တိမ်တွေဟာ သူ့တရားနဲ့သူ

မီးစိမ်းပြလို့လည်း မသွား
မီးနီပြလို့လည်း မရပ်နား
တိမ်တွေဟာ သူ့တရားနဲ့သူ

စိုင်းဝင်းမြင့်




Comments

  1. ဒါပေမဲ့ လေနှင်ရာတော့ ပါသွားတတ်တယ် 😅
    တိမ်တွေဟာ မမြဲခြင်းသဘောကိုအမြဲဆောင်တယ် 😁
    ဒါပေမဲ့ တိမ်တွေကြည့်ရတာတော့ကြိုက်မိတယ် sunset တို့ sunrise တို့ တိမ်ပင်လယ်တို့ ဘာတို့

    ReplyDelete
    Replies
    1. (ခလေးဘွကနေ ခုချိန်ထိ ကိုယ့်ကို စိတ်ဝင်စားမှုအပေးဆုံးက တိမ်တိုက်တွေပဲ)
      ထရီဇာ ရဲ့သီချင်းလေးနဲ့ ဖီးလ် 😅
      ဖြူဖြူ့ သီချင်းနဲ့ မျက်ရည်ကျ 🥲
      ခုကဗျာဖတ်မိတော့ ပြန်စဉ်းစားမိတာက
      ဪ စည်းမဲ့ ကမ်းမဲ့ တိမ်တွေပါလားလို့ သူတို့ကြောင့် ဘက်ဂျက်air စီးတဲ့အခါ တဒုန်း ဒုန်းနဲ့ လေယာဉ်တုန်ခါနေတာကိုးလို့
      သူတို့ကတော့ သူ့တရားနဲ့သူ
      ကိုယ်တွေလည်း ကိုယ့်တရားနဲ့ကိုယ် (ဘုရား တ ရလို့) 😅
      ဘွမှာ အမှတ်ရဆုံးကတော့ မနက်အစောဆုံး လေယာဉ်စီးပြီး ရန်ကုန်လေဆိပ်ရောက်ပြီးမှ ချင်းမိုင်လေဆိပ်သွားနား(အပြင်လည်းထွက်မရနဲ့) ည ၈နာရီလောက်မှအိမ်ပြန်ရောက်ရတဲ့ တနေ့
      ဪ တိမ်တွေဟာ သူ့တရားနဲ့သူ 😅

      Delete
  2. မိုက်စ် 😍 khun

    ReplyDelete
  3. လူတွေလည်း သူတို့တရားးနဲ့သူ🥰🥰

    ReplyDelete
  4. ပန်းချစ်သူNovember 14, 2023 at 8:31 AM

    ကျွန်မလည်းကို့တရားနဲ့ကို

    ReplyDelete
  5. Moeတိမ်ပန်းချီNovember 15, 2023 at 5:00 AM

    ကိုယ်တိမ်တွေကို သဘောကျရတဲ့အကြောင်းရင်းက တစ်ခုထဲပဲ
    စိတ်တွေ ဘယ်လောက်ပဲ မွန်းကြပ်ပင်ပန်းနေပါစေ
    ပုံစံအမျိုးမျိုးနဲ့ ရွေ့လျားနေတဲ့
    တိမ်တွေကို မော့ကြည့် လိုက်ရရင် စိတ်ထဲမွန်းကြပ်မှူ့တွေ့လျော့ ၊ စိတ်တွေပေါ့ပါးလန်းဆန်းလာရတယ်။

    မိုးရွာခါနီး ညို့ညို့စိုစိုတိမ်တွေဆို တခုခုကို လွမ်းသလို

    ပြာလွင်လွင်ကောင်းကင်ထဲက တိမ်ဖြူဖြူ အဆုပ်အဆုပ်တွေမြင်ရင် ကြည်လင် ငြိမ်းချမ်းရ

    အကျည်းတန်လှချိန်လို် ခေါ်ကြတဲ့ နေညိုတိမ်တောက်ချိန်ရွှေရောင် တိမ်တွေကကျ စိတ်ကူးယဉ်စရာ အကောင်းဆုံးအချိန်ပေါ့ 😍

    တိမ်တွေ အပေါ် အဆိုးအကောင်း ဘယ်လိုအမြင်ပဲ ရှိကြပါစေ
    ကိုယ်က တိမ်တွေကို အမြံ နှစ်သက်နေမှာပါပဲ။

    ReplyDelete
    Replies
    1. Moeတိမ်ပန်းချီNovember 15, 2023 at 5:05 AM

      တိမ်တွေကို အမြဲမော့ကြည့်နေရတော့
      ငုံကြည့်ရတာမျိုးလည်း မြင်ဖူးချင်သား
      websitr တခုထဲ မှာ အသွားချင်ဆုံးနေရာ ငါးခုကိုဖြေခိုင်းတော့ တိမ်ပင်လယ်ကိုပါ ထည့်ရေးခဲ့သေးတယ်။
      အခွင့်အရေးရရင် သွားချင်ပါသေးတယ်။

      ကဗျာလေးအတွက် ကျေးဇူးအထူးပါ bro Yurnero ❤

      Delete
  6. Lovely 😍❤️

    ReplyDelete
  7. တခါတလေတော့လည်းဘာရယ်မဟုတ်ဘူးတိမ်တွေကိုကြည့်ရတာသဘောကျမိတယ်

    ReplyDelete
  8. ပြည်သူအများ ဘေးဒုက္ခဆိုးများမှ အမြန်လွတ်မြောက်ပါစေ
    ကလစ်ကာများအားလုံး
    အစစအဆင်ပြေ ကျန်းမာကြပါစေ

    အရေးတော်ပုံအောင်ရမည်

    ReplyDelete
  9. ကိုယ့် ခေးနဲ့ ကိုယ်😁

    ReplyDelete

  10. မိတ်ဟောင်း
    ဆွေဟောင်းတွေ တွေ့ရတာ
    ရတနာသိုက်တွေ့ရသလိုပဲ

    လိပ်ပြာလုံ လုံ
    တွေ့နိုင်ကြတယ်

    မြို့သိမ်းတိုက်ပွဲ မှသည်
    နိုင်ငံသိမ်းတိုက်ပွဲ ဆီသို့
    ချီတက်ကြ

    အာလုံး ရုန်းကြ မယ်💪



    ReplyDelete
    Replies
    1. ယနေ့မြေပြင်လိုအပ်ချက်သည်
      မြေပြင်အဖွဲ့တွေ စုစည်းကြ ပူးပေါင်းကြ အတူလက်တွဲပြီး စခတွေကို မောင်းထုတ်ကြဖို့လိုအပ်တယ်

      သင်တို့အင်အားသည် သင်တို့စုစည်းမှုတွင်းရှိသည်

      သဘောထား မတူလို့ရတယ်
      လမ်း မတူလို့ရတယ်
      ခွေးကိုတော့ အတူတူ
      မောင်း ထုတ်ဖို့လိုတယ်

      လမ်းမတူလည်း
      လူချင်း ဆုံနေကြပြီပဲ

      "နေရာစုံ အကုန်ချ
      စစ်ခွေးတွေ အကုန်ကြွ"


      Delete
    2. လူချင်းဆုံခဲ့ရပြီ

      Delete
  11. ပန်းသီး ဒိတ်ရင်လည်း ဒီဘလော့လေး ရောပျောက်သွားဦးမှာလား? 😢

    ReplyDelete
    Replies
    1. ပန်းသီး EPL update မှာ ဒီဘလော့လေး ပြန်ထည့်ပေးဖို့ပြောပေးနော် မင်မင်ဆင်
      ကိုယ်ပြောချင်ရာ ပေါက်တတ်ကရာ စိတ်ထွတ်ပေါက်တခုလိုလာပြောခွင့်ရနေတဲ့ နေရာလေးတခုလိုဖြစ်နေလို့ 😅
      စက်ရုပ်မှာ မပါလာတော့

      Delete
  12. Better days are coming 😍

    ReplyDelete
  13. Better days are coming ❤️

    ReplyDelete
  14. နေကြာပန်းခင်းကို အိပ်မက်မက်ပြန်တယ်
    ဒီအချိန် တောင်နေကြာတွေ နဲ့ အရမ်းလှနေမဲ့ လွိုင်ကော်လမ်း လေး လွမ်းသွားမိတယ်
    ဒေသခံတွေ အပေါ်
    ငြိမ်းချမ်းခြင်းတွေ ချွင်းချက်မရှိ ဆိုက်ရောက်ပါစေ

    ReplyDelete
    Replies
    1. တောင်နေကြာတွေ အရမ်းလှနေခဲ့ မိုးဗြဲကန်ကြီးလည်း အရမ်းလှနေမှာပဲ
      အင်းလေးကနေ လွိုင်ကော်ကို မိုးဗြဲကန်ကြီးဖြတ်ပြီးစက်လှေနဲ့ သွားကြမယ်ဆိုပြီး မသွားဖြစ်ကြသေးဘူး
      လွမ်းတယ်
      မက်ခေါက်မှုန့်နဲ့တို့စားရတဲ့ ကယားဝက်အူချောင်းတွေရယ် ဝက်သားဟင်းထုတ်ရယ်
      တလရပြီးရင် နယ်စပ်ဒေသက တိုင်းရင်းသားရွာမှာ အချေခြပြီး ကိုယ်တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ရင်းနေသွားချင်တယ်ဆိုပြီး ပြောမိဖူးပါရဲ့

      ဒါပေမဲ့ ဟိုဝံကြီးရဲ့ ‘ဖက်ဒရယ်ဘလာဘလာ …မြောက်မြန်မာတွေ ကျန်ခဲ့မယ် ‘ ပြောတာကြားချိန်
      အဲ့ဒီ မြောက်မြန်မာက သူတွေက တောင်ပေါ်မြေပြန့်မခွဲပဲ ရှိသမျှကမ်ပိန်းတိုင်းလိုက်ပါနေတာလေ
      မြို့ပေါ်ကပေါ်ပင်ပျော်နေတဲ့ လူအုပ်ကြီးကို မြောက်မြန်မာလို့ သတ်မှတ်တာတော့ ဝံြကီး ဦးနှောက်ကိုဖေါ်ပြလိုက်တာပဲ
      ပိတ်ရက်တွေ လုယက်တို့းဝှေ့အိမ်ပြန်ကြလို့ အမြန်လမ်းတွေပိတ်ကြပ် မြိ့ုထဲလမ်းမပေါ်ကားကြပ်တာတွေ့လျှော့သွားလို့ ကိုယ်တွေကြိတ်ပျော်ခဲ့ရဖူးတယ်
      ကိုယ်တွေတောင်လှောင်ခဲ့ဖူးတယ် တောသားကင်းစင် ရန်ကုန်တခွင် လို့

      ရန်ကုန်ဟာခုထိသွေးမအေးသေးလို့ ပိုစတာတွေ နေရာတကာတွေ့နေရတာပဲလေ

      ရန်ကုန်ဟာ multi- culture မြို့ပါ ရန်ကုန်ကိုမြောက်မြန်မာလို့ အပေါ်ယံကြည့်စွပ်ဆွဲပြီးထားခဲ့ရင်လည်း ဝံဂျီးတို့သဘောပါ (ဝံဂျီးစကားတွေက နုဂျီကို ကိုယ်စားမပြုဘူးလို့တော့ သတ်မှတ်ထားချင်တယ်) တခါတုန်းကလည်း ရန်ပုံငွေမရ ရင် တလရ ဟာ ရပ်သွားမယ် ပြောဖူးပါရဲ့

      Delete
  15. ဆေးပေါင်း ခ တဲ့ ည
    ခွေး မောင်း ချ မည့် ည


    ၂၇.၁၁.၂၀၂၃

    1127 operation


    ReplyDelete
  16. တလရ (ပြည်တွင်းစစ်) ရဲ့ဆိုးကျိူးတွေထဲကတခုကတော့ "လူတွေ အတုံးအရုံးသေတာမြင်ရတိုင်း ပျော်နေကြတယ်, အားပါးတရ ရယ်မောနေကြတယ်(ဟိုဘက်ဒီဘက် အပြန်အလှန်) " အသက်တွေဟာတန်ဖိုးမဲ့လွန်းစွာ ဆုံးရှုံးနေကြတယ်
    တခုခု ဆိုတာနဲ့ လက်နက်နဲ့ဦးစွာဖြေရှင်းလာကြတယ်
    အမြင်မတူတာနဲ့ လွယ်လွယ်ကူကူ ဒလံ လို့တံဆိပ်တပ်ပြစ်လိုက်ကြတယ် သတ်ဖြတ်ဖို့အထိ အားပေးအားမြောက်စကားတွေရေးသားလာကြတယ်
    (ဒလံ စစ်စစ်တွေကတော့ အန္တရာယ်များလို့ ရှင်းသင့်ပါတယ်)

    တရက် တူလေးဖုန်းဆက်လာတယ်
    သူ့သူငယ်ချင်းရဲ့ ညီလေး အထဲမှာ မှားပစ်ခံရတယ်တဲ့ အဲ့ဒါသူသဂြိုလ်စရိတ်ကူပေးချင်တယ်ဆိုပြီး
    အကြောင်းအရာတွေကို သူကတော်တော်ပြောပြချင်တာ ပြောနေရင်းဖုန်းလိုင်းကျသွားတယ် ကိုယ်လည်းနားမထောင်ချင်တာနဲ့ ပြန်မခေါ်ဖြစ်ခဲ့
    ဘယ်လိုအမှား/အပစ်တွေကြောင့် ခလေးတယောက်ကို ပစ်ခတ်အပစ်ပေးရသလဲ ကိုယ်မသိချင်တော့
    မိဘတွေ ဘယ်လောက်ခံစားရမလဲ မသိချင်တော့

    ReplyDelete
  17. Better days are coming ❤️

    ReplyDelete
  18. မီးဝါ ပြရင်ရော ?
    ကိုယ်ကတော့ အတင်းဖြတ်မောင်းပစ်တာလေ 😂
    တခါမှတော့လိုင်စင်အသိမ်းမခံရသေး 😅

    ReplyDelete
    Replies
    1. အခု တော့ ဝါခါနီး ဖြတ်ကွေ့ရင်တောင် သောက်ဘဲဥတွေက အမှုရှာတာနော် ရုံးရောက်မှ ပြန်စစ်ဆိုပြီး ရစ်တာ

      Delete
    2. သောက်ဘဲဥတွေက ငွေရှာတာ 😅
      ကိုယ့်မောင်လေး လိုင်စင်သိမ်းခံရသေးတယ် ၅၁လမ်းရုံးသွားထုတ်ဘာညာခပ်တည်တည်နဲ့ပြောသေးတာ ပိုက်ဆံလည်းထုတ်ပေးရော နောက်တခါသတိထား ဘာညာသာရကာ ဖြစ်သွားရော
      ကိုယ်ကတော့ လမ်းစည်းကမ်း ယာဉ်စည်းကမ်း အတိအကျလိုက်နာပါတယ် တခါတလေ မီးဝါဖြတ်မိတာက အရှိန်ပါလာတာရယ် မီးပွိုင့်တွေက ဖျတ်ခနဲ့ ဝါသွားရင် မရတော့ဘူးလေ

      Delete
  19. Cloud has their way.

    ReplyDelete
  20. What about iCloud? 😅
    My phone said buy free space in clouds ☁️ but I don’t care LOL

    ReplyDelete
  21. ငါလည်း ငါ့တရားနဲ့ငါနေချင်သလိုနေတာ့မယ် 🤣

    ReplyDelete

Post a Comment