



Aquarius - ကုံရာသီဖွား
General
Aquarius(ဇန်နဝါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၈)
Element-Air
Planet-Uranus
Lucky Stone-Amethyst
Lucky Colour-Grey,Electic Blue
Lucky Number-3,9,7
Lucky Days-Thursday,Tuesday,Monday
Business Partner-Aries,Libra,Gemini
Soul Mate-Gemini
Post Credict - မှော်ပညာ - The Magic / Myanmar Zodiacers Facebook Group
About
Aquarius ရာသီခွင်ဖွားများသည် ဇန်နဝါရီ၂၀ မှဖေဖော်ဝါရီ ၁၈ကြားမွေးဖွားသူများဖြစ်ကြပြီး မြန်မာလို ကုံရာသီဖွားများဟု ခေါ်ဝေါ်ကြပါတယ်။
လေဒြပ်စင်ဖြစ်ပြီး Air Powerရှိပါတယ်။
စီးပွားရေး
Aquarius ရာသီဖွားများသည် အရည်အချင်းရှိပြီး အလုပ်ကြိုးစားသူများဖြစ်ကြပါတယ်။ သူတို့ကတီထွင်ကြံဆနိုင်စွမ်းရှိကြတဲ့အတွက် ခေါင်းဆောင်များအနေနဲ့လည်း နေရာယူနိုင်ကြပါတယ်။သူတို့ကဩဇာအာဏာကြီးပြီး လက်အောက်ငယ်သားတွေကို သေချာလေးထိန်းချုပ်နိုင်စွမ်း ရှိတတ်ကြပါတယ်။သူတို့ကစီးပွားရေး ပြသာနာတွေကိုလည်း စိတ်ရှည်ရှည်စိတ်အေးအေး ထားကာကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်ကြပါတယ်။ စီးပွားရေးနယ်ပယ်မှာတော့ Aquarius ရာသီဖွားတွေနဲ့ အလုပ်အတူတူလုပ်ချင်သူတွေ များပြားကြသည်အထိ နာမည်ကြီးကြပါတယ်။
အဓိက အမူအကျင့်များ
Aquariusရာသီဖွားများသည် ပြိုင်ဘက်ကင်းပြီး အမူအကျင့်တွေဟာ အံ့ဩစရာကောင်းကြပါတယ်။သူတို့ကသူတို့ပတ်ဝန်းကျင်နဲ့ လိုက်လျော်ညီထွေမှု ရှိအောင်နေတတ်သောကြောင့် လူချစ်လူခင်ပေါများကြပါတယ် ။သူတို့ကသူတို့ပါတနာတွေနဲ့ ဉာဏ်ချိတ်ဆက်မှူနဲ့ ရုပ်ပိုင်းဆိုင်ရာအထိအတွေ့ကိုသဘောကျကြသူများဖြစ်တယ်။သူတို့က ဘဝရဲ့အခက်အခဲတွေကို ိုဖြေရှင်းတတ်ကြတယ် ။ သူတို့ကတခြားသူတွေရဲ့ဘဝကိုပါ ကောင်းခြင်းတွေယူဆောင်ပေးတတ်ကြလေ့ရှိပါတယ်။ သူတို့ရဲ့အပေါင်းအဖော်တွေကိုပါ အကောင်းဆုံးထောက်ပံ့ပေးကြပြီး အရည်အချင်းတွေကိုဖော်ပြတတ်ရန် လှုံ့ဆော်ပေးလေ့ရှိကြပါတယ်။သူတို့ရဲ့အဓိက အားသာချက်တွေက ဉာဏ်ကောင်းခြင်း၊ တီထွင်နိုင်စွမ်းရှိခြင်း၊ ယုံကြည်ထိုက်အောင်နေခြင်း၊ ရိုးသား ရည်မွန်ခြင်းတို့ဖြစ်ပြီး အားနည်းချက်တွေက သံသယဖြစ်တတ်ခြင်း၊ခေါင်းမာခြင်း၊အလေးမထားတတ်ခြင်း၊စည်းကမ်းမလိုက်နာတတ်ခြင်းတို့ ဖြစ်ကြပါတယ်။ ဆန်းသစ်ခြင်း၊ ကိုယ့်ကိုယ်ကိုအားကိုးတတ်ခြင်း၊ လိမ္မာပါးနပ်ခြင်း၊ ထူးခြားခြင်းနှင့် အကောင်းမြင်တတ်ခြင်းတို့ဟာ Aquarius ဖွားများရဲ့အဓိကအမူအကျင့်များဖြစ်ကြပါတယ်။
နှလုံးသားရေးရာ
Aquarius ဖွားလေးတွေဟာ ပျော်ပျော်ရွှင်ရွှင် နေထိုင်တတ်ကြတဲ့သူများ ဖြစ်တဲ့အပြင် သဘောကောင်းကြသူများဖြစ်တဲ့အတွက် လူအများ၏ချစ်ခင်ခြင်းကိုခံရတတ်ပါတယ်။ သူတို့ရဲ့နူးညံ့တဲ့နှလုံးသားလေးတွေဟာ ကြင်နာသနားလွယ်တတ်ကြတာကြောင့် လွယ်လွယ်ချစ်တတ်ကြသူများ ဖြစ်နေတတ်ကြပါတယ်။နောက်ပြီး Flirt တဲ့နေရာမှာလည်း ကျွမ်းကျင်ကြပါသေးတယ်။အမြဲတမ်းပေါ့ပါးတဲ့ Relationship မျိုးကိုပဲသဘောကျလေ့ရှိကြပါတယ်။ သို့သော်လည်း အချစ်ရေးကံခေကြတာလည်း Aquarius ဖွားလေးတွေပါပဲ။ တစ်ခါတစ်ရံမှာ သူတို့ရဲ့ခေါင်းမာမှု တယူသန်မှုတွေဟာ တစ်ဖက်သားသဘောမကျတတ်တဲ့ အကြောင်းအရင်းတွေဖြစ်နေတတ်ပါတယ်။ အိမ်ထောင်ရေးဘဝကူးပြောင်းဖို့ဆိုရင်တော့ ဒီလိုလွယ်တဲ့အကျင့်မျိုးဆင်ခြင်နိုင်မှသာ အဆင်ပြေနိုင်ကြမှာဖြစ်ပါတယ်။
ပညာရေး
Aquarius ဖွားများဟာလည်းပညာရေးမှာ မခေလှတဲ့သူများ ဖြစ်ကြပါတယ်။ ဥာဏ်ကောင်းကြတာကြောင့် မည်သည့်ပညာမဆိုအလွယ်တကူ တတ်မြောက်လွယ်ပြီး သင်ယူစူးစမ်းလိုစိတ်လည်း ရှိကြသူများဖြစ်ကြပါတယ်။ Aquarius ဖွားများဟာသူတစ်ပါး၏ မနာလိုခြင်း၊မုန်းခြင်း၊သစ္စာဖောက်ခြင်းကို ခံရတတ်တဲ့အတွက် ကိုယ့်ဘက်က Perfect ဖြစ်နေဖို့အမြဲကြိုးစားဖို့လိုတာဖြစ်ပါတယ်။ Social workers, Politicians, Researchers, Writers, Poets, Photography, Electrical industry, Teachers စသည့်နယ်ပယ်များတွင် ပိုပြီးအောင်မြင်နိုင်ကြပါတယ်။
Post Credict - မှော်ပညာ - The Magic / Myanmar Zodiacers Facebook Group
Bar Nyar
စွမ်းအင်
လေစွမ်းအင်ပိုင်ရှင် Aquarius ဖွားများကတော့ စိတ်ဓာတ်အင်အားပြင်းပြတဲ့သူတွေပဲ ဖြစ်ကြပါတယ်။ အများထက်ထူးပြီးကို တွေးခေါ်ကြံဆနိုင်စွမ်းတွေ ရှိတတ်ကြပါတယ်။
Zodiac Signs တစ်ခုစီတိုင်းမှာလည်း မတူညီတဲ့ Characters များအပေါ်မူတည်ပြီး အမျိုးအစားများခွဲခြားထားပါသေးတယ်။ Jan 21 to 29 born များကို Aquarius 1 ဟုခေါ်ပါတယ်။ သူတို့ဟာသေချာမသိသေးရင်တော့ အနေအေးတယ်ထင်ရပေမယ့် တကယ်ကိုနွေးထွေးပြီးကြင်နာ တတ်ကြသူများပဲဖြစ်ပါတယ်။ တီထွင်ဖန်တီးနိုင်မှုစွမ်းရည်အားလည်း အတော်လေးကောင်းပြီး သူငယ်ချင်းများနှင့်အပြင်ထွက်ရတာကို ဝါသနာပါကြပါတယ်။ သူတို့ဟာ စိတ်ဓာတ်ကျလွယ်တဲ့အတွက် အဖော်ကောင်းတစ်ယောက် အနားမှာလိုအပ်တာပဲဖြစ်ပါတယ်။ Jan 30 to Feb 8 born များကတော့ Aquarius 2 များဖြစ်ကြပြီး Communication Skill အလွန်အားသာကြကာ စူးစမ်းလေ့လာမှုအား အလွန်ကောင်းကြပါတယ်။ ဥာဏ်ရည်လည်းထက်မြက်ကြပြီး စိတ်ခံစားမှုကိုဦးစားမပေးတတ်ပါ။ Feb 8 to 18 born များကတော့နောက်ဆုံး Aquarius 3 များပဲဖြစ်ကြပါတယ်။ သူတို့လေးတွေကိုကတော့ ခန့်မှန်းရခက်ခဲပြီး ဆွဲဆောင်မှုရှိကြသူများပဲ ဖြစ်ပါတယ်။ ကိုယ်ချင်းစာတရားအပြည့်အဝရှိပြီး ကြင်နာဖော်ရွေ့တတ်ကြပါတယ်။ အနုပညာပိုင်းတွင်လည်း စိတ်ပါဝင်စားကြသူများဖြစ်ပြီး လက်တွဲဖော်အနေဖြင့် အထူးရွေးချယ်သင့်သူများပဲ ဖြစ်ပါတယ်။ Aquarius ၏ နက္ခတ်တာရာကြယ်သဏ္ဍာန်မှာ ရေအိုးထဲမှရေကိုလောင်းချနေသော ယောက်ျားလေးတစ်ဦးပုံ ဖြစ်ပါတယ်။
Post Credict - မှော်ပညာ - The Magic / Myanmar Zodiacers Facebook Group
First လား😂
ReplyDeleteတခါမှfirstမရဖူးလိူ့ရင်တောင်ခုန်သွားဒါနဲ့ အဲတာအယုံကြည့်မချိ😇🙃
Delete🥰🥰🥰
Deleteကျနော့်မှာထူးဆန်းတဲ့စိတ်စွမ်းအားတွေရှိတယ်😄
ReplyDeleteတီလေး
Deleteမှာကောရှိတယ်😁
ဘာလဲတော့မသိတစ်ခုခုဆိုကြိုကြိုသိနေတတ်တူမျိုးရယ်
Deleteကိုယ့်ကိုလိမ်ညာလို့မရတာရယ်😁
Thanks for sharing knowledge.
ReplyDeleteကိုယ့် english ဆရာက aqua ပဲ 😎
ReplyDeleteဆရာစာသင်တာအရမ်းတော်တာ
မီ့ဟာလေး မဟုတ်သေးလို့ ဝင်ကြည့်ရင်း ကျော်ဖတ်သွားပါတယ်🤭
ReplyDeleteနောက်တခုမျှော်နေမယ်
ReplyDelete"အနေအေးတယ်ထင်ရပေမယ့် တကယ်ကိုနွေးထွေးပြီးကြင်နာ တတ်ကြသူများ"
ReplyDeleteကိုယ့်အလှည့်ရောက်မှပဲပွားတော့မယ်
ReplyDeleteဖတ်သွားသည်
ReplyDeleteMy lit bro က aqu-1 မို့ပြန်ဝင်ဖတ်သွားတယ် 😁
ReplyDeleteကိုယ်တို့ကအကြိုက်တော်တော်များများလည်းတူတယ် (စာအုပ်/ရုပ်ရှင်) ပျင်းရင် သူနဲ့ပေါက်တတ်ကရာရှောက်ပြော ငြင်းကြနဲ့
သူက အရမ်းအားနာတတ်ပြီး သူတပါးအတွက်အရမ်းစဉ်းစားလွန်းလို့ စိတ်ပူခဲ့ရတာ
ခုတော့ အချစ်နဲ့တွေ့သွားတော့ ကိုယ့်တောင်အားမနာတော့ဘူး
အယ် ခုလည်းသူဆီက ပိုက်ချံချေးထားတာနည်းတာဟုတ်ဘူးလေ...😂
အလုပ်သွားချိန်မိုးတွေရွာနေလို့ ဟိုတွေးဒီတွေးနဲ့ my lit bro ကိုစဆရက လုပ်ခဲ့ဖူးတာလေး သတိရသွားတယ်
Delete" ကိုယ် လက် အင်္ဂါချို့တဲ့သူတွေရှေ့မှာ ဘယ်တော့မှ 'သနားလိုက်တာ' ဆိုတဲ့စကားမပြောမိစေနဲ့လို့" သူတို့တည်ဆောက်ထားတဲ့ကမ္ဘာကို ကိုယ်ရဲ့အရည်မရအဖတ်မရစကားလုံးတွေနဲ့ မပြိုလဲစေနဲ့လို့
သူက အရင်တုန်းက အဲ့ဒါဟာ ဝဠ်ကြွေးလို့သတ်မှတ်တယ် (ကီးဘုတ်ကဒါပဲရိုက်လို့ရလို့)
ကိုယ်ကငြင်းတယ် သူ့အတိတ်ဘဝ တွေကို ငါတို့လက်ရှိအချိန်ကိုယူလာပြီးပြောတာ လက်ရှိသူ့ဘဝအတွက်မတရားဘူးလို့" အတိတ်ကပြုသူအတွက် ဒီဘဝမှာ ပေးဆပ်ရတယ်ဆိုတဲ့ အယူအဆကိုလည်း လက်မခံနိုင်ဘူးလို့....
ပြီးတော့ ဘယ်သူမှအတိတ်ဘဝကို အတိအကျ သိကြတာမဟုတ်ဘူးလေ
ဟိုတလောကလည်း pinky may may ကပြောထားတာတွေ့လိုက်တယ်
"သနားပါလို့ဝယ်တာပါဆိုပြီး သူ့ဆီကပစ္စည်းတွေမဝယ်ပေးကြပါနဲ့တဲ့" ဒီလောက်ကြိုးစားနေတဲ့တယောက်ရဲ့ ရင်ထဲကို ကိုယ်ရဲ့ အရည်မရအဖတ်မရ သူရဲကောင်းဆန်ဆန်စကားတွေနဲ့ မဖျက်ဆီးစေချင်ဘူး
မန့်ရေးရမလား
ReplyDeleteမရေးမနေပါနဲ့ Tlay 😁😁😁
Delete😁😁😁
DeleteAqu3 ပဲ
ReplyDeleteစိတ်ဝင်တစားဖတ်သွားပါတယ်
စိတ်ပျော်ရွှင်မှူ့တခုပါပဲ🥰
ReplyDeleteဒါက မင်မင်နောက်တယောက်ရဲ့ ရာသီခွင်ပဲ
ReplyDeleteကိုယ့်ရာသီခွင်မဟုတ်ပေမယ့် သူများဟာတွေလဲ အမြဲလိုင်းမှာလိုက်ဖတ်ဖြစ်တယ် ဝါသနာပါလို့ 😁😁😁
ReplyDeleteစံဇာဏီမင် အစ် ကမ်းဘက်😁🤎
ReplyDeleteok par
ReplyDeleteစာရှည်လို့မဖတ်တော့ဘူး😁😁
ReplyDelete
ReplyDeleteရေရှည်တိုက်ပွဲမို့
လိုအပ်ချက်တွေ များလှတယ်
ချစ်ခြင်းတရားတွေ ပွေ့ဖက်
ကိုယ်ချင်းစာတရားတွေ စီးမျှောကာ
အားဖြည့်ရှေ့ဆက်ကြမယ်
သိက္ခာလဲခြုံတယ်
လိပ်ပြာလဲလုံတယ်
တော်လှန်ရေးအောင်မြင်ဖို့
ကိုယ်တတ်နိုင်တာ အားလုံးကူတယ်
တရားသောစစ် အောင်မြင်ရမည်🌸
အရေးအသားလေးတွေကကောင်းမွန်ထိမိပြီးခွန်အားရစေလို့ အမြဲဖတ်မိနေတယ်💙💪together
Deleteပို့စ်အသစ်မှန်းမသိ ဖြူဖြူကြီးတွေပဲမြင်တာ😂😂
ReplyDeleteWeb ကဝင်လာမှသိတယ်😂
🤔✌️
ReplyDeleteအမြဲနောက်ကျတဲ့ငါ
ReplyDelete🙋🏻♀️🙋🏻♀️
ReplyDelete🌸
ReplyDeleteThanks for sharing အဲစကားက သင်ပေးလို့ တတ်ဒါ မင်မင်
ReplyDeleteအတတ်ပညာသင်ဖို့ဆိုတာ ဘယ်တော့မှ နောက်ကျသည်မရှိ သင်ယူချင်စိတ်ရှိလျှင် တတ်မြောက်ပါလိမ့်မည်။
DeleteHi
ReplyDeleteအကွားရီးယပ်စ် ၃ လေးပါ
ReplyDeleteI m 3 so very very kindly😁😁😁
ReplyDeleteနာမည်မပေါ်လို့ ကိုယ်နာမည်ပဲရေးလိုက်တော့မယ်😇😇😇
ReplyDeleteThandar
လူချစ်လူခင်များတာနဲ့အလေးမထားတတ်တာကတော့တော်တော်ကိုမှန်ပါတယ်
ReplyDeletesecond round
ReplyDeleteTill the end
ReplyDeleteFighting together 💪
Thanks Admin 🍀
ReplyDelete🧡🧡🧡
ReplyDeleteစိတ်ဝင်စားလို့ဖြတ်မလျှောက်တော့ဘူးဝင်ဖတ်ကြည့်သွားပြီ😁
ReplyDeleteThanks မင်မင်
ReplyDeleteAquarius ♒ လေးပါ အကုန်မှန်ပါတယ်
ReplyDelete😍😍😍
ReplyDeleteDone❤
ReplyDeleteDone
ReplyDeletedaily click
ReplyDelete👍
ReplyDeleteGreat articles thanks. 29 Oct 2022. From Lattsaung.
ReplyDeleteGood articles thanks. 29 Oct 2022. From Lattsaung.
ReplyDeleteDone
ReplyDeleteAquarius born ပါလို့
ReplyDeleteAquarius ♒
ReplyDeleteSmart
💪ကိုေန
ReplyDelete