Virgo - ကန်ရာသီဖွား

General

Virgo (သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂)

Element- Earth
Planet- Mercury
Lucky Number- 3,8,6,7
Lucky Days- Monday,Wednesday,Thursday
Lucky Colour-Green,White,Yellow
Lucky Stone -Carnelian,Sapphire
Business Partner -Capricorn
Soul Mate - Cancer,Taurus

Post Credict - မှော်ပညာ - The Magic / Myanmar Zodiacers Facebook Group

About

Virgo သည် သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ ကြားမွေးဖွားသူများဖြစ်ကြပြီး မြန်မာလို ကန်ရာသီဖွားများဟု ခေါ်ဝေါ်ကြပါတယ်။ Element မှာ Earth ဖြစ်ပြီးမြေကြီးစွမ်းအင်ရှိပါတယ်။


စီးပွားရေး

Virgo ရာသီခွင်မွေးဖွားသူများသည် ဝေဖန်ထောက်ပြနိုင်စွမ်း အထူးကောင်းမွန်ကြသူများဖြစ်ပါတယ်။မည်သည့်လုပ်ငန်းကိုမဆို စိစိစစ်စစ်တိတိကျကျ လုပ်တတ်ကြသူများဖြစ်ပြီး ဂျီးများလွန်းတယ်လို့တောင် ဆိုလို့ရပါတယ်။လူကဲခတ်အလွန်တော်ပြီး စီးပွားရေးလုပ်ရာတွင် အလွန်ထူးချွန်ကြသူများဖြစ်ပါတယ်။ ၁၂ ရာသီခွင်ဖွားများထဲတွင် Virgo ၏ဥာဏ်ပညာသည် အထက်မြက်ဆုံးဟု ဆိုနိုင်ပါတယ်။ စီးပွားရေးတစ်ခုအောင်မြင်ကြွယ်ဝဖို့အတွက် လိုအပ်သောအရည်အချင်းများဖြစ်သည့် အကွက်ကျော်မြင်တတ်ခြင်း၊ဇွဲကောင်းခြင်း၊စွန့်စားရဲခြင်း၊စည်းကမ်းကောင်းခြင်း များကိုပိုင်ဆိုင်ထားသူများသည် Virgo များပင်ဖြစ်ပါတယ်။ စကားပြောဆိုရာတွင်လည်း အပါးအနပ်အနိမ့်အမြင့်ကို ကျွမ်းကျင်စွာပြောဆိုနိုင်ခြင်း တို့ကြောင့်ခေါင်းဆောင်နေရာကို အမြဲရောက်ရှိကြသူများလည်း ဖြစ်ကြပါတယ်။ ငွေရေးကြေးရေးနှင့် ပတ်သတ်ဆက်နွယ်သော လုပ်ငန်းများတွင်ပိုပြီးထူးချွန်နိုင်တာ ဖြစ်ပါတယ်။

အဓိက အမူအကျင့်များ

စိတ်အတက်အကျမြန်ပြီး Emotion အရမ်းများကြသူများ ဖြစ်ပါတယ်။ စိတ်ထိခိုက်လွယ်သော်လည်း ဖြတ်ထိုးဥာဏ်ကောင်းသောကြောင့် အခက်အခဲများကိုရဲရဲဝံ့ဝံ့ ဖြေရှင်းနိုင်စွမ်းရှိပါတယ်။ မိတ်ဆွေအပေါင်းအသင်းအလွန်မင်ပြီး လွတ်လပ်မှုကိုမြတ်နိုးကြပါတယ်။ သည်းခံနိုင်စွမ်းအားကောင်းမွန်ပြီး သူတစ်ပါးအပေါ်အကူအညီပေးရခြင်းကို နှစ်သက်လေ့ရှိသူများဖြစ်ပါတယ်။အပြောအဆိုချိုသာသော်လည်း မာနကြီးတတ်ကြသူများဖြစ်ပါတယ်။ မာကြောတယ်လို့ထင်ရပေမယ့် တကယ်တမ်းကတော့ အရမ်းကိုစိတ်ခံစားလွယ်ကြသူများလည်း ဖြစ်ကြပါတယ်။ စိတ်ထဲမကျေနပ်တာရှိရင် တုတ်ထိုးအိုးပေါက်ထပြောတတ်သလို ဘာမှမပြောဘဲရင်ထဲမှာ ဝမ်းနည်းသွားတတ်ကြတာလည်း Virgo လေးများပဲဖြစ်ပါတယ်။

နှလုံးသားရေးရာ

Virgo ရာသီခွင်များသည် နှလုံးသားနှင့်ဦးနှောက်ဆိုလျှင် နှလုံးသားကိုဦးစားပေးကြသူများဖြစ်ပါတယ်။ အချစ်ကြီးသူများဖြစ်ကြပြီး တစ်ဖက်သူအပေါ် အလွန်ကြင်နာမြတ်နိုးတတ်တဲ့ သဘောရှိကြပါတယ်။ ကူညီရိုင်းပင်းမှုကြောင့် ချစ်ခင်သူများပြားပြီး စန်းပွင့်တယ်လို့ ပြောနိုင်ပါတယ်။ နူးညံ့သောနှလုံးသားပိုင်ရှင်များဖြစ်ကြပြီး အချစ်ကြောင့်ခံစားရသည့်အခါ ပုံမှန်ထက်ပိုပြီးနာကျင်ခံစားရလေ့ရှိတတ်ပါတယ်။ အချစ်ရေးတွင်ပွင့်ပွင့်လင်းလင်း သိပ်မရှိတတ်ဘဲ သိုဝှက်ရှက်ကြောက်နေတတ်တာလည်း Virgo ရာသီခွင်များပဲဖြစ်ပါတယ်။ အိမ်ထောင်ရေးကံ၊သားသမီးကံ အလွန်ကောင်းတတ်ပြီး ကိုယ့်ပါတနာအပေါ်ပွင့်ပွင့်လင်းလင်း ပိုပြီးရှိပါကသာယာချမ်းမြေ့သော ဘဝကိုမလွဲမသွေပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

ပညာရေး

ထူးချွန်ထက်မြက်သူများ ဖြစ်ကြသည့်အလျောက် ပညာရေးပိုင်းမှာလည်း မျက်နှာမငယ်စေရသူများဖြစ်ပါတယ်။ ဥာဏ်ကောင်းသူများဖြစ်တာကြောင့် မည့်သည့်ပညာရပ်မဆိုတစ်ခါတည်းနဲ့ သင်ယူတတ်မြောက်လွယ်ကြသူများ ဖြစ်ကြပါတယ်။

Post Credict - မှော်ပညာ - The Magic / Myanmar Zodiacers Facebook Group

Bar Nyar

စွမ်းအင်

ကမ္ဘာမြေကြီး Earth စွမ်းအင်များကိုပိုင်ဆိုင်ထားကြကာ တည်ငြိမ်သောသဘောသဘာဝရှိကြပါတယ်။ ထူးထူးခြားခြားကံကောင်းတတ်ပြီး ငွေကြေးအမြောက်အများရတတ်ပါတယ်။ Regenerative Healing Power ကိုပိုင်ဆိုင်ထားကြပြီး ကိုယ်ကိုကိုယ်တိုင်တင်မက တခြားသူများကိုပါပြန်လည်ရှင်သန် နိုင်စွမ်းအားကောင်းတဲ့ ရာသီခွင်ပဲဖြစ်ပါတယ်။ Zodiac Signs တစ်ခုစီတိုင်းမှာလည်း မတူညီတဲ့ Characters များအပေါ်မူတည်ပြီး အမျိုးအစားများခွဲခြားထားပါသေးတယ်။ Aug 26 to Sep 2 born များသည် Virgo 1 များဖြစ်ကြပါတယ်။ တည်ငြိမ်ပြီး ဥာဏ်ထက်မြက်ကာ မည်သည့်အရာကိုမဆို စူးစမ်းလေ့လာ Analyse လုပ်တတ်ကြသူများ ဖြစ်ကြပါတယ်။ စုံထောက် 007 ပေါက်စလေးတွေကတော့ Virgo 1 များပဲဖြစ်ပါတယ်။ Sep 3 to 10 born တွေကတော့ Virgo 2 ပဲဖြစ်ပါတယ်။ ဖန်တီးမှုစွမ်းရည်အားကောင်းကြပြီး စွန့်ဦးတီထွင်တတ်ကြသူများ ဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးအလွန်ကောင်းကြပြီး ဟာသဥာဏ်လည်းရွှင်ကြပါသေးတယ်။ Sep 11 to 18 born များကတော့ Virgo 3 များပဲဖြစ်ပါတယ်။ Creative အားကောင်းကြသော်လည်း သီးသန့်သီးခြားနေတတ်ကြသူများ ဖြစ်ကြပါတယ်။ ကြင်နာမှုတရား ရိုးသားမှုတရားကိုလက်ကိုင်ထားကြကာ အေးချမ်းတည်ငြိမ်ကြသူများ ဖြစ်ကြပါတယ်။ Virgo များ၏နက္ခတ်တာရာ ကြယ်သဏ္ဍာန်မှာ စပါးနှံနှင့်အတူ လေးမြားအစုံကိုကိုင်ထားသော မိန်းကလေးတစ်ဦးပုံသဏ္ဍာန် ဖြစ်ပါတယ်။

Post Credict - မှော်ပညာ - The Magic / Myanmar Zodiacers Facebook Group

Comments

  1. ​တောက်​လျှောက်တင်​တော့တာပါလား မိုက်စ်မိုက်စ် 😊😊😊

    ReplyDelete
    Replies
    1. First ment လုဖို့ထိုင်စောင့်နေမလား🤗😂

      Delete
    2. ထိုင်​စောင့်​နေတာ ဒီမှာ email ပို့ဖို့ရှိတယ် ဖုန်းကြည့်လိုက် လက်ပ​တော့ကြည့်လိုက် လုပ်​နေတာ 😁😁😁

      Delete
    3. ဆက်စောင့်နေပါအရှုံးပေးပြီး သွားကလစ်တော့မယ် နက်ဖြန်ခရီးတို ထွက်ဖို့ရှိ🤗

      Delete
    4. ဂရုစိုက်ပါ ​ခရီးလမ်း ​
      ချော​မွေ့ပါ​စေ ထက်​လေး

      Delete
  2. မကုန်သေးဘူးမို့လားမင်မင် ထက်က November ထိုင်စောင့်ပြီးFirst ment ယူတော့မယ်😂😂😂

    ReplyDelete
  3. ဆက်တိုက်ကိုတင်နေတာပဲ😂

    ReplyDelete
  4. နာ့ ဂျာကြီးက Virgo လားမသိဘူး
    တော်တော်တူတယ် 🤔

    ReplyDelete

  5. ဒို့နှစ်ယောက်နိုင်ငံတော်
    --------------------------------

    ဒို့နှစ်ယောက် အိမ်လေးမှာ
    ရွှေတွေ ငွေတွေ
    စည်းစိမ်ချမ်းသာတွေ
    ပြီးပြည့်စုံနေဖို့ထက်
    အသိဉာဏ်တွေ နဲ့ ရတနာ
    စာအုပ်စင်လေး တခမ်းတနား ရှိရမယ်

    ယုံကြည်မှု အလံတော်ကို
    အမြှင့်ဆုံး လွှင့်တင်ထားတဲ့
    ဒို့နှစ်ယောက်ရဲ့ အိမ်လေးမှာ
    လွတ်လပ်မှုတွေ နဲ့ စိုက်ပျိုးတဲ့
    သစ္စာ ပန်းခင်းတွေလည်း ဖူးပွင့်တယ်

    အမုန်းမဖက်ပြုံးလျက် နံနက်စာစားမယ်
    မေက ကော်ဖီဖျော်ပေးရင်
    မောင်က ပေါင်မုန့်ထောပတ်သုတ်ပေး
    အဲဒါ ဒို့နှစ်ယောက်ရဲ့
    ဒီမိုကရေစီပဲလေ

    လူ့သမိုင်းတာဝန်နှစ်ခု
    ဒို့နှစ်ယောက်ရဲ့ နိုင်ငံတော်မှာ
    ထမ်းဆောင်ကြမယ် ချစ်သူ...။


    San Zuren 🌸

    ReplyDelete
  6. ရောက်ပြီ ၁၀ Sec ဘိုင့်

    ReplyDelete
  7. ဒါတွေလည်းမင်မင်ကရတာပဲလား စွယ်စုံကျမ်းကြီးပေါ့

    ReplyDelete
  8. ကန် ရာသီတော်သလင်း
    အဖော် တစ်သင်််း ဆုံတဲ့ လရာသီ
    မြတ်စွယ်တော် ပူဇော်ပွဲ
    နွဲကြစုံညီ
    တုန်း ကြက်သရေ လူတစ်စုနဲ့ရှုံးချက် ဝေ သည်အရူးရယ်ကြောင့် လွမ်းလှပေါ့
    မြို့ရွှေ တည်
    😞😞😞

    ReplyDelete
  9. Virgo ♍
    🧡🧡🧡

    ReplyDelete
  10. ငါလေးက ကန်ရာသီဖွားလေးပဲ။ ကျေးဇူးပါမင်မင်။

    ReplyDelete
  11. မန့်မရေသော်လဲအမြဲ ကလစ်နေဆဲ

    ReplyDelete
  12. မန့်ရေးမရလည်း နေ့စဉ် မပျက်မကွက် တာဝန်သိစိတ်နဲ့ ကလစ်နေပါသည်😘😘😘😘😘

    ReplyDelete
  13. Great articles thanks. 29 Oct 2022. From Lattsaung.

    ReplyDelete
  14. Good articles thanks. 29 Oct 2022. From Lattsaung.

    ReplyDelete
  15. ကိုကပဲညံ့တာထင်ပါရဲ့ကိုကfbလည်းမသုံးမန့်လည်းမရေး၊သူများရေးထားတာလည်းမဖတ်၊ဒီappကိုadminစထဲက ကိုလည်းစခဲ့တာဒီအကွက်လေးတွေထဲစာရှိမှန်းခုမှသိတယ်

    ReplyDelete
  16. ကလစ်ခဲ့ပြီနော်

    ReplyDelete

Post a Comment