World Blood Donor Day

 ဒီနေ့ 14 June တော့ ကမ္ဘာ့သွေးလှူရှင်များနေ့ဖြစ်ပါတယ်ခင်ဗျာ။

 သွေးလှူခြင်းက တကယ်ပဲ ကျွန်တော်တို့ ကျန်းမာရေးကို တိုးတတ်စေနိုင်ပါတယ်တဲ့ခင်ဗျာ။

  • ၁ ။ နှလုံးသွေးကြောနှင့် သက်ဆိုင်တဲ့ ကျန်းမာရေးကို တိုးတတ်စေခြင်း၊
  • ၂ ။ နှလုံးရောဂါဖြစ်နိုင်ချေကို လျော့ချပေးခြင်း၊
  • ၃ ။ လေဖြတ်နိုင်ချေ နည်းခြင်း၊
  • ၄ ။ ကင်ဆာ ဖြစ်နိုင်ချေ နည်းခြင်း၊
  • ၅ ။ သွေးသစ်ဖြစ်ပေါ်ဖို့မြှင့်တင်ပေးခြင်း။      ။






သွေးလှူဖူးပါသလားခင်ဗျာ ? အခွင့်ရေးပေးလို့ လှူလို့ရရင် လှူကြည့်ပါခင်ဗျာ။ 

Comments

  1. Thank you for sharing, admin.

    ReplyDelete
  2. လှူဖို့ ည၁၁နာရီ ကို ကားရှာဌားပြီး
    သွားဖူး​ပေးခဲ့တယ်
    ready ​ပေမဲ့မလှူခဲ့ရဘူး
    ဆို​တော့
    မလှူခဲ့ဖူးဖြစ်သွား​ရော😁

    ReplyDelete
    Replies
    1. I got 10th times.

      ကြုံကြွားလေး တစ်ဖြတ် . . . . (ဟီးဟီး)

      Delete
    2. မယုံဘူး card ပြ 😁
      (+) လား (-) လား?
      အဲ့ဒါပေါ်မူတည်ပြီး စိတ်ကိုခန့်မှန်းလို့ရတယ်ပြောတယ်

      Delete
    3. မင်မင်သွေးလှူရင် မီ ဗန်ပိုင်းယားလုပ်မယ်😺 10ကြိမ်ထိလှူတာကို ဂုဏ်ယူပါကြောင်း မီတော့ လှူမရ‌‌လောက်ဖူး
      သံဓာတ်အားနည်းမယ်senseရနေတယ် 🤔

      Delete
    4. 🙋​လေးစားပါတယ်ကိုကလစ်​ရေ

      Delete
    5. ၂ကြိမ်လှူဖူးပါတယ်

      Delete
  3. I have never donated, I still want to donate.

    ReplyDelete
  4. အပ်ကြောက်လို့ သွေးဖေါက်ရင် ဘယ်တော့မှမကြည့်ဘူး 😪
    သွေးအားနည်း အပ်ကြောက်ပေမဲ့ ၃ကြိမ်တော့လှူခဲ့ဖူးတယ် (နောက် ၁ကြိမ်က iron မပြည့်လို့မယူကြဘူး)
    လုပ်ဖေါ်ကိုင်ဖက်တယောက်ရဲ့အားပေးမှုကြောင့် ရယ် ကျွမ်းကျင်တဲ့nurse ကြောင့် သက်တောင့်သက်သာပါပဲ. တကြိမ်ကတော့ CEO အတွက် လုပ်ဖေါ်ကိုင်ဖက်သွေးအုပ်တွေနဲ့ သွေးလှူဘဏ်ကို ပြန်လှူပေးကြတာ
    ဒီမှာ ထပ်လှူချင်ပေမဲ့ အပ်ကြီးတွေမကြည့်ရဲဘူး 😪
    ဆေးစစ်ဖို့သွေးဖေါက်ရတာတောင်ကြောက်နေရတာ
    Thyriods ဆေးသောက်နေလို့မလှူဖြစ်တော့ဘူး

    ReplyDelete
    Replies
    1. Card လေးတော့အမှတ်တရခုထိသိမ်းထားတယ်

      Delete
    2. ဘဏ်ကဒ်တွေနဲ့တူတူ wallet ပြောင်းသွားလည်းရှိနေခဲ့. သတိရလို့ပြန်ထုတ်ကြည့်လိုက်သေးတယ် (ကိုယ်လှူခဲ့တာ ၃ကြိမ်တည်းဆိုပေမဲ့ ကိုယ်မလုပ်နိုင်ဖူးထင်ထားတာ လုပ်နိုင်ခဲ့လို့)

      Delete
  5. ခုချိန်ထိတော့ မလှူဖူးသေးပါဘူး လိုအပ်ရင်လှူဖို့တော့ အဆင်သင့်စာရင်းပေးထားဖူးပါတယ် အကျိုးများတာတွေသိခွင့်ရလို့ကျေးဇူးပါ 😊

    ReplyDelete
  6. မလှူဖူးဘူး။ လှူချင်တာကို ကိုယ်တိုင်ကသွေးအားနည်းပြီးပေါင်မပြည့်လို့🙃
    ဒါပေမယ့်သူငယ်ချင်းသွားလှူရင်တော့ တကောက်ကောက်‌လိုက်ပြီးဂရုစိုက်ပေးဖူးတယ်။
    အပ်ကြီးကတော့ကြောက်စရာကြီး သူ့လက်ကိုကိုင်ပြီးမျက်လုံးမှိတ်ထားရတယ် 😅❤️

    ReplyDelete
  7. ကိုယ် ကိုယ်တိုင်က ကျန်းမာရေးအရမ်းမကောင်းလို့တခါမှမလှုဘူးသေးပါဘူး လှုခွင့်တော့ရချင်ပါတယ်

    ReplyDelete
  8. 7 ကြိမ်လား 8ကြိမ်လား သိပ်မမှတ်မိဘူး လှူဘူးတယ်ဗျ
    ဘယ်လို ပီတိဖြစ်မှန်းမသိဘူး တကယ်​ပျော်မိတယ်(လှူပြီးရင် မုန့်​တွေ ကြက်ဥ​တွေလဲ များကြီး ရလို့ ပို​ပျော်တယ် 🤭🤭😁😁😁)

    ReplyDelete
  9. တစ်ခါမှမလှူဖူးဘူး

    ReplyDelete

  10. Blood Donation Is A Great Act Of Kindness. ✨ I got 5th times.

    A life may depend on a gesture from you, a bottle of Blood. If you're a blood donor, you're a hero to someone, somewhere, who received your gracious gift of life. 🤍


    ReplyDelete
  11. သွေးအားနည်းတဲ့သူမို့ တခါမှမလှူဖူးပါဘူး
    လှူဖူးတဲ့သူတွေကို‌တော့
    အားကျ ဂုဏ်ယူဝမ်းမြောက်မိပါတယ်ဗျာ ♥️
    အင်မတန်မွန်မြတ်တဲ့ အလှူပါ

    ReplyDelete
    Replies
    1. A+ လိုချင်ရင်ပြော

      Delete
  12. သွေးလှူလို့ရတဲ့သူတွေကို တကယ်အားကျ
    မီတော့ သွေးလှူလို့မရတဲ့ risk factorsထဲပါနေလို့🥲

    ReplyDelete
  13. ကိုယ်တိုင်သွေးလှူလို့မရပေမယ့် သွေးလာလှူတဲ့သူတွေကိုတော့ အပ်ထိုးပေးလို့ရတယ်😃

    ReplyDelete
  14. သွေးလှူဖူးပါတယ် 4 ကြိမ်အထိလှူဖြစ်ပါတယ် သွေးလှူပြီးတိုင်းမူးလဲလို့ ဆက်မလှူဖြစ်တော့ပါ

    ReplyDelete
  15. သွေးလှူတုန်းက မှတ်ထားမိဖူးတာလေး
    +ve တွေက (-/+ )၂မျိုးစလုံးဆီက လက်ခံလို့ရတယ်
    -ve တွေက (-) ဆီကပဲလက်ခံလို့ရ
    ကိုယ်က (+) တွေကို vampire သွေးလို့ခေါ်ပြီး (-) တွေကို ဝေသန္ဒရာ သွေးလို့ခေါ်တယ် 😁
    -ve ထဲမှာမှ O– ကပိုသနားဖို့ကောင်းတယ်
    (နောက်တခုက ငှက်ဖျားဖြစ်ဖူးတဲ့သူတွေက သွေးလှူလို့မရပါဘူး)
    (ပြီးတော့ တက်တူးထိုးတာနဲ့ သွေးရည်ကြည်ကုထုံးလုပ်ဖူးတာတွေ. ဒါတော့သိပ်မသေချာဘူး. ဒါပေမဲ့ ကိုယ့်မှာ စိတ်ရှင်းရှင်းနဲ့သွေးလှူချင်တော့ အဲ့ဒါတွေကိုရှောင်ခဲ့တယ်)

    ReplyDelete
    Replies
    1. CDM Medical Network ရဲ့ငှက်ဖျားကန်ပိန်း (ပီဒက်၁ယောက်=၇၇၀၀ကျပ်နှုန်း) လေးပါဝင်ကြပါဦးနော် (ကာကွယ်ဆေးလား/ကုသဆေးလားသေချာနားမလည်ပေမဲ့ ရာသီတုပ်ကွေးကာကွယ်ဆေးတွေလည်းကြိုထိုးပေးထားစေချင်တယ်, ပြည်တွင်းကမလုံလောက်ရင် ပြည်ပ NGO အဖွဲတွေဆီကလည်းအကူအညီတောင်းစေချင်ပါတယ်)
      ငယ်ရွယ်ကျန်းမာနေတဲ့လူငယ်တွေအများစုကိုငှက်ဖျားမဖြစ်စေချင်ပါဘူး (တချိန် သူတိုသွေးလှူခွင့်ဆုံးရှုးသွားခဲ့ရင် ပြည်သူတွေအားလုံးရဲ့ နစ်နာမှုဖြစ်မှာပါ)

      Delete
    2. Regret is painful. ဖြစ်မှာစိုးလို့ ၅စောင်ဝယ်ထားတယ်.
      တတ်နိုင်တဲ့ဘက်ကနေတော့ ပါဝင်ပေးနေမှာပါ.

      Delete
  16. မမခြူက (-ve) အမျိုးအစားဖြစ်မယ်ထင်တယ်
    Calmly ဖြစ်တယ်လို့ခံစားရလို့

    ReplyDelete
  17. ဒီလိုမျိုး လိုလိုလားလားသွေးလှူတဲ့သူတွေရှိတဲ့ခေတ်မှာ သွေးစုတ်ဖုတ်ကောင် အဖြစ် မွေးဖွားခဲ့ရမှာ😤😤😤

    ReplyDelete
    Replies
    1. Robert pattinson ကိုများအားကျနေတာလား? သူကအဲ့ကားကိုမကြိုက်ဘူးတဲ့.
      Midnight Sun ကပို romance ဖြစ်တယ်.

      Delete
  18. မလှူဖူးဘူးမင်မင်😬💙

    ReplyDelete
  19. မလှူဖူးဘူး လှူတော့လှူချင်တယ်လေ 😊

    ReplyDelete
  20. ဖိုးသော်က မေတ္တာလူငယ်ဆိုတဲ့သွေးလှူအဖွဲ့လေးကို organize လုပ်ပြီး ကိုယ်တိုင်လည်း အကြိမ်များစွာ လှူခဲ့သူပေါ့။ အမြန်လွတ်မြောက်ပါစေဟာ။

    ReplyDelete
    Replies
    1. သော်ကြီး အတွက် 💪💪💪

      Delete
  21. အပ်မြင်တာနဲ့ကြောက်နေတာ🙂

    ReplyDelete
  22. ဆေးထိုးဖို့တောင်အရမ်းကြောက်ပေမယ့် သတ္တိမွေးပြီး ၄ ကြိမ် လှူဖူးတယ်

    ReplyDelete
  23. တစ်ခါမှမလှူဖူးသေးဘူး

    ReplyDelete
  24. လှူဖူးဘူးရယ် အပ်ကြီးမြင်ပီးကြောက်လို့😁😁

    ReplyDelete
  25. အခွင့်အရေးပေးလို့ လှူခွင့်ရရင် လှူမယ်လို့ ဆုံးဖြတ်ထားတယ်

    ReplyDelete
  26. ခုထိ မလှူဖူးသေးဘူး
    လှူမယ်ဆိုပြီး စဥ်းစားတိုင်း အပ်ကြောက်တာရယ် ပေါင်ချိန်မပြည့်တာရယ်နဲ့ လှူတဲ့ဆီကို မရောက်တော့ဘူး😁😁😁

    ReplyDelete
    Replies
    1. အပ်ကိုမကြည့်ဘဲလှူလေ me လို 😬ပေါင်ချိန်ကတော့သိပ်ကိစ္စမရှိပါဘူး ဆရာမမေးလဲ110ဖြေပေါ့
      အိပ်ရေဝဖို့တော့လိုတယ် 🤜🤛

      Delete
    2. မိန်းကလေးတွေက ပေါင်၁၀၀မပြည့်လည်းလှူလို့ရတယ် မီတို့ဆီမှာက
      သွေးအားနည်းမနေဖို့ပဲလိုတယ်ထင်တယ်

      Delete
  27. ဘဝမှာသွေးကင်ဆာသမားတယောက်ကိုတကြိမ်လေးဘဲလှူဖူးတယ်😔

    ReplyDelete
  28. သွေးလှူခြင်းက ကိုယ့်ငယ်ဘဝရဲ့အိမ်မက်တခုပါပဲ...
    သွေးအမျိုးအစားထဲမှာမှ အိုသွေးအရမ်းဖြစ်ချင်ခဲ့တာ
    အဲဒါကြောင့် မှတ်ပုံတင်လုပ်တဲ့အချိန်တုန်းက ကိုယ်ထည့်ချင်တဲ့ သွေးအမျိုးအစားထည့်ခိုင်းခဲ့တာ (လုပ်ပေးတဲ့ရုံးကတယောက်ကလည်း ထည့်ပေးတာပဲ 😁, မှတ်ပုံတင်ပြန်ကြည့်ပြီး သတိရသွားလို့)
    နောက်ပိုင်း သွေးအားနည်းလို့ လက်လျှော့ထားခဲ့ချိန် ရုံးမှာသွေးလှူဖို့အတွက် HR က organizedလုပ်ချိန် လုပ်ဖေါ်ကိုင်ဖက်တယောက်ရဲ့ တိုက်တွန်းအားပေးမှုကြောင့် လှူဖြစ်သွားတယ်
    စစလှူခြင်းတောင် ကိုယ့်ကို 2bags (800~1000ml သေချာမမှတ်မိတော့လို့) တောင်ယူတယ်....
    သွေးအားနည်းတယ်ဆိုပြီး အားမငယ်ကြပါနဲ့..ကျန်းမာရေးဂရုစိုက်ပြီးကြိုစားကြည့်ကြပါ.ကိုယ်ဆိုမလှူနိုင်တော့ဘူးထင်ထားခဲ့တာ...iron စစ်ချိန် သတ်မှတ်ထားတဲ့ ထဲဝင်တဲ့အခါပျော်လိုက်တာ, ပြီတော့ စာတိုက်ကနေ သွေးလှူကဒ်လေးပို့လိုက်ချိန်
    (မစစ်ခင် dry fig တို့ စပျစ်သီးခြောက်တို့စားထားတာ 😁)
    နောက်ပိုင်း lunch meeting/dinner meeting တွေနဲ့တိုင်ပတ်(ရုံးမှာအိပ်ယလိပ်ယူပြီးအိပ်ရမလိုတွေဖြစ်)လို့ဆက်မလှူနိုင်ခဲ့ဖြစ်တာ

    ReplyDelete
  29. တစ်ခါမှမလှူဖူး​သေး​သောအခါ
    လှူဖူးသူ​တွေကို ဂုဏ်ပြုပါ၏ 😊

    Till the end
    Fighting together 💪

    ReplyDelete
  30. ပေါင်၁၀၀မပြည့်လို့ တစ်ခါမှလှူခွင့်မရသေးဘူး😭

    ReplyDelete
  31. ရွှေဝါရောင်တော်လှန်ရေ
    ကို ဂုဏ်ပြုသောအားဖြင့် ပထမဆုံးအကြိမ်သွေးလျူဘူးခဲ့
    အမြဲသွေးပေါင်ကျတတ်တဲ့ကိုယ် လျူရပါစေဆုတောင်းလိုက်ရတာ ချိန်လိုက်တော့ 110/70mmHg တဲ့
    မေတ္တာအစွမ်းအံ့မခန်း
    လူတိုင်း လျူနိုင်ကြပါစေ

    ReplyDelete
  32. I have donated 3times.My blood type is O+.If you need, pls contact me snowyorange@gmail.com

    ReplyDelete
  33. သွေးမလှူဖူးသေးဘူး🤒
    လှူဖူးတဲ့အကိုအစ်မတွေအားကျလိုက်တာ🥰

    ReplyDelete
  34. ကျွန်တော်က လူရိုးလေးပါခဗျ
    အရိုးပေါ်အရေတင်လို့🥰

    ReplyDelete
  35. မတ်လတုံးကပထမဆုံးအကြေိမ်သွးလှူခဲ့တယ် ။ အပ်ကို‌ကြောက်လို့ ေသွေးထုတ်မယ့်အချိန်အပ်ကိုမကြည့်ဘဲနေလိုက်တာ‌ပေါ့။ ေသွေးလှူရတာကအတော်ကြည်နူးစရာကောင်းတယ် ။ ပီတိလဲဖြစ်တယ် ။ လေးလပြည့်ရင်ထပ်လှူဦးမှာပါ

    ReplyDelete
  36. I donated blood 13 times in my life.As I am an aged woman,59 years old, I have little chance to donate blood again.But I really want to do it again.

    ReplyDelete
  37. တခါမှမလူုဖူးသေးဘူး

    ReplyDelete
  38. သွေးအားနည်းသူမို့လှူခွင့်မရှိပါဘူးရှင်

    ReplyDelete
  39. Replies
    1. သွေးလှူတဲ့သူတွေကိုအားကျတယ်

      Delete
  40. မလှူဖူးသေးဘူး လှူချင်တယ်

    ReplyDelete
  41. လျှူကြည့်ချင်တယ်

    ReplyDelete
  42. Congratulations 👏👌🎉🎈

    ReplyDelete
  43. နဂိုသွေးအားနည်းသူဆေးထိုးအပ်ကြောက်သူမို့သွေး၁ခါမှမလှုပ်ဖူးပါဘူးရှင်

    ReplyDelete
  44. လှူဖူးတယ်
    အရေးပေါ် သွေးလိုနေလို့

    ReplyDelete
  45. တစ်ခါးမှမလှူဘူးသေးပါဘူးရှင့်

    ReplyDelete
  46. သွေးလှူဒါန်းသူတွေ ကျန်းမာသက်ရှည်ပါစေခင်ဗျာ။

    ReplyDelete
  47. Be safe and healthy all clickers

    ReplyDelete
  48. အခွင့်ကြုံရင်လူချင်ပါတယ်။

    ReplyDelete
  49. ကိုယ်ကျန်းမာကြပါစေ၊ စိတ်ချမ်းသာနိုင်ကြပါစေ၊ဘေးအန္တရယ်ကင်းဝေးကြပါစေ။ ကလစ်ပြီးထောက်ပံ့နိုင်ကြပါစေ။

    ReplyDelete
  50. မင်္ဂလာရှိသောသတင်းများသာကြားနိုင်ကြပါစေ။ဘေးကင်းကျန်းမာကြပါစေ။

    ReplyDelete
  51. အစစအရာရာအဆင်ပြေကြပါစေ...🌻🤍

    ReplyDelete
  52. လုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲကြပါစေ၊ ဥပါဒ်ရန်ဘေးကင်းစင်ဝေးငြိမ်းအေးကြပါစေ။

    ReplyDelete
  53. ၃ ကြိမ် လှူဖူးတယ်

    ReplyDelete

Post a Comment