Libra - တူရာသီဖွား

General

Libra (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂)

Element - Air
Planet - Venus
Lucky Number- 6,5,9
Lucky Stone - Diamond, Opal
Lucky Days - Sunday,Monday,Tuesday
Lucky Colour- White Cream
Business Partner- Aquarius
Soul Mate-Sagittarius

Post Credict - မှော်ပညာ - The Magic / Myanmar Zodiacers Facebook Group

About

Libra ရာသီခွင်မွေးဖွားသူများသည် စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ ကြားဖြစ်ပြီး မြန်မာလိုတူရာသီဟု ခေါ်ဆိုကြပါတယ်။ Element မှာ Air ဖြစ်ပြီး လေဓာတ်ကိုပိုင်ဆိုင်ထားပါတယ်။


စီးပွားရေး

Libra ရာသီဖွားများသည် Communication Skill အားကောင်းတတ်ပြီး စီးပွားရေးအကွက်မြင်မှုများ ရှိတတ်ကြပါတယ်။လုံ့လဝီရိယအားကောင်းကြသူများ ဖြစ်ပြီးလိုချင်သော အရာကိုကြိုးစားရယူ ူတတ်ကြသူများဖြစ်ပါတယ်။ ရှေ့ရေးကိုကြိုတွေးကာ အမြဲကြိုးစားနေတတ်သူများ ဖြစ်ကြပါတယ်။ စီးပွားရေးလုပ်ငန်းပါတနာများနှင့်လည်း အကောင်းဆုံးလက်တွဲပြီး ကြိုးစားတတ်ကြသူများဖြစ်ကြပါတယ်။ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများကို ပိုမိုသဘောကျကြလေ့ရှိပြီး Creative အားကောင်းကြသူများ ဖြစ်ကြသောကြောင့် လုပ်ငန်းအပေါ်တွင်ပျော်ပျော်ရွှင်ရွှင် ချစ်မြတ်နိုးစွာလုပ်ကိုင်လေ့ ရှိတတ်ကြပါတယ်။ Lawyer , Stylist , Event Planner , Artist , ကုန်သည်လုပ်ငန်းများ စသည့်လုပ်ငန်းများနှင့်လည်း အထူးသင့်လျော်ပါတယ်။

အဓိက အမူအကျင့်များ

Libra ရာသီဖွားများသည် အပေါင်းအသင်းခုံမင်ကြသူများဖြစ်ပြီး ဘဝကိုပေါ့ပါးပျော်ရွှင်စွာ ဖြတ်သန်းတတ်ကြသူများ ဖြစ်ကြပါတယ်။ သူတစ်ပါးရဲ့အခက်အခဲများကို ဖြေရှင်းကူညီပေးရာမှာ အားသာတတ်ကြပြီး စိတ်ထားကောင်းမွန်သောသူများ ဖြစ်ကြပါတယ်။ တစ်ချို့ Libra များသည်မိမိကိုယ်ကို ယုံကြည်မှုအားနည်းတတ်ပြီး သိုသိုဝှက်ဝှက်နေတတ်ကြသူများလည်း ရှိကြပါတယ်။ Sensitive ဖြစ်လွယ်ပြီးနာကျင်မှုများကို ကြိတ်မှိတ်ခါခံစားတတ်ကြပါတယ်။ သူတို့ရဲ့ခံစားချက်များကို ဖုံးကွယ်ထားလေ့ရှိကြပြီး တည်ငြိမ်အေးချမ်းတဲ့ပုံစံမျိုး ရှိတတ်ကြပါတယ်။ စိတ်ထားသိမ့်မွေ့ကြသူများ ဖြစ်ပြီးအလှအပ၊အပြင်အဆင်၊အသန့်အပြန့် အလွန်ကြိုက်နှစ်သက်ကြသူများ ဖြစ်ကြပါတယ်။ Libra ရာသီဖွားများသည် အနုပညာခံစားနိုင်မှုအားကောင်းပြီး ဆွဲဆောင်မှုရှိကာလှပကြော့ရှင်း ကြသူများဖြစ်ကြပါတယ်။ Libra ရာသီဖွားများကိုကြည့်လိုက်လျှင် အမြဲတမ်းတကုပ်ကုပ်ကြိုးစားနေထိုင်တာကို မြင်တွေ့နိုင်ကြပါတယ်။ ကြိုးစားနေကြသူများ ဖြစ်ကြသော်လည်း Libra အများစုသည်လိုအင်လောဘနည်းကြသူများ ဖြစ်ကြပါတယ်။ ရသလောက်နှင့် ရောင့်ရဲတင်းတိမ်နိုင်ကြပြီး တရားမျှတသောတွေးခေါ်မှုပုံစံ ရှိတတ်ကြပါတယ်။ အမြဲတမ်းတက်ကြွနိုးကြားနေတတ်ပြီး မှန်ကန်တိကျမှုကို သဘောကျတတ်ကြပါတယ်။ သို့ရာတွင်အလုပ်နှင့်ပတ်သတ်၍၎င်း လူမှုရေးပိုင်းနှင့်ပတ်သတ်၍၎င်း အချစ်ရေးနှင့်ပတ်သတ်၍၎င်း စိတ်ဖိစီးမှုများရှိတတ်ကြပြီး စိုးရိမ်ပူပန်တတ်ကြသူများဖြစ်ကြပါတယ်။

နှလုံးသားရေးရာ

ပေါ့ပါးလွတ်လပ်သူများဖြစ်သည့်အလျောက် အချစ်ရေးတွင် Flirt တာမျိုးကိုလုပ်ရာတာ သဘောကျတတ်ကြပါတယ်။ သူတစ်ပါးအပေါ်နွေးထွေးကြင်နာတတ်သောကြောင့် တစ်ဖက်သား၏မေတ္တာကိုအထူးရလေ့ရှိကြပါတယ်။ သဘောကောင်းကြသူများဟု လွယ်လွယ်ပြောလည်းရနိုင်ပါတယ်။ Libra ရာသီဖွားများသည် ကြင်နာမှုနွေးထွေးမှုများကို ပတ်ဝန်းကျင်သို့အမြဲတမ်း ထုတ်လွှတ်ပေးနေတတ်ကြပါတယ်။အိမ်ထောင်ရေးကံကောင်းကြသူများလည်း ဖြစ်ကြပါတယ်။ စိတ်ထားနုကြသူများဖြစ်ပြီး စိတ်ဆိုးဒေါသထွက်ပြီဆိုပါက တစ်ဆုံးဒေါသထကြီးတတ်ကြတာပဲ ဖြစ်ပါတယ်။ ချစ်ခြင်းတရားကြီးမားပြီး အစွဲအလမ်းကြီးတတ်ကြပါတယ်။ ဒါ့ကြောင့်အချစ်နာကျပြီဆိုလျှင်လည်း တခြားသူများထက်ပိုပြီးခံစားရလေ့ရှိကြပါတယ်။

ပညာရေး

Libra ရာသီဖွားများသည်အပတ်တကုပ်ကြိုးစားကြသူများ ဖြစ်သောကြောင့် ပညာရေးပိုင်းတွင်လည်း တော်လေ့ရှိကြပါတယ်။ အနုပညာပိုင်းဆိုင်ရာ စာပေဆိုင်ရာ ဘာသာစကားအသစ်များဆိုင်ရာ ဂီတပိုင်းဆိုင်ရာ ငွေကြေးဆိုင်ရာ စသည့်လုပ်ငန်းများတွင် ပို၍ထူးချွန်လေ့ရှိတတ်ကြပါတယ်။

Post Credict - မှော်ပညာ - The Magic / Myanmar Zodiacers Facebook Group

Bar Nyar

စွမ်းအင်

လေဓာတ် Air Element ဖြစ်ပြီး အနာဂတ်ကိုကြိုတင်မြင်နိုင်ခြင်းများ၊ အိပ်မက်နိမိတ်များဖြစ်ပေါ်တတ်ပါတယ်။ ကိုယ်ပိုင်အရောင်အဝါအားကောင်းတတ်ကြပြီး Healing Power အားကောင်းကြသူများ ဖြစ်ကြပါတယ်။ Zodiac Signs တစ်ခုစီတိုင်းမှာလည်း မတူညီတဲ့ Characters များအပေါ်မူတည်ပြီး အမျိုးအစားများခွဲခြားထားပါသေးတယ်။ Sep 25 to Oct 2 born များသည် Libra 1 များဖြစ်ကြပါတယ်။ သူတို့ဟာ စိတ်အပြောင်းအလဲလွယ်ကြပြီး အလွန် Social ကျကြသူများဖြစ်ပါတယ်။ ဒါ့အပြင် တစ်ခါတစ်လေမှာ တစ်ကိုယ်ကောင်းလည်း ဆန်တတ်ကြပါသေးတယ်။ Oct 3 to 10 born များသည် Libra 2 များဖြစ်ကြပြီး တစ်သီးတစ်သန့်နေတတ်ကြသော်လည်း သူငယ်ချင်းများနှင့် Outgoing လုပ်ရတာတော့သဘောကျကြသူများ ဖြစ်ကြပါတယ်။ စိတ်သဘောထားခံစားချက် အလွန်ကောင်းမွန်ကြပြီး ဥာဏ်ရည်ထက်မြက်မှုအားလည်း အလွန်ကောင်းကြပါတယ်။ Oct 11 to 18 born များသည် Libra 3 များဖြစ်ကြပါတယ်။ မည်သည့်အရာအပေါ်တွင်မဆို အလွန် Serious ဖြစ်လေ့ရှိကြပါတယ်။ သိုသိုဝှက်ဝှက်နေထိုင်တတ်ကြပြီး တည်ငြိမ်ကြသော်လည်း ကြင်နာတတ်သော စိတ်ထားကိုတော့ပိုင်ဆိုင်ထားကြပါတယ်။ အချေစကွက် များကတော့ Libra 3 များပဲဖြစ်ပါတယ်။ ကိုယ်ကျိုးမငဲ့ စာနာတတ်ကြသူများလည်းဖြစ်ပါတယ်။ Libra များ၏နက္ခတ်တာရာ ကြယ်သဏ္ဍာန်မှာ ချိန်ခွင်ပုံစံပဲ ဖြစ်ပါတယ်။

Post Credict - မှော်ပညာ - The Magic / Myanmar Zodiacers Facebook Group

Comments

  1. Replies
    1. First ပြောတာမှားကုန်ပြီ😂😂

      Delete
    2. အဲ​လောက် မ​လောပါနဲ့
      ခ​လေး​တွေကို အ​လျော့​ပေးပါတယ် 😅😅😅

      Delete
    3. မရဘူး လောမှာဖဲ😂😂

      Delete
    4. တကယ်လှဲနေပြီ ကျောင်းတုန်းကအကျင့် C2Dနဲ့တွေ့တောပြန်ပေါ်😂😂

      Delete
  2. မင်မင်ရာသီဖွား လာပြီ
    ​သေချာ ဖတ်ကြည့်ရမယ် ☺️☺️☺️

    ReplyDelete
    Replies
    1. အလှအပ၊အပြင်အဆင်၊
      အသန့်အပြန့် အလွန်ကြိုက်နှစ်သက်တယ်ဆိုပဲ 🤔🤔🤔
      အနာဂတ်ကို ကြိုမြင်နိုင်တယ်ဆို​တော့ ​နောက်လဲ ​ဗေဒင်​ဟော​ပေးအုံး​နော် 😁
      ဒါနဲ့ စကားမစပ် 1, 2, 3 ထဲက ဘာလဲဟင် 😋

      Delete
    2. တစ်ယောက်ဆိုတစ်မျိုးကြိုက်ကြတာဖြစ်မယ် 1,2,3က
      မီဆို အသန့်အပြန့်ကြိုက်တယ် 😁

      Delete
    3. မင်မင်က ၃ ပါ မတ်မတ် ဆန်းမင်။

      Delete
    4. ဟုတ်လား အိုခီ သိုင်းကျူးပါ 😊

      Delete
    5. Admin ရဲ့ မွေးလရာသီဆိုတော့ သိချင်တယ် ဖတ်ကြည့်ဖို့ စိတ်အားထက်သန်နေရော 😀 နာတို့ရဲ့ godfather က ဘယ်လိုမျိုးလဲပေါ့ 😁😁

      Delete
  3. ကိုကလစ်ရဲ့ ရာသီခွင်ပဲ😁

    ReplyDelete
    Replies
    1. ဘီးကျဲ Bruno Mars နဲ့တူနေတာပဲ ကိုကလစ်က

      Delete
  4. ဗေဒင်ဟောစားတော့မှာလား 😓

    ReplyDelete
  5. တလရပြီးရင်
    ဗေဒင်ဟောစားပါ မင်မင်😅

    ReplyDelete
  6. Sagi တွေ welcome 😛

    ReplyDelete
  7. မန့်ကနာမည်မပေါ်

    ReplyDelete
  8. ရောက်ပြီ ၁၀ Sec ပြည့် တာ့တာ

    ReplyDelete
  9. အဟမ်း Libra-1 သူငယ်ချင်းရှိတယ်
    အသန့်ကြိုက်ချက်ကတော့ပြောမနေနဲ့ စနေ့ညအပြင်သွားတုန်းကဝတ်ထားတဲ့ စကက် မနေ့ကသူ့အိမ်သွားတော့ထပ်ဝတ်ထားလို့မေးကြည့်တာ ဟုတ်တယ်မလျှော်ရသေးဘူးတဲ့ 😏
    မမခြူးနဲ့တူလား? 😁
    ဒါပေမဲ့ သူက ကုန်းဆင်းဖို့လှမ်း အကြောင်းကြားပေးတတ်တယ် 😁😁

    ReplyDelete
  10. သူငယ်ချင်း Libra ကတော့ တကုပ်ကုပ်နဲ့ အိပ်နေတာပဲ 😅
    ကြိုးစားသလားလည်းမမေးနဲ့ သူများ တတ်ဖို့ ဖေါင်ယူပေးရင်း မှ သင်တန်းတက်ဖြစ်သွားတာ 🤣
    စိတ်တော့ကောက်တတ်တယ်

    ReplyDelete
    Replies
    1. အပေါ်၂ခုကတော့ကိုယ့်အတိုင်းပဲ 😁စိတ်ကောက်တတ်တာကတော့ တနင်္ဂနွေသမီးမို့နေပါမယ်
      ကိုယ်တိုင်ကချော့ရတာပင်ပန်းလွန်းလို့ သူများအပေါ်လည်း ကိုယ်ချင်းစာစိတ်နဲ့စိတ်မကောက်ဘူးရယ်

      Delete
    2. ကိုယ်လည်းခဏခဏစိတ်ကောက်တတ်တဲ့သူတွေနဲ့အပေါင်းအသင်းမလုပ်ချင်ဘူး...ချော့ရမှာပျင်းလို့တော့ဘူး
      ကိုယ်က ပိုကောက်တတ်လို့ 🤣🤣🤣
      ငယ်ငယ်တုန်းကဆို ထမင်းမစားပဲတောင်ဆန္ဒပြခဲ့ဖူးတာ
      အိမ်တွင်းသူပုန်စစ်စစ်တျောက်မို့
      ကိုယ့်လာကောက်ရင် သူ့ဟာသူ အူကြောင်ကြောင်ဖြစ်နေလိမ့်မယ် LOL

      Delete
  11. အမ်း ဘော်ဒါတက်တုန်းက ဘုရားဖူးသွားကြတာ အသဲပုံပါတဲ့ဆွယ်တာလေး ၀ယ်လာရော ပြီးအဆောင်မှာအဲ့တစ်ထည်ကိုပဲအမြဲအပေါ်ထပ်ထပ်၀တ်နေလို့ ဂိုက်ဆရာမကတောင်ပြောယူရတဲ့အဖြစ် 😁
    တစ်ခုရှိတာက ကိုယ်သောက်နေတဲ့အအေးဘူးသူများယူသောက်ရင်ဆက်မသောက်ပဲ တစ်ဘူးလုံးပေးပစ်တာတို့ မွေးနေ့ကိတ်ကိုဇွန်းနဲ့လိုက်ခွံ့ရင်မစားချင်တာတို့တော့ရှိတယ် သန့်ချင်တဲ့နေရာကွက်သန့်တာ 🥱

    ReplyDelete
  12. ကိုယ့်ရဲ့ရာသီခွင်လေး 💙

    ReplyDelete
    Replies
    1. Happy birthday ပါနော်

      Delete
  13. နေရာလာဦးထားတာ ကိစ္စရှိလို့။

    ReplyDelete
    Replies
    1. လင်းဆက်October 6, 2022 at 3:53 AM

      😄😄

      Delete
    2. Libra မှာ
      တမင်တကာ နေရာလာဦး
      ထားတာနော်။
      ဟွင်း ဟွင်း

      Delete
    3. C2D မင်မင်အတွက်
      မွေးနေ့ဆုတောင်း

      မင်မင်လေးရေ

      ဤမွေးနေ့မှ အစပြု၍ နောင်နှစ်ပေါင်းများစွာတိုင် လိုချင်သောဆုများ၊ ဖြစ်ချင်သောဆန္ဒများ
      တောင့်တလိုက်ယုံဖြင့် ပြည့်ပါစေ။

      စစ်မိစ္ဆာတွေ ကို တိုက်ထုတ်နိုင်အောင်
      Digital Strike ကို တီထွင်ပေးသော စိတ်ရင်းစေတနာများကြောင့်လည်း မင်မင်လေး
      ရောက်ရှိရာ နေရာဒေသတိုင်းတွင် တွေ့ကြုံလာနိုင်သည့် မည်သည့် ကိစ္စတိုင်းမဆို အခက်အခဲ အကျပ်အတည်းမရှိ ရင်ဆိုင် ကျော်လွှား၊ ဖြေရှင်းနိုင်ပါစေ။

      ရောက်လေရာနေရာဒေသတိုင်းတွင် မျက်နှာပွင့်လန်း၊ လူချစ်လူခင်ပေါများပါစေ။

      မိဘများ၏ကျေးဇူးတရားကိုလည်းသိတတ်
      ကျေပွန်စွာ ဆပ်နိုင်သော သားလှရတနာလေး
      ဖြစ်ပါစေ။

      မိတ်ဆွေကောင်း၊ သူတော်ကောင်းများနှင့်သာ
      ရောက်လေရာ အရပ်တိုင်းတွင် ဆုံတွေ့ရပါစေ။

      ပြောဆိုသမျှကိစ္စတိုင်း၊ လုပ်ဆောင်သမျှ အရာတိုင်း အခက်အခဲ တစုံတရာမရှိ အောင်မြင်စွာ ပြုမူပြောဆို ဆောင်ရွက်နိုင်ပါစေ။

      တော်လှန်ရေးကြီး အောင်မြင်သည့်နေ့သို့ အမြန် ရောက်ရှိပြီး မင်မင်ချစ်သောသူများနှင့် အမြန်ဆုံးပြန်လည် ဆုံစည်းနိုင်ပါစေ။

      မှတ်ချက်။ ။

      မင်မင်၏

      မွေးနေ့သည် ကျော်သွားပြီ ဆိုလျှင် BBW

      မွေးနေ့သည် ယနေ့ဆိုလျှင် TBW

      မွေးနေ့သည် မနက်ဖြန် onwards ဆိုလျှင် PBW

      ဆုတောင်းလေးလို့ မှတ်ယူပေးပါရှင့်။

      Delete
    4. မင်မင်မွေးနေ့မှစ
      နောင်နှစ်ပေါင်းများစွာ
      စိတ်၏ကျန်းမာခြင်း
      ကိုယ်၏ကျန်းမာခြင်းနှင့်
      ပြည့်စုံပီးလိုအင်ဆန္ဒ တလုံးတဝပြည့်စုံပါစေနော်

      Delete
    5. T-layဆုတောင်းအတိုင်းပါမင်မင်၊😁😁😁အပါးခိုတာမဟုတ်ဘူးနော် တီလေးဆုတောင်းက ပြည့်စုံလို့ 🍿🍰🎂🎉🎉🎉🎊🎊🎊

      Delete

  14. တိုတောင်းလှတဲ့ ဘဝလေးမှာ
    စိတ်ကောင်းရှိသူတိုင်းဟာ
    အမြဲစိတ်ချမ်းသာရမှာပါ✨

    အတူတူ စိုက်ပျိုးခဲ့ကြတဲ့
    clickers တွေ
    ဒီမိုကရေစီ
    အသီးအပွင့်
    ကောက်ရိတ်သိမ်းပွဲပြီးရင်
    ပျော်ရွှင်စွာ ဆုံတွေ့ကြမယ်နော်🌸



    ReplyDelete
  15. မင်မင်ကတင်
    ကိုယ်ကဝင် 😁

    ReplyDelete
  16. မင်မင်တင်သလောက်
    ကိုယ်ဝင်ရောက်

    ReplyDelete
    Replies
    1. မင်မင်က နှောက်

      ကိုယ်က ဖောက်😜

      Delete
  17. မန့်တေကနာမည်မပေါ်
    ဘာဖစ်တယ်မသိဘူး 😔🕊

    ReplyDelete
  18. အပျင်းလည်း​​ြေပသိရတာပေါ့

    ReplyDelete
  19. အင်း အလုပ်ကရှား
    ဝင်ငွေပါး ဗေဓင်ဟောစားမလားလို့ ဘယ်လိုကူးလို့ရလဲ ကူညီကြပါအုံး

    ReplyDelete
  20. ဘေးဆိုး ရန်ဆိုး ရောဂါဆိုးဘေးတွေမှ အမြန်ကင်းဝေးနိုင်ကြပါစေ။

    ReplyDelete
  21. Libra 1က social မကျပါဘူး
    နဲ"လေးတော့လွဲနေပီ၊လွဲ"လေးလည်းကောင်းပါတယ်🤭😁

    ReplyDelete
  22. ပြည့်ပြည့် ဝင်မန့်ခဲ့သည်😁😁😁

    ReplyDelete
  23. တလရပြီးရင်မင်မင်ဆီလာတွက်မယ် အကုန်မှန်တာ😍

    ReplyDelete
  24. သက်ရှည် ကျန်းမာ ဘေးရန်ကွာ၍တရားသောစစ်အမြန်အောင်ပါစေ🙏🙏🙏

    ReplyDelete
  25. ကိုယ့်ရာသီဖွားလေး
    အချစ်​ရေးနဲ့ ပတ်သက်ရင်စိုးရိမ်မှူများတယ်😁😁
    ဒါကြောင့် အလုံး ဖြစ်နေတာထင်ထင်😁😁😁

    ReplyDelete
    Replies
    1. 123 က တခုမှမပါဘူး🙄🙄

      Delete
  26. ဘေးကင်းကြပါစေ

    ReplyDelete
  27. နိုင်ငံခြားသွားချင်ပါတယ်ဆိုမှ The FOOL တဲ့ ဆိုးချက် မင်မင်ကတော့

    ReplyDelete
  28. Great articles thanks. 29 Oct 2022. From Lattsaung.

    ReplyDelete
  29. Good articles thanks. 29 Oct 2022. From Lattsaung.

    ReplyDelete
  30. စခတွေရပ်ကွက်ထဲဝင်အိမ်တွေမွှေ၊အိမ်ရှေ့ရောက်တော့အိမ်က ကလေးကလာနိုးတယ်'မမလေး မမလေး'ဆိုတော့နိုးသွားပြီးဟင်လို့ထူးတော့ဖုန်းထသိမ်းတဲ့အိမ်ရှေ့ဟိုကောင်တွေရောက်နေပြီ။အိမ်နံပါတ်တွေကိုဒလန်တွေကပြောပြနေတဲ့အသံတွေကြားရတယ်။အဲ့တာနဲ့ဖုန်းထဖွက်ရတယ်။အမှန်အတိုင်းပြောရရင်ဝမ်းနည်းပြီးငိုချင်မိတယ်။ကို့ဖုန်းကိုအိပ်ရေးပျက်ခံထသိမ်းပြီးမိုးစင်စင်လင်းတယ်တညလုံးအိပ်မပျော်တော့ဘူး

    ReplyDelete
  31. ကိုယ်က တူရာသီဖွား
    ဒါကြောင့် မျှတတာကြိုက်တယ်

    ReplyDelete

Post a Comment