သာဒင်ဖူးစာ

 သာဒင်ဖူးစာ

========
Click community တခုဖြစ်တဲ့ #ကလစ်အကြောင်းကြိုက်တာမေး Facebook Group မှာ ကျွန်မတို့ စဆုံတယ်။ စာရေးဝါသနာပါတဲ့ကျွန်မက ကလစ်အကြောင်း၊ ကလစ်ပြိုင်ပွဲတွေအကြောင်း မကြာခဏရေးဖြစ်တယ်။ ကို ကျွန်မကို သတိထားမိသွားတယ်ထင်ပါရဲ့။ Gp မှာ ကျွန်မရေးတင်သမျှတိုင်း ကို့ဆီက comment လေးတွေအမြဲရတတ်တယ်။ လာမေးကြတဲ့သူတွေကို ကျွန်မကိုယ်စား ဝင်ဖြေရှင်းကူညီပေးတယ်။ ပို့စ်တခုတင်ပြီးတိုင်း တက်လာသမျှ comment မေးခွန်းတွေ၊ messenger ဆီ ဝင်လာသမျှ စာတွေ အချိန်မီပြန်မပေးနိုင်တဲ့ကျွန်မ၊ ကို့တယောက်ကျမှ ပြန်ရင်းနှီးမိတာတော့ နည်းနည်းထူးဆန်းသွားလားမသိပါဘူး။
မှတ်မှတ်ရရဆို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလောက်က Tha Din Admin ကိုဗစ်ဖြစ်ပြီး page ခေတ္တရပ်သွားတယ်။ App လည်း ads မတက်တော့ဘူး။ Admin ပျောက်သွားတော့ clicker တချို့လည်း စိတ်ပူတဲ့သူပူ၊ ထောက်ပို့စာရင်း မတင်ပြတော့ မယုံတော့လို့ မကလစ်တော့ဘူး ဆိုတာတွေလည်း ရှိကုန်ရော။ ကျွန်မက နီးစပ်ရာ ကလစ်ကာတွေကို သာဒင် ကလစ်မရပ်ဖို့၊ Page ရပ်နေတုန်း App လေးပါ ပျက်မသွားအောင် ဝိုင်းထိန်းထားဖို့တွေ တိုက်တွန်းမိတယ်။ စိတ်ထဲမှာလည်း ယုံကြည်နေမိတာ ကိုသာဒင်တယောက် သူချစ်တဲ့ ကလစ်ကာတွေဆီ ရောက်အောင်ပြန်လာမှာပါလို့လေ။ အဲ့မှာ ကိုက ကျွန်မကို ယုံကြည်ချက် ပြင်းထန်တဲ့မိန်းကလေး၊ ဇွဲကောင်းတဲ့မိန်းကလေးဆိုပြီး ပိုချစ်သွားတာတဲ့ (ဒါက ချစ်သူဖြစ်ပြီးမှ ကို ပြန်ပြောပြလို့ ကျွန်မ သိရတာ)။ ချစ်ရေးဆိုတဲ့နေ့မတိုင်ခင်အထိကို ကျွန်မတို့ ပြောဖြစ်သမျှတွေက ကလစ်အကြောင်းပါပဲ။ ပြောမိတိုင်း မပါမဖြစ်ကလည်း သာဒင်ပဲကိုး။ ကိုက ကျွန်မကို မေးတယ်။ သာဒင်ကို အဲ့သလောက်တောင်ချစ်လားတဲ့။ ငွေမလှူနိုင်တော့တဲ့ ကျွန်မကို Digital Strike လမ်းကြောင်းပေါ် ရောက်စေခဲ့တဲ့ App မို့ အားကိုးတာ၊ ယုံကြည်တန်ဖိုးထားမိတာပါလို့ ပြန်ဖြေခဲ့တယ်။ အဲ့မှာ ကိုက သူ့ရဲ့ သာဒင် Legendary pf ကြီး ထုတ်ပြရောလေ။ ကျွန်မကို စသိကတည်းက ကလစ်ထားတာတဲ့။ ကျွန်မမှာ ရင်တွေခုန်လိုက်ရတာများ ပြန်တွေးရင် ခုထိ နွေးနေသေးတုန်း။ အဲ့တုန်းက ကျွန်မက SG ပဲရှိသေးတာ။ ကိုယ်ခင်မိတဲ့သူက ကိုယ်တန်ဖိုးထားတဲ့အရာကို ထပ်တူတန်ဖိုးထားမှန်း သိလိုက်ရတဲ့ခံစားချက်က အချစ်စိတ်ကိုပါဖြစ်စေသလားပဲ။ အဲ့ဒါကြောင့် သာဒင်ဖူးစာလို့ ကျွန်မ ပြောတာ။
အဲ့လိုနဲ့ပဲ ကျွန်မတို့နီးစပ်သွားခဲ့တာပါ။
လက်ရှိအချိန်မှာ ကျွန်မတို့နှစ်ယောက် PRF Member လည်း ဝင်ထားတယ်။ The PDF Game ကနေတဆင့် မြေပြင်တပ်ရင်းတွေဆီ အဖွဲ့ဝင်ထားပြီး တိုက်ရိုက် ထောက်ပို့တယ်။ ယုံကြည်စိတ်ချရတဲ့ FR တွေကနေတဆင့် ထောက်ပို့မှုတွေလည်း လုပ်နေပါတယ်။
ဒါတွေထက်ပိုပြီး အဓိကအားစိုက်တာကတော့ Digital Strike ပါ။ ကိုက ကျွန်မထက် ပိုအားထုတ်နိုင်တယ်။ သူကိုယ်တိုင်လည်း App အတော်များများမှာ Top role ရောက်တဲ့ထိ Click မပျက်ကွက်တဲ့အပြင် Clicker အသစ်တွေ ထပ်တိုးလာစေဖို့ စည်းရုံးရေးအလုပ်ကိုလည်း ဆက်တိုက်ဆိုသလို လုပ်နေပါတယ်။ Clicker's Corner ဆိုတဲ့ page ကို ဦးဆောင်ပြီး မိတ်ဆွေတွေနဲ့အတူ Clicker တွေအတွက် အရေးကြီးဆုံးဖြစ်တဲ့ premium VPN Support (အခမဲ့) ကူညီ ပေးနေပါတယ်။ Clicker တွေ၊ CDM တွေ၊ PDF နဲ့ UG တွေအတွက် ထောက်ပို့ငွေ လုံခြုံစွာ စီးဆင်းနိုင်အောင် NUGPay acc တွေ မျှဝေကူညီပေးနေပါတယ်။ Click နဲ့ ပတ်သက်လို့ မေးသမျှလည်း ကူညီဖြေရှင်းပေးနေပါတယ်။
တော်လှန်ခရီးရဲ့ အဓိက ထောက်တိုင်ကြီး လေးခု (CDM / PDF / PRF / PCF) အနက်မှာ PCF လို့ ခေါ်တဲ့ People Click Force ဟာ အလွယ်ဆုံးနဲ့ အထိရောက်ဆုံး ထောက်ပို့မဏ္ဍိုင်တရပ်ပါ။ စကစ မပိတ်နိုင်တဲ့နည်း၊ ဘယ်လိုမှ တားမရနိုင်တဲ့နည်းပါ။ လုံးဝ မခက်တဲ့နည်းလမ်းပေါ်မှာ လက်ရှိ ပါဝင်နေသူ Daily Clicker ဦးရေ ၃၀၀၀၀ ဆိုတာ အရမ်းနည်းလွန်းနေတဲ့ပမာဏပါ။ သည့်ထက် သုံးဆလောက်ပဲ ပါဝင်ပေးနိုင်ရင်တောင် ကျွန်မတို့ အမြန် ပွဲပြီးမှာ။
သည်စာလေးကို ဖတ်မိတဲ့သူများထဲမှာ ယနေ့ချိန်ထိ Digital Strike လမ်းကြောင်းပေါ် မရောက်ကြသေးသူများ ရှိရင် ကျွန်မတို့နဲ့ ပူးပေါင်းပါလို့ အနူးညွတ် မေတ္တာရပ်ခံ တောင်းဆိုပါရစေ။
အမှတ်တရပုံလေး ဆွဲပေးတဲ့အပြင် ရင်ထဲကစကားတွေပါ ပြောခွင့်ပေးတဲ့ #BACVA ကို ကျေးဇူးအများကြီးတင်ပါတယ်။
Sai's Khaing




What about me?
What about me?
What about me and you together?
Somethin' that could really last forever
What about me?

Comments

  1. Replies
    1. Digital strike လမ်းကြောင်း‌ပေါ်စရောက်‌ေစခဲ့တာC2Dမို့ မင်မင်နဲ့လည်းဆွေး‌နွေးချင်လို့🤭 appreciate ko Saing&Kaing.

      Delete
    2. ထောက်ခံပါတယ်

      Delete
    3. Premiun vpnလေးမစပါဘယ်ဟာကောင်းလဲ

      Delete
    4. kokoaung VPN2click နဲ့clicker's corner တို့မှာ click point တွေပြပြီးသွားတောင်းလို့ရပါတယ်နော်

      Delete
    5. 🎶🎶 ကမ္ဘာမကြေ မြန်မာပြည်
      တို့အဘိုးအဘွား အမွေစစ်မို့
      ချစ်မြတ်နိုးပေ ပြည်ထောင်စုကို အသက်ပေးလို့ တို့ကာကွယ်မလေ
      ဒါ တို့မြေ
      ဒါ တို့​ပြည်
      တို့ ပိုင်တဲ့ မြေ

      များလူခပ်သိမ်းငြိမ်းချမ်း​စေဖို့
      ခွင့်တူညီမျှဝါဒဖြူစင်တဲ့​‌ မြေ
      တို့ပြည် တို့မြေ 🎶🎶🎶

      Delete
    6. ညချမ်းလေးပါ

      Delete
    7. 😍😍😍😍😍

      Delete
    8. ဒီဇင်ဘာည
      ကလစ်ကာများ မဂ်လာပါ

      Delete
  2. ကဲ မင်မင်နဲ့ ကိုယ်လည်းC2Dအကြောင်းဆွေးနွေးရအောင်😋😋

    ReplyDelete
    Replies
    1. ဒီန့ ပြောမယ့် အကြောင်းအရာက ဘာလဲ ?

      Delete
    2. ကြောငြာအ ရမ်းထပ်နေတယ်

      Delete
  3. ဒီနေ့က စပြီးမင်မင်ကိုClickအကြောင်းနေ့တိုင်းမေးရမယ်😋

    ReplyDelete
  4. ကြည်နူးလိုက်တာ😍 တလရ ပြီးရင် Sai နဲ့ Khaing ကိုမြင်ဖူးချင်မိတယ်...

    ReplyDelete
    Replies
    1. ဟုတ်တယ်နော် အရမ်းကုိလိုက်ဖက်တဲ့စုံတွဲလေး❤️

      Delete
  5. ရိပ်သာ‌‌ချည်း သွားကြမှာ ကို ကျွတ်စ် 😺

    ReplyDelete
  6. ချစ်စရာ click စုံတွဲလေး ထာဝရပျော်ရွှင်ပါစေ ❤️❤️

    ReplyDelete
  7. ဈေးဗန်းမှောက်မဲ့တင်းမ်ကပါ😺🙄

    ReplyDelete
  8. C2d မှ‌ာ‌ေတာ့ ရိပ်သာဖူးစာမယ် ရှိမယ်🤭

    ReplyDelete
    Replies
    1. ဒီမှာက အမူလွန်အပျိုကြီးတွေ ဇီဇာကြောင်လူပျိုကြီးတွေများတယ်ဗျ😁😁

      Delete
    2. 😅🤣🤣🤣

      Delete
    3. LDRS ဆိုတော့ ဆိုင်မဆိုင်မေးကြည့်တာပါဗျ။ဒီထဲမှာ we support mm YouTube channel ကို stream တဲ့သူရှိရင်တခုလောက်မေးပါရစေ။ဆရာမင်းလူရဲ့ အလွမ်းသစ် audio နားထောင်ဖူးရင်ပေါ့ဗျာ။အဲဒိအထဲမှာ စာရေးမအပျိုကြီးပြောသလို တင်မေထွန်းနဲ့ ကားဒရိုင်ကိုသာမန်တို့က အရင်ကရည်းစားတွေဆိုတာကို လက်ခံရမှာလား လက်မခံရဘူးလားဗျ။

      Delete
    4. ဟုတ်တယ် နားထောင်ရင် လည်သွား 😁

      Delete
    5. ဟုတ်တယ်ကိုယ်လည်းသိချင်နေတာ

      Delete
    6. ကျနော်လည်းသိချင်နေတာ ☹️

      Delete
    7. သိတဲ့သူများ ပြောပြကြပါဗျာ။

      Delete
    8. ကိုယ်တစ်ယောက်တည်းနားမလည်ဘူးထင်တာလေ😅

      Delete
    9. ဆရာမင်းလူပဲ သိမယ်😁😁

      Delete
    10. သေရောဒေါက်တာဖြိူးသီဟသွားနားနေသောကျွန်တော်။😂

      Delete
  9. C2dမှာရော🤭

    ReplyDelete
  10. Be happy ☺️
    Clickers couple 💗

    ReplyDelete
  11. ကြည်နူးစရာလေး စာကိုဖတ်ရတာ

    ReplyDelete
  12. We are winner
    Fighting together
    Good night all clickers

    ReplyDelete
  13. အားကျမိပါရဲ့🤭

    ReplyDelete
  14. Click တာ တစ်နှစ်ကျော်ပြီ ခုထိ FA ဖြစ်တုန်း ဆိုးလိုက်တဲ့ ငါ့ဘဝ 😢😢

    ReplyDelete
  15. မိုတီတွေကျ နေပါတယ်ဆိုမှ အ့တာမြင်တော့ ဇောက်ထိုးပါကျသွားတယ်😤

    ReplyDelete
    Replies
    1. စိတ်မပူနဲ့ ရိပ်သာတွေပေါပါတယ်🤣

      Delete
    2. Ppwkနှင့်အက်မင်အတွက် ရိပ်သာရှိ 😁

      Delete
    3. ရိပ်သာဒိုးရမဲ့အဖွဲ့ကပါ

      Delete
  16. တနှစ်ကျော်သေမတတ် ကလစ်ပေမဲ့ ဘာဖူးစာမှမတွေ့ဘူး ဘာမှလဲ တိုးတက်မလာဘူး တိုးတက်လာတာဆိုလို့ အခု မျက်မှန်တပ်ရပြီ ပြီတော့ မျက်ကွင်းညိုပြီ ပန်ဒါဖြစ်နေ
    ဒီ ကိစ်စ C2D မင်မင်မှာတာဝန်ရှိတယ်

    ReplyDelete
    Replies
    1. ဒါလဲမှန်တာပဲ😂😂😂

      Delete
  17. ကိုတွေတော့ရှိသမျှရည်းစားအကုန်ပြတ်နောက်ထပ်ထားလည်းပြတ်မှာပဲ
    ative ပိတ်ပြီးတချိန်လုံးကလစ်နေတာ
    ကလစ်တဲ့အချိန်စာရောက်လာရင်ဒေါသကအလိုလိုထွက်VCခေါ်ပြီးမပြီးနိုင်မစီးနိုင်လာလုပ်နေရင်ပါးကြီးဖြတ်ရိုက်ချင်လာတာဒေါသထွက်လာရောပြိုင်ပွဲရှိတဲ့ရက်လာမနှောင့်ရှက်နဲ့အသေရိုက်သတ်ချင်တာ😁အဲ့တော့ကာဖြတ်ပစ်တာနားအေးရော

    ReplyDelete


  18. စစ် ကို မလို
    အချစ် သာ လိုခဲ့ကြ

    အခုတော့
    အချစ် ကို ပစ်
    စစ်တွေ ဖြစ်နေရပီ

    ဒို့ ချစ်တဲ့
    နိုင်ငံတော်
    အချစ်တွေ ဖူးပါစေ


    San Zuren 🌸

    ReplyDelete
  19. This comment has been removed by the author.

    ReplyDelete


  20. Tommy ❤️ Thae Nu

    C2D ဖူးစာ
    ဒီလ ၈ ရက်နေ့က
    ၁၀ လပြည့်ပြီ


    ReplyDelete
    Replies
    1. ဝိုးးး congratulations 🎉
      သဲနုလေးရေ
      စကားမပြောဖြစ်တာကြာပေါ့ သတိရနေပါတယ်😍

      Delete
  21. ကိုယ်ရဲ့ ကလစ်ကာ ဘဝကတော့ C2D က စခဲ့တာပါ 🥰

    ReplyDelete
  22. ဪ..ဪ..ဖူးစာ..ဖူးစာ 🎉

    ReplyDelete
  23. Good night 😴
    Admin and clickers 🍀


    ReplyDelete
  24. Congratulations ပါနော် 😊 clicker စုံတွဲတို့ရေ
    ယူတ်ု့ကို ကြည့်ရတာနဲ့ ဘာမဆိုင်ညာမဆိုင် B-04 ကကောင်လေးတစ်ယောက်ကိုတောင် miss tal.
    သူက ကလစ်မလုပ်အားပေမယ့်ပေါ့လေ
    ကိုယ့်ကိုဘာလုပ်နေလဲမေးလို့
    ကလစ်နေတယ်ပြောရင်စကားဆက်မပြောတော့ဘူး အလိုက်သိတတ်ပုံများ ...
    တစ်ခါတလေတော့လည်းသတိရပါတယ် 🙁

    ReplyDelete
  25. အော်...
    ကွန်ကွန်ပါလို့ 💞

    ReplyDelete
  26. စိတ်ဓါတ်လေးတေ
    ချစ်စရာကောင်းလိုက်တာ
    com com 💕

    ReplyDelete
  27. ကွန့်"ပါ🤎

    ReplyDelete
  28. ကြည်နှုးရပါ၏

    ReplyDelete
  29. Happy day for the people.

    ReplyDelete
  30. ငါလေး ဘာလို့အဲ့လို community တွေထဲဝင်မထားမိပါလိမ့် 🤔
    (ရိုက်ပေါက်တွေချည်းမန့်လို့ ရမှာလည်းမဟုတ်လောက်ဘူး 😪)

    အနော်လည်း page ထောင်တော့မယ် 😁😁
    ကလစ်ကာကောင်လေးချောချောတွေ လာမန့်ကြနော် 😜

    ReplyDelete
  31. လင်းဆက်November 12, 2022 at 6:47 PM

    👏👏👏

    ReplyDelete
  32. ကဲ !ငို့မင်မင်ရေ
    အားကျမခံပါနက်
    Do လိုက်တော့😁

    ReplyDelete
  33. ဘာ​ပြောရမှန်း​တောင် မသိ​တော့ဘူး ဆိုးဆတ်သွားပီ 😟😟😟

    ReplyDelete
  34. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
    Replies
    1. What about me ? ဆိုပြီး drama ခင်းပါမယ် ဆိုမှ anonymous တဲ့လား???

      :(

      Delete
    2. This comment has been removed by the author.

      Delete
    3. This comment has been removed by the author.

      Delete
  35. ကျုပ် ဖူးစာရှင်ကတော့ ကျေးဇူးရှင်
    c2dမင်မင်ကြီးပဲ🤣

    ReplyDelete
  36. Congratulations ပါရှင့်
    c2d pageမှာ ttမသိတာတွေမေးသမျှလာဖြေပေးပေးနေတဲ့ညီမလေးများလား 🤔🤔
    ကြည်နူးဖို့ကောင်းတယ်စာလေးဖတ်ရတာ😍

    ReplyDelete
  37. click အစ c2d က
    c2d fan😁
    အများကြီး မလုပ်နိုင်လို့ c2d တစ်ခုပဲ click ဖြစ်တယ်
    အဆုံးထိလည်း အတူရှိမယ်

    ReplyDelete
  38. No ads config 😶 today

    ReplyDelete
  39. C2d app data restore ပြန်ယူနည်းလေးသိချင်လို့ ကျန်တာတွေ ပြန်ရပြီး ဒါကျ မရတော့လို့

    ReplyDelete
    Replies
    1. C2D ကမရပါဘူး
      လက်ဆောင်ပဲ ရတယ်

      Delete
  40. C2D က စပြီးကလစ်ဖြစ်တာပါ၊အရင်ကတော့လက်ဆောင်နဲ့ဆုရတနာပါကလစ်တယ်၊ခုတော့အချိန်သိပ်မပေးနိုင်လို့C2Dပဲပုံမှန်ကလစ်ဖြစ်တော့တယ်။

    ReplyDelete
  41. ဘယ်သူပြောလဲကလစ်နေရင်းနဲ့ရည်းစားမရဘူးဆိုတာ ဆက်လျှောက်ကြမယ်

    ReplyDelete
  42. Congratulations 💜💜💜

    ReplyDelete
  43. ကြည်နူးစရာလေး😁💛

    ReplyDelete
  44. ကိုနားမလည်တာကိုရှင်းပြတာTDကညတစ်နာရီထိုးတဲ့အထိအချိန် ၃ နာရီကြာတယ်(1 0 pm to
    12 :05 am)အထိAdmin ကိုယ်တိုင်အားလုံးလုပ်ပေးတဲ့အပြင်အရစ်သန်တဲ့ကို့ကိုသူ့အမှားမဟုတ်တာတောင်တောင်းပန်ခဲ့တယ်။gpထဲမှာကိုပြောပြရှင်းပြတာကိုကသိချင်တာမသိရရင်မရပ်တန့်နိုင်ခဲ့ဘူး။ရှင်းပြတဲ့သူကစိတ်တအားရှည်ရှည်ထားပြီးရှင်းပြရတာ။လုပ်ချင်တာရှိလည်းစိတ်တအားရှည်ရှည်ထားပြီးလုပ်ပေးရတာ။C2D gp ထဲမှာ၂ကြိမ်ရှိပြီနားမလည်လို့မေးတာဘယ်သူမှစိတ်ရှည်ရှည်ရှင်းမပြခဲ့ဘူး။သူတို့အချင်းချင်းပဲပီယဝါစာပြောနေကြတာC2Dရဲ့အားနည်းချက်ပဲ

    ReplyDelete
    Replies
    1. ပြန်ကြ ည့် လိုက်တာ(12: 05am)မဟုတ်ဖူးပဲ(မဟုတ်ဖူးပဲ(12:45am)ဟုတ်တယ်
      ညတစ်နာရီထိဆို

      Delete
    2. C2D လည်းမသိတဲ့သူဆိုသေချာရှင်းပြပါတယ်
      (အဒ်မင်ကိုယ်တိုင်တော့ မအားနိုင်လို့ မရှင်းနိုင်လောက်ပါဘူး) ခေတ်လူငယ်တွေမို့ နားလည်လောက်မယ်ယူဆလို့ ရှည်ရှည်ဝေးဝေးအကြာကြီးရှင်းမပြနိုုင်(တကယ်လည်းမလိုအပ်) လို့ယူဆပါတယ်
      ပီယဝါစာ ပြောတယ်ဆိုတာ သူတို့ရင်းနှီးသူချင်း စ' နောက် နေကြတဲ့ ပုံစံပါ
      တကယ်မသိတဲ့သူတွေလာမေးရင် သေချာပြောပြပေးကြပါတယ် ခင်ဗျ
      တခါတလေ မန့်တွေများပြီးမျက်စိမှောက် ကျော်သွားတတ်တာဖြစ်တတ်တာဆိုတော့...
      စိတ်ထဲမထားပဲ ထပ်မေးကြည့်ပါနော်

      Delete
    3. သွားတော့ မရစ်နဲ့ပေါ့​နော်
      တော်ကြာ ကလစ်ပွိုင့်တွေနည်းကုန်လို့ အဒ်မင်ငိုရလိမ့်မယ် ...
      😁 စ' တာနော်
      စိတ်ဆိုးနဲ့

      Delete
    4. ကို့ဆီမှာ၆၀ ကျော်
      ဖေ့မိတ်ဆွေမေ့မိတ်ဆွေတွေသင်ပေးရတာသူတို့ဖုန်းပါရော့အင့်ဆိုပြီးထိုးပေးတာကိုအကုန်လိုက်လုပ်ပေးရတာ။သူတို့မေးသမျှရစ်သမျှခံရတာကိုတိုင်ကလည်းခေတ်လူငယ်မဟုတ်တော့ဘူး။လူကြီးတစ်ယောက်ပါ။
      Click တယ်ဆိုတာc2dအတွက်TDအတွက်မဟုတ်ပါဘူးတိုင်းပြည်အတွက်တတ်နိုင်တာလုပ်ပေးနေခြင်းပါ။အပြစ်ပြောခြင်းမဟုတ်ပါ။

      Delete
    5. မင်းသိလား။ကို့မှာတဖက်ကအတိအကျမေးနေလို့ဖြေရှင်းဖို့ကြိုးစားခဲ့တာကိုစောက်လုပ်မလုပ်ပဲစောက်ပိုတွေလာပြောနေတယ်။ကျုပ်adminဆိုခင်ဗျားကိုblockလိုက်ပြီလို့အပြောခံရတာ။ကို့ဘဝမှာပထမဆုံးစောက်နဲ့နှိုင်းပြီးအပြောခံရတာတခါမှဘယ်သူကမှအဲ့လိုမပြောခဲ့ဘူးဘူး။

      Delete
    6. ဟုတ်ကဲ့ နားလည်ပါတယ် ခင်ဗျ
      အဲ့လိုလာပြောရင် ကိုယ်ကဦးအောင်ဘလော့ပစ်မှာ(ဒီထက်စိတ်ဆိုးရင် report တောင်ထုခဲ့မှာ)ဆိုတဲ့ စိတ်မြန်တတ်တဲ့ထဲမှာကိုယ်လည်းပါတယ် (ခုက ကလစ်တယ်ဆိုတာ ကိုယ့်အတွက်/အများအတွက် ဆိုပြီး သတ်မှတ်ထားလို့ )
      ဆိုတော့ အဲ့လိုတစုံတယောက်ကြောင်​့စိတ်ဆင်းရဲမနေပါနဲ့ မေ့ပလိုက်ပါနော်
      အဒ်မင်တွေဆို ဘယ်တော့မှအဲ့လိုမပြောပါဘူး, ကလစ်ကာတွေကြောင့်သာ ..$$တွေရေရင်းပျော်နေမှာ 😁
      ကိုယ်ဆိုပြသနာတခုပေါ်တယ်ဆို မန့်တွေလိုက်ဖတ်တယ်(မပေါ်ရင်တော့တကယ်ဝင်မဖတ်မိဖူး)
      အဲ့မှာကိုယ်နဲ့တူတာတွေ့ရင် ပေးထားကြတဲ့အကြံတိုင်းလိုက်လုပ်ကြည့်တယ် မမေးတော့ဘူး
      ကိုယ့်လိုလိုက်လုပ်ရမယ်လို့မဆိုလိုပါဘူး အဆင်မပြေရင်တော့ဝင်မေးပါ


      တချိန်ကဘလော့ခံခဲ့ရသူ 😁 , ဘလော့မှာ နေရင်းထိုင်ရင်း အဆဲခံခဲ့ရသူ ရယ်ပါ
      (ဘလော့တဲ့သူကမေ့လောက်ပေမဲ့ ခုထိမမေ့သေးသူပါ 😁)

      Delete
    7. မန့်ဖတ်ပြီး စိတ်မကောင်းဖြစ်မိပါတယ် c2d ကလေးတွေ သေချာဖြေပေးပါတယ် အခန့်မသင့်လို့ဖြစ်သွားတာနေမှာပါ နားလည်ခွင့်လွှတ်ပေးပါနော် ခုနောက်‌ပိုင်း ကလစ်စရာတွေများလာလို့ တယ်လီမန့်တွေလိုက်မဖတ်ဖြစ်တော့ဘူး များသောအားဖြင့် အဲ့လိုဖြစ်ကုန်ကြတာပါ ဖြေပေးနေကြကလေးတွေ မန့်မတွေ့လို့နေမှာပါ 🕊️🕊️🕊️

      Delete
    8. စိတ်မ​ ကောင်းဖြစ်မိတာကအဆဲခံလိုက်ရလို့ပါ။clickတာကတော့မပျက်ကွက်ပါဘူး

      Delete
    9. ဖိုက်တင်းပါ

      Delete
    10. နာလည်ခွင့်လွှတ်ပေးမှူအတွက်အားလုံးကိုယ်စားလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်ခင်မျာ

      Delete
  45. CDM လဲလုပ်တယ် PCF လဲ လုပ်တယ်
    လုပ်နိုင်တာမှန်သမျှ လဲ လုပ်ပေးတယ် ဘဝ တူချင်းအတူတူ တစ်ချို့က click ဖို့မအားဘူးငြင်းတယ် click မလုပ်အားဆိုတော့ ထီထိုးပါလားဆိုတော့လည်း မထိုးတတ်ဘူးတဲ့ ကူညီမယ်ပြောပြန်တော့ နောက်မှထိုးမယ်တဲ့ နတ်ပေး ဖွင့်ပါလား ဆိုတော့လည်း မလုံခြုံလို့ပါတဲ့
    CDM လုပ်ထားတာပဲ တာဝန်ကျေလှပြီလို့
    မတွေးစေချင်ဘူးတကယ် ငါတို့ကိုယ်တိုင် နိုင်သမျှအားနဲ့တိုက်ယူရမှာ

    ReplyDelete
  46. Clicker ဖူးစာ Congratulations ပါ ✌

    Till the end
    Fighting together 💪

    ReplyDelete
    Replies
    1. ကိုစိုင်း ဆိုလို့ ခင်ဗျားလို့ထင်နေတာလေ 😁
      YouTube channel တိုင်းမှာလည်းတွေ့နေတော့ ခိုင်ပြောတာနဲ့တူနေလားလို့ 😁😁

      Delete
    2. အထင်ကြီးတာမှားသွားပြီဗျ
      ကျ​နော်မဟုတ်ပါဘူး 😂

      ခုထိ Clicker FA ကြီးပါဗျာလို့ 😁

      Delete
    3. ဟာ ဒီမှာ FA တွေ့ပြီ
      စာရင်းတို့ထားကြပါဗျို့ 😁

      Delete
    4. ​စျေးဗန်းခင်းမယ် 😁

      Delete
  47. Congratulations Ko Sai and Khaing 💖

    ReplyDelete
  48. 🌟Daily Click
    Success🌟
    🌟Done.

    ReplyDelete
  49. ကလစ်ကာနှင့်သူ၏ချစ်သူများဆိုပြီးရေးပေးကြပါဗျို့😊😊😊

    ReplyDelete
  50. အားကျနေရော

    ReplyDelete
  51. ကလစ်ကာရေစက်ပေါ့နော်

    ReplyDelete
  52. အမြဲကလစ်တော့မယ်

    ReplyDelete
  53. 🥰🥰🥰💪💪💪

    ReplyDelete
  54. ချစ်စရာ နှစ်ယောက်

    ReplyDelete
  55. ပြည်နယ်တစ်ခုချင်းဆီ click ပြိုင်ပွဲလုပ်ခိုင်းရင်ကောင်းမယ်။
    ဥပမာ မနက်ဖန် 24 ရက်မှာ
    ကရင်ပြည်နယ်ကို ၀င်ကလစ်ခိုင်းမယ်
    နောက်ရက်ဆို တခြားပြည်နယ်အလှည့်။ ပြီးရင် ဘယ်ပြည်နယ်က ကလစ်တာများလည်း ယှည်ကြည့်မယ်။
    အများဆုံး ကလစ်တဲ့ပြည်နယ်က
    တော်လှန်ရေးကို စိတ်ပါနေသေးလို့ဘဲ။

    ReplyDelete
  56. ညိုပြာတဲ့ အကိုNovember 23, 2022 at 8:30 PM

    Good လိုက်ဖက်တဲ့ဘဝ အားကျ

    ReplyDelete
  57. Tulipthae66@gmail.comNovember 23, 2022 at 8:47 PM

    Sai & Khaing ကို တလရပြီးရင် မြင်ဖူးချင်တယ်

    ReplyDelete
  58. Virtual world 🌎 ကြီးကို
    ဘာလုပ်မို့တုန်းဟင်🤨

    ReplyDelete
  59. ကိုယ့်အတွက်ကတော့ ယမကာလေးရှိရင်ရပြီရယ်။

    ReplyDelete
  60. တလရ အမြန်ဆုံး အောင်စေရန် နေ့စဥ် ကလစ်ကြပါစို့။

    ReplyDelete
  61. ကြော်ငြာ မတက်ဘူးကွာ

    ReplyDelete
  62. We must Click to donate for our AungPwal and our goal.
    Finally! We must success and we must win.

    ReplyDelete
  63. comment တွေမရေးဖြစ်ပေမယ့်နေ့တိုင်း ကလစ်ပါတယ်

    ReplyDelete
    Replies
    1. ရေးရင်ပိုက်ဆံပိုရလားသိချင်လို့ပါ

      Delete
  64. ကျနော်စိတ်ပူတာကဒီလို
    c2dနဲ့su yadanar showကိုအချိန်ပေးကလစ်ပါတယ် ကလစ်သမျှကိုအလိမ်အညာappမဖြစ်ပါစေနဲ့တကယ်ထောက်ပို့အားကိုးရတဲ့appတွေဖြစ်ပါစေဆိုတာပါပဲ သိသူများဖြေပေးကြပါ

    ReplyDelete
    Replies
    1. Unknown ကဘာပြောချင်တာလဲဟင် C2Dက ပထမဆုံး digital strike ကိုစလုပ်ပြီးအဖွဲ့ပေါင်းများစွာကိုအခုထိထောက်ပို့နေတာပါနော်
      Su yadanar app ကလဲ fake app မဟုတ်ပါဘူးနော်

      Delete
    2. ကိုယ်ဆိုအရမ်းသံသယများတတ်တဲ့ထဲကပဲ
      စကလစ်တုန်းကလည်း ကိုယ့်မောင်လေးနဲ့ပြောဖြစ်တာ "ငါ တို့ယုံလို့ရရဲ့လား ငါ့ယူကျူ့သင်ခန်းစာတွေရပ်လိုက်ပြီး/အလုပ်တစ်ခုအတွက်ပြင်ဆင်တာတွေခဏရပ်လိုက်ပြီး အချိန်ပေးကလစ်နေတာ" လို့ သူကတော့ ကိုယ့်လိုတောင်သံသယမဝင်ဘူး ယုံယုံကြည်ကြည်နဲ့ကိုကလစ်နေတာ နဲ့ ပြီးတော့ မြတ်ကျော်သူကလည်း အတည်ပြုပေးခဲ့တာနဲ့ ကိုယ့်သံသယတွေပျောက်သွားပြီး စိတ်နှစ်ကလစ်ခဲ့တာ ခုချိန်ထိပဲ
      (အဒ်မင့် လုပ်ရပ်တွေက အကောင်းဆုံးသက်သေတွေပဲလေ)

      Delete
  65. Hi မင်္ဂလာပါ အမျိုးတို့

    ReplyDelete
  66. ဟုတ်ပါ့ဗျာ
    end game multiplayers မှာလည်း like ထားသူက ထောင်ကျော် စပြီးဝင်ကစားကြတာက ၂၀၀ ကျော်လေးရယ်။ လျော့လျော့သွားလိုက်တာ နေ့ပိုင်းဆို ၃၃ ယောက်တ်ို့ဘာတို့ ညပိုင်းကျတော့ ၁၀၀ သာသာလေးရယ်။ စိတ်များလည်း ကုန်ပါတယ်

    ReplyDelete
    Replies
    1. လာပါပြီ ရှင့်

      Delete
  67. သာဒင်ဖူးစာ။ အခုထိ ရည်းစားမရသေးဘူး ဘယ်လိုလုပ်ရမလဲ

    ReplyDelete
    Replies
    1. သာရင် တို့ ကြာတင် တို့ ရှိအုံးမာပါ အားမငေနဲ့ ကြိုးစား Click'😁😁

      Delete
  68. ငှက်ပျောတုံးဖက်မယ့်အဖွဲ့ကပါ

    ReplyDelete
    Replies
    1. ေ​နွဦးသစ္စာကအားပေးတယ်များများသာကလစ်တလရပြီးမှဖက်ချင်တာဖက်ကြပါခုတော့ခေါက်ထားလိုက်

      Delete
  69. 🤔သာဒင်ကြီးက တို့ ကလစ်တာကျတော့ ဘာလို့ မမြင်ပါလိမ့် 😴😴 အိမ်း အားမငယ်ပါဘူးလေ ကြာခင် တို့ သာရင်တို့များ တွေ့မလား ဆက်ကြိုးစား Click မယ်💪🏻💪🏻💪🏻💪🏻💪🏻

    ReplyDelete
  70. အားမငယ်ပါနဲ့ ဘွေးတုတ်ရာ သာရင် နဲ့ ကြာခင်တို့ ရှိပါသေးတယ်ဟ ညည်းတို့ ကလဲ😁😁😁😁

    ReplyDelete
  71. အားကျ အားရတယ်

    ReplyDelete
  72. တော်လှန်ရေးဖူးစာပေါ့💛

    ReplyDelete
  73. ⭐ကလစ်
    ဒေးလီ
    ဆပ်ဆက်စ်
    ဒန်း ၊ ⭐

    ReplyDelete
  74. ကိုယ်လည်း C2D မင်မင်နဲ့ ဖူးစာဆုံချင်လိုက်တာ😁😁😁

    ReplyDelete
  75. ပြည်သူတွေအားလုံးcLickပေးကြပါ

    ReplyDelete
  76. Cm မရေးပေမယ့်တာ၀န်ကျေပါတယိနော်🖤

    ReplyDelete
  77. ကိုယ်က အစက protector.
    နောက် keyboard fighter.
    အခု clicker.
    အားလုံးဘဲ မဂ်လာပါ

    ReplyDelete
  78. ကျော်ငြာမတက်လို့ဗျို့

    ReplyDelete
  79. ကြော်ငြာဘာလို့ခုထိမတက်တာလဲ

    ReplyDelete
  80. Faမင်မင်တျောက်လောက်😁😁🥰🥰🥰

    ReplyDelete
  81. မင်ဂါ​ဆောင်ရင်ဖိတ်ပါ​နော်

    ReplyDelete
  82. ကျွန်တော်ကတော့ဘာပဲရေးရေး ကိုယ်ရေးထားတာ ပြန်မတွေ့ရဘူးဗျာ
    ဘာကြောင့်လဲ ?
    တစ်ချက်လောက်ပြောပြကြပါလား ?

    ReplyDelete
  83. ကလစ်တာတော့သေချာအောင် ကလစ်ပါတယ်ဗျာ
    ၂၄၀၀ ကျော်သွားပြီလေ

    ReplyDelete
  84. ချစ်လိုက်တာ ကြည်နူးမိပါတယ်

    ReplyDelete
  85. ကိုယ္ဟာ PCF

    ReplyDelete
  86. အမြဲတမ်းကလစ်ဖြစ်ပါတယ်

    ReplyDelete
  87. ကိုယ်ကတော့ C2D ‌ကြောင့် Digital Strike လမ်းကြောင်းပေါ်ရောက်လာရချင်ပါပဲ ကျေးဇူး C2D Admin 💪

    ReplyDelete
  88. လေးစားပါတယ်ခင်ဗျာ

    ReplyDelete
  89. တို့ကတော့သာဒင်ကစပြီးclickerဖြစ်လာတာ
    တစ်နှစ်ကျော်ပြီ
    pointမပြတော့တာဘာလို့လဲသိရင်ဖြေကြပါဦး7000ကျော်ကတည်းကပျောက်သွားတာကိုယ့်ရာထူးတောင်မသိရတော့ဘူး

    ReplyDelete
  90. အာဏာရှင်တွေကျဆုံးပါစေ

    ReplyDelete

Post a Comment