That's Life
Team"Will" vs Team"Chris"
တစ်နေ့က Oscars ပေးပွဲမှာ Will Smith က သူမိန်းမ ကို ဟာသလုပ်ပြောလို့ Chris Rock ကို စင်ပေါ်တတ်ပြီး ပါးရိုက်တာကို ဘယ်လိုမြင်ပါလဲ ခင်ဗျာ?
တစ်ဖက်ကို ရွေးရမယ်ဆိုရင် ဘယ်ဘက်ကို ရွေးမလဲ?
ဘာကြောင့်ရွေးမှာလဲ?
- ကိုယ့်အမျိုးသမီးကို နေရာတိုင်းမှာ ကာကွယ်ပေးတဲ့ မင်းသားလား?
- နှစ် ၃၀ လောက် ဟာသတွေ ပြောနေရင်း အသက်မွေးဝမ်းကြောင်းပြုနေတဲ့ လူရွှင်တော်လား ?
အခြေအနေ တစ်ခုကို ဘယ်လို တုံ့ပြန် လဲ ဆိုတဲ့ အပေါ်ကို ကျွန်တော်က ပြောချင်ပါတယ်။ ကျွန်တော်တို့ ဘဝ ဖြတ်သန်းပုံတွေက တစ်ယောက်နဲ့ တစ်ယောက်မတူကြတာမို့ ရွေးမယ့်သူလည်းမတူနိုင်ကြပါဘူး။ ဒီတော့ စိတ်ထဲမှာ တစ်ယောက်ကို ရွေးထားလိုက်တော့ ပြီးရင် ကျွန်တော် ဘယ်သူ့ကရွေးတယ် ဘာလို့ရွေးတယ်ဆိုတာ နည်းနည်း ပြောပြကြည့်မယ်လေ။ အပျော် သဘောလေး ရေးပေးမှာမို့ ဘာကိုမှ Serious မဆန်ပဲဖတ်ကြည့်ပေးဖို့ မေတ္တာရပ်ခံပါရစေခင်ဗျာ။
အဲ့အဖြစ်အပျက်လေးကြည့်မိလိုက်တဲ့ ခဏမှာပဲ The Joker ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတစ်ကို ပြေးမြင်တော့တာပဲ။ ကျွန်တော်က လူတစ်ယောက်ရဲ့ အသက်မွေးဝမ်းကြောင်းလို အလုပ်တစ်ခုကို တစ်ကမ္ဘာလုံးရှေ့မှာ စော်ကားတာလို့ မြင်တာပဲခင်ဗျာ။ ဒီနေရာမှာ Chris Rock ရဲ့ တုံ့ပြန်မှုကို သဘောကျတယ်။ Pro ပီသတယ်။ Will Smith ကို တော့ တော်တော်လေး အထင်သေးသွားတော့တာ။ အရင်က ပျော်ပျော်နေတတ်တဲ့ မင်းသားကြီးလို့ ထင်ခဲ့တာဗျ။ တစ်နေ့က တောင် သူ့ဇာတ်ကားအကြောင်းပြောနေသေးတာလေနော်။ အဲ့ ဟာသကို မကြိုက်ကြောင်း မလုပ်သင့်ကြောင်း ပြဖို့ရာ နည်းလမ်းတွေ အများကြီး ရှိပါတယ်နော့ဗျာ။ တကယ်ရော ပါးတတ်ရိုက်မှလား? ဒီလို တစ်ကမ္ဘာလုံး နီးပါးရှေ့မှာ အရမ်း မပြင်းထန်တဲ့ ဟာသလေး တစ်ခုအတွက်နဲ့ လူရွှင်တော် တစ်ယောက်ကို လက်ပါတာကြီးက တော်တော် ဆိုးတယ်လို့ပဲ ကျွန်တော်က မြင်တာဗျ။ အဲ့လို လုပ်နိုင်ဖို့ရာ တော်ယုံ စိတ်နဲ့မရနိုင်ဘူးလေ။ ဘယ်လောက်တစ်ကိုယ်ကောင်းဆန်လိုက်တဲ့ လုပ်ရပ်လဲ? ကျွန်တော်သာဆို ကိုယ့်မိန်းမ ကို သွားဖက်ထားပေးမှာဗျ။ ပြီးရင် "ဒါ ဘဝ ပဲ မိန်းမ ရေ, ငါက ဘာဖြစ်ဖြစ် မင်း အနားမှာ ရှိမှာမို့ အေးဆေး" လို့ ပြောပေးမှာ . . . ( ဖူးစာရှင် ဘယ်မှာလဲ? 🤣)
ပွဲပြီးတော့နောက်ရက်တော့ အပြန် အလှန်တောင်းပန်ကြတယ်ပေါ့ လေ။ ဒါပေမဲ့ စဉ်စားကြည့်ဗျာ . . . . . .
အရင် ရက်တွေက ရေးထားတာပါ။ အစက စာအရှည်ကြီးရေးမလို့ပဲ။ ခု မရေးနိုင်တော့လို့ 😁
ပြောချင်တာက ကျွန်တော်က Team Chris ဘက်ကပါလို့။ 😅
အရင် ရက်တွေက ရေးထားတာပါ။ အစက စာအရှည်ကြီးရေးမလို့ပဲ။ ခု မရေးနိုင်တော့လို့ 😁
ပြောချင်တာက ကျွန်တော်က Team Chris ဘက်ကပါလို့။ 😅

တွေးတော့တွေးစရာပဲ မင်မင်လေးရေ
ReplyDeleteတီလေးကတော့ မသိလိုက်ပါဘူး
နောက်မှ သတင်းတွေ တက်လာမှ ဖတ်ကြည့်မိတာပေါ့။
၂ ယောက်လုံး မမှားပေမယ့်
မှန်လဲ အမှန်ပေဘူးကွယ်။
လူတဘက်သားရဲ့ အားနည်းချက်ကို
မလှောင်သင့်ဘူး၊
တဘက်ကလည်း လူကြီးဆန်ဆန် တုန့်ပြန်တတ်ရမှာပေါ့လေ။
တီလေး အမြင်ပါ။
ဘာပဲဖြစ်ဖြစ်
တီလေး ဖတ်မန့် ရလို့ ပျော်သွားပြီ😁
ဟာ ခြူးလေးက ဖတ်မန့်ပဲ😁
Delete“ကျွန်တော်သာဆို ကိုယ့်မိန်းမ ကို သွားဖက်ထားပေးမှာဗျ။ ပြီးရင် "ဒါ ဘဝ ပဲ မိန်းမ ရေ, ငါက ဘာဖြစ်ဖြစ် မင်း အနားမှာ ရှိမှာမို့ အေးဆေး" လို့ ပြောပေးမှာ . . . ( ဖူးစာရှင် ဘယ်မှာလဲ? 🤣)”
Deleteဒါလေးက အသက်🤪
အဓိက က အဲ့တာပြောချင်လို့ပါ 😁😁😁
Deleteစာေတွ အရှည်ကြီးေရးပြီး ေဝှ့လည် ေနတာ
မင်မင်ကြီးနော်
Deleteရမှာပါ ကောင်မလေး
တလရ ပြီးတဲ့ထိ FA ဖြစ်နေသေးတယ် ဆိုရင်
တီလေးကိုယ်တိုင် ရှာပေးမယ် ငါ့တူလေးကို
အိုကေ။
အိမ်မှာ အမနဲ့တောင် အဲ့အကြောင်းကိုပြောနေတာ Chris ရဲ့ တုံ့ပြန်မှုကို အမက
ReplyDeleteဒီလူ တော်တော် တော်တဲ့လူပဲတဲ့
ကိုယ်ကတော့ Will Smithကို အဲ့လိုမလုပ်သင့်ဘူးလို့ပဲ မြင်မိတယ်
၂ ယောက်လုံး မှားတာပါ။ 😁
Delete😔
DeleteAdmin လိုတော့ စတွေ့တွေ့ချင်းတုန်းက မတွေးကြည့်ဖူးဘူး ခုမှေတွးမိတာလေးပါ
ReplyDeleteစင်ပေါ်တက် ပါးရိုက်တာကတော့ မကောင်းဘူးထင်တယ် မကြိုက်ရင် စကားနဲ့ဖြစ်ဖြစ်ပြောလို့ရတာပေါ့
ပြီးတော့ ဟာသဆိုတိုင်း တခြားသူရဲ့ အားနည်းချက်ကို ဟာသလုပ်တာ မကောင်းဘူးနော် အသက်မွေးလမ်းကြောင်းဆို pro ဆန်ဆန်ပြောတတ်အောင် လေ ့့လာထားသင့်တယ် ထင်တယ် သူများအားနည်းချက်ကိုပြောတာမဟုတ်ဘဲပေါ့
team ကတော့ .....☺️
Just my opinion ✌️
Deleteကျန်ခဲ့လို့ ပြောဦးမယ်နော်☺️
Deleteမီသာဆို ကိုယ့်မိန်းမကိုအဲ့လိုပြောတာမကြိုက်ကြောင်းပြောမယ်
မိန်းမကိုလည်းဖက်ထားပေးပြီး နှစ်သိမ့်ပေးမယ်🫂
ဟုတ်တယ်
Deleteပရို သမားက သူတပါးအားနည်းချက်ကို ပြောမှ
ဟာသ မြောက်မယ် ဆိုရင် သူအဲ့ အလုပ် စွန်ု့လွှတ်သင့်တယ်။
မိမိရဲ့ အမှတိမထင် ပြောလိုက်မိတဲ့ ဟာသ တခုကြောင့် တဘက်သားမှာ အများကြီး ခံစားသွားရနိုင်တယ်။
ဒီနေရာမှာ
Deleteကိုယ်ချင်းစာတရား စကားပြောလာပြီ။
စဉ်းစားကြည့်ဗျာ ဘယ်လောက် romantic ဆန်လိုက်မလဲ? စင်ပေါ်က ပြောနေတဲ့သူကို ခက်ထန်တဲ့အကြည့်နဲ့ ကြည့်ပြီးရင် အမျိုးသမီးကို နှစ်သိမ့် 😅😁
DeleteAdminကြီးစိတ်ကူးတွေလွှတ်ယဥ်
Deleteကာကွယ်ပေးဖို့adminကြီးမှာ
ေကာင်မလေးရှိလားဗျာ🙃
ဖီဖီ အဲ့လိုမရိုရဘူးလေ မကြိုက်ကြောင်းနည်းနည်းပြောသင့်တယ် ကာကွယ်ပေးတာပဲကြိုက်ကြတာညော် ဖူးစာရှင် မတွေ့ဘဲနေမယ် ဖီဖီ ☺️
Deleteမင်မင်ကတော့ တော်လှန်ရေးပြီးမှ ဖူးစာရှင် ရှာပါတော့နော် ☺️ မင်မင် မိန်းမယူဖို့ ကြိုးစားကလစ်ပေးနေပါမယ်😅😅
ReplyDeleteကလစ်ပြီး လက်ဖွဲ့မယ်တို့ ဘာတို့ပေါ့နော်😁😝
Delete၂ ယောက်လုံး မလုပ်သင့်တဲ့အပြုအမူလို့
ReplyDeleteမြင်ပါတယ်
"ကျွန်တော်သာဆို ကိုယ့်မိန်းမ ကို သွားဖက်ထားပေးမှာဗျ။ ပြီးရင် "ဒါ ဘဝ ပဲ မိန်းမ ရေ, ငါက ဘာဖြစ်ဖြစ် မင်း အနားမှာ ရှိမှာမို့ အေးဆေး" လို့ ပြောပေးမှာ . . . ( ဖူးစာရှင် ဘယ်မှာလဲ? 🤣)"
ReplyDeleteကိုယ်တော့ "Team Admin" ပဲ 😁😁
အော်စကာပေးပွဲက ပျင်းစရာကြီး လူသိပ်မကြည့်လို့ ဇာတ်တိုက်ထားပြီး သရုပ်ဆောင်ကြတယ်ကြားထားလို့ ဘယ်ဘက်မှမပါချင်ဘူး. (ဆွဲထိုးတာမဟုတ်ပဲ ပါးရိုက်တာလည်းဖြစ်နေတော့ ဟုတ်သလားပေါ့,စင်ပေါ်မှာ တဖက်သားရဲ့ အားနည်းချက်ကို(body shamingလုပ်)ဟာသ ပြောရင်ရိုင်းတယ်ဆိုတာလက်ခံထားကြတဲ့ ဝန်းကျင်မှာ စပြောတဲ့သူလည်းမကောင်းဘူး, စိတ်မထိန်းနိုင်ပဲလက်ပါပြီးတက်ရိုက်တာလဲမကောင်းဘူး)
DeleteWill smith ရတဲ့ကားက အက်ဒ်မင်ပြောတဲ့ ' 'King Richard' နော်. 'KOD'ကားလေးလည်းကောင်းတယ်ဆိုလို့ကြည့်ချင်နေတာ.
ကိုယ်တော့ will smith ကို Denzel Washington ပြောခဲ့တယ်ဆိုတဲ့ စကားလေးကြိုက်လို့ ပြန် quote လိုက်တယ် (ကိုယ့်ဟာကိုတခါတလေ devil မဖြစ်အောင်သတိပေးရမဲ့ quote လေးပဲ)
Delete“‘In your highest moments, be careful; that’s when the devil comes for you’.”
စဉ်းစားကြည့်ရင်ကို Romantic ဆန်တယ်မဟုတ်လားဗျာ 😁😁
Deleteဒါပေါ့..😁😁😁
DeleteCODA ကို KOD ဆိုပြီးမှားရေး (KOD ကဘာမှန်းမသိပဲနဲ့)
ဘာလိုပြောရမလည်းဆိုတော့
ReplyDelete၂ ဘက်လုံး မှားပါတယ်လို့။
Deleteတီလေးပြောသလိုပါပဲရှင်
Deleteအဲ့လိုမျိုးဖြစ်သွားတာပေါ့နော်
Delete၂ ယောက်လုံးမှားတာလို့
Deleteဟုတ်ပါတယ်လို့ဖီဖီ
Deleteဟုတ်ကဲ့ပါလို့
Deleteသူ့အမျိုးသမီးရဲ့ အားနည်းချက်ကို မစနောက်သင့်ဘူးလို့တော့ မြင်ပါတယ်
ReplyDeleteစနောက်လိုက်တဲ့ ဟာသလေးက ခုချိန်မှာ သူ့ဘဝရဲ့ အားနည်းချက်ကြီး တခုလို့ ထင်မြင်ကောင်း ထင်မြင်နိုင်နေတယ်လေနော့(ကို့စိတ်ကူးပေါ့နော် သူ့တို့နိုင်ငံတွေမှက အဲ့လိုတွေး မတွေးတော့ မပြောတတ်ဘူးလေနော်)
စင်ပေါ်ထိ ပါးတတ်ရိုက်တာတော့ မလုပ်သင့်ဘူးပေါ့နော် နောက်မှ မကြိုက်ကြောင်း ပြောသင့်တယ် မြင်ပါတယ်
အခြေအနေ တစ်ခုကို ဘယ်လို တုံ့ပြန် လဲ? ဆို တာကိုပဲ ေပြာချင်တာပါခင်ဗျာ။
Delete၂ ယောက်လုံးမှားတာပါ။ ခေါင်းစဉ်ကို that's life လို့ ပေးထားပေမဲ့လို့ အဲ့ထိရောက်အောင် မရေးမိလိုက်ဘူး။ ပြောပေးချင်တာက လောကကြီးက လှောင်ပြောင်ကြမှာပဲဗျာ၊ ဒီတော့ ကိုယ့်ကိုကိုယ်လက်ခံဖို့ ကိုယ်နဲ့ အနီးကလူတွေကိုယ့်ဘေးက ထွက်မသွားပဲ ကိုယ့်ကို လက်ခံပြီး အားပေးနေကြမယ်ဆိုတာ နားလည်ဖို့ရယ်ပါ။ ဒီတော့ နှလုံးသားချင်း နီးဖို့ရယ်ပါ။
😁😁😁
တခဏအတွင်းမှာ ဖြစ်ပေါ်လာတဲ့ လူတွေရဲ့ခံစားချက်အတိမ်အနက်က တယောက်နှင့်တယောက်မတူပါဘူး။ proမပီသဘူးလို့ ပရိတ်သတ်တစ်ယောက်အနေနှင့်ဝေဖန်လို့တော့ရပါတယ်။ နောက်ပြီး အမျိုးသမီးအခွင့်အရေး ဘာညာ တကမ္ဘာလုံးအော်နေကြပေမယ့် လက်တွေ့မှာ blah blah ပဲ ၊ အမျိုးသမီးမှမဟုတ်ပါဘူး လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်း ဖြစ်တည်မှု or ရောဂါတခုခုကြောင့်ပြောင်းလဲသွားတဲ့အပေါ်မှာ ဟာသမလုပ်သင့်ဘူး ထင်ပါတယ်။ သူက stand up comedianမို့ ဒီလိုပြောခွင့်ရှိတယ်ဆိုလည်း willအနေနဲ့လည်း ကြိုက်သလိုတုံ့ပြန်ခွင့်ရှိပါတယ်။
ReplyDeleteတယောက်ယောက်ကိုရွေးရမယ်ဆိုရင် ပြဿနာစရှာသူကိုတော့မရွေးပါဘူး 😁
*ကိုယ့်အမြင်သက်သက်ပါ✌️❤️
no they don't care what you're going through . . . .. . . . . no .no .no .there're nobody in the world ......like you . . oh oho ohoho
DeleteYou can't be perfect,
DeleteCause nobody's perfect,...
But, no, no, no...
there's nobody in the world.. like you..♡♡
*That's life, I know what you mean from this post, Thanks Admin YURNERO.
မီ အစက Will Smith လိုယောကျာ်းဘယ်မှာမှာလို့ရမလဲ စဉ်းစားနာ
ReplyDeleteChris Rockအနေနဲ့ မထင်မှတ်တဲ့ဟာသကနေBlamerဖြစ်သွားတာမျိုးဖြစ်နိုင်တာမို့သူလဲခံလိုက်ရတာပေမဲ့ စကားတခွန်းက ချီးကားဘယ်လောက်ထိတိုက်နိုင်လဲဆိုတာကိုထပ်ပြသွားပါတယ် သူလဲ physically abusedခံလိုက်ရတာပဲမို့ ဆိတ်တော်တော်ထိခိုက်သွားမှာပါ
Career lifeတောင်သေမှာစိုးChrisအတွက်မျက်ရည်2စက်
Will Smith တို့အနေ့နဲလဲ ဘယ်လောက်ထိရင်ဆိုင်နေရလဲ ဘယ်သူမှမသိနိုင်mentally physically ထိခိုက်ပြီး ထိန်းမနိုင်ဖြစ်နေတဲ့အချိန်မျိုးဖြစ်နေမလားပဲ
အထူးသဖြင့် စက်ပေါ်တက်ဖို့အခွင့်အရေးလဲရနေတော့ ရိုက်မိမလားပဲ ဒါမဲ့သူလဲabusedခံရတာပဲ so sad
မင်မင်ပြောသလိုဆိုတော့လဲ Will Smithမှားတယ်ထင်မိတယ် Jokerလိုမျိုးတလွဲလေးတွေ
အံ့မဝင်တာတွေလုပ်မိတာနဲ့ ဒီလောက်ကြီးလုပ်စရာမလိုဘူး တကိုယ်ကောင်းဆန်တယ်လို့လဲတွေးမိပြန်ရော....တခြားပြစရာနည်းလမ်းတွေများတာတော့မှန်တယ် တခါတလေ အဲ့ဟာကိုလုပ်လိုက်ရမှ ဆိုတာမျိုးတွေတော့ရှိတယ်
ပြိးတော့Exgပြချင်လို့နေမယ် Don't touch my boy Characterမျိုး
မင်မင်ပြောသလို သူ့အမျိုးသမီးကိုဖက်ထားရင် စောင်ကိုက်ရမဲ့Happy Endingဖြစ်မှာကို So sad
လမ်းတွေပျောက်နေပေမဲ့ Team Will Smith no reason
Btwမင်မင်ကမိန်းမယူဖို့သာပြောနာ
ယူဖို့လူမရှိသေးပါ ဝါးဟားဟား 🌚👉👈
happy ending မဖြစ်လိုက်ဘူး 😅
Deleteစင် ပေါ်မှာ နပန်း မလုံးနိုင် လို့ တင်းခရစ်ပါ။ 😁 ( စ တာပါ)
အခြေအနေ တစ်ခုကို ဘယ်လို တုံ့ပြန် လဲ? ဆို တာကိုပဲ ေပြာချင်တာပါခင်ဗျာ။
၂ ယောက်လုံးမှားတာပါ။ ခေါင်းစဉ်ကို that's life လို့ ပေးထားပေမဲ့လို့ အဲ့ထိရောက်အောင် မရေးမိလိုက်ဘူး။ ပြောပေးချင်တာက လောကကြီးက လှောင်ပြောင်ကြမှာပဲဗျာ၊ ဒီတော့ ကိုယ့်ကိုကိုယ်လက်ခံဖို့ ကိုယ်နဲ့ အနီးကလူတွေကိုယ့်ဘေးက ထွက်မသွားပဲ ကိုယ့်ကို လက်ခံပြီး အားပေးနေကြမယ်ဆိုတာ နားလည်ဖို့ရယ်ပါ။ ဒီတော့ နှလုံးသားချင်း နီးဖို့ရယ်ပါ။
😁😁😁
2ယောက်လုံးမှားတာပဲအာ့ဆို
Deleteနဲနဲတော့Team Willမလား🤭
လိုက်ဝင်တွေးပေးတာကြည့်တာပါ မှန်တာမှားတာမဟုတ်ပဲ
Like youသီချင်းလိုပဲမလို့ မင်မင်ေပြာတာသဘာဝကျပါတယ်
မီတော့ဘယ်သူမှမလုပ်ရဲပါဘူး ကြောက်တယ် 🙁
ReplyDeleteမိန်းမတွေကို ကာကွယ်ပေးတာ
ပိုကြိုက်သွားပြီ Team Will ❤️
Why ???
ဝီလ်စမစ်မှန်တယ်😍
လူတစ်ဖက်သားရဲ့အားနည်းချက်
ကျန်းမာရေးချို့ယွင်းမှုကို
ကိုယ်ချင်းစာစိတ်မရှိပဲ စနောက်သလို
ပြောရဲတဲ့ ခရစ်ရော့ခ် မှားတာ
အားနည်းချက်ဆိုတာ ထုတ်ဖော်မပြောသင့်ဘူး
ရောဂါဖြစ်တာလဲ လှောင်စရာမဟုတ်ဘူး
ပြီးတော့စင်ပေါ်ကနေဆိုတော့ တကမ္ဘာလုံးရှေ့မို့ ဒေါသဖြစ်တာ လုပ်သင့်တယ်
ယားးးးးး
✋🖖 ဖြန်းဖြန်း
ဒီကိစ္စနဲ့ပတ်သက်ပြီးပြောရရင် ဖြင့် ကျနော်မပြောတက်တော့ဘူး😢 ငါမှားလားမင်းမှန်လားလို့သာအော်မေးလိုက်ချင်တော့တယ်
Deleteနည်းနည်းတော့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဦးမှပေါ့လေ ခုက လွန်သလားလို့ 😁
Deleteစင် ပေါ်မှာ နပန်း မလုံးနိုင် လို့ တင်းခရစ်ပါ။ 😁 ( စ တာပါ)
အခြေအနေ တစ်ခုကို ဘယ်လို တုံ့ပြန် လဲ? ဆို တာကိုပဲ ေပြာချင်တာပါခင်ဗျာ။
၂ ယောက်လုံးမှားတာပါ။ ခေါင်းစဉ်ကို that's life လို့ ပေးထားပေမဲ့လို့ အဲ့ထိရောက်အောင် မရေးမိလိုက်ဘူး။ ပြောပေးချင်တာက လောကကြီးက လှောင်ပြောင်ကြမှာပဲဗျာ၊ ဒီတော့ ကိုယ့်ကိုကိုယ်လက်ခံဖို့ ကိုယ်နဲ့ အနီးကလူတွေကိုယ့်ဘေးက ထွက်မသွားပဲ ကိုယ့်ကို လက်ခံပြီး အားပေးနေကြမယ်ဆိုတာ နားလည်ဖို့ရယ်ပါ။ ဒီတော့ နှလုံးသားချင်း နီးဖို့ရယ်ပါ။
😁😁😁
နှစ်ဖက်လုံးမှားတယ်ဆိုပေမယ့် တစ်ယောက်ကိုရွေးရမယ်ဆို ဝီလ်စမစ် ကိုပဲထောက်ခံမယ်
Deleteဘာလို့ဆို သူ့အမျိုးသမီးက မင်းသမီးတစ်ယောက်ပဲမို့ ဒီရောဂါနဲ့ပါတ်သတ်ပြီး ဘယ်လောက်ခံစားခဲ့ရမလဲ သူတို့ လင်မယားနှစ်ယောက်လုံး ဘယ်လိုတွေ့ကြုံခံစားခဲ့ရမလဲ ဘယ်လိုကျော်ဖြတ်နေရလဲဆိုတာ အရင်ဆုံးတွေးကြည့်သင့်တယ်လို့မြင်တယ်
ဟာသပညာရှင်ဆိုရင် သူတပါးအားနည်းချက်ကိုတော့ ဟာသမလုပ်သင့်ဘူး
ပါးရိုက်လိုက်တာ ပရိုမဆန်ဘူးဆိုပေမယ့်ကိုယ့်အမျိုးသမီးကို တန်ဖိုးထားတဲ့ ခင်ပွန်းသည် တစ်ယောက်ရဲ့တာဝန်ကျေပွန်တယ်လို့ပဲမြင်ပါတယ်
ကိုယ်က မိန်းခလေးမို့ အဲ့လိုမြင်တာလဲဖြစ်နိုင်ပါတယ် ☺️☺️☺️
အရင်ရက်ကမန့်မရလို့
@YURNERO
Deleteမင်မင်မတင်ခင် အရင်ရက်တွေကတည်းကတွေ့လို့ ကိုယ့်ဘာသာတွေးကြည့်မိနေတာ ခုလိုပြောခွင့်ရလို့ ကျေးဇူးပါ အမြင်မတူကြပေမယ့် ပြောခွင့်ရလို့ရင်ထဲပေါ့သွားတယ် ☺️☺️☺️
ရုတ်တရက် ဖြစ်လာတဲ့ ဒေါသကြောင့်
Deleteတုံ့ပြန်လိုက်တာ အရုပ်ဆိုး သွားပေမယ့်
သူ့မဒီလေး အတွက်တော့ သူဟာ စံပြ ခင်ပွန်း
ဖြစ်သွားပြီ။
စပြီး သူတပါး အားနည်းချက်ကို လှောင်တဲ့သူ
လွန်တာပါ။
ဟုတ်တယ် တီလေးရေ အဓိကပြောချင်တာ အဲ့တာပဲ ☺️
Deleteမိန်းကလေးဆိုတာ အလှအပကြိုက်တယ်လေနော် ရောဂါကြောင့်မဟုတ်ရင်တောင် မိန်းကလေးတစ်ယောက်ရဲ့ အသွင်ပြင်ကိုအဲ့လိုမပြောသင့်ဘူးထင်တယ် ဘာပြောပြော ဝီလ်စမစ်ရဲ့ မဒီလေးက သူ့ခင်ပွန်းကို ပိုချစ်သွားလောက်ပြီ ☺️
DeleteT Lay နဲ့ မမ ML Sun TEAM
ဖြစ်သွားပြီ
🙄😍😍
စံလေးရေ ဖြေးဖြေးချင်း သေချာစဉ်းစား (နှလုံးသားနဲ့ရော ဦးနှောက်နဲ့ပါ)အရွေးမမှားစေနဲ့ ချစ်လို့ပြောတာ 😘😘😘
Delete(ကိုယ့် team ဖြစ်သွားပြီဆိုတော့ ပိုဂရုစိုက်ရမှာပေါ့လေ 😁😁)
@ML SUN,
Deleteအရင်ကကိုယ်က Oscar အဖြစ်အပျက်ကိုပဲကြည့်ပြီး Will တုံ့ပြန်တာမကြိုက်ဘူး/ပရိုမဆန်ဘူးလို့ပြောခဲ့တာ. သူဘဝအကြောင်း မိသားစုအကြောင်း သိလိုက်ရတဲ့အချိန် will ကတော်တော်ချစ်တတ်တာပဲလို့ အံ့ဩမိတယ်.ဖိအားတွေအရမ်းများနေခဲ့ပြီး နစ်နာပါစေလို့မရည်ရွယ်တဲ့ဟသလေးတစ်ခုကိုယ်တောင်ခံနိုင်ရည်မရှိဖြစ်သွားခဲ့တာလို့ယူဆမိသွားတယ်.တကယ်နှစ်သိမ့်ပြီး ဖက်ပေးရမဲ့သူဟာ will လို့ထင်သွားမိတယ်.
@UNKNOWN
Deleteဟုတ်ပါတယ် တော်တော်များများက Oscar အဖြစ်ပျက်ကိုပဲ ကြည့်ပြီးတွေးလိုက်တယ်ထင်ပါတယ် ကိုယ်က တခြားသူတွေမမြင်မိတဲ့ ရှု့ထောင့်ကနေပြောပေးမိတာပါ ဘာပြောပြော အားလုံးရဲ့အမြင်ကို လေးစားပါတယ်နော် ✌️✌️✌️
@ML SUN: ဝီလ် အတွက်စိတ်မကောင်းဖြစ်မိပေမဲ့ ကိုယ်ကတော့ ပါးမရိုက်သင့်ဘူးဆိုတဲ့ဘက်ပဲ ရပ်မှာပါ.
Delete@UNKNOWN
Deleteဟုတ်ကဲ့ပါရှင့်
လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါတယ်နော် ✌️
T Lay ရဲ့ အပျိုကြီး team ရွေးလိုက်ပြီ
Deleteမမ ML Sun 😊
အယ်တော့ အသဲကွဲတဲ့လူတွေရှိကုန်တော့မှာပဲ 🤭🤭 ဘာဖြစ်ဖြစ်
Deleteyou are the best😘😘😘
အားကိုးအားထားစရာယောက်ျားလို့ဂုဏ်ယူနေရမဲ့စံပြယောက်ျားပေါ့။😘😘😂
ReplyDeleteကြောက်နေပါပြီ 😅
Deleteဝီလ် လို အားထားစရာ ဂုဏ်ယူရမဲ့ စံပြယောကျ်ားရှာရမယ် အမျိုးသမီးတို့ 😁😁
DeleteWill နဲ့ Chirs တို့ကိစ္စကအခုထိမပြီးသေးဘူး
ReplyDeleteသတင်းတွေတက်နေတုန်းပဲ တက်လာလိုက်တိုင်း Will ကိုပြစ်တင်ပြောဆိုနေကြတာများတာတွေ့ရတယ် နောက်တော့လူမည်းပြဿနာတွေလည်း ပါလာတာတွေ့ရတယ် တစ်ခြားဘာတွေဆက်ဖြစ်အုံးမလဲနော်
Willသာသူ့စိတ်ခံစားမှုကိုထိန်းချုပ်နိုင်ခဲ့ရင်လည်း လူတွေက Chirs ပြောတာကိုဟာသလိုပဲရယ်မောနေပြီးမေ့ပျောက်သွားကြမှာလို့ထင်မိကြလား
စဥ်းစားတာဉာဏ်ရည်မမှီဘူးဖြစ်နေတယ်
စိတ်ထဲရှိတဲ့အတိုင်းနေပါ ။ဒါေပမဲ့ be kind ။ မှားတာက ၂ ယောက်လုံး 😁😅
Deleteမှားတာမှန်တာပြောတော့ပါဝူး😁
Deleteစိတ်ထဲရှိတဲ့အတိုင်းနေတာပဲကောင်းပါတယ်
စင် ပေါ်မှာ နပန်း မလုံးနိုင် လို့ တင်းခရစ်ပါ။ 😁 ( စ တာပါ)
ReplyDeleteအခြေအနေ တစ်ခုကို ဘယ်လို တုံ့ပြန် လဲ? ဆို တာကိုပဲ ေပြာချင်တာပါခင်ဗျာ။
၂ ယောက်လုံးမှားတာပါ။ ခေါင်းစဉ်ကို that's life လို့ ပေးထားပေမဲ့လို့ အဲ့ထိရောက်အောင် မရေးမိလိုက်ဘူး။ ပြောပေးချင်တာက လောကကြီးက လှောင်ပြောင်ကြမှာပဲဗျာ၊ ဒီတော့ ကိုယ့်ကိုကိုယ်လက်ခံဖို့ ကိုယ်နဲ့ အနီးကလူတွေကိုယ့်ဘေးက ထွက်မသွားပဲ ကိုယ့်ကို လက်ခံပြီး အားပေးနေကြမယ်ဆိုတာ နားလည်ဖို့ရယ်ပါ။ ဒီတော့ နှလုံးသားချင်း နီးဖို့ရယ်ပါ။
😁😁😁
ဟုတ်တယ်..ပါးမရိုက်သင့်ဘူး အက်မင်ဂျီးပြောသလို မိန်းမကိုပြေးဖက်ရင်း
ReplyDelete'ဟေ့ရောင်...မအလ' လို့ပြန်ဆဲသင့်တာ 😁😁😁
ဒီပတ်သက်တဲ့ ကိစ္စကို ပြောရမယ်ဆိုရင်တော့ဖြင့်
ReplyDeleteဒီကိစ္စဖြစ်သွားတာတောင် မသိလိုက်ပါခင်ဗျာ
ရှာဖတ်ပြီးမှ သေချာပြန်လာမန့်တော့မယ်
😁😁😁
ဘာမှ မဟုတ်ဘူး။ ဖတ်မနေနဲ့ 😁
Deleteအ့ဆိုလဲ ဖတ်တော့ဘူး အချိန်ကုန်တယ် 😁😁😁
Deleteအယ် ဒီမှာတော့ မှန်သားပဲ..အပေါ်မှာတော့ ဖက်(hug)ထားတယ်.မိန်းမကိုဖက်ချင်တာနဲ့ရောပြီး 😆
DeleteAdminကြီးမှာကောင်မလေးရှိလို့လား:D
ReplyDeleteအံ့မယ် သူများကို ကိုဆာဆာမှာရော ကောင်မလေး ရှိလို့လားဗျာ 😝😁😁
Deleteကျွန်တော့် အမျိုးသမီးလေးက ဘယ်မှာများ လမ်းမှားနေလဲ မသိဘူးဗျာ😅
Deleteရေထဲမှာ နေမှာပေါ့လို့
Deleteသူလဲ cat fish ကောင်မလေးပဲနေမှာပေါ့
ရေထဲ ငုပ်နေတာနေမယ်၊ သွားရှာကြည့် မင်မင်🤣
မီးနီဖြတ်လို့ ဘဲဥ ဖမ်းသွားတာဖြစ်မယ် 🤔
Deleteစောင့်မနေနဲ့...ယာဉ်ထိန်းရုံးမှာသာသွားရှာ
@ဆာဆာ...FA ချင်းတူတူအဲ့လိုအကြောမခံနဲ့ 💪
ကျနော် ဒီမှာပါ @Yurnero
Deleteတစ်ချက်လေး စောင်းငဲ့ကြည့်ရင် တွေ့မှာပါ
🤭🤭😁😁😁
အမယ် ခပ်တည်တည်နဲ့ ဒါဘဝပဲမိန်းမရေ...တဲ့😁
ReplyDeleteတကယ်ပြောနေတာ အဲ့လိုပြောပြီး ၂ ယောက်သား ပျော်ပျော်ကြီး ဘဝကို ဖြတ်သန်းပစ်မှာ 😁😅
Deleteပျော်ပျော်ကြီးသာဖြတ်သန်းပြစ်😁
Deleteမထင်နဲ့ မင်မင်
Deleteမိန်းကလေးတွေက တခုခု အပြောခံရရင်
တရေးရေးတွေးပြီး တနုံ့နုံ့ နဲ့ ခံစားနေတတ်တဲ့ သူမျိုး၊ မင်မင် အဲ့အချိန်မှာ ကိုယ့်မဒီလေးကို
တခုခု ကာကွယ်ပေးတာ မလုပ်ခဲ့ဘူး ဆိုရင်
မင်မင်ရဲ့ ကျန်နေတဲ့ ဘဝ တလျှောက်လုံး
အရစ်ခံရတော့မှာ။
ဘာပဲဖြစ်ဖြစ် Will ရဲ့ အမျိုးသမီးလေးကတော့
ကျေနပ်သွားမှာပဲ၊ ဘယ်သူတွေဘာပြောပြော သူ့ယောက်ျားအတွက် သူကတော့ ဂုဏ်ယူမှာပဲ။
“ ငါ့ယောက်ျားက ငါ့ကို ဘယ်လောက်ထိ ချစ်တယ် တွေ့တယ်မလားပေါ့”
ရေခဲတုံးကြီး မိန်းကလေးတွေရဲ့ စိတ်ကိုလည်း
လေ့လာထားအုံးနော်။
ပြောပြိုက်တီလေး.👍
Deleteအမြတ်ထွက်သွားတာတော့ အော်စကာပွဲပါ 😁
ပြောပြလိုက်ပါအုန်းတီလေးရယ်
Deleteမင်မင်ကတော့ခက်နေပြီ ဒီပုံစံနဲ့ ချစ်သူရောရနိုင်ပါအုန်းမလားတွေးပြီးရင်လေးတယ် တကယ်ပဲ 😂😂😂
ဟီးဟီး
Deleteဒီပုံအတိုင်းဆိုရင်တော့
သိပ်မလွယ်လောက်ဘူး😁
ရေခဲတုံး၊ တေမိ ကို
ဘယ်လို ရှာပေးရမှန်းတောင်
သိတော့ဝူး😂
ဪ မေ့လို့
Delete@ ML SUN လေးရေ
ဂျင်ဆန်းမီ တော့ရှိပါတယ်😁
အဓိကတရားခံက ဇူကာဘက် 😁
Deleteမင်မင်က စတင်တဲ့နေ့ပဲ မန့်လိုက်ဖတ်တာလား နောက်ရက်လဲဖတ်သေးလားမသိ မအားတော့လေ နောက်ရက်ကမန့်လေးတွေလဲ ဖတ်စေချင်ပါတယ်
Deleteဒါမှ မိန်းကလေးတွေဘက်က ဘယ်လိုတွေးမြင်လဲသိရမှာ 😁😁😁
မင်မင်ချစ်တဲ့မိန်းကလေးနဲ့လဲ အဆင်ပြေစေချင်ပါတယ် ဒါမဲ့ မိန်းကလေးတွေရဲ့စိတ်ကို မခန့်မှန်းနိုင်သေးတာခက်😂😂😂
ကြိုးစားလိုက်အုန်းမင်မင်ရေ
အားပေးနေပါ့မယ် 🤭🤭🤭
ဟုတ်လား တီလေး
Delete@T LAY APRIL
ဟို ဂျင်ဆန်းမီကတော့ လှတယ် တီလေးပြောတဲ့ ဂျင်ဆန်းမီကရော လှရဲ့လား သိချင်မိ ☺️
@ML SUN: အက်ဒ်မင်က နှလုံးသားချင်းနီးဖို့ကသာ အဓိကပါတဲ့. ❤️↔️❤️
Deleteအက်ဒ်မင်ကို လမ်းကြုံလက်ချာရိုက်ရရင်ဖြင့်...
- ခွက်ရှ်က "ထွက်သွား..နင့်ကိုစကားမပြောချင်ဘူး"ပြောရင် တကယ်ထွက်သွားလိုက်ပါ (အနားမှာဆက်နေရင် တကယ်ရိုက်ခံရမယ်နော် 😁) မုန့်ဝယ်ပြီးမြန်မြန်ပြန်လာပါ..(သူကြိုက်တယ်ပြောဖူးတာဆို credit ပဲ)
- "ရပါတယ်..မလိုချင်တော့ပါဘူး" ပြောရင် သေချာဂရုတစိုက်ပေးပါ 😁 (မပေးရင်တကယ်စိတ်ဆိုးသွားမှာ)
(သတိရမှထပ်လာပြီး လက်ချာရိုက်ဦးမယ်🙉)
အက်ဒ်မင်ကိုFA ဖြစ်မှာ စိတ်ပူနေသူတွေမပူကြပါနဲ့လို့ တလရမပြီးသေးပဲ မိန်းမရသွားရင် မိန်းမညော်လို့ ပို့စ်မတင်နိုင်ရင် ဒုက္ခရောက်ကုန်ကြမယ်နော်😉😆😜
ပြီး..အက်ဒ်မင်က ဟိုFB မှာရှယ်နေကြဖူးတဲ့ ဘွားတော်ကြီးသီချင်းထဲကလို "မလိုချင်လို့ ခါထုတ်ခဲ့တာ ဘဲ တွေ၁သိန်းလောက်ရှိတယ်" ဆိုပြီး 😎 နေမှာ...LOL..ဘဲ၁သိန်းဆို တော်တော်နားညီးမှာပဲ "တကွက် ကွက်...တဂတ်..ဂတ်" နဲ့
မိန်းမရသွားရင် မိန်းမညော်လို့ ပို့စ်မတင်နိုင်ရင် ဒုက္ခရောက်မှာ မစိုးရိမ်ပါဘူး
Delete@ UNKNOWN ရေ
ခုတောင် မင်မင်က Chris team ဖြစ်နေတာကို pro ပီပီသသလုပ်နိုင်မယ်လို့ ထင်ပါတယ် 😁😁 လက်ချာရိုက်ဖို့ကျန်သေးတာ ရှိရင်လဲ သတိရတဲ့ခါ လာမန့်အုန်းနော် အပေါ်မှာပြောထားတာတွေ အကုန်မှန်တယ်လို့ 🤭🤭
@ML SUN အားပေးတဲ့သူရှိတော့ ပြန်လာပြီး လက်ချာရိုက်ပါဦးမယ် 😁
Delete- ခွက်ရှ်ဖုန်းထဲမှာ တကမ္ဘာလုံးက ခပ်ချောချောအိုပါး ပုံတွေနဲ့ပြည့်ချင်ပြည့်နေမယ်..ဒါပေမဲ့ လုလုအောင် ပုံလေးတပုံတောင်ယောင်ပြီးကိုယ့်ဖုန်းထဲမသိမ်းမိစေနဲ့ (reaction မှာ ❤️ သွားမပေးမိစေနဲ့, ချစ်စရာလေး/လှဒယ် ဘာညာသွားရေးရင်တော့ ကိုယ့်ဒေါသနဲ့ကိုယ်ပဲ) 😝
နောက်တစ်ခုကတော့...တကယ်ချစ်တဲ့သူတွေမှလုပ်နိုင်မဲ့အရာ..
- ကိုယ်မှားရင် ကိုယ်ပြန်ချော့ပါ/တောင်းပန်ပါ
- သူမှားရင်လည်း ကိုယ်ပဲပြန်ချော့ပါ 😁😁 (မှားမှန်းသိပေမဲ့ ပြန်တောင်းပန်ဖို့ ဝန်လေးတတ်တယ်, တဖက်လှည့်ပြီးကိုယ့်ဟာကိုယ် ရယ်ချင်ရယ်နေပေမဲ့ တောင်းပန်မှာမဟုတ်ဘူး)
@UNKNOWN
DeleteRight 👍👍👍
မရွေးလို့ရမယ်ဆိုရင်နှစ်ယောက်လုံးကိုမရွေးချင်ဘူး။အဖြစ်အပျက်ကလှနေတာမှမဟုတ်တာ။ရွေးမှရမယ်ဆိုရင်လည်းနှစ်ယောက်စလုံးကိုရွေးရမှာဘဲ။မလှပတဲ့အဖြစ်အပျက်ကိုနှစ်ယောက်လုံးဝန်ခံတောင်းပန်ရဲလို့။အဆုံးသက်ကတော့အကောင်းဆုံးဖြစ်သွားတယ်လို့ထင်တယ်။
ReplyDeleteအဲ့လိုဘဲ
ကျတော်တို့တော်လှန်ရေးရဲဘော်တွေအဖြစ်အပျက်လည်းအကောင်းဆုံး
အဆုံးသက်နဲ့ပြီးသွားစေချင်တယ်။(ဆန်ဒသက်သက်ပါ)
မှားတာကို ပြန်တောင်းပန်တာ ချစ်စရာကောင်းတဲ့ အလေ့ကျင့်လေးပါခင်ဗျာ။ ခွင့်မလွတ်နိုင်မှန်းသိရင်တောင်မှပေါ့။ ဖောင့်က မမှန်တော့ အတော်ဖတ်ယူရတယ်ဗျ။ 😁
DeleteHote tal min min.myanmar front myin ya dal.Myanmar keyboard install lol ma ya dar.YMB case lay lal aye aye chan chan p twar zay chin dal.
Deleteတခါတုံးကတဲ့ ဘုရင်ကြီးတစ်ပါးကတဲ့ သူ့အမတ်ကြီးနဲ့ တိုင်းပြည်ထဲ လှည့်ပြီး လျှောက်စပ်စု
ReplyDeleteတယ်တဲ့ 😁
တနေရာရောက်တော့ လယ်သမားနှစ်ယောက် စကားများ
ငြင်ခုံနေကြတာတွေ့တော့
ရုပ်ဖျက်ထားတဲ့ ဘုရင်ကြီးက သူ ဘုရင်ဖြစ်ကြောင်း ပြောပြပြီး
ပြဿနာကိုမေးကြည့်တယ်
ပြဿနာကိုတော့ စာရှည်မှာစိုးလို့ မရေးတော့ဘုး
ပထမလူက ဘုရင်ကို အဖြစ်အပျက်တွေ ပြောပြီး
မဟုတ်ဘူးလား ဘုရင်ကြီးရယ် ကျွန်တော် မှန်တယ်မလားဆိုတော့
ဘုရင်ကြီးက ဟုတ်တာပေါ့ မင်းပြောတာ မှန်တာပေါ့တဲ့
အဲ့မှာ
ဒုတိယလူကလည်း သူ့ဘက်က အကြောင်းးတွေပြောပြီး
ကဲ ဘုရင်ကြီးရယ် ကျနော် မှားသလားပြောဆိုတော့
အေးမင်လဲ မမှာဘုးတဲ့
အဲ့မှာ အမတ်ကြီးက အရှင်မင်းကြီး ပြဿနာရှင်းဖို့က နှစ်ယောက်လုံးမှန်နေလို့မရဘူးလေ ဆိုတော့
အေး...အမတ်ကြီးပြောတာမှန်တာပဲတဲ့ 😀
admin လဲ မှန်တယ် ညိာပြာလဲ မှန်တယ် T lay apirl လဲ မှန်တယ်
San Zuren လဲ မှန်တယ်
အမှန်ဆုံးက ဂျင်ဆန်းမီလေးပဲ ဘာမှ မသိတာ အမှန်ဆုံးပဲ
အိုင် အမ် ဘုရင်ကြီး team ပဲ 😁
ကိုယ့်ကိစ္စတွေနဲ့ ချာလည်မူးနောက်နေလို့ ပါ
မတွေးတာပဲ ကောင်းပါတယ်
MOE NADI လဲမှန်တာပဲ😁😁😁
Deleteဟီးစတာနော် မန့်လေးသဘောကျ
ကြားနေ အလိုမရှိ အလိုမရှိ အလိုမရှိ. . . .ဟီးဟီး
Deleteဗိုလ်အောင်ဒင်လိုပြောရရင် ကျွန်တော်ဘက် ကို ပိုပိုသာသာလေးသာ နင်းလိုက် 🤣
ဘျင်ကြီးကို နှစ်သင်းလုံးက ဆန္ဒပြကြမယ်...ဘျင်ကြီးနှုတ်ထွက်ပေးပါ..😁
Deleteဟုတ် Team admin ပါဗျို့ @Yurnero
Delete😄😄😄
သိုင်းကျူးပါနော် 😀😀
DeleteIORA လည်းမှန်တာပဲ
ခုလိုပြောတာကိုက မှန်နေတာလေ
မတိဝူး ကြားနေပဲ
Deleteadmin ပြောသလို ဘယ်သူနဲ့မှ နပန်းမသတ်နိုင်လို့လေ
ရာဇသကြ်န် အမတ်ကြီးကတော့ပြောခဲ့တာပဲ ပန်းပြားပင်လို့ ကျင့်ပါတဲ့🤣ကိုယ်လိုရာဆွဲပြီး ကိုးကားရတာပဲ
.
.
တကယ် တော့ သူ့အမြင် ကိုယ့်အမြင် ပြောနေကြတာတွေ အများကြီးမို့ ရယ်စရာပျော်စရာလေး ဖြစ်အောင် ပြောလိုက်တာပါ
နှလုံးသားချင်းနီးဖို့ 😻
ReplyDeleteအရေးကြီးဆုံး 😁
Deleteမမခြူးက ကက်မေဒိကားခရစ် teamပဲ
ReplyDeleteကိုယ်ကတော့ Thor Chris team ပဲ
(Thor အကြည့်တွေနဲ့တင်ပြာကျနေသောမိမိ 😁)
Will Smithကလည်း ဘုရားလောင်းမှ မဟုတ်တာ အဲ့တော့ တုံပြန်သင့်ရင် လုပ်ရမှာပဲ
Deleteလုပ်ပုံလုပ်နည်းလေးတော့ လိုအပ်တာပေါ့ဗျာ
အပေါ် က Clicker တွေရဲ့အမြင်နဲ့ကိုတော်တော်ပြည့်စုံနေပီ လို့ထင်ပါတယ်ခင်ဗျာ
ReplyDeleteမီက တော့ဖီဖီ့ team ပါ😁 ပြဿနာတစ်ခုကို pro ပီပီဖြေရှင်းတတ်တာကိုအားကျမိတယ် မီက နဲနဲကလေးဆန်တဲ့အကျင့်ကြီးကိုပြင်ရအုံးမယ်🥲
"ဘာကိုမှ Serious မဆန်ပဲဖက်ကြည့်ပေးဖို့ မေတ္တာရပ်ခံပါရစေခင်ဗျာ။"
ReplyDeleteဖက်(hug)ပေးမယ်နော်..free hugs..😁
one hug လောက်
Deleteဝါသနာတွေထဲကတစ်ခုက လိုအပ်နေတဲ့သူတွေကို free hugs ပေးရတာကိုပဲ လက်ရှိအခြေအနေရကိုယ်ကပိုလိုအပ်နေလို့😁🍓
ရော့..🤗🤗🤗
Delete၃ခါ hugs လိုက်တယ်
နွေးထွေးမှုတွေလက်ခံရရှိလိုက်ပါတယ်😍
Deleteကျေးဇူးလေဒီ🍓❤️
This comment has been removed by the author.
ReplyDeleteဒါမျိုးတွေ ပွားရတာကြိုက်လို့ ထပ်လာပွားတာ 😁
ReplyDeleteကိုယ်သာ ဝီလ်စမစ်ဆို..........ဗြုန်းကနဲ့မတ်တတ်ထရပ်လိုက်ပြီး
"လာ...မိန်းမ...ကိုယ်တို့ပြန်ကြမယ်..မင်းကို ရယ်စရာဟာသလုပ်ပြီးမှ ပေးမဲ့ ဆု ကိုယ်မလိုချင်တော့ဘူး"
အမျိုးသမီးက ဒါမှငါ့ယောကျ်ားဆိုပြီး ထဖက် (အက်မင်ဂျီး ဖက်စရာမလိုတော့ဘူးနော် 😁)
ခရစ်ကို ဂျိုကြည့်ကြည့်ပြီး....
"ဟေ့ရောင် မအလခရစ်..ငါမပါပဲ မင်းပွဲဆက်လုပ်နိုင်မလားကြည့်ရတာပေါ့"
ခရစ်တယောက်မျက်ရည်ဘူးသီးလုံးလောက်ကျပြီး စင်ပေါ်ကနေပြန်တောင်းပန်ရ.
The rock တို့ Bruce တို့ကလည်း ခရစ်ကိုကိုယ်ချင်းစာတတ်အောင်ဆိုပြီး စင်ပေါ်တက်ကတုံးတုံးကြ
ပွဲတက်လာတဲ့လူတွေကလည်း ဝီလ်ကို မပြန်ဖို့ဝိုင်းဖျောင်းဖျရ..အော်စကာပွဲလည်းရုတ်ရုတ်သဲသဲဖြစ်.....
ဝီလ်က ဟီးရိုးဖြစ် ခရစ်က ဗီလိန်ဖြစ်
(ဇာတ်နာလိုက်တာ ခရစ်ရယ် 😂)
(P.S မှားမှားမှန်မှန် မိဘနဲ့သားသမီးတောင်လက်ပါတာမကြိုက်ပါ)
ခရစ်ကို bodyshaming လုပ်ပြီး ဟာသပြောတာ မှားတယ်လို့ထင်ကြသူတွေ အမိမြေမှာ အများကြီးဆို (ဝီလ် ပါးရိုက်တာကိုလက်ခံခြင်းမဟုတ်ပဲ) ကိုယ်တော့ကျေနပ်ပါတယ်.
ReplyDeleteယဉ်ကျေးမှုမြင့်မားလာတဲ့သဘောလို့ ခံစားမိတယ်...ဘာလို့လဲဆိုတော့...အမိမြေကသူတွေအများစုက bodyshaming လုပ်တဲ့ဟာသတွေအရမ်းသဘောကျကြတယ်လေ..
ဥပမာ - ဆင်ခြေထောက်မ, ဇော်မဲလုံး, ဂျပု, စွေစောင်း , ဝက်နားရွက်ပျောက်(ဒီလူတွေတော့ကိုယ်လဲမကြိုက်ဘူး, ခေါ်ချင်သလိုခေါ်)
- ခန္ဓာကိုယ်အစိတ်အပိုင်းနဲ့ပတ်သတ်ပြီး အရမ်းလှောင်ကြတယ်. အကြည့်တွေရိုင်းကြတယ်.
အဲ့လိုလေး(အော်စကာ အဖြစ်အပျက်ပေါ်အမြင်လေး) ကိုယ်ကိုယ်တိုင်လည်းမပြောကြပဲ ပြောနေတဲ့သူတွေကိုလည်းရှုံ့ချကြမယ်ဆို အားပေးပါတယ်.
This comment has been removed by the author.
Deleteအက်ဒ်မင်လဲ ပို့စ်အသစ်တင်မှနော် မဟုတ်ရင် ဒီထဲပဲလာပြီး စဆရက လုပ်နေမိတော့တယ်.
ReplyDeleteBtw, မေဒိကန် တံမျက်စည်းသည်ကြီး အီလွန်မတ်စ် အကြောင်း အတင်းချကြပါလား? 😁
😵😵
ReplyDelete😔😔😔
ReplyDeleteဘယ်ဖက်မှမရပ်တည်ဘဲ ဟ...ငါတို့တော့ meme အသစ်ရပြီဟ ဆိုပြီးပျော်ခဲ့တယ်.... (nothing to do with the joke or Will's wife)
ReplyDeleteငါမှားလား...?
ReplyDeleteမင်းမှန်လား...?
သေချာငါမတွေးမိဘူး နင်စွန့်ခဲ့နေ့များ...🎶
မီတူး ဖူးစာရှင်ကဒီမှာပါ✌😉
ReplyDeleteFighting
ReplyDeleteခုတောင် မိန်းမကိုယ်ဝန် အိုဂျီပြတာ စောင့်ရင်း ကလစ်နေတာပါဗျာ😁
ReplyDeleteFA တွေမျက်ရည်ကျစမ်း..😂😆
Delete“Jada, I love you. GI Jane 2, can’t wait to see you,”
ReplyDeleteခရစ်ရောခ့်ပြောခဲ့တဲ့ joke ပါ...(demi Moore က ကတုံးနဲ့တောင်အရမ်းမိုက်/လှပါတယ်)
(ခရစ်မှန်တယ်လို့ထောက်ခံတာမဟုတ်ပါဘူး)
တိုက်ပွဲတိုင်မှာ ဘေးကင်းပါစေ PDF
ReplyDelete#KEEP_CLICKING
ReplyDeleteActually, we don't need to team up with either one. Coz Smith didn't slap , he just high-fived with his friend's face for making joke to his cheated wife :D
ReplyDeleteဘာရယ်မဟုတ်ဘူး
ReplyDeleteအရင်ရက်က mood down နေလို့ ခုမှ လာမန့်တာပါဗျာ :D
အဲ့မှာ သဘောထား မတိုက်ဆိုင်တာ များလှပါလားလို့တွေးမိတော့တာပဲ
ReplyDeleteအဲ့ဒါ မအလ ကြောင့်
ReplyDeleteဖိုက်တင်း အားစိုက်ကလစ်ကြမယ်ကွယ်🔥 ဒီည Twitterမှာအရေးကြီးတဲ့ Mass Trending ရှိပါတယ် အသေးစိတ်ကို Twitter Team For Revolution Facebook pageမှာ သွားဖတ်ကြည့်ပြီးပါဝင်ကြပါနော်✊
ReplyDeleteThis comment has been removed by the author.
DeleteTweet ရမယ့်စာတွေပုံတွေပါပြင်ပေးမယ်ပြောပါတယ်🍓
Deleteကြိုးစားထားပါတယ်
ReplyDeleteCmt တွေဖတ်ပြီး ပြန်ထွက်သွားပါပြီ
ReplyDeleteဒီအရေးအခင်းလဲ မသိလိုက်ပြန်ပါဘူး
ReplyDeleteမီးအစ်အခြားကမ္ဘာ 😁🤣
🥰🥰🥰
ReplyDeleteဟို ဘက်လိုက် ပြောတာလဲမဟုတ်ဘူး ဒီဘက် လိုက်ပြောတာလဲ မဟုတ်ဘူး။၊
ReplyDeleteခု Click နေတာပဲ ရှိတာ။😅😅😅😅😅
Fighting 👍
ReplyDeleteNEVER COLD BLOODED
ReplyDeleteDone
ReplyDeleteနိုင်နေပါပြီနော်😍
ReplyDeleteApril 10😍
ReplyDeletejoker
ReplyDeleteပုဇင်းဖမ်းမှာဆို ကြည့်ချင်လို့😍
ReplyDeleteFinally we get it.😍
ReplyDeleteApril 13
ReplyDelete2 times
ReplyDeleteဒါလောကဓံတရားရဲ့ ပုံမှန်ပြကွက်တွေပါ😁
ReplyDelete3 time
ReplyDeleteသင်္ကြန်ပြီးပေါ့😂
ReplyDeleteငှက်ပစ်နိုင်ရင်
ReplyDeleteGame over
ကိုချစ်တဲ့သူကို မကာကွယ်ပေးနိုင်လျှင်
ReplyDeleteမြန်မာပြည်က ရေပေါ်ဆီကောင်တွေနဲ့ မခြား
Congratulations Will Smith
Done
ReplyDeleteသီးခံထားနော် နိုင်နေပါပြီ
ReplyDeleteHi
ReplyDelete....
ReplyDeletebody shaming နဲ့ 18 plus ဟာသတွေက လူပြိန်းကြိုက်တွေပဲလေ ပြောရတဲ့သူကလည်း လွယ်တယ် သူများကို ချနင်းပြီး ကိုယ်ကျိုး ရှာတာ လက်ခံနေကြတာပဲ လူတော်တော်များများ လုပ်နေကြတာပဲ will smith လည်း economic ဆန်လိုက်ပေါ့ ပေါကားတွေထွက်လာလည်း ကောင်းတာပဲ
ReplyDeleteမင်္ဂလာပါ။
ReplyDeleteThanks.
ReplyDelete