ဒီစစ်ပွဲပြီးရင် ကျောင်းတက်ချင်တယ်





ဒီစစ်ပွဲပြီးရင် ကျောင်းတက်ချင်တယ် 

=======================
(၁)
သေမင်းဟာ
ရိုင်ဖယ်ကို ပုခုံးမှာချိတ်
စာသင်ခန်း တံခါးတွေကို ပိတ်လိုက်တယ်…။

(၂)
စာအံသံတွေပျောက်ဆုံး
ဗုံးဆံတွေ မိုးချုန်းသလို ရွာချ…၊
အမှန်တရားတောင်ကုန်းကို
လက်နက်ကြီးအင်အားသုံးပြီး
သိမ်းပိုက်ဖို့ ကြိုးစားနေကြတယ်…။
မျက်ရည်နဲ့…
အလောင်းကောင်တွေပေါ်က “အမှန်တရား”
ဘယ်ပြည့်တန်ဆာကတောင်မှ
လေးစားမှာမဟုတ်ဘူး…။
စစ်ယူနီဖေါင်းရင်ဘတ်ပေါ်
ချိတ်ဆွဲထားတဲ့ တံဆိပ်တွေဟာ
စစ်ဘေးဒဏ်ကြောင့် သေသွားတဲ့
ကလေးတွေရဲ့ အရေအတွက်နဲ့
ထပ်တူ အချိုးကျပါသလား…
စစ်နတ်ဘုရားရဲ့ သင်္ချာကို
ငါ လက်ချိုးရေတွက်နေတယ်…။

(၃)
စပါးပင်ပျိုးရမယ့် တောင်ယာမြေမှာ
ငါ့ အဖေရဲ့ ခန္ဓာကိုယ် အပိုင်းအစ
ဖြစ်သလို မြှုပ်ပစ်ခဲ့ရတယ်…။
အမြောက်ဆံပေါက်ကွဲတဲ့ နေရာက မြက်ပင်လို
မိသားစုဘဝတွေ ပြတ်ထွက်လွင့်စင်ကြ…
အမေရေ… ဒီတစ်သက်တော့
ထမင်းလက်ဆုံစားခွင့် မရှိတော့ဘူး…။
ဦးခေါင်းထက်မှာ ကျည်ဆံတွေက
နတ်ဆိုးရဲ့ လေချွန်သံလို
တရွှီရွှီမြည်နေတုန်း
မြေလွှာအောက်ကမိုင်းဗုံး
၀ုန်း ကနဲ ပေါက်ကွဲတယ်…။
ငါ့အနာဂတ်မျှော်လင့်ချက်ဟာ
ခြေထောက်တစ်ဖက်နဲ့အတူ
ပြုတ်ထွက်လွင့်စင်သွားပေါ့…။

“ငါ့အိမ် ငါ ပြန်လာတာလေ”
ဒါဟာ “အသွားမတော်တစ်လှမ်း” ဖြစ်ခဲ့ပါသလား
မျက်ရည်အဝဲသားနဲ့ မေးခွန်းထုတ်မိ
ငါ့ဘ၀ကတော့
ငါ့ဒူးဆစ်လို ငုံးတိတိ ဖြစ်လို့ နေလေရဲ့…။
ငြိမ်းချမ်းရေးမိုးခေါင်ရပ်၀န်းဒေသမှာ
သားပျောက်တဲ့ အမေတွေနဲ့
အမေပျောက်တဲ့သားတွေ
အားလုံးဟာ လူအဖြစ်ကနေ လျှောကျ
တိရစ္ဆာန်တွေလို အမဲလိုက် ခံနေရတယ်…။
အမေအိုတို့ရဲ့ ငိုကြွေးသံ
မြစ်သောင်ယံမှာစီးဆင်း
ဧရာ၀တီဟာ သွေးချင်းချင်းနီ…လို့။

(၄)
တိုင်ထက်မှာ
ချစ်ခြင်းမေတ္တာတရားကို သံမှိုနှက်
အာဏာပါးကွက်သားတို့က
ကွပ်မျက်ကြတာကို
“စစ်ပွဲ” လို့ခေါ်တယ်…။
စစ်ပွဲမှာ
ဘယ်သူနိုင်နိုင်… ဘယ်သူရှုံးရှုံး
နောက်ဆုံးမှာ
အမုန်းတရားကပဲ သိမ်းပိုက်…
မိဘမဲ့သွားတဲ့ ကလေးငယ်တွေကို
လောကထဲ မောင်းထုတ်လိုက်ကြတယ်…။
အို…သွေးဆာသူတို့
ရက်စက်ကြမ်းကြုတ်သူအပေါင်းတို့…။
အပြစ်မဲ့ပြည်သူတွေရဲ့သွေးနဲ့ ဘိသိက်မြှောက်
သူသတ်ကုန်းမှာ ဆောက်တဲ့ နန်းတော်ဆီ
ငါတို့ ဘယ်တော့မှ လက်အုပ်မချီဘူး…။

(၅)
“ကျည်ဆံဖိုးတွေ ထပ်မဖြုန်းပါနဲ့
ပေါင်မုန့်တစ်လုံးလောက် ၀ယ်ပေးပါ…”
“လက်ပစ်ဗုံးတွေပစ်မယ့်အစား
ငှက်ဖျားပျောက်ဆေးတစ်ခွက်ပေးပါ…”
စစ်ပွဲတစ်ပွဲမှာ
ပထမဦးဆုံးပစ်တဲ့ ကျည်ဆံ…
ကိုယ်ချင်းစာတရားကိုမှန်တယ်။
ကိုယ်ချင်းစာတရား ကျဆုံးခြင်းဟာ
နိုင်ငံတော် စျာပနပဲ…။
ကဲ…အလံတစ်၀က် လွှင့်ထူကြ…
ကမ္ဘာမကြေသီချင်းကို ဆိုတဲ့အခါ
ငိုသံပါနေရတာလောက်
၀မ်းနည်းစရာကောင်းတာမရှိဘူးလေ…။

(၆)
“မုန်းတီးစိတ်တွေ
နောက်မျိုးဆက်ကို အမွေမပေးစေရ..
အာမဘန္တေ…”။
ငြိမ်းချမ်းရေးသီလယူသံ
ကောင်းကင်ထက်မှာ ညံပါစေ။
ကလေးတွေရင်ထဲက တောင်းဆုနဲ့
ငါတို့အားလုံး ၀တ်ပြုကြရအောင်…။
“မေမေ၀ယ်ပေးတဲ့
ကျောက်သင်ပုန်းပေါ်မှာ
၀လုံး ဝိုင်းဝိုင်းတွေ ခြစ်ဆွဲ
ဒီစစ်ပွဲပြီးရင်
ကျောင်း…တက်…ချင်…တယ်…” ။

မင်းခိုက်စိုးစံ

Comments

  1. 😔ပိ​ု click ကြပါ

    ReplyDelete
    Replies
    1. Be kind to you mind and body.

      mission တွေ မအောင်တဲ့အခါ အရမ်းကြီး ကိုယ့်ကိုကိုယ် အားမလို အားမရ ဖြစ်ပါနဲ့ ခင်ဗျာ ။ ကျွန်တော်တို့ သွေးမအေးသွားဖို့ပဲ လိုတာပါခင်ဗျာ။ ဒါနောက်ဆုံးဖြစ်ရပါမယ်ခင်ဗျာ။

      အစစအရာရာ ဂရုစိုက်ပါခင်ဗျာ။
      We can rebuild, We can do better.

      Delete
    2. Thanks.Take care of yourself too.

      Delete
    3. အားတင်းထားပါကလေးတို့ ကျောင်းပြန်တက်ရတဲ့အထိကြိုးစားပေးသွားမယ် အဆုံးထိသွားမှာပါ

      Delete
  2. ​နောင်အနာဂတ်​ကောင်းဖို့ ဒီတစ်ခါ​နောက်ဆုံးပွဲမို့
    အတူကြိုးစားရုန်းကြပါစို့ ��

    ReplyDelete
  3. ပညာသင်ကြားခွင့် ဆုံးရှုံး​နေတဲ့ က​လေးတွေအတွက်
    အရမ်းရင်နာရတယ်
    လူ့အခွင့်အ​ရေး​တွေအကုန် ဆုံးရှုံး​နေတဲ့ ပြည်သူ​တွေတွက် ​ကြေကွဲဝမ်းနည်းရတယ်
    ကျ​နော်က​ရော
    ဒီ စစ်ပွဲကြီးပြီးရင် .....
    ပြန်လည်ထူ​ထောင်​ရေးအတွက် မင်မင်သာ ဦး​ဆောင်​ပေးရင်
    Digital strike မှာ ပါဝင်ချင်ပါ​သေးတယ်

    ReplyDelete
    Replies
    1. လက်ရှိကိုပဲ အာရုံ စိုက်ထားနေပါတယ်ခင်ဗျာ။

      Delete
    2. ဟုတ်တာ​ပေါ့ဗျာ ခုလက်ရှိလုပ်​နေတာ​တွေကိုပဲ အ​ကောင်းဆုံးကြိုးစားလုပ်ကြရမှာ​ပေါ့ဗျာ
      ကျ​နော် အ​တွေးများသွားတယ် ထင်ပါရဲ့

      Delete
  4. ဒီစစ်ပွဲ မပြီးသေးပဲကျောင်းတက်နေတဲ့ ဆရာ/ဆရာမတွေနဲ့ ကျောင်းသားတချို့ကို မုန်းတယ်
    (ကလေးတွေကျောင်းနဲ့ဝေးတာ ၃နှစ်ရှိတော့မယ်, အနာဂါတ်လူငယ်တွေရဲ့ ရင်ဘတ်မှာလည်းဒါဏ်ရာနက်နက်တွေချည်းပဲ)

    ReplyDelete
    Replies
    1. Btw, ညနေကအဲ့ဘက်ပို့စ်ရောက်တော့ မမခြူးမန့်လေးဖတ်ပြီး အက်ဒ်မင်ရဲ့ နက်ဖြန်ကိုမျှော်နေတာ.😆
      Tomorrow never die လားလို့

      Delete
    2. Is it too late now to say sorry?😅

      Delete
    3. There is never too late to say sorry!
      နောက်တာပါ. အက်ဒ်မင် မအားမှန်းသိပါတယ်. Dont forget to take ur own space too.

      Delete
  5. အခုချိန်ကျောင်းတက်စာမေးပွဲဖြေနေတဲ့သူတွေဘာပညာတွေရကြလည်းနော် စာအတတ်ရောပညာရောဘာမှရကြမယ်မထင်ဘူး

    ReplyDelete
    Replies
    1. ပုလင်းပြန်ပေးအူး

      Delete
  6. ဒါနဲ့ဖီဖီနေပြန်ကောင်းပြီလားခင်ဗျာ
    သုံးရက်လောက်အဆက်သွယ်ပျက်သွားတော့သတိရနေတာ

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ခင်ဗျ ၊သာသက်နေပါပြီ။

      Delete
    2. ဟုတ်ကဲ့ပါသက်သာနေရင်လည်းမပေါ့ဆပါနဲ့ဂရုစိုက်ပါခင်ဗျာ အိပ်ချိန်မှန်အောင်မအိပ်နိုင်တောင်အစားသောက်လေးတော့ဂရုစိုက်ပြီးသေချာလေး စားပေးပါနော်ဗျ

      Delete
    3. ဖီဖီတောင်ပြောင်းပြန်တွေပြောနေတယ် သာသက်လည်းပြီးတာပါပဲနော် ကိုယ့်လူတိုရေ 😆

      Delete
  7. အာဏာရူးစနစ် ကျရှုံးပြီး
    ကျမတို့ရဲ့ CDM ကျောင်းသူကျောင်းသားတွေ
    အမြန်ဆုံး ကျောင်းတက်နိုင်ကြပါစေ။

    ReplyDelete
    Replies
    1. အခွင့်အရေးက ကျွန်တော်တို့တွေရဲ့ လက်ထဲမှာပါ။

      Delete
    2. အမှန်ပဲ admin ကြီး ရေ

      Delete
  8. တက်ရမှာပါကလေးတို့ရယ်

    ReplyDelete
  9. ညနေကတောင် မမခြူးမန့်ဖတ်ပြီး သတိရနေသေးတာ. ဘယ်တော့တင်မလဲလို့ 😁

    ReplyDelete
  10. လူငယ်တွေရဲ့ပညာရေးဟာ Covidကြောင့်ရော မအလကြောင့်ရော အချိန်တွေနောက်ကျကုန်ရပြီ၊ ကျန်တာထက် ပညာရေး‌ေနာက်ကျတာ တိုင်းပြည်အတွက်ဆုံးရှုံးမှုအကြီးကြီးပါ(မအလပညာရေးကိုတော့စောင်ထင်ကိုမကြီးတာ)၊
    အားတင်းထားပါ ကလေးတို့အတွက် တကယ်ထိုက်တန်တဲ့ တောက်ပတဲ့အနာဂတ်တစ်ခု သေချာပေါက် ရလာမှာပါ....

    ReplyDelete
    Replies
    1. We can rebuild, we can do better.

      Delete
    2. Covid ကာလကြီးမှာ online classတွေ
      မမောနိုင်မပန်းနိုင်ကြိုးစား ပြင်ဆင်ခဲ့ရတာ မအလကြောင့် အားလုံးပျက်ဆီးကုန်တာ ရင်နာလိုက်တာ

      Delete
    3. @ML SUN
      ဟုတ်ပါ့ မရေ ကပ်ရောဂါတွေကြားထဲကြိုးစားခဲ့သမျှတွေ မအလကြင်စိုးကြောင့် အကုန်ပျက်စီးကြရတယ်၊ စိတ်နာတယ် ဒင်းကို (မအလကြီး ဆယ်ကမ္ဘာလူပြန်မဖြစ်ပါစေနဲ့ဆုတောင်းတယ်)

      Delete
    4. @ YURNERO
      Yeah Exactly, Together we can....

      Thanks for rp, Your reply is my Vitamin ☺️🤗

      Delete
    5. If we were together, we would be able to overcome everything.
      We can do it. 💪💪💪

      Delete
  11. ကျောင်း တက် ချင် တယ်😪

    ReplyDelete
    Replies
    1. ပို ကောင်းတဲ့ ကျောင်းပညာနဲ့ တန်ဖိုးရှိတဲ့ သူငယ်ချင်းတွေနဲ့ ပြန်တတ်ရမှာပါ။

      Delete
    2. ဟုတ်ကဲ့ပါမင်မင်💙

      Delete
  12. ခေါင်းစဉ် မြင်လိုက်ထဲက ရင်ထဲမှာစို့နင့်သွားတယ်😔

    ReplyDelete


  13. အခက်အခဲတွေကြုံတိုင်း

    ကိုယ့်ထက်ဆိုးတဲ့ အခြေအနေမှာ

    ရင်ဆိုင်နေရတဲ့သူတွေကို ကြည့်ပီး

    ငါကအများကြီး လုပ်နိုင်ရမယ်လို့

    အားတင်းထားကြပါ

    ကိုယ့်ကို ကိုယ်ယုံကြည်ပါ

    ငါဖြတ်သန်းနိုင်မယ် ဆိုတာ...

    ReplyDelete
  14. ဒီစစ်ပွဲပြီးရင်.............
    ဖြစ်ချင်တဲ့ဆန္ဒတွေများစွာရှိတယ်😔

    ReplyDelete
    Replies
    1. million dreams are keeping me awake

      Delete
    2. ဟိုက် ဟိုက် 🤩💪🏻

      Delete
    3. မျှော်လင့်တာမိ certificate လေးကို ရေပေါ်ဆီတွေ တစ်နေ့ အရှက်ရအောင် ကိုယ်တိုင်လဲ ပါဝင်ခဲ့ကြောင်း သက်သေခံလေးပေါ့နော် တစ်နေ့ Profile အနေနဲ့ တင်ထားချင်တာ pts 3000 5000 ရဖို့ဆိုတာ တော်ရုံဇွဲနဲ့ မရဘူးလေနော် စာရွက်လေးဆိုပေမဲ့လဲ click နေတယ်ဆိုတာ စိတ်ဓာတ်အင်အားတွေပါ 😍
      Just my dream adm 😊

      Delete
    4. အမှန်ပဲ လက်မှတ်ပြပြီးC2Dအင်္ကျီတွေ ဝတ်ရရင်လည်းအကောင်းသား😁ဂေါ်ပြစ်အုံးမယ်

      Delete
    5. ဂေါ်ပစ်လိုက်တော့ 😁😅

      Delete
  15. တကယ်ပါ ကျောင်းပြင်းတဲ့မီလည်း ကျောက်းတက်ချင်ပါပီ ဖီဖီ camila ရဲ့ bam bam လေးနားထောင်ပီးပီ လားခင်ဗျာ ဖီဖီ ရဲ့feeling တေနဲ့တော်တော်တိုက်ဆိုင်နေလို့😁

    ReplyDelete
    Replies
    1. နားထောင်ကြည့်ထားတယ် ။ ခုထိတော့ အကြိုက်မတွေ့သေးဘူးရယ် 😁

      Delete
    2. ဟုခဲ့ နောက်ကျသွားပီထင်နေတာ မှီသေးတာပဲ
      ဖီဖီရဲ့ ကဗျာလေးတေလည်းမျှော်နေပါတယ် ဘက်စုံတော်သောဖီဖီ အားကျမှိ idol ဖီဖီ

      Delete
  16. ကလေးတွေရဲ့အနာဂတ်အတွက်ပိုကြိုးစားရမယ်အရေးတော်ပုံအောင်တဲ့အထိပေါ့ဒါနဲ့နေကောင်းသွားပီလားအမြန်သက်သာပါစေနော်

    ReplyDelete
  17. အဆုံးထိတော်လှန်ကြမယ် လက်မလျော့ကြေး

    ReplyDelete
  18. အနာဂတ်တွေ လှပဖို့ ပိုပိုပြီး Click ကြရအောင် Clicker အပေါင်းတို့ရေ။💪 ရေသာခိုတဲ့ နွားတွေကို Click ဖို့ပြောရင်လည်း နွားကိုပလာတာကျွေးသလိုဘဲ။အမုန်းဘဲ ခံရတာ။ဘာမှ ထူးမလာဘူး။😡

    ReplyDelete
  19. ကျောင်းတက်ချင်တယ် တက်လို့ရပေမဲ့ခုလိုကာလကြီးမှာတော့မတက်ဘူး ကျောင်းကိုလွမ်းလိုက်တာ

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  20. မုန်းတီးစိတ်တေနောက်မျိုးဆက်ကိုအမွေမပေးစေရ

    ReplyDelete
  21. T Lay တို့တုန်းကတော့

    ၃ နှစ် စောင့်လိုက်ရတယ်

    အခု ကလေးတွေကိုတော့

    အဲ့လောက် မစောင့်စေချင်ဘူး။

    မြန်မြန်ပြီးချင်တယ်။

    ReplyDelete
    Replies
    1. Supervisor ဆရာမကပြောပြဖူးတယ် ကျောင်းတွေလဲမတက်ရတော့အိမ်ထောင်တွေကျကုန်ကြရောတဲ့ဟုတ်လားT Lay😁

      Delete
    2. အခုလည်း ကျောင်းမတက်ရတာ ၂ နှစ်ရှိပါပြီ T lay ရေ

      Delete
    3. ဟုတ်မှာပေါ့ IORA လေးရေ၊

      လုပ်စရာ မရှိတော့

      ရည်းစားထား၊ အိမ်ထောင်ကျကုန်ကြတော့မှာပေါ့။

      ခုခေတ် အားသာသွားတာက

      Online ရှိနေတော့ online ကနေ လေ့လာလို့

      ရသေးတယ်။

      Delete
    4. ဟုတ်ပ @Yati လေးရေ

      ငဗသ် နဲ့ ငစစ် ကြောင့်

      ၂ နှစ်တောင် ရှိပြီပေါ့။

      T Lay အကြံပေးချင်တာကတော့

      English ကောင်းအောင်သာ

      လုပ်ထားပါ။

      Delete
    5. ဟုတ်ကဲ့ပါ ရတီလည်း English ဘဲလုပ်တယ် ��

      Delete
  22. စာနဲ့တောင်ထိတွေ့ခွင့်မရသေးတဲ့ကလေးလေးတွေကမတတ်ဘဲနေပေးသေးတယ် စာသင်တာအရိုးဆွေးတော့မယ့် 4th year အစ်မကြီးကကျောင်းသွားတက်နေတယ် ‌ဘယ်တော့မှခွင့်မလွှတ်ဘူး

    ReplyDelete
    Replies
    1. ဟုတ်ပ...အဖြူအစိမ်းဝတ် ကလေးတွေမျက်နှာမထောက်...ခုမှမူလတန်းစတက်ရမဲ့ ကလေးတွေမျက်နှာမထောက်. အတ္တတွေ

      Delete
    2. ဟုတ်တယ်ဆို..😔

      Delete
  23. ရင်ဖွင့်လိုက်ဦးမယ် ။ ကိုယ့်ထက်တစ်နှစ်ငယ်တဲ့ ညီမတစ်ဝမ်းကွဲက
    မအလလက်ထက်ကျင်းပတဲ့စာမေးပွဲမှာ စာမေးပွဲဖြေပြီးရင် ကိုယ်နဲ့အတန်းတူပြီဆိုပြီး ပျော်‌‌ေနရှာလေရဲ့��

    ReplyDelete
    Replies
    1. ဪ ဖြစ်ရလေ၊

      ရတီလေးက မှန်တဲ့ ဘက်မှာ

      ရဲရဲဝံ့ဝံ့ ရပ်ခဲ့သူမို့

      ဂုဏ်ယူလိုက်ပါ။

      T Lay ကတော့

      အမှန်တရားဘက်က

      ရပ်တည်ပေးနေတဲ့
      လူသားတိုင်းကို လေးစားပါတယ်။

      Delete
    2. ဟုတ် T Lay အခုလို အားပေးပေးလို့ကျေးဇူးပါ အားရှိသွားပြီ ��♥️����

      Delete
  24. အက်ဒ်မင်...မင်းလူရဲ့ကဗျာရှည်တပုဒ်ရှိသေးတယ်.အဲ့ကဗျာကြောင့်သူထောင်ကျခဲ့ဖူးတယ်ထင်..
    "တို့ အဖေကြီးမို့ ကာကွယ်မလေ...တို့...
    "
    ခေါင်းစဉ်က"ဘာတွေဖြစ်ကုန်ပြီလဲ" လို့ထင်တယ်.

    ReplyDelete
    Replies
    1. တူပြန်ပြီလား မမခြူး 🤨?
      ဒိုင်နိုဆောတွေမှာတော့မတူဘူးနော်.😆
      ထောင်ကျမှန်းသိပေမဲ့ ၇နှစ်ဆိုတာတော့မသိခဲ့ဘူး
      ကဗျာဆရာတွေမရှိတော့ပေမဲ့ ကဗျာတွေကရှင်သန်ဆဲ ခေတ်ကိုမီးမှောင်းထိုးပြဆဲပဲ.
      သူ့ဘာသာခြံစောင့်ခွေးလုပ်လုပ် ဂရုမစိုက်တော့ပါဘူး.
      ဒါမဲ့ elites ဘောမ တွေက သင်္ကြန်မှာ Rave Republic နဲ့ နေပူတော်မှာ rave ကြမဲ့အကြံ မြတ်ကျော်သူ ဖေါ်လိုက်လို့ RR page အောက်သွားရေးကြလို့ ပွဲဖျက်သွားလေရဲ့. RR ကမသိလို့ပါဘာညာနဲ့ သူတို့ image ကျမှာစိုးလို့ (စလုံးမှာနေပြီး မြန်မာနိုင်ငံအဖြစ်တွေမသိဘူးဆိုတာ...?)
      ကိုယ်စိုးရိမ်တာက ပြည်ပနိုင်ငံတွေက မြန်မာနိုင်ငံ ပုံမှန်ဖြစ်နေပြီလို့ထင်နေသလားလို့လေ...😥
      ဒီတိုင်းလည်းသူတို့ကဂရုမစိုက်ပါဘူးလေ..ဘာမှမထူးပါဘူး.

      Delete
    2. မမခြူနဲ့အတင်းပြောမို့ ဒီထဲပြန်လာမန့်တာ

      ကုသိုလ် နဲ့ အကုသိုလ်ပဲပိုင်တဲ့ နန်ဒါ့အမျိုးသားတော့ ရှေးဟောင်းပစ္စည်းခိုးမှုနဲ့ အကုသိုလ်တက်နေပြီကြားတယ် (ကုသိုလ်ဆိုတာလည်း kpay ကနေအလှူခံပြီး ရတာလေးတွေပြန်လှူရင်း လှောင်ခဲ့ဖူးတာလေးပါ, kbz ကပေးတဲ့ပရိုမိုးရှင်းကြေးတွေတော့အိတ်ထဲထည့်ရင်ထည့်သွားမှာ ပြောမရဘူး) ပြည်ထောင်စုဖွတ်စိမ်းအဖွဲ့ဝင်
      "NDH အမျိုးသားပြတိုက်" (နန်ဒါ့ယောကျ်ားပြတိုက်) မှာပြထားတာတွေက မအလ အကြိုက်တွေချည်းနေမယ်..အမေစုလိုမျိုး ကြည့်နေမယ်ထင်ပြီး မအလကို လျှော့တွက်တာနေမှာ (ကြားဖူးတာတော့ National museums မှာတောင်မမြင်ဖူးတဲ့ရှေးဟောင်းပစ္စည်းတွေအများကြီးတဲ့, ဟုတ်မှာ..ဘုရင်ရူးက ဘုရားပတ်တည်ပြီးရှေးဟောင်းပစ္စည်းတွေခိုးနေခဲ့တာကိုး, နောက်ထပ်ခေတ်သစ်သိုက်တူးသမားတယောက်ရှိသေးတယ်, ပုဂံဘက်မှာ, ချမ်းသာချက်ကသူတို့ထက်သာတယ်, ပညာတတ်ချက်က မေဒိကားမှာကျောင်းတက်လာတာ, မေဒိကား W.D.C ထဲလဲဝင်ဆန့်တယ်, ဒါပေမဲ့မြန်တော့တော်တော်ဆန်သား ပုဆိုးနဲ့တိုက်ပုံနဲ့ခြေ ညှပ်ဖိနပ်နဲ့ 🙄 အယ် ငါ့လာတရားစွဲနေအုံးမယ်..မဟုတ်တာတွေဖွတယ်ဆိုပြီး,😥 ကလစ်တော့နှိပ်လောက်ပါဘူး 😁) NDH အမျိုးသားပြတိုက်ကို ကိုယ်တောင်စိတ်ဝင်စားလို့သွားကြည့်ဦးမလိုပါပဲ. မအလသာစောက်ရူးမထခဲ့ရင်. ပြတိုက်ရှေ့ရောက်တိုင်း ဘယ်တော့ဖွင့်မှာလဲလို့ စိတ်ဝင်စားခဲ့ဖူးတယ်.

      Delete
    3. ပုဂံဘက်မှာဆိုလို့စိတ်ဝင်စားမိတယ်

      Delete
    4. တူးတဲ့နေရာပဲပြောတာနော်.ပုဂံကလိုပြောတာဟုတ်ဘူးနော်. ရမရတော့မသိဘူး အဲ့မှာဆောက်နေတဲ့ ဟိုတယ်ကခုထိမပြီးနိုင်သေးဘူး တူးတာမပြီးသေးလိုဆိုပဲ 🤐 အသရေဖျက်မှုနဲ့တရားစွဲခံရနိုင်တယ်နော် မဖွရဲပါဘူး

      Delete
    5. နောက်တခုမေ့သွားလို ဘုရားပစ္စည်းမဟုတ်ဘူးနော်. ဂျပန်ခေတ်ကဟာတွေလိုပြောတယ် (သမိုင်းရှိခဲ့တဲ့နေရာလိုပြောတယ်) ကိုယ်တော့သေချာမသိဘူး. ကိုယ့် အရင်သူဌေးအတင်းချတာ ပရောဂျက်မရလို 😁😁😁

      Delete
  25. မန့်မရဘူးလို့ 😢

    ReplyDelete
  26. ခြောက်ဆယ့်တစ်

    ReplyDelete
  27. (၃)
    စပါးပင်ပျိုးရမယ့် တောင်ယာမြေမှာ
    ငါ့ အဖေရဲ့ ခန္ဓာကိုယ် အပိုင်းအစ
    ဖြစ်သလို မြှုပ်ပစ်ခဲ့ရတယ်…။
    အမြောက်ဆံပေါက်ကွဲတဲ့ နေရာက မြက်ပင်လို
    မိသားစုဘဝတွေ ပြတ်ထွက်လွင့်စင်ကြ…
    အမေရေ… ဒီတစ်သက်တော့
    ထမင်းလက်ဆုံစားခွင့် မရှိတော့ဘူး…။
    ဦးခေါင်းထက်မှာ ကျည်ဆံတွေက
    နတ်ဆိုးရဲ့ လေချွန်သံလို
    တရွှီရွှီမြည်နေတုန်း
    မြေလွှာအောက်ကမိုင်းဗုံး
    ၀ုန်း ကနဲ ပေါက်ကွဲတယ်…။
    ငါ့အနာဂတ်မျှော်လင့်ချက်ဟာ
    ခြေထောက်တစ်ဖက်နဲ့အတူ
    ပြုတ်ထွက်လွင့်စင်သွားပေါ့…။

    “ငါ့အိမ် ငါ ပြန်လာတာလေ”
    ဒါဟာ “အသွားမတော်တစ်လှမ်း” ဖြစ်ခဲ့ပါသလား
    မျက်ရည်အဝဲသားနဲ့ မေးခွန်းထုတ်မိ
    ငါ့ဘ၀ကတော့
    ငါ့ဒူးဆစ်လို ငုံးတိတိ ဖြစ်လို့ နေလေရဲ့…။
    ငြိမ်းချမ်းရေးမိုးခေါင်ရပ်၀န်းဒေသမှာ
    သားပျောက်တဲ့ အမေတွေနဲ့
    အမေပျောက်တဲ့သားတွေ
    အားလုံးဟာ လူအဖြစ်ကနေ လျှောကျ
    တိရစ္ဆာန်တွေလို အမဲလိုက် ခံနေရတယ်…။
    အမေအိုတို့ရဲ့ ငိုကြွေးသံ
    မြစ်သောင်ယံမှာစီးဆင်း
    ဧရာ၀တီဟာ သွေးချင်းချင်းနီ…လို့။😢 ခံစားရလို့ပါ😔 မမခြူးကိုကျေးဇူးတင်ပါတယ် (မျှော်နေတာလည်းပေါ်လာပြီလို့🤭💛 )ဒီကဗျာလေးကိုကြိုက်တယ်နော် အက်ဒ်မင်ကြီးကိုလည်းကျေးဇူးပါနော်💛

    ReplyDelete
  28. စစ်ပွဲတွေမရှိရင်ကောင်းမယ်😔

    ReplyDelete
  29. စစ်ပွဲပြီးရင်
    စော်လိုချင်သော်မိမိ🌚

    ReplyDelete
  30. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  31. ဒီတိုက်ပွဲ အောင်ပြီးရင် ကျောင်းပြန်တက်ချင်မိပါတယ်💪

    ReplyDelete
  32. တက်ရမှာပေါ့မင်မင်ရယ်
    (moonshine)

    ReplyDelete
  33. အားလုံးတွက် အမြန်ရုန်းထွက်နိုင်ဖို့ ပိုကလစ်ကြရအောင်ပါ fighting together 💪💪💪

    ReplyDelete
  34. အိပ်မက်ပျက်ခဲ့ပီ အနာဂတ်မပျက်ဖို့
    ငါတို့နိင်ရာတာဝန် မပျက်တမ်း ပါဝင်မြဲပါဝင်ကြမရ်💪🏻

    ReplyDelete
  35. အရေးတော်ပုံပြီးရင် ပုဂံသွားမယ်

    ReplyDelete
  36. ကျောင်းတက်ချင်ပြီ

    ReplyDelete
  37. ဒီစစ်ပွဲပြီးသွားရင်
    မရှိသေးတဲ့ကောင်မလေးနဲ့အတူ
    ပုဂံ ဘုရား အတူတူဖူးချင်တယ်

    ReplyDelete
    Replies
    1. ကိုယ်လည်းတူတူပဲ...ဒါပေမဲ့ ကမ်းခြေသွားချင်တာ
      (***နဲ့)😁😁
      စိတ်ကူးနဲ့ရူးကြတာပေါ့..fighting par!

      Delete
  38. This comment has been removed by the author.

    ReplyDelete
    Replies
    1. သူတို့သားအဖ ထိန်းသိမ်းခံလိုက်ရတယ်ကြားတော့ စကစကိုထူးပြီးမအံ့ဩတော့ပါဘူး
      လူတော်တွေကိုမျက်မုန်းကြိုး/မနာလိုစိတ်ကြီးတာတွေလည်းပါမှာပေါ့ (MD ကအရမ်းထက်တယ်လို့ကြားဖူးတယ်)
      သူတို့အတွက်ဘယ်လောက်လုပ်ပေးခဲ့ လုပ်ပေးခဲ့ အလိုမပြည့်နိုင် နောက်ကျောမလုံ စိတ်မချနိုင်

      Delete
  39. အနာဂတ်ကြယ်ပွင့်လေးများ

    ReplyDelete
  40. ကြယ်ဇင်မောင်နှမ❤️

    ReplyDelete
  41. သားသားတို့ မီမီတို့ ကျောင်းတက်ရဖို့ ဦးဦးတို့ကလစ်ကြိုးစားနေပါတယ်အားတင်းထားပါ

    ReplyDelete
  42. လူယုတ်တွေ ပျက်သုံးတဲ့နေ့
    အနာဂါတ် ပန်းလေးတွေ အဆုံးအစမရှိ ဝံ့ကြွားပွင့်လန်းကြရမဲ့နေ့
    We click together !

    ReplyDelete
  43. ဒီအ​ခြေ​နေကလွတ်​အောင်
    စု​ပေါင်းအားနှင့်တွန်းလှန်တိုက်ထုတ်ကြမယ် ​

    ReplyDelete
  44. ကျောင်းတက်ရတဲ့အခါကျရင်
    တစ်ကယ့်ကို နိုင်ငံတကာ အဆင့်မီတက်ရမှာပါ ကလေးတို့ရေ အားတင်းထားပါနော်။

    ReplyDelete
  45.ီဒီပွဲပြီးရင် အားလုံးဆန္ဒတွေ အမြန်ပြည့်ပါစေ

    ReplyDelete
  46. လူငယ်တွေလဲအနာဂတ်ပျောက် လူတွေအားလုံးလဲဒုက္ခရောက်အောင် ယုတ်မာတာက ကမ်းကိုကုန်ရော ဗိုလ်သန်းရွှေ ယုတ်မာလှပြီမှတ်တာ သူ့ထက်ပိုယုတ်မာတယ် အမေစုကို ဘယ်နားထားလို့ထားမှန်းမသိရ ဦးသန်းရွှေကမှ နေအိမ်အကျယ်ချုပ်ပဲထားတာ

    ReplyDelete
  47. အဖိုးတန်လေးတွေရဲ့ အနာဂတ်တွေ.......

    ReplyDelete
  48. အရှုံးမပေးမချင်း ငါတို့နိုင်တယ်

    ReplyDelete
  49. ကိုယ်ကျန်းမာကြပါစေ၊ စိတ်ချမ်းသာနိုင်ကြပါစေ၊ဘေးအန္တရယ်ကင်းဝေးကြပါစေ။ ကလစ်ပြီးထောက်ပံ့နိုင်ကြပါစေ။

    ReplyDelete
  50. စစ်ကျွန်မခံ တို့တော်လှန်၊
    စစ်ဘိနပ်အောက် ဒူးမထောက်ဘူး၊
    ဒီမိုကရေစီအသံ မိုးထက်ယံမှာ၊
    မိုးကြိုးသံလို ဘဝဂ်ညံမျှ ဟိန်းဟိန်း ထစေရမယ် ဟေ့ ။

    ReplyDelete
  51. အိမ်ကကလေးလဲ2နှစ်ရှိပြီကျောင်းမအပ်တာ

    ReplyDelete
  52. ဘောပင်ကိုင်ရမယ့်အချိန် ဖုန်းကိုင်ပြီးကလစ်နေတယ်……… တော်လှန်ရေးကြီးလဲ အမြန်အောင်ချင်ပြီ …….. အနာဂတ်တွေပျောက်😅…… ဓမ္မဘက်တော်သားတွေအားလုံးလဲပင်ပန်းနေကြပြီ….မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းပါစေ

    ReplyDelete
  53. အသက်ရှင်နေသရွေ့ ခံယူချက်တွေဘယ်တော့မှမပြောင်းလဲဘူး

    ReplyDelete
  54. Please takecare ပါ လူ့အဖိုးတန်အပေါင်းတို့

    ReplyDelete
  55. Fright for freedom in Myanmar

    ReplyDelete
  56. We Clicks📲 We Fights🦾 We Wins✊🏾

    ReplyDelete
  57. 💪💪💪💪💪

    ReplyDelete
  58. I will read this poem everyday

    ReplyDelete

Post a Comment