The Moon on Horizon Illusion

 မိုးကုတ်စက်ဝိုင်းနား ကပ်ပြီးထွက်တဲ့ လ,ကို အမြင်မှောက်ခြင်းအကြောင်း

New Year Countdown
Days
000
:
Hours
00
:
Minutes
00
:
Seconds
00

(ဖတ်ရှုရန် ကြာချိန် ၄ မိနစ်ခန့်)

 

        ဟုတ်ကဲ့၊ အပေါ်က အသုံးအနှုန်းကို မရင်းနှီးဘူးဆိုရင်တောင် လပြည့်ညလို အချိန်မျိုး မြို့ထဲ သွားရင်းလာရင်း မြင်ရလိုက်တဲ့ လ,ဟာ ပုံမှန်ထက် ကြီးနေတာမျိုးကို ကြုံဖူးကြမယ် ထင်ပါတယ်။ လ,ကြီးကို  ဝင်းထိန်နေပြီး ဧရာမဆိုဒ်ကြီး ဖြစ်နေတာမျိုးပေါ့။ ဒါပေမယ့် အဲ့လိုမိုးကုတ်စက်ဝိုင်းပေါ် မေးတင်နေတဲ့ လ,မျိုးမဟုတ်ဘဲ သာမန်ကောင်းကင်မှာ မြင်ရတဲ့ လ,ကတော့ အစက်အပြောက် သေးသေးလေး ဖြစ်နေတာကိုလည်း  သတိထားမိကြမှာပါ။ ဒါပေမယ့် တကယ်တမ်းကျ လ,က အဲ့သလောက် အစက်အပြောက် သေးသေးလေး မဟုတ်မှန်း ကိုယ့်လူတို့ သိကြပါတယ်။ ဆိုတော့ အဲ့ဒီ  “လ အကြီးကြီး ဖြစ်နေတာကို မြင်ရတယ်” ဆိုတာက စိတ်နဲ့ပဲ ဆိုင်တာပါ။ အဲ့တာကြောင့်လည်း “မိုးကုတ်စက်ဝိုင်းနား ကပ်ပြီးထွက်တဲ့ လ,ကို အမြင်မှောက်ခြင်း” လို့ သတ်မှတ်ထားတာပါ။

    ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကတော့ ကျွန်တော်တို့ရဲ့ ဦးနှောက်က ကျွန်တော်တို့ မြင်သမျှကို ဘယ်လောက်ဝေးတယ်၊ မဝေးဘူး တစ်ချိန်လုံး လိုက်ညှိနေတာကြောင့်ပါ။ အဲ့လို လိုက်ညှိနေလို့ပဲ “ဟာ ဒါကတော့ကြီးတယ်၊ သေးတယ်” ဆိုတာတွေ ဖြစ်လာတာပါ။ မြင်သာအောင် ပြောရရင်ဗျာ- ကောင်းကင်မှာ ပျံသွားတဲ့ လေယာဉ် ထားပါတော့။ တကယ့်တကယ် ဆိုဒ်အကြီးကြီးက ကောင်းကင်မှာ လှမ်းမြင်ရတဲ့အခါ သေးသေးလေး ဖြစ်နေတာမျိုးပေါ့။ လေယာဉ်ကို လက်နဲ့ ကိုင်ထားတဲ့ ပို့စ်မျိုးတွေတောင် ဓါတ်ပုံရိုက်ကြသေးတာပဲကို..နော? ဆိုတော့ ကျွန်တော်တို့ရဲ့ ဦးနှောက်က ကိုယ့်ရှေ့မှာ ရှိနေတဲ့ အရာကို ဘယ်လောက်ဝေးတယ်ဆိုတဲ့အပေါ် မူတည်ပြီး  အဲ့အရာရဲ့ အရွယ်အစားကို ဆုံးဖြတ်ပစ်ပါတယ်။ အကြမ်းဖျင်း ပြောရမယ်ဆိုရင် ကျွန်တော်တို့ရဲ့ မြင်နိုင်စွမ်းက အဆုံးမရှိပါဘူး။ အဲ့တာကြောင့်လည်း ဟိုးအဝေးကြီးမှာရှိတဲ့ နေ၊ လ,နဲ့ ကြယ်တွေကို လှမ်းမြင်နေရတာပေါ့ဗျာ။

        ဒီ လ အကြီးကြီး မြင်ရတယ်ဆိုတဲ့ ဖြစ်စဉ်က ကိုယ်မြင်နေကျ ကမ္ဘာမှာရှိတဲ့ အရာတွေ (အဆောက်အဦးတွေ၊ တောင်တန်းတွေ၊ သစ်ပင်တွေ) နဲ့ လ,ကို တွဲမြင်လိုက်ရတဲ့အခါမှာ ကြုံရတာပါ။ ခုနက ပြောသွားတဲ့ အဆောက်အဦး ဘာညာတွေက ဘယ်လောက်ထိ ကြီးတယ်ဆိုတာ ကျွန်တော်တို့ ဦးနှောက်က သိထားပါတယ်။ အဲ့လိုအရာတွေနဲ့ လ,ကို တွဲမြင်လိုက်ရတဲ့ အခါကျတော့ ကျွန်တော်တို့ ဦးနှောက်လေးခမြာ “ဟင် အဲ့လက တကယ် ဒီနားရောက်နေတာလား၊ အကြီးကြီးလား၊ သေးတာလား၊ နေစမ်းပါဦး” ဆိုတာမျိုးတွေ ဖြစ်ကုန်ပါတယ်။ အဲ့လိုနဲ့ပဲ “ဟာ... လ,ကြီးမှ အကြီးကြီးပဲ” ဆိုပြီး ဦးနှောက်က ဆုံးဖြတ်မိသွားပါရောခင်ဗျာ။ အပေါ်မှာ ပြောခဲ့မိပါသေးတယ် “လ,ကြီးကို ဝင်းထိန်နေတာပဲ” ဆိုပြီး။ အဲ့လို ဝင်းထိန်၊ ဝါတောက်နေရတဲ့ အကြောင်းကတော့ ကမ္ဘာ့လေထုကြောင့် အရောင်ပြောင်းသွားလို့ပဲ ဖြစ်ပါတယ်။ အဲ့ဒီအကြောင်းကို အကျယ် သိချင်ရင်တော့ ဒီလင့်ခ်ကို “ကောင်းကင်ကြီး ဘာလို့ အပြာရောင် ဖြစ်နေရတာလဲ?နှိပ်ပြီး သွားဖတ်လို့ရပါတယ်ခင်ဗျာ။ ဒါကိုမှ လေထုညစ်ညမ်းနေတာနဲ့ကြုံရင် ဝါနေတဲ့ အရောင်ကနေ တဖြည်းဖြည်း အနီရောင် ပေါက်သွားတာမျိုးကို ကြုံရမှာပါ။ ဒီတော့ တစ်ယောက်ယောက်ကများ ငါ မနေ့ညက ,အကြီးကြီးပဲ မြင်လိုက်တာ” လို့ ပြောလာခဲ့ရင်တော့ မဟုတ်ပါဘူး။ အမြင်မှားခဲ့တာပဲ ဖြစ်ပါတယ်ခင်ဗျာ။

        နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ လပြည့်နေ့ မိုးကုတ်စက်ဝိုင်းမှာ ရှိနေမယ့် လ,ကို မြင်တယ်။ ဒါပေမယ့် ကိုယ့်မှာ သူနဲ့တွဲမြင်စရာ တစ်ခုခု မရှိဘူးဆိုရင် အဲ့အမြင်မှောက်တဲ့ အကျိုးသက်ရောက်မှုက တော်တော်လေး လျော့သွားမှာပါ။ ပြောရရင် မရှိသလောက်နီးပါးကို ဖြစ်သွားမှာပါ။ ဥပမာ ပင်လယ် ဒါမှမဟုတ် သမုဒ္ဒရာထဲမှာ သာနေတဲ့ လ,မျိုးပေါ့။ တွဲမြင်စရာ အဆောက်အဦးတွေ၊ အပင်တွေ၊ တောင်တန်းတွေ၊ သင်္ဘောတွေ၊ ဘာဆို ဘာမှမရှိ။ အဲ့လိုဆို အမြင်မှားနိုင်ဖို့ တော်တော်လေးကို နည်းသွားမှာပါ။

        ဒီလို လ အကြီးကြီးလို့ အမြင်မှားတာကို ဖျောက်နိုင်တဲ့ နည်းလေး ရှိပါတယ်။ ရိုးရိုးလေးပါပဲ။ လ,နဲ့ ဆန့်ကျင်ဖက်ကို လှည့်လိုက်ပါ။ ပြီးရင် ခါးကိုင်းလိုက်ပါ။ အဲ့မှာ ကိုယ့်ခြေထောက် ၂ ချောင်း ကြားကနေ လ,ကို ဇောက်ထိုး အနေအထားနဲ့ ကြည့်ကြည့်လိုက်ပါ။ ဟုတ်ပါတယ်၊ မိုးကုတ်စက်ဝိုင်း တဝိုက်မှာ ရှိနေတဲ့ အဆောက်အဦးတွေ၊ အပင်တွေ၊ တောင်တန်းတွေ အကုန် ဇောက်ထိုးအတိုင်း မြင်ကုန်ရမှာပါ။ အဲ့မှာတင် ကျွန်တော်တို့ရဲ့ ဦးနှောက်လေးက “ဟ...ဘယ့်နှယ့်ကြီး ဖြစ်သွားပြန်ပတုန်းဟ၊ ဇောက်ထိုးကြီး၊ ဘယ်လိုကြီးတုန်း၊ အော်… နေဦး ဟိုမယ် လ၊ ဟုတ်တယ်... ဟုတ်တယ် အမှန်ပဲ” လို့ ဖြစ်သွားပြီး လ,ကို နဂိုအရွယ်အစားအတိုင်း ပြန်မြင်သွားပါသတဲ့ ခင်ဗျာ။

        အကျဉ်းချုပ် ပြောရရင်တော့ ပုံမှန်အတိုင်းဆို လ,က မိုးကုတ်စက်ဝိုင်းနား မကပ်ဘဲ ကောင်းကင်အလယ်မှာပဲ ရှိတတ်ပါတယ်။ အဲ့လိုဆို သေးသေးလေးပဲ မြင်ရပါတယ်။ ဒါပေမယ့် မိုးကုတ်စက်ဝိုင်းနား ကပ်သွားရင် ကျွန်တော်တို့ မြင်နေကျ အရာတွေနဲ့ တွဲမြင်မိပြီး သူ့ကို အကြီးကြီးလို့ အမှတ်မှားသွားပါတယ်။ အဲ့တာကို ဖျောက်ဖို့အတွက် ဇောက်ထိုးကြည့်လိုက်တဲ့ အခါမှာတော့ လ,က မိုးကုတ်စက်ဝိုင်းနား မကပ်တော့ဘဲ ကောင်းကင်အလယ်မှာ ရှိသလို ပြန်ဖြစ်သွားပါတယ်။ အဲ့လိုနဲ့ လရဲ့ မူရင်းအရွယ်အစားကို ပြန်မြင်ရနိုင်ပါတယ်ခင်ဗျာ။

 

မှတ်ချက်။    ။ ကင်မရာတွေမှာ ကိုယ်မြင်ရသလို လ,အကြီးကြီး ပေါ်စေချင်ရင်  သက်ဆိုင်ရာ

                        Accessories များ၊ Settings များ ချိန်ဆပြီး ရိုက်ရမှာ ဖြစ်ပါတယ်။

C2D

ကိုးကား ; StarTalk Podcast by Neil deGrasse Tyson

Comments

  1. ဒီတခါ အမြင်မှောက်ခဲ့ရင် ဇောက်ထိုးကြည့်၍ အမြင်မှန်ရကြပါစေ 😁💗

    ReplyDelete
    Replies

    1. 💔Pain

      ဆုတောင်းသံများ

      ဘယ်ဘုရားကြားသလဲ

      ကြားတဲ့ဘုရားကယ်ပါ🙏

      ခက်ခဲ ပင်ပန်း
      ဆင်းရဲနေကြတာ
      မြင်ပေမယ့်
      ကူညီပေးနိုင်စွမ်းလည်းမရှိ

      နှစ်သိမ့်ပေးစရာ
      စကားလုံးလည်း ရှာမရ

      မြန်မာပြည်မှာ လူဖြစ်ရတာ
      နာကျင်စရာတွေ
      အပြည့်ပါပဲ💔

      Delete
    2. ဆုတောင်းတိုင်းပြည်မည်ဆိုရင်ဖြင့်..
      မအလနဲ့ လပ်တီးတွေအကုန် အမြစ်ပြတ်ပါစေ

      Delete
  2. "ကျွန်တော် အိမ်ကိုပြန်မလာနိုင်သေးဘူး အမေ
    အမေ့ ဘုရားပန်းအိုးလေး ကူလဲမပေးနိုင်တော့ဘူး
    အမေ့ ဘုရားရှိခိုးသံ မကြားနိုင်တော့ဘူး
    တစ်နိုင်ငံလုံး သရဏဂုံမတင်ရပဲ
    ဘဝတစ်ပါးကူးပြောင်းပြီးတဲ့နောက်
    ဖက်ဆစ်တွေရဲ့ လက်နဲ့ချတဲ့ ရေစက်
    ကျတော်တို့ လူငယ်တွေကျောပေါ်မှာ ပိုပူရတယ်အမေ...."

    -ဒီမြတ်ငြိမ်း
    (PDFသူရဲ‌ကောင်းများနှင့်CDMသူရဲကောင်းများအား
    ‌ေလးစားဦးညွှတ်လျက်ပါ 💗☘️)

    ReplyDelete
    Replies
    1. အိမ်နဲ့ဝေးကွာနေသူအားလုံးအတွက် ပိုကြိုးစားပါ့မယ် ညိုပြာ

      Delete
  3. နောက်တစ်ခါလအကြီးကြီးမြင်နေရရင်
    ဇောက်ထိုးကြည့်လိုက်ပါ့မယ် မင်မင်ရေ♥

    ReplyDelete
  4. တော်ပါပြီ အက်မင်ဂျီးရယ်..ကလေးမဟုတ်ဘာမဟုတ်နဲ့ တော်တော်ကြာ 'ဟဲလို' ဆိုပြီးလာနှုတ်ဆက်ခံနေရဦးမယ်..
    ဟိုတခါလည်း ကင်မလာကြီးကိုင်ပြီး red moon ဂျီးပျောက်လို့လိုက်ရှာရတာ..နောက်ရက် အနောက်ခံရရော..ဒီနေ့ရော မရှာတော့ဘူးလားဆိုပြီး

    ReplyDelete
    Replies
    1. btw, အဲ့ပုံ အက်မင်ဂျီး ရိုက်ထားတာလား?

      Delete
  5. အဲ့လို လအကြီးကြီး ​ပေါ်​အောင် ရိုက်ချင်ပါ​သော်လည်းးး

    ReplyDelete
  6. No one knows that I'm deeply hurt.
    💔

    ReplyDelete
  7. This comment has been removed by the author.

    ReplyDelete
  8. ကျွန်တော့ crushက မကစ်လစ်ဘူးဗျာ
    သူကြောက်နေလို့များလား

    ReplyDelete
  9. ပို့သမေတ္တာ တံတိုင်းပမာ
    PDFတွေ ဘေးရန်ကာပါစေ

    ReplyDelete
  10. လုံးစုံများစွာသတ္တဝါ (မအလနဲ့အပေါင်းအပါတွေမပါ)
    ချမ်းသာကိုယ်စိတ်မြဲပါစေ
    ဥပါဒ်ရန်ဘေးကင်းစင်ဝေး
    ငြိမ်းအေးကြပါစေ.... ။

    ReplyDelete
  11. Replies
    1. 34 4412 2297 6968 6365(MPT)
      ဖြည့်မရရင် ပြန်​ပြော​ပေးကြပါဗျ

      Delete
    2. ရတဲ့သူလဲမဖြေကြဘူး မရတဲ့သူဖြေဆိုလို့ဖြေလိုက်ပြီနော်😊😊😁

      Delete
    3. Mptမသုံးတာနာတယ်ဗျာ😑

      Delete
    4. 😪😪😪 ​နေ့လည်က ၃မျိုးလုံး Tele channel မှာ ​ပေး​နေတာ

      Delete
  12. မယ်ဝါးခီးတိုက်ပွဲမှာ ပြည်သူ့PDF အကျအဆုံးရှိ ဖမ်းခံရသူလဲရှိတယ်။ ဒီဇင်ဘာရယ် ပူလောင်လိုက်တာ��
    သူများနိုင်ငံတွေနှင်းဝေတဲ့ရာသီ ကိုယ့်နိုင်ငံမတော့အသည်းနှလုံးတွေကြွေတဲ့ သောကရာသီ

    ReplyDelete
  13. ပိုကြိုးစားပါမယ်လို့နော်. (moonshine)

    ReplyDelete
  14. သြော် မအေးချမ်းရပါလားနော်
    နင့်မိသားစုလည်းဒီနေ့မီးပုံရှို့ခံရသလိုဘဝဆက်တိုင်းအကြားလပ်မရှိခံရပါစေမအလရေ
    ငါတို့နိုင်မှာ

    ReplyDelete
    Replies
    1. ဟုတ်တယ်..ကိုယ့်အလှည့်ရောက်ရင်လဲ မီးပြန်ရှို့ချင်တယ် (အဲ့ကျ ခုငြိမ်နေတဲ့ ကဘာဂျီးက ဝိုင်းပစ်တင်ကြဦးမယ် သတင်းတွေ ဝေဝေဆာဆာနဲ့ ပိုက်ချံတွေ ပိုဝင်တာပေါ့)
      Save the Children က ၂ယောက်ပါပါသွားတယ်ကြားတယ်..ယုတ်ကန်းချက်က တွေးလို့တောင်မရ..အဲ့သတင်း ဖြစ်စဉ်လဲဆက်မဖတ်ရဲဘူး...

      Delete
    2. သွေးကြွေးမှာ ဆွေး‌နွေးစရာမရှိ

      Delete
  15. မင်မင်စာရေးတဲ့ပုံစံကို သဘောကျတယ်ဗျာ။

    ReplyDelete
  16. Nothing can be evaluated by its size -- whether it is big or small-- but by its usefulness.

    ReplyDelete
  17. စစ်ခွေးအလိုမရှိ

    ReplyDelete
  18. များများ Click ပြီး လေယာဥ် ပြစ်ဝယ်ပေးကြရအောင်ဗျာ။

    ReplyDelete

  19. ဆုတောင်းတိုင်းပြည်မည်ဆိုရင်ဖြင့်..
    မအလနဲ့ လပ်တီးတွေအကုန် အမြစ်ပြတ်ပါစေ

    ReplyDelete
  20. တစ်ကယ်ဟုလို့လား

    ReplyDelete
  21. မမကို ချစ်တယ်...

    ReplyDelete
  22. ဖတ်ရင်းလည် ဒါမဲ့ကောင်းပါတယ် 🥱🤏🏻

    ReplyDelete
  23. သေချာပေါက် ကြည့်ဖြစ်အောင် ကြည့်ရမယ်☺

    ReplyDelete
  24. Ads တွေဝင်လိုက်မဝင်လိုက်နဲ့နော် အက်မင်ဂျီး
    Ads ကြည့်တဲ့နှိပ်စရာအသစ်ကလည်း
    Ads can't be loaded ပဲပြနေတာများတယ်

    ReplyDelete
  25. လပြည့်ရောက်တော့မယ်

    ReplyDelete
  26. မအေဠိုးမင်းအောင်လှိုင်

    ReplyDelete
  27. တယောက်တလက်ဝိုင်းလို့ကူ

    ReplyDelete
  28. ဘုံရန်သူက မအလပဲ
    သွေးမကွဲကြနဲ့

    ReplyDelete
  29. 💪💪💪💪💪❤️❤️❤️❤️

    ReplyDelete
  30. ဒီတခါဇောက်ထိုးကြည့်မယ်

    ReplyDelete
  31. မှတ်သားရပါသည်

    ReplyDelete
  32. အမှားများထဲမှအမှန်မြင်နိုင်ပါစေသူငယ်ချင်း

    ReplyDelete
  33. မင်မင်ပြောသလို လုပ်ပီးကြည့်လိုက်ပ့မယ် လပြည့်နေ့ကျ😁

    ReplyDelete
  34. အုန်းပင်စိုက်ရင်း ကြည့်ပြီလေ

    ReplyDelete
  35. အာဏာလုခိုးမှူးကြီးမင်းအောင်လှိုင်ကျဆုံးရေး ဒို့အရေး

    ReplyDelete
  36. ‌ေြကာ်ညာမတက်တဲ့ linkကပိုက်ပိုက်လုံးဝမရဘူးလားc2d လက်ဆောင်လိုဟုဖူး

    ReplyDelete
  37. လ အကြီးကြီးလို့ ထင်ရတိုင်း‌ဇောက်ထိုးကြည့်တော့မည့် မိမိ

    ReplyDelete
  38. အာဏာဖီဆန် CDM
    တိုက်ပွဲ အဆုံးသက် PDF

    ReplyDelete
  39. Clear your mind & think reality what ever you see.

    ReplyDelete
  40. နှစ်သစ်ကိုလည်း ကြိုကြစို့
    ဖက်ဆစ်ကိုလည်း ဖြိုကြစို့
    Federal Democracy New Year

    အကြမ်းဖက် စစ်ကောင်စီနှင့်
    လက်ပါးစေများကို
    ပြည်သူ့တရားခွင်သို့
    မြန်မြန် ပို့နိုင်ဖို့
    နေ့စဉ် ကလစ်ကြစို့။
    ဝဋ်လည်အောင် လှည့်ပေးကြဖို့
    နေ့စဉ် ကလစ်ကြစို့။

    We must win
    အရေးတော်ပုံ မုချ အောင်ရမည်

    ပြည်သူသည်သာ အဓိက

    ReplyDelete
  41. နှစ်သစ်ကိုလည်းကြို
    ဖက်ဆစ်ကိုလည်းဖြို

    ▪️တော်လှန်နှစ်သစ် ဆုတောင်းပွဲသပိတ်(ည ၁၂နာရီ)
    ကြွေးကြော်သံ "ဖက်ဒရယ်ဒီမိုကရေစီ New Year" "အရေးတော်ပုံအောင်ရမည်"
    (အ‌ခြေအနေကြည့်အော်ပေါ့နော်)

    ReplyDelete
  42. တိုင်းပြည်ကို နှစ်ပေါင်းများစွာ
    အုပ်ချုပ်ခဲ့‌ေပမယ့်
    လူတချို့ရဲ့
    နိုင်ငံရေးအသိကတော့
    ဘယ်တော့မှ မပြောင်းလဲဘူး
    ဒေါ်စုကို အခုထိ ဖမ်းတုန်း

    ReplyDelete
  43. ၂၀၂၂မှာ မြန်မာပြည်ကြီး မိစ္ဆာ ရန်ကင်းရှင်းပြီး အေးချမ်းပါစေ

    ReplyDelete
  44. မှတ်သားထားရမယ်

    ReplyDelete
  45. Admin ကြီးရေ

    Chinese Garden ထဲမှာ လကို ဇောက်ထိုးသွားကြည့်ရင်

    ကျုပ်ကို NEA က လာဖမ်းသွားမှာ ပေါ့လို့🤣

    ကျောင်းဆရာကြီး ကြည့်ရဲဘူး။

    ReplyDelete
  46. အောင်တော့မည်

    ReplyDelete
  47. အက်မင်ရေးသလိုဇောက်ထိုးကြည့်ဦးမှ

    ReplyDelete
  48. I’m so sleepy 😴

    ReplyDelete

Post a Comment