Birds - Imagine Dragons




Birds သီချင်းကတော့ တဖြေးဖြေး လွင့်ပျောက်သွားနိုင်တဲ့ အမှတ်တရတွေ၊ ချစ်သူ နှစ်ဦး ဝေးကွာသွားနိုင်တဲ့ အကြောင်းတွေနဲ့ အဆုံးမရှိနိုင်တဲ့ ချစ်ခြင်းတရား အကြောင်းတွေကို ဆောင်းခိုငှက်တွေရဲ့ ရှင်သန်ဖို့ ပြောင်းရွှေ့ ပျံသန်းရတဲ့အကြောင်းနဲ့ တင်စားရေးဖွဲ့ထားတာပါခင်ဗျာ။



Birds-Imagine Dragons


Two hearts, one valve

Pumpin' the blood, we were the flood

We were the body and

Two lives, one life

Stickin' it out, lettin' you down

Makin' it right

နှလုံးသားက ၂ ခု၊ အဆို့ရှင် ကတော့ ၁ ခုတည်း
ငါတို့ ကိုယ်ခန္ဓာဒာအနှံ့ သွေးတွေ စီးဆင်းအောင်လုပ်နို်ပြီးအသင်ရှင်နိုင်တယ်
အခက်အခဲတွေကြုံခဲ့သည့်တိုင် တွဲလက်တွေမြဲစွာနဲ့ ဖြေရှင်းနိုင်ခဲ့ကြတယ်။

(ဒီပထမဆုံးအပုဒ်မှာ အလိုလိုဖြစ်ပေါ်လာပြီး ခွဲခြားလို့ မရနိုင်တဲ့ သံယောဇဉ် နှောင်ကြိုးတွေကို နှလုံးသား ၂ ခု ပေါင်းမှ အဆို့ရှင် တစ်ခုတည်းသာရှိပေမဲ့ သွေးလည်ပတ်မှုက အဆင်ပြေစွာအသက်ရှင်နေနိုင်တဲ့ ချစ်သူ ၂ ဦးအကြောင်းကို ရေးထားတယ်လို့ ဆိုပါစို့။ သူတို့ ၂ ဦးက အခက်အခဲတွေ ကြုံခဲ့ရင်လည်း အတူတူဖြေရှင်းနိုင်ကြပါတယ်ပေါ့။)


Seasons, they will change

Life will make you grow

Dreams will make you cry, cry, cry

ရာသီတွေကတော့ ပြောင်းလဲနေမှာပဲလေ။
ဘဝ ကတော့ ရှင်သန်ဖို့ လမ်းပြပေးမှာပါ။
အိမ်မက်တွေကတော့ ငိုကြွေးစေပါလိမ့်မယ်။


Everything is temporary

Everything will slide

Love will never die, die, die

အရာရာက ခဏတာ မမြဲခြင်းတရားရယ်ပါ။
အရာရာက ပြီးဆုံး ပျောက်ကွယ်သွားကြမှာပါ။
ချစ်ခြင်းတရားတွေကတော့ ဘယ်တော့မှာ ‌သေဆုံးနိုင်မှာမဟုတ်ပါဘူး။


I know that ooh, birds fly in different directions

Ooh, I hope to see you again

ငှက်တွေက ဦးတည်ရာ ပျံသန်းနေကြတာလည်း သိထားပါတယ်။
မင်းနဲ့ နောက်တစ်ကြိမ် ဆုံဆည်းချင်သေးတယ်။


Sunsets, sunrises

Livin' the dream, watchin' the leaves

Changin' the seasons

Some nights I think of you

Relivin' the past, wishin' it'd last

Wishin' and dreamin'

နေဝင်ဆည်းဆာတွေ၊ မနက်အာရုံဦးတွေ
အိမ်မက်တွေကြားမှာ ရှင်သန်ရင်း၊ သစ်ရွက်တွေ ကြည့်ရင်း
ရာသီတွေ အလီလီပြောင်းလဲနေတော့တာပါပဲ။
တစ်ချို့ညတွေမှာ မင်းအကြောင်းတွေးရင်း အတိတ်မှာ နေထိုင်ရင်း
အကြာကြီးဖြစ်ပါ‌စေလို့ ဆုတွေတောင်းရင်း၊ အိမ်မက်တွေ မက်ရင်းပေါ့လေ။


Seasons, they will change

Life will make you grow

Death can make you hard, hard, hard

Everything is temporary

Everything will slide

Love will never die, die, die


I know that ooh, birds fly in different directions

Ooh, I hope to see you again

Ooh, birds fly in every direction

Ooh, so fly high, so fly high



When the moon is lookin' down

Shinin' light upon your ground

I'm flyin' up to let you see

That the shadow cast is me

လရောင်တွေ မင်းအနားမှာ ဖြာကျနေချိန်
မင်းမြင်နိုင်အောင် အမြင့်ကို ပျံနေရင်း
အရိပ်ကျနေအောင် လုပ်နေတာ ငါပါ။


(ဒီအပုဒ်က အဓိပ္ပါယ် ၂ မျိုးယူလို့ ရတယ်လို့ ပြောတယ်ဗျ၊ ကောင်းတဲ့ဘက်ကတွေးမယ်ဆိုရင် ၂ဦးသား အကြောင်းကြောင်းကြောင့် ကွဲကွာခဲ့ရရင်တောင် အရိပ်လေးလိုရှိနေမယ်ဆိုတာနဲ့ ၊ နည်းနည်း ဝမ်းနည်းစရာကောင်းတဲ့ ဘက်ကတွေးရင် ပြည့်စုံနေပြီးသား မင်းဘဝမှာ အခက်အခဲတွေ၊ အရိပ်ဆိုးတွေ က ငါ့ကြောင့်ဖြစ်ရတာပါပေါ့ဗျာ။)


I know that ooh, birds fly in different directions

Ooh, I hope to see you again

Ooh, birds fly in different directions

Ooh, so fly high, so fly high

Ooh, so fly high, so fly high

Ooh, so fly high, so fly high

Source: LyricFind

Songwriters: Benjamin Arthur McKee / Daniel Platzman / Daniel Reynolds / Daniel Wayne Sermon / Joel Little

Birds lyrics © Sony/ATV Music Publishing LLC, Universal Music Publishing Group




ပြီးတော့ Official Animated MV လေးကလည်း အဓိပ္ပါယ်ရှိတာမို့ သေချာကြည့်ကြည့်ပါဦးခင်ဗျာ။

ကြည့်ပြီးမှ ဒီအောက်မှာ ဆက်ရေးပေးမယ် စာတွေကို ဖတ်ပါခင်ဗျာ။ Breakdown သဘောမျိုးလေး ရေးပေးမလို့ပါခင်ဗျာ။ 😁တစ်နေ့တစ်နေ့ ပျင်းနေကြမှာ စိုးလို့ 😁

ဒီ MV လေးက ၃ မိနစ်နဲ့  ၃၈ စက်ကန့် သာကြာတယ်ဆိုပေမယ် တကယ့် ဇာတ်လမ်းအတိုလေး ကြည့်နေရသလို့ ခံစားရစေမှာပါ။ ဇာတ်လမ်းလေးထဲမှာ လူသား ၂ ယောက် ရဲ့ အဆုံးမရှိနိုင်တဲ့ ချစ်ခြင်းတရားကို ရိုက်ပြထားတဲ့ သဘောပေါ့လေ။ ဒီနေရာမှာ လူသားလို့ပဲ ပြောတာက Gender မခွဲခြားထားဘူးလို့ ပြောချင်တာပါ၊ သေချာကြည့်ကြည့် ရင်  ၂ မျိုးလုံး ယူဆလို့ရအောင် ရေးဆွဲပုံဖော်ထားတာမို့ပါ။

source: screenshot form Bird - Youtube MV



ဇာတ်လမ်းလေးရဲ့ အစမှာ လူသားလေးက တောအုပ်တစ်ခုထဲကို သွားနေတာပါ၊ သွားနေရင်း အရင်က အကြောင်းတွေ ခေါင်းထဲ ပြန်ပေါ်လာတဲ့ ပုံစံလေး ပုံဖော်ထားပါတယ်။

source: screenshot form Bird - Youtube MV

ပြန်တွေးနေတဲ့ အတိတ်ပုံရိပ်တွေထဲမှာ ကလေးဘဝ က သူတို့ မိသားစုလေးရဲ့ မွေးရာပါ ထူးခြားတဲ့ တောင်ပံတွေနဲ့ ဘယ်လို ပျံသန်းရမလဲဆိုသင်ပေးတာပုံရိပ်တွေ . . .

source: screenshot form Bird - Youtube MV

နောက်တော့ ကျောင်းနေတဲ့ အရွယ်ရောက်သွားတယ်ပေါ့လေ ။ တစ်နေ့ ကျောင်းမှာ မတော်တဆ  ထူးခြားတဲ့ အစွမ်းက ပေါ်သွားပါလေရော။ ဒီတော့ လူတွေရဲ့ အကျင့်အတိုင်း မတူကွဲပြားမှုကို ဝိုင်းလှောင်ပြောင်ကြတာပေါ့လေ. . .

source: screenshot form Bird - Youtube MV

ဒီလိုနဲ့ ကျောင်းနဲ့ ကိုယ်ပိုင်နေရာမှာတောင် မပျော် နိုင်တဲ့အထိ ဖြစ်လာ‌တယ်။ ကိုယ်ကိုကိုယ် မုန်းလာတဲ့ အထိ စိတ်ထိခိုက်ပြီးသွားတဲ့ နောက်မှာတော့ ဝေးတဲ့ နေရာကို ဆောက်တည်ရာမရ လျောက်ပျံတော့တာ။ ဒီလိုနဲ့ ကိုယ့် ကိုအမြဲ ဂရုစိုက်ပေးတဲ့ အနီးက လူကို ဆုံးရှံးရတဲ့ အထိဖြစ်သွားတယ်။ အဲ့ဒီနောက် ပူဆွေးစွာ ဖြတ်သန်းကြီးပြင်းလာခဲ့တယ်။ နောက်ကြောင်းပြန်တာ အဲ့နေရာမှာ အဆုံးသတ်ထားတယ် ပြီးတော့ လက်ရှိအချိန်ကို ပြန်ရောက်သွားတယ်။

source: screenshot form Bird - Youtube MV

ဇာတ်လိုက်လေး တောအုပ်ကို ဖြတ်ကျော်လာပြီးနောက် တောင်ကုန်းလေး တစ်ခု ပေါ်က အုတ်ဂူလေးကို ရောက်သွားတယ် ။ အဲ့မှာသူ့ကို ငယ်ငယ်က ပေးထားတဲ့ အဆောင်လေးကို ထုတ်ကြည့်ပြီး သူ့ ဘဝ ဖြစ်တည်မှုကို နားလည် လိုက်ခံ လိုက်တဲ့ အချိန်မှာတော့  . . . . . . . . . . . . . . . . .😁


ဆိုလိုရင်းကို သဘောပေါက်မယ်ထင်ပါတယ်ခင်ဗျာ။ ကိုယ်တိုင် ခံစားကြည့်ရအောင်ပါ။ ❤️

Comments

  1. မန့်ရေးလို့မရဖြစ်နေတယ်

    ReplyDelete
    Replies
    1. Ad နှစ်ခါကြည့်ပြီးမှ ment တွေ တွေ့တော့တယ်😁

      Delete
  2. Replies
    1. စိတ်မကောင်းဖစ်နေရတယ်

      Delete
  3. Chromeကနေရောက်အောင်လာခဲ့တာမန့်လေးကfirst ပျော်ထှာ

    ReplyDelete
  4. I Like it admin, thank for sharing.

    We Click, We Stream, We Support and
    We Must Win

    ReplyDelete
  5. Everything is temporary

    Everything will slide

    Love will never die, die, die

    ReplyDelete
  6. Replies
    1. အာ ရီပလိုင်း ပထမဆုံးရဖူးတာပဲ သိုင်းကျူးပါမင်မင်ရေ တကယ်ပျော်တာပဲ
      ဟိဟိ><

      Delete
  7. I know that ooh, birds fly in different directions

    Ooh, I hope to see you again
    ****************************
    ခုမှနားထောင်ဖူးပေမဲ့ ဒီသီချင်းလေး တော်တော်ကြိုက်သွားတယ် (ဘာသာပြန်နဲ့မို့ 😁)
    Animation ကိုတော့အပြည့်အဝနားမလည်သေးဘူး..
    အက်ဒ်မင်ကလဲရပ်ပလိုက်တော့ ပြန်ကြည့်ပြီး ပြန်တွေးရတော့မှာပဲ...
    Radioactive နောက်ပိုင်းဘာမှနားမထောင်ဖြစ်ခဲ့တာ နှမျောသွားမိတယ်.

    ReplyDelete
    Replies
    1. Animation ဆိုလို Arcane ကိုလည်းကြိုက်တယ်။ အဲ့ထဲက Enemy သီချင်းကိုလည်း ကြိုက်တယ်။ 😁

      Delete
    2. အက်မင်ဂျီးရဲ့ Enemy တော့မဖြစ်ချင်ပါဘူးခင်ည.
      Btw, season တွေ Ep.တွေကိုကြောက်ပါတယ်ခင်ည. ဇာတ်လမ်းတွဲတွေကြည့်လွန်းလို့ကျောင်းထွက်ရမလိုဖြစ်ခဲ့ဖူးလို့...Arrow season တခုကို ၃ရက်နဲ့အပီးကြည့်ခဲ့ဖူးတယ်..😁
      LOLလည်းမိုဘိုင်းဗားရှင်းဆိုလို့ family squad နဲ့ဆော့မို့ဟာ(အပျော်ဆော့).မအလကြောင့် ဘာဂိမ်းမှမဆော့နိုင်တော့ဘူး.အဲ့anime ကြည့်လည်းနားလည်မှာဟုတ်ဘူး. 😪

      Delete
    3. Oh misery....
      Everybody wants to be my enemy..
      နားထောင်ကြည့်ပြီး ဒီအပိုဒ်လေးးစွဲနေတယ်
      Champions တွေအကြောင်းထင်တယ်. မကြည့်ဖြစ်ပါဘူး.

      Delete
  8. အမှန်တိုင်းပြောရရင် အရင်က သီချင်းတွေကို အဲ့လိုစေ့စေ့စပ်စပ် မခံစားဘူးဘူး ဒီအတိုင်းပဲနားထောင်လိုက်တာ အင်္ဂလိပ်သီချင်းတွေလဲ သိပ်နားမထောင်ပါဘူး😁 ကလစ်ကာဖြစ်လာတော့မှ ပိုနားထောင်ဖြစ်လာတာ မင်မင်တို့ကျေးဇူးကြောင့် 🥰🥰🥰

    ReplyDelete
    Replies
    1. Btw,မင်းနဲ့ နောက်တစ်ကြိမ် ဆုံဆည်းချင်သေးတယ်
      နောက်ကြောင်းပြန်တာ အဲ့နေရာမှာ အဆုံးသတ်ထားတယ်
      😁😁😁 သတ်ပုံစစ်ပေးတာ 😁😁

      Delete
    2. ကျေးဇူးတင်ပါတယ်ခင်ဗျာ ၊ ပြန်ပြင်ထားပါတယ် 😁

      Delete
    3. အက်မင်ဂျီးတော့ ဒုက္ခရောက်ပြီ.😅
      Clickers တွေထဲမှာ ဒေါက်တာတင့်ဆွေတပည့်တွေ အများကြီးရယ်.. 😆😁

      Delete
    4. ဒုက္ခ မဟုတ်ရပါဘူးခင်ဗျာ။ သုခ ပါ။
      မှားနေရင် ပြင်ပေးတဲ့ အသိုက်အဝန်းလေးတစ်ခုထဲ ရောက်နေရတဲ့ အတွက် ‌ပျော်ရပါတယ်၊ တွေးကြည့်ရင် ကြည်နူးစရာလေးပါခင်ဗျာ။ ကျွန်တော်ကလည်း ဆက်မှားနေဦးမှာမို့ ကြည့်ပေးပါဦးခင်ဗျာ။

      Delete
    5. ဝတ်ချင်းယူ ပါမင်မင် ဝါးဟားဟား 🙀

      Delete
    6. စိတ်မဆိုးလို့ ဒီကလဲ ကျေးဇူးပါလို့ ပြောသာပြောရတာ တစ်ခါတစ်လေ ကိုယ်ကလဲ စာလုံးပေါင်းသိပ်မှန်ချင်တာမဟုတ်ဘူး☺️☺️
      မနေ့ကတည်းက reply လုပ်တာမရလို့😁😁😁

      @YURNERO

      Delete
    7. မင်မင် @YURNERO လေးရေ
      C2D Space web ထဲမှာ
      ကလစ်နှိပ် တဲ့ စာလုံးပေါင်းလေး
      ပြင်ပေးပါအုံးနော်😁

      တီလေးလဲ ဇဝေဇဝါ ဖြစ်နေလို့
      တခြားသူ နဲ့ confirm လုပ်ပြီးမှာ
      ပြောရဲတာ✌️

      Delete
  9. မင်မင်

    ငါ့တူလေး ကို မှန်ကန်တဲ့

    နည်းလမ်း နဲ့ ချစ်နိုင်တဲ့

    ချစ်သူလေး နဲ့ ဖူးစာ ဆုံပါစေကွယ်။

    ReplyDelete
    Replies
    1. လမ်းချင်းတူရင်
      လူချင်းဆုံမှာပါ
      မင်မင်လေးရေ။
      💪💪💪

      Delete
    2. ကလိ အုံးမယ်၊

      သွားပြီနော်✌️

      Delete
    3. ပေးတဲ့ဆုနဲ့ ပြည့်ပါစေခင်ဗျာ😁

      Delete
    4. မင်မင်က တီလေးဆုတောင်းကို အကြိုက်ဆုံးနေမှာ 🥰
      @YURNERO

      Delete
    5. ပြုံးနေတာတော့
      တကယ့်ကို ကျေနပ်နေတဲ့

      အပြုံးကြီးပဲ @ML SUN လေးရေ😁

      Delete
  10. အဓိပ္ပါယ် မဲ့အောင်
    ဘဝဟာ သတ်ပုံမှားနေတယ်😁

    ဟဲဟဲ

    ချစ်ကောင်းသီချင်း

    ဝင်ဆိုသွားသည်။

    ReplyDelete
  11. thank you!
    ပြန်ပြင်ထားပါပြီခင်ဗျာ။

    ReplyDelete
  12. ကြောက်စရာကြီး လေတွေတစ်အားတိုက်နေတယ် ဂရုစိုက်ကြပါနော်

    ReplyDelete
    Replies
    1. ဂရုစိုက်ပါခင်ဗျာ။

      Delete
    2. ဒီမှာ မန့်ပေါ်‌‌တယ်
      မန့်နေတာကြာချေပြီ ပေါ်ကိုမလာတာ ခုမှပဲ🍀

      Delete
    3. ဟုတ်ဟုတ် မင်မင် တူး တိတ်ကဲပါ
      🥰 ဖီဖီ ရီပလိုင်းလေး ပထမဆုံးရဖူး 💜
      မှတ်မှတ်ရရ dateလှလှ ☺️

      Delete
  13. ဖီဖီ့ Reply မှီသေးလား😁

    ReplyDelete
    Replies
    1. I know that ooh, birds fly in different directions

      Delete
    2. ဒီခါ ဖီဖီ့ ကိုမှီသွားပြီ😅

      Delete
    3. မမှီတော့ဘူးထင်

      Delete
  14. Sunsets, sunrises

    Livin' the dream, watchin' the leaves

    Changin' the seasons

    Some nights I think of you

    Relivin' the past, wishin' it'd last

    Wishin' and dreamin'

    ReplyDelete
    Replies
    1. When the moon is lookin' down

      Shinin' light upon your ground

      I'm flyin' up to let you see

      That the shadow cast is me

      Delete
    2. - အဲအပိုဒ်လေးနှင့် replyပေးလို့ကျေးဇူးပါခညာ
      * Clicker တွေအတွက် အရိပ်လေးလို အမြဲရှိနေပေးပါဗျ...🤗

      - MTVလေးကြည့်ပြီး စာဆုံးအောင်မဖတ်ပဲ male or femaleလားမေးမိတော့မလို့၊ နောက်မှ သဘောပေါက်တယ်၊ သူ့ဘဝဖြစ်တည်မှုကိုလက်ခံလိုက်တဲ့အဆုံးမှာ သူ့အနီးဆုံးလူကို သူပြန်တွေ့လိုက်ရတယ်၊ ဒါပေမယ့် ဘဝချင်းမတူတော့သလိုမျိုး၊ သီချင်းစာသားလေးအတိုင်း အရိပ်အဖြစ်အမြဲရှိနေမှာပေါ့ အဲလိုလေးထင်တယ်နော်... (ဝမ်းနည်းရသလိုလို ကြည်နူးရသလိုလိုပဲ)

      *ဘာသာပြန်အတွက်ရော Sharingလုပ်ပေးလို့ရော ကျေးဇူးပါမင်မင်၊ ခဏတာစိတ်အပန်းပြေရပါတယ်၊ mass Trendingရှိနေလို့ ဒုတိယပိုင်း လာပြန်မန့်တာ😁

      Delete
  15. အသေးစိတ် ရေးပေးထားတာ TQ ပါ ဖီဖီ
    နောက်ဆုံးကတော့ ကိုယ့်ဘာကို တွေးရတော့မှာပေါ့😁

    ReplyDelete
    Replies
    1. အသေးစိတ်နေတော့နက်နဲလတ်တာ
      ဒါမဲ့2ခါဖတ်ပြီးသဘောပေါက်ဝါးပြီ

      Delete
  16. အခုပဲtele click မလို့ click ရင်းနားဆင်လိုက်ပါ့မယ်ဖီဖီ

    ReplyDelete
  17. ဘာများဖြစ်မတုန်း...🤭

    ReplyDelete
  18. This comment has been removed by the author.

    ReplyDelete
    Replies
    1. တရက်ခြားတစ်ခါလို့မှတ်ထားတာ ဖီဖီ active ဖြစ်လွန်းတယ်🤧 မမှီတော့ဘူးထင်တယ် Violet Evergarden ကားလေးလည်းကောင်းတယ် for me😐

      Delete
    2. အချိန်ရရင် ကြည့်လိုက်ပါ့မယ်ခင်ဗျာ။ 🥲

      Delete
    3. This comment has been removed by the author.

      Delete
  19. ကိုယ်သိပ်ချစ်တဲ့ငှက်တွေနဲ့ ဝေးကွာCameraမကိုင်ဖြစ်တာလဲ၁နှစ်ကျော်ကြာပြီ မေ့ထားပါတယ်ဆိုadminကလာဆွ😒

    ReplyDelete

  20. ရေးထားတာလေးတွေ heartထိ💘

    ခုလောလောဆယ် feelနေတဲ့ သီချင်းလေး 🎧

    How do you fall in love?
    Harder than a bullet could hit you
    How do we fall apart?
    Faster than a hairpin trigger
    Don't you say, don't you say it
    One breath, it'll just break it

    Choke this love 'til the veins start to shiver
    One last breath 'til the tears start to wither
    Like a river, like a river 🎶🎶🎶



    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
    2. White flag လည်းနားထောင်ဖူးတယ် သူမရဲ့အသံလည်းကောင်းတယ်
      😍Bishop Briggs😍 ကျနော်ဆိုသည်မှာလည်းနားထောင်ဖူးသမျှအကုန်ကြိုက်☺️

      Delete

    3. ပပဝတီလဲ songs အကုန်သိတယ်နော်
      Shake 🤝💓

      Delete
    4. T Lay နဲ့ ကွာပါ့

      T Lay ဆို ဘာမှ မသိ😁

      Delete
    5. 😁တိုက်ဆိုင်သွားတာပါမမရဲ့
      နားထောင်ရင်း အသံပါဝါတွေ‌ကြိုက်မိတာရယ် စာသားကြိုက်လို့ နားထောင်ကြည့်တယ် ခံစားလို့ရတဲ့သီချင်းဆိုအကုန်ကြိုက်မိသွားတာ😁 (နားမလည်တာကများပါတယ်🤭)

      Delete
  21. နောက်တခေါက်ပြန်လာပြီး MV လာကြည့်တာ ခုန လိုင်းမကောင်းလို့ကြည့်မရ အရင်က ကြည့်ဖူးထားတဲ့ MV လေးပဲ ဒါပေမယ့် မင်မင့်လိုနော့ တွေးမကြည့်ခဲ့ဖူးဘူး ခုမှ အဓိပ္ပါယ်လေးနက်ကြောင်း သိသွားတော့တယ်😊

    ReplyDelete
  22. အက်ဒ်မင် ကြီးဘာသာ‌ပြန်ပေးထားလို့ကျေးဇူးတင်ပါတယ်နော်💛

    ReplyDelete
  23. 💜
    သီချင်းဆိုတာတော်မယ် ထင်တယ်
    သီချင်းလေး တပိုဒ် လောက် VM ပို့ပေးပါလား

    နားထောင်ချင်လို့

    ReplyDelete
    Replies
    1. ဟုတ်ပါတယ်ဖီဖီ VM အသစ်မပို့တာတောင်ကြာပေါ့နော် နေပြန်ကောင်းပြီးအရှင်းသက်သာပြီဆိုမှ vm တောင်းပစ်မယ်

      Delete
  24. This comment has been removed by the author.

    ReplyDelete
  25. This comment has been removed by the author.

    ReplyDelete
  26. ML SUN ,T layကျေးဇူးပါ

    ReplyDelete
  27. ထုံးစံအတိုင်း အတွေခေါင်နေရတာနဲ့ anime ရဲ့ဆိုလိုရင်းနဲ့ဝေး..
    ၃-၄ခေါက်လောက်ပြန်ကြည့်ပြီးမှနားလည်သွားတော့တယ် သားအမိမေတ္တာဆိုတာကို😊
    ကလေးတွေက အများနဲ့မတူတဲ့ကိုယ့်ထူးခြားချက်ကို ချက်ခြင်းလက်မခံနိုင်ဘူးပေါ့ (သူငယ်ချင်းတွေနဲ့အတူတူပဲဖြစ်ချင်ကြတာ)
    ဂျပန် anime 'Wolf Children' လည်းအဲ့လိုမျိုးလေး.

    ReplyDelete
    Replies
    1. Anime အရဆိုရင် အဓိပ္ပါယ်၂ခုထွက်တဲ့အပိုဒ်လေးက ၂မျိုးစလုံးနဲ့လိုက်ဖတ်တယ်
      - သူ့အမေက သူ့ကြောင့်(ထူးခြားတဲ့စွမ်းအင်)သူ့ကလေး စိတ်ပင်ပန်း (burden) ဖြစ်စေတာကိုတင်စားတာရယ်
      - ဘဝခြားသွားတာတောင်ကောင်းကင်ပေါ်ကနေ စောင့်ကြည့်နေတယ်
      (ကိုယ်လိုရာကိုယ်ဆွဲတွေးပဲ, အဲ့ကလေးကကိုယ်နဲ့ခံစားချက်ဆင်တူလို့ ဒါပေမဲ့ ကိုယ့်အမေဆို ကိုယ့်အတောင်ပံကိုခုတ်ပေးခဲ့မှာ တူချင်အုံးပဆိုပြီး)

      Delete
    2. မိခင်မေတ္တာလေးကို
      ဖော်ကျူးထားတာပဲ။

      တော်တော်လေး ♥️ ထိပါတယ်။

      ကိုယ်တိုင် မခံစားခဲ့ရပေမယ့်
      ဒါလေူနဲ့တင် တော်တော်လုံလောက်ပါပြီ၊
      ကျေးဇူးပါ မင်မင်လေးရေ။

      Delete
  28. Imagine making good music

    ReplyDelete
  29. This comment has been removed by the author.

    ReplyDelete
  30. မီးပျက်ရတဲ့အထဲ ဝိုင်ဖိုင်ပါ ပျက်သွားသေးတယ် အိမ်အလုပ်လေးလုပ်ရင်း အားချိန်တိုင်း ဝင်ဝင် ကလစ်ရတာမို့ ကို့ကလစ်နှုန်းကို ကိုယ် အားမရပါဘူးဆိုနေ ဝိုင်ဖိုင်ကပါ ပျက်သွားသေးတယ်😥 တယ်လီဂရမ်မှာလည်း အကြွေးတွေ တင်နေပါပြီ

    ReplyDelete
  31. Follow You လည်းမိုက်တယ်

    ReplyDelete
  32. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  33. မန့်မရဘူးမင်မင်ရေပျောက်ပျောက်သွားတယ်(moonshine)

    ReplyDelete
    Replies
    1. VPN ချိတ်မနေရင် မန့်ရခက်တတ်တယ်. VPN နဲ့ဆိုအဆင်ပြေတယ်. (တချို့ VPN တွေကချိတ်တယ်ပြပေမဲ့ တကယ်က မချိတ်ဘူးထင်တယ်, ကိုယ့်သံသယ သာ)

      Delete
  34. မျှော်လင့်တာမိ certificate လေးကို ရေပေါ်ဆီတွေ တစ်နေ့ အရှက်ရအောင် ကိုယ်တိုင်လဲ ပါဝင်ခဲ့ကြောင်း သက်သေခံလေးပေါ့နော် တစ်နေ့ Profile အနေနဲ့ တင်ထားချင်တာ pts 3000 5000 ရဖို့ဆိုတာ တော်ရုံဇွဲနဲ့ မရဘူးလေနော် စာရွက်လေးဆိုပေမဲ့လဲ click နေတယ်ဆိုတာ စိတ်ဓာတ်အင်အားတွေပါ 😍

    ReplyDelete
  35. ကလစ်နှိပ်တာ တာဝန်မဟုတ်ဘူး ဝတ္တရားတစ်ခု တာဝန်လိုခိုင်းစေလို့လုပ်နေရတာမဟုတ်လို့ စွဲစွဲမြဲမြဲမျက်လုံးဖွင့်ထဲကလုပ်နေမိတယ်၊အမျိုးသားရေးခံယူချက်တစ်ရပ်လိုခံယူပြီး မလွဲမသွေ ဝတ္တရားတစ်ခုလို မလုပ်မနေရ စွဲမြဲနေအောင်လေ့ကျင့်ထားရတယ် ဒါဟာတစ်နိူင်ငံလုံးတိုင်းရင်းသားအားလုံး ပထမကိုလိုနီကျွန်စံနစ်ကနေ၊ဒုတိယအာဏာရှင်ကျွန်စံနစ်က လွတ်မြောက်ဖို့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တော်လှန်နေတဲ့အချိန်မှာ မိမိလိုလူမျိုးကလည်း တာဝန်ကျေပြွန်အောင် အမြဲကလစ်နေရတယ် မျက်လုံးထဲကမထွက်တဲ့ပုံရိပ်တွေနဲ့၊နားထဲကမထွက်တဲ့အသံတွေဟာ မိမိခွန်အားတွေပါဘဲ ဒါကြောင့်ကလစ်နေရတယ် အောင်ပွဲနီးပြီဆက်ကလစ်မည်။

    ReplyDelete
  36. Click 2 donate ကကြော်ငြာလုံးဝတက်မလာဖူးဖြစ်နေတယ် setting ထဲဝင်ပြီးappထဲက clear လုပ်ပြီးတာလဲကြော်ငြာကမတက်ဖူးဖြစ်နေတယ် ကျန်တဲ့လူတွေကောဖြစ်လားဗျ cat candy လက်ဆောင် အဲ့တာတွေအကုန်ကြော်ငြာတက်ပြီး click 2 donate တစ်ခုထဲကြော်ငြာမတက်ဖူး point တွေနှမြောတာဗျာ

    ReplyDelete
    Replies
    1. VPN ကလဲ ချပေးထားတဲ့ premium နဲ့ မြို့တွေပြောင်းကလစ်လဲမရဖူး

      Delete
    2. နိုင်ငံပြောင်းလိုက်တာကြော်ငြာတက်လာပါပြီ back ပြန်ထွက်ရင် app ထဲကပြန်ထွက်သွားတယ် home page ကိုပြန်မရောက်ဖူး

      Delete
    3. Application update ဖြစ်ရဲ့လား
      စစ်ကြည့်ပါအုံးရှင့်၊

      နောက်ဆုံး updated version က
      1.3.5 ဖြစ်းပါမယ်ရှင့်။

      Delete
  37. အခုတစ်လော စိတ်ခံစားမှုတွေမကောင်းဘူးကွယ်
    Depressing songs နားထောင်ပြီးအေး"ဆေး" ကလစ်နေမိတော့တယ်😔(💔)

    ReplyDelete
  38. ကျွန်တော်ဒို့ မောင်နှမတွေ ရှင်သန်နေရင် ကျွန်တော် ကျေနပ်တယ် FIGHT FOR FREEDOM ÖK

    ReplyDelete
  39. This comment has been removed by the author.

    ReplyDelete
  40. Admin, you are so smart in translating .So heart touching.I listen it over and over again.thanks a lot.
    We must win .

    ReplyDelete
  41. Clicker အပေါဂ်း ဒုက္ခအပေါင်းအန္တရာယ်ကင်းကြပါစေ

    ReplyDelete
  42. Avicci ရဲ့ "Waiting for the Love" သီချင်းနဲ့ animation လေးလဲကောင်းတယ်. Heart touching ပဲ. ကြည့်တိုင်းမျက်ရည်ကျမိတယ်.

    ReplyDelete
  43. I can't stop thinking about her
    Please love me again

    ReplyDelete
  44. ကြယ်လေးရေ မင်းရဲ့ အလင်းရောင် သေးသေးလေးက ငါကမ္ဘာ ကတောင် လှမ်းမြင်နေရတယ်

    ReplyDelete
    Replies
    1. ဟာ..ဘဒို..
      ရင်တွင်းဖြစ်တွေပေါ့
      (နောက်တာဘာ, ကြယ်တွေကြွေပြီးနောက် ကောင်းကင်ပေါ်ကကြယ်တွေမကြည့်ဖြစ်တာလဲကြာပေါ့)

      Delete
    2. ကြိုက်သွားပီဘဲရီ😁

      Delete
    3. FIGHT FOR your little STAR ÖK 😁

      Delete
    4. LOL အက်ဒ်မင် 😁😆🤣 အဲ့လိုပြန်ပြောဖို့ ဘယ်အချိန်တည်းကချောင်းနေလဲမသိဘူး.

      Delete
  45. ဒို့ခေတ် appက လည်း လိုအပ်တယ်မို့လား
    ဘောင်ဝင်လား သိ့ချင်ပါတယ်
    PRF memberဝင်ချင်တယ်
    အတူတူ ထည့်ရအောင်
    တစ်ယောက်ထဲကျ မတတ်နိုင်လို့
    လုပ်နိုင်တုန်းလေး လုပ်ထားချင်တယ်ဗျ

    ReplyDelete
  46. ဘာမှမခံစားနိုင်တဲ့ လူပဲဖြစ်ချင်တယ်

    ReplyDelete
  47. min myat chit thuMay 14, 2022 at 8:45 AM

    မင်မင်ရေ

    ReplyDelete
  48. တော်လှန်ရေးပြီးမှ ကျနော့ကလေးတွေ ကျောင်းပြန်ထားမယ်။

    ReplyDelete
  49. တစ်ခါလပ်ကြည့်တော့ တခါ ထပ်ပြီး ဝမ်းနည်းရ
    ရှင်သန်ဖို့ကျန်နေသေးတဲ့ ဘဝတလျှောက်လုံးမှာ
    ကိုယ့်အနီးအနားက လူတွေ
    အထုးသဖြင့်
    ကိုယ်ကချစ်ခင်ရပြီး ကိုယ့်အပေါ် မေတ္တာပေးတဲ့သူတွေကို
    ထိခိုက်နာကြင်အောင်မလုပ်တဲ့
    စိတ်ကိုဖြစ်စေ လူကို ဖြစ်စေ ထိခိုက်နာကြင်အောင် မလုပ်မိတဲ့သူတယောက်ဖြစ်ရပါစေ

    ရည်ရွယ်ပြီး ဖြစ်စေ မရည်ရွယ်ပဲ ဖြစ်စေ မလုပ်မိအောင် ဉာဏ်ပညာ ပြည့်ဝတဲ့သူတယောက်ဖြစ်ရပါစေ။

    ဆုလည်းတောင်းရင် ကိုယ်တိုင် လည်းကြိုးစားရဦးမယ်

    ReplyDelete
  50. All dictators must be end.

    ReplyDelete
  51. ကိုယ်ကျန်းမာကြပါစေ၊ စိတ်ချမ်းသာနိုင်ကြပါစေ၊ဘေးအန္တရယ်ကင်းဝေးကြပါစေ။ ကလစ်ပြီးထောက်ပံ့နိုင်ကြပါစေ။

    ReplyDelete

Post a Comment