Capricorn - မကာရ ရာသီဖွား

General

Capricorn (ဒီဇင်ဘာ၂၂မှဇန်နဝါရီ၁၉)

Element-Earth
Planet-Saturn
Lucky Stone-Garnet
Lucky Colour-Cinnamon Brown, Green
Lucky Number- 8,6,9
Lucky Days-Saturday,Fridays,Tuesdays
Business Partner-Taurus,Pisces,Virgo
Soul Mate-Taurus

Post Credict - မှော်ပညာ - The Magic / Myanmar Zodiacers Facebook Group

About

Capricorn ဖွားများကတော့ ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ကြားမွေးဖွားသူများဖြစ်ကြပြီး မြန်မာလို 'မကာရ ရာသီဖွားများ'ဟု ခေါ်ဝေါ်ကြပါတယ်။


စီးပွားရေး

မိမိအလုပ်အပေါ်တွင် ကျင့်ဝတ်အလွန်စောင့်သိသူများ ဖြစ်ကြပြီး ဥာဏ်ရေးဥာဏ်သွေးကောင်းကာ အလုပ်ကိုပြီးစီးအောင်မြင်အောင် လုပ်လေ့ရှိကြပါတယ်။ ၎င်းတို့၏နည်းစနစ်တကျ အလုပ်ကိုလုပ်ဆောင်တတ်မှုတို့ကြောင့် အမြဲတမ်းလည်းအောင်မြင်မှု ရရှိလေ့ရှိကြကာ စီးပွားရေးသမားကောင်းတစ်ယောက် ဖြစ်လာတတ်ကြပါတယ်။ စီးပွားရေးနှင့်ပတ်သတ်ပြီလည်း Lucky ကောင်းတတ်ကြသူများဖြစ်ကြပါတယ်။ Time Management အလွန်ကောင်းကြကာ ကြိုတင်ခန့်မှန်းနိုင်စွမ်းလည်း ရှိကြပါတယ်။ ဂုဏ်သိက္ခာကိုအလွန်တန်ဖိုးထားကြကာ အလုပ်အပေါ်သစ္စာတရားရှိကြသူများ ဖြစ်ကြပါတယ်။ ငွေကြေးပိုင်းဆိုင်ရာ Business များအတွက် အဖိုးတန်ရတနာများကတော့ Capricorn ရာသီဖွားများပဲဖြစ်ကြပါတယ်။

အဓိက အမူအကျင့်များ

Capricorn ရာသီဖွားများသည် အလွန်လုံ့လဝီရိယ ကောင်းကြသူများဖြစ်ကြသလို ပြိုင်ဆိုင်မှုလည်းပြင်းထန်ကြပါတယ်။ အလုပ်အလွန်ကြိုးစားတဲ့ ရာသီဖွားတွေထဲက တစ်ခုဖြစ်ပါတယ်။ သူတို့အနားယူတဲ့ အများဆုံးနည်းလမ်းကတော့ တရားထိုင်ခြင်းပဲဖြစ်ပါတယ်။ အပင်ပန်းခံကာအလုပ်ကြိုးစားနေတတ်သောကြောင့် စိတ်ပိုင်းဆိုင်ရာတွင်ပင်ပန်းမှုများ ကြုံဆုံရပါကပိုပြီးဝမ်းနည်းလွယ်တတ်ကြပါတယ်။ စိတ်ထိခိုက်လွယ် ဒေါသကြီးတတ်ကြသူများလည်း ဖြစ်ကြသလို စိတ်အားထက်သန်မှုအား အာရုံစူးစိုက်မှုအားကတော့ ကောင်းမွန်ကြတာဖြစ်ပါတယ်။အကောင်းဘက်ကနေကြည့်ပါက နှစ်လိုဖွယ်ကောင်းတဲ့ ဆွဲဆောင်မှုများကို ပိုင်ဆိုင်ကြပြီး တခြားဘက်ကကြည့်ပါက သွေးအေးပြီးရက်စက်တတ်ကြတာလည်း Capricorn ဖွားများပဲဖြစ်ကြပါတယ်။

နှလုံးသားရေးရာ

သစ္စာတရားမှာအားထားရတာကတော့ Capricorn ဖွားတွေပါပဲ။ သူငယ်ချင်းများအပေါ်တွင်ဖြစ်စေ မိသားစုအပေါ်တွင်ဖြစ်စေ ချစ်သူရည်းစားများအပေါ်တွင်ဖြစ်စေ အားကိုးထိုက် ယုံကြည်ထိုက်ရသူများပဲဖြစ်ပါတယ်။ ကတိကဝတ်ပေးထားပြီးကလည်း စောင့်စည်းတည်တတ်ကြသူများဖြစ်ကြပါတယ်။ Taurus နှင့် Virgo တို့သည် Capricorn အတွက်အကောင်းဆုံး လက်တွဲဖော်များဖြစ်ကြပြီး အလွန်တိုင်ပင်ကိုက်စိတ်တူကိုယ်တူ ဖြစ်တတ်ကြပါတယ်။ ခံစားချက်ပြင်းထန်သူများဖြစ်သဖြင့် အချစ်ကြီးသလို အမုန်းလည်းကြီးတတ်ကြပါတယ်။သဝန်လည်းအလွန်တိုတတ်ကြပါသေးတယ်။

ပညာရေး

ကြိုးစားချင်စိတ်အပြည့်ရှိပြီး သူများထက်သာချင်သောစိတ်များကြောင့် ပညာရေးကိုမနိမ့်ကျရအောင် အလွန်ကြိုးပမ်းကြသူများကတော့ Capricorn ဖွားများပဲဖြစ်ပါတယ်။ ဥာဏ်ကောင်းတဲ့နေရာမှာလည်း ဆရာတစ်ဆူဖြစ်ပြီး ရုတ်တရက်ရရှိလာတဲ့အလင်းဥာဏ် ဖြတ်ထိုးဥာဏ်လည်းအားကောင်းကြပါတယ်။ ပြိုင်ဆိုင်စရာရှိပြီဆို ပထမသာရရှိချင်သူဖြစ်ပါတယ်။ မွေးမြူရေးနှင့်ပတ်သတ်သောလုပ်ငန်းများ၊ Event Management , Interior Decoration , အစားအသောက်ပိုင်းဆိုင်ရာလုပ်ငန်းများ၊ ငွေကြေးလုပ်ငန်းများ တွင်ပိုပြီးအောင်မြင်နိုင်ကြပါတယ်။

Post Credict - မှော်ပညာ - The Magic / Myanmar Zodiacers Facebook Group

Bar Nyar

စွမ်းအင်

စနေဂြိုလ်ကိုအုပ်စိုးသော Capricorn ဖွားများသည် ယေဘူယျအားဖြင့် သူတစ်ပါး၏လျှို့ဝှက်ချက်များကို ခန့်မှန်းနိုင်စွမ်းရှိပြီး Mind Reader များဖြစ်ကြပါတယ်။ Capricorn ဖွားများ၏စိတ်ခံစားချက်အစစ်အမှန်ကို တခြားသူများခန့်မှန်းရန် အလွန်ခက်ခဲပြီး အလွန်စိတ်ရှုပ်စရာများဖြစ်နေရင်တောင် Control လုပ်ထားနိုင်စွမ်းရှိကြပါတယ်။ Zodiac Signs တစ်ခုစီတိုင်းမှာလည်း မတူညီတဲ့ Characters များအပေါ်မူတည်ပြီး အမျိုးအစားများခွဲခြားထားပါသေးတယ်။ Dec 26 to Jan 2 born များသည် Capricorn 1 များဖြစ်ကြပါတယ်။ အားကိုးထိုက်အားကိုးရသူများ ဖြစ်ကြပြီးအလုပ်လည်း အလွန်ကြိုးစားကြပါတယ်။ မည်သည့်နေရာတွင်မဆို လက်တွေ့စမ်းသပ်ရတာကို သဘောတွေ့ကျသူများ ဖြစ်ကြပါတယ်။ Jan 3 to 9 born များသည် Capricorn 2 များဖြစ်ကြပြီး စည်းမျဉ်းစည်းကမ်းတင်းကြပ်မှုများ ပုန်ကန်ထကြွမှုများစသည့်အကြမ်းဖက်မှုများ ကိုသဘောကျခြင်းမရှိဘဲ လွတ်လပ်ကာငြိမ်းချမ်းခြင်းတရားကို လက်ကိုင်ထားကြသူများ ဖြစ်ကြပါတယ်။ သဘောလည်းအလွန်ကောင်းပြီး သူတစ်ပါးကိုဖေးမပေးရခြင်းကို ကြိုက်နှစ်သက်ကြပါတယ်။ Jan 10 to 16 born များသည် Capricorn 3 များဖြစ်ကြပြီး အလုပ်ကြိုးစားလွန်းသူများဖြစ်ကာ Social ကောင်းကြသူများဖြစ်ပါတယ်။ ခင်မင်ဖော်ရွေတတ်ကာ သစ္စတရားအလွန်ရှိသူများလည်းဖြစ်ကြပါတယ်။ Capricorn များ၏နက္ခတ်တာရာ ကြယ်သဏ္ဍာန်မှာ သမင်ဦးခေါင်းနှင့်ငါးခန္ဓာကိုယ်ပုံဖြစ်ပါတယ်။

Post Credict - မှော်ပညာ - The Magic / Myanmar Zodiacers Facebook Group

Comments

  1. အစက်အစက်အစက်

    ReplyDelete
    Replies
    1. 😆😆😆 @Great CHEyeCK
      သူတို့အနားယူတဲ့ အများဆုံးနည်းလမ်းကတော့ တရားထိုင်ခြင်းတဲ့ ​တော်လိုက်တာ
      ကိုယ်​တွေ​တော့ တရားကြာကြာမထိုင်နိုင်ဘူး အိပ်ငိုက်တယ် 😁😁😁

      Delete
    2. ဟာ အတူတူပဲ😁
      တရားထိုင်ဖို့မပြောနဲ့ တရားနာရင်းတောင်အိပ်ပျော်တာ😂

      Delete
    3. အိမ်း အမိတို့ အကျင့်လေးတွေက အတုယုစရာကောင်း

      Delete
    4. @PPWK သူရဲကောင်းတွေဆိုတော့လေ🤣🤣

      Delete
    5. ဖြူဖြူဝင်း​ကျော် အတုယူမို့လား 😅😅😅

      Delete
  2. မန့်ရေးလဲမပေါ်တော့ဘူးတစ်ဂယ်ဂိုးပြီ🤠🤠

    ReplyDelete
    Replies
    1. မန့်ပေါ်နေတယ် ထက်ရေ

      Delete
    2. အယ်လဲပေါ်မေသေးတာပဲ အက်ထမင်ရေ တလရပြီးရင် ဗေဒင်ဟောစားနော် ထက်လာကြည့်မယ် မင်မင်နဲ့လက်ကိုင်ရအောင်လို့😂😂

      Delete
    3. မိမိအဖြစ်နဲ့ ဆန့်ကျင်ဖက်ပါလာနော်😅

      Delete
  3. Cheers 🥂
    ၁၂ခုပြည့်သွားပြီ🤜🤛

    ReplyDelete
  4. ဗေဒင်သာအကုန်ဟောလို့ပြီးသွားတယ် မင်မင် ပိုက်ဆံလည်း မရဘူးး😜😜

    ReplyDelete
    Replies

    1. 💵💴💶💷💶
      💰💰💰💰💰
      💸💸💸💸💸
      💎💎💎💎💎
      🪙🪙🪙🪙🪙

      ဒီမှာ ဟောခ🤭

      Delete
    2. လင်းဆက်October 6, 2022 at 1:36 AM

      ပြောတတ်ပ

      Delete
    3. Click နေပါတယ်

      Delete
    4. အယ် ဟောခအများကြီးပေးထားတာပဲ တော်လိုက်တာ ၊ဟောရကျိုးနပ်ပီ😘😘😘

      Delete
  5. လူ‌တော် လူကောင်းလေးတွေပဲ
    Capricorn ♑🐐

    မန့်ရတာတောင် မောလာပြီ😅
    မန့်သမျှလည်း ပျောက်ကုန်တယ်
    ဒီတခါ ပျောက်ရင် မန့်တော့ဝူး
    သွားတော့မယ်

    ကျေးဇူးပါမင်မင်(⁠ ⁠˘⁠ ⁠³⁠˘⁠)
    အချိန်ပေးပြီး တင်ပေးလို့ပါ
    ရှေ့ဖြစ်တွေဘာညာမယုံပေမယ့်
    ရာသီခွင်တွေရဲ့ သဘောသဘာဝတွေက အများစု နီးစပ်ကြပါတယ်။

    ReplyDelete
    Replies
    1. မှန်ပါတယ် ညိုပြာ
      လူ‌တော် လူကောင်းလေးတွေပါ 😁

      Delete
    2. အယ်မ ကြီး မန့်တာတွေက ##口口コ;@!#ဒီလိုတွေချည်းပေါ်နေတယ် နော်
      Web ment error တက်နေတာလားမသိဘူးနော် ညိုပြာ

      Delete
    3. ဟုတ်လား
      PPWK ဘက်က error ဖြစ်မယ်ထင်တယ်,
      Anonymous က ဖတ်လို့ရနေတယ်ဆိုတော့ 😁

      Delete
  6. ဪ နာ့cctv လေးက အာ့ကြောင့် နာ့တယောက်တည်း ကမ္ဘာထင်နေတာကိုး...😭😭 သူ့အမကို ခေါင်းပွတ်ပေးနေရင် မျက်စောင်းထိုးပြီးကြည့်နေတာကိုး

    ReplyDelete
    Replies
    1. CCTV ကိုလွမ်းတယ်...
      အဲ့ဒါတွေအကုန်လုံးဟာ မအလကြောင့်
      ကိုယ်က ချစ်တဲ့သူတွေနဲ့အေးအေးချမ်းချမ်းပဲ နေချင်ခဲ့တာပါ

      Delete
  7. ရောက်ပြီ
    ပြန်တော့မယ်နော

    ReplyDelete

  8. တောင်တန်းတွေပတ်လည်ကာ ဝိုင်းလို့
    တိမ်တွေကလည်းအုံ့ဆိုင်းကာ မှိုင်းလို့
    ကျွန်မ ရပ်နေတဲ့ ခြေဖမိုးဆီ
    သူ စီးဆင်းလာခဲ့တယ်
    ရေမှုန်ရေစက်လေးတွေ ပျံ့လွှင့်လို့
    လှနေလိုက်တာ
    အို.....ရေတံခွန်လေးရယ်
    မင်းကို ကြည့်ရတာ
    လွတ်လပ်ပေါ့ပါးလိုက်တာကွယ် 🌊🌊🌊🌊🌊


    ReplyDelete
    Replies
    1. ရေးချင်ရာ ရေးသွားသည်
      Good Evening 🌞

      Delete
    2. လင်းဆက်October 6, 2022 at 1:37 AM

      Good evening

      Delete
  9. Capricorn​လေးမှန်လိုက်တာ

    ReplyDelete
  10. လင်းဆက်October 5, 2022 at 4:56 AM

    အယုံမကြည်မရှိ
    ကောင်းအောင်နေတယ်
    ကောင်းတာလုပ်တယ်
    ကောင်းကျိုးများများခံစားရတယ်

    ReplyDelete
  11. ကျော်သွားပါလား 😊

    ReplyDelete
    Replies
    1. လင်းဆက်October 10, 2022 at 4:17 AM

      မကလစ်ဘဲနေရမှာလားအေ
      ညည်းကလဲကြည့်ကျက်ပြောပါ

      Delete
  12. နီးရက်နဲ့ဝေးသွားသော
    Me ရဲ့ရာသီခွင်မဟုတ်ပြန်

    ReplyDelete
  13. December 28ပါရှင်

    ReplyDelete
  14. နော့်လို မွေးသက္ကရာဇ်မသိသူတွေအတွက် အလွတ်တန်းဖွားဟောစာတမ်းတို့ ဘာတို့ ညာတို့ မရှိဘူးလားခင်ဗျ 🥺😁

    ReplyDelete
    Replies
    1. တကယ်ကြီးမသိတာလား

      မြန်မာလိုသိတယ်ဆိုရင် နှစ်တစ်ရာပြက္ခဒိန်မှာ ရှာကြည့်လို့ရတယ်နော် 🥰

      Delete
    2. လင်းဆက်October 6, 2022 at 1:38 AM

      DMလာခဲ့ပါဗျ😁

      Delete
  15. ဉာဏ်ကောင်းချက်ကတော့
    ပြောမနေနဲ့ အမြဲအဆူခံရတယ်
    စာနဲ့ပက်သက်ရင်🤣

    ReplyDelete
  16. မင်မင်ကတော့ ပြောရော့မယ်
    သွေးအေးပြီးရက်စက်တတ်တာမဟုတ်ရပါဘူး အနေအေးပြီး
    လစ်လျူရှုတတ်တာပါ🤭

    အချစ်ကြီးသလို အမုန်းလည်းကြီးတတ်တာလဲ မဟုတ်ရပါဘူး လွယ်လွယ်နဲ့ ခွင့်မလွှတ်တတ်တာပါ😅

    သဝန်လည်းအဲ့လောက် မတိုတတ်ကြပါဘူး နည်းနည်းလောက်ရစ်ချင်ယုံပါ 🤭

    ReplyDelete
  17. မင်မင်က တင်ပေးတော့ သိရတာပေါ့

    ReplyDelete
  18. ကိုယ် ပါတာဘဲ

    ReplyDelete
  19. ရာသီခွင်ကတော့ အလာကြီးပဲ

    ReplyDelete
  20. ဗေ ဒင်ရယ် လက္ခဏာ ရယ်
    အမျိုးတွေ ဗေဒင်ရယ် မင်းမရှိယင် လက္ခဏာငို ပန်းတွေငို
    ယတြာလည်းငို စိုးပိုင်သီချင်းဆိုကြည့်တာ😂😂😂

    ReplyDelete
  21. Thanks for sharing

    ReplyDelete
  22. ရာသီခွင်အောက်
    နောက်တစ်ခေါက်

    ReplyDelete
  23. My crush's zodiac sign
    🧡🧡🧡

    ReplyDelete
  24. မင်္ဂလာရှိကြပါစေ။

    ReplyDelete
  25. ကျေးဇူးအထူးတင်ပါတယ်မင်မင်
    တလရပြီရင်း မင်မင်လဲဗေဒင်ဆရာလုပ်လို့ရပြီ🙃🤎

    ReplyDelete
  26. မဂ်လာပါ

    ReplyDelete
  27. ☘️🍀🍀🍀🍀

    ReplyDelete
  28. Capricorn ♑လေးတွေ ချစ်တာ😍
    အမှားလုပ်ရင်တော့ သတ်ပစ်မယ်

    ReplyDelete
  29. libraလေးတင်ပေးပါဦး

    ReplyDelete
  30. 1️⃣2️⃣➖1️⃣0️⃣➖2️⃣0️⃣2️⃣2️⃣

    ReplyDelete
  31. လင်းဆက်October 12, 2022 at 4:59 AM

    မင်္ဂလာပါ

    ReplyDelete
  32. Good articles thanks.
    17 Oct 2022.
    From Lattsaung.

    ReplyDelete
  33. Great articles thanks.
    17 Oct 2022.
    From Lattsaung.

    ReplyDelete
  34. Have a nice day ❤️

    ReplyDelete
  35. ကလစ်လာတာကြာပြီ ခုမှဘဲသိတော့တယ်😁😁😁

    ReplyDelete
  36. Great articles thanks. 29 Oct 2022. From Lattsaung.

    ReplyDelete
  37. Good articles thanks. 29 Oct 2022. From Lattsaung.

    ReplyDelete
  38. 👌🏿👌🏿👌🏿

    ReplyDelete
  39. မှန်လိုက်လေ မင်မင်ရေ
    အခုလာမယ့် ပိတ်ရက်လေးကို တရားစခန်းဝင်ချင်နေတာ😁

    ReplyDelete
  40. အကုန်မှန်တယ်

    ReplyDelete
  41. ကျနော် မကာရ ခင်မျ အဟဲ

    ReplyDelete
  42. 💪ကိုေန

    ReplyDelete
  43. ကလစ်ခဲပီနော်

    ReplyDelete

Post a Comment