ပရောဂျက် အောင်မြေ


Designs By Me ပါ ပေါ့ 😅

Comments

  1. ဪ နှစ်တောင်ကူးသွားပြီလား
    မက်မွန်သီးနုရောင်တွေနဲ့ မျက်စိစူးတောက်ပ နေတယ် 😁
    မင်မင်ဆင်က မိန်းခလေးပဲ ဖြစ်ရမယ် 🤔
    ကောင်မလေးပုံ တော်တော်လှပါတယ် 😁
    btw, ပဒေါင်လူမျိူးတွေမြင်တော့ အရင်အလုပ်ထဲက ကွီးယားလေးကို သတိရသွားတယ်
    သူ ထိုင်းကပြန်လာတော့ ရော့နင့်အတွက် လက်တောင်သော့ချိတ်တဲ့
    ကြည့်လိုက်တော့ ပဒေါင်လူမျိုးစုံတွဲပုံလေးနဲ့
    'ဟယ် အဲ့ဒါ ငါ့တို့လူမျိုး နိုင်ငံသားရိုးရာဝတ်စုံပါလို့" ပြောပြတာကို မယုံဘူး 'ထိုင်းတွေပါတဲ့'
    အင်းလေ ပဒေါင်လူမျိုးတွေက ထိုင်းဘက်ရောက်ကုန်ကြတာဆိုတော့ 😓
    သူက ဗုဒ္ဓဘာသာဆိုလည်း ထိုင်းဘုန်းကြီးပဲသိတာ ခဏခဏ သွားလေရဲ့
    မြန်မာသင်္ကြန် (နစ်သစ်ကူး) ကိုလည်း ထိုင်းပွဲတော်ကို လိုက်လုပ်တယ်ထင်နဲ့
    အေးပါကွာ အချောအလှပေါတဲ့မြေနဲ့တကမ္ဘာလုံးက လူငယ်တွေခြေရှုပ်တဲ့မြေက စကားကို
    တို့ က ဘယ်လိုကျော်အောင်ပြောနိုင်မှာလဲလို့ လေ 😑

    ReplyDelete
    Replies
    1. ယောက်ျားလေး ပါ။ ထိုင်း မှာ ခြေသွား ရှုပ်ပြမှ ယုံမှာဆိုလည်း သွားရှုပ်ပါ့မယ် 😁

      Delete
    2. အမ် မာ....
      ရေငတ်တုန်း ဘီယာတွင်းထဲပြုတ်ကျ 😅
      ဘျာဆိုင်ပရိုမိုးရှင်းဆင်းတဲ့ ကောင်မလေးတွေချောချက်က မင်းသမီး မော်ဒယ်အလားပဲ

      ဘန်ကောက်ကိုသိပ်မကြိုက်ပေမဲ့ street foods တွေတော့တော်တော်ကြိုက်တာရယ်

      Delete
  2. btw, FB မှာ AI ပုံတွေပလူပျံနေတယ်
    ကိုယ် ကတော့ မျက်စိနောက်လို့ မကြိုက်ဘူး mysterious တော့ဖြစ်ပါရဲ့
    Realistic သဘာဝမဆန်တော့ (ကိုယ့်တဦးတည်းရဲ့အမြင်နဲ့ဆို) မကြိုက်ပါဘူး
    လူတွေ ဆွဲထားတဲ့ သဘာဝဆန်တဲ့ ဖန်တီးမှုကိုပိုအလေးထားပါတယ်

    အပစ်အနာဆာ/လိုအပ်ချက်လေးတွေနဲ့ သဘာဝဆန်နေတာလေးပဲကြိုက်မိ

    ReplyDelete
    Replies
    1. သုံး ကြည့်သင့်ပါတယ်။ ကျွန်တော်လည်း သုံးပါတယ်။ နောက်ပိုင်း နေစဉ်ဘဝတွေမှာကို လွှမ်းမိုးလာနိုင်ပါတယ်။ မျက်စိနောက်တာကတော့ မီယံမာတွေ မို့ပါ။

      Delete
    2. အဟီး Bing ကိုစမ်းကြည့်မလို့တော့ ဒေါင်းထားတယ် 😁 မစမ်းဖြစ်သေးတာ

      Delete
    3. NY wishes poster, AI ကို
      ဆွဲခိုင်း မင်မင်ဆင် 👌😅
      AI ဘယ်လောက်တော်လဲ သိချင်လို့ပါ 😁
      (မင်မင်ဆင်: 'တော်လို့ပဲ AI ဖြစ်နေတာလေ'😅,
      Me: 'but haman being is above AI.😅) AI က computing မှာမြန်ဆန်တိကျတာတော့ တော်တယ်ဆိုပေမဲ့ တွေးခေါ်ခံစားချက်ပိုင်း လူသားလောက်ရှုပ်ထွေးပွေလီတာ လိုက်မှီပါ့မလားလို့ 😅)

      Delete
  3. အလုပ်တွေအများကြီးလုပ်နိုင်တဲ့အတွက် လေးစားပါတယ် Admin
    ကယန်းတိုင်းရင်းသားတွေက
    ချစ်ဖို့သိပ်ကောင်းတယ်

    ပြည်သူအများ ဘေးဒုက္ခဆိုးများမှ အမြန်လွတ်မြောက်ပါစေ
    ကလစ်ကာများအားလုံး
    အစစအဆင်ပြေ ကျန်းမာကြပါစေ

    ၁၁၁၁ စစ်ဆင်ရေးအောင်ရမည်
    အရေးတော်ပုံအောင်ရမည်

    ReplyDelete
    Replies
    1. ဒါပဲ တတ်နိုင်တာမို့ပါ ။
      I'm doing what I have to do .. .

      Delete
  4. Moeတိမ်ပန်းခဖီDecember 23, 2023 at 3:58 PM

    Countdown လေးအတွက် ကျေးဇူးအထူးပါ bro Min Yurnero ❤️🌹

    ReplyDelete
    Replies
    1. ဖျောက်ထားတာပါ ။ မနှစ်က Countdown timer ပါပဲ ။ ထည့်ဖို့ ပြင်နေတာ အသစ်က မကြိုက်လို့ပါ 😁

      Delete
  5. Merry Christmas To You All ⛄🎁🎄

    Love the giver more than the gift.🩷

    ✨✨✨✨✨✨✨✨✨✨✨

    အရင်နှစ်က Christmas wishes လေးတွေ ကာကာတွေနဲ့ ဆုတောင်းခဲ့ကြတာ သတိရတယ်
    ဒီနှစ်လဲ မပျော်နိုင်သေးပါဘူးလေ


    ဆန္ဒတစ်ခုပဲ ရှိတယ် 🧑‍🎄
    🙏အမြန်ဆုံးအေးချမ်းပါစေ မြန်မာပြည်

    ReplyDelete
    Replies
    1. Pre - Happy New Year ပါခင်ဗျာ 😁

      Delete
  6. Merry Christmas to you 🎄❄️

    May the sprist of Christmas bring healthy, love, happiness and true friends for your life.🪄

    ReplyDelete
    Replies
    1. ဘို လိုတွေ အရမ်းပြောတာပဲလား ? 😅

      Delete
  7. Merry X'mas .....God Bless
    မီးရောင်စုံနဲ့လှပနေပေမဲ့လည်း မပျော်မိတတ်တော့
    လူငယ်တွေက ခရစ်စမတ်ထက် နယူးရီးယားကို ပိုခုံမင်လာကြ
    လူကြီးတွေကရော...ခရစ်စမတ်ထက် ကျေးဇူးတော်နေ့ကို ပိုအလေးထားကြ

    ReplyDelete
    Replies
    1. ပျော်နေတဲ့သူတွေက များများပါ ။ ကိုယ်တွေနိုင်ငံက ဘာတွေမှန်းနေမှန်းကို မသိတော့တာ

      Delete
    2. အရေးမကြီးတာတွေကို ရေးကြီးခွင်ကျယ် အငြင်းအခုန် လုပ်နေတဲ့တိုင်းပြည် 😅

      ဇူဇူကအရမ်းချစ်ရတဲ့တိုင်းပြည် (သူ့အိပ်ကပ်ပိုပိုဖေါင်းလာလို့တဲ့ 😅)

      Delete
  8. အဲ့တာက..လည်ပင်းရှယ်နာမယ်ထင်တယ်
    မီကြားဖူးတာက အဲ့ လည်ပင်း ကအရစ်တွေကအဆင်တန်ဆာအနေနဲ့ရော အလှ အပ အဖြစ်မြင်ကြတဲ့အတွက် ပတ်ထားတာတဲ့ နောက်တခုကြားးဖူးတာက လမ်းပန်းဆက်သွယ်ရေးမဖွံ့ဖြိုးတာမို့ တိရစ္ဆာန်တွေရဲ့ ဥပမာ ကျား
    ခြသေင်္ ကိုက်ခဲတာရှိခဲ့ရင် အသက်မဆုံးရှုံးရအောင်ဘိုးဘေး ဘီဘင်တွေက ကာကွယ်တဲ့အနေနဲ့ပတ်ပေးတဲ့ ဓလေ့ကျင့်သုံးခဲ့ပြီး ဒီဟာက Culture တခုဖြစ်လာခဲ့တာတဲ့... မီကြားဖူးတာပြောပြတာ တကယ့်Factကတော့ သေချာမသိဝူးပေါ့
    အဲ့လိုစဉ်းစားကြည့်ရင် ဓလေ့ထုံတမ်းတွေဆိုတာကအံမဝင်တာမျိုးဖြစ်နိုင်ပေမဲ့ ထိန်းသိမ်းထားနိုင်ရင်တော့ကောင်းပါတယ် comfortဖြစ်ဖြစ်နဲ့ထိန်းသိမ်းနိုင်ရင်တော့ပိုကောင်းမယ် မဖြစ်တာတွေကတော့ တမျိုးစဥ်းစားသင့်တယ်
    🙊
    Merry Christmas BTW🎄🎄⛄🎁

    ReplyDelete
    Replies
    1. အဲ့လို လား ?

      Delete
    2. ဟိုး အရင်တုန်းက လွှင့်တဲ့ documentary လေးကြည့်ဖူးတယ်
      အရင်တုန်းက အသက်တနှစ်ကိုတကွင်းချင်းစွတ်ခဲ့ကြတယ်..ကွင်းတွေများလာတဲ့အခါ လည်ပင်းကရှည်လာတယ်..အဲ့ကွင်းတွေချွတ်လိုက်တဲ့အခါ လည်ပင်းကအဆင်မပြေတော့ဘူးတဲ့ medic term နားမလည်တော့မပြောတော့ဘူး
      သေလောက်တဲ့အထိ အန္တရာယ်များပါတယ်တဲ့
      နောက်ပိုင်း ကွင်းတွေအများကြီးကိုပေါင်းထားပြီး နောက်ကအကွဲလေးနဲ့စွတ်ချတဲ့နည်းပဲသုံးကြတော့တယ် ချွတ်ထားလို့လည်းရ
      (ချင်းမိုင် ဘက်မှာ ပဒေါင်ရွာရှိတယ်လို့သိရ...ချင်းမိုင်ဘက်သွားချင်တာလေး မဖြစ်ခဲ့သေးဘူး ) ' ကြုံ ဝင် ပွား ' ကိုယ့်တရုတ်နာမည်ပါ 😁

      Delete
    3. Documentary လဲကြည့်ဖူးသလိုတော့ရှိတယ် မမှတ်မိတာလေး တခုပဲ
      🌝
      ဒါမဲ့ တကယ်ဝတ်ခံရတဲ့သူကရော လှတယ် လို့တွေးရဲ့လား မတွေးရင်တော့ မမိုက်ဘူး နေ့တိုင်းပတ်ထားဖို့က..အဲ့လို ထင်တယ်မလား🙄

      Delete
  9. စာအရှည်ကြီး လာမန့်မယ်နော် 😁👌
    (FB မှာမရေးချင်လို့ ရင်ဖွင့်တယ်လို့ပဲသဘောထား 😅)

    စခ တကောင်ဆေးကြောင်ပြီး မိန်းမကို၂ပိုင်း ပိုင်း xတ်ပစ်တယ်ဆိုတဲ့အကြောင်းရယ် ခစတွေ ဆေးသုံးကြတယ် ဆိုတာကြားတော့
    ဟိုးအရင်တုန်းကကြည့်ခဲ့ဖူးတဲ့ စနိုက်ပါကားလေး
    သွားသတိရတယ် အမေရိကန် စနိုက်ပါလို့ထင်တယ် (တခြားစနိုက်ပါကားတွေနဲ့လဲ ရောနိုင်ပါတယ်)
    အီရတ်စစ်မြေပြင်ကနေ အိမ်ပြန်လာရင် သူရဲ့စိတ်ကပုံမှန်မဟုတ်တော့ဘူး စစ်မြေပြင်မှာ တခါတလေ မှားယွင်းပစ်မိတာရှိတယ် ပြီးတော့ တဖက်က ဒါးစာခံ ကလေး အမျိုးသမီးတွေ သုံးလေ့ရှိတယ် တခါတလေ မ xတ်ချင်ပဲ xတ်လိုက်ရတဲ့ အခါတွေရှိတယ် (အဲ့ဒါတွေက သူ့စိတ်မှာ ရန်သူကို သူပစ်ကိုယ်ပစ် ပစ်ရတာထက် ခက်ခဲနေတယ် Guilty ဖြစ်နေတယ်ပေါ့) အိမ်ပြန်ရောက်ရင် အဲ့ဒီစိတ်ဒါဏ်ရာတွေကို ပြန်ကုစားရတယ်
    ဒါပေမဲ့ ကိုယ့်လူတွေကို ကယ်ဖို့ဆိုပြီး စစ်မြေပြင်ကိုသူထပ် သွားနေခဲ့ရတယ်

    ဆိုတော့...ဘယ်သူကမှ လူxတ်ရတဲ့အရာကို ပျော်ရွှင်စရာလို့ မထင်ကြဘူးလေ
    ထင်နေရင်လည်း အဲ့ဒါလူသာမန်မဟုတ်တော့ဘူး တခုခုတော့မှားယွင်းနေပြီ

    စခတွေကဟာ အထက်အမိန့်အရပဲဖြစ်ဖြစ် ကိုယ့်ဆန္ဒအရပဲဖြစ်ဖြစ် အပစ်မဲ့ ပြည်သူတွေ ခုခံနိုင်စွမ်းမရှိတဲ့ သူတွေအများအပြားကို ရက်ရက်စက်စက် xတ်ပစ်ခဲ့ကြတယ် မီးရှို့ခဲ့ကြတယ် ဒီထက်ဆိုးဝါးတဲ့လမ်းစဉ်တွေပါသုံးခဲ့ကြတယ်
    အဲ့ဒီလုပ်ရပ်တွေဟာ မှန်ကန်ပါတယ်လို့ ကိုယ့်ကိုယ်ကိုယ် ညာဖို့ , ကိုယ်တိုင်လုပ်ခဲ့တဲ့ အဖြစ်အပျက်ဆိုးတွေကို မေ့ပျောက်နိုင်ဖို့, ကိုယ့်အလှည့်ဘယ်တော့ရောက်မလဲဆိုတဲ့ကြောက်ရွံ့စိတ်တွေကို မေ့ပျောက်နိုင်ဖို့ ဆေးသုံးကြမယ်လို့ ယူဆပါတယ် (ကိုယ့်အမြင်ရယ်ပါ)

    ကိုယ့်လူမျိုးအချင်းချင်းပြန် xတ် နေရတဲ့ပြည်တွင်းစစ်ရဲ့ဆိုးမွေတွေ....ကိုယ့်ဘက်က သူတွေကိုတော့ စိတ်ဒါဏ်ရာတွေသယ်ဆောင်မသွားစေချင်ပါဘူး
    တလရကြီး မြန်မြန်ပြီးစေချင်ပါပြီ တတ်နိုင်တဲ့နေရာကနေလည်း အမြဲပါဝင်နေမြဲပါပဲ

    ReplyDelete
    Replies
    1. 正義の裏 犠牲の中 心には悪魔の子 [悪魔の子 - Akuma no Ko - Ai Higuchi]

      ဒီမှာ ဘယ်သူမှ မလာတော့ပါ 😁

      Delete
    2. 🎶🎵 အာ...ချီ နို...မိုတို 🎶 😁😅 ပဲပင်ပေါက်တွေမဖတ်တတ်ဘူး...

      အဟီး ၃ရောင်ခြယ်ဘာသာပြန်ထားတဲ့ ဟိုသီချင်းမှန်းသိပါတယ်နော် 😅

      Delete
  10. စိတ်ပူတယ် brother 🥺

    ReplyDelete
    Replies
    1. လွမ်းနေတာ

      Delete
  11. ခုတော့ ပဒေါင်လူမျိုးတွေ စစ်ရှောင်ရင်း ယိုးဒယားဘက် တော်တော်များများ‌ရောက်သွားကြပြီ 😞

    ReplyDelete

Post a Comment