Color of the Year 2024 by Pantone

            အရောင်တွေဟာ စိတ်ခံစားမှုတွေကို လွှမ်းမိုးနိုင်သလို ခေတ်ရေစီးကြောင်းတွေကိုလည်း သတ်မှတ် ဖော်ကျူးနိုင်ပါတယ်။ အမြဲတစေ ပြောင်းလဲနေတဲ့ ဒီဇိုင်းနယ်ပယ်မှာလည်း အရောင်တွေက အဓိက နေရာကနေကို ပါဝင်နေပါတယ်။ နှစ်စဉ်နှစ်တိုင်း ဒီဇိုင်းနယ်ပယ်ကနေ “တစ်နှစ်တာရဲ့ အရောင် ကို ရွေးချယ်သတ်မှတ်လေ့ရှိကြပါတယ်။ ဒီ post မှာတော့ ကျွန်တော် က Color တွေပတ်သက်လာရင် ထင်ရှားပြီး အရေးပါတဲ့ Pantone ရဲ့ 2024 အတွက် ‌ရွေးချယ်ထားတဲ့ အရောင်လေးအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

            Pantone က တစ်နှစ်တာအကောင်းဆုံးအရောင်ကို ကျပန်းရွေးချယ်ထားတာမဟုတ်ပဲ၊ ခေတ်ရေစီးကြောင်း၊ လူမူအပြောင်းအလဲတွေ၊ နည်းပညာတိုးတတ်မှုတွေ၊ ယဉ်ကျေးမှုဆိုင်ရာလှုပ်ရှားမှုတွေနဲ့  ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုတွေကို ဂရုတစိုက်ထည့်သွင်းစဉ်းစားရွေးချယ်ထားတယ်လို့ ဆိုပါတယ်။ 

            Pantone ကနေ နှစ်တစ်နှစ်အတွက် ကိုယ်စားပြုအရောင် ကို ထုတ်ပြန်လိုက်တာနဲ့ အဲ့အရောင်က ဒီဇိုင်းလုပ်ငန်းအများအပြားကို လျင်လျင်မြန်မြန်ပဲ စိမ့်ဝင်လွှမ်းမိုးနိုင်ပါတယ်။ ဖက်ရှင်ဒီဇိုင်းတွေ၊ ဒီဂျစ်တယ်ဂရက်ဖစ်ဒီဇိုင်းတွေ၊ ပုံနှိပ်လုပ်ငန်းတွေ ကနေ အိမ်အတွင်းပိုင်းအလှဆင်လုပ်ငန်း၊  ထုတ်ကုန်ထုပ်ပိုးမှုတွေနဲ့ ‌‌ဈေးကွက် လှုံ့ဆော်မှုတွေ အထိ လွှမ်းမိုးနိုင်ပါတယ်။


ဒီတော့ Pantone က 2024 ခုနှစ်အတွက် ဘယ်အရောင် ကို ရွေးချယ်ထားတာပါလဲ?

သူတို့ရဲ့ လေ့လာစမ်းစစ်မှုတွေ အရ 2024 ခုနှစ်အတွက် အ‌ရောင်ကို “Peach Fuzz - မက်မွန်သီး အနုရောင် ” ပါတဲ့ခင်ဗျာ။ 

 “Peach Fuzz” — a light, fruity tone that conjures peace and serenity. “We're going through a lot of turmoil in our lives, and we have a need for a color that's nurturing,”

Leatrice Eisman (Pantone color specialist)

"မက်မွန်သီး အနုရောင်" — ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို ပုံဖော်ပေးမယ့် မက်မွန်သီး အနု လေးရဲ့ ရောင်။ "ကျွန်မတို့ ဘဝမှာ အရှုပ်အထွေးတွေ အများကြီး ကြုံနေရပြီး ပြုစုယုယပေးမယ့် ရောင်တစ်ခု လိုအပ်ပါတယ်" 

 

https://www.pantone.com/color-of-the-year/2024

(Pantone ရဲ့ Website မှာ အသေးစိပ် သွားဖတ်လို့ ရပါတယ်ခင်ဗျာ )


PMS and Other Color Systems

            Pantone က “Peach Fuzz” ရဲ့ အရောင်ကို သူ့ရဲ့ Color System နဲ့ ပြောရင် [ 13-1023 ] လိုပြောပါတယ်။ Pantone Matching System (PMS) ကနေ တခြား color systems တွေကို ပြောင်းရင် အနီးစပ်ဆုံးပဲ ယူလို့ ရတယ်လို့ တချို့ ပြောထားတာတွေ့ရပါတယ်။ ဒီနေရာမှာ Color System တွေကို အနည်းအကျဉ်းတော့ ကြားဖူးကြမယ်ထင်ပါတယ်။ နည်းနည်းလေး ပြောပြရရင် 

  • RGB (Red, Green, Blue) : ဒီဂျစ်တယ်မီဒီယာတွေမှာ အများဆုံးသုံးပါတယ်။ ဥပမာ ကွန်ပျူတာ စခရင်, TV, ကင်မရာတွေမှာသုံးပါတယ်။ အနီ၊ အစိမ်း၊ အပြာရောင် အလင်းအားတွေ ဘယ်လောက် ပါတယ်ဆိုပြီးသတ်မှတ်ပါတယ်။

  • CMYK (Cyan, Magenta, Yellow, Key/Black) : ကာလာစုံ ပုံနှိပ်လုပ်ငန်းမှာသုံးအဓိက သုံးကြပါတယ်။ မှင်အရောင် ဘယ်လောက် ရာခိုင်နှုန်းပါတယ်ဆိုပြီး သတ်မှတ်ပါတယ်။

  • PMS (Pantone Matching System) : ပုံနှိပ်လုပ်ငန်း၊ ဖက်ရှင် နှင့် ဒီဇိုင်းနယ်ပယ်တွေမှာ သုံးပါတယ်။ အရောင်တမျိုးချင်းစီကို မတူညီတဲ့ နံပါတ်သတ်မှတ်ပြီး ထုတ်ကုန်လုပ်ငန်းတွေမှာ တသားတည်းဖြစ်အောင် သုံးပါတယ်တဲ့။

  • HEX (Hexadecimal) : Web ဒီဇိုင်းတွေမှာ အဓိကသုံးပါတယ်။ အရောင်တွေကို ဂဏန်း‌ နဲ့ အက္ခရာ ‌(၆) လုံးပေါင်းပြီး သတ်မှတ်ပါတယ်။

  • HSL (Hue, Saturation, Lightness) : အရောင်တွေကို Hue (type of color) အရောင်အမျိုးအစား ၊ Saturation (intensity) ပါဝင်မှုနှုန်း၊ Lightness (brightness) အလင်းပါဝင်မှုနှုန်းတွေ အပေါ်မူတည်ပြီးခွဲခြားပါတယ်။

  • RYB (Red, Yellow, Blue) : ပန်းချီရေးဆွဲတဲ့ နေရာမှာ သုံးပါတယ်။ အရောင်သစ်တခုရဖို့ အနီ၊ အဝါ နဲ့ အပြာ (အဖြူ/အမည်း) အဓိက အခြေခံ အရောင်တွေကို ရောစပ်မှုကို မူတည်ပြီး ခွဲခြားပါတယ်။

ဒါကတွေ ‌လက်လှမ်းမှီနိုင် တဲ့ Color Systems တွေပဲဖြစ်ပါတယ်။ နောက်ထပ်လည်း အများကြီးရှိပါသေးတယ်ခင်ဗျာ၊၊ ဒီတော့ “Peach Fuzz” ကို Hex Code အနေနဲ့ ပြောင်းကြည့်ရင် အနီးစပ်ဆုံး [#FFBE98] သို့မဟုတ် [#FFB68F] လို့ ရပါတယ်။ ဒီထက် လည်း ကွဲပြားနိုင်ပါသေးတယ်ခင်ဗျာ။ 


            ဒီတော့ 2024 မှာ Trend ဖြစ်လာမယ့် အရောင်လေးနဲ့ ဖက်ရှင် အဝတ်အစား‌တွေဝယ်တာပဲ ဖြစ်ဖြစ်၊ အသုံးအဆောင် လေးတွေဝယ်တာပဲ ဖြစ် ရွေးချယ် ဝယ်ယူနိုင်ဖို့ (သို့မဟုတ်) အများနဲ့ မတူတမူထူးခြားအောင် ရှောင်ပြီး ဝယ်ယူကြစေ နိုင်ဖို့ ကျွန်တော်က လက်တို့ပေးလိုက်ရပါတယ်။


အားလုံးပဲ ဘေးအန္တရာယ်တွေ ကင်းဝေးပြီး ကိုယ် စိတ်ကျန်းမာစွာ တော်လှန်နိုင်ကြပါစေလို့ ဆုတောင်းရင်း .......

Yurnero



Comments

  1. ကိုယ်ကြိုက်တာ ကိုယ်ဝယ်မှာ ပေါ့ 🙄
    ဘာ Trend ဖြစ်တဲ့အရောင်လဲ !? 😝
    ကိတ်မုန့်အရောင်ကြီးကို 🍰

    လောလောဆယ်တော့ အဖြူ ခဲဖျော့နဲ့ navy ရောင်အနုအရင့်တွေကြိက်မိနေတယ်
    🥲😂

    ReplyDelete
    Replies
    1. အပြင်သွားစရာရှိလို့ ဝတ်စရာရှာတော့ အဲ့ကိတ်မုန့်နုရောင်ဂါဝန်တွေ ငါဘာလို့ဝယ်ထားမိတာပါလိမ့်လို့ 🥲🤣
      သေချာတာကတော့ ကာလာဘလိုင်းမဟုတ်သေးဘူး အရောင်စုံမြင်နေသေးတယ်

      Delete
  2. အရင်က Tele link တွေမှာ အဲ့လို အရောင်နုနုလေးတွေနဲ့ ပုံတွေ တအားကြိုက်ခဲ့တာ

    ReplyDelete
    Replies
    1. Moeတိမ်ပန်းချီDecember 9, 2023 at 1:44 AM

      ဟုတ်တယ်နော် အိလေး
      စာဖတ်နေရင်းနဲ့ကို
      မင်မင် အဲ့လိုအရောင် မျိုးလေးတွေနဲ့ ပုံတွေ အများကြီး လုပ်ခဲ့တယ်လို့တွေးနေတာ

      Delete
  3. အမှန်တော့အစိမ်းရောင်က ကိုယ့်အကြိုက်ဆုံး ထဲကတရောင်ပါ
    ဖွတ်စိမ်းတွေကြောင့်ရှောင်ဝယ်နေရတာ စိတ်နာတယ် 🥲😢

    ReplyDelete
  4. ကြိုက် 😍

    ReplyDelete
  5. Moe တိမ်ပန်းချီDecember 9, 2023 at 1:47 AM

    အရောင်လေးက အေးချမ်းပြီး တည်ငြိမ်နေသားပဲ

    ReplyDelete
  6. Peaches 🍑
    အရောင်နုလေးတွေ ကအမြင်အေးတယ်
    ပြင်ထားတဲ့ပုံလဲမိုက်နာ
    2024မှာFashionကျကျ နေ🌝ကြတာပေါ့

    ReplyDelete
  7. Peach Fuzz
    ငြိမ်းချမ်းမှုနဲ့တည်ငြိမ်မှု
    ကောင်းတယ်ဗျာ

    ပြည်သူအများ ဘေးဒုက္ခဆိုးများမှ အမြန်လွတ်မြောက်ပါစေ
    ကလစ်ကာများအားလုံး
    အစစအဆင်ပြေ ကျန်းမာကြပါစေ

    အရေးတော်ပုံအောင်ရမည်

    ReplyDelete
  8. ကော်ဖီသောက်ရင်း ကြည့်လိုက်မိတော့ 🙄
    ဪ……ဒါ……ကော်ဖီရောင်ပဲ လို့ 😅
    3IN1
    ဂိတ်က 3 ဆင်ပျံက 1 အသီးသီး ပေးလိုက်ရပါတယ်လို့ 😆😅😂

    ReplyDelete
  9. မျက်လုံးပြာပြာနဲ့ ကောင်လေးကပြောတယ် သူ့ဒေသမှာ အရမ်းအေးပြီး မိုးတွေပါရွာနေတယ်တဲ့ မနက်၉နာရီမှနေရောင်ကိုမြင်ရတာတဲ့
    ဟာ..အဲ့ဒါဆို နင်အကြာကြီး အိပ်ရတာပေါ့လို့ 😂
    အစောပိုင်းတွေမှာ ကိုယ်နဲ့အစေးသိပ်မကပ်တဲ့ 007ကောင်လေး 😅

    ReplyDelete

  10. လူများစု က လွတ်လပ်ခြင်းကို
    တကယ် မလိုချင်ကြဘူး
    လွတ်လပ်ခြင်း ဆိုတာက
    တာဝန်တွေနဲ့ တွဲစပ်နေတာ
    လူတွေ အများစု က
    တာဝန်ကို ကြောက်ကြတယ်

    အမှန်တရားက ငါ့ကို
    သတ်ပစ်မှာဆိုရင် သေပါစေ

    Most people do not
    really want freedom
    because freedom involves
    responsibility,
    and most people are
    frightened of responsibility.

    If the truth shall kill me, let die.

    ReplyDelete
  11. Moeတိမ်ပန်းချီDecember 19, 2023 at 9:29 AM

    လက်ဆောင် app လေး သတိရမိတယ်
    အရင်နှစ်တွေက လက်ဆောင်ထဲက PDF2U မှာ ဒီဇင်ဘာဝင်လာတညနဲ့ Newyear countdown လေး ထည့်ထားပေးတာ
    ကလစ်ရင်းနဲ့ စက္ကန့် လေးတွေ ကြည့်ကြည့်နေမိတာ အချိန်တွေ တဖြည်းဖြည်း ကုန်လာတာကို

    လက်ဆောင် app မရှိတော့ပေမဲ့ pdf2u မှာ countdown လေးပြန်ထည့်ပေးရင် ကောင်းမှာပဲနော်

    2021 သိန်းတစ်သောင်း mission တွေ
    အဲ့အချိန်က ကလစ်ကာတွေ အများကြီး စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် ပြီးတော့ ပျော်ပျော်ရွှင်ရွှင် ကလစ်ခဲ့ကြတာကို သတိရမိလို်ပါ

    ReplyDelete
  12. တမ္ဘာလုံးက webs တွေ app တွေ
    adsတွေ မက်မွန်သီးအနုအရင့် တွေ ပြောင်းကုန်ကြတာလား? 😅
    မနက်က EPL မှာ တရားဖွင့်ထားတာ IOS screen မှာ မက်မွန်သီးအနုအရင့်ရောင်တွေ နဲ့ 😅

    ReplyDelete

Post a Comment