“ကိုယ်ကျိုးမကြည့်ခြင်းကို စွဲလမ်းနေတဲ့ ပြဿနာ”


 

ကိုယ်ကျိုးမကြည့်ခြင်းကို စွဲလမ်းနေတဲ့ ပြဿနာ”

◾️Obsessive Selflessness တဲ့။ ဆောင်းပါးတစ်ပုဒ်ဖတ်ရင်း ဒီစကားလုံးကို မြင်မိတော့ အရင်ဆုံး ပြေးသတိရတာ ကိုယ့်အမေကိုပဲ။ ဒါကြောင့် ကျွန်တော့်အမေလို လူတွေ၊ အထူးသဖြင့် အမျိုးသမီးတွေအတွက် ရည်ရွယ်ပြီး ဒီဆောင်းပါးကို ရေးလိုက်ပါတယ်။

◾️ကျွန်တော့်အမေက အိမ်ရှင်မ ဖြစ်ပါတယ်။ (မှီခို မဟုတ်ပါဘူး) အပြင်အလုပ် မလုပ်ဘဲ အိမ်မှုကိစ္စနဲ့၊ ကျွန်တော်တို့ သားနှစ်ယောက်ကို ပြုစုပျိုးထောင်တဲ့ အလုပ်ကိုပဲ ဘဝတလျှောက်လုံး လုပ်ခဲ့သူပါ။

ဒီတော့ သူ့ရဲ့ စိတ်ထဲမှာ ဒီအလုပ်တွေကို လစ်ဟင်းမှု မရှိအောင် အချိန်ပြည့် လုပ်နေဖို့ဟာ မဖြစ်မနေ လိုအပ်တယ်လို့ မြင်နေတယ်။ ငါက ငွေမရှာနိုင်ဘူး၊ ဒီတော့ ဒါတွေလုပ်မှ တာဝန်ကျေမယ် ဆိုတာမျိုးပေါ့။ 

မိသားစု ထမင်းစားကြရင် ၄ ယောက်အတူ စားတယ်ဆိုတာ တော်တော်ရှားတယ်။ အဖေနဲ့ ကျွန်တော်တို့ သားနှစ်ယောက်ကို အရင်စားခိုင်းတယ်။ အတူဝင်စားပါ ဘယ်လောက်ပြောပြော မစားဘူး။ ပန်းကန်ဆို မဆေးခိုင်းဘူး။ ဒီအတိုင်း ထားခဲ့။ ပြီးမှ သူ အေးဆေးစားတယ်။ ပန်းကန်အားလုံးကို သူ ဆေးကြောတယ်။ 

အိမ်ထမင်း အိမ်ဟင်းမှ မဟုတ်ဘူး။ အပြင်ကနေ တစ်ခုခု ဝယ်လာလည်း ဘယ်တော့မှ သူအရင်စားလိုက်တယ် ဆိုတာ မရှိဘူး။ ကျွန်တော်တို့ ၃ ယောက်က အရင်။ ပိုတာကိုမှ သူစားတယ်။ အမြဲတကူးတက သူ့အတွက်ကို ဖယ်ထားရတယ်။ 

◾️တစ်ခါတလေ အိမ်အကူ ခေါ်ချင်တဲ့အကြောင်း ထုတ်ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ငယ်ငယ်တုန်းက အဲ့လိုခေါ်ခဲ့ဖူးတော့လည်း အဆင်သိပ်မပြေခဲ့ဘူး။ ဘာလို့ဆိုတော့ အသေးစိတ်ကအစ အကုန်လိုက်ပြောနေတာကိုး။ သူ့စံနှုန်းနဲ့ ကိုက်တဲ့ အိမ်အကူဆိုတာလည်း ဘယ်ရှိပါ့မလဲ။ အဲဒီတော့ လူမမြဲဘူးပေါ့။ မမြဲလို့ ကျွန်တော်တို့ ဝင်လုပ်မယ်ဆိုတော့လည်း အလုပ်မခံဘူး။ သူအပြင်သွားနေတုန်း ပန်းကန်ဆေးထား၊ အိမ်သန့်ရှင်းရေး လုပ်ထားမှပဲ ရတယ်။ သူရှိနေလို့ကတော့ အလုပ်ကို မခံဘူး။

နေမကောင်းလည်း မနားဘူး။ သူ အိပ်နေတုန်း ပန်းကန်ဆေးနေသံ ကြားရင် ချက်ချင်းထလာပြီး ဝင်လုပ်ရော။ အသံတိတ် ခိုးလုပ်ရတယ်။ ဆေးခန်းလည်း တော်တော်နဲ့ မပြသလို၊ ဘာစားချင်တယ် ညာစားချင်တယ်လည်း အတော်ပြောခဲတယ်။

ကျွန်တော်တို့မပါဘဲ ဘယ်ခရီးမှ မထွက်ဘူး။ ကျွန်တော်တို့ကို စိတ်မချလို့တဲ့။ မချရအောင်လည်း သားတွေက ဆယ်ကျော်သက်၊ ၂၀ ကျော် အရွယ်တွေတောင် မဟုတ်တော့ဘူး။ နေ့ချင်းပြန်လောက်လေး သွားရင်တောင် မနက်စာ၊ နေ့လယ်စာ၊ ညစာ အကုန်လုပ်ပေးထားခဲ့တဲ့အပြင် ပန်းကန်တွေ ဆေးမထားနဲ့နော် က မှာသွားသေးတယ်။

ပစ္စည်းဝယ်လည်း ကျွန်တော်တို့က ဦးစားပေး။ စားစရာဝယ်လည်း ကျွန်တော်တို့ ကြိုက်တာ ဦးစားပေး။ ပြောမယ်ဆို အများကြီး ရှိသေးတယ်။ အဲဒီလို လုပ်ပေးရမှကို ကျေနပ်တဲ့ စိတ်အစွဲက အမေ့မှာ ရှိနေတာ။ သူ့ကိုယ်သူကလွဲပြီး အားလုံးကို ဂရုစိုက်နေတဲ့သူပေါ့။

အမေတင်လားဆိုတော့ မဟုတ်ဘူး။ အဖွားအကြောင်းတွေ အမေပြောပြလို့ သိရတော့လည်း အဲဒီစိတ်မျိုး အဖွားမှာ ရှိနေတာကို သတိထားမိတယ်။

◾️ဒီနေရာမှာ Gender သဘောတရားကို ထည့်ပြောဖို့ လိုလာတယ်။ ကျွန်တော်တို့တွေ လူအဖြစ်နဲ့ မွေးဖွားလာပြီးတဲ့နောက်မှာ ယောက်ျားဆိုတာ ဘယ်လိုဖြစ်သင့်တယ်၊ မိန်းမဆိုတာ ဘယ်လိုဖြစ်သင့်တယ် ဆိုပြီး လူမှုအသိုင်းအဝိုင်းကနေ သွန်သင်လမ်းပြလိုက်တဲ့ သတ်မှတ်ချက်တွေကို Gender လို့ ခေါ်တယ်။ 

ယောက်ျားဆိုရင် အရည်အချင်း ရှိရမယ်။ ပြတ်သားရမယ်။ မငိုရဘူး။ အိမ်ထောင်ကို ဦးဆောင်နိုင်ရမယ်။

မိန်းမဆိုတာ အိမ်မှုကိစ္စ နိုင်နင်းရမယ်။ မိခင်ကောင်း၊ ဇနီးမယားကောင်း ပီသရမယ်။ မိဘနဲ့ဆို မိဘ၊ အိမ်ထောင်ကျပြီးရင် အိမ်ထောင်ဖက်၊ သားသမီးရသွားရင် သားသမီး၊ သူတို့တွေရဲ့ ဆန္ဒကိုသာ ဦးစားပေးရမယ်။ ရှေ့တန်းတင်ရမယ်။ ဒီလိုသွန်သင်ချက်တွေ ရှိတယ်။ ​နောက်ပြီး ​ရှေ့က အ​ဖွား​တွေ၊ အ​မေ​တွေဆီက​နေ မျိုးဆက်အဆင့်ဆင့် အတုယူပြီး သင်ယူ​တာ​တွေလည်း ပါတယ်။

ဒါကြောင့်လည်း Obsessive Selflessness က အမျိုးသမီးတွေမှာ ပိုတွေ့ရတတ်တာ။

◾️ခုခေတ်မှာတော့ အရင်နဲ့ မတူတော့ဘဲ အမျိုးသမီးတွေဟာ ဝင်ငွေရှာတဲ့အလုပ်ကို ပိုလုပ်လာကြပြီ။ နယ်ပယ်အသီးသီးမှာ ရှေ့တန်းရောက်လာကြပြီ။ သို့သော်လည်း အိမ်မှုကိစ္စ၊ ကလေးပြုစုပျိုးထောင်ခြင်း စတဲ့ Reproductive Role ကိုတော့ သူတို့တာဝန်အဖြစ်ပဲ မှတ်ယူထားကြဆဲ ဖြစ်ပါတယ်။

ဥပမာ ကျွန်တော့်မိန်းမက ငွေရှာနိုင်တယ် ဆိုပြီး ဘယ်ယောကျ်ားကမှ တကူးတက ပြောမနေပေမဲ့ ယောက်ျားဖြစ်သူက အိမ်မှုကိစ္စ ကူလုပ်တယ်၊ ပန်းကန်ကူဆေးပေးတယ် ဆိုရင်တော့ Right person အဖြစ် ပုံဖော်ခံရတော့တာပဲ။ အဲဒီအမျိုးသမီးကလည်း ကံကောင်းသူတစ်ယောက် ဖြစ်သွားတော့တာပဲ။

ဆိုလိုတာက ဒီအလုပ်တွေဟာ နှစ်ယောက်လုံးမှာ တာဝန်ရှိတယ်လို့ ယူဆမှုသည် အတိုင်းအတာတစ်ခုထိ နည်းနေသေးတယ်လို့ ပြောချင်တာ။ သို့သော်လည်း အကောင်းဘက်က စဉ်းစားရင်တော့ အရင်ခေတ်တွေထက်စာရင် တိုးတက်လာပြီ၊ လူ့အဖွဲ့အစည်းဟာ ပြောင်းလဲလာပြီပဲ ဆိုရမယ်။

◾️အတွင်းကျကျ လိုက်ကြည့်ကြည့်ပါဦးမယ်။ ဥပမာ ယောက်ျားဖြစ်သူက နောက်တစ်ယောက် တွေ့လို့ အိမ်ထောင်ကွဲသွားတယ်။ သားသမီးတွေကို တစ်ချက်ကလေးတောင် လှည့်မကြည့်ဘဲ စွန့်ပစ်သွားတယ်။ ငွေတစ်ပြား မပို့ဘူး။ ဖုန်းတစ်ချက် မခေါ်ဘူး။ ကလေးတွေ စာလိုက်နိုင်လား တစ်ခွန်းမမေးဘူး။ ဒီအမျိုးသမီးကပဲ Single mom အဖြစ်နဲ့ ရပ်တည်ပြီး ပြုစုပျိုးထောင်ရတယ်။

အဲဒီသားသမီးတွေ တစ်ခုခုလေးများ ဖြစ်သွားကြည့်။ စွန့်ပစ်သွားတဲ့ အဖေကို အပြစ်ပြောသူက ခပ်ရှားရှား။ ဒီအမေကိုပဲ ဝိုင်းလက်ညှိုးထိုးကြတာ များတယ်။ 

ပိုဆိုးတာက ဘယ်သူကမှ အဲ့လိုမပြောတောင် ဒီအမျိုးသမီးကိုယ်တိုင်ကိုက သူ့မှာပဲ ဒီသားသမီးတွေနဲ့ ပတ်သက်လို့ တာဝန်ရှိတယ်လို့ မှတ်ယူနေတဲ့ ကိစ္စပဲ။ ကလေး တစ်ခုခုလမ်းချော်သွားမှာ၊ နေထိုင်မကောင်း ဖြစ်မှာတော့ ဘယ်မိခင်မဆို ပူတာပေါ့။ သို့သော် သူတို့ကျ အဲဒီအပူအပြင် ငါ့ကို အပြစ်ဝိုင်းပြောကြမှာ၊ ဒါ ငါ့တာဝန်၊ ဒါ ငါအသုံးမကျလို့ ဖြစ်တာ၊ မိခင်ကောင်း မပီသလို့ ဖြစ်တာ ဆိုတဲ့ ပူပန်စိတ်တွေပါ ပိုသေးတယ်။ ဒီအချိန်မှာ စွန့်ပစ်သွားတဲ့ ယောက်ျားကတော့ သာသာယာယာပဲ။ တစ်ခါတလေ အပြစ်လှမ်းတင်တဲ့အထဲ သူပါ ပါချင်ပါနေတတ်သေးတာ။

ဒါကြောင့် ဒီနေ့ခေတ်ရဲ့ မိခင်တွေကို အပြင်ပန်းက ကြည့်ရင် အဖွားတွေ၊ အမေတွေ၊ အဒေါ်တွေခေတ်ကလောက် မဆိုးတော့ဘူး ထင်ရပေမဲ့ အတွင်းကျကျ လေ့လာကြည့်မယ် ဆိုရင်တော့ Obsessive selflessness ရှိနေသေးတာကို တွေ့ရနိုင်ပါတယ်။ 

◾️ဒါကို လွန်မြောက်ဖို့ကတော့ ကိုယ်ငယ်ငယ်ကတည်းက ရိုက်သွင်းခံထားရတဲ့ မိန်းကလေးဆိုတာ ဘယ်လိုဖြစ်ရမယ် ဆိုတဲ့ စံသတ်မှတ်ချက်တွေကို ပြောင်းလဲပစ်မှ ရပါလိမ့်မယ်။ တစ်သက်လုံး အရိုးစွဲလာတာမို့ တစ်ရက်တစ်မနက်နဲ့တော့ ပြောင်းဖို့ရာ မလွယ်ဘူး။ သို့သော် သတိလေးထားပြီး ပြောင်းလဲယူမယ်ဆို ရနိုင်ပါတယ်။

အိမ်မှုကိစ္စတွေက ငါ့တာဝန်ပဲ၊ ဒါတွေလုပ်မှ ဇနီးကောင်း ပီသမယ်၊ ကလေးတွေကို ငါဟင်းချက်ကျွေးမှ မိခင်ကောင်း ပီသမယ် စသဖြင့် အတွေးဝင်လာတိုင်း သတိလေးထားလိုက်။ ငါလည်း လူပဲ။ ငါ့မှာလည်း အနားယူဖို့ရာ လိုအပ်တယ် ဆိုပြီး တွေးလိုက်။

အပြင်အလုပ်မလုပ်ဘဲ အိမ်မှုကိစ္စပဲ လုပ်တဲ့သူဆိုရင်တောင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ ထိုက်တန်ပါတယ်။ အပြင်အလုပ်လုပ်သူတွေမှာ ရုံးဆင်းချိန် တက်ချိန်ဆိုတာ ရှိတယ်။ အလုပ်ပိတ်ရက်ဆိုတာ ရှိတယ်။ အပန်းဖြေ အနားယူဖို့ ခရီးထွက်ကြတယ် ဆိုတာ ရှိတယ်။ ညနေပိုင်း စိတ်ပြေလက်ပျောက် ဘီယာဆိုင်ထိုင်၊ အကင်ဆိုင်ထိုင်ကြတာတွေ ရှိတယ်။ 

ဆိုတော့ မိသားစုတစ်စုအတွက် သိပ်အရေးကြီးတဲ့ Reproductive role ကို ယူထားတဲ့သူကရော ဘာကြောင့် မနားရမှာလဲ။ အပန်းမဖြေရမှာလဲ။ ပျော်ဖို့ အခွင့်အရေး မရှိရမှာလဲ။

◾️မိသားစုကို ချစ်တယ်။ မိသားစုကို ကိုယ့်ထက်ပိုပြီး ဦးစားပေးတယ် ဆိုတာ ကောင်းပါတယ်။ သို့သော် အလွန်အကျွံ မဖြစ်ရင်တော့ ကိုယ်တိုင်အတွက်ရော၊ မိသားစုအတွက်ပါ အကောင်းဆုံးပါပဲ။ နေမကောင်း ဖြစ်လျက်ကြီးနဲ့ ပန်းကန်ဆေးနေတဲ့ အမေ့ကို မြင်ရလို့ ဘယ်သားသမီးကမှ စိတ်မချမ်းသာပါဘူး။ ဒါကြောင့် နားသင့်တာနား၊ လွှတ်ချသင့်တာ လွှတ်ချဖို့ဟာ သိပ်အရေးကြီးပါတယ်။

ဒေါက်တာ ဖြိုးသီဟ

၃.၁.၂၀၂၃

◾️◾️◾️◾️◾️◾️◾️

ဖြည့်စွက်

တော်လှန်ရေးမှာလည်း အဲဒီ စွဲလမ်းမှုပြဿနာကို တွေ့ရတတ်ပါတယ်။ ခုချိန်မှာ ကိုယ့်ထက် အခြေအနေ ဆိုးတဲ့သူတွေ တစ်ပုံကြီးဖြစ်နေလို့ ငါ မပျော်သင့်ဘူး၊ မရယ်မောသင့်ဘူး၊ အပန်းမဖြေသင့်ဘူး၊ ဒါတွေ လုပ်မိပြီးရင် မလုံမလဲ ဖြစ်တယ် ဆိုတာမျိုးတွေပေါ့။ အဲဒါက သိပ်ချစ်ဖို့ ကောင်းပါတယ်။ သို့သော် ရေရှည်သွားရမဲ့ ခရီးမှာ အင်တိုက်အားတိုက်နဲ့ ဆက်လက်ပါဝင်နိုင်ဖို့ဆို Self-care ဟာ မဖြစ်မနေ လိုအပ်တယ်။ ဘာလို့ဆိုတော့ ကိုယ့်ကိုယ်ကိုယ်မှ ပျော်အောင် မထားနိုင်တဲ့သူတစ်ယောက်ဟာ တခြားဘယ်သူ့ကိုမှလည်း ပျော်အောင် ထားနိုင်မှာ မဟုတ်လို့ပါပဲ။

Comments

  1. ဟုတ် ဆရာဖြိုး
    ဟုတ် မင်မင် ကျေးဇူးပါ


    Burma freedom ကလှူတာပါ
    တယ်လီလင့်တွေမှာ မန့်လို့မရလို့
    ဒီကိုလာချောင်းလိုက်တာ ပိုစ့်အသစ်တွေ့လို့ အတော်ပဲ 😁

    ရရင် ပြောသွားပေးပါဦး

    T- 21 5420 1690 1568 2173
    O - 5312 7285 3447 8042

    ReplyDelete
    Replies
    1. ဒီကာလမှာ Self-care လျော့နေတာတော့အမှန်ပဲ

      Delete
    2. ကျနော်ဂရုစိုက်ပေးမယ် လေမမချိုသာတဲ့ပြာညိုရေ
      O ph billလေး ကျနော် ယူလိုက်ပါတယ်ဗျ ကျေးဇူးတင်ပ့တယ် မမ

      Delete
    3. ဆရာဖြိုးတို့ကတော့ လေးစားပြီးရင်း လေးစားပဲ။

      Delete
    4. ဟုတ်တယ်

      Delete
    5. Thanks Saya Phyo

      Delete
  2. Adminစိတ္ပုတ္

    ReplyDelete
    Replies
    1. မတေ့တည်းက ခုထိ မန့်မရ အောက်ဆင်းဖို့ညောင်းလို့ ဒီနားမန့်မယ်ညှော်

      Delete
    2. မနေ့ရေးတာ😂

      Delete
    3. ကလစ်​ကာအ​ပေါင်းလဲကျန်းမာကြပါ​စေ

      Delete
  3. ကြိုက် 😍

    ReplyDelete
  4. Well noted with thanks par 😊

    ReplyDelete
  5. Thanks for sharing.

    ReplyDelete
  6. ကျေးဇူးပါဆရာဖြိုးနဲ့ မင်မင်ရေ

    ReplyDelete
  7. ဆရာဖြိုးနဲ့မင်"ကျေးဇူးပါနော်♡
    Tarot မေးမို့ဝင်လာတာပို့စ်အသစ်နဲ့တွေ့တာပဲ:D

    ReplyDelete
  8. လင်းဆက်January 3, 2023 at 10:30 AM

    ကျေးဇူးပါခုပဲFbကဖတ်လာခဲ့တယ်
    Self careအမြဲလုပ်ဖြစ်သလို
    Meditation လဲလုပ်ဖြစ်တယ်
    Stillnessလဲလုပ်ဖြစ်နေရာတော်လှန်ရေးစကတည်းကပဲဆိုပါတော့၊ဘယ်လိုအခြေအနေမျိုးပဲကြုံကြုံစိတ်ဓာတ်လုံးဝမကျတတ်တာရယ်၊့မြဲခေါင်းထဲမှာကလစ်ဖို့ကလွဲဘာမှမရှိတော့ဘဲကလစ်နေရရင်ကိုပျော်နေတတ်တာကြာခဲ့ပါပြီ

    ReplyDelete
    Replies
    1. လင်းဆက်January 3, 2023 at 10:34 AM

      ဆရာဖြိုးရဲ့စာတွေဖတ်ရတာအမြဲတစ်ခုခုရလိုက်တာများတယ်

      Delete
    2. Fb မဝင်တာကြာပြီးဆိုပဲ ဆပါ်ပီး😁

      Delete
    3. လင်းဆက်January 5, 2023 at 3:14 AM

      Fb မဝင်ဘူးဗျ
      Chromeကနေဝင်ဖတ်တာ😁

      Delete
  9. မိုး တိမ်ပန်းချီJanuary 3, 2023 at 10:50 AM

    အမေတွေ(မိဘတွေ)က သားသမီးတွေကို ပေးပဲ ပေးချင်တာ ဘာမှပြန်မလိုချင်ကြဘူးတဲ့


    အမြဲကြားဖူးနေကြစကားလေး
    သားသမီးတွေ ကိစ္စ နဲ့ပဲ အမြဲအချိန်ကုန်နေတဲ့ ကိုယ့်အမေက လောကကြီးထဲကနေ ထွက်သွားခါနီး သူကိုဝိုင်းပြုစုပေးနေတဲ့သားသမီးတွေကို နောက်ဆုံးပြောတဲ့စကားက သား သမီးတွေကို အားနာတယ် တဲ့
    သူသွားရတော့မယ် ဘာရောဂါနဲ့ သွားရမယ်ကိုရိပ်မိနေပုံရတဲ့(( ကိုယ်တွေကသာ ဖျားနာခဲတဲ့အမေ ပြန်ကောင်းလာမယ်လို့ ထင်နေခဲ့တာ) အမေက သူ့သားသမီးတွေကို အားနာတယ်တဲ့
    အဲ့ဒီ့စကားကိုပြန်သတိရတိုင်း စိတ်ထဲ အမြဲနာကြင်ရတယ်

    ReplyDelete
    Replies
    1. မိုး တိမ်ပန်းချီJanuary 3, 2023 at 10:53 AM

      Tnank Saya Phyo
      for article
      and
      Thank you admin
      for everything

      Delete
    2. မိုး တိမ်ပန်းချီJanuary 3, 2023 at 10:16 PM


      အမေ ကိုယ်တေံကို ခွဲခွာသွားတဲ့ ပုံစံက သာမန် ဖြစ်ရိုးဖြစ်စဉ်လို မဟုတ်တော့ အမေနဲ့ ပတ်သတ်တဲ့ စိတ္တဇက အမြဲရှိတယ်
      ဒါကြောင့် အမေအကြောင်းပါတဲ့ ဆောင်းပါးတွေဖတ်ရတိုင်း အမေ့ကိုသတိရစိတ် ​တအာသပေါ်လာတတ်လို့...

      personal feek တွေ လာရေးမိသလိုဖြစ်သွားရင် အားနာပါတယ် နော် 🙏

      Delete
    3. မိုး တိမ်ပန်းချီJanuary 3, 2023 at 10:18 PM

      personal feel

      Delete
    4. မမ ရေ ထပ်တူပါ🙏💕

      Delete
  10. တော်လှန်ရေးကို အရမ်း အောင်ချင်နေပါပြီ လူတိုင်းအဲ့လိုစိတ်နဲ့ ဝိုင်းမတိုက်နိုင်ရင်တောင် ဝိုင်း click စေချင်လိုက်တာ app တစ်ခု တစ်လ သိန်း ငါးထောင် တစ်သောင်းသာရနေရင် မအလ အရိုးဆွေးနေလောက်ပြီ

    ReplyDelete
  11. မိသားစုကိစ္စတွေနဲ့ တစ်ခြား သံယာဇဥ်တွေကတာ့ တန်ဆေးလွန်ဘေး ပါ
    တော်လှန်ရေးစိတ်ကတော့ အဲစိတ်နဲ့ ငါလုပ်မှဖြစ်မှာအစွဲအကြီးကြီး ထါးကိုထါးရမှာပါ ကလစ်နေရမှာပါ

    ReplyDelete
  12. ခုနောက်ပိုင်း ရှင်သန်ရတာ ပျော်အောင်နေတယ် အကြီးဆုံးဘဝတွေ က ပေးဆပ်ဖို့ မွေးဖွားလာသလိုပါပဲ ခုထိ ကိုယ့်အတွက် ဘာမှမလုပ်ဖြစ်သေးဘူး (အသိတရားတော့ စုမိပါပြီ) ကျေးဇူးပါ မင်မင်။ fb ကို အကြာကြီး မကြည့်မိတော့ မင်မင် တင်တာပဲ တွေ့တယ်

    ReplyDelete
  13. ပန်းချစ်သူJanuary 3, 2023 at 4:24 PM

    ကျွန်မကတော့အိမ်မှုကိစ္စမလုပ်တတ်တော့သူငယ်ချင်းတွေကပြောကြတယ်လူကြည့်တော့မြန်မာဝတ်စုံလေးနဲ့သနပ်ခါးလေးနဲ့ပန်းကလည်းပန်သေးတယ်ထမင်းကျမချက်တတ်ဖူးဆိုပြီးနှိမ်ကြသေးတယ်ယောကျ်ားယူရင်ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့အထူးသဖြင့်အရိုက်ခံရမှာလို့ပြောကြတယ်အဲ့တာနဲ့ကြောက်လို့ယောကျ်ားမယူဘူးရယ်အိမ်မှုကိစ္စတွေလည်းမလုပ်ဖူး🤣

    ReplyDelete
  14. O
    4080 5329 4276 1745
    T
    26 6686 0567 9251 5187
    M
    20 3135 6611 1165 2629

    နောက်လူအတွက် ယူပီးတာပြောခဲ့ပါနော်

    ReplyDelete
  15. 💪မဂၤလာပါ

    ReplyDelete
  16. Thank
    Saya Phyo Thiha
    ဆရာ့စာတွေကိုတော့ fb မှာ အမြဲဖတ်နေကျ

    ReplyDelete
  17. c2dကိုသိပ်မကျေနပ်ဘူးနော်
    ssမရိုက်ရတေးဘူး
    အော်ရဂျင်နယ်အပ်ဒိပ်ဖစ်နေတယ်

    ReplyDelete
  18. ဆရာဖြိုး ရဲ့ စာတွေ အမြဲဖတ်ပါတယ်ရှင့်

    ReplyDelete
  19. စာအရှည်ကြီးရေးချင်ပေမဲ့ ခေါင်းမကောင်းလို့ မရေးတော့ပါဘူး (စိတ်ကူးပေါက်ရင်တော့ လာရေးမယ်😅)
    ဖြည့်စွက်လေးကိုပဲ ပွားတော့မယ်
    တခြားလူတွေကို ချစ်လို့ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာတာပါ
    ကာကွယ်ဖို့ကြိုးစားပေးရင်း သန်မာလာအောင်ကြိုးစားရတယ်
    စိတ်မပူစေရအောင်ကြိုးစားရင်း ကိုယ့်ကိုကိုယ်ပိုဂရုစိုက်လာမိတယ်
    .....အများကြီးရေးချင်ပေမဲ့ ဒီလောက်နဲ့ပဲ 😅

    ReplyDelete
  20. မညိုပြာ
    မဂ်လာပါ
    ခုမှမန့်တတ်လို့ နှုတ်ဆက်တာ 😘
    ကလစ်လာတာကြာလှပီ

    ReplyDelete
    Replies
    1. မင်္ဂလာပါ
      အမြဲကလစ်ပေးနေလို့ ကျေးဇူးတင်လေးစားမိပါတယ်ဗျ
      ရှေ့ဆက်ပြီးလည်း ကလစ်ပေးကြဦးစို့နော

      Delete
    2. Ios မှာ အခုမှ လုပ်လို့ရတယ်ဗျာ အရင်က လုပ်ကြည့်ဖူးတယ် အဆင်မပြေလို့ပါ

      Delete
    3. ကိုယ်ဆိုဖုံးမသုံးတက်တဲ့သူပါ တလရ ကိုစိတ်ဝင်စားလွန်းလို့ ကလစ် ချင်တာ ခုထိ ဘယ်လိုကလစ်ရမာ်သေးဘူး

      Delete
  21. Self-care
    ဒီကာလမှာ တကယ့်ကို လိုအပ်နေတာ။ ရင်းနီးတဲ့ သူအများစုက ကျန်းမာရေးချူချာလွန်းလို့ ဂရုစိုက်ဖို့အမြဲ သတိပေးနေပေမယ့်လည်း ခုထိ အားနည်းနေဆဲ......

    ReplyDelete
  22. အရင်ကတော့အဲ့လိုတွေးခဲ့ဖူးတယ်
    ကိုယ့်ထက်အခြေအနေဆိုးတဲ့သူတွေအများကြီးရှိလို့ ကိုယ့်ကိုယ်ကိုပျော်အောင်နေရမှာကြောက်ခဲ့တယ် သူများတွေကဒီလောက်ထိဒုက္ခ‌ေတွခံပြီးပေးဆပ်နေကြတာ ငါကပျော်နေတာမျိုးမဖြစ်သင့်ဘူးဆိုပြီးတော့ပေါ့ အာ့ကြောင့် ကိုယ့်ကိုယ်ပျော်ရွှင်စေမယ့်အရာတွေရဲ့အဝေးမှာနေခဲ့ဖူးတယ် ခုတော့အဲ့အတွေးတွေကမှားနေတယ်ဆိုတာသိနေပါပြီ ပြီးတော့ပျော်ရွှင်မှုဆိုတာကမတည်မြဲတဲ့အတွက် ပျော်ရွှင်ဖို့ထက်စိတ်အေးချမ်းဖို့ကိုပဲပိုပြီးဦးစားပေးဖြစ်လာတယ်

    ReplyDelete
  23. Clicker အားလုံးမင်္ဂလာပါဗျ။🙏🙏🙏

    ReplyDelete
  24. Thanks for sharing

    ReplyDelete
  25. ကြောငြာမတက်လို့ c2d က

    ReplyDelete
  26. ကြေ ​ြင ာမတက်ဘူးကွာ

    ReplyDelete
  27. ကြော်ငြာမတတ်ဘူးနော်

    ReplyDelete
  28. c2d ရောလက်ဆောင်ရော ကြော်ငြာမတက်ဘူးနော်။

    ReplyDelete
  29. ဆရာဖြိုးသီဟ ​စာ​တွေ ပြန်ဖတ်ခွင့်ရလို့ ​ကျေးဇူးပါမင်မင်နဲ့ ဆရာ

    ReplyDelete
  30. မောင်တစ်ထမ်း မယ်တစ်ရွက်ပေါ့ 😁👍

    ReplyDelete
    Replies
    1. မယ်ကတစ်ရွက်ပဲလား😁
      (ဟီးး စတာ)

      Delete
  31. Thank for sharing 👍

    စစ်​ခွေးနိဂုံး ၂၀၂၃ ✊

    Till the end
    Fighting together 💪

    ReplyDelete
  32. ပန်းချစ်သူJanuary 4, 2023 at 4:00 PM

    ပျော်ထှာ adsရပြီ

    ReplyDelete
  33. ❤️❤️❤️

    ReplyDelete
  34. ဆရာ့စာတွေ
    ဖတ်ရတာ ကျေးဇူးပါ❤️

    ReplyDelete
  35. ကျေးဇူးပါမင်မင်နဲ့ဆရာဖြိုး😍

    ReplyDelete
  36. Happy New Year 2023🍀


    နှစ်သစ်မှာ မြန်မာပြည်သူ/သား အားလုံး
    တရားသော မျှတသော လွတ်လပ်သော
    ပျော်ရွှင်မှုများနှင့်အတူ
    အောင်မြင်ကြပါစေ...
    လွတ်လပ်ကြပါစေ...
    တိုးတက်ကြပါစေ ...


    တရားသဖြင့်ကျင့်ကြံနေထိုင်ခဲ့သူအားလုံး
    ကျန်းမာရွှင်လန်းကြပါစေကြောင်းနှင့်

    မတရားမှုကျူးလွန်ခဲ့သူအပေါင်းတို့သည်
    ၄င်းတို့ ၏အကုသိုလ်အကျိုးများကို
    အမြန်ဆုံးခံစားကြရပါစေသတည်းဟု

    မျှတစွာတောင်းဆု ပြုလိုက်ပါတယ်🙏✨🌸



    ReplyDelete
  37. Lattsaung လေး ads တက်လို့ပျော် 🥰

    ReplyDelete
  38. ဒိန်းမတ်နဲ့ ကြော်ညာဝင်ကြည့်သွားသည်😁

    ReplyDelete
  39. စောင့်ခဲ့ရတဲ့ရက်တွေအတွက်မင်းလေးကိုပိုချစ်ပေးလိုက်ပါ့မယ်နော်

    ReplyDelete
  40. ကမ္ဘာမှာ အစားထိုးလို့မရတာ မိဘပါပဲ👨‍👩‍👦

    ReplyDelete
  41. မိဘရှိတုန်းကသမီးတာဝန်ကြေလို့နောင်တမရဘူး။နှစ်တိုင်းလဲဆွမ်းလှူသလို ကုသိုလ်ပြုတိုင်အမျှဝေပါတယ်

    ReplyDelete
  42. ချစ်သော clicker

    ReplyDelete
  43. Adsမတက်သေးဘူးနော်

    ReplyDelete
  44. သိပ်ကို လျှော်ကန်သင့်မြတ်တာပါ
    ကိုယ်တိုင်မှ မပျော်တတ်တဲ့သူက အခြားတပါးသူကို ဘယ်လိုမှ ပျော်ရွှင်စေနိုင်မှာ မဟုတ်ပါဘူး

    ReplyDelete
  45. Let’s click together

    ReplyDelete
  46. အားလုံးပဲ ကျန်းမာပါစေ ။ဘေးကင်းစွာနဲ့အိမ်ပြန်နိုင်ပါစေ။

    ReplyDelete
  47. ကျေးဇုးပါ ဒေါက်တာဖြိုး၊ အားလုံးကျန်းမာဘေးကင်းကြပါစေခင်ဗျာ။

    ReplyDelete
  48. Selfcare အနေနဲ့ worldcup ကြည့်ဖြစ်တယ် လူစုံရင်သောက်တယ် အဲ့လောက်ပဲလုပ်ဖြစ်သေးတယ်ခုလရယ်ပြီးခဲ့တဲ့လရယ်

    ReplyDelete
  49. Selfcare ကတော့ ကလစ်နေရင်း အနားရှိတဲ့လူတိုင်းနဲ့ဟာသတွေပြောပြီးရယ်တယ် အဲ့တာအကုန်ပဲ သူတို့ကလည်း အနားမှာနေရတာ ပျော်တယ်တဲ့😁

    ReplyDelete
  50. ဟုတ်ပါတယ်ဆရာလိပ်ပြာမလုံသလိုခံစားရလို့မရယ်မိတာဘယ်လောက်ကြာနေမှန်းတောင်မသိတော့ဘူး။နောက်ဆိုရယ်တတ်ပါတော့မလား?

    ReplyDelete
  51. ကျေးဇူးပါဆရာ

    ReplyDelete
  52. Comment မန့်တာကို အပေါ်နားထားပေးလေ အောက်အထိဆွဲရတာ ပျင်းလို့ 😮‍💨😮‍💨

    ReplyDelete
  53. အိမ်ကအ​မေလည်းအဲဒီအတိုင်းပဲ

    ReplyDelete
  54. အမေလဲတစ်သက်လုံးအိမ်ရှင်မလုပ်လာတော့
    တစ်ခြားသူလုပ်တာထက် သူ့လက်သူခြေနဲ့လုပ်တာကိုပိုပြီးအသားကျနေတယ်
    အခုစိတ်အေးချမ်းစေဖို့ ဆရာ့ရဲ့ဗုဒ္ဓအလိုကျကိုဖတ်နေတယ် စာပေကောင်းတွေဝေမျှတဲ့အတွက်ကျေးဇူးပါဆရာ🤍🤍

    ReplyDelete
  55. I'm not Patience..Die..Die SaKaSa Dogs.

    ReplyDelete
  56. ⚡We Are Clickers.⚡

    ReplyDelete
  57. 6-1-2023😍😍😍

    ReplyDelete
  58. Kyaw2Han Thailand

    ReplyDelete
  59. အာဏာရှင်စနစ်လုံးဝပျက်သုန်းရမယ်။

    ReplyDelete
  60. ကြေငြာတွေတက်နေတာပျော်စရာကြီး

    ReplyDelete
  61. ကြော်ငြာတွေတက်နေပြီ၊အားလုံးအဆင်ပြေအောင်စီစဉ်ပေးတဲ့မင်မင်တို့အားလုံးကိုကျေးဇူးပါ။

    ReplyDelete
  62. Kaung thant kaung thantJanuary 6, 2023 at 1:42 AM

    ဒီနေ့ကြော်ငြာတက်လို့ ပျော်၏။ချော့၍ ကလစ်မည်။

    ReplyDelete
  63. ကျေးဇူးပါ ဆရာ

    ReplyDelete
  64. ဒိနေ့မှပြန်တက်တယ်

    ReplyDelete
  65. မြန်မာပြည် ငြိမ်းချမ်းပါစေ

    ReplyDelete
  66. အမေ့မေတ္တာ

    ReplyDelete
  67. ငြိမ်းချမ်းပါစေ၊ မြန်မာပြည်

    ReplyDelete
  68. တူတူပဲအိမ်ကအမေလည်း ဘယ်လိုမှ ပြောမရဘူး၊ သူလုပ်နေတော့ ကိုယ်ကမနေနိုင်၊ ကိုယ်ကဝင်ပြီးလုပ်တော့ ကိုယ့်ရုံးအလုပ်တွေ ဖက်သေချာမလှည့်နိုင်၊ စကားတွေများရလွန်းတော့ ရှောင်ထွက်မှပဲရတော့တယ်။

    ReplyDelete
  69. ဆရာစာတွေအမြဲနားထောင်ဖြစ်ပါတယ်။ကျမကတော့အမေအရွယ်ပါသားတယောက်နဲ့ပါ။အမေတွေဖက်ကတွေးပြီးရေးထားတာအကုန်မှန်ပါတယ်။

    ReplyDelete
  70. သတိတွေ ရလိုက်တာ phပျက်နေလို့ သူများဆီကခဏ​ငှားသုံးနေရတယ်

    ReplyDelete
  71. January 6, 2023 at 3:32 PM
    ငြိမ်းချမ်းပါစေ၊ မြန်မာပြည်

    ReplyDelete
  72. ကျေးဇူးပါ

    ReplyDelete
  73. Thank you for such informative idealistic thoughts. We need such changes to improve our society.

    ReplyDelete
  74. အပြည့်အဝလက်ခံတယ်

    ReplyDelete
  75. အမေ့ကိုလွမ်းတယ် ၂၃.၁.၂၀၂၃မှာ ခွဲသွားတာ၄နှစ်ပြည့်မယ်

    ReplyDelete
  76. Click တချက်စီတိုင်းသည် အထောက်အပံ့ ဖြစ်ပါစေ 🙏🏻🙏🏻🙏🏻

    ReplyDelete
  77. အတူတူပျော်ရွင်ရမဲ့နေ့ရက်တွေအမြန်ရောက်ဖို့တတ်နိုင်တဲ့ဖက်ကကူမယ်

    ReplyDelete
    Replies
    1. ဘယ်လိုလုပ်ရလဲ ကျနော် ဘာတစ်ခုမှ နားမလည်လို့

      Delete
  78. 👍👍👍👍👍👍

    ReplyDelete
  79. တလရကာလ မှာ စသတိထားမိပြီး လေးစားရတဲ့ ဆရာ

    ReplyDelete
  80. Click တချက်စီတိုင်းက အထောင်အပံ့ဖြစ်စေ

    ReplyDelete
  81. ကောင်းလိုက်တဲ့ ခေါင်းစဉ်နဲ့ စာလေးတေ ကျေးဇူးပါ ဆရာ

    ReplyDelete
  82. အရိုးစွဲပြီးရိုက်သွင်းလာတဲ့အကျင့်ကိုတော်တော်ပြင်ယူရမယ်

    ReplyDelete
  83. ဆရာရေးသွားတာအမှန်တေပါဗျ ရှေရရိုးစွဲတေပြင်သင့်ပီ

    ReplyDelete
  84. မလေးရှားကပါ vpn မလိုပါဘူးနော်

    ReplyDelete
  85. ကျေးဇူးပါဆရာ

    ReplyDelete
  86. ကျေးဇူးပါဆရာ

    ReplyDelete
  87. Hi much appreciated

    ReplyDelete
  88. Totally agree with you

    ReplyDelete
  89. Thank you 🫡🫡

    ReplyDelete
  90. အမေ က မှီခို မဟုတ်ပါဘူး ဆိုတဲ့ စကားလေး သိပ်သဘောကျတယ်

    ReplyDelete
  91. ကလစ်တာကဘယ်လိုကလစ်ရလဲဗျ ကြောငြာတွေလဲမတွေ့လို့

    ReplyDelete
  92. 🙏🙏🙏🙏🙏

    ReplyDelete
  93. ငယ်ငယ်တုန်းက ကျောင်းမှာ မိဘနေရာမှာ အလုပ်အကိုင်ရေးရင် မေမေကို မှီခိုလို့ရေးရတာကို သဘောမကျခဲ့တာအမှန်ပဲ ကိုယ့်အတွေးထဲမှာ"ဘာလို့အဲ့လိုရေးရတာလဲ တကယ်တော့ သူအိမ်မူကိစ္စတွေအပြင် ခင်ပွန်း/သား/သမီး အစစအရာရာကိုလုပ်ပေးနေတာတောင် မှီခိုလို့ရေးရတော့" တကယ်စိတ်မကောင်းဖြစ်ခဲ့ရတယ်

    ReplyDelete
  94. အမေတိုင်းကဒီလိုဘဲထင်ပါတယ်၊ကိုယ်တွေကြတော့လည်းဖြည့်စွက်ကအတိုင်းဖြစ်နေလို့မနည်းပျော်စရာရှာတွေးနေတယ်။ကျေးဇူးပါဆရာနဲ့မင်မင်။

    ReplyDelete
  95. How lovely ♥️😊!!!

    ReplyDelete
  96. ဆရာ့ရဲ့စာတွေကအလွန်မှတ်သားလောက်ပါတယ် ကျေးဇူးပါ

    ReplyDelete
  97. အမှန်ပေါ့

    အားနာစိတ်တွေနဲ့....

    မပျော်မိတဲ့အချိန် ပါဘဲ

    ReplyDelete
  98. အမြန်အောင်မြင်ပါစေ

    ReplyDelete
  99. အခုဟာက အရမ်းအဆငိပြေတယ် အချိန်တိုင်းclick ပါ့မယ်

    ReplyDelete
  100. ကျွန်မအမေက ပွစိပွစိ အိမ်ရှင်မပါ🥰🥰

    ReplyDelete
  101. ပျော်နေတဲ့သူတွေ မြင်ရင် အခက်ခဲကြုံရတဲ့သူတွေကို အရမ်းအားနာမိတယ်
    အမြန်ဆုံးကျော်လွားနိုင်မယ် All fighting

    ReplyDelete
  102. မင်္ဂလာပါခဗျာ🙏

    ReplyDelete
  103. ❤️❤️❤️❤️❤️❤️❤️❤️

    ReplyDelete

Post a Comment