Revolution Burnout
“တော်လှန်ရေးကာလ ပင်ပန်းနွမ်းနယ်မှု (Revolution Burnout)”
အခုဆို တော်လှန်ရေးကာလက ၁ နှစ်နဲ့ ၄ လကျော်လာပြီ။ ဘယ်တော့ ထပ်ကြာဦးမယ် ဆိုတာလည်း မသိဘူး။ ဒီတော့ အစကတည်းက တစိုက်မတ်မတ်နဲ့ ပါဝင်ခဲ့ကြသူတွေအနေနဲ့ Burnout ဖြစ်သလို ခံစားနေကြရတာ သတိထားမိပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ တော်လှန်ရေး ညီအစ်ကိုမောင်နှမများအတွက် ရည်ရွယ်ပြီး မျှဝေပေးပါရစေ။

• စိုးရိမ်ပူပန်ခြင်း
• ခေါင်းကိုက်ခြင်း၊ ညဘက် အိပ်မပျော်ခြင်း
• စိတ်ခံစားချက် လွန်ကဲခြင်း သို့မဟုတ် ဘာခံစားချက်ရယ်မှ မရှိတော့အောင် ထုံထိုင်းသွားခြင်း
• ဖန်တီးနိုင်စွမ်းများ ကျဆင်းခြင်း
• စိတ်ပိုင်းဆိုင်ရာ အကဲဆတ်လာခြင်း
• စွမ်းဆောင်ရည် ကျလာခြင်း
• အာရုံစူးစိုက်ရ ခက်ခဲလာခြင်း စတာတွေ ဖြစ်ပါတယ်။ ကျွန်တော်ထင်တယ်၊ တော်တော်များများမှာ ဖြစ်နေကြပါလိမ့်မယ်။ အရင်က ကိုယ်မဟုတ်တော့သလိုကို ခံစားနေကြရတယ်။
ဒီအခြေအနေက လူကိုယ်တိုင်ကို ထိခိုက်စေသလို တော်လှန်ရေးထဲ ပါဝင်နိုင်စွမ်းကိုလည်း ကျဆင်းစေတယ်။ ပြောမှားဆိုမှား၊ လုပ်မှားကိုင်မှား၊ ဆုံးဖြတ်ချက်မှားတွေ ဖြစ်လာစေတယ်။

၁။ ကိုယ့်အတွက် အချိန်ပေးပါ။
Selfish နဲ့ Self-care ကွဲဖို့ လိုပါတယ်။ ဒါက တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ပါဘူး။ ရေရှည်ဆက်လုပ်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ခြင်း ဖြစ်ပါတယ်။ နားသင့်တာအခါ နား၊ ငြင်းသင့်တဲ့အခါလည်း ငြင်းဖို့ လိုပါလိမ့်မယ်။ တာတိုမှာ ပြေးအားဟာ အရေးပါပေမဲ့ တာဝေးမှာကျ ပြေးအားအချိန်အဆက ပိုလိုအပ်ပါတယ်။
ဒီတော့ ရုပ်ရှင်ကြည့်တာ၊ သီချင်းနားထောင်တာ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ၊ စာဖတ်တာ စသဖြင့် ဝါသနာပါတာလေးတွေ၊ စိတ်ကို အပန်းပြေစေမှာလေးတွေလည်း လုပ်ပါ။ ရုပ်ရှင်ကြည့်တဲ့ ၂ နာရီကို ကလစ်လုပ်လိုက်ရင် အများကြီး အကျိုးရှိသွားမှာ ဆိုတာမျိုး မတွေးပါနဲ့။ ဒီ ၂ နာရီက နောက်ထပ် နောက်ထပ် ရက်ပေါင်းများစွာ မှန်မှန်ကလစ်နိုင်ဖို့ အထောက်အကူပေးမယ် ဆိုတာ သတိရပါ။
၂။ ဖေ့စ်ဘွတ် လျှော့သုံးပါ။
လူရာပေါင်းများစွာ တစ်ယောက်တစ်ပေါက် ပြောနေတဲ့ ခန်းမကြီးလို့ မြင်ကြည့်လိုက်ပေါ့။ အသံသာ မထွက်တာလေ။ ဘယ်လောက် စိတ်ရှုပ်စရာ ကောင်းသလဲ။ ဒီတော့ အချိန်လေးနဲ့ သုံး။ နောက် ကိုယ့်စိတ်ကို ညစ်ညူးစေမဲ့ ပို့စ်တွေ မဖတ်နဲ့။ ကွန်မန့်တိုင်းကို လိုအပ်တာထက် ပိုပြီး တုံ့ပြန်မနေနဲ့။ Block သင့်တဲ့လူဆို Block ထား။ Unfriend/ Unfollow လုပ်သင့်လုပ်။
တာဝန်ကြီးကြီး ယူထားတဲ့သူတွေ၊ Public figure တွေဆို (အထူးသဖြင့် ကိုယ့်စိတ်က ဘယ်လိုမှ အဆင်မပြေတဲ့အခါမှာ) Page admin ကို ကိုယ်တိုင်မကိုင်ဘဲ တခြားလူ ပေးကိုင်ထားလိုက်လို့ ရတယ်။ ကိုယ်က Guideline လေးပဲ ချပေး။ စာလေးရေးပြီးပဲ ပို့ပို့ပေးလိုက်။ ဒါဆို အနည်းဆုံးတော့ ဆဲဆိုဝေဖန်နေတဲ့ ကွန်မန့်တွေ တိုက်ရိုက် မဖတ်ရ၊ မမြင်ရတော့ဘူး။
၃။ လေ့လာသင်ယူပါ။
တော်လှန်နေရင်းလည်း လေ့လာနေလို့ ရတယ်။ ပညာရပ်တစ်ခုခု၊ ဘာသာစကားအသစ်၊ ကျွမ်းကျင်မှုတစ်ခုခု သင်နေပါ။ တော်လှန်ရေးနဲ့ ဆက်စပ်တဲ့ ကျောင်းတွေမှာ သင်ရင် ငွေကူသလိုတောင် ဖြစ်သေးတယ်။ တစ်ဖက်ကလည်း စိတ်တည်ငြိမ်မှုကို အများကြီး ရစေတယ်။
၄။ Focus on the things you can control & Push the boundaries.
၁၀၀ ဖိုးလောက် လုပ်နိုင်တာကို ၁ ကျပ်ဖိုးလောက် လုပ်ပြီး ဇွတ်လိပ်ပြာလုံချင်နေရင်လည်း အဆင်မပြေဘူး။ တစ်ဖက်ကလည်း ကိုယ်မတတ်နိုင်တဲ့ကိစ္စတွေ၊ ကိုယ့်ထိန်းချုပ်မှုရဲ့ အပြင်ဘက်မှာ ရောက်နေတဲ့ ကိစ္စတွေကို စိတ်ပူလွန်းရင် ကြာတော့ ထိလာလိမ့်မယ်။ ဒါကြောင့် ကိုယ်တတ်နိုင်တာ အာရုံစိုက်။ တစ်ဖက်ကလည်း ကိုယ့်ရဲ့ လုပ်နိုင်စွမ်း အကန့်အသတ်ကို တွန်းထုတ်။ လုပ်လို့ ရနိုင်တာ အကုန်လုပ်။ ဒါဆို အတွေးတွေလည်း တောင်ရောက်မြောက်ရောက် မဖြစ်တော့ဘဲ အဆင်ပြေလာလိမ့်မယ်။
၅။ စိတ်တူကိုယ်တူ ညီအစ်ကိုမောင်နှမတွေနဲ့ အချိန်များများကုန်ဆုံးပါ။
ဖေ့စ်ဘွတ်ဖွင့်လိုက်လို့ ရေပေါ်ဆီတွေကို မြင်ရင် အနည်းနဲ့အများတော့ စိတ်တိုတာပဲ။ မနေ့ကဆို ပွဲလေးတစ်ခု တက်ရတယ်။ တော်လှန်ရေးမှာ ပါဝင်နေတဲ့သူတွေ ဆုံကြတာပေါ့။ အဲဒီမှာ တစ်ယောက်က ပြောတယ်။ ကျွန်တော်တို့ကို အလှူရှင်တွေလို့ မခေါ်ပါနဲ့တဲ့။ ကျေးဇူးလည်း မတင်ပါနဲ့တဲ့။ ကျွန်တော်တို့ အမိုးအကာအောက်မှာ အေးအေးဆေးဆေး နေနိုင်အောင် မြေပြင်မှာ တိုက်ပွဲဝင်နေကြတဲ့ PDF တွေကိုသာ ကျွန်တော်တို့က အကြွေးတင်နေတာပါတဲ့။ ဒီလောက်ကတော့ ကူကိုကူရမှာပဲတဲ့။ ပြောသွားတာ။
ဒါမျိုးလေးတွေ ကြားရတော့ ငါတို့ချည်းပဲ မဟုတ်ဘူး ဆိုတဲ့ ခံစားချက်ကလေး ပြန်ဝင်လာတာပေါ့။ သိတာကတော့ သိပါတယ်။ ဒီလိုလူတွေလည်း အများကြီး ရှိနေသေးလို့သာ တော်လှန်ရေးက ခုလောက်ထိ ခရီးပေါက်လာတာလေ။ တစ်ခါတလေကျတော့လည်း မေ့မေ့သွားတာပေါ့။ ဒါကြောင့် ဖေ့စ်ဘွတ်ပေါ်က ပို့စ်တွေကြောင့် စိတ်တိုနေမဲ့အစား စိတ်တူကိုယ်တူအချင်းချင်း များများထိတွေ့ကြ၊ ရင်ဖွင့်ကြတာ ပိုကောင်းပါတယ်။
၆။ Meditation လုပ်ပါ။
ဘာသာရေးအလုပ် မဟုတ်ပါဘူး။ နောက်ပြီး တရားတွေပေါက်ပြီး လောကကြီးကို စိတ်ကုန်သွားစေတဲ့ အလုပ်မျိုးလည်း မဟုတ်ဘူး။ စိတ်ကို တည်ငြိမ်စေတယ်။ ခိုင်မာစေတယ်။ မြင်မြင်သမျှ၊ ကြားကြားသမျှကို လိုက်ခံစားမနေတော့ဘဲ လုပ်သမျှ တုံ့ပြန်မှုတိုင်းက Mindful reaction ဖြစ်လာတယ်။ ပြဿနာ ဖြေရှင်းတာတွေ ပိုအဆင်ပြေလာတယ်။ Crisis handling တွေ ပိုအားကောင်းလာတယ်။
တရားထိုင်ထားတဲ့သူရဲ့ စိတ်ဟာ ပျော့ပျောင်းစွာနဲ့ သန်မာနေတာမျိုး၊ တည်ငြိမ်စွာနဲ့ အားကောင်းနေတာမျိုး၊ အေးချမ်းစွာနဲ့ သတ္တိရှိနေတာမျိုးပါ။ ဒါကြောင့် အဆင်ပြေရင် စမ်းလုပ်ကြည့်ကြဖို့ တိုက်တွန်းပါရစေ။
၇။ ဒိုင်ယာရီ ရေးပါ။
Journaling လုပ်တယ်လို့လည်း ခေါ်ပါတယ်။ တစ်ခါတလေ စိတ်ခံစားချက်တွေ တအားများနေတဲ့အခါ စာအုပ်ထဲ ချရေးလိုက်ရတာက တအားသက်သာစေပါတယ်။ ဘယ်သူ့မှလည်း ပေးဖတ်စရာ မလိုတော့ ဘယ်သူ့မှ ပေးမသိချင်တဲ့ ခံစားချက်တွေကအစ အကုန်ရေးလို့ ရတယ်။ နောက် ကိုယ် ဘာတွေ ဖြစ်နေတယ်၊ ခံစားနေရတယ် ဆိုတာလည်း မြင်သာသွားစေပါတယ်။

ဖိုးသူတော် လဲရင် တောင်ဝှေးမထူနိုင် ဆိုတဲ့ စကားရှိတယ်။ ခုချိန်က စစ်ဖိနပ်အောက် အလဲလဲအပြိုပြို ဖြစ်နေတဲ့ တိုင်းပြည်ကို ဆွဲထူနေကြတဲ့အချိန်ပါ။ ကိုယ်တိုင်က အရင်လဲနေလို့ မဖြစ်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင် နေပါ။ ဂရုစိုက်သင့်သလောက် စိုက်ပါ။ Positive action တွေလည်း များများလုပ်ပေးပါ။
ဒေါက်တာ ဖြိုးသီဟ
၆.၆.၂၀၂၂
ကျေးဇူးပါ မင်မင်
ReplyDeleteကျေးဇူးပါဗျ
ReplyDelete(TLay ခေါ်တဲ့ ဆန်းမင်မှ မန့်သွားသည်) 😁
မှန်တာပေါ့ ဆရာရေ
ReplyDeleteခု ပိုဆိုးပေါ့
လူတွေဟာ တလရ အချိန်ပိုကြာလာသည်ပြီးနှင်စိ့အမျှ ပိုပြီးထိခိုက်မှုတွေ၊
စိတ်ဖိစီးမှုတွေ ပိုများလာရတယ်
ဒါ့ကြောင့် အချင်းချင်းက ထပ်ပြီး
ဒဏ်ရာတွေ ထပ်မပေးကြပါနဲ့လို့
တောင်းဆိုချင်။
ရောဂါကုတာတောင် ဒီလိုဆို နိုင်ငံနဲ့ချီပြီး အပြောင်းအလဲ လုပ်ရတဲ့ ကိစ္စတွေဆို ပိုလို့တောင် စိတ်ရှည်ဖို့ လိုအပ်သေးတယ်။ မဟုတ်ရင် လမ်းခုလတ်မှာတင် ရပ်တန့်သွားကြနိုင်တယ်။ ကိုယ် Effort စိုက်ထုတ်ချိန်နဲ့ Result မြင်ရတဲ့အချိန်ကြားကာလ ရှည်လေလေ၊ Patience အရေးကြီးလေပါပဲ။
Delete◾️ကိုယ့်စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ဖို့မှာ ခွင့်လွှတ်တတ်ဖို့ကလည်း လိုသေးတယ်။ ပြီးခဲ့တာတွေကို ပြန်တွေးပြီး ဒေါသထွက်နေမယ်ဆို စိတ်အေးချမ်းရမှာ မဟုတ်ဘူး။ ကိုယ့်ကို ဒေါသနဲ့ လာပြောနေတဲ့သူဆိုလည်း ကိုယ့်ဘက်က ဖြေရှင်းစရာ ရှိတာ ဖြေရှင်းမယ်။ သူ့ကြောင့် ဒေါသအဖြစ်မခံဘူး။ သူ ဘာလို့ အဲဒီလို ဒေါသဖြစ်ရတယ် ဆိုတာ မြင်အောင် ကြည့်ပြီး ခွင့်လွှတ်နိုင်ရင် ပိုတောင်ကောင်းသေးတယ်။
◾️နောက်ဆုံးအနေနဲ့ တင်းတိမ်ရောင့်ရဲခြင်း၊ ကိစ္စမများခြင်း၊ ရှိသလောက်နဲ့ အဆင်ပြေအောင် နေတတ်ခြင်း၊ ဇီဇာမကြောင်ခြင်း စတာတွေကလည်း သည်းခံနိုင်စွမ်း မြင့်လာဖို့မှာ သိပ်အရေးကြီးတယ်။
အလုပ်ကိစ္စနဲ့ ခရီးကြမ်း ထွက်ကြတယ်။ အစားအသောက် ဆင်းရဲလို့၊ ရေမရှိ၊ မီးမရှိလို့၊ အင်တာနက်လိုင်း မကောင်းလို့ စသဖြင့် ညည်းညူနေလို့ ဘယ်ဖြစ်မလဲ။ လက်ရှိအခြေအနေနဲ့ ကိုက်ညီအောင် ရှင်သန်နေထိုင်ရတယ်။
ခုလက်ရှိမှာ ယုံကြည်ချက်ကြောင့် အနာဂတ် ပျောက်နေသူတွေ၊ အရင်လို ဘဝအခြေအနေမျိုး မရှိတော့တဲ့သူတွေ၊ မိသားစုနဲ့ ခွဲခွာနေရသူတွေမှာလည်း ဒီလိုပဲ။ သူတို့ရဲ့ ဆန္ဒတွေကို တတ်နိုင်သမျှ သည်းခံပြီး အဆင်ပြေအောင် နေနေကြရတာ ဖြစ်တယ်။ အရင်လို ပြန်ဖြစ်ချင်ပြီ ဆိုပြီး ထိုင်ညည်းညူနေလို့မှ မရပဲ။ အရင်က ပျော်ခဲ့တာတွေကိုပဲ အမြဲလွမ်းဆွတ်နေလို့ ဘယ်ရမလဲ။
◾️ပြန်ချုပ်ရရင်တော့ သည်းခံတာကို “မတတ်သာလို့ ငုံ့ခံလာရတာ”နဲ့ ကွဲပြားဖို့ လိုပါတယ်။ သည်းခံခြင်းဆိုတာ အင်မတန် အဆင့်မြင့်တဲ့ စိတ်စွမ်းရည်တစ်ခုပါ။ အင်တာနက်လိုင်းကျတာလေး၊ ကားပိတ်တာလေး ကြုံရင်တောင် ကျွန်တော်တို့စိတ်တွေ ဘယ်လိုဖြစ်သွားလဲ စဉ်းစားကြည့်ပေါ့။ အပြောလွယ်သလောက် လက်တွေ့မှာ ခက်ခဲပါတယ်။
သို့သော်လည်း တတ်နိုင်သမျှ အားကောင်းအောင် လေ့ကျင့်ပျိုးထောင်သင့်တယ်။ ဘ၀ တိုးတက်ရေးအတွက်လည်း စိတ်ရှည်သည်းခံနိုင်ဖို့ လိုတယ်။ ကျန်းမာရေးအတွက်လည်း လိုအပ်သလို၊ ကဲ့ရဲ့ခံရတာ၊ ပစ္စည်းဥစ္စာ ဆုံးရှုံးတာ၊ ရောဂါဖြစ်တာ၊ ချစ်တဲ့သူနဲ့ ခွဲခွာရတာ စသဖြင့် လောကသဘာဝတွေနဲ့ ကြုံရတိုင်းမှာလည်း သည်းခံခြင်းဟာ အရေးကြီးပါတယ်။
ဘယ်လိုအခြေအနေမျိုးမှာမဆို စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်တဲ့သူ၊ ကြံ့ကြံ့ခံနိုင်တဲ့သူဟာ အရာအားလုံးကို အောင်နိုင်ပါလိမ့်မယ်။
ဒေါက်တာ ဖြိုးသီဟ
၄.၆.၂၀၂၃
Photo credit : Pixabay
https://m.facebook.com/story.php?story_fbid=pfbid0R8UPe8eG875jobYctoH1QyEM9XgjbGzVucZ3Yx21RkJ2KeAvyw2EG8cCsRiHg5bnl&id=100044368062010
“သည်းခံခြင်း ဆိုတာ”
ReplyDelete◾️ဒီစကားလုံးက ကျွန်တော်တို့ တော်တော်များများနဲ့ နီးစပ်ပါတယ်။ အမြဲလိုလို ကြားနေရတယ်။ “သည်းခံလိုက်ပါ ပြန်ပြောမနေနဲ့” “သူက သူ့မောင်နှမတွေအပေါ် တအားသည်းခံတာ” စသဖြင့် စသဖြင့်ပေါ့။
ဒေါသမထွက်တတ်ဘူး၊ အလျှော့ပေးတယ် စတဲ့ အဓိပ္ပါယ်တွေနဲ့ သုံးနှုန်းလေ့ရှိတယ်။ အဲဒီလိုကနေ တစ်ခါတလေမှာတော့ ခေါင်းငုံ့ခြင်း၊ ငုံ့ခံခြင်း ဆိုတဲ့ဘက်ကို ရောက်ရောက်သွားတတ်တယ်။ မနိုင်လို့ ငြိမ်ခံလိုက်ရတာကို သည်းခံတာနဲ့ မှားတတ်ကြတယ်။ ပြန်လုပ်လို့ မရလို့ ငြိမ်နေလိုက်ရပေမဲ့ ရင်ထဲမှာက ဒေါသတွေ တပွေ့တပိုက်။ ဒီအခါ တခြားသူအပေါ် ပုံချတာ၊ မာန်မဲတာတွေ လုပ်မိတတ်တယ်။
◾️တကယ်တော့ သည်းခံခြင်း (Patience)၊ ပါဠိလိုဆို ခန္တီရဲ့ အဓိပ္ပါယ်က “မိမိရဲ့ စိတ်အခြေအနေကို တည်ငြိမ်နေအောင် ထိန်းသိမ်းထားနိုင်ခြင်း” ကို ဆိုလိုတာ။
တိတိကျကျ ကိုးကားရရင် -
The ability to accept delay, suffering or annoyance without becoming complaining or being angry.
နှောင့်နှေးမှုတွေ၊ ထိခိုက်ခံစားရတာတွေ၊ စိတ်ရှုပ်စရာတွေကို မကျေနပ်ခြင်း၊ ဒေါသထွက်ခြင်း မရှိဘဲ လက်သင့်ခံနိုင်တဲ့ စိတ်စွမ်းရည်ဟာ Patience ဖြစ်တယ်။
◾️ခုနကလို ပြန်လုပ်လို့၊ ပြောလို့၊ တုံ့ပြန်လို့ မရလို့ ငြိမ်နေလိုက်ရပေမဲ့ ရင်ထဲမှာ ဗလောင်ဆူနေတယ် ဆိုတာ ခန္တီ မဟုတ်ဘူး။ စိတ်အခြေအနေကမှ မတည်ငြိမ်တော့ပဲကိုး။ ထုတ်ပြခွင့် မရလို့သာလေ။ အဲဒါတွေက အချိန်ကြာလာလို့ မထိန်းချုပ်နိုင်တော့တဲ့အခါ စုပြုံပြီး ပေါက်ထွက်လာတော့ ပြဿနာတွေ ဖြစ်ရော။
နောက်ပြီး ကိုယ်တိုင်လည်း စိတ်မအေးချမ်းရဘူး။ စဉ်းစားကြည့်လေ။ တစ်ခုခု ပြော၊ တစ်ခုခု ပြန်လုပ်လိုက်ရတာကမှ နည်းနည်းတော်ဦးမယ်။ ခုက တနုံ့နုံ့နဲ့ ခံစားနေရတာ။
ဒါကြောင့် စိတ်ပညာမှာဆိုလည်း အဲဒီလို Emotional Suppression (စိတ်ခံစားချက်တွေကို အတင်းဖိနှိပ်ချိုးနှိမ်ထားခြင်း) ကို အားမပေးကြတာ။ ဒီအစား လက်သင့်ခံတာ၊ စီမံတာက ကိုယ့်စိတ်ကျန်းမာရေးအတွက် ပိုပြီး ကောင်းစေတယ်။
◾️လူဆိုတော့ ဒေါသထွက်စရာ တွေ့ရင် ဒေါသတော့ ထွက်မှာပဲ။ စိတ်ဓါတ်ကျစရာ မြင်ရင် စိတ်ဓါတ်ကျမှာပဲ။ ဝမ်းနည်းစရာနဲ့ ကြုံရင် ဝမ်းနည်းမှာပဲ။ အဲဒါလေးကို သတိကပ်ပြီး မူလအခြေအနေဆီ ပြန်ပို့နိုင်အောင် ကြိုးစားခြင်းဟာ ခန္တီဖြစ်တယ်။
ပြောတော့သာ လွယ်တာ။ လက်တွေ့ကျ မလွယ်ဘူး။ ကန်ရေပြင်လို တသမတ်တည်း ညီနေအောင် ထိန်းထားဖို့တော့ မဖြစ်နိုင်ဘူးပေါ့။ အတက်အကျနည်းအောင်ပဲ လုပ်နိုင်ပါလိမ့်မယ်။
◾️ခန္တီကို အသေးစိတ် ချဲ့စဉ်းစားမယ်ဆိုရင်တော့ ဒီစွမ်းရည်မှာ -
• မှန်ကန်စွာ နှလုံးသွင်းတာ
• လက်သင့်ခံတာ
• စိတ်ရှည်တာ
• ခွင့်လွှတ်တာ
• တင်းတိမ်ရောင့်ရဲတာ စတဲ့ အချက်တွေ ပါဝင်နေတာ တွေ့ရတယ်။ အဲဒါတွေကို သေချာပျိုးထောင်နိုင်မှ စစ်မှန်သော သည်းခံခြင်း ဖြစ်နိုင်မယ်။
◾️မှန်ကန်စွာ နှလုံးသွင်းတယ် ဆိုတာကတော့ ယောနိသော မနသိကာရပေါ့။ လောကရဲ့ သဘာဝတရားတွေကို အမြဲမပြတ် ဆင်ခြင်နေဖို့ လိုမယ်။ ဒါဆို ကိုယ့်စိတ်ကို ပြင်ပအခြေအနေတွေကြောင့် အတက်အကျ သိပ်မဖြစ်အောင် ထိန်းထားနိုင်လိမ့်မယ်။
ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း စတဲ့ လောကဓံတွေနဲ့ ကြုံရလည်း ဒါ သဘာဝပဲလို့ နှလုံးသွင်းလိုက်။ ကိုယ့်ကို အမြင်မကြည်တဲ့သူနဲ့ ကြုံလည်း ဒီလိုပဲ။ လောကမှာ ဘုရားတွေတောင်မှ မုန်းတဲ့သူ ရှိတာပဲကိုး၊ ငါကရော ဘာမို့လို့လဲ ဆိုပြီးတော့ပေါ့။ ဒါဆို ဘာလို့ ငါ့မို့လို့ မုန်းနေတာလဲ၊ တိုက်ခိုက်နေတာလဲ ဆိုတဲ့ စိတ်ပင်ပန်းမှုတွေ သက်သာသွားမယ်။
လူတွေအကုန် တစ်နေ့ အိုရမယ်။ နာရမယ်။ သေရမယ်။ ခွဲခွာရမယ်။ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးရမယ်။ ဒါ ဘယ်သူမှ လွန်ဆန်လို့ မရတဲ့ သဘာဝတရားတွေပဲ။ ဒီလိုနှလုံးသွင်းထားရင် အဲဒါတွေနဲ့ ကြုံတဲ့အခါ စိတ်ကို တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်လိမ့်မယ်။ တအားကြီး ပြိုလဲမသွားတော့ဘူး။
◾️ဒုတိယတစ်ခု လက်သင့်ခံခြင်း။ ဆိုးရွားတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံရတဲ့အခါ ကျွန်တော်တို့ဟာ လက်သင့်မခံနိုင်ကြဘူး။ ငါ့အိမ်ထောင်ဖက်က ဖောက်ပြန်နေတယ် ဆိုတာ မဖြစ်နိုင်ဘူး၊ ငါ့မှာ ကင်ဆာ ဖြစ်နေပြီ ဆိုတာ မဖြစ်နိုင်ဘူး၊ ဆေးအဖြေ မှားတာနေမယ်၊ ဒီလိုတွေ ငြင်းဆန်ကြ၊ ဈေးဆစ်တတ်ကြတယ်။ ပြီးတော့မှ တဖြည်းဖြည်းနဲ့ လက်သင့်ခံနိုင်သွားတာ။ အဲဒီအဆင့်ရောက်မှပဲ စိတ်တည်ငြိမ်မှုဟာ စရတာ ဖြစ်တယ်။ လက်သင့်မခံနိုင်သေးသရွေ့ ကိုယ့်စိတ်ဟာ ယောက်ယက်ခတ်နေရဦးမှာပါပဲ။
◾️စိတ်ရှည်တယ်ဆိုတာကိုတော့ သည်းခံခြင်းနဲ့တောင် တွဲဖက်ပြီး သုံးပါတယ်။ Patient ဆိုတာကို လူနာအဖြစ်နဲ့လည်း သုံးနှုန်းကြတာသာ ကြည့်တော့။ သဘောက နေမကောင်း ဖြစ်နေတဲ့ လူတစ်ယောက်ဟာ သည်းခံရတယ်။ စိတ်ရှည်ရတယ်။ အချိန်စောင့်ဆိုင်းရတယ်။ ဝုန်းဒိုင်းဆို သက်သာသွားချင်လို့ မရဘူး။
ရောဂါကြီးရင် ကြီးသလို သူ ဖြတ်သန်းရမဲ့ ခရီးကြမ်းတစ်ခု ရှိကိုရှိတယ်။ ရောဂါအမည် တပ်နိုင်ဖို့ အချိန်ပေးရတယ်။ ကုသမှုရဖို့ အချိန်ပေးရတယ်။ ကုသမှုရဲ့ ဘေးထွက်ဆိုးကျိုးကို ခံစားရမယ်။ ပျောက်သွားပြီးမှ တစ်ခါထပ်ဖြစ်ပြန်ပြီဆိုလည်း ထပ်ကုရပေဦးမယ်။ ဒါကြောင့် သူကိုယ်တိုင်ကမှ စိတ်မရှည်ရင်၊ သည်းမခံနိုင်ရင်၊ အလွယ်တကူ လက်လျှော့နေရင် မဖြစ်ဘူး။
တန်ဖိုးရှိတဲ့ပိုစ့်လေးပါ
ReplyDeleteကျေးဇူးပါ မင်မင်ရေ♡
မနေ့က PDFတပ်သားလေး
တယောက် ဘဝကိုအရှုံးပေးသွားတယ်တဲ့တကယ်ကို စိတ်ထိခိုက်ရတယ်..
ကျေးဇူးပါ မင်မင်🥰🥰
ReplyDeleteကြာလာတော့ ပန်းလာတာလည်း ပါတယ်။ ပုံမှန်ပါဝင်နေကြတဲ့သူတွေလည်း ရှိနေကြပါသေးတယ်။ ပြည်သူတွေကို တက်တက်ကြွကြွပါဝင်ဖို့ ဆွဲခေါ်ဖို့ နည်းလမ်း စဉ်းစားသင့်တယ်လို့ ထင်ပါတယ်။ ဥပမာ click တဲ့သူ နည်းတာ၊ fund target မပြည့်တာတွေ အတွက် အပြစ်ဆိုခြင်းထက် လက်ရှိပါဝင်ပေးနေသူတွေကို အားတက်လာအောင် ဆွဲခေါ်ပေးခြင်းက ပိုအကျိုးများစေတယ်လို့ ထင်ပါတယ်။
ReplyDeleteဟုတ်တယ်။
Deleteတခါတလေ အလုပ်ကပင်ပန်းပြီးပြန်လာတဲ့နေ့တွေဆို ဖုန်းတောင်မကိုင်ချင်ဘူး။
ကြိုးစားပြီး C2D ကိုဦးစားပေးဝင်ခဲ့ပါတယ်။
အဒ်မင်က ဆယ်လီ မဟုတ်ပဲ တတ်နိုင်တဲ့ဘက်က ကူညီချင်တဲ့ စိတ်လေးတစ်ခုနဲ့ ပဲ စခဲ့တာဆိုတော့ လူတွေအပေါ်ဘယ်လိုသိမ်းသွင်းရမလဲ မသိတာလို့ထင်ပါတယ်။
ကလစ်တဲ့သူက နည်းသွားလည်းမှန်တယ်။တချို့ အချိန်တွေ ကြာလာတော့ အလုပ်တွေ ပြန်လုပ်ကြ။ တချို့ တခြား အပ် တွေဘက်ရောက်သွား ။ တချို့ သူတို့ ဂရုလေးတွေနဲ့ သူတို့ ကလစ်ကြ။
ဘယ်လိုပဲဖြစ်ဖြစ် C2D က အစပြုခဲ့တာမို့ အဒ်မင်တာဝန်ကျေပါတယ်။ အရင်လိုအများကြီးပြန်မရောက်နိုင်လည်း အတူတူ ရှေ့ဆက်သွားကြမယ်။
ဟုတ်ပါတယ် အမြဲပဲ C2D ကို ဦးစားပေး ဝင်ဖြစ်ပါတယ်။ အရှိန်ရလာလိုက် App က ဖောက်လိုက်နဲ့မို့ နေမှာပါ။ အမာခံ clicker တွေက အမြဲရှိနေပါတယ်လို့ အဆုံးထိ သွားကြမယ်နော် 💪
Deleteကျေးဇူးပါမင်မင်ရေ
ReplyDeleteအိမ်ပြန်လမ်းမှာ Japaneseလေးထည့်ပေးလို့ကျေးဇူးပါ Eလည်းထည့်ပေးပ့အုံးEလိုလည်းပြောတတ်ခြင်လို့ပါ
ReplyDeleteနံပါတ်၂ ဂူပိုင်ရှင်ကြီး အပြင်ထွက်လာပုံထောက်တော့ ဂူထဲမှာခြင်ကိုက်လို့ပဲဖြစ်ရမယ်။😂 😆
ReplyDeleteစာအရှည်ကြီးဖတ်ကိုဖတ်ပြီးနေပြီ မန့်အရှည်ကြီးတွေတော့ မဖတ်ချင်တော့ဘူး😝
ReplyDeleteပေါ့ပေါ့ပါးပါးရယ်တာကလည်းစိတ်တင်းကြပ်တာတွေလျော့တာမို့ ရယ်ပါတယ်
ReplyDeleteကျေးဇူးပါ
ReplyDeleteThanks Admin 🍀
ReplyDeleteClick with love 💕
ReplyDelete🍀🍀🍀🍀🍀
လေးလေးနက်နက် လုပ်ရမဲ့ အလုပ်တွေမှာ လေးလေးပင်ပင် မဖြစ်ဖို့ လိုပါတယ် ခင်ဗျာ
Deleteအဲလိုပြောလို့ ပေါ့ပျက်ပျက်ဖြစ်စရာလဲ မလိုပါဘူး
ပေါ့ပေါ့ပါးပါးလုပ်တာနဲ့ ပေါ့ပျက်ပျက် လုပ်တာ မတူပါဘူး
လေးလေးနက်နက်လုပ်ရမဲ့ လုပ်ငန်းတွေကို ပေါ့ပေါ့ပါးပါး လုပ်နိုင်မှ ရေရှည် ခံနိုင်ရည် ရှိမယ် ခင်ဗျာ။
🤍🍀
မှန်မှန်လေး Click ပါတယ်။စိတ်ကိုလည်းလျော့ထားပါတယ်။အစုအဖွဲသဘောဆိုတော့ သည်းခံရတာပါဘဲ။
ReplyDeleteNever Give up 💪
အိမ်ပြန်လမ်း update systemလေးဖတ်ပြီးဘဘောကျမိအဲဒီsystemလေးကြိုက်ပါတယ် ဖျတ်ပြီးရင်passwordလေးနဲ့ပြန်ဝင်ရအောင်လည်းလုပ်ပေးပါ🥰🥰tha din app systemလေးကောင်းတယ် အဲလိုလေးကြိုက်တယ်
ReplyDelete💪ကိုနေ
ReplyDeleteစကတည်းက ဒီနေ့ထိ ကလစ်နေဆဲပါ အမှန်ပါပဲ ပင်ပန်းတာကတော့ ထောက်ပို့ကတစ်ဖက် ဆိုတော့ နွေတုန်းက မီးတွေပျက် ပြီးကလစ်မရခဲ့ဘူး ခုထိလည်းအားတင်းထားဆဲ အားလုံး Fighting.
ReplyDelete💪💪💪💪💪💪
ReplyDeleteအားတင်းထားကြပါအုံးလို့။💪💪
ReplyDeleteပန်းတိုင်ရောက်တဲ့အထိ ချီတက်ကြမယ်
ReplyDeleteအားလုံးပဲအားတင်းထားကြပါ
ဖတ်ဖူးခဲ့ပေမဲ့ အခုပြန်ဖတ်ကြည့်တော့လဲ အသစ်လိုပဲ
ReplyDeleteကိုယ်ဖြစ်နေတဲ့ အရာတွေနဲ့တော်တော်များများ တူနေတာတွေ့ရပြီး
အားလုံးလဲ ကိုယ့်လိုချည်ပဲ ဖြစ်နေကြမှာပဲ လို့ အတွေးဝင်မိတယ်
အရင်က ကိုယ်မဟုတ်တော့သလို မျိုး ဆိုတဲ့ စာလေးဖတ်မိမှ အခုရက်ပိုင်း,မှာ
„ငါဘာဖြစ်နေတာပါလိပ်” လို့ ခနခနတွေးနေမိတာနဲ့ စပ်ဆက် မိသွားတာ
ကျေးဇူးပါ bro Yumeno
ဖတ်လိုက်ရတာ အများကြီး အကျိုးရှိခဲ့ပါတယ်
Yumeno နာမည်လေးလှတယ်နော် ဒါပေမဲ့ မိန်းခလေး နာမည်တဲ့ 😅
DeleteAnime ထဲက ကောင်မလေးနာမည်က Yume မို့လို့
ဘယ်သူလဲဟင်
DeletePDF2U blog စကထဲ က Yumeno ဆိုတာ သုံးလာတာလေ
ခုမှ အိမ်မက်် လာ မက်နေတာ ဘယ်သူလဲ မသိဘူး
ဒါနဲ့ လှမြင့်ဆိုတာ မိန်းကလေးနာမည်လားယောကျ်းာလေးနာမည်လား
မဂ်လာ ဆောင်ဖိတ်စာတခုမှာ သတို့သမီး အဖေနာမည်က ဉီးလှမြင့်ဖြစ်ပြီး သတိူ့သားအမေနာမည်က ဒေါ်လှမြင့် ဖြစ်နေရော
ခင်ဝင်းဆိုတာလဲ ရှိသေးတယ်
အရင် လမ်းဘူကြီးက ဉီးခင်ဝင်းဖြစ်ပြီး
အသိ အစ်မတယောက် နာမည်က မခင်ဝင်းတဲ့
အဲ့တာတွေကျ ဘယ်လိုခွဲမလဲ ပြောပါဉီး
စကားမစပ်
post အသစ်တခု တင်ထားတယ်
သွားကြည့်ပါဉီး
၁၆ ရက်နေ့က superman dayတဲ့
ရေးထားတယ်
၁၇ ရက်နေ့ကတော့ click2donate day လေ
မသိမှာစိုးလို့
Relax ပါ မိုးရေ
Deleteမင်မင်ကို စနေတာပါ
Yume ဆိုတာ 'အိပ်မက်' ပါ မိန်းခလေး ယောကျ်ားလေး မှည့်ခွင့်ရှိပါတယ် 👌😅
ဒါနဲ့ ကလစ် မွေးနေ့ က ၁၈ရက်နေ့လို့မှတ်ထားတာ မဟုတ်ဘူးလား? 😪
ပြီးတော့ မိုး သုံးသွားတဲ့ Yumeno ဆိုတာလေးကိုလည်း တကယ်သဘောကျလို့ လာနောက်မိတာပါ. အထင်လွှဲသွားရင်း ဆောရီးနော်ဂ
Deleteကျေးဇူးပါမင်မင်♡
ReplyDeleteကိုယ့်စိတ်ကိုယ့်ကိုယ်မဟုတ်တော့တာနှစ်နှစ်နီးပါးရှိနေပြီစိတ်ဓာတ်ကကျလိုက်တက်လိုက်ရူးလိုက်ခြင်ပြီ
ReplyDeleteဟုတ်တယ် အဲလိုဖြစ်နေတာ ကြာပြီ။ ခဏ နားလိုက်ပြီး ကိုယ့်ကိုကိုယ်အတွက် အချိန်ပေးပြီး တခြား စိတ်ဝင်စားတာတွေကို လုပ်ကြည့်ပါလား။ အရှည်ကြီး မနားတမ်း လျှောက်လာခဲ့ရတော့ ပင်ပန်းတာပါ။ ခဏ အမောဖြေပြီး အဆုံးထိ ဆက်လျှောက်ကြတာပေါ့။ ပါဝင်သူအားလုံးနီးပါးတိုင်း ခံစားနေရတဲ့ ပင်ပန်းမှုပါ။ အားတင်းပြီး အဆုံးထိ သွားကြရအောင် 💪
DeleteThsnks မင်မင် 🌹
ReplyDeleteThanks Sayar Phio 🌹
အားလုံး အတူတကွကြိုးစားကြမယ်
ReplyDeleteFighting together
🥰🥰🥰
ReplyDelete🙆🏻♀️❤️
ReplyDeleteadနှစ်ခုရပီ
ReplyDelete💪💪💪
ReplyDeleteThank you for a great article
ReplyDeleteThank you Sayar and admin for mental strength.
ReplyDeleteThanks Admin
ReplyDeleteThanks a lot!
ReplyDeleteVictory is getting closer day by day. Never give up
ReplyDeleteThanks for the powerful word and we never give up!
ReplyDeleteသီချင်းနာထောင်တယ် ခွန်အားပြည့်မိငယ် စာအုပ်ဖတ်တယ် ပီyoutubeအတွက်အသံ fileပို့ပေးတယ် fbကြည့်တယ်
ReplyDeleteWe never give up 😂
ReplyDeleteကျေးဇူးပါ ကိုကလစ်
ReplyDeleteThanks
ReplyDelete💪💪💪
ReplyDelete
ReplyDeleteသွေးကွဲအောင်လုပ်နေတဲ့အချိန်
သွေးမကွဲအောင်လုပ်တာ တော်လှန်ရေး ဘဲ
တောင့်ထားကြပါ
ကျေးဇူးတင်ပါတယ် ဆရာဖြိုး
ReplyDeleteသန္တုတိစ လျောင့်ရဲတင်းတိမ်ခြင်းသည် မြတ်သောမင်္ဂလာ မည်၏။
ReplyDelete(မင်္ဂလသုတ္တပါဠိတော်)
💙
ReplyDelete💪
ReplyDeleteOk
ReplyDeleteမဂ်လာပါ
ReplyDeleteOk 71223
ReplyDelete