



Taurus - ပြိဿရာသီဖွား
General
Taurus (ဧပြီ ၂၀ မှ မေ ၂၀)
Element-Earth
Planet-Venus
Lucky Day-Friday,Monday
Lucky Number-2,6,9,12,14
Lucky Colour- White,Green
Lucky Crystal-Diamond,Coral,Emerald
လိုက်ဖက်သောရာသီခွင် - Virgo,Capricorn,Scorpio,Libra
Post Credict - မှော်ပညာ - The Magic / Myanmar Zodiacers Facebook Group
About
Taurus (ဧပြီ ၂၀ မှ မေ ၂၀) အတွင်းမွေးဖွားသူများကို ပြိဿရာသီဖွားဟုမြန်မာလိုခေါ်ဝေါ်ကြပါတယ်။ ဒြပ်စင် Element မှာကမ္ဘာမြေကိုကိုယ်စားပြုသော Earth ဖြစ်ပါတယ်။
စီးပွားရေး
Taurus ရာသီဖွားများသည် မိမိအလုပ်အပေါ်လည်း အလွန်လေးစားကြသူများဖြစ်ကြပြီး တာဝန်ကျေပွန်ကြသူများဖြစ်ကြပါတယ်။အများစုသည် စီးပွားရေးလုပ်ငန်းပိုင်းများတွင် အလွန်ထူးချွန်ကြပါတယ်။ ပိုက်ဆံရှာတော်သော ရာသီခွင်လို့ပြောလည်းရပါတယ်။အလုပ်အပေါ်သစ္စာရှိရှိကြိုးစားတတ်ပြီး အောင်မြင်မှုကိုအထူးလိုလားသူများဖြစ်ကြပါတယ်။ အလုပ်အပေါ်တွင် တည်ငြိမ်မှု၊သည်းခံမှု၊တာဝန်ကျေပွန်မှုတို့ကြောင့် လူသိများထင်ရှားပါတယ်။ ကိုယ့်အလုပ်အပေါ်ကိုအထူး Focused ထားနိုင်ပြီးစိတ်ပိုင်းဖြတ်ထားသောအရာကို အောင်မြင်အောင်လုပ်လေ့ရှိပါတယ်။ အလုပ်နှင့်ပတ်သတ်ပါက ပို၍ခေါင်းမာလေ့ရှိပြီးငွေကြေးကိုလည်း စိစိစစ်စစ်သုံးစွဲတတ်ကြသူများ ဖြစ်ပါတယ်။ Taurus ရာသီဖွားများအတွက်အထူးသင့်လျော်သော အလုပ်များကတော့ Artist , ဘဏ်နှင့်ငွေကြေးပိုင်းဆိုင်ရာလုပ်ငန်းများ , အလှအပဆိုင်ရာဖက်ရှင်ဒီဇိုင်းနယ်ပယ်များ , Chef , ဂီတပညာရှင်များ အစရှိသဖြင့်ဖြစ်ပါတယ်။
အဓိက အမူအကျင့်များ
Taurus ရာသီဖွားများသည် စိတ်ရှည်တတ်ကြသော်လည်း အလွန်ခေါင်းမာကြပါတယ်။Taurus များသည်အိပ်စက်ခြင်းကို အလွန်ခုံမင်သဘောကျ ကြသူများဖြစ်ပါတယ်။ သည်းခံနိုင်မှုအားကောင်းပြီး တည်ငြိမ်မှုရှိတယ်လို့ ပြောနိုင်ပါတယ်။ Taurus ရာသီဖွားများသည် နွေးထွေးသောစိတ်ထားများကို ပိုင်ဆိုင်ထားကြပါတယ်။ သူတစ်ပါးအပေါ် ဦးစားပေးတတ်ကြပြီး အားနာတတ်ကြသူများလည်း ဖြစ်ပါတယ်။ အထီးကျန်ခြင်းခံစားချက်ကို မုန်းတီးပြီး ကြောက်လန့်တတ်ကြပါတယ်။အခက်အခဲများကြုံရပါကလည်း ရင်ဖွင့်ပေါက်ကွဲခြင်းများ မပြုလုပ်တတ်ကြဘဲ တိတ်တဆိတ်ခံစားတတ်ကြသူများပဲ ဖြစ်တဲ့အတွက် Healing ပြန်လုပ်ဖို့အချိန်လည်း အတော်ယူရတာဖြစ်ပါတယ်။ ကတိပျက်ခြင်း၊ သစ္စာမဲ့ခြင်းများကိုမကြိုက်သူများ ဖြစ်ပြီးကိုယ့်အပေါ်ထိုသို့လုပ်သွားပါက ခွင့်မလွှတ်တတ်ကြသူများဖြစ်ပါတယ်။ စကားပြောအလွန်ချိုသာတတ်ပြီး မိမိကြောင့်သူတစ်ပါး စိတ်အနှောက်အယှက်ဖြစ်တာမျိုး မကြိုက်သူများဖြစ်ပါတယ်။
နှလုံးသားရေးရာ
မိမိကိုယ်ကိုအားကိုးတတ်ပြီး လွတ်လပ်မှုကိုနှစ်သက်ပါတယ်။ သစ္စာရှိတဲ့နေရာမှာ နာမည်ကြီးတာ Taurus ရာသီခွင်ဖွားများပဲဖြစ်ပါတယ်။ အတုအယောင်ဆက်ဆံရေးများ သူတို့အပေါ်သွားလုပ်မိရင် ချက်ခြင်းအကဲခတ်နိုင်စွမ်း ရှိကြသူများလည်းဖြစ်ပါတယ် အလွမ်းဓာတ်ခံရှိသူများဖြစ်ပြီး အိမ်ထောင်ဖက်အပေါ် မိမိပါတနာအပေါ်တွင် အနစ်နာခံပေးဆပ်ကြသူများ ဖြစ်ကြပါတယ်။ ထို့အပြင်သဝန်အတိုတတ်ဆုံး ရာသီခွင်လို့ပြောလည်း မမှားပါဘူး။ ချစ်ခြင်းမေတ္တာအားအကြီးဆုံးလို့လည်း ပြောလို့ရပါသေးတယ်။ သို့သော်တွေးခေါ်နိုင်စွမ်းအား ကောင်းပြီးအမှီအခိုကင်းကင်းနေတတ်သူများ ဖြစ်ကြသောကြောင့်စောစီးစွာ ရည်းစားထားခြင်း၊အိမ်ထောင်ပြုခြင်းမျိုးကိုမပြုလုပ်တတ်ကြပါ။ ကိုယ့်ကိုကိုယ်အမြင်အပေါ် ယုံကြည်ချက်ကြီးသူများဖြစ်ပြီး အမှားကိုလွယ်ကူစွာဝန်မခံတတ်ပေ။
ပညာရေး
အားကစားကိုအထူးနှစ်ခြိုက်တတ်ကြပြီး ဘောလုံးအားကစားကိုအထူးဝါသနာပါတတ်ကြပါတယ်။ အနုပညာဓာတ်ခံအားကောင်းပြီး စိတ်ကူးယဉ်ဆန်ကြသူများဖြစ်ပါတယ်။ ထူးချွန်ထက်မြက်ကြပြီး မည်သည့်အလုပ်အပေါ်တွင်မဆို အထူးကြိုးစားစူးစိုက်စိတ်နှစ် လုပ်ကြသူများဖြစ်ပါတယ်။ အနုပညာပိုင်းတွင် အလွန်ထူးချွန်လေ့ရှိကြပြီး စန္ဒယားပညာရှင်အများစုသည် Taurus ရာသီဖွားများဖြစ်ကြပါတယ်။
Post Credict - မှော်ပညာ - The Magic / Myanmar Zodiacers Facebook Group
Bar Nyar
စွမ်းအင်
မြေကြီးဓာတ် Earth Power ရှိသူများဖြစ်ပြီး သဘာဝတရားကြီးကိုအလွန်ချစ်မြတ်နိုးကြသူများ ဖြစ်ပါတယ်။ အမြဲတမ်းခေါင်းအေးအေးနှင့် တည်ငြိမ်အေးချမ်းကြသူများဖြစ်ပါတယ်။ Sixth Sense Power အားကောင်းကြသူများဖြစ်ပါတယ်။
အချစ်ရေးအရဖြစ်စေ မိတ်ဆွေအပေါင်းအသင်းအဖြစ် ဖြစ်စေ Taurus များနှင့်အလိုက်ဖက်ဆုံးအတွဲမှာ Scorpio ရာသီခွင်ဖွားများပဲဖြစ်ပါတယ်။ မတူညီမှုများကနေ အကောင်းဆုံးတွဲဖက်များအဖြစ် ဖြစ်သွားနိုင်ပါတယ်။ Earth Power ချင်းတူသည့် Virgo,Capricorn တို့နှင့်လည်း လိုက်ဖက်ညီမှုရှိတာပဲဖြစ်ပါတယ်။ Best Friend အဖြစ်ဆုံးကတော့ Libra ပဲဖြစ်ပါတယ်။ May လသည် Taurus ရာသီဖွားများအတွက် ကံအထဆုံးအကောင်းဆုံးလဖြစ်ပြီး အောက်တိုဘာလကတော့ အညံ့ပိုင်းရောက်တဲ့လဖြစ်ပါတယ်။
Zodiac Signs တစ်ခုစီတိုင်းမှာလည်း မတူညီတဲ့ Characters များအပေါ်မူတည်ပြီး အမျိုးအစားများခွဲခြားထားပါသေးတယ်။ Apr 25 to May 2 Born များသည် Taurus 1 များဖြစ်ပြီး The Tortoise ဟုပင်ခေါ်ရလောက်အောင် ဖြည်းဖြည်းနှင့်အလုပ်ကိုပြီးမြောက်အောင် ကြိုးစားကြသူများဖြစ်ကာ ကိုယ့်အတွေးနှင့်ကိုယ်ပျော်ရွှင်တတ်ကြသူများ ဖြစ်ပါတယ်။ သူတို့ဟာပျော်ရွှင်မှုကို ချစ်ခင်မြတ်နိုးကြသူများဖြစ်ကြပါတယ်။ May 3 to 10 born များသည် Taurus 2 များဖြစ်ပြီး လူမှုပေါင်းသင်းဆက်ဆံမှုတွင် နတ်ဘုရားတစ်ပါးပဲဖြစ်ပါတယ်။ ကြင်နာမှုတရားကို ဘယ်လိုဖော်ပြရမလဲဆိုတာ ကောင်းကောင်းသိပြီး အလွန်သဘောကောင်းကြသူများ ဖြစ်ကြပါတယ်။ May 11 to18 Born များသည် Taurus 3 များဖြစ်ပြီး Super Hard Working သမားများပဲဖြစ်ပါတယ်။ မိသားစု သူငယ်ချင်းများအပေါ်တွင် မာကြောသည်ဟုထင်ရသော်လည်း တကယ့်အတွင်းစိတ်နူးညံ့ကြသူများ ဖြစ်ကြပါတယ်။ Taurus များ၏နက္ခတ်တာရာကြယ်သဏ္ဍာန်မှာ နွားပုံစံဖြစ်ပါတယ်။
Post Credict - မှော်ပညာ - The Magic / Myanmar Zodiacers Facebook Group
ဖတ်စ်မန့်ပဲ 😁
ReplyDeleteTaurus-2 ပဲ 😁
Deleteမှားတာတွေများတယ်နော်
ငွေကိုရေလိုသုံးတတ်တာ တခါမှဘဏ်အကောင့်ပြန်မကြည့် 😂 ခုတော့သုံးစရာမရှိတော့ဝူး.ပေါင်းသင်းဆက်ဆံရေး ကောင်းမကောင်းဘေးအိမ်တွေမေးကြည့်ပါ. ဘယ်သူမှစကားမပြောကြတော့ဘူး 🤣
စန္ဒယားပညာရှင်ဖြစ်ချင်လို့ ကီးဘုတ်ကြီးဝယ်ထားပြီး ဒီတိုင်းပဲကြည့်နေလိုက်တော့တယ်
😜 ပါရမီမပါတော့ သူများတွေပဲအားကျ 😪
အရမ်းချစ်တတ်တာတော့မှန်တယ်နော်..😍 Venus စိုးမိုးလို့တဲ့ 😁
DeleteSix senses ရှိတာတော့မှန်တယ် ကိုယ့်ထင်တာတွေမှန်တာများတယ် တခါတလေ ကြိုသိနေသလိုမျိုး (ထီ နံပါတ်လေးတွေတော့ ဘာလို့မသိရတာလည်း, တခါမှ ကံစမ်းမဲတို့ ထီတို့မပေါက်တတ်😓 ဂါးဒီးယန်းအိန်ဂျယ်က အိပ်ပျော်နေတာဖြစ်မယ်)
Deleteပြည်သူ့ကျွဲကတော့ 😁😁
Deleteအဟမ်း အဟမ်း ကျွဲမလုပ်တော့ဝူး စဆရက လုပ်မယ်
Deleteလူတွေနဲ့စိတ်နေစိတ်ထားအမူအကျင့်တွေက မွေးဖွားကြီးပြင်း ရှင်သန်နေထိုင် ပေါင်းသင်းဆက်ဆံတဲ့အသိုင်းအဝိုင်းတွေပေါ်မှာမူတည်ပြီး မတူကြပါဘူး
ကိုယ့် နဲ့ ၁ရက်စီပဲကွာတဲ့ Tau ၂ရောက်ရှိခဲ့တယ်(မေံွးနေ့တူတူလုပ်ခဲ့ဖူးဒယ် 😁)
မတူကြပါဘူး တချို့အရာတွေဆို လုံးဝဆန့်ကျင်နေတာမျိုး
ဆိုတော့ သူတော့ဒီရာသီဖွား ဒီလိုပဲဖြစ်မယ်ဆိုတာ မမှန်ပါဘူးနော်
အခြေခံလေးတွေတော့တူရင်တူနိုင်ပါတယ်
အကုန်လုံးချွတ်စွတ်မတူနိုင်ပါဘူး
တောရပ်စ် ထဲမှာတော့ ကိုယ်က အရူးနှမ်းဆုံးတယောက်ဖြစ်လိမ့်မယ် 🥲
Deleteထရီဇာ yt မှာဖတ်ပြတာနားထောင်ပြီး သတိရလို့ ဒီထဲပြန်လာဖတ်ဖြစ်တယ်
Deleteအရင်ချိန်တွေ လွမ်းမိတယ် 😢
😍
ReplyDeleteအရမ်းရင်းနှီးတဲ့မမရဲ့ ရာသီခွင်ပဲ😁
ReplyDeleteOk ok
ReplyDeleteဟုတေးဘူးနော်😊🕊
ReplyDelete💙
ReplyDeleteနောက်ဆုံးကြရင် ကံ ကံ၏အကျိုးပဲပေါ့။
ReplyDeleteအင်း....စံဇာဏီဘိုတော့ မျက်ခုံးလှုပ်နေလောက်ပြီ။ ဟီး ဟီး။
ReplyDeleteဟုတ်ပါ့ စံဇာဏီမင်က လက်စောင်း ထက်နေပြီလေ😍😍😍
DeleteMay I ask
ReplyDelete
ReplyDeleteကိုယ့်ရဲ့ ဒုက္ခကိုပဲ ဗဟိုပြုပြီး
စိတ်ဆင်းရဲမပျော်ရွှင်နိုင် ဖြစ်နေတာထက်စာရင်
ကိုယ့်ထက်ပိုပြီး ဆင်းရဲဒုက္ခ ရောက်နေသူတွေကို
ကူညီဖြည့်ဆည်းပေးကြည့်ပါ
ကိုယ့်ရဲ့သောကတွေ တစ်စထက်တစ်စ
လျော့ပါးလာမှာ သေချာပါတယ်
ညီညွှတ်မူတွေနဲ့ အောင်ပွဲခံရမယ့်
ရက်တွေ ဟာလဲ မဝေးတော့ပါ
ညတာဟာ ရှည်လွန်းပေမယ့်
ရောင်နီဟာ မုချရောက်လာမှာပါ 🌸
ရောင်နီလာနေပြီ 😘
Delete😍😍😍ဘာဘာညာညာClickerပဲ
Delete⭐⭐⭐⭐⭐
ReplyDeleteအသိထဲမယ် မရှိသလိုပဲ
ReplyDeleteလိုက်ရှာဦးမယ်
ဒီတခါတော့ နဲနဲစောတယ် ကွန်မင့်ပြောတာပါ
ReplyDeleteဟုတ်
ReplyDeleteကိုယ့်ရာသီခွင်တော့ဟုတ်ပူး
အမြဲကလစ်ပါတယ်ရှင့်.
ReplyDeleteAdmin tin tal post fut loyatal ko ko doe ma ma doe sar fut loyabu bar net coke tar lal bya?
ReplyDeleteတည်ငြိမ်သူလေးများ Taurus ♉🐂
ReplyDeleteအလယ့်😊
Deleteတူနေတယ်
DeleteNickname. မပေါ်
ReplyDeleteရောက်ပါပြီ
ReplyDeleteအိပ်စက်ခြင်းကို အလွန်ခုံမင်သဘောကျတယ်ဆိုပဲ ငါနဲ့ တူတယ်ဟ 😴😴😴😁😁😁
ReplyDelete💙
ReplyDeleteBar Nyar Bar Nyar
ReplyDeleteClicker
Till the end
ReplyDeleteFighting together 💪
ဆရာကြီးပါစို
ReplyDeleteဒါတော့မှန်တယ် Tau တွေက ဆရာကြီးတွေပဲ ဟဲဟဲ😂
Deleteခလေးဗိုလ်
🐂🐂🐂 80% လောက်မှန်တယ်ဗျ
ReplyDeleteThanks.
ReplyDelete😍😍😍
ReplyDeleteမဂ်လာပါ clickers တို့ ခုမှဒီဘက်ထဲကိုရောက်တာပါ၊ အဝတွင် ပြန်လှည့်ပြေးမိနေတာပါ။
ReplyDeleteရက်မတူဘူး
ReplyDeleteDone❤
ReplyDeleteDone
ReplyDeleteGreat articles thanks. 29 Oct 2022. From Lattsaung.
ReplyDeleteGood articles thanks. 29 Oct 2022. From Lattsaung.
ReplyDeleteဟုတ်သေးဘူးနော်
ReplyDeleteစက်ဘီးစီးတာဘဲ
သဘောကျတယ်
Done
ReplyDeleteကလစ်ခဲ့ပြီနော်
ReplyDelete