1386 Myanmar New Year! - Thingyan



ယနေ့နှစ်သစ်ကူးနေ့မှသည် နောင်လာမယ့်နှစ်များစွာအထိ

ချစ်ရသူများနှင့်အတူ မိမိကိုယ်မိမိ ပျော်ရွှင်မှု ၊ အောင်မြင်မှု၊ အေးချမ်းမှုများဖြင့် ပြည့်စုံပါစေ။

နေ့ရက်တိုင်း တိုးတက်မှုနှင့် ပျော်ရွှင်မှုများအတွက် အခွင့်အလမ်းသစ်များ ဆောင်ကြဉ်းနိုင်ပါစေ။

ကျွန်တော်တို့အားလုံး ကြိုးပမ်းအားထုတ်နေသော ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ဆီသို့ အမြန်ဆုံးဦးတည်နိုင်ပါစေ။

စစ်အာဏာရှင်စနစ် အမြန်ဆုံး ကျဆုံးပါစေ။

ပျော်ရွှင်ဖွယ်ရာ မြန်မာ့နှစ်သစ်ဖြစ်ပါစေခင်ဗျာ။

Yurnero

 

Comments

  1. တော်လှန်သင်္ကြန်ပါ မင်မင်🍀

    ReplyDelete


  2. နှစ်သစ်မှာ🩷

    KIAတပ်မတော် နှင့်
    ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများအားလုံး🍀

    တိုက်ပွဲတိုင်း
    စစ်ရေးလှုပ်ရှားမူ့ စစ်ဆင်ရေးတိုင်း
    အထိခိုက်မရှိ
    ဘေးကင်း အောင်မြင်ကြပါစေ✨

    ကျန်းမာကြပါစေ🌸 ‌

    ဒေသခံပြည်သူများလည်း ဘေးကင်း ကျန်းမာကြပါစေ🙏


    ReplyDelete

  3. 🩷🌸🩷🌸🩷🌸🩷🌸🩷

    My country is the world,
    and
    my religion is to do good.

    🩷🌸🩷🌸🩷🌸🩷🌸🩷

    ReplyDelete
    Replies

    1. မင်မင်နဲ့ ကလစ်ကာ အားလုံးကို သတိရလိုက်တာ

      Delete
  4. ထပ်တူပါ မင်မင်ဆင် နဲ့ ကိုကလစ်

    ReplyDelete
  5. နောင်နှစ်ကို ပြည်သူကြည်ဖြူတဲ့ အစိုးရနဲ့ နိုင်ငံတော်ကို မြင်တွေ့ပိုင်ဆိုင်ရလိုပါ၏

    ReplyDelete
  6. မင်မင်၂ယောက်နှင့်တကွ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး နှစ်သစ်မှာ ပျော်ရွှင်မှုအစစ်တွေ ရရှိပိုင်ဆိုင်နိုင်ကြပါစေ...🌿💦💦💦

    စစ်အာဏာရှင်စနစ် အမြန်ဆုံး ကျဆုံးပါစေ!!

    နေ့ခင်းကတောင် သတိရလို့ပြောမိသေးတယ်၊ Posterလေး လုပ်ပေးလို့ကျေးဇူးပါ မင်မင်ဆင်ပျံ@Yurnero & မင်မင်ကိုကလစ်♡

    ReplyDelete
  7. ပန်းချစ်သူApril 13, 2024 at 9:43 AM

    အမြန်ဆုံးအိမ်ပြန်နိုင်ကြပါစေ

    ReplyDelete
  8. လေးစားဖွယ်ချစ်ခင်ဖွယ်တော်လှန်ကာကာများရုန်းကန်သမျှအောင်နိုင်ကြပါစေ

    ReplyDelete
  9. ပြည်သူအပေါင်းဘေးဒုက္ခဆိုးများမှအမြန်လွတ်မြောက်ကြပါစေ၊
    ကလစ်ကာများ ကျန်းမာကြပါစေ၊
    မမှန်ကန်မရိုးဖြောင့်သူများ ကျဆုံးပါစေ။
    ဖက်ဒရယ်အရေးတော်ပုံအောင်ရမည်။

    ReplyDelete
  10. ​ရေမစိုတဲ့သင်္ကြန်
    မ​ပျော်ရတဲ့ သင်္ကြန် ​နောက်ဆုံးဖြစ်ပါရ​စေ ...
    စစ်အာဏာရှင် အမြန်ဆုံးကျဆုံးပါ​စေ
    (ဒီဘ​လော့​တွေမရှိ​တော့ထင်လို့ ဝင်ကို မကြည့်မိဘူး 😁)

    ReplyDelete
  11. ဆင်မင်မင် သီတင်းကျွတ် ဆုတောင်းလေးများတင်မလားလို့ ဝင်ကြည့်တာ။
    ဝင်ကြည့်တာစောနေရင်မတွေ့လိုက် မှာစိုးပြီး နောက်ကျမှ ဝင်ကြည့်ခဲ့တယ်။
    Post တွေ တင်ပါဦးဆင်မင်မင်။

    ReplyDelete
  12. "ကတိ မတည်သော အဒ်မင် ကိုကလစ်သို့"

    ဒီစာကို ရေးရမလား ဒီတိုင်းပဲမေ့လိုက်ရမလား အကြိမ်ကြိမ်တွေးလိုက် ပြန်ဖျက်လိုက်နဲ့ နောက်ဆုံးတော့
    ဘာပဲဖြစ်ဖြစ် ကလစ်ကာတယောက်ရဲ့ ရင်ထဲဘာဖြစ်နေလဲ သိစေချင်တာနဲ့ ရေးလိုက်ပါတယ်

    ခုထိပြန်စဉ်းစားလိုက်တိုင်း အဒ်မင်လုပ်ရက်တွေက ရင်နာစေခဲ့တယ် (ဒီတခုထဲမဟုတ်ပါဘူး ထားလိုက်ပါတော့)
    ခုဟာကတော့ နဲနဲအာဏာရှင်ဆန်တဲ့အပြုအမူဘက်ရောက်နေလို့

    ဒို့အတူ အပ် လုပ်မယ်ကြော်ငြာတုန်းက lvl တစ်ခုမှာ ကလစ်ကာတွေအတွက် ကိုယ်တိုင်ပို့စ်တင်ခွင့်ပေးမယ် တချိန် wattpad လိုဖြစ်လာနိုင်မယ်ဆိုပြီး ပြောခဲ့တယ် (မမှတ်မိရင် ကိုယ်ပြောခဲ့တာကိုယ့်ဘာသာပြန်ရှာဖတ်ကြည့်ပါ)

    ဒါပေမဲ့ ကလစ်တယ်ဆိုတာ VPN တွေကြောင့် tracking ဖြစ်မှာစိုးတာကြောင့် အမြဲ App healthy ဖြစ်ရေးဦးစားပေးကလစ်ခဲ့တာများပါတယ်
    ပြည်ပနေ fulltime သမားတယောက် App တွေ နေ့စဉ်ပုံမှန်ဝင်ပေးတယ်ဆိုတာ ရှားပါတယ် ဘာလို့ဆို တခြားတလမ်းကနေ ထောက်ပို့နေကြလို့ရယ် အချိန်လုနေရတာရယ် အလုပ်stressss တွေကြောင့်ရယ်
    (ကိုယ့်ဟာကိုယ် အမွှန်းတင်နေခြင်းမဟုတ်)

    ပို့စ်တင်ခွင့် ဖွင့်ပေးလိုက်တဲ့အခါ ကိုယ်သဘောကျရတဲ့နေရာလေး မှာဒီလိုတွေရှိတယ် သိစေချင်လို့ဆိုပြီး အရင်အစမ်းတစ်ပုဒ်တင်လိုက်တယ်
    ဒါလဲ ကိုယ်တိုင်ရိုက်ထားတဲ့ပုံနဲ့ AI ကိုရေးခိုင်းလိုက်ပြင်လိုက်နဲ့ (ဘာလို့ဆို AI (Gemini) မှာ information အဟောင်းတွေပဲရှိလို့)
    နောက်တပုဒ်က အဒ်မင်ကို မွေးနေ့ဆုတောင်းပို့စ်လေးတင်ပေးမယ် ကလစ်ကာတွေက ဝိုင်းဆုတောင်းပေးကြမယ် မွေးနေ့အမှတ်တရဖြစ်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ (အညာစစ်ဘေးရှောင်ဘက်လှမ်းလှူလိုက်တယ်) ပို့စ်တင်တယ်
    Gemini ကို ဆုတောင်းရေးခိုင်းတယ် သိပ်မကြိုက်တဲ့အတွက် ChatGPT ကိုပြန်ရေးခိုင်းရတယ်

    နောက်ဆုံးတပုဒ် (အဲ့တုန်းကတော်တော်စိတ်ဆင်းရဲနေရပါပြီ ဒါကြောင့် နောက်ဆုံးတင်ခြင်းပဲလို့ဆိုပြီး)
    အရင်ဘလော့တုန်းက (၂၀၂၁ကစပြီး) တူတူကလစ်ခဲ့တဲ့သူတွေကို သတိရနေတာရယ် လောလောဆယ်အဒ်မင်ကို စချင်တာရယ်ကြောင့် အဖြစ်အပျက်လေးတစ်ခု စဉ်းစားပြီးဟာသဆန်ဆန် ရေးလိုက်တယ် (ကိုယ့်ကိုစိတ်မဆိုးနိုင်မဲ့ (ကိုယ်ထင်ခဲ့တာ) သူတွေထဲ့ပြီးပေါ့) တချိန်တခုပေး သေချာစဉ်းစား လိုက် ပြန်ဖျက်လိုက် နဲ့
    (တင်ဖို့စဉ်းစားတုန်းက အပိုင်းလိုက်လေး အရင်တုန်းကသူတွေအကြောင်း မှတ်မိသလောက်ရေးမယ်ပေါ့)

    အဲ့လို ရည်ရွယ်ချက်နဲ့တင်ခဲ့တဲ့ပိုစ့်တွေ ဘာအကြောင်းပြချင်မှ မပေးပဲ ဖျက်ချပစ်လိုက်တယ်
    သိရတဲ့အချိန်က တော်တော်စိတ်မကောင်းဖြစ်သွားတယ် ငါဘာအမှားတွေလုပ်မိလို့လဲ????
    အပ် error လားဆိုပြီး ခဏစောင့်ကြည့်တယ်
    ပြီးတော့ စိတ်ထဲရှင်းရှင်းလင်းလင်းသိချင်တာနဲ့ ပို့စ်တင်မေးတယ်
    အဲ့တုန်းက ပို့စ်တင်တာမပိတ်ရသေးဘူး ပွင့်နေတုန်းပဲ public ပဲမဖြစ်တော့တာ
    (ကွန်ပလိန်း နဲနဲတက်ခိုက်တယ်ပေါ့)
    နောက်တော့ ပိုစ်တင်တာပါ ပိတ်ခံလိုက်ရတယ်
    ဘာကြောင့်လဲ??? တော်တော်စိတ်ဒါဏ်ရာရပါတယ်
    အာဏာရှင်ဆန်တဲ့အပြုအမှုပဲ
    "ငါ့ အပ် ငါမကျေနပ်ရင် ဖျက်ခွင့်/ပိတ်ခွင့်ရှိတယ်
    ဘာကြောင့်ဆိုတာပြန်ရှင်းပြစရာမလိုဘူး" ဆိုတဲ့သဘောသက်ရောက်ပါတယ်
    ဒါပေမဲ့လဲ ok အပ်ကနေလိုရှင်းပြတဲ့ပိုစ်မတင်ပေးနိုင် FB CB ကနေ ပဲမေးလိုက်တော့မယ်ဆိုပြီး စာပို့လိုက်ပါတယ်
    ပိုဆိုးပါတယ် ရှင်းပြဖို့မပြောနဲ့မဖတ်ပါဘူး
    မမြင်ဘူး မရောက်ဖူးဆိုရအောင်လဲ ဖေါ်လိုဝါအနဲဆုံးပေ့ချ် ပြီး ကိုယ်engagements ဖြစ်ထားတဲ့ပေ့ချ်

    အဲ့တော့ ကိုယ်ကိုမကြိုက်တဲ့နေရာလို့သတ်မှတ်ပါတယ် ဒီလောက်ကိုယ့်ကို သောက်ဂရုမစိုက်နေတာအောက်ကျနောက်ကျ လိုက်ကလစ်ပေးနေရအောင်လဲ ကိုယ့်မာနထိခိုက်လွန်းနေတယ်
    ပြီးတော့ အပ်က ပိုစ့်ကိုမြင်နေရရင် အနာဟောင်းကနာနေသေးတယ် (ခုတော့ အားလုံးဖျက်ပစ်လိုက်ပါပြီ)

    တကယ်ပါ ကိုယ့်ပို့စ်တွေဖျက်ပစ်ပြီးတော့ ကိုယ်တိုင်တောင် AI ကိုပုံထုတ်ခိုင်း စာရေးခိုင်းပြီး တင်လိုက်သေးတယ်
    ခံစားချက်မဲ့ နှလုံးသားမရှိတဲ့ ကိုကလစ်ပါပဲ

    (အမှန်တော့ ဒိထက် ရေးချင်တာတွေအများကြီးပဲ ဒီလောက်နဲ့ပဲမေ့ပစ်လိုက်ပါပြီလေ)






    ReplyDelete
  13. ဘာလို့ အဲ့လောက် ဒီပို့်စ်တင်တာ ဖျက်ခံရတာ serious ဖြစ်နေလဲဆိုတော့
    ဒီတိုင်း သူများစာ/ပိုစ့်တွေကူးတငိခဲ့တာမဟုတ်လို့ရယ်
    ပြီးတော့ ကိုယ့်ရဲ့ယုံကြည်မှုကိုရိုက်ချိုးခဲလိုက်ရသလိုခံစားလိုက်ရတာရယ်

    ReplyDelete
    Replies
    1. နောက်တစ်ခုက "နင့် ပို့စ်တွေကိုအရေးတယူ လုပ် တင်ပေးစရာလား" (အမှိုက်တွေလို့) လာပြောနေသလိုခံစားရတယ်

      Delete

Post a Comment