

Comments

  1. Thanks
    Fighting together!
    We Must Win 🍀

    ReplyDelete
  2. ခြေသံလုံလုံနဲ့ရှေ့ဆက်ကြမယ်

    ReplyDelete
  3. ဟုတ်ကဲ့ပါ🤜🤛
    #Great CHEyeCK🍉

    ReplyDelete
  4. ဗီုလ်နဂါး မဇ္ဇိမမှာ တွေ့လို့ ပြောသွားတာ အလွန်ကောင်းတယ်နော်
    မြန်မာ့သားကောင်းပါပဲ

    ReplyDelete
  5. Replies
    1. Comment ဘယ်မှာရှာရေးရလဲ🙃

      Delete
  6. ဟုကဲ့ပါ
    ပို့စ်လေးအရမ်းကောင်း
    596~🕊

    ReplyDelete
    Replies
    1. တော်လှန်ရေးရဲဘော်များ
      ဘေးရန်ကင်ပါစေ
      အစစအရာရာ သတိရှိကြပါနော်

      Delete
    2. ကျန်းမာပါစေ

      Delete
  7. လင်းဆက်September 18, 2022 at 8:59 PM

    အမှန်တွေပေါ့
    ကိုယ်လုပ်နေတာလူသိဖို့မလိုတော့တဲ့အချိန်ကိုရောက်နေပီ
    ခြေသံလုံမှဘေးကင်းမယ်

    ReplyDelete
    Replies
    1. မန့်တခါရေးဖို့ကိုလည်နေပြီ😁😁

      Delete
    2. ဘယ်လိူလည်နေလဲဗျ

      Delete
    3. Ment မရ လို့

      Delete
    4. အော ရပြီ😃 ထူးဆန်း

      Delete
  8. ဟုတ်ကဲ့
    ဘာပဲဖြစ်ဖြစ် အဆုံးထိ ကိုယ်တတ်နိုင်တဲ့ဘက်က ပါဝင်​နေပါ့မယ် 💪💪💪

    ReplyDelete
  9. This comment has been removed by the author.

    ReplyDelete
  10. ကောင်းလိုက်တဲ့စာ၊တော်လှန်းရေးလုပ်နေတာ ပျော်ပွဲစားထွက်နေတာမှမဟုတ်တာလေ၊ အားလုံး သိုသိုသိပ်သိပ် လုပ်မှပိုပြီး ကောင်းမှာပါ။ ဒါကိုလည်းအားလုံးက နာလည်ပေးရပါမယ်။

    ReplyDelete
  11. နွေဦးအောင်September 18, 2022 at 10:25 PM

    အားလုံးသိထားသင့်တဲ့အချက်‌တွေပါ ၊ကျေးဇူးတင်ပါတယ် ညီလေးဖြိုးရေ🥰💪💪💪

    ReplyDelete
  12. ဒီထဲမန့်ရဖိူ့အရေး chromeတခါသွားရသေးတယ် ဒို့အရေး....

    ReplyDelete
  13. ပြောပြပေးတာကျေးဇူးပါ
    လှူချင်ပေမယ့် မလှူနိုင်တဲ့ခါ စိတ်မကောင်းဖြစ်ရတယ် ခုဆို mobile payments တွေကလဲအရင်လို မဟုတ်တော့ဘူး အဆင်မပြေတော့ဘူး
    ဘာဖြစ်ဖြစ် ကလစ်ကတော့ နေ့စဉ် မပျက်မကွက်ပါဝင်လျှက်ပါ🤜🤛

    ReplyDelete
  14. ဘေးကင်းကျန်းမာစိတ်ချမ်းသာလိုရာဆန္ဒပြည့်ဝကြပါစေ။

    ReplyDelete
  15. ဟုတ်ကဲ့ပါခင်ဗျ

    ReplyDelete
  16. ဟုတ်ကဲ့ပါ🌷

    ReplyDelete
  17. လေးစားပါတယ်

    ReplyDelete
  18. ဟုတ်ကဲ့ပါရှင့်

    ReplyDelete

  19. UG ဆိုတာ ယူနီဖောင်းလေး ကော့နေအောင်
    ဝတ်ပြီး ဓာတ်ပုံလေးရိုက် ပုံတင်လို့မရ
    ပေါ်တင်အလှူခံလို့မရ မျက်နှာလုံးဝပြလို့မရ
    နေတာ စားတာ အိပ်တာကအစ
    24hour သတိနဲ့နေပြီး နားအမြဲစွင့်ထားရတာ

    UGဟာ အန္တရာယ်အများဆုံး အတွင်းစည်းထဲမှာ
    ရန်သူနဲ့အနီးဆုံးနေပြီး လှုပ်ရှားနေရတာ
    တော်ရုံသတ္တိနဲ့ UGလုပ်မရဘူး

    အလှူရှင်မရှိလို့ သူတို့ပိုင်ဆိုင်တာလေးတွေရောင်းပြီး
    Missions အတွက် ပစ္စည်းဝယ်လှုပ်ရှားခဲ့ကြတာ UG တွေပါ

    တောထဲမှာက သူပစ်ကိုယ်ပစ် မနိုင်ရင်ပြေး
    ကိုယ့်နယ်မြေလိုဖြစ်နေတဲ့ တောထဲမှာ
    ခြေရာဖျောက်လို့ရတယ် ဒလန်ဆိုတာမရှိဘူး
    UG တွေအတွက်က ရဲခွေး စစ်ခွေး ဒလန်
    အားလုံးကို သတိထားပြီးလှုပ်ရှားနေကြရတာ
    အခန့်မသင့်ရင် ပြည်သူတွေဆဲတာပါ ခံရသေးတယ်

    UG စလုပ်တော့မယ်ဆိုထဲက
    သူတို့ရဲ့အသက်ဟာ 50% သရဏဂုံတင်ထားရပြီးသား

    သူတို့ဟာမြို့ပြသွေးမအေးစေဖို့ အရေးအတွက်
    မရှိမဖြစ် အရေးကြီးဆုံးသောသူတွေပါ
    သူတို့ကျဆုံး ဖမ်းမိရင်တောင် သူတို့ဟာ
    လူမသိသူမသိနဲ့ သူတို့ရဲ့ပေးဆပ်မှူတွေကို
    အကောင်းဆုံး ပေးဆပ်သွားကြတဲ့သူတွေပါ


    UG သူရဲကောင်းများကို လေးစားမှုများစွာဖြင့်
    San Zuren 🌸


    ReplyDelete

  20. ခံယူချက်နဲ့ တော်လှန်ပါ
    -------------------------------

    သင့်နှလုံးသားမှာ
    နိုင်ငံရေး လက်နက်
    တပ်ဆင်ကြပါ

    သင့်လက်မှာ
    တော်လှန်ရေးလက်နက်
    တပ်ဆင်ပါ

    သင့်လက်ကို
    သင့်နှလုံးသားနဲ့
    ဆက်သွယ်လိုက်ပါ

    ခံစားချက်နဲ့ မတော်လှန်နဲ့
    ခံယူချက်နဲ့ တော်လှန်ပါ

    ခံစားချက်နဲ့ အားသစ်မွေးပြီး
    ခံယူချက်ဖြင့် ဆက်လျောက်ပါ

    အရေးတော်ပုံ အောင်ရမည်


    San Zuren 🌸

    ReplyDelete
  21. ဟုတ်ကဲ့ပါ
    ပန်းတိုင်မရောက်မချင်း...✊♥

    ReplyDelete
  22. ဟုတ်ကဲ့ပါ ♡♡♡

    ReplyDelete
  23. ယုံကြည်မှုကိုတည်ဆောက်ပါ
    ပိုင်ဆိုင်တာတွေအကုန်ရောင်းချပါဝင်ခဲ့သူတွေရှိခဲ့သလို ရှိနေကြသေးပါတယ်

    ReplyDelete
  24. အောင်ရမည် ယုံကြည်ချက်ဖြင့်
    လှူနိုင်သလောက်လှူ
    ကူနိုင်သလောက်ကူ
    နေပါမည်

    ReplyDelete
  25. ကိုယ်မလှူနိုင်တဲ့အခါကျရင်တောင် လှူနိုင်တဲ့သူတွေဆီက အလှူခံပေးတယ်အဓိကကUGတွေပေါ့ လုပ်နိုင်တဲ့ဘက်ကလုပ်နေမှာမို့ အားမလျှော့ဘူး

    ReplyDelete
  26. 👍❤️💜❤️💪💪💪

    ReplyDelete
  27. ဟုတ်ကဲ့ပါ 💪💪💪

    ReplyDelete
  28. သိုသိပ်မှူ့ကိုဦးစားပေးရမယ်
    ဗိုလ်ချုပ်ဆောင်ဆန်းပြောတာစာဖတ်ဘူးတယ် ဖက်ဆစ်တွေကဗိုလ်ချုပ်ကိုဖမ်းတော့ဗိုလ်ချုပ်ကအဖမ်းမခံပဲပြေးတယ် သူဘာကြောင့်ပြေးရလဲစိုရင် အဖမ်းခံရရင်သူလုပ်ခြင်တာလုပ်မရဘူး အပြင်မှာစိုသူလုပ်ခြင်တာလုပ်လို့ရတယ်တဲ့

    ReplyDelete
  29. ပိုးဟတ်ပုံ မင်မင်ရေ ဘာမှ မဟုတ်ဘူး နင်နေကောင်းလား လာကြည့်ရင်း ငါလဲ နိုင်သလောက် ကလစ်နေပါတယ် 🤜🤛💪💪💪🐝

    ReplyDelete
  30. UG ပဲ ဦးစားပေး ထည့်ဖြစ်တယ် ကျန်တာတော့ တခါတလေပေါ့ ဘတ်ဂျက်ကလည်း အရင်လို မဟုတ်တော့ဘူးလေ

    ReplyDelete
  31. ကိုယ်ကျန်းမာကြပါစေ၊ စိတ်ချမ်းသာနိုင်ကြပါစေ၊ဘေးအန္တရယ်ကင်းဝေးကြပါစေ။ ကလစ်ပြီးထောက်ပံ့နိုင်ကြပါစေ။

    ReplyDelete
  32. ကလစ်ပေးပါတယ် brotherတို့ 😍

    ReplyDelete
  33. သိုသိုသိပ်သိပ်နဲ့ အရေးတော်ပုံကြီးအောင်တဲ့နေ့အထိ အတူတူသွားရအောင်

    ReplyDelete
  34. တစ်နေ့တစ်နေ့ ပတ်ပြေးနေရတယ်။

    ReplyDelete
  35. ဆရာဖြိုးသီဟ ကို
    ဒါတွေကြောင့် အထင်ကြီး လေးစားရတာ။

    ReplyDelete
  36. ပန်းတိုင်​ရောက်သည်ထိကလစ်မှာပါ

    ReplyDelete
  37. အပြေးအလွှားပါပဲ၊အချိန်ကိုလုနေရတယ်။

    ReplyDelete
  38. 💪💪💪💪💪

    ReplyDelete
  39. 💪💪💪💪💪

    ReplyDelete
  40. ဖိုက်တင်း အဆုံးထိ သွားကြမယ်

    ReplyDelete
  41. အဆုံးထိတိုက်မယ်။
    ဖိုက်တင်

    ReplyDelete
  42. ပိုးဟပ်လေးမင်မင် နေကောင်းအောင်နေပါ

    ReplyDelete
  43. Thank for sharing

    Till the end
    Fighting together 💪

    ReplyDelete
  44. Everything I do, I do it for you💞

    ReplyDelete
  45. သိုသိုသိပ်သိပ်လုပ်လေ ပိုပြီး ဆေဖ့် ဖြစ်လေပါပဲ။

    ReplyDelete
  46. သူရဲကောင်းတွေအားလုံးဘေးရန်ကင်း၍တရားသောစစ်အမြန်ဆုံးအောင်ပါစေ🙏🙏🙏

    ReplyDelete
  47. We click for freedom and justice

    ReplyDelete
  48. ဘေးရန်ကင်း၍တိုက်ပွဲတိုင်းအောင်မြင်ပါစေ🙏🙏🙏

    ReplyDelete
  49. တော်လှန်ရေးကိုဦးဆောင်နေတဲ့ပုဂ္ဂိုလ်အားလုံးကိုယုံကြည်လို့ လှူခဲ့ပါပြီ.ကူခဲ့ပြီးပါပြီ...
    အားတဲ့အချိန်တိုင်းမှာလည် းclick..YouTube..website link များကို ၄နာရီခန့်အလှည့်ကျလုပ်ဆောင်နေပါသည်....

    ReplyDelete
  50. Good articles thanks.
    3 Oct 2022.
    From Lattsaung.

    ReplyDelete
  51. ဆရာဖြိုးရဲ့စာတွေအရမ်းသဘောကြပါတယ်

    ReplyDelete
  52. နွေဦးဇွန်October 7, 2022 at 10:12 AM

    အားမလျော့ပဲ ကြိုးစားလျက်ပါ💪

    ReplyDelete
  53. အမှန်တွေပါ ဆရာရေ
    ဗျူဟာကျကျ လှို့ဝှက်စွာ တော်လှန်ပါမှ မြန်မြန်အဆုံးသတ်နိုင်ပါမယ်။ ခြေသံလုံ မှ အန္တရာယ်ကင်းမှာ မို့ ဘေးကင်းရန်ကွာ အောင် အမြဲသတိရှိကြပါ။ နိုင် ကို နိုင် ရမယ် We must Win.

    ReplyDelete
  54. အားလုံးပဲ ကျန်းမာ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ အားလုံး အတူတူ အောင်ပွဲခံကြစို့ 😀🌞😁😉

    ReplyDelete
  55. ဟုတ်ကဲ့ပါ

    ReplyDelete
    Replies
    1. ပန်းတိုင်မရောက်မချင်း ✊✊💪

      Delete
  56. Good တယ်ခေါင်းသုံးနည်းက

    ReplyDelete
  57. အားလုံးကျန်းမာ ချမ်းသာ ဘေးရန်ကင်းပါစေ 🙏🙏🙏

    ReplyDelete
  58. ဟုတ်ကဲ့ ပါမင်မင်

    ReplyDelete
  59. ခဏခနနားလည်အောင်သတိတွေပေးနေနိုင်ရင်ကောင်းမှာဘဲတော်လှန်ရေးနဲ့အသားမကျသေးတော့လိုအပ်ချက်တွေများလွန်းတယ်

    ReplyDelete
  60. 8/12/2022(1:55 Pm)
    ငါတို့ရဲ့ Clicker အားနဲ့တော်လှန်ရေးကို ကူပံ့မယ်ဟေးးးးးး

    ReplyDelete
  61. အသစ်မဟုတ်လို့လားဘဲ မန့်တွေအသစ်မတွေလို့

    ReplyDelete
  62. အပြောတွေလျော့မယ်
    အလုပ်နဲ့သက်သေပြကြမယ်

    ReplyDelete
  63. ပန်းတိုင်ရောက်ခါနီးပြီ ခြေလှမ်းသွက်သွက်နဲ့သွားကြစို့

    ReplyDelete
  64. အမှန်တွေပါဘဲ။

    ReplyDelete
  65. ဆက်လက်ချီတက်ဆဲ

    ReplyDelete
  66. We Clicks📲 We Fights🦾We Wins✊🏾

    ReplyDelete
  67. ဆရာဖြိုးရေ
    ကိုတေဇာဆန်းပါ(ကိုတေဇာစန်းမဟုတ်ပါ)

    ReplyDelete
  68. လေးစားလျက်ပါ ဆရာ

    ReplyDelete
  69. ညနေပိုင်းက တစ်ခါတစခါ error တက်တတ်တယ်

    ReplyDelete
  70. အားလုံးဘေးကင်းကျန်းမာပီး တော်လှန်ရေးအပီးမှာ ချစ်ခင်သူတွေနဲ့ ပြန်ဆုံနိုင်ပါစေ

    ReplyDelete
  71. Near our revolution Goal💪💪

    ReplyDelete

Post a Comment