Gemini - မေထုန်ရာသီဖွား

General

Gemini (မေ၂၁ မှ ဇွန်၂၀)

Ruling Planet - Mercury
Element - Air
Lucky Stone - Aquamarine, Agate
Lucky Numbers - 5, 6 14, 15, 23, 24
Lucky Days - Monday, Wednesday, Thursday
Lucky Colour- Deep Purple,Yellow,Green
Business Partner - Libra
Soul Mate - Libra, Aquarius

Post Credict - မှော်ပညာ - The Magic / Myanmar Zodiacers Facebook Group

About

Gemini သည် မေထုန်ရာသီဖွားဖြစ်ပြီး မေ၂၁ မှ ဇွန်၂၀ ကြားမွေးဖွားသူများကိုခေါ်တာဖြစ်ပါတယ်။ သူ၏ဒြပ်စင် Element မှာ Air ဖြစ်ပါတယ်။


စီးပွားရေး

Gemini ရာသီဖွားများသည် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ပြီး စိတ်ကူးယဉ်ဥာဏ်ရည်မြင့်မားကာ စိတ်အားထက်သန်မှုရှိကြသူများဖြစ်ကြပါတယ်။ စူးစမ်းလေ့လာချင်သောစိတ်များရှိတတ်ကြပြီး စီးပွားရေးတွင်ထူးချွန်ကြသူများ ဖြစ်ကြပါတယ်။ အလုပ်တစ်ခုဆိုတစ်ခု အောင်မြင်မှုမရမချင်း အာရုံစိုက်ဇောက်ချလုပ်လေ့ရှိတတ်ပြီး သူတစ်ပါးထက်ပို၍ကြိုးစားလေ့ရှိကြပါတယ်။ လက်ထဲတွင်ငွေမပြတ်ဘူးလို့ ပြောလို့ရအောင်ထိ ငွေရှာကျွမ်းကျင်မှုရှိပါတယ်။ ကိုယ်ပိုင်အရည်အချင်း အပြည့်အဝဖြင့်ဘဝရဲ့အခက်အခဲ စိန်ခေါ်မှုများကို ဖြတ်သန်းလေ့ရှိကြပါတယ်။ အေးအေးဆေးဆေး နေထိုင်ရခြင်းထက် စိန်ခေါ်မှုများဖြင့်စိတ်လှုပ်ရှားစွာ နေရခြင်းကိုပိုပြီးနှစ်သက်ကြပါတယ်။ မည့်သည့်စီးပွားရေးလုပ်လုပ် အောင်မြင်အောင်ပဲ လုပ်လေ့ရှိကြပါတယ်။ အများစုသည် ခေတ်မီပြီး ပြည့်ပြည့်စုံစုံနေနိုင်ကြသူများ ဖြစ်ကြပါတယ်။ Gemini ရာသီဖွားများအတွက် အထူးသင့်လျော်သော အလုပ်အကိုင်များကတော့ Salesman, Teacher, Photographer, Journalist, Research Job, Civil Engineer အစရှိသဖြင့်ပဲဖြစ်ပါတယ်။

အဓိက အမူအကျင့်များ

Gemini ရာသီဖွားများသည် ပေါက်ကွဲထွက်လေ့မရှိဘဲ စိတ်ရောကိုယ်ပါ ကောင်းမွန်စွာ ထိန်းချုပ်နိုင်ကြသူများဖြစ်ပါတယ်။ Gemini ၏ Twin Symbol ကြောင့် မျက်နှာနှစ်ခွရှိတတ်ကြသည်ဟု အများအားဖြင့် ပြောတတ်ကြသော်လည်း Gemini များသည်လျှို့ဝှက်ချက်များကိုလည်း ထုတ်ဖော်ပြောကြားလေ့မရှိဘဲ သစ္စာရှိကြသူများဖြစ်ပါတယ်။ နူးညံ့သိမ်မွေ့ခြင်း၊ ဆွဲဆောင်မှုရှိခြင်း၊ လျင်မြန်သောသင်ယူတတ်မြောက်မှုရှိခြင်းတို့သည် Gemini ၏ ဝိသေသလက္ခဏာများပင်ဖြစ်ကြပါတယ်။ ပေါင်းသင်းဆက်ဆံရေး အားကောင်းကြသူများဖြစ်ပြီး စိတ်ဓာတ်အတက်အကျမြန်ကြသူများလည်း ဖြစ်ကြပါတယ်။ Gemini မွေးဖွားသူများသည် ခန့်မှန်းရခက်လေ့ရှိကြပြီး စိတ်လှုပ်ရှားစရာများကြား ဗျာများတတ်ကြပါတယ်။ဒေါသကိုတော်ရုံဖြင့် ဖော်မပြတတ်ဘဲ ဒေါသထွက်ပြီဆိုပါကလည်း အကြမ်းဆုံးအခြေအနေထိပင်ဖြစ်သွားနိုင်ပါတယ်။ မည်သည့်အရာတွင်မဆို လောဘကြီးတတ်ပြီး အသုံးကြမ်းလေ့ရှိတတ်ကြပါတယ်။ လွတ်လွတ်လပ်လပ်ဘဝကိုသာ မြတ်နိုးပြီးစည်းကမ်းဘောင်များဖြင့် နေထိုင်ရခြင်းကိုစိတ်ကျဉ်းကြပ်ကြသူများ ဖြစ်ကြပါတယ်။ နူးညံ့သည်ဆိုသော်လည်း အတွင်းစိတ်ဓာတ်မာကြောပြီး ခံနိုင်ရည်လည်းရှိကြသူများဖြစ်ပါတယ်။

နှလုံးသားရေးရာ

Gemini ရာသီဖွားများသည် အပြောင်းအလဲမြန်ကြသူများဖြစ်ပြီး မျက်နှာများတတ်ကြပါတယ်။ အချစ်ရေးကံကောင်းမှုအားနည်းပြီး ချစ်လျှင်လည်းအဆုံးစွန်ထိချစ်တတ်ကြ သစ္စာရှိတတ်ကြပြီး သူတို့နာကျည်းသွားပြီဆိုလျှင်လည်း ပြန်ပြီးလက်စားချေတတ်ကြပါတယ်။ သူတို့ချစ်တတ်သွားပါက တခြားသူမနာလိုဖြစ်လောက်သည်ထိ ရို့မန့်ဆန်ဂရုစိုက်မှုပေးမှာပဲဖြစ်ပါတယ်။ ခွဲခွာရခြင်းများကို မကြိုက်နှစ်သက်သူများလည်း ဖြစ်ကြပါတယ်။ လူအကဲခတ်တော်လေ့ရှိပြီး အီစီကလီလုပ်ရတာနှစ်ခြိုက်ကြသူများလည်း ဖြစ်ကြပါတယ်။

ပညာရေး

Gemini ရာသီဖွားများသည် လောဘကြီးသူများပီပီ ပညာရေးပိုင်းတွင်လည်းထိပ်ဆုံး နေရာကိုသာရယူလိုသူများ ဖြစ်ကြပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကြွယ်ဝသူများဖြစ်သဖြင့် Public နှင့်ဆက်သွယ်သော လုပ်ငန်းများနှင့် သင့်လျော်ကြပါတယ်။စိတ်ခွန်အားတက်ကြွလာအောင် ဖေးမပြောဆိုနိုင်သောအရည်အချင်းနှင့် စကားပြောကောင်းသောစွမ်းရည်များကြောင့် ခေါင်းဆောင်ကောင်းဟု မကြာခဏသတ်မှတ်ခံရလေ့ရှိပါတယ်။ သူတို့၏ အတွေးအမြင်များ၊ စိတ်ကူးစိတ်သန်းများနှင့် ဗဟုသုတကို ဝေမျှပြောပြပေးလိုသောသူများဖြစ်ကြသောကြောင့် ကျောင်းဆရာနှင့် စာရေးဆရာနေရာအတွက် အထူးသင့်လျော်ပြီး ဆရာကောင်း၊ စာရေးဆရာကောင်းများ ဖြစ်လာနိုင်ပါတယ်။

Post Credict - မှော်ပညာ - The Magic / Myanmar Zodiacers Facebook Group

Bar Nyar

စွမ်းအင်

သူ၏စွမ်းအင်အရောင်မှာ အဝါရောင်ဖြစ်ပါတယ်။ Twin Symbol ၏ Castor နှင့် Pollux ဟူသော အမှောင်နှင့်အလင်းကိုဆောင်သော အစွမ်းသတ္တိရှိကြသောကြောင့် အရာရာတိုင်း၌ မတူညီသောရှုထောင့်များကိုပါ နားလည်ပေးနိုင်စွမ်းရှိကြ၍ အလွန်စွမ်းအားကြီးကြသူများလည်းဖြစ်ကြပါတယ်။ Yin နှင့် Yang ကို ကောင်းမွန်စွာအသုံးချထိန်းချုပ်နိုင်ကြပြီး အတွေးအမြင်ပုံရိပ်များကိုလည်း ဖန်တီးနိုင်စွမ်းရှိကြပါတယ်။တယ်လီပသီအားကောင်းမွန်ကြပြီး တခြားသူများ၏အတွေးများကိုပင်ဖတ်ရှုနားလည်နိုင်သည်ဟု ဆိုကြသဖြင့် ကိုယ်ချင်းစာတရားကောင်းမွန်ကြသူများဖြစ်ပါတယ်။ အခြားသူများကို စိတ်အားဖြင့်ဖြစ်စေ၊ ကိုယ်အားဖြင့်ဖြစ်စေ လွှမ်းမိုးနိုင်ကြသူများလည်းဖြစ်ကြပါတယ်။ ထို့ကြောင့် တစ်ပါးသူကို မိမိလိုရာဆန္ဒအတိုင်း ခေါ်ယူဆွဲဆောင်ယူနိုင်ခြင်းမှာ Gemini တို့၏ Supernatural Power တစ်ခုပင် ဖြစ်ပါတယ်။ Zodiac Signs တစ်ခုစီတိုင်းမှာလည်း မတူညီတဲ့ Characters များအပေါ်မူတည်ပြီး အမျိုးအစားများခွဲခြားထားပါသေးတယ်။ May 25 to June 2 born များသည် Gemini 1 များဖြစ်ကြပြီး အလွန်ဥာဏ်ကောင်းကြသူများဖြစ်ကြပြီး သူတို့သိချင်ပြီဆို Can't Stop လုံးဝကိုမရတော့ပါဘူး ။သိလိုက်ရမှကိုကျေနပ်ကြပြီး နှစ်လိုဖွယ်ချစ်ဖို့ကောင်းကြသူများ ဖြစ်ကြပါတယ်။ အလွန်လည်းဖော်ရွေတတ်ကြပြီး ချစ်စရာစပ်စုစိန်လေးတွေပဲ ဖြစ်ပါတယ်။ June 3 to 10 born များသည် Gemini 2 များဖြစ်ကြကာ တစ်သီးတစ်သန့်နေတတ်သူများဖြစ်ပြီး လူမှုပေါင်းသင်းရေးတွင်လည်း အနည်းငယ်ကြောင်တောင်တောင်နိုင်တတ်ကြပါတယ်။ ဒါမယ့်သူတို့လေးတွေဟာ သဘောတော့အလွန်ကောင်းကြပါတယ်။ June 11 to 18 born များသည် Gemini 3 များဖြစ်ကြပါတယ်။ သူတို့တွေဟာ ခန့်မှန်းရခက်သလို အရမ်းအားကိုးလို့မရတဲ့သူတွေ ဖြစ်ပေမယ့် ကြင်နာထက်မြက်ကြသူများတော့ ဖြစ်ကြပါတယ်။ Gemini များ၏နက္ခတ်တာရာကြယ်သဏ္ဍာန်မှာ ယောက်ျားလေးနှင်မိန်းကလေးအတူယှဉ်ကာ ထိုင်နေသည့်ပုံဖြစ်ပါတယ်။

Post Credict - မှော်ပညာ - The Magic / Myanmar Zodiacers Facebook Group

Comments

  1. စွမ်းအားရှင်လေးတွေ (⁠ ⁠˘⁠ ⁠³⁠˘⁠)
    ဖတ်သွားပြီနော်
    ကျေးဇူးပါမင်မင်

    ReplyDelete
    Replies
    1. ဖတ်စ်တွေဘာတွေ ရလို့ပါလား :3

      Delete
    2. လင်းဆက်October 5, 2022 at 8:09 PM

      မဖတ်ကြည့်ရသေး😁

      Delete
    3. 🎉
      အမှန်တော့ အကုန်မဖတ်သွားပါဘူး 😅

      Delete
  2. Gemini က ​မေထုန်ဟုတ်ဘူးလားဟင် 🙄🙄🤔🤔🤔

    ReplyDelete
    Replies
    1. တို့အက်ထမင် အစစ်ပဲဟ😅

      Delete
    2. ကိုယ့်ရာသီခွင်​လေး အကုန်မှန်တယ်ဆို​တော့ Business Partner and Soul Mate က Libra(မင်မင်)ဆိုတာလဲ မှန်မယ်ထင်တယ်​နော် 🙈🙈😁

      Delete
    3. မှန်တယ်တဲ့🤭

      Delete
    4. ဟိဟိ 🙈🙈🙈😁😁😁

      Delete
    5. ခိခိ😁

      Delete
  3. လာချောင်းတာ သိပ်နားမလည်ဘူး

    ReplyDelete
  4. ပါတေးဘူး🕊

    ReplyDelete

  5. တော်လှန်ရေးကြီး
    အောင်ဖို့ရာ
    လူတိုင်းမှာ
    တာဝန်ကိုယ်စီရှိတယ်

    သံတိုင်ကြားမှာ
    ငါတို့ကိုစောင့်နေတဲ့
    ရဲဘော်တွေ ရှိတယ်
    ဒုက္ခကြားမှာ
    ငါတို့ကိုစောင့်နေတဲ့
    ရဲဘော်တွေ ရှိတယ်

    တရက် ငါတို့ အပါးခိုမိတဲ့အခါ
    တရက် ခြောက်လှန့်နေမှာက
    မြင့်မြတ်စွာ နှုတ်ဆက်သွားခဲ့သော
    တို့ ရဲဘော်တွေရဲ့ မျက်နှာတွေ

    တော်လှန်ရေးကို
    တစ်ဦးတစ်ယောက်ချင်း
    တာဝန်ကျေပွန်မှုကနေ
    စကြစို့

    ပန်းတိုင်သည် တရွေ့ရွေ့ဖြင့်
    နီး၍ နီး၍ လာခြင်းသာ မြင်၏

    မဆုတ်မနစ်သော စိတ်ဖြင့်သာ
    ပန်းတိုင်ဆီ အရောက်သွားကြမည်🌸✨



    ReplyDelete
  6. 💪💪💪😘😘😘

    ReplyDelete
  7. စိတ်အတက်အကျမြန်ချက်ကတော့ပြောမနေနဲ့ရူးနေတာကျလို့ စိတ်တိုလို့အော်ရင်ကိုယ်တောင်လွှင့်ထွက်သွားမလားပဲthat's my sis

    ReplyDelete
    Replies
    1. လင်းဆက်October 5, 2022 at 8:05 PM

      မီတော့တစ်ခုမှမမှန်😁
      Geminiပဲ

      Delete
    2. ကျနော်ကျ အော်ရုံမဟုတ်ဘူး အနားရှိတာတခုခုပါပစ်ပေါက်လိုက်ရမှ😁😁 အနားအမြဲရှိတာကလဲဖုန်းပဲ အာ့ကြောင့် ဖုန်းဖိုးနဲ့စတေကာဖိုးကအတူတူနီးပါးပဲ😝😝😝

      Delete
  8. ဟုတ် ၁၀ Sec

    ReplyDelete
  9. Gemini ရဲ့အချစ်ကြောင်းက သူများတွေပြောတဲ့ Libra နဲ့တူနေသလိုပဲ

    ReplyDelete
  10. မှန်တာလဲရှိ မမှန်တာလဲရှိ

    ReplyDelete
  11. သိခွင့်ရလို့ ကျေးဇူးပါ ♊

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
  12. ပုံတွေကမမြင်ရတော့ အကုန်ဝင်ခဲ့ပြီထင်တာပဲ

    ReplyDelete
  13. မှန်သလိုလိုပဲ

    ဖေဖေ
    ဘောစ် ၂ ယောက်
    ခု တူလေးတယောက်။

    ၈၀% လောက်တူတယ်။

    ReplyDelete
  14. အမေစုကမေထုန်ရာသီဖွားဖြစ်ပါတယ်

    ReplyDelete
  15. မေထုန်ရာသီဖွားပါ

    ReplyDelete
  16. မတ်လ13ဆိုတော့ဘာရာသီဖွားလဲဗျ

    ReplyDelete
  17. စာနာနားလည်တတ်တဲ့ နှလုံးသားနဲ့ ကြင်နာတာကိုတော့ အီစီကလီ လုပ်တယ်လို့ မသတ်မှတ်ပါနဲ့ မင်မင်ရယ်။
    ရက်စက်တယ် (ဖတ်ပြီးပြီ)

    ReplyDelete
  18. တစ်ယောက်သောသူ

    ReplyDelete
  19. July ဆိုတော့ ဘာရာသီဖွားလဲ ရှာရအုန်းမယ်😁

    ReplyDelete
  20. ဒါလေးတော့ကြိုက်သား
    မေထုန်ရာသီဖွားဆိုတော့ သိပ်မဆိုးပါဘူး😐

    ReplyDelete
  21. မေထုန် ဆိုတာ နွားမကြီးကိုခေါ်တာပါဗျာ Cilckerတွေကို ချစ်လို့ စတာနော် စိတ်မဆိုးနဲ့😁😁😁😁😁😁😁😁

    ReplyDelete
  22. အစက်ချခဲ့ပီနော် မင်မင် မေထုန်လေးပါ

    ReplyDelete
  23. Great articles thanks. 29 Oct 2022. From Lattsaung.

    ReplyDelete
  24. Good articles thanks. 29 Oct 2022. From Lattsaung.

    ReplyDelete
  25. Gemini 3 is June 11 to 18. Then, whats about those 19th and 20th June born? :D Viva la Revolution!!

    ReplyDelete

Post a Comment