To those who are cruel to me, I'm going to complain with a flower . . .


ငါ့အပေါ်ရက်စက်တဲ့သူတွေကို

ပန်းကလေးနဲ့ တိုင်ပြောမယ်…။

-မောနွေ

To those who are cruel to me

I'm going to complain with a flower...

Comments

  1. 😆
    It make me smile.
    မိုးအေးလို့ ခေါက်ဆွဲပြုတ်စားနေတာ (ဘက်ဂျက်လည်းနဲနေလို့ 😅) ပြုတ်ကျတယ်ရယ် 🤣
    ကိုယ်လည်း GOD ကိုတိုင်တည်ပြောတတ်တယ်လေ (ကိုယ်ဆိုလိုတဲ့ ဘုရားသခင်ဆို တာ ဘာသာတရားတွေ နဲ့ မဟုတ်ပဲ ကိုယ်တိုင်တည်ရာ တခုရယ်ပါ ငါလေး ဘာသာမဲ့ဖြစ်တော့မလား ? 🥲)
    ဆရာတာရာမင်းဝေ ကဗျာထဲကလို ဆို
    ‘ ဘုရားက မပေးတောင်
    ဘုရားဆီကပဲ တောင်းခဲ့သူပါ
    ငါ့က်ု ယုံပါ’ ပေါ့ 😆
    ပန်းပွင့်တွေနဲ့ တိုင် လို့ရမှန်းတော့ ခုမှသိတော့တယ်

    ReplyDelete
    Replies
    1. ဒီကဗျာကို စကားပြေ ရေးမလား ပြော 😅

      Delete
    2. 😅 စိတ်ကူးတည့်ရာ လျှောက်ရေးပလိုက်မှာ
      😆

      Delete
  2. အမှန်တော့လေ
    ဘယ်ကခူးလာမှန်းမသိတဲ့ ပန်းတွေနဲ့
    မကျေမနပ် အမေကို ကွန်ပလိန်းတက်နေတဲ့ ခေးပေါက်စကို မျက်လုံးထဲ မြင်မိတာရယ် 🤣
    နောက်တခေါက်ထပ်လာရယ်တာ 😂

    ReplyDelete
  3. ငါ့အပေါ်ရက်စက်တဲ့သူတွေကို ပန်းကလေးနဲ့တိုင်ပြောမယ်

    ReplyDelete
    Replies
    1. ပန်းကလေး က ဘယ်သူလဲ ? 😅

      Delete
  4. တိုင် 😝😝😝

    ReplyDelete
  5. " ဖြူလွလွ ပွင့်ဖတ်တွေနဲ့ ချည်နှောင်
    ရနံ့ မှော်ဝင်္ကပါ တောမှာ
    ထာဝရ အကျဉ်းကျစေ မယ်...." 😅
    မရက်စက်ကြနဲ့နော် အဟိ

    ReplyDelete
    Replies
    1. သွားလေ သွားဟ
      လာ သံပုံးများတီး . . .

      Delete
    2. တောချောက်နေတာလား?
      Maleficent နဲ့တိုင်လိုက်ရမလား 🤣

      Delete
  6. ကဗျာလေး လှလိုက်တာ
    ပါးကူချပေးဖို့လ်ုလဲ ခေါ်လေနော်
    Volunteerပေါ့
    လက်နာပေမဲ့ရိုက်ပေးပါမယ် Freeအနေနဲ့ပဲ🌚😆

    ReplyDelete
    Replies
    1. စည်းပွားရေး အနေနဲ့ လုပ်ပါ့လား ? အောင်မြင်နိုင်ပါတယ်

      Delete
    2. စီးပွားရေး လုပ်လို့ရလောက်အောင်ရိုက်ရမဲ့လူ များပြားနေတာလား
      🤒🤒

      Delete
  7. ပန်းအိုးတော့ ပါပါစေ🌝

    ReplyDelete
    Replies
    1. ပန်းအိုး ပါရင် ဈေးပို ကြီးမယ်ခင်ဗျ။

      Delete
  8. ပြည်သူအများ ဘေးဒုက္ခဆိုးများမှ အမြန်လွတ်မြောက်ပါစေ
    ကလစ်ကာများအားလုံး
    အစစအဆင်ပြေ ကျန်းမာကြပါစေ

    အရေးတော်ပုံအောင်ရမည်

    ReplyDelete
    Replies
    1. အရေးတော်ပုံအောင်ရမည်

      Delete
    2. စိတ်ချ၊သွေးချင်းတူတယ်
      ၁/၁၀၀၀
      ကျေဇူးပါ Admin

      Delete
  9. ပန်းလေးတွေအကြောင်းတွေးမိတော့
    တချိန် ကိုယ့်ခြံလေးထဲ နေဖြစ်တဲ့အခါ ကရမက်ပန်းနွယ်ပင်လေးကို အခုံးလေးနဲ့ ခြံထောင့်မှာ နားနေဆောင်လေး ဆောက်မယ် နွယ်နှင်းဆီပါ တူတူရောစိုက်မယ် မွှေးပြီးလှနေမဲ့ နေရာလေးမှာထိုင်ပြီး စာဖတ်ကော်ဖီသောက် ငေးချင်ရာငေးမယ်

    ယုဇန ဆိတ်ဖလူးပန်း နဲ့ စံပါယ်ရုံလေးတွေ ခြံအဝင်နားလေးမှာ စိုက်မယ်

    ခြံထောင့်မှာ ပိတောက်ပင်ကြီး ကိုမော့ကြည့်မယ် တွေးချင်ရာတွေးမယ်

    ငုနဲ့စိန်ပန်းတွေတော့ခြံအပြင်တလျှောက် စက္ကူပန်းတွေ နဲ့ တူတူစိုက်မယ်

    စိတ်ကူးနဲ့ရူး 😅

    ReplyDelete
    Replies
    1. စိတ်ကူးနဲ့ ရူးတဲ့ ဇာတ်လမ်းအဆုံး
      .....

      Delete
    2. Moe တိမ်ပန်းချီDecember 9, 2023 at 1:55 AM

      ခြံတံခါးဝ ဘေးတဘက်တချက်စီမှာတော့ ခရေပင်လေးတွေ စိုက်မယ်

      စိတ်ကူးလေးကို ဆက်ပေးတာနော် 😍

      Delete
    3. ဟုပါ့ မိုးရေ
      ခရေပင်မေ့ကျန်သွားတယ်
      အိမ်ရှေ့မှာ ခရေပင်ဝိုင်းဝိုင်းလေး ရှိနေတာကိုမေ့သွားတယ် ကုမုဒြာတွေတောင် ခရေပင်ပေါ်ပြောင်းတင်ထားခဲ့တာ
      ခြံသေးသေးလေးရှေ့ အမေနဲ့တူတူစိတ်ကူးတည့်ရာအပင်တွေ အများကြီးစုပြံုစိုက်ထားတာ ခရေ သပြေ ငု တရုတ်စကား စံပါယ် ဆိတ်ဖလူး ဇလပ်ဖြူအဆုပ်လိုက်လေးတွေ (စက္ကူပန်းတွေက သူများခြံဘက်ရောက်လို့ ခုတ်လိုက်ရတယ် 🥲) မောနင်းဂလိုရီလေးတွေရော ဂျပန်မီးပုံးပင်လေးရော
      နှင်းဆီ နဲ့ သစ်ခွ လေးတွေ နဲနဲ

      Delete
    4. Moeတိမ်ပန်းချီDecember 11, 2023 at 1:19 AM

      WOW..ခုတောင် အပင်တွေ တော်တော်လေးကိုစုံနေပြီပဲ 😍😍
      ခြံလေးက စိတ်ချမ်းသာ စရာလေးနေမှာ❤

      Delete
    5. အိမ်ရှေ့နေရာကျဉ်းကျဉ်းလေးထဲ စုပြုံစိုက်ထားရတာ 🥲

      Delete
    6. သနပ်ခါးပင် နဲ့ ယုဇန ပင်က ကြီးလာလို့ နေရာမဆန့်လို့ သူများပေးလိုက်ရတာ
      သနပ်ခါးပန်းနံ့လေး လည်းအရမ်းကြိုက်ခဲ့တာ 🥲

      Delete
  10. စိတ်ဘဝင်မကျဖြစ်နေရင်ပန်းလေးတွေစိုက်ကြည့်ရင်းအေးချမ်းလာစေတယ်

    ReplyDelete
  11. မိုးလင်းထဲက စဉ်းစားမိတာ စားဖို့ပါဲ 😅
    ဟိုဘက်အိမ်မှာ ဘယာကြော် ကြော်နေတယ်တဲ့ သွားစားတော့မယ်
    ဆီထမင်းလေးပါ စားချင်တာ ကောက်ညင်းအဆင်သင့်ရှိမနေလို့ 🥲

    ReplyDelete
  12. ကဗျာလေးက ချစ်စရာ သိင်္ဂါရ ရသလေးပေးတယ် စဖတ်တုန်းက တကယ်ပြုံးမိတာရယ် 😍
    နူးညံ့တဲ့ ခံစားချက်လေး ၂မျိုးနဲ့

    ပထမ အခေါက်ဖတ်တော့
    ချစ်ရသူရဲ့ လျစ်လျူရှုမှုကို ကိုမခံစားနိုင်တော့လို့ ခလေးဆန်ဆန် ခြိမ်းချောက်တာ 😂 နင့်ကိုငါတိုင်ပြောမယ် ပေါ့
    ပန်းကလေးနဲ့ ဆိုတော့ စိတ်ထဲ မကျေနပ်ပေမဲ့ သူ့ကို နာကျင်စေလိုဟန် မရှိတဲ့ ရသလေးရတယ်

    ဒုတိယ အကြိမ်ဖတ်တော့
    လောကကြီးရေ ငါ့အပေါ်ဘယ်လောက်
    ရက်စက်ရက်စက် ငါ့မှာ အားကိုးစရာ ချစ်သူရှိတယ် သူရှိနေရင် ငါအဆင်ပြေတယ် ဆိုပြီးကြွားလုံးထုတ်တဲ့ မြောက်ကြွကြွ ငကြွားပုံစံ

    အဟီး ကိုယ်ထင်ရာ ကိုယ်ခံစားပြီးရေးခဲ့ 😅😂

    ကဗျာဆရာ ဖတ်မိပြီး လာရိုက်ရင်တော့ ပြေးပြီပဲ 🏃🏻‍♀️

    ReplyDelete
    Replies
    1. ချစ်စရာ အတွေးလေးပဲ

      Delete
    2. 😅 အဟီး
      တွေးချင်ရာတွေး

      Delete
  13. ပန်းလေးတွေပါ ရင်နာသွားမလား

    ReplyDelete
  14. Moeတိမ်ပန်းချီDecember 11, 2023 at 1:27 AM

    အပူတွေကူးစက်ပြီး ပန်းကလေးတွေရဲ့ လန်းဆတ်မှူ့တွေ မွှေရနံတွေ ညှိုးနွမ်းလျော့နည်း မသွားစေချင်တော့ပါဘူး
    သူတို်သဘာဝအတိုင်း လန်းဆန်းစွာ ရနံတွေ သင်းပျံစွာ ပွင့်လန်းနေပါစေတော့
    ကိုယ့်အပူတွေ ကိုယ့်ဘာသာပဲ မျိုချသိမ်းဆည်းထားလိုက်ပါတော့မယ်

    ReplyDelete

  15. သူ မချစ်နိုင်မှန်းသိတဲ့အခါ
    အသည်းတစ်ခြမ်းကွဲတယ်.....
    ကိုယ်ကမစွန့်လွှတ်နိုင်မှန်းသိတဲ့အခါ
    နောက်တစ်ခြမ်းပါ ထက်ကွဲရတယ်

    (တက္ကသိုလ်ဘုန်းနိုင်)

    ReplyDelete

Post a Comment