ဒီစစ်ပွဲပြီးရင် ကျောင်းတက်ချင်တယ်
ဒီစစ်ပွဲပြီးရင် ကျောင်းတက်ချင်တယ်
=======================(၁)
သေမင်းဟာ
ရိုင်ဖယ်ကို ပုခုံးမှာချိတ်
စာသင်ခန်း တံခါးတွေကို ပိတ်လိုက်တယ်…။
(၂)
စာအံသံတွေပျောက်ဆုံး
ဗုံးဆံတွေ မိုးချုန်းသလို ရွာချ…၊
အမှန်တရားတောင်ကုန်းကို
လက်နက်ကြီးအင်အားသုံးပြီး
သိမ်းပိုက်ဖို့ ကြိုးစားနေကြတယ်…။
မျက်ရည်နဲ့…
အလောင်းကောင်တွေပေါ်က “အမှန်တရား”
ဘယ်ပြည့်တန်ဆာကတောင်မှ
လေးစားမှာမဟုတ်ဘူး…။
စစ်ယူနီဖေါင်းရင်ဘတ်ပေါ်
ချိတ်ဆွဲထားတဲ့ တံဆိပ်တွေဟာ
စစ်ဘေးဒဏ်ကြောင့် သေသွားတဲ့
ကလေးတွေရဲ့ အရေအတွက်နဲ့
ထပ်တူ အချိုးကျပါသလား…
စစ်နတ်ဘုရားရဲ့ သင်္ချာကို
ငါ လက်ချိုးရေတွက်နေတယ်…။
(၃)
စပါးပင်ပျိုးရမယ့် တောင်ယာမြေမှာ
ငါ့ အဖေရဲ့ ခန္ဓာကိုယ် အပိုင်းအစ
ဖြစ်သလို မြှုပ်ပစ်ခဲ့ရတယ်…။
အမြောက်ဆံပေါက်ကွဲတဲ့ နေရာက မြက်ပင်လို
မိသားစုဘဝတွေ ပြတ်ထွက်လွင့်စင်ကြ…
အမေရေ… ဒီတစ်သက်တော့
ထမင်းလက်ဆုံစားခွင့် မရှိတော့ဘူး…။
ဦးခေါင်းထက်မှာ ကျည်ဆံတွေက
နတ်ဆိုးရဲ့ လေချွန်သံလို
တရွှီရွှီမြည်နေတုန်း
မြေလွှာအောက်ကမိုင်းဗုံး
၀ုန်း ကနဲ ပေါက်ကွဲတယ်…။
ငါ့အနာဂတ်မျှော်လင့်ချက်ဟာ
ခြေထောက်တစ်ဖက်နဲ့အတူ
ပြုတ်ထွက်လွင့်စင်သွားပေါ့…။
“ငါ့အိမ် ငါ ပြန်လာတာလေ”
ဒါဟာ “အသွားမတော်တစ်လှမ်း” ဖြစ်ခဲ့ပါသလား
မျက်ရည်အဝဲသားနဲ့ မေးခွန်းထုတ်မိ
ငါ့ဘ၀ကတော့
ငါ့ဒူးဆစ်လို ငုံးတိတိ ဖြစ်လို့ နေလေရဲ့…။
ငြိမ်းချမ်းရေးမိုးခေါင်ရပ်၀န်းဒေသမှာ
သားပျောက်တဲ့ အမေတွေနဲ့
အမေပျောက်တဲ့သားတွေ
အားလုံးဟာ လူအဖြစ်ကနေ လျှောကျ
တိရစ္ဆာန်တွေလို အမဲလိုက် ခံနေရတယ်…။
အမေအိုတို့ရဲ့ ငိုကြွေးသံ
မြစ်သောင်ယံမှာစီးဆင်း
ဧရာ၀တီဟာ သွေးချင်းချင်းနီ…လို့။
(၄)
တိုင်ထက်မှာ
ချစ်ခြင်းမေတ္တာတရားကို သံမှိုနှက်
အာဏာပါးကွက်သားတို့က
ကွပ်မျက်ကြတာကို
“စစ်ပွဲ” လို့ခေါ်တယ်…။
စစ်ပွဲမှာ
ဘယ်သူနိုင်နိုင်… ဘယ်သူရှုံးရှုံး
နောက်ဆုံးမှာ
အမုန်းတရားကပဲ သိမ်းပိုက်…
မိဘမဲ့သွားတဲ့ ကလေးငယ်တွေကို
လောကထဲ မောင်းထုတ်လိုက်ကြတယ်…။
အို…သွေးဆာသူတို့
ရက်စက်ကြမ်းကြုတ်သူအပေါင်းတို့…။
အပြစ်မဲ့ပြည်သူတွေရဲ့သွေးနဲ့ ဘိသိက်မြှောက်
သူသတ်ကုန်းမှာ ဆောက်တဲ့ နန်းတော်ဆီ
ငါတို့ ဘယ်တော့မှ လက်အုပ်မချီဘူး…။
(၅)
“ကျည်ဆံဖိုးတွေ ထပ်မဖြုန်းပါနဲ့
ပေါင်မုန့်တစ်လုံးလောက် ၀ယ်ပေးပါ…”
“လက်ပစ်ဗုံးတွေပစ်မယ့်အစား
ငှက်ဖျားပျောက်ဆေးတစ်ခွက်ပေးပါ…”
စစ်ပွဲတစ်ပွဲမှာ
ပထမဦးဆုံးပစ်တဲ့ ကျည်ဆံ…
ကိုယ်ချင်းစာတရားကိုမှန်တယ်။
ကိုယ်ချင်းစာတရား ကျဆုံးခြင်းဟာ
နိုင်ငံတော် စျာပနပဲ…။
ကဲ…အလံတစ်၀က် လွှင့်ထူကြ…
ကမ္ဘာမကြေသီချင်းကို ဆိုတဲ့အခါ
ငိုသံပါနေရတာလောက်
၀မ်းနည်းစရာကောင်းတာမရှိဘူးလေ…။
(၆)
“မုန်းတီးစိတ်တွေ
နောက်မျိုးဆက်ကို အမွေမပေးစေရ..
အာမဘန္တေ…”။
ငြိမ်းချမ်းရေးသီလယူသံ
ကောင်းကင်ထက်မှာ ညံပါစေ။
ကလေးတွေရင်ထဲက တောင်းဆုနဲ့
ငါတို့အားလုံး ၀တ်ပြုကြရအောင်…။
“မေမေ၀ယ်ပေးတဲ့
ကျောက်သင်ပုန်းပေါ်မှာ
၀လုံး ဝိုင်းဝိုင်းတွေ ခြစ်ဆွဲ
ဒီစစ်ပွဲပြီးရင်
ကျောင်း…တက်…ချင်…တယ်…” ။
မင်းခိုက်စိုးစံ

😔ပို click ကြပါ
ReplyDeleteBe kind to you mind and body.
Deletemission တွေ မအောင်တဲ့အခါ အရမ်းကြီး ကိုယ့်ကိုကိုယ် အားမလို အားမရ ဖြစ်ပါနဲ့ ခင်ဗျာ ။ ကျွန်တော်တို့ သွေးမအေးသွားဖို့ပဲ လိုတာပါခင်ဗျာ။ ဒါနောက်ဆုံးဖြစ်ရပါမယ်ခင်ဗျာ။
အစစအရာရာ ဂရုစိုက်ပါခင်ဗျာ။
We can rebuild, We can do better.
Thanks.Take care of yourself too.
Deleteအားတင်းထားပါကလေးတို့ ကျောင်းပြန်တက်ရတဲ့အထိကြိုးစားပေးသွားမယ် အဆုံးထိသွားမှာပါ
Delete🌺🌺🌺
Deleteနောင်အနာဂတ်ကောင်းဖို့ ဒီတစ်ခါနောက်ဆုံးပွဲမို့
ReplyDeleteအတူကြိုးစားရုန်းကြပါစို့ ��
Let's go!
DeleteTill The End
DeleteFighting Together
ပညာသင်ကြားခွင့် ဆုံးရှုံးနေတဲ့ ကလေးတွေအတွက်
ReplyDeleteအရမ်းရင်နာရတယ်
လူ့အခွင့်အရေးတွေအကုန် ဆုံးရှုံးနေတဲ့ ပြည်သူတွေတွက် ကြေကွဲဝမ်းနည်းရတယ်
ကျနော်ကရော
ဒီ စစ်ပွဲကြီးပြီးရင် .....
ပြန်လည်ထူထောင်ရေးအတွက် မင်မင်သာ ဦးဆောင်ပေးရင်
Digital strike မှာ ပါဝင်ချင်ပါသေးတယ်
လက်ရှိကိုပဲ အာရုံ စိုက်ထားနေပါတယ်ခင်ဗျာ။
Deleteဟုတ်တာပေါ့ဗျာ ခုလက်ရှိလုပ်နေတာတွေကိုပဲ အကောင်းဆုံးကြိုးစားလုပ်ကြရမှာပေါ့ဗျာ
Deleteကျနော် အတွေးများသွားတယ် ထင်ပါရဲ့
ဒီစစ်ပွဲ မပြီးသေးပဲကျောင်းတက်နေတဲ့ ဆရာ/ဆရာမတွေနဲ့ ကျောင်းသားတချို့ကို မုန်းတယ်
ReplyDelete(ကလေးတွေကျောင်းနဲ့ဝေးတာ ၃နှစ်ရှိတော့မယ်, အနာဂါတ်လူငယ်တွေရဲ့ ရင်ဘတ်မှာလည်းဒါဏ်ရာနက်နက်တွေချည်းပဲ)
Btw, ညနေကအဲ့ဘက်ပို့စ်ရောက်တော့ မမခြူးမန့်လေးဖတ်ပြီး အက်ဒ်မင်ရဲ့ နက်ဖြန်ကိုမျှော်နေတာ.😆
DeleteTomorrow never die လားလို့
Is it too late now to say sorry?😅
DeleteThere is never too late to say sorry!
Deleteနောက်တာပါ. အက်ဒ်မင် မအားမှန်းသိပါတယ်. Dont forget to take ur own space too.
အခုချိန်ကျောင်းတက်စာမေးပွဲဖြေနေတဲ့သူတွေဘာပညာတွေရကြလည်းနော် စာအတတ်ရောပညာရောဘာမှရကြမယ်မထင်ဘူး
ReplyDeleteပုလင်းပြန်ပေးအူး
Deleteဒါနဲ့ဖီဖီနေပြန်ကောင်းပြီလားခင်ဗျာ
ReplyDeleteသုံးရက်လောက်အဆက်သွယ်ပျက်သွားတော့သတိရနေတာ
ဟုတ်ကဲ့ခင်ဗျ ၊သာသက်နေပါပြီ။
Deleteဟုတ်ကဲ့ပါသက်သာနေရင်လည်းမပေါ့ဆပါနဲ့ဂရုစိုက်ပါခင်ဗျာ အိပ်ချိန်မှန်အောင်မအိပ်နိုင်တောင်အစားသောက်လေးတော့ဂရုစိုက်ပြီးသေချာလေး စားပေးပါနော်ဗျ
Deleteဖီဖီတောင်ပြောင်းပြန်တွေပြောနေတယ် သာသက်လည်းပြီးတာပါပဲနော် ကိုယ့်လူတိုရေ 😆
Deleteအာဏာရူးစနစ် ကျရှုံးပြီး
ReplyDeleteကျမတို့ရဲ့ CDM ကျောင်းသူကျောင်းသားတွေ
အမြန်ဆုံး ကျောင်းတက်နိုင်ကြပါစေ။
အခွင့်အရေးက ကျွန်တော်တို့တွေရဲ့ လက်ထဲမှာပါ။
Deleteအမှန်ပဲ admin ကြီး ရေ
Deleteတက်ရမှာပါကလေးတို့ရယ်
ReplyDeletelet's try
Deleteညနေကတောင် မမခြူးမန့်ဖတ်ပြီး သတိရနေသေးတာ. ဘယ်တော့တင်မလဲလို့ 😁
ReplyDeleteလူငယ်တွေရဲ့ပညာရေးဟာ Covidကြောင့်ရော မအလကြောင့်ရော အချိန်တွေနောက်ကျကုန်ရပြီ၊ ကျန်တာထက် ပညာရေးေနာက်ကျတာ တိုင်းပြည်အတွက်ဆုံးရှုံးမှုအကြီးကြီးပါ(မအလပညာရေးကိုတော့စောင်ထင်ကိုမကြီးတာ)၊
ReplyDeleteအားတင်းထားပါ ကလေးတို့အတွက် တကယ်ထိုက်တန်တဲ့ တောက်ပတဲ့အနာဂတ်တစ်ခု သေချာပေါက် ရလာမှာပါ....
We can rebuild, we can do better.
DeleteCovid ကာလကြီးမှာ online classတွေ
Deleteမမောနိုင်မပန်းနိုင်ကြိုးစား ပြင်ဆင်ခဲ့ရတာ မအလကြောင့် အားလုံးပျက်ဆီးကုန်တာ ရင်နာလိုက်တာ
This comment has been removed by the author.
Deletesame here
Delete@ML SUN
Deleteဟုတ်ပါ့ မရေ ကပ်ရောဂါတွေကြားထဲကြိုးစားခဲ့သမျှတွေ မအလကြင်စိုးကြောင့် အကုန်ပျက်စီးကြရတယ်၊ စိတ်နာတယ် ဒင်းကို (မအလကြီး ဆယ်ကမ္ဘာလူပြန်မဖြစ်ပါစေနဲ့ဆုတောင်းတယ်)
@ YURNERO
DeleteYeah Exactly, Together we can....
Thanks for rp, Your reply is my Vitamin ☺️🤗
If we were together, we would be able to overcome everything.
DeleteWe can do it. 💪💪💪
I'm sorry 🥲
ReplyDeleteကျောင်း တက် ချင် တယ်😪
ReplyDeleteပို ကောင်းတဲ့ ကျောင်းပညာနဲ့ တန်ဖိုးရှိတဲ့ သူငယ်ချင်းတွေနဲ့ ပြန်တတ်ရမှာပါ။
Deleteဟုတ်ကဲ့ပါမင်မင်💙
Deleteခေါင်းစဉ် မြင်လိုက်ထဲက ရင်ထဲမှာစို့နင့်သွားတယ်😔
ReplyDelete🥲🥲🥲
Delete
ReplyDeleteအခက်အခဲတွေကြုံတိုင်း
ကိုယ့်ထက်ဆိုးတဲ့ အခြေအနေမှာ
ရင်ဆိုင်နေရတဲ့သူတွေကို ကြည့်ပီး
ငါကအများကြီး လုပ်နိုင်ရမယ်လို့
အားတင်းထားကြပါ
ကိုယ့်ကို ကိုယ်ယုံကြည်ပါ
ငါဖြတ်သန်းနိုင်မယ် ဆိုတာ...
we can make it through 💪
Deleteဒီစစ်ပွဲပြီးရင်.............
ReplyDeleteဖြစ်ချင်တဲ့ဆန္ဒတွေများစွာရှိတယ်😔
million dreams are keeping me awake
Deleteဟိုက် ဟိုက် 🤩💪🏻
Deleteမျှော်လင့်တာမိ certificate လေးကို ရေပေါ်ဆီတွေ တစ်နေ့ အရှက်ရအောင် ကိုယ်တိုင်လဲ ပါဝင်ခဲ့ကြောင်း သက်သေခံလေးပေါ့နော် တစ်နေ့ Profile အနေနဲ့ တင်ထားချင်တာ pts 3000 5000 ရဖို့ဆိုတာ တော်ရုံဇွဲနဲ့ မရဘူးလေနော် စာရွက်လေးဆိုပေမဲ့လဲ click နေတယ်ဆိုတာ စိတ်ဓာတ်အင်အားတွေပါ 😍
DeleteJust my dream adm 😊
အမှန်ပဲ လက်မှတ်ပြပြီးC2Dအင်္ကျီတွေ ဝတ်ရရင်လည်းအကောင်းသား😁ဂေါ်ပြစ်အုံးမယ်
Deleteဂေါ်ပစ်လိုက်တော့ 😁😅
Deleteတကယ်ပါ ကျောင်းပြင်းတဲ့မီလည်း ကျောက်းတက်ချင်ပါပီ ဖီဖီ camila ရဲ့ bam bam လေးနားထောင်ပီးပီ လားခင်ဗျာ ဖီဖီ ရဲ့feeling တေနဲ့တော်တော်တိုက်ဆိုင်နေလို့😁
ReplyDeleteနားထောင်ကြည့်ထားတယ် ။ ခုထိတော့ အကြိုက်မတွေ့သေးဘူးရယ် 😁
Deleteဟုခဲ့ နောက်ကျသွားပီထင်နေတာ မှီသေးတာပဲ
Deleteဖီဖီရဲ့ ကဗျာလေးတေလည်းမျှော်နေပါတယ် ဘက်စုံတော်သောဖီဖီ အားကျမှိ idol ဖီဖီ
ကလေးတွေရဲ့အနာဂတ်အတွက်ပိုကြိုးစားရမယ်အရေးတော်ပုံအောင်တဲ့အထိပေါ့ဒါနဲ့နေကောင်းသွားပီလားအမြန်သက်သာပါစေနော်
ReplyDeleteအဆုံးထိတော်လှန်ကြမယ် လက်မလျော့ကြေး
ReplyDeleteအနာဂတ်တွေ လှပဖို့ ပိုပိုပြီး Click ကြရအောင် Clicker အပေါင်းတို့ရေ။💪 ရေသာခိုတဲ့ နွားတွေကို Click ဖို့ပြောရင်လည်း နွားကိုပလာတာကျွေးသလိုဘဲ။အမုန်းဘဲ ခံရတာ။ဘာမှ ထူးမလာဘူး။😡
ReplyDeleteကျောင်းတက်ချင်တယ် တက်လို့ရပေမဲ့ခုလိုကာလကြီးမှာတော့မတက်ဘူး ကျောင်းကိုလွမ်းလိုက်တာ
ReplyDeleteThis comment has been removed by the author.
DeleteDone
ReplyDeleteမုန်းတီးစိတ်တေနောက်မျိုးဆက်ကိုအမွေမပေးစေရ
ReplyDeleteT Lay တို့တုန်းကတော့
ReplyDelete၃ နှစ် စောင့်လိုက်ရတယ်
အခု ကလေးတွေကိုတော့
အဲ့လောက် မစောင့်စေချင်ဘူး။
မြန်မြန်ပြီးချင်တယ်။
Supervisor ဆရာမကပြောပြဖူးတယ် ကျောင်းတွေလဲမတက်ရတော့အိမ်ထောင်တွေကျကုန်ကြရောတဲ့ဟုတ်လားT Lay😁
Deleteအခုလည်း ကျောင်းမတက်ရတာ ၂ နှစ်ရှိပါပြီ T lay ရေ
Deleteဟုတ်မှာပေါ့ IORA လေးရေ၊
Deleteလုပ်စရာ မရှိတော့
ရည်းစားထား၊ အိမ်ထောင်ကျကုန်ကြတော့မှာပေါ့။
ခုခေတ် အားသာသွားတာက
Online ရှိနေတော့ online ကနေ လေ့လာလို့
ရသေးတယ်။
ဟုတ်ပ @Yati လေးရေ
Deleteငဗသ် နဲ့ ငစစ် ကြောင့်
၂ နှစ်တောင် ရှိပြီပေါ့။
T Lay အကြံပေးချင်တာကတော့
English ကောင်းအောင်သာ
လုပ်ထားပါ။
ဟုတ်ကဲ့ပါ ရတီလည်း English ဘဲလုပ်တယ် ��
Deleteစာနဲ့တောင်ထိတွေ့ခွင့်မရသေးတဲ့ကလေးလေးတွေကမတတ်ဘဲနေပေးသေးတယ် စာသင်တာအရိုးဆွေးတော့မယ့် 4th year အစ်မကြီးကကျောင်းသွားတက်နေတယ် ဘယ်တော့မှခွင့်မလွှတ်ဘူး
ReplyDeleteဟုတ်ပ...အဖြူအစိမ်းဝတ် ကလေးတွေမျက်နှာမထောက်...ခုမှမူလတန်းစတက်ရမဲ့ ကလေးတွေမျက်နှာမထောက်. အတ္တတွေ
Deleteဟုတ်တယ်ဆို..😔
DeleteFIGHT FOR FREEDOM ÖK
ReplyDeleteရင်ဖွင့်လိုက်ဦးမယ် ။ ကိုယ့်ထက်တစ်နှစ်ငယ်တဲ့ ညီမတစ်ဝမ်းကွဲက
ReplyDeleteမအလလက်ထက်ကျင်းပတဲ့စာမေးပွဲမှာ စာမေးပွဲဖြေပြီးရင် ကိုယ်နဲ့အတန်းတူပြီဆိုပြီး ပျော်ေနရှာလေရဲ့��
ဪ ဖြစ်ရလေ၊
Deleteရတီလေးက မှန်တဲ့ ဘက်မှာ
ရဲရဲဝံ့ဝံ့ ရပ်ခဲ့သူမို့
ဂုဏ်ယူလိုက်ပါ။
T Lay ကတော့
အမှန်တရားဘက်က
ရပ်တည်ပေးနေတဲ့
လူသားတိုင်းကို လေးစားပါတယ်။
ဟုတ် T Lay အခုလို အားပေးပေးလို့ကျေးဇူးပါ အားရှိသွားပြီ ��♥️����
Deletegive it up
ReplyDeleteအက်ဒ်မင်...မင်းလူရဲ့ကဗျာရှည်တပုဒ်ရှိသေးတယ်.အဲ့ကဗျာကြောင့်သူထောင်ကျခဲ့ဖူးတယ်ထင်..
ReplyDelete"တို့ အဖေကြီးမို့ ကာကွယ်မလေ...တို့...
"
ခေါင်းစဉ်က"ဘာတွေဖြစ်ကုန်ပြီလဲ" လို့ထင်တယ်.
တူပြန်ပြီလား မမခြူး 🤨?
Deleteဒိုင်နိုဆောတွေမှာတော့မတူဘူးနော်.😆
ထောင်ကျမှန်းသိပေမဲ့ ၇နှစ်ဆိုတာတော့မသိခဲ့ဘူး
ကဗျာဆရာတွေမရှိတော့ပေမဲ့ ကဗျာတွေကရှင်သန်ဆဲ ခေတ်ကိုမီးမှောင်းထိုးပြဆဲပဲ.
သူ့ဘာသာခြံစောင့်ခွေးလုပ်လုပ် ဂရုမစိုက်တော့ပါဘူး.
ဒါမဲ့ elites ဘောမ တွေက သင်္ကြန်မှာ Rave Republic နဲ့ နေပူတော်မှာ rave ကြမဲ့အကြံ မြတ်ကျော်သူ ဖေါ်လိုက်လို့ RR page အောက်သွားရေးကြလို့ ပွဲဖျက်သွားလေရဲ့. RR ကမသိလို့ပါဘာညာနဲ့ သူတို့ image ကျမှာစိုးလို့ (စလုံးမှာနေပြီး မြန်မာနိုင်ငံအဖြစ်တွေမသိဘူးဆိုတာ...?)
ကိုယ်စိုးရိမ်တာက ပြည်ပနိုင်ငံတွေက မြန်မာနိုင်ငံ ပုံမှန်ဖြစ်နေပြီလို့ထင်နေသလားလို့လေ...😥
ဒီတိုင်းလည်းသူတို့ကဂရုမစိုက်ပါဘူးလေ..ဘာမှမထူးပါဘူး.
မမခြူနဲ့အတင်းပြောမို့ ဒီထဲပြန်လာမန့်တာ
Deleteကုသိုလ် နဲ့ အကုသိုလ်ပဲပိုင်တဲ့ နန်ဒါ့အမျိုးသားတော့ ရှေးဟောင်းပစ္စည်းခိုးမှုနဲ့ အကုသိုလ်တက်နေပြီကြားတယ် (ကုသိုလ်ဆိုတာလည်း kpay ကနေအလှူခံပြီး ရတာလေးတွေပြန်လှူရင်း လှောင်ခဲ့ဖူးတာလေးပါ, kbz ကပေးတဲ့ပရိုမိုးရှင်းကြေးတွေတော့အိတ်ထဲထည့်ရင်ထည့်သွားမှာ ပြောမရဘူး) ပြည်ထောင်စုဖွတ်စိမ်းအဖွဲ့ဝင်
"NDH အမျိုးသားပြတိုက်" (နန်ဒါ့ယောကျ်ားပြတိုက်) မှာပြထားတာတွေက မအလ အကြိုက်တွေချည်းနေမယ်..အမေစုလိုမျိုး ကြည့်နေမယ်ထင်ပြီး မအလကို လျှော့တွက်တာနေမှာ (ကြားဖူးတာတော့ National museums မှာတောင်မမြင်ဖူးတဲ့ရှေးဟောင်းပစ္စည်းတွေအများကြီးတဲ့, ဟုတ်မှာ..ဘုရင်ရူးက ဘုရားပတ်တည်ပြီးရှေးဟောင်းပစ္စည်းတွေခိုးနေခဲ့တာကိုး, နောက်ထပ်ခေတ်သစ်သိုက်တူးသမားတယောက်ရှိသေးတယ်, ပုဂံဘက်မှာ, ချမ်းသာချက်ကသူတို့ထက်သာတယ်, ပညာတတ်ချက်က မေဒိကားမှာကျောင်းတက်လာတာ, မေဒိကား W.D.C ထဲလဲဝင်ဆန့်တယ်, ဒါပေမဲ့မြန်တော့တော်တော်ဆန်သား ပုဆိုးနဲ့တိုက်ပုံနဲ့ခြေ ညှပ်ဖိနပ်နဲ့ 🙄 အယ် ငါ့လာတရားစွဲနေအုံးမယ်..မဟုတ်တာတွေဖွတယ်ဆိုပြီး,😥 ကလစ်တော့နှိပ်လောက်ပါဘူး 😁) NDH အမျိုးသားပြတိုက်ကို ကိုယ်တောင်စိတ်ဝင်စားလို့သွားကြည့်ဦးမလိုပါပဲ. မအလသာစောက်ရူးမထခဲ့ရင်. ပြတိုက်ရှေ့ရောက်တိုင်း ဘယ်တော့ဖွင့်မှာလဲလို့ စိတ်ဝင်စားခဲ့ဖူးတယ်.
ပုဂံဘက်မှာဆိုလို့စိတ်ဝင်စားမိတယ်
Deleteတူးတဲ့နေရာပဲပြောတာနော်.ပုဂံကလိုပြောတာဟုတ်ဘူးနော်. ရမရတော့မသိဘူး အဲ့မှာဆောက်နေတဲ့ ဟိုတယ်ကခုထိမပြီးနိုင်သေးဘူး တူးတာမပြီးသေးလိုဆိုပဲ 🤐 အသရေဖျက်မှုနဲ့တရားစွဲခံရနိုင်တယ်နော် မဖွရဲပါဘူး
Deleteနောက်တခုမေ့သွားလို ဘုရားပစ္စည်းမဟုတ်ဘူးနော်. ဂျပန်ခေတ်ကဟာတွေလိုပြောတယ် (သမိုင်းရှိခဲ့တဲ့နေရာလိုပြောတယ်) ကိုယ်တော့သေချာမသိဘူး. ကိုယ့် အရင်သူဌေးအတင်းချတာ ပရောဂျက်မရလို 😁😁😁
Deleteမန့်မရဘူးလို့ 😢
ReplyDeleteခြောက်ဆယ့်တစ်
ReplyDelete(၃)
ReplyDeleteစပါးပင်ပျိုးရမယ့် တောင်ယာမြေမှာ
ငါ့ အဖေရဲ့ ခန္ဓာကိုယ် အပိုင်းအစ
ဖြစ်သလို မြှုပ်ပစ်ခဲ့ရတယ်…။
အမြောက်ဆံပေါက်ကွဲတဲ့ နေရာက မြက်ပင်လို
မိသားစုဘဝတွေ ပြတ်ထွက်လွင့်စင်ကြ…
အမေရေ… ဒီတစ်သက်တော့
ထမင်းလက်ဆုံစားခွင့် မရှိတော့ဘူး…။
ဦးခေါင်းထက်မှာ ကျည်ဆံတွေက
နတ်ဆိုးရဲ့ လေချွန်သံလို
တရွှီရွှီမြည်နေတုန်း
မြေလွှာအောက်ကမိုင်းဗုံး
၀ုန်း ကနဲ ပေါက်ကွဲတယ်…။
ငါ့အနာဂတ်မျှော်လင့်ချက်ဟာ
ခြေထောက်တစ်ဖက်နဲ့အတူ
ပြုတ်ထွက်လွင့်စင်သွားပေါ့…။
“ငါ့အိမ် ငါ ပြန်လာတာလေ”
ဒါဟာ “အသွားမတော်တစ်လှမ်း” ဖြစ်ခဲ့ပါသလား
မျက်ရည်အဝဲသားနဲ့ မေးခွန်းထုတ်မိ
ငါ့ဘ၀ကတော့
ငါ့ဒူးဆစ်လို ငုံးတိတိ ဖြစ်လို့ နေလေရဲ့…။
ငြိမ်းချမ်းရေးမိုးခေါင်ရပ်၀န်းဒေသမှာ
သားပျောက်တဲ့ အမေတွေနဲ့
အမေပျောက်တဲ့သားတွေ
အားလုံးဟာ လူအဖြစ်ကနေ လျှောကျ
တိရစ္ဆာန်တွေလို အမဲလိုက် ခံနေရတယ်…။
အမေအိုတို့ရဲ့ ငိုကြွေးသံ
မြစ်သောင်ယံမှာစီးဆင်း
ဧရာ၀တီဟာ သွေးချင်းချင်းနီ…လို့။😢 ခံစားရလို့ပါ😔 မမခြူးကိုကျေးဇူးတင်ပါတယ် (မျှော်နေတာလည်းပေါ်လာပြီလို့🤭💛 )ဒီကဗျာလေးကိုကြိုက်တယ်နော် အက်ဒ်မင်ကြီးကိုလည်းကျေးဇူးပါနော်💛
စစ်ပွဲတွေမရှိရင်ကောင်းမယ်😔
ReplyDeleteစစ်ပွဲပြီးရင်
ReplyDeleteစော်လိုချင်သော်မိမိ🌚
Click with love 💕
ReplyDelete🍀🍀🍀🍀🍀
ဒီတိုက်ပွဲ အောင်ပြီးရင် ကျောင်းပြန်တက်ချင်မိပါတယ်💪
ReplyDeleteတက်ရမှာပေါ့မင်မင်ရယ်
ReplyDelete(moonshine)
Done💕
ReplyDeleteအားလုံးတွက် အမြန်ရုန်းထွက်နိုင်ဖို့ ပိုကလစ်ကြရအောင်ပါ fighting together 💪💪💪
ReplyDeleteအိပ်မက်ပျက်ခဲ့ပီ အနာဂတ်မပျက်ဖို့
ReplyDeleteငါတို့နိင်ရာတာဝန် မပျက်တမ်း ပါဝင်မြဲပါဝင်ကြမရ်💪🏻
အရေးတော်ပုံပြီးရင် ပုဂံသွားမယ်
ReplyDeleteကျောင်းတက်ချင်ပြီ
ReplyDelete၉၇
ReplyDeleteဒီစစ်ပွဲပြီးသွားရင်
ReplyDeleteမရှိသေးတဲ့ကောင်မလေးနဲ့အတူ
ပုဂံ ဘုရား အတူတူဖူးချင်တယ်
ကိုယ်လည်းတူတူပဲ...ဒါပေမဲ့ ကမ်းခြေသွားချင်တာ
Delete(***နဲ့)😁😁
စိတ်ကူးနဲ့ရူးကြတာပေါ့..fighting par!
Fighting bro 🤜💪
DeleteThis comment has been removed by the author.
ReplyDeleteသူတို့သားအဖ ထိန်းသိမ်းခံလိုက်ရတယ်ကြားတော့ စကစကိုထူးပြီးမအံ့ဩတော့ပါဘူး
Deleteလူတော်တွေကိုမျက်မုန်းကြိုး/မနာလိုစိတ်ကြီးတာတွေလည်းပါမှာပေါ့ (MD ကအရမ်းထက်တယ်လို့ကြားဖူးတယ်)
သူတို့အတွက်ဘယ်လောက်လုပ်ပေးခဲ့ လုပ်ပေးခဲ့ အလိုမပြည့်နိုင် နောက်ကျောမလုံ စိတ်မချနိုင်
NEVER COLD BLOODED
ReplyDeleteအနာဂတ်ကြယ်ပွင့်လေးများ
ReplyDeleteကြယ်ဇင်မောင်နှမ❤️
ReplyDeleteသားသားတို့ မီမီတို့ ကျောင်းတက်ရဖို့ ဦးဦးတို့ကလစ်ကြိုးစားနေပါတယ်အားတင်းထားပါ
ReplyDeleteလူယုတ်တွေ ပျက်သုံးတဲ့နေ့
ReplyDeleteအနာဂါတ် ပန်းလေးတွေ အဆုံးအစမရှိ ဝံ့ကြွားပွင့်လန်းကြရမဲ့နေ့
We click together !
Fighting
ReplyDeleteApril 10😍
ReplyDeleteApril 11
ReplyDeleteWe get it😍
ReplyDeleteApril 13
ReplyDelete2 times
ReplyDeleteဒီအခြေနေကလွတ်အောင်
ReplyDeleteစုပေါင်းအားနှင့်တွန်းလှန်တိုက်ထုတ်ကြမယ်
0k
ReplyDeleteကျောင်းတက်ရတဲ့အခါကျရင်
ReplyDeleteတစ်ကယ့်ကို နိုင်ငံတကာ အဆင့်မီတက်ရမှာပါ ကလေးတို့ရေ အားတင်းထားပါနော်။
ီဒီပွဲပြီးရင် အားလုံးဆန္ဒတွေ အမြန်ပြည့်ပါစေ
ReplyDeleteလူငယ်တွေလဲအနာဂတ်ပျောက် လူတွေအားလုံးလဲဒုက္ခရောက်အောင် ယုတ်မာတာက ကမ်းကိုကုန်ရော ဗိုလ်သန်းရွှေ ယုတ်မာလှပြီမှတ်တာ သူ့ထက်ပိုယုတ်မာတယ် အမေစုကို ဘယ်နားထားလို့ထားမှန်းမသိရ ဦးသန်းရွှေကမှ နေအိမ်အကျယ်ချုပ်ပဲထားတာ
ReplyDeleteအဖိုးတန်လေးတွေရဲ့ အနာဂတ်တွေ.......
ReplyDelete.....
ReplyDeleteအရှုံးမပေးမချင်း ငါတို့နိုင်တယ်
ReplyDeleteမင်္ဂလာပါ။
ReplyDeleteကိုယ်ကျန်းမာကြပါစေ၊ စိတ်ချမ်းသာနိုင်ကြပါစေ၊ဘေးအန္တရယ်ကင်းဝေးကြပါစေ။ ကလစ်ပြီးထောက်ပံ့နိုင်ကြပါစေ။
ReplyDeleteBe safe.
ReplyDeleteစစ်ကျွန်မခံ တို့တော်လှန်၊
ReplyDeleteစစ်ဘိနပ်အောက် ဒူးမထောက်ဘူး၊
ဒီမိုကရေစီအသံ မိုးထက်ယံမှာ၊
မိုးကြိုးသံလို ဘဝဂ်ညံမျှ ဟိန်းဟိန်း ထစေရမယ် ဟေ့ ။
အိမ်ကကလေးလဲ2နှစ်ရှိပြီကျောင်းမအပ်တာ
ReplyDeleteဘောပင်ကိုင်ရမယ့်အချိန် ဖုန်းကိုင်ပြီးကလစ်နေတယ်……… တော်လှန်ရေးကြီးလဲ အမြန်အောင်ချင်ပြီ …….. အနာဂတ်တွေပျောက်😅…… ဓမ္မဘက်တော်သားတွေအားလုံးလဲပင်ပန်းနေကြပြီ….မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းပါစေ
ReplyDeleteအသက်ရှင်နေသရွေ့ ခံယူချက်တွေဘယ်တော့မှမပြောင်းလဲဘူး
ReplyDeletePlease takecare ပါ လူ့အဖိုးတန်အပေါင်းတို့
ReplyDeleteFright for freedom in Myanmar
ReplyDeleteWe Clicks📲 We Fights🦾 We Wins✊🏾
ReplyDelete💪💪💪💪💪
ReplyDeleteThanks.
ReplyDeleteI will read this poem everyday
ReplyDelete