Scorpio - ဗြိစ္ဆာရာသီဖွား

General

Scorpio (အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁)

Element-Water
Planet-Mars
Lucky Colour-Crimson,Orange,Yellow,Red
Lucky Stone-Blue Topaz
Lucky Days-Sunday,Monday,Tuesday
Lucky Number-1,4,2,7
Business Paterner - Pisces
Soul Mate- Taurus , Cancer , Virgo , Capricon

Post Credict - မှော်ပညာ - The Magic / Myanmar Zodiacers Facebook Group

About

Scorpio ရာသီခွင်ဖွားများသည် အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ ကြားမွေးဖွားသူများဖြစ်ကြပြီး မြန်မာလို ဗြိစ္ဆာရာသီဖွားများဟု ခေါ်ဝေါ်ကြပါတယ်။ ရေဒြပ်စင်ဖြစ်ပြီး Water Power ရှိပါတယ်။


စီးပွားရေး

Scorpio ရာသီဖွားများသည် ဆန်းသစ်မှု တီထွင်ကြံဆမှုများကို သဘောကျနှစ်ခြိုက်ကြသူများဖြစ်ပြီး ငွေကြေးနှင့်ပတ်သတ်သောလုပ်ငန်းများတွင် ပိုပြီးအောင်မြင်နိုင်ကြပါတယ်။ လူအများနှင့်ပေါင်းသင်းဆက်ဆံရာတွင် အထူးလိုက်လျောညီထွေမှုရှိပြီး ဒါဟာစီးပွားရေးလုပ်ငန်းလုပ်ရာတွင် လိုအပ်သောအရည်အချင်းကောင်းပဲဖြစ်ပါတယ်။ သူတို့ရဲ့ဘဝကိုအထူးအောင်မြင်လိုကြသူများ ဖြစ်ကြပြီးအပင်ပန်းခံ ကြိုးစားကာအလျှော့မပေးစတမ်း အားထုတ်လေ့ရှိတတ်ကြပါတယ်။ သတိတရားအားကောင်းပြီး အလုပ်မှာလိုအပ်တဲ့လျင်မြန်ထက်မြက်မှု၊ ဖြတ်ထိုးဥာဏ်ကောင်းမှု၊ကွက်ကျော်မြင်တတ်မှုအားများ ကောင်းမွန်တာကြောင့် စီးပွားရေးသမားကောင်းတစ်ယောက် ဖြစ်လာနိုင်တာပဲ ဖြစ်ပါတယ်။ ကတိတည်တတ်ကြသူများဖြစ်ပြီး ထက်မြက်အံ့သြဖွယ်ကောင်းသော လုပ်ငန်းရှင်များဖြစ်နိုင်ကြပါတယ်။

အဓိက အမူအကျင့်များ

စိတ်ထားနူးညံ့သူများဖြစ်ကြသော်လည်း မာနကြီးကြသူများဖြစ်ကြပါတယ်။ သူတစ်ပါးအပေါ်အထူးနားလည်ပေးနိုင်စွမ်း ရှိကြသူများဖြစ်ပြီး လူအများနှင့်ရေလိုက်ငားလိုက် လိုက်လျောညီထွေမှုရှိစွာ နေထိုင်တတ်ကြပါတယ်။ လွယ်လွယ်နှင့်အလျှော့မပေးတတ်ကြဘဲ ဇွဲကောင်းကြသူများဖြစ်ကြပါတယ်။သူတို့ရဲ့အဓိကအားနည်းချက်ကတော့ Dead Line နီးမှအလုပ်လုပ်ခြင်းပဲဖြစ်ပါတယ်။ အလုပ်မကြိုးစားခြင်းမဟုတ်ဘဲ အချိန်ကိုဆွဲရတာကိုကြိုက်နှစ်သက်ကြသူများ ဖြစ်နေတတ်ကြပါတယ်။ စိတ်ဓာတ်မာကျောမည်ဟု ထင်ရသော်လည်းကိုယ့်အတွေးနှင့့််ကိုယ်ပြန်သတ်နေတတ်ပါတယ်။ စိုးရိမ်ပူပန်တတ်ခြင်းက ဝါသနာတစ်ခုလိုဖြစ်နေတတ်ပါတယ်။အလျှော့ပေးတယ်ဆိုတာ ဘာမှန်းမသိအောင်ကို ိုကြိုးစားတတ်ကြပါတယ်။ တစ်ခါတစ်ရံတွင်လည်း ဟာသဥာဏ်ကိုထထသုံးတတ်ကြပါသေးတယ်။ သူတို့ကိုမထိရင်တော့ငြိမ်နေတတ်ကြပြီး လာထိပါကစိတ်မြန်လက်မြန်တုန့်ပြန်တတ်ကြသူများ ဖြစ်ကြပါတယ်။ သူတို့စိတ်ဆိုးဒေါသထွက်နေပြီဆိုရင်တော့ ဝေးဝေးကနေသာရှောင်ဖို့လုပ်ထားသင့်ပါတယ်။ လက်စားချေတတ်ကြသူများလည်းဖြစ်ပြီး လိမ္မာပါးနပ်ကြသူများဖြစ်ကြပါတယ်။

နှလုံးသားရေးရာ

Scorpio ရာသီဖွားများအများစုသည် Over Thinking သမားများဖြစ်ကြပြီး လက်စားချေတုန့်ပြန်တတ်ကြသူများ ဖြစ်ကြပါတယ်။ အစွဲအလမ်းကြီးတတ်ကြပြီး သဘောကျမိပြီဆိုရင် ထိုသူ့အပေါ်မှာ မျှော်လင့်ချက်ကြီးကြီးမားမား ထားတတ်ကြတာပဲဖြစ်ပါတယ်။ ချစ်မိပြီဆိုပါက အရာအားလုံးပုံအပ်ပလိုက်တာမျိုး ဖြစ်တတ်ပါတယ်။ မှန်ကဲ့သို့ထိခိုက်ကွဲအက်လွယ်ပြီး တစ်ခုခုဆိုရင်တအားခံစားတတ်ကြပါတယ်။ Scorpio ရာသီဖွားများသည် စိတ်ရောကိုယ်ပါနူးညံ့တည်ငြိမ်ပြီး ချစ်စရာကောင်းတဲ့ဆွဲဆောင်မှုများကြောင့် စန်းပွင့်တတ်ပါတယ်။ Crush ခံလူတန်းစားများ ဖြစ်ကြပြီးအကောင်းအဆိုးခွဲခြား သိမြင်နိုင်မှုကြောင့် တခြားသူများတော်တန်ရုံရန်မစရဲကြတဲ့ သတ္တိခဲဖိုက်တာလေးများဖြစ်ကြပါတယ်။ နူးညံ့မလိုနဲ့မာကြော ၊ ချေမိုးမလိုနဲ့ခံစားထိခိုက်လွယ် တတ်ကြတာကတော့ Scorpio ရာသီဖွားလေးများပဲဖြစ်ကြပါတယ်။

ပညာရေး

ဝီရိယလုံ့လအားကောင်းသူများဖြစ်ကြသောကြောင့် ထိုလုံ့လအကျိုးကိုခံစားရမှာမလွဲမသေပါပဲ။ မည်သည့်ပညာကိုမဆို အားကြိုးမာန်တက်ကြိုးစားကြပြီး သူ့အနေအထားနှင့်သူ ထက်မြက်ထူးချွန်ကြပါတယ်။ အတွေးအခေါ်များသည်နက်နဲလေ့ရှိပြီး ဘဝအလှည့်အပြောင်းဒဏ်များကို အများဆုံးခံရသူများဖြစ်ပါတယ်။ နိုင်ငံရေးပိုင်းတွင်ဖြစ်စေ လုပ်ငန်းရှင်ကြီးအနေဖြင့်ဖြစ်စေ အလွန်ထက်မြက် အံ့သြဖွယ်ကောင်းသည့်သူများကတော့ Scorpio ရာသီဖွားများပဲဖြစ်ကြပါတယ်။ စွန့်ဦးတီထွင်ခြင်းလုပ်ငန်းများကိုလည်း ပားနပ်သေချာစွာလုပ်ကိုင်တတ်ကြပြီး တရားမျှတမှုကိုအမြဲလက်ကိုင်ထားကြပါတယ်။ ဆရာဝန်၊ ဂျာနယ်လစ်၊ အင်ဂျင်နီယာ ၊ ဓာတုဗေဒပညာရှင် စသည့်နယ်ပယ်များဖြင့်လည်း လိုက်ဖက်မှုရှိတာပဲဖြစ်ပါတယ်။

Post Credict - မှော်ပညာ - The Magic / Myanmar Zodiacers Facebook Group

Bar Nyar

စွမ်းအင်

Scorpio ကင်းမြီးကောက် ရာသီဖွားများသည် ရေ၏စွမ်းအင်ကိုပိုင်ဆိုင်ထားကြပြီး မိမိအပေါ်စိတ်ရင်းအမှန်ရှိမရှိ ဒက်ခနဲသိနိုင်စွမ်းရှိပါတယ်။ မိမိကိုယ်ကိုထိန်းသိမ်းနိုင်စွမ်းရှိပြီး မိမိ၏ SoulMate Signs များဖြစ်သည့် Taurus,Cancer, Virgo,Capricorn များနှင့်ဆက်သွယ်ရာကြရာတွင် အောင်မြင်မှုစွမ်းအင်များ၊ချစ်ခြင်းတရားစွမ်းအင် အင်အားများပိုမိုလောင်မြိုက်လာမှာပဲဖြစ်ပါတယ်။ Zodiac Signs တစ်ခုစီတိုင်းမှာလည်း မတူညီတဲ့ Characters များအပေါ်မူတည်ပြီး အမျိုးအစားများခွဲခြားထားပါသေးတယ်။ Oct 26 to Nov 2 born များသည် Scorpio 1 များဖြစ်ပါတယ်။ စိတ်ဓာတ်ပြင်းထန်သူများဖြစ်ကြပြီး အလွန်လည်းစိတ်တိုလွယ်တဲ့ ဒေါသအိုးလေးများပဲဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့မိသားစုတွေသူငယ်ချင်းတွေအပေါ်ကိုတော့ အလွန်တရာကိုချစ်တတ်ကြပါတယ်။ ဒေါသအိုးလေးများကို သွားမဆွမိဖို့တော့လိုတယ်နော်။ Nov 3 to 11 born များကတော့ Scorpio 2 များပဲဖြစ်ကြပါတယ်။ သူတို့ကတော့ Scorpio 1 များနှင့်ဆန့်ကျင်ဘက်ဖြစ်စွာ တိတ်ဆိတ်တည်ငြိမ်ကြသူများ ဖြစ်ကြပါတယ်။ ဖာသိ့ဖာ့သာနေတတ်ကြပြီး ဥာဏ်လည်းအလွန်ထက်ကြပါတယ်။ အလွန်လည်းစာနာစိတ်ရှိကြသူများ ဖြစ်ကြပါတယ်။ Nov 12 to 18 born များကတော့ Scorpio 3 များဖြစ်ပါတယ်။ Social အလွန်ကောင်းကာ စိတ်သဘောထားနူးညံ့ဖြူစင်သူများ ဖြစ်ကြပါတယ်။စိတ်လှုပ်ရှားလည်းလွယ်တတ်ပြီး အငြိမ်မနေနိုင်ကြသူများဖြစ်ပါတယ်။ ဟိုစပ်စပ်ဒီစပ်စပ်သမားများပဲ ဖြစ်ပါတယ်။ Scorpio များ၏နက္ခတ်တာရာ ကြယ်သဏ္ဍာန်မှာ ကင်းမြီးကောက်ပုံစံဖြစ်ပါတယ်။

Post Credict - မှော်ပညာ - The Magic / Myanmar Zodiacers Facebook Group

Comments

  1. Replies
    1. ဦးသွားတယ်ဟ😂😂

      Delete
    2. ထက်​လေး​ရေ ငှဲဟဲဟဲ 😝😝

      Delete
  2. ဒါက ထက်ရဲ့ဟာပဲ ဖတ်ကြည့်အူးမယ် အယုံကြည်မချိပေမဲ့ပေါ့

    ReplyDelete
    Replies
    1. ပျော်ဖို့တော့ကောင်းတယ်ဟုတ်😁❤️

      Delete
    2. ပျော်စရာလဲကောင်းသလို ခုမှ ဖတ်ကြည့်တာအကုန်နီးပါမှန်တယ်ရော တကယ့် ထက်ပုံစံကြည့်ပြီးဟောထားသလိုမျိုး ဘဝမှာ တကြိမ်တခါလေးတောင်ဗေဒင် ယတြာ အယုံကြည့်မရှိလိူ့ မဖတ်ဖူး မကြည့်ဖူးပါ
      စိတ်လေးတောင်ပျော်သွားသလိုလို သိုင်းကျူး နော်မင်မင်
      ေနာက်ဆိုခက်က ဗေဒင်ဟောစားတော့မလားမသိ😂😂😂ယုံကြည်သွားလို့😂😂

      Delete
  3. ချစ်စရာလေးတွေScorpio 🦂♏
    🤭😅
    ကျေးဇူးပါ ဆြာကြီး စံဇာဏီမင်

    ReplyDelete
    Replies
    1. မီ့ကိုပြောနာလား Crush. ခ္ံလူတန်းစားပါရှင့်😂😂ကျွန်မအကြောင်း ကိုပြောနေသလိုပဲစံဇာနည်မင်မင်က😍

      Delete
    2. clickerတွေဆို အလိုလိုနေရင်နဲ့ချစ်ဖို့ကောင်း😍😍

      Delete
  4. Taurus နဲ့ Scorpio ဆို Tau ပဲခံရမဲ့ပုံပဲ
    ကင်းမြီးကောက်တွေ ဝေးဝေးရှောင်တယ် 😁 ကြောက်တယ်

    ReplyDelete

  5. ကျွန်မ ကလေ...

    အရမ်းမျက်ရည် လွယ်တယ်...

    ကိုယ့်အတွေးနဲ့ကိုယ် နှိပ်စက် တတ်တယ်..

    တစ်ခါတလေ စကားတွေ အများကြီး ပြောတတ်တယ်

    တစ်ခါတလေ ကျတော့လည်း တိတ်ဆိတ် နေတတ်ပြန်တယ်


    စိတ်ဆိုးနေတဲ့အချိန်တော့ ပြောချင်ရာကို ပြောလိုက်တယ်

    စိတ်ဆိုးပြေသွားရင်တော့ ငါပြောတာလွန်သွားပြီးလားဆိုပြီး ဝမ်းနည်းတတ်တယ်

    ဟန်မဆောင်တတ်ဘူး အပေါ်ယံလဲ မဆက်ဆံတတ်ဘူး..

    ဒီလို အကျင့်တွေကြောင့်ဘဲ ထင်တယ် တယောက်ထဲ ဖြစ်ဖြစ်နေတတ်တယ်🌸✨

    ReplyDelete
    Replies
    1. အတူတူပါပဲဗျာ..

      Delete
    2. တစ်တည်း ပေါက်တဲ့အပင်လိုပေါ့ ပိုပြီးသန်မာနေတတ် လေ

      Delete
    3. တူလိုက်တာ ✌️

      Delete
  6. ရောက်​ပြီ ပြန်တော့မယ်နော ၁၀ စက္ကန့်ပြည့်ပြီ

    ReplyDelete
  7. This comment has been removed by the author.

    ReplyDelete
  8. အကုန်နီးပါးမှန်တယ် scorpio လေးတက်တူးထိုးမယ်

    ReplyDelete
  9. တစ်နေ့တစ်ခုတင်မယ်ထင်တာ ဟုတ်ဖူးနော်

    ReplyDelete
    Replies
    1. ဟုတ်ပ အများကြီးတင်လိုက်တယ် 🥰

      Delete
  10. ❤❤❤
    အကုန် မှန်ပ
    မတရားဘူးဆိုသည်းညည်းမခံတတ်တာဘယ်လိုမှဖျောက်မရကိုယ်နဲ့သိသိမသိသိပါလိုက်ရမှမနည်းထိန်းနေရတယ် ကိုယ်စိတ်ကို ကိုယ်ပြန်ပြီး အတွေးကလည်းများသေး ပူစရာမရှိကြံဖန်တွေးပူနေတတ်ရောထောင့်ပေါင်းစုံကနေ စန်းလည်းပွင့်ပါရဲ့😁😁 Eater sign. မိ့လားမသိရေလည်းကြိုက်တယ်

    ReplyDelete
    Replies
    1. Water sign. စာကလည်းမှားသေး😁😁

      Delete
  11. Scorpio ဖွား ဖိုးသော် အမြန်လွတ်မြောက်ပါစေ ။ ဘေးကင်းပါစေဟာ။

    ReplyDelete
  12. အယုံကြည်မရှိပေမဲ့မှန်နေတယ်ဟ🕊

    ReplyDelete
  13. ဘာပဲဖြစ်ဖြစ်ဖတ်ပြီး စိတ်ကျေနပ်ရတယ်

    ReplyDelete
  14. A Maung yout aung larke par thi

    ReplyDelete
  15. Replies
    1. ကိုလင်းဆက် ကျွန်တော့ကိုသိလားဗျ😁😁😁

      Delete
    2. လင်းဆက်October 7, 2022 at 8:53 PM

      ဟာဟိတ်လူကြီးနေကောင်းလား😄

      Delete
  16. မင်္ဂလာအချိန်အခါများစွာ အမြန်ရောက်ရှိနိုင်ကြပါစေ။

    ReplyDelete
  17. Scorpio ✌🏻

    ReplyDelete
  18. ၂ ရက်လောက်နားလိုက်ရလို့ လက်ပျက်သွားတယ်...

    ReplyDelete
  19. မဂ်လာပါ

    ReplyDelete
  20. အရေတော်ပုံကြီးအမြန်အောင်ခြင်ပါတယ်

    ReplyDelete
    Replies
    1. အမြန်အောင်ချင်ရင်များများကလစ််ကြဖို့တောင်းဆိုချငိပါတယ်

      Delete
  21. မဂ်လာပါ

    ReplyDelete
  22. Great articles thanks. 29 Oct 2022. From Lattsaung.

    ReplyDelete
  23. Good articles thanks. 29 Oct 2022. From Lattsaung.

    ReplyDelete
  24. ဝင်ရောက်ကြည့်ရူု့ခဲ့ပါတယ်

    ReplyDelete
  25. ♥⁠╣⁠[⁠-⁠_⁠-⁠]⁠╠⁠♥

    ReplyDelete
  26. Cathy Pacific ✈️

    ReplyDelete
  27. ကလစ်ခဲ့ပြီနော်

    ReplyDelete

Post a Comment