Happy Thingyan !

 

သင်္ကြန်အတွက် ဆုတောင်းစကားလေးတွေရေးကူပါဦးခင်ဗျာ။ Postcard လေးတွေ ပြန်လုပ်ပေးပါ့မယ် အချိန်ရခဲ့ရင်ပေါ့ခင်ဗျာ။ 😁😅




Comments

  1. 'ပျော်ပါစေ..သင်္ကြန်ရေ' 👆
    မသိဘူး..ဖျာအရင်ခင်းထားလိုက်မယ်..😁

    ReplyDelete
    Replies
    1. နှစ်သစ်မှသည် စစ်မှန်ငြိမ်းချမ်းသော ဖက်ဒရယ်ပြည်ထောင်စု သို့ အောင်မြင်စွာချီတက်နိုင်ကြပါစေ....

      Delete
    2. အကြောက်တရားနဲ့ ယမ်းနံ့
      ကင်းပါစေ...

      ပိတောက်များနဲ့ ပန်းရနံ့
      သင်းပါစေ...

      -မောင်စိန်ဝင်း(ပုတီးကုန်း)

      Delete
    3. Coming soon our victory

      Delete
  2. ad ကsong လိုပေါ့
    We better Me လေ
    ငှက်ပိုပစ်နိုင်ကြပါစေပေါ့😘

    ReplyDelete
  3. sorry
    than ကျန်ခဲ့လို့😁

    ReplyDelete
  4. အောင်ပွဲတွေနဲ့ နှစ်သစ်ကိုကြိုဆိုပါရစေ အောင်မြင်ပါစေ။ pdf တွေ clickerတွေ ညီတူတဲ့တို့ပြည်သူတွေအားလုံး ကိုယ်ရောစိတ်ပါကျန်းမာပါစေ။

    ReplyDelete
  5. အာဏရှင်ကိုတော်လှန်တဲ့သင်္ကြန်ဒီနှစ်နောက်ဆုံးဖြစ်ပါစေ!

    ReplyDelete
  6. သတင်းကောင်းတွေ အများကြီးနှင့်အတူ ပျော်ရွှင်စရာ နှစ်သစ်သက်ြန်အခါ ဖြစ်ပါစေ

    ReplyDelete
  7. ဒီနှစ်ကတော့တော်လှန်သင်္ကြန်ပေါ့ နောက်နှစ်တော့ပျော်စရာသင်္ကြန်ကိုဆင်နွှဲခွင့်ရပါစေ။ ငှက်တွေများများကင်ပြီး ငှက်ဝယ်နိုင်တဲ့အထိတိုးတက်လာပြီး အောင်လံအမြန်ဆုံးထူနိုင်ပါစေ👑❤️
    ကိုကလစ်ရေ ကျန်းမာရေးဂရုစိုက်ပါ။ နောက်နှစ်သင်္ကြန်ကိုတော့ ကလစ်ကာတွေနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင်ဆင်နွှဲကြမယ်နော် ချီးယားစ်🤜🤛

    ReplyDelete
  8. နေရာအရင်ဦးထားအုံးမယ်ညော်😁

    ReplyDelete
    Replies
    1. မပျော်နိုင်တဲ့သင်္ကြန် တော်လှန်မဲ့သင်္ကြန်
      ဒီသင်္ကြန်မှာ အစွမ်းကုန်ပွင့်လန်းမယ့်
      ငါတို့ပိတောက်ဖူးတွေ ဘေးကင်းကြပါစေ

      Delete
  9. တော်လှန်ရေးကြီးမြန်မြန်အောင်မြင်ပြီး
    နောက်နှစ်မှာ ပျော်ရွှင်စရာ သကြန်ပွဲလေး ကျင်းပရပါစေ��

    ReplyDelete
    Replies
    1. T Lay ချစ်သော မင်မင် နှင့် ကလစ်ကာလေးတို့ရေ

      နောက်နှစ်သကြန်တော့ တို့တွေ တကယ် ပျော်ရပါပြီ။

      ပျော်စရာဆင်နွှဲ နောက်နှစ်သကြန်ပွဲ:)

      Delete
  10. နှစ်သစ်ဆုတောင်း

    စစ်ခွေးများကို ၆ လပိုင်း မကျော်ခင်
    အမြန်ရှင်းလင်း သုတ်သင် BBQ ဘဝ
    ရောက်အောင် လုပ်နိုင်ပါစေ။

    ဆုတောင်းနေသော အိမိုဂျိ လေးပါ ဖြည့်စွက်ကြည့်ပေးပါ။

    ReplyDelete
    Replies
    1. တော်လှန်သင်္ကြန် တ်ု့ဆင်နွှဲ ၂၀၂၂ ထဲ
      ပျော်ရွှင်သင်္ကြန် ဆင်နွှဲပျော် ၂၀၂၃ နော်။

      Delete
  11. PDf တွေအကုန်ဘေးကင်းပြီး အောင်ပွဲတွေရပါစေ
    နောက်နှစ်သင်္ကြန်မှာ မြန်မာပြည်ကြီး လွတ်လပ်ပျော်ရွှင်ပါစေ🍀

    ReplyDelete
    Replies
    1. တောင်းသောဆုများ အမြန်ပြည့်ပါစေ။

      Delete
  12. မင်မင်နဲ့ ကလစ်ကာတွေအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ
    အောင်ပွဲရတဲ့အထိ‌ေရာ ရပြီးနောက်ရော နွေးထွေးတဲ့မိသားစုကြီး အဖြစ် အမြဲတူတူရှိပါစေ🍀✨

    ReplyDelete
  13. မီးပုံထဲကဘဝများ
    ပြာပုံထဲကဘဝများ
    ပြန်ထပါစေ..
    ပြည်သူအများ
    အရှုံးမှ ပြန်ထပါစေ..
    ငါတို့တိုင်းပြည်ကြီး
    စစ်မီးငြိမ်းပါစေ......။

    -အောင်ချိမ့်
    (နတ်​ချောင်းရွာမှာ အိမ်​တွေများကြီး မီးရှို့ခံရလို့(သူငယ်ချင်းအိမ်​ရော ပါသွား) အ​ပေါ်က ကဗျာလိုပဲ မြန်မြန်စစ်ကြီး ပြီးပါရ​​စေ​တော့) 😪😪😪

    ReplyDelete
    Replies
    1. ကိုယ့်အိမ် ကိုယ့်ယာ မီးရှို့ခံနေရတာကို ကြည့်နေတာလောက် ရင်နာစရာကောင်းတာမရှိတော့ဘူး။😥😥

      တချို့နေရာတွေမှာ ဒီအတိုင်းစောင့်နေလည်းရွာတွေ မီးရှို့ခံနေရမယ့် အတူတူဆိုပြီး pdfတွေ‌စုပေါင်း တိုက်နေကြပြီ။

      မအလနှင့်ကျွန်တစု အမြန်မျိုးပြုတ်ပါစေ

      Delete
    2. မီးရှို့လို့ပျက်စီးသွားတာ အိမ်ပဲ ရှိတယ်
      စိတ်ဓါတ်က​တော့ အံ့သြစရာ လုံးဝကို မကျတဲ့ ရွာ(ဝမ်းနည်းမိတယ် ဆို​ပေမယ့်)
      ညိုပြာ​ပြောသလိုပဲ အဲ့ရွာက ရွာသားတချို့လဲ pdf ​တွေနဲ့ စု​ပေါင်းတိုက်​နေတာမို့ စစ်​ခွေး​တွေလဲ အထိနာပြီး ယုတ်မာကြတာ

      ဒီသင်္ကြန်က​​တော့ ​ပျော်စရာပျက်သုန်းတဲ့ သင်္ကြန်ဖြစ်ပြီး​တော့ နှစ်သစ်မှာ​​တော့ ငါတို့ ပန်းတိုင် မြန်မြန်​ရောက်ရပါလို၏။

      Delete
    3. နတ်ချောင်းမှာကအသိမိဘအိမ်လဲပါသွားတယ်
      ကလေးမြို့အပါအဝင် တခြားမြို့ရွာတွေလဲအကုန်အမြန်အေးချမ်းပါစေ။

      Delete
    4. အမြန် ​အေးချမ်းရပါလို၏

      Delete

  14. --သင်္ကြန်Clicker--

    အာဏာရှင်တစု မျိုးပြုတ်ဖို့

    တော်‌လှန်သင်္ကြန်မှာ Clickကြစို့။

    နောက်နှစ်အတူဆင်နွှဲ

    ပျော်စရာသင်္ကြန်ပွဲ။

    ReplyDelete
    Replies
    1. ကြိုက်တယ် ညိုပြာလေး။

      ကလစ်ကြစို့။

      Delete
    2. မြန်မာ့နှစ်သစ်မှာ ...

      အာဏာရှင်မိစ္ဆာတွေကို
      အမြစ်ဖြတ်သုတ်သင်နိုင်ပြီး
      ပြည်သူတွေလိုလားတောင့်တတဲ့
      လွတ်လပ်မှု တရားမျှတမှုတို့နှင့်အတူ
      ပျော်ရွှင်ခြင်းအစစ်အမှန်တွေရရှိကြပါစေ။

      ပျက်စီးဆုံးရှုံးခဲ့တဲ့ ဘဝတွေ၊
      ကျခဲ့ရတဲ့မျက်ရည်တွေအတွက်
      တစ်ဦးကိုတစ်ဦး ဖေးမပြီး
      လက်တွဲ ထူထောင်နိုင်ကြပါစေ..။

      အိမ်နှင့်ဝေးနေသူတွေမိသားစုနှင့်
      အမြန်ဆုံးဆုံဆည်းနိုင်ကြပါစေ။

      ကျဆုံးသူရဲကောင်းကြယ်လေးတွေ
      ငြိမ်းချမ်းရာမှာ အလင်းလက်ဆုံးတောက်ပနိုင်ကြပါစေ...။

      ဖမ်းဆီးချုပ်နှောင်ခံခေါင်းဆောင်တွေနှင့်
      အမှန်တရားဘက်တော်သားတွေ အမြန်ဆုံးလွတ်မြောက်ကြပါစေ....။

      မြန်မာပြည်ကြီး လွတ်မြောက်ပါစေ။

      Delete
    3. တောင်းတဲ့ဆုတွေအမြန်ပြည့်ဖို့ဒို့အတူလက်တွဲကြိုးစားစို့🤝

      Delete
    4. ညိုပြာက ချိုသာတဲ့ ညိုပြာလားဗျ

      Delete
    5. สุดสุดนะจ๊ะ

      Delete

  15. သင်္ကြန်ဆုတောင်း
    🌾🌾🌾🌾🌾🌾

    ပိတောက်တွေလည်း မွှေးကြပါစေ

    သင်္ကြန်ရေလည်း အေးမြပါစေ

    အာဏာရူးတွေ လက်နက်ချလို့

    ငါတို့အားလုံး ပျော်ရွှင်ရပါစေ

    🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾

    ReplyDelete
  16. ရေမစိုသင်္ကြန် တော်လှန်သင်္ကြန်
    ပြည်သူ့အားမှန်

    ReplyDelete
  17. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
    Replies
    1. ဒီတော်လှန်ရေးကြီးရဲ့ တထောင့်တနေရာတိုင်းက ပါဝင်ပီး စွန့်လွှတ်အနစ်နာ ခံခဲ့ကြတဲ့၊ ခံနေကြဆဲ ပြည်သူတွေအတွက်၊ CDMer တွေအတွက်၊ PDF တွေအတွက်၊ clickers တွေအတွက် သက်ြန်ဆုတောင်း စကားရေးဖို့ ကျနော့်ရဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ စကားလုံး ရှာမရ တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ' freedom from fear' စာအုပ်ရဲ့ very first page က စာသားလေးကို သက်ြန်ဆုတောင်းဂုဏ်ပြုစကားအနေနဲ့ အငှားသုံးပါရစေ။

      "In honour of
      Bogyoke Aung San

      ‘When I honour my father,
      I honour all those who stand for
      political integrity in Burma." ပါတဲ့ ခင်ဗျာ။

      Delete
  18. မအလနှင့်အပေါင်းအပါများကိုတော်လှန်နေသောပြည်သူများလိုရာဆန္ဒများအမြန်ပြည့်ပါစေ

    ReplyDelete

  19. သင်္ကြန်ပျောက်တဲ့နွေ
    🌾🌾🌾🌾🌾🌾🌾

    အို...
    အမိမြန်မာပြည်
    လူစိတ်ပျောက် အသိဉာဏ်ပျောက်
    တိရစ္ဆာန်စိတ်ပေါက်တဲ့သူတွေကြောင့်
    တချို့တွေ အသက်ပျောက်
    တချို့တွေ အနာဂတ်ပျောက်
    တချို့တွေ မိဘတွေပျောက်
    တချို့တွေ သားသမီးတွေ
    တချို့တွေ အိုးပျောက်အိမ်ပျောက်
    အို...
    အမိမြန်မာပြည်လဲ
    သင်္ကြန်ပျောက်နေခဲ့ပါရောလား

    🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾

    ReplyDelete
    Replies
    1. သကြန်ပျောက်တဲ့နွေ ၂၀၂၂ နောက်ဆုံးဖြစ်ပါစေ။

      Delete
  20. အရင်လိုပျော်စရာသင်္ကြန်ပြန်ရပါစေ🙏🙏🙏

    ReplyDelete
  21. ဓမ္မဘက်တော်သားများ ကျန်းမာလို့ ဘေးရန်ကင်းရှင်းကြပါစေ စိတ်သွားတိုင်းကိုယ်ပါလို့ လိုအင်ဆန္ဒတွေ ပြည့်စုံကြပါစေ အောင်ပွဲမြန်မြန်ဆွတ်ခူးနိုင်ကြပါစေ 🙏🙏🙏

    ReplyDelete
  22. တောင်းသောဆုများအားလုံး မြန်မြန်ပြည့်ပါစေ။

    ReplyDelete
  23. Replies
    1. အကြို...

      မုန်းတဲ့သူတွေကို ဖြိုနိုင်ပါစေ..

      ချစ်တဲ့သူတွေကို ကြိုနိုင်ပါစေ.,,

      အကြောက်တရားနှင့်ယမ်းနံ့ ကင်းပါစေ...

      ပိတောက်များနှင့်ပန်းရနံ့ သင်းပါစေ...

      -မောင်စိန်ဝင်း(ပုတီးကုန်း)
      -တော်လှန်သင်္ကြန်
      -အကြိုနေ့(၁၃.၄.၂၀၂၂)

      Delete
  24. တော်လှန် သင်္ကြန်
    🌾🌾🌾🌾🌾🌾

    သွေးနဲ့ပက်တဲ့ သင်္ကြန်ပွဲ
    ပြည်သူအားလုံး မဆင်နွဲ

    အပျော် သင်္ကြန် တို့ငြင်းဆန်
    တော်လှန် သင်္ကြန် ပြည်သူ့အသံ

    ပေတရာပေါ်မှာစီးတဲ့ သွေးကို
    သင်္ကြန် ရေနဲ့ မဆေးကြော

    ဖက်ဆစ်တန်ခူး ဒို့မမြူး

    အရေးတော်ပုံ အောင်ရမည်

    🌾🌾🌾🌾🌾🌾🌾🌾🌾

    ReplyDelete
    Replies
    1. နှစ်သစ်မှာ ဓမ္မနဲ့အတူယှဉ်တွဲ နေထိုင်နိုင်ကြပါစေ
      ဘေးဘယာကင်းဝေးပြီး ကျန်းမာချမ်းသာကြပါစေ ပြည်သူ့ဘက်တော်သားများ အောင်မြင်မှုတွေ ဆက်တိုက်ပိုင်ဆိုင်နိုင်ကြပါစေ 🙏🙏🙏
      17.4.2022 (မြန်မာနှစ်ဆန်းတစ်ရက်နေ့)

      Delete
  25. ပျော်ရွှင်ခြင်းတွေ သယ်ဆောင်လာတဲ့ နှစ်သစ်သင်္ကြန်လေးမှာ မြန်မာပြည်ကြီး အေးချမ်းသာယာပါစေ 🌹🌹🌹

    ReplyDelete
  26. ရေလိုအေးပြီး ပန်းလိုမွေးပါစေ
    ဘေးဒုက္ခအပေါင်း ကင်းဝေးကြပါစေ

    ReplyDelete
  27. pdfများဘေးကင်ပါစေ

    ReplyDelete
  28. မောင်နှမတွေနဲ့ အတူတူ တယ်လီ သကြန်မှာ
    ကျွန်တော် ပျော်ပါမယ် မနက်ဖြန် ဗွမ် ဆိုပြီ ရေလောင်းပါမယ် ခဏတာ အတွက် မောင်နှမတွေ ပျော်အောင်ပါ ခင်ဗျာ ကျွန်တော်ဒို့ ထာဝရ ပျော်ဖို့အတွက် ကျွန်တော်ဒို့ တွဲလက်တွေ ညီရအောင် ခင်ဗျာ မောင်နှမတွေ အားလုံး သက်ရှည် ကျန်းမာကြပါစေ 🙏🙏🙏

    ReplyDelete
    Replies
    1. တွဲလက်တွေခိုင်ခိုင်မြဲ
      တူယှဥ်ဆင်နွှဲ
      တယ်လီသင်္ကြန်ပွဲ။

      Delete
  29. အရင်ဆုံး PDFတွေဘေးကင်းပါစေ တိုက်ပွဲတိုင်းအောင်မြင်ပါစေ အာဏာရှင်ပါဝင်တဲ့သင်္ကြန် 2022နောက်ဆုံးဖြစ်ပါစေ ငှက်များများကင်နိုင်ပါစေ🌹

    ReplyDelete
  30. အပျော်မကြူးတဲ့ တော်လှန်တန်ခူးမှာ
    ပန်းပိတောက်တွေ ဝေပါစေ။
    အရေးတော်ပုံလည်း မုချအောင်ပါစေ။

    ReplyDelete
  31. တော်ကီတပေါက် လျှမ်းလျှမ်းတောက်တဲ့ ကိုယ်တို့အက်မင်ဂျီး..ကြိုက်လို့ ဟိုဘက်ကနေ မ'လာတယ်. 😁

    ".......….........
    ပစ္စည်းမစုံသေးလို့ စုဆောင်းနေရတဲ့အချိန်မှာတောင်  ဒီကောင်တွေကို ဒီလောက်ဆော်နိုင်နေတာ  အချိန်တန်လို့ ဆော်ကြပီဟေ့ဆိုရင်တော့ အောင်သပြေပန်းသာ ဆောင်ထားပါ ကိုယ့်လူတို့ရေ............
    ...........
    အရေးတော်ပုံ အောင်ဖို့ 
    ကလစ်ကြစို့..."
    သပြေပင်စိုက်ထားတယ်..ဈေးထဲမှာလုဝယ်ရမှာစိုးလို့ 😎

    ReplyDelete
  32. မင်မင်နဲကလစ်ကာတေအားလုံးပိတောက်လို့မွေးပီးရေလိုအေးကြပါစေ
    ရေပက်မယ်နော်
    ဗွမ်

    ReplyDelete
  33. စစ်‌ေ‌ခွး နဲ့ ဘောမရေပေါ်ဆီအသိုင်းဝိုင်း သေတဲ့သတင်းတွေ‌ေစာင့်‌ေမျှာ်ရင်းနဲ့ ဒီနှစ်သကြန်မှာ clickရင်း ဖြတ်သန်းမယ်

    ReplyDelete
  34. စစ်ကျွန်စနစ်ကို အလိုမရှိလို့
    ရုန်းကန်ကြိုးစားနေသူတိုင်း
    သက်ြန်ရေလို ကြည်လင်အေးမြကြပါစေပေါ့

    ကျန်တဲ့သူတွေကတော့
    မိမိတို့ပြုမူပြုလုပ်တဲ့အတိုင်း
    ခံစား စံစားကြရပါစေလေ။
    ‌‌ေ‌‌

    ReplyDelete
    Replies
    1. ထပ်တူဆုတောင်းလိုက်ပြီ တူမလေး။

      တီလေးမှာ တူလေးရှိတယ်နော် :)

      Delete
  35. ဒီနှစ်သစ်မှာတလရအမြန်ဆုံးအောင်မြင်ပီးတလရလုပ်နေတဲ့မိသားစုများအားလုံးဘေးရန်ကင်းကြပါစေလွတ်လပ်ပီးတရားမျှတတဲ့နိုင်ငံအမြန်ဆုံးရရှိပါစေနောင်နှစ်မှာတော့ပျော်ပျော်ရွင်ရွင်နှင့်အားလုံးပါဝင်ဆင်နွဲနိုင်ကြပါစေရှင်

    ReplyDelete
  36. ဒီခရီး အမြန်ပြီး၍
    ဒီပြည်သူတွေ
    နောက်နှစ်အတာသင်္ကြန်ကို
    စိတ်လွတ်ကိုယ်လွတ်
    အေးချမ်းပျော်မြူးရပါလို၏။။

    ReplyDelete
  37. ကဏ္ဍအသီးသီးက ပါဝင်နေကြတဲ့ တော်လှန်ရေး ရဲဘော်သူရဲကောင်းများအားလုံး ဘေးကင်းအောင်မြင်ပါစေ။မြန်မာပြည်ကြီးလည်း ဒီမိစ္ဆာဆိုးကြီးတွေရဲ့လက်ကနေ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ🙏

    ReplyDelete
  38. အက်ဒ်မင် တော်ကီတွေအရမ်းကြွေနေလို့..."
    PDF လေးတွေ အိမ်ပြန်လာမှ သင်္ကြန်ကို ပျော်ရွှင်စွာ ကြီးကျယ်ခမ်းနားစွာ ခြိမ့်ခြိမ့်သဲ ဆင်နွှဲကြပါစို့ခင်ဗျာ။

    အားလုံးလဲ အလုပ်ပိတ်ရက်ရှည်တွေရကြတာမို့
    ကလစ်လေးတွေပိုလုပ်ပေးကြပါခင်ဗျာ။ (ဒါလေးက အသက် 😁)

    နိုင်မှ ပျော်ရမယ့် ပွဲပါခင်ဗျာ။"

    ReplyDelete
  39. ပျော်ပါစေသကြ်န်ရေ...
    ငါတို့တော့ မပျော်နိုင်ပါဘူး
    ပိတောက်ဝါတွေလည်း အတာရေအတုကြောင့်
    အသံတိတ်ငိုကြွေးနေလေရဲ့
    ပေတရာပေါ်က သွေးစီးကြောင်းတွေလဲ
    အတာရေနဲ့ မဆေးကြောစေချင်
    ငါတို့တိုင်းပြည်ဟာ လွတ်လပ်လပ်မှမဟုတ်ဘဲ
    တော်လှန်ရဲဘော်တို့ရေ.....
    ဘေးဘယာကင်းဝေ၍ ကျန်းမာပါစေကြောင်း
    နှစ်သစ်ဆုမွန်ကောင်းတောင်းလျှက်
    တော်လှန်နှစ်သစ်သို့ ဆက်လက်ချီတက်ကြပါစို့။

    ReplyDelete
  40. သကြႅန်အတွင်းအချိန်ပေးပြီးများများကလစ်ပေးပါ💛

    ReplyDelete
  41. အန္တာရယ်ကင်းကြပါစေနော်

    ReplyDelete
  42. Just click 🤨
    ဆိုရင်ရော

    ReplyDelete
  43. Happy Click - Thingyan Festival

    ReplyDelete
  44. Click with Water ဘာတေလဲ🤭ပြီးမှလာမယ် လစ်ပြီ

    ReplyDelete
  45. သင်္ကြန်က ကျနေပြီလားမသိလိုက်ဘူး😁😁

    ReplyDelete
  46. Start your Thingyan Holiday with Click
    Adsတော့ဆန်တယ် ...🤭

    ReplyDelete
  47. စစ်အာဏာရှင်စနစ် အမြန်ဆုံးကျရှူံးပါစေ🙏🙏🙏

    ReplyDelete
  48. အ​ပျော်သင်္ကြန် ဒို့ငြင်းဆန်
    ဖက်ဆစ်တန်ခူး ဒို့မမြူး
    အတူလက်တွဲ ရုန်းကန်နွှဲကြ ✊

    အ​ပျော်သင်္ကြန် တို့ငြင်းဆန်
    ​တော်လှန်သင်္ကြန် ပြည်သူ့အသံ ✊

    ​ပေတရာ​ပေါ်မှာ စီးတဲ့​သွေးကို
    သင်္ကြန်​ရေနဲ့ မ​ဆေး​ကြော ✊

    ​သွေးနဲ့ပက်မယ့် သင်္ကြန်ပွဲကို
    တို့ပြည်သူ​တွေ မဆင်နွှဲနဲ့ ✊

    ​သွေးမ​အေး ရဲရဲနီ
    ဒို့ပြည်သူ​တွေ ​တော်လှန်တဲ့ပွဲ ✊

    ReplyDelete
  49. တော်လှန် သင်္ကြန်ဆင်နွှဲသူအားလုံးနဲ့ တရားသောစစ်ကို ဆင်နွှဲသူ အားလုံး ဘေးအန္တရာယ် ကင်းရှင်းကြပါစေ လိုချင်တဲ့ပန်းတိုင်ကို အလွယ်တကူ ရယူပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပါတယ် 🌹🌹🌹

    ReplyDelete
  50. အာဏာရှင်​တွေပျက်တုန်းမဲ့ အတာသက်ြန်ဖြစ်ပါ​စေ✌

    ReplyDelete
  51. တော်လှန်ရေးကြီးအမြန်အောင်မြင်ပါစေ😌💙

    ReplyDelete
  52. 🌿🌾 အတာ​ရေ​အေး မပက်ဖျန်းပဲ
    🌿🌾 ကြုံရာကျရာ ​ဆေးစက်ထင်လို့
    🌿🌾 စနစ်ဆိုး​တော်လှန် ​​နှစ်ဦးအခါသင်္ကြန်

    ReplyDelete
  53. မြန်မာ့နှစ်သစ်မှာ အောင်မြင်ပါစေ။

    ReplyDelete
  54. ဒီနေ့ အကြတ်နေ့ဆို😂

    ReplyDelete
  55. တို့ပြည်သူတွေဘက်ကနိုင်ကိုနိုင်ရမည်

    ReplyDelete
  56. ကျွန်တော် VPN မှန်လား ခင်ဗျာ
    တစ်ချက်လောက် စစ်ပေးပါအုံး

    ReplyDelete
    Replies
    1. သင်ကိုယ်တိုင်စစ်ရမဲ့အချိန်ရောက်ပြီဖြစ်ပါတယ်ဗျ ..
      👻

      Delete
  57. နှစ်သစ်မှာအောင်ပွဲတွေအမြဲတမ်းရရှိပြီး လွတ်လပ်ရေးကြီးအမြန်ဆုံးရရှိပါစေလို့ဆုတောင်းပါတယ်

    ReplyDelete
  58. Click ရင်းအချိန်ကုန်ဆုံးရတဲ့သင်္ကြန်လေးပါ 🥰

    ReplyDelete
  59. လိုင်းမမိလို့သစ်ပင်ပေါ်တက်ရတဲ့ဘဝလေးပါညော်😣

    ဒါနဲ့ဒီနေ့အတက်နေ့ဆိုလားပဲ😅

    ReplyDelete
    Replies
    1. ဂရုစိုက်အုံး ပြုတ်ကျအူံးမယ်

      Delete
    2. ဟုတ်ကဲ့ပြုတ်ကျတော့ပါဝူး ဟီး😁

      Delete
  60. ခုတလော sim data နဲ့ ကလစ်နေရတော့ အားမရဘူးဗျာ data တေဈေးကြီးတယ်

    ReplyDelete
  61. အာဏာရှင်ကျဆုံးခန်းအမြန်ဖတ်ရပါလို့၏🙏🏻

    ReplyDelete
  62. နှစ်သစ်ကို စတော့မယ် ောင်မြင်မှုွေနဲ့ပေါ့

    ReplyDelete
  63. နှစ်သစ်မှာစိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါ​စေ🍀🤍💦

    ReplyDelete
  64. Padaytharpin Youtube Channel ကတင်ထားတဲ့ 2021 သီချင်းလေးနားထောင်ပြီးကြပြီလား...😁
    နားမထောင်ရသေးရင်သွားဝိုင်းကြအုံးနော်...

    ReplyDelete
  65. မြန်မာနှစ်သစ်လေးမှာ ဓမ္မဘက်တော်သားအားလုံး ဘေးရန်ကင်းရှင်းကြပါစေ လိုချင်တဲ့ ပန်းတိုင်လဲ အမြန်ဆုံးရောက်လာပါစေ ဘုရား 🙏🙏🙏

    ReplyDelete
  66. ဆုတောင်းပြည့်ပါစေ မမမျိုး☺️

    ReplyDelete
    Replies
    1. ဟုတ် ပြည့်မှာပါ ☺

      Delete
  67. ၂ ရက်လွန်လာပြီလေ😂

    ReplyDelete
  68. ဟုတ်ကဲ့ လန်သူကြီးပါဗျာ😂

    ReplyDelete
  69. adminကြီးmoonshineလဲတခုရေးပေး🌿🕊

    ReplyDelete
  70. ဖိုက်တင်းပါပဲ

    ReplyDelete
  71. သင်္ကြန်မအားလို့ ခုမှကလစ်ရ 😊

    ReplyDelete
  72. ေနာက်နစ်သကြ်န်ဘေပျာ် ဖို့ရာ click

    ReplyDelete
  73. ‌ဘယ်ပွဲနေနေ Lonely

    ReplyDelete
  74. ဓမ္မ နဲ ့ အျမဲယှဥ္နိုင္ပါစေ
    ဓမ္မဘက္တော္သားတြေသာ အဓမ္မသားအျဖစ္ မ​ျေပာင္းသြားပဲ တသက္လုံး ဓမ္မဘက္တော္သားမ်ား ျဖစ္နိုင္ပါစေ

    ReplyDelete
  75. နိုင်ရမယ် နိုင်လည်းနိုင်နေပြီ

    ReplyDelete
  76. April 30 နောက်ဆုံးရက်လေး
    ဆုတောင်းခဲ့မယ်
    မြန်မာပြည်သူပြည်သားတွေ
    လွပ်လပ်ပြီး တရားမျှတတဲ့
    Federal ဒီမိုကရေစီ နိုင်ငံတော်သစ်ကြီးကို
    အမြန်ဆုံး ပိုင်ဆိုင်ရပါစေ
    Admin လည်း FA ဘဝကမြန်မြန် ကျွတ်ပါစေ
    မျက်စိနောက်လာလို့😝

    ReplyDelete
  77. ဒီနှစ် သေချာပေါက် ကဲမယ်

    ReplyDelete
  78. 😘😘😘😘

    ReplyDelete
  79. ရေမစို သင်္ကြန်

    ReplyDelete
  80. လက်ဆောင် app စသုံးကြည့်တာ။

    ReplyDelete

Post a Comment