World Blood Donor Day
ဒီနေ့ 14 June တော့ ကမ္ဘာ့သွေးလှူရှင်များနေ့ဖြစ်ပါတယ်ခင်ဗျာ။
သွေးလှူခြင်းက တကယ်ပဲ ကျွန်တော်တို့ ကျန်းမာရေးကို တိုးတတ်စေနိုင်ပါတယ်တဲ့ခင်ဗျာ။
- ၁ ။ နှလုံးသွေးကြောနှင့် သက်ဆိုင်တဲ့ ကျန်းမာရေးကို တိုးတတ်စေခြင်း၊
- ၂ ။ နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ချပေးခြင်း၊
- ၃ ။ လေဖြတ်နိုင်ချေ နည်းခြင်း၊
- ၄ ။ ကင်ဆာ ဖြစ်နိုင်ချေ နည်းခြင်း၊
- ၅ ။ သွေးသစ်ဖြစ်ပေါ်ဖို့မြှင့်တင်ပေးခြင်း။ ။
သွေးလှူဖူးပါသလားခင်ဗျာ ? အခွင့်ရေးပေးလို့ လှူလို့ရရင် လှူကြည့်ပါခင်ဗျာ။
Thank you for sharing, admin.
ReplyDeleteလှူဖို့ ည၁၁နာရီ ကို ကားရှာဌားပြီး
ReplyDeleteသွားဖူးပေးခဲ့တယ်
ready ပေမဲ့မလှူခဲ့ရဘူး
ဆိုတော့
မလှူခဲ့ဖူးဖြစ်သွားရော😁
I got 10th times.
Deleteကြုံကြွားလေး တစ်ဖြတ် . . . . (ဟီးဟီး)
မယုံဘူး card ပြ 😁
Delete(+) လား (-) လား?
အဲ့ဒါပေါ်မူတည်ပြီး စိတ်ကိုခန့်မှန်းလို့ရတယ်ပြောတယ်
မင်မင်သွေးလှူရင် မီ ဗန်ပိုင်းယားလုပ်မယ်😺 10ကြိမ်ထိလှူတာကို ဂုဏ်ယူပါကြောင်း မီတော့ လှူမရလောက်ဖူး
Deleteသံဓာတ်အားနည်းမယ်senseရနေတယ် 🤔
🙋လေးစားပါတယ်ကိုကလစ်ရေ
Delete၂ကြိမ်လှူဖူးပါတယ်
DeleteI have never donated, I still want to donate.
ReplyDeleteအပ်ကြောက်လို့ သွေးဖေါက်ရင် ဘယ်တော့မှမကြည့်ဘူး 😪
ReplyDeleteသွေးအားနည်း အပ်ကြောက်ပေမဲ့ ၃ကြိမ်တော့လှူခဲ့ဖူးတယ် (နောက် ၁ကြိမ်က iron မပြည့်လို့မယူကြဘူး)
လုပ်ဖေါ်ကိုင်ဖက်တယောက်ရဲ့အားပေးမှုကြောင့် ရယ် ကျွမ်းကျင်တဲ့nurse ကြောင့် သက်တောင့်သက်သာပါပဲ. တကြိမ်ကတော့ CEO အတွက် လုပ်ဖေါ်ကိုင်ဖက်သွေးအုပ်တွေနဲ့ သွေးလှူဘဏ်ကို ပြန်လှူပေးကြတာ
ဒီမှာ ထပ်လှူချင်ပေမဲ့ အပ်ကြီးတွေမကြည့်ရဲဘူး 😪
ဆေးစစ်ဖို့သွေးဖေါက်ရတာတောင်ကြောက်နေရတာ
Thyriods ဆေးသောက်နေလို့မလှူဖြစ်တော့ဘူး
Card လေးတော့အမှတ်တရခုထိသိမ်းထားတယ်
Deleteဘဏ်ကဒ်တွေနဲ့တူတူ wallet ပြောင်းသွားလည်းရှိနေခဲ့. သတိရလို့ပြန်ထုတ်ကြည့်လိုက်သေးတယ် (ကိုယ်လှူခဲ့တာ ၃ကြိမ်တည်းဆိုပေမဲ့ ကိုယ်မလုပ်နိုင်ဖူးထင်ထားတာ လုပ်နိုင်ခဲ့လို့)
Deleteခုချိန်ထိတော့ မလှူဖူးသေးပါဘူး လိုအပ်ရင်လှူဖို့တော့ အဆင်သင့်စာရင်းပေးထားဖူးပါတယ် အကျိုးများတာတွေသိခွင့်ရလို့ကျေးဇူးပါ 😊
ReplyDeleteမလှူဖူးဘူး။ လှူချင်တာကို ကိုယ်တိုင်ကသွေးအားနည်းပြီးပေါင်မပြည့်လို့🙃
ReplyDeleteဒါပေမယ့်သူငယ်ချင်းသွားလှူရင်တော့ တကောက်ကောက်လိုက်ပြီးဂရုစိုက်ပေးဖူးတယ်။
အပ်ကြီးကတော့ကြောက်စရာကြီး သူ့လက်ကိုကိုင်ပြီးမျက်လုံးမှိတ်ထားရတယ် 😅❤️
ကိုယ် ကိုယ်တိုင်က ကျန်းမာရေးအရမ်းမကောင်းလို့တခါမှမလှုဘူးသေးပါဘူး လှုခွင့်တော့ရချင်ပါတယ်
ReplyDelete7 ကြိမ်လား 8ကြိမ်လား သိပ်မမှတ်မိဘူး လှူဘူးတယ်ဗျ
ReplyDeleteဘယ်လို ပီတိဖြစ်မှန်းမသိဘူး တကယ်ပျော်မိတယ်(လှူပြီးရင် မုန့်တွေ ကြက်ဥတွေလဲ များကြီး ရလို့ ပိုပျော်တယ် 🤭🤭😁😁😁)
တစ်ခါမှမလှူဖူးဘူး
ReplyDelete
ReplyDeleteBlood Donation Is A Great Act Of Kindness. ✨ I got 5th times.
A life may depend on a gesture from you, a bottle of Blood. If you're a blood donor, you're a hero to someone, somewhere, who received your gracious gift of life. 🤍
Appreciate 🫡
Deleteသွေးအားနည်းတဲ့သူမို့ တခါမှမလှူဖူးပါဘူး
ReplyDeleteလှူဖူးတဲ့သူတွေကိုတော့
အားကျ ဂုဏ်ယူဝမ်းမြောက်မိပါတယ်ဗျာ ♥️
အင်မတန်မွန်မြတ်တဲ့ အလှူပါ
A+ လိုချင်ရင်ပြော
Deleteသွေးလှူလို့ရတဲ့သူတွေကို တကယ်အားကျ
ReplyDeleteမီတော့ သွေးလှူလို့မရတဲ့ risk factorsထဲပါနေလို့🥲
ကိုယ်တိုင်သွေးလှူလို့မရပေမယ့် သွေးလာလှူတဲ့သူတွေကိုတော့ အပ်ထိုးပေးလို့ရတယ်😃
ReplyDeleteသွေးလှူဖူးပါတယ် 4 ကြိမ်အထိလှူဖြစ်ပါတယ် သွေးလှူပြီးတိုင်းမူးလဲလို့ ဆက်မလှူဖြစ်တော့ပါ
ReplyDelete🤡
ReplyDeleteသွေးလှူတုန်းက မှတ်ထားမိဖူးတာလေး
ReplyDelete+ve တွေက (-/+ )၂မျိုးစလုံးဆီက လက်ခံလို့ရတယ်
-ve တွေက (-) ဆီကပဲလက်ခံလို့ရ
ကိုယ်က (+) တွေကို vampire သွေးလို့ခေါ်ပြီး (-) တွေကို ဝေသန္ဒရာ သွေးလို့ခေါ်တယ် 😁
-ve ထဲမှာမှ O– ကပိုသနားဖို့ကောင်းတယ်
(နောက်တခုက ငှက်ဖျားဖြစ်ဖူးတဲ့သူတွေက သွေးလှူလို့မရပါဘူး)
(ပြီးတော့ တက်တူးထိုးတာနဲ့ သွေးရည်ကြည်ကုထုံးလုပ်ဖူးတာတွေ. ဒါတော့သိပ်မသေချာဘူး. ဒါပေမဲ့ ကိုယ့်မှာ စိတ်ရှင်းရှင်းနဲ့သွေးလှူချင်တော့ အဲ့ဒါတွေကိုရှောင်ခဲ့တယ်)
CDM Medical Network ရဲ့ငှက်ဖျားကန်ပိန်း (ပီဒက်၁ယောက်=၇၇၀၀ကျပ်နှုန်း) လေးပါဝင်ကြပါဦးနော် (ကာကွယ်ဆေးလား/ကုသဆေးလားသေချာနားမလည်ပေမဲ့ ရာသီတုပ်ကွေးကာကွယ်ဆေးတွေလည်းကြိုထိုးပေးထားစေချင်တယ်, ပြည်တွင်းကမလုံလောက်ရင် ပြည်ပ NGO အဖွဲတွေဆီကလည်းအကူအညီတောင်းစေချင်ပါတယ်)
Deleteငယ်ရွယ်ကျန်းမာနေတဲ့လူငယ်တွေအများစုကိုငှက်ဖျားမဖြစ်စေချင်ပါဘူး (တချိန် သူတိုသွေးလှူခွင့်ဆုံးရှုးသွားခဲ့ရင် ပြည်သူတွေအားလုံးရဲ့ နစ်နာမှုဖြစ်မှာပါ)
Regret is painful. ဖြစ်မှာစိုးလို့ ၅စောင်ဝယ်ထားတယ်.
Deleteတတ်နိုင်တဲ့ဘက်ကနေတော့ ပါဝင်ပေးနေမှာပါ.
မမခြူက (-ve) အမျိုးအစားဖြစ်မယ်ထင်တယ်
ReplyDeleteCalmly ဖြစ်တယ်လို့ခံစားရလို့
ဒီလိုမျိုး လိုလိုလားလားသွေးလှူတဲ့သူတွေရှိတဲ့ခေတ်မှာ သွေးစုတ်ဖုတ်ကောင် အဖြစ် မွေးဖွားခဲ့ရမှာ😤😤😤
ReplyDeleteRobert pattinson ကိုများအားကျနေတာလား? သူကအဲ့ကားကိုမကြိုက်ဘူးတဲ့.
DeleteMidnight Sun ကပို romance ဖြစ်တယ်.
မလှူဖူးဘူးမင်မင်😬💙
ReplyDeleteမလှူဖူးဘူး လှူတော့လှူချင်တယ်လေ 😊
ReplyDeleteဖိုးသော်က မေတ္တာလူငယ်ဆိုတဲ့သွေးလှူအဖွဲ့လေးကို organize လုပ်ပြီး ကိုယ်တိုင်လည်း အကြိမ်များစွာ လှူခဲ့သူပေါ့။ အမြန်လွတ်မြောက်ပါစေဟာ။
ReplyDeleteသော်ကြီး အတွက် 💪💪💪
Deleteအပ်မြင်တာနဲ့ကြောက်နေတာ🙂
ReplyDeleteဆေးထိုးဖို့တောင်အရမ်းကြောက်ပေမယ့် သတ္တိမွေးပြီး ၄ ကြိမ် လှူဖူးတယ်
ReplyDeleteတစ်ခါမှမလှူဖူးသေးဘူး
ReplyDeleteလှူဖူးဘူးရယ် အပ်ကြီးမြင်ပီးကြောက်လို့😁😁
ReplyDeleteအခွင့်အရေးပေးလို့ လှူခွင့်ရရင် လှူမယ်လို့ ဆုံးဖြတ်ထားတယ်
ReplyDeleteခုထိ မလှူဖူးသေးဘူး
ReplyDeleteလှူမယ်ဆိုပြီး စဥ်းစားတိုင်း အပ်ကြောက်တာရယ် ပေါင်ချိန်မပြည့်တာရယ်နဲ့ လှူတဲ့ဆီကို မရောက်တော့ဘူး😁😁😁
အပ်ကိုမကြည့်ဘဲလှူလေ me လို 😬ပေါင်ချိန်ကတော့သိပ်ကိစ္စမရှိပါဘူး ဆရာမမေးလဲ110ဖြေပေါ့
Deleteအိပ်ရေဝဖို့တော့လိုတယ် 🤜🤛
မိန်းကလေးတွေက ပေါင်၁၀၀မပြည့်လည်းလှူလို့ရတယ် မီတို့ဆီမှာက
Deleteသွေးအားနည်းမနေဖို့ပဲလိုတယ်ထင်တယ်
Good
ReplyDeleteဘဝမှာသွေးကင်ဆာသမားတယောက်ကိုတကြိမ်လေးဘဲလှူဖူးတယ်😔
ReplyDeleteFighting
ReplyDeleteသွေးလှူခြင်းက ကိုယ့်ငယ်ဘဝရဲ့အိမ်မက်တခုပါပဲ...
ReplyDeleteသွေးအမျိုးအစားထဲမှာမှ အိုသွေးအရမ်းဖြစ်ချင်ခဲ့တာ
အဲဒါကြောင့် မှတ်ပုံတင်လုပ်တဲ့အချိန်တုန်းက ကိုယ်ထည့်ချင်တဲ့ သွေးအမျိုးအစားထည့်ခိုင်းခဲ့တာ (လုပ်ပေးတဲ့ရုံးကတယောက်ကလည်း ထည့်ပေးတာပဲ 😁, မှတ်ပုံတင်ပြန်ကြည့်ပြီး သတိရသွားလို့)
နောက်ပိုင်း သွေးအားနည်းလို့ လက်လျှော့ထားခဲ့ချိန် ရုံးမှာသွေးလှူဖို့အတွက် HR က organizedလုပ်ချိန် လုပ်ဖေါ်ကိုင်ဖက်တယောက်ရဲ့ တိုက်တွန်းအားပေးမှုကြောင့် လှူဖြစ်သွားတယ်
စစလှူခြင်းတောင် ကိုယ့်ကို 2bags (800~1000ml သေချာမမှတ်မိတော့လို့) တောင်ယူတယ်....
သွေးအားနည်းတယ်ဆိုပြီး အားမငယ်ကြပါနဲ့..ကျန်းမာရေးဂရုစိုက်ပြီးကြိုစားကြည့်ကြပါ.ကိုယ်ဆိုမလှူနိုင်တော့ဘူးထင်ထားခဲ့တာ...iron စစ်ချိန် သတ်မှတ်ထားတဲ့ ထဲဝင်တဲ့အခါပျော်လိုက်တာ, ပြီတော့ စာတိုက်ကနေ သွေးလှူကဒ်လေးပို့လိုက်ချိန်
(မစစ်ခင် dry fig တို့ စပျစ်သီးခြောက်တို့စားထားတာ 😁)
နောက်ပိုင်း lunch meeting/dinner meeting တွေနဲ့တိုင်ပတ်(ရုံးမှာအိပ်ယလိပ်ယူပြီးအိပ်ရမလိုတွေဖြစ်)လို့ဆက်မလှူနိုင်ခဲ့ဖြစ်တာ
I am o
ReplyDeleteတစ်ခါမှမလှူဖူးသေးသောအခါ
ReplyDeleteလှူဖူးသူတွေကို ဂုဏ်ပြုပါ၏ 😊
Till the end
Fighting together 💪
ပေါင်၁၀၀မပြည့်လို့ တစ်ခါမှလှူခွင့်မရသေးဘူး😭
ReplyDeleteရွှေဝါရောင်တော်လှန်ရေ
ReplyDeleteကို ဂုဏ်ပြုသောအားဖြင့် ပထမဆုံးအကြိမ်သွေးလျူဘူးခဲ့
အမြဲသွေးပေါင်ကျတတ်တဲ့ကိုယ် လျူရပါစေဆုတောင်းလိုက်ရတာ ချိန်လိုက်တော့ 110/70mmHg တဲ့
မေတ္တာအစွမ်းအံ့မခန်း
လူတိုင်း လျူနိုင်ကြပါစေ
I have donated 3times.My blood type is O+.If you need, pls contact me snowyorange@gmail.com
ReplyDeleteသွေးမလှူဖူးသေးဘူး🤒
ReplyDeleteလှူဖူးတဲ့အကိုအစ်မတွေအားကျလိုက်တာ🥰
ကျွန်တော်က လူရိုးလေးပါခဗျ
ReplyDeleteအရိုးပေါ်အရေတင်လို့🥰
မတ်လတုံးကပထမဆုံးအကြေိမ်သွးလှူခဲ့တယ် ။ အပ်ကိုကြောက်လို့ ေသွေးထုတ်မယ့်အချိန်အပ်ကိုမကြည့်ဘဲနေလိုက်တာပေါ့။ ေသွေးလှူရတာကအတော်ကြည်နူးစရာကောင်းတယ် ။ ပီတိလဲဖြစ်တယ် ။ လေးလပြည့်ရင်ထပ်လှူဦးမှာပါ
ReplyDeleteI donated blood 13 times in my life.As I am an aged woman,59 years old, I have little chance to donate blood again.But I really want to do it again.
ReplyDeleteWow…Congrats👍
Deleteတခါမှမလူုဖူးသေးဘူး
ReplyDeleteသွေးအားနည်းသူမို့လှူခွင့်မရှိပါဘူးရှင်
ReplyDelete❤️💓💕
ReplyDeleteသွေးလှူတဲ့သူတွေကိုအားကျတယ်
Deleteမလှူဖူးသေးဘူး လှူချင်တယ်
ReplyDeleteလျှူကြည့်ချင်တယ်
ReplyDeleteCongratulations 👏👌🎉🎈
ReplyDeleteနဂိုသွေးအားနည်းသူဆေးထိုးအပ်ကြောက်သူမို့သွေး၁ခါမှမလှုပ်ဖူးပါဘူးရှင်
ReplyDeleteလှူဖူးတယ်
ReplyDeleteအရေးပေါ် သွေးလိုနေလို့
တစ်ခါးမှမလှူဘူးသေးပါဘူးရှင့်
ReplyDeleteသွေးလှူဒါန်းသူတွေ ကျန်းမာသက်ရှည်ပါစေခင်ဗျာ။
ReplyDeleteBe safe and healthy all clickers
ReplyDeleteအခွင့်ကြုံရင်လူချင်ပါတယ်။
ReplyDeleteHave a good day.
ReplyDeleteကိုယ်ကျန်းမာကြပါစေ၊ စိတ်ချမ်းသာနိုင်ကြပါစေ၊ဘေးအန္တရယ်ကင်းဝေးကြပါစေ။ ကလစ်ပြီးထောက်ပံ့နိုင်ကြပါစေ။
ReplyDeleteမင်္ဂလာရှိသောသတင်းများသာကြားနိုင်ကြပါစေ။ဘေးကင်းကျန်းမာကြပါစေ။
ReplyDeleteအစစအရာရာအဆင်ပြေကြပါစေ...🌻🤍
ReplyDeleteလုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲကြပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ။
ReplyDeleteDone
ReplyDeleteThanks.
ReplyDelete၃ ကြိမ် လှူဖူးတယ်
ReplyDelete