Leo - သိဟ်ရာသီဖွား

General

Leo (ဇူလိုင် ၂၃ မှ သြဂုတ် ၂၂)

Element - Fire
Ruling Planet - Sun
Symbol - The Lion
Colour - Golden, Orange, Yellow, Cream, Red
Lucky Stone - Ruby, Amber
Lucky Numbers - 1, 5, 9
Lucky Days - Tuesday, Friday, Sunday
Business Partner - Sagittarius
Soul Mate - Aries, Sagittarius

Post Credict - မှော်ပညာ - The Magic / Myanmar Zodiacers Facebook Group

About

ဇူလိုင် ၂၃ရက်နေ့မှ သြဂုတ်၂၂ ရက် အတွင်းမွေးဖွားသော သိဟ်ရာသီဖွားများကို Leo ရာသီဖွားဟု သတ်မှတ်ထားကြပါတယ်။ ဒြပ်စင်အနေဖြင့် မီးဓာတ် Fire Power ရှိကြပါတယ်။


စီးပွားရေး

Leo များသည် မိမိပတ်ဝန်းကျင်ရှိလူအများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးပွားလာစေရန်အတွက် စွမ်းဆောင်ဖို့ရာစီးပွားရှာတတ်ကြပါတယ်။ မိမိကိုယ်ကျိုးအသုံးပြုဖို့ထက် အခြားသူများကိုအကျိုးပြုဖို့အတွက် သူတို့ရှာဖွေစုဆောင်းရသမျှကိုအသုံးချလေ့ရှိကြပါတယ်။ အောင်မြင်လိုစိတ်ပြင်းထန်သော Leo များမှာ မိမိလက်ရှိလုပ်နေသောအလုပ်များမှာအကျိုးမရှိဟု ထင်မိပါက အလုပ်လုပ်ရာ၌ စိတ်ပါဝင်စားမှုများ သိသိသာသာလျော့ကျ သွားတတ်လေ့ရှိကြပါတယ်။Leo များ၏ ခိုင်မာသောရပ်တည်ချက်ရှိမှုကြောင့် အများကြားတွင်ဦးစီးဦးဆောင်မှု ရတတ်သောသူများလည်းဖြစ်ကြပါတယ်။ မခံချင်စိတ်အား ကြီးသောကြောင့် အမြဲတမ်းနည်းလမ်းသစ်များ ရှာဖွေကာကြိုးစားနေတတ်ကြပါတယ်။ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ၊ ဆောက်လုပ်ရေးပိုင်းဆိုင်ရာ လုပ်ငန်းများတွင်ပိုထူးချွန်လေ့ရှိကြပါတယ်။Fashion ဒီဇိုင်းပိုင်းများ ၊ ကျောက်မျက်လောက အပိုင်းများတွင်လည်း အောင်မြင်မှုရရှိနိုင်ပါတယ်။ ဝီရိယအားကောင်းခြင်း ၊ ဇွဲကောင်းခြင်း ၊ စည်းကမ်းကြီးခြင်းများကြောင့် လုပ်ငန်းများတွင်ပိုပြီးအောင်မြင်နိုင်ပါတယ်။

အဓိက အမူအကျင့်များ

မိမိကိုယ်ကိုယုံကြည်မှုရှိခြင်း၊ အကောင်းမြင်ဝါဒီရှိခြင်း၊ သဘောထားကြီးခြင်း၊ ကြင်နာတတ်ခြင်း၊ စိတ်ကူးယဉ်ဆန်ခြင်း၊ ချစ်ခင်မြတ်နိုးတတ်ခြင်း၊ တည်ငြိမ်မှုရှိခြင်း၊ စစ်မှန်ခြင်း စသည်တို့မှာ Leo တို့၏ သူမတူသော ကိုယ်ပိုင်ဟန်များပင် ဖြစ်ပါတယ်။ Leo များသည် ကိုယ်ခံအားမြင့်မားတတ်ကြသောကြောင့် ကျန်းမာရေးကောင်းမွန်တတ်ကြပြီး ဖျားနာတဲ့အခါတွင်မူ အများထက်ပို၍လျင်မြန်စွာ ပျောက်ကင်းလေ့ရှိကြပါတယ်။ ဘုရင်ကိုကိုယ်စားပြုသော Lion Symbol ကြောင့် Leo တို့၏ ကောင်းမွန်သောဂုဏ်သတင်းများမှာ အမြဲကျော်ဇောလေ့ရှိကြပါတယ်။ ခေါင်းဆောင်စိတ်ရှိသူများ ဖြစ်ကြပြီးအရာရာစွန့်ဦးစွန့်စား လုပ်ရတာဝါသနာပါတတ်ကြပါတယ်။ မာနကြီးကြသူများဖြစ်ကြပြီး တော်တန်ရုံဖြင့်ကိုယ့်အမြင်အပေါ် ဝေဖန်ထောက်ပြခြင်းကို လက်ခံခြင်းမရှိကြပေ။ Leo ရာသီဖွားများ၏ အတွင်းစိတ်သည် စိတ်ထိခိုက်လွယ်ကြပါတယ်။ သို့သော်အပြင်အပေါ်ယံတွင် အလွန်ခက်ထန်တည်ကြည် သည်ဟုသာထင်ရပါတယ်။ အမြဲတမ်း စိတ်ဖိစီးမှုများရှိနေတတ်ပြီး သူတို့ဟာစိုးရိမ်စိတ်ကြီးမားကြတဲ့ သူများလည်းဖြစ်ပါတယ်။ သူတစ်ပါးအပေါ်တွင်ဖြစ်စေ မိမိကိုယ်တိုင်ဖြစ်စေ စိုးရိမ်မှုများပြီး သိချင်စိတ်ကြီးမားကြတဲ့သူများ ဖြစ်ကြပါတယ်။ ဒါ့ပေမယ့်လည်း သူတို့ဟာပြဿနာအခက်အခဲများ ကြုံပြီဆိုပါကလည်း ဖြေရှင်းနိုင်ကြသူများဖြစ်ပါတယ်။ လျင်မြန်စွာတွေးခေါ်နိုင်စွမ်းရှိပြီး ကိစ္စများ၏အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ထက်ထက်မြက်မြက်ဖြေရှင်းနိုင်ကြသူများ ဖြစ်ကြပါတယ်။ သူတို့၏အတွေးအခေါ်အယူအဆများသည် ယောက်ျားဆန်ပြီး တိကျကြသူများဖြစ်ကြပါတယ်။ မည်သည့်နေရာရောက်ရောက် ထင်းခနဲဖြစ်နေပြီး ပေါ်လွင်တောက်ပနေပြီဆိုရင် ဒါဟာ Leo ဆိုတာသိနိုင်ပါတယ်။

နှလုံးသားရေးရာ

နွေးထွေးကြသူများဟု ခေါ်ဝေါ်ရလောက်သော နှလုံးသားပိုင်ရှင်များဖြစ်ကြပြီး သူ၏ကိုယ်ချင်းစာတရားများ ကြင်နာသနားတတ်ခြင်းများကြောင့် လူချစ်လူခင်ပေါများလေ့ရှိကာ သူတစ်ပါးကိုအောင်မြင်အောင် တိုးတက်အောင်လုပ်ပေးနိုင်ကြသူများအဖြစ် Leo ရာသီခွင်များဟာ ထင်ရှားကြပါတယ်။ ထို့ကြောင့် လူတိုင်းနီးပါးသည် နူးညံ့သိမ်မွေ့သော Leo ရာသီခွင်များနှင့် မိတ်ဆွေဖြစ်ချင်ကြလေ့ရှိကြပါတယ်။ ချစ်ခြင်းတရားကို မြတ်နိုးကြသူများဖြစ်ပြီး သစ္စာရှိကြသူများဖြစ်ပါတယ်။ ယုံကြည်ချက်ကြီးမားပြီး ခေါင်းအလွန်မာကြသူများလည်း ဖြစ်ပါတယ်။ သို့သော်လည်း ငြင်းရခုံရခြင်းကို မနှစ်သက်ကြသူများဖြစ်ပြီး တစ်ဖက်သားအပေါ််အမြဲအလျော့ပေးတတ်ကြပါတယ်။ တိကျပြတ်သားသူများ ဖြစ်သည့်အတွက်လည်းသူတို့နဲ့ပြိုင်ပြီး ငြင်းမယ်ဆိုရင်တော့သတိထားရမှာ ဖြစ်ပါတယ်။ အရာရာဦးနှောက်နှင့်ဆုံးဖြတ်ကြသူများ ဖြစ်ကြသောကြောင့် လူပျိုကြီး ၊ အပျိုကြီးများဖြစ်လေ့ရှိတတ်ပါတယ်။ ဘဝလက်တွဲဖော်ရှိလာပြီဆိုရင်လည်း အပေါ်ယံသာမန်အချစ်မျိုးမဟုတ်ဘဲ တကယ်နွေးထွေးပြီးဂရုစိုက်တတ်သူများ ဖြစ်ကြပါတယ်။ သတ္တိရှိရှိဝန်ခံတတ်သူများကို သဘောကျလေ့ရှိတဲ့ပုံစံမျိုး ရှိကြပါတယ်။ Romance ဖြစ်ရတာကိုလည်း သဘောကျတတ်ပြီး တစ်ဖက်ပါတနာကမိမိအပေါ် စွဲလမ်းခြင်းကိုလည်းအထူးနှစ်ခြိုက်ပါသေးတယ်။

ပညာရေး

ထူးချွန်ထက်မြက်သူများဖြစ်သည့်အလျောက် ပညာရေးပိုင်းဆိုင်ရာတွင်လည်း ပြောစရာမလိုအောင်တိကျ ကြသူများဖြစ်ပါတယ်။ နိုင်ငံရေးနှင့်ပတ်သတ်သော အုပ်ချုပ်မှုလုပ်ငန်းများတွင် တည်ကြည်ပြတ်သားသော Leo များသည်နေရာယူထားနိုင်ကြပါတယ်။ မည်သည့်နယ်ပယ်တွင်မဆို ဦးဆောင်နိုင်ကြသောကြောင့် ခေါင်းဆောင်ဖြစ်ဖို့ မွေးဖွားလာသလားအောက်မေ့ရပါတယ်။

Post Credict - မှော်ပညာ - The Magic / Myanmar Zodiacers Facebook Group

Bar Nyar

စွမ်းအင်

Element Fire ဖြစ်ပြီး မီးဓာတ်စွမ်းအားကြီးမားသော Power ရှိပါတယ်။ ရဲ့ဝံ့ပြတ်သားသူ Leo များသည်မီးကဲ့သို့ အမြဲတောက်လောင်နေတတ်ပြီး တဇွတ်ထိုးနိုင်တတ်ကြပါတယ်။ မာနကြီးပြီး ကိုယ်ပိုင်အရောင်အဝါများကို အခြားသူများခံစားမိစေနိုင်ပါတယ်။ Zodiac Signs တစ်ခုစီတိုင်းမှာလည်း မတူညီတဲ့ Characters များအပေါ်မူတည်ပြီး အမျိုးအစားများခွဲခြားထားပါသေးတယ်။ July 26 to Aug 2 born များသည် Leo 1 များဖြစ်ကြပါတယ်။ အလွန်သစ္စာရှိတဲ့ ဆရာသမားများပဲဖြစ်ကြပါတယ်။ နှစ်လိုဖွယ်ညှို့အားကောင်းကြပြီး ဆွဲဆောင်မှုရှိကြသူများပဲဖြစ်ပါတယ်။ Aug 3 to 10 born များသည် Leo 2 များဖြစ်ကြပြီး တည်ငြိမ်ကာသီးသန့်ဆန်ကြသူများ ဖြစ်ပါတယ်။ ကြင်နာတတ်ကြကာ ရှက်တတ်ကြသူများလည်း ဖြစ်ပါတယ်။ မိန်းကလေးဆိုရင်တော့ တည်ငြိမ်သူမဟာဆန်သူဟု တင်စားနိုင်ပါတယ်။ Aug 11 to 18 born များသည် Leo 3 ဖြစ်ပြီး Creative အားကောင်းကြပါတယ်။ သဘောကောင်းသည်ဆိုသော်လည်း အနည်းတော့တစ်ကိုယ်ကောင်းဆန်တတ်ကြပါတယ်။ လူမှုဆက်ဆံရေးတော်ကြတာကတော့ Leo သမားများပဲဖြစ်မယ်ဆိုတာကတော့ အသိပါပဲ။ Leo များ၏နက္ခတ်တာရာ ကြယ်သဏ္ဍာန်မှာ ခြင်္သေ့ပုံပဲဖြစ်ပါတယ်။

Post Credict - မှော်ပညာ - The Magic / Myanmar Zodiacers Facebook Group

Comments

  1. စူပါစွမ်းအားရှင်လေးတွေ Leo ♌🦁

    ReplyDelete
  2. အချစ်ဆုံးသူငယ်ချင်းရဲ့ ရာသီခွင်❤️
    သူနဲ့အကုန်နီးပါးကိုက်တယ်ရော✨

    ReplyDelete
  3. ဟုတ်ဟုတ်အကုန်တင်ပါ tele ကျဘာမှတင်တောဘူး

    ReplyDelete
  4. ... အစက်အရင်ချမယ် 😁😁

    ReplyDelete
    Replies
    1. လူပျိုကြီး ၊ အပျိုကြီးများဖြစ်လေ့ရှိတတ်ပါတယ် တဲ့
      အ့ဆို လူပျိုကြီး, အပျိုကြီး ​တော်​တော်များများက Leo ​တွေများလား 🤔🤔🤔

      Delete
  5. ကိုယ့်နေမပါတေးဘူးရော🕊

    ReplyDelete
  6. လူပျိုကြီး အပျိုကြီးများ ဖြစ်တတ်တယ်ဆိုတဲ့နေရာမှာ ရယ်မိသွားတယ်😆😆

    ဒါမယ့် တကယ်နွေးထွေးပြီး ဂရုစိုက်ပေးမှာနော် 🤭
    တော်တော်များများတော့မှန်ပါတယ်🤭

    ReplyDelete
    Replies
    1. လင်းဆက်October 5, 2022 at 8:00 PM

      အပျိုကြီးမဖြစ်ချင်ဘူးလား😁

      Delete
  7. တွေ့ဖူးတဲ့ Leo တွေကတော့သူ့နယ်ပယ်မှာ ဆရာကြီးတွေပဲ

    ReplyDelete
  8. Love is like being a Magic✨

    တကယ်တော့ အချစ်ဆိုတာ
    စိန်ခေါ်မှုပါဝင်တဲ့ မျက်လှည့်ပွဲနဲ့တူတယ်

    မျက်လုံးအဝိုင်းသား အံ့ဩမှုအပြည့်နဲ့
    လှပဆန်းကြယ်တဲ့ အလှည့်အပြောင်း လှည့်စားမှုတွေကို ပိပိရိရိသေသေသပ်သပ်နဲ့
    အညာခံနေရမှန်း သိသိကြီးနဲ့
    မိန်းမောရီဝေနေတော့တာလေ🌸

    ReplyDelete
    Replies
    1. လင်းဆက်October 5, 2022 at 8:02 PM

      အက်လဲ့

      Delete
  9. ရောက်ပါပြီ ပြန်မယ်နော

    ReplyDelete
  10. အများကြီးတင်
    အများကြီးဝင် 😁

    ReplyDelete
  11. Thank
    For sharing admin

    ReplyDelete
  12. Leo ကောက်ရိုးမီးမဟုတ်ဘူး

    ReplyDelete
    Replies
    1. အဲဒီ ♌ Leo ကို သတိရနေတာ

      Delete
  13. တင်တော့ လည်း အကုန်လုံးကိုတင်တာပဲ🥰

    ReplyDelete
  14. ❤❤❤❤❤❤❤❤❤❤❤❤❤❤❤pdf

    ReplyDelete
  15. ,🎉💯💯👍❤️🌟🌟🌟

    ReplyDelete
  16. အပျိုကြီးဖြစ်ပြီးမှအိမ်​ထောင်ကျသွားတယ်

    ReplyDelete
    Replies
    1. အက်လယ်😁

      Delete
  17. Leoက Aug 23ထိမလား 18ထိပဲ ဘာလို့ရေးပေးတာလဲ ဝှိုင်း အက်မင် ဝှိုင်း😭

    ReplyDelete
  18. အားလုံးမှန်တယ်😘

    ReplyDelete
  19. ခုတော့ လမ်းပျောက်Leoလေးဖြစ်နေပေမယ့်
    ဗေဒင်လေးဖတ်ပြီးအားတက်သွားပြီ
    ကျေးဇူးမင်မင်😍😍

    ReplyDelete
  20. စာတွေ ကသေးတော့မဖတ်နိင်ဘူးရယ်

    ReplyDelete
  21. I'm LEO. Most of these Astrological facts are actually true. Thank you ❤️

    ReplyDelete
  22. Leo ဖွား...ပါပဲ...😁😁😁😁😁အိမ်ထောင်မကျသေးတဲ့...Leo.ဖွားတွေ...မေတ္တာမျှကြရင်..မကောင်းဘူးလားလို့...😂😂😂😂😂တစ်ယောက်တည်း..အိပ်....တစ်ယောက်တည်း..နေ..နေရတဲ့ဘဝကြီးက...တခုခုခုလိုအပ်နေသလိုပါပဲ..😊😊😊😊😊😊😊

    ReplyDelete
  23. အရမ်းလုပ်ချင်ခဲ့ပေမယ့် ဝန်ထမ်းမို့မလုပ်ဖြစ်ခဲ့တဲ့ဆန္ဒလေးတစ်ခုကို CDMလုက်ရင်းအကောင်အထည်ဖော်လိုက်တယ် 😃

    ReplyDelete
  24. Great articles thanks. 29 Oct 2022. From Lattsaung.

    ReplyDelete
  25. Good articles thanks. 29 Oct 2022. From Lattsaung.

    ReplyDelete
  26. Kyae zu par Min Min💛💛💛
    A Chit kyi loh ta yoke hte pyit tar lar??
    Sin sar tat lun loh ta yoke hte pyit tar lar??
    ma thi bu byar
    Ta yoke hte par bal byar

    ReplyDelete
  27. လိုင်းကားစီးနေရသော ပြည်သူများဘဝမလုံခြုံ‌တော့ပါ။ အခြင်းခြင်းကူညီချင်စိတ်မရှိကြတော့ပါ။ဂရုစိုက်ကြပါ။

    ReplyDelete
    Replies
    1. ဒီနေ့ လိုင်းကားပေါ်မှာလူတွေကိုဓာတ်ပုံလိုက်ရိုက်နေတာခိုးပြီးရိုက်နေကြတာကျား၅ယောက်ပါတဲ့အဖွဲ့ပါ

      Delete
  28. တကယ်ကြီးမှန်တယ်

    ReplyDelete
  29. Leo a chaw lay
    A chaw lay Leo

    ReplyDelete
  30. ကလစ်ခဲ့ပြီနော်

    ReplyDelete

Post a Comment