တော်လှန်သင်္ကြန် ဆောင်ရွက်ရန်များ




 #တော်လှန်သင်္ကြန်_ဆောင်ရွက်ရန်များ

❏ သင်္ကြန်အကြိုနေ့နဲ့ အကျနေ့ (၁၃၊ ၁၄ ဧပြီ ၂၀၂၂)
အကြို၊ အကျ ဒီနှစ်ရက်မှာ ကျဆုံးအာဇာနည်ပုဂ္ဂိုလ်များ၊ အဓမ္မအဖမ်းခံထားရတဲ့ အကျဉ်းကျ သူရဲကောင်းများ၊ PDF နဲ့ EROs စစ်သည်တော်များကို ဂုဏ်ပြု၊ လေးစား၊ ထောက်ပံ့ ကူညီပံ့ပိုးတဲ့ လှုပ်ရှားမှုကြီးကို တနိုင်ငံလုံး ပြည်သူများက ဆင်နွှဲကြဖို့ ဖြစ်တယ်။
ကိုယ့်မိတ်ဆွေအသိုင်းအဝိုင်းမှာ ကျဆုံး အာဇာနည်တွေနဲ့ အကျဉ်းကျ သူရဲကောင်းတွေ၊ နောက်ပြီး ကျန်ရစ်သူ မိသားစုဝင်တွေ၊ PDF နဲ့ EROs စစ်သည်တော်တွေ ရှိကြမှာပါ။ ဒီနှစ်ရက်မှာ ဒီပုဂ္ဂိုလ်တွေကို မဖြစ်မနေ ကူညီလှူဒါန်းကြမယ်ဗျာ။ ငွေအားအပြင် စိတ်ဓာတ်အား၊ နှုတ်အားဖြင့် အလေးအနက် ဂုဏ်ပြုကြဖို့၊ အားပေးကြဖို့ ဖြစ်ပါတယ်။ ကျဆုံးအာဇာနည်တွေအတွက် ဆုမွန်တောင်းကြမယ်ဗျာ။ ကျန်ရစ်သူ မိသားစုကို အားပေးကူညီကြမယ်ဗျာ။ အကျဉ်းကျရဲဘော်တွေအတွက် "ထောင်ဝင်စာ" အရေး ကူညီကြမယ်ဗျာ။ သူတို့ မိသားစုတွေကို အားပေးကူညီကြမယ်ဗျာ။ တောထဲတောင်ထဲ ရောက်နေရတဲ့ PDF သူရဲကောင်းတွေကို မှတ်မှတ်ရရ ဖုန်းဆက် ဂုဏ်ပြုကြမယ်ဗျာ။ ဒါလေးတွေက စိတ်ထဲမှာ ရှိနေပေမယ့် နှုတ်ကထုတ်ပြော၊ ဂုဏ်ပြုကြဖို့က မေ့နေတတ်ကြတယ်ဗျ။
သန်း (၅၀) ကျော်ရှိတဲ့ ပြည်သူတရပ်လုံးကသာ ဒီနှစ်ရက်အတွင်း လှုပ်ရှားမှုကြီးအသွင်နဲ့ PDF တွေကို ဝိုင်းပြီး လှူကြမယ်၊ ဘွန်းဝယ်ကြမယ်၊ PRF ထောက်ပို့တပ် ဝင်ကြမယ်၊ Click ကြမယ်၊ ထောက်ပို့ လုပ်ကြမယ်ဆိုရင် မနည်းလှတဲ့ အလှူငွေပမာဏထိ ကျနော်တို့တွေ ကူညီနိုင်မှာ ဖြစ်ပါတယ်။
မနှစ်ကလိုပဲ သင်္ကြန်ရိုးရာဓလေ့နဲ့အညီ အိမ်တိုင်းမှာ "အတာအိုးသပိတ်" ကို ဆက်လက်ဆင်နွှဲကြဖို့လည်း တိုက်တွန်းလိုပါတယ်ဗျ။
____________
❏ သင်္ကြန်အကြတ်နေ့နဲ့ အတက်နေ့ (၁၅၊ ၁၆ ဧပြီ ၂၀၂၂)
အကြတ်နဲ့ အတက်နေ့တွေကတော့ CDM သူရဲကောင်းများနဲ့ စစ်ဘေးသင့် စစ်ဘေးရှောင်ပြည်သူများအတွက် ဖြစ်ပါတယ်။
CDM ရဲဘော်များဟာ တော်လှန်ရေးမှာ တခါတလေ မေ့လျော့ခံထားရတဲ့ သူရဲကောင်းတွေ ဖြစ်နေတတ်တယ်ဗျာ။ ပြောရရင် CDM တိုက်ပွဲဟာ နွေဦးတော်လှန်ရေးရဲ့ ပွဲဦးထွက်ခရာမှုတ်သံဖြစ်သလို အရေးပါလှတဲ့ တော်လှန်ရေးမဏ္ဍိုင်ကြီးတရပ် ဖြစ်ပါတယ်။ အခုဆို အကြမ်းဖက်စစ်အုပ်စုရဲ့ ရက်စက်၊ ယုတ်မာစွာ တိုက်ခိုက်ဖျက်ဆီးမှုတွေကြောင့် တနိုင်ငံလုံးမှာ စစ်ဘေးသင့် စစ်ဘေးရှောင်ပြည်သူပေါင်း သိန်းပေါင်းများစွာ ရှိနေပါတယ်။ တောထဲတောင်ထဲ နေထိုင်စားသောက်ရေး အစစဆင်းရဲချို့တဲ့လှတဲ့အပြင် အချို့ဆို ပြန်စရာ ရွာကော အိမ်ပါ မရှိတော့တဲ့ ဘဝ၊ ရွာလုံးကျွတ် မီးရှို့ခံရတဲ့ဘဝတွေပါ။
ဒီနှစ်ရက်မှာတော့ CDM နဲ့ စစ်ဘေးသင့်ပြည်သူတွေကို မဖြစ်မနေ ပံ့ပိုးကူညီကြမယ်ဗျာ၊ အားပေးကြမယ်ဗျာ၊ ဂုဏ်ပြုကြမယ်ဗျာ။ ကိုယ့်အသိတွေထဲမှာ CDM သူရဲကောင်းတွေ၊ စစ်ဘေးသင့်ပြည်သူတွေ အများကြီး ရှိကြမှာပါ။ သူတို့ကို တလေးတစား လေးလေးနက်နက် ဂုဏ်ပြုကြမယ်၊ အားပေးကြမယ်ဗျာ။ ကူနိုင်တာ ရှိရင် ကူကြမယ်ဗျ။ နောက်ဆုံးကုန်ကုန် ပြောမယ်ဗျာ၊ ငွေနဲ့ မကူနိုင်ရင် လေနဲ့ (နှုတ်အားဖြင့်) ဂုဏ်ပြုကျေးဇူးတင်စကား ပြောကြဖို့ကောင်းတယ်ဗျာ။
____________
❏ မြန်မာနှစ်ဆန်းတစ်ရက်နေ့ (၁၇ ဧပြီ ၂၀၂၂)
မြန်မာပြက္ခဒိန်အရ နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်တဲ့ ဒီနေ့မှာတော့ သင်္ကြန်ရိုးရာနဲ့အညီ "သံပုံးတီးသပိတ်" ကို တနိုင်ငံလုံး မြိုင်မြိုင်ဆိုင်ဆိုင် ဆင်နွှဲသွားကြဖို့ပါ။ သံပုံးတီးသံသည် မကောင်းဆိုးဝါးတွေ၊ ဖက်ဆစ်မိစ္ဆာတွေကို မောင်းထုတ်ခြင်း၊ တောထုတ်ခြင်းပါပဲ။
ဒါ့အပြင် မိမိတို့ လူမှုကွန်ရက်စာမျက်နှာတွေမှာ နှစ်သစ်ကူးဆုတောင်းကြတဲ့အနေနဲ့ "ဖက်ဒရယ်ဒီမိုကရေစီ New Year" "အရေးတော်ပုံ အောင်ရမည်" စတဲ့ ကြွေးကြော်တောင်းဆိုသံများနဲ့ ဓာတ်ပုံ၊ ဗီဒီယိုလေးတွေ တင်ကြမယ်ဗျာ၊ သင်္ကြန်ဓလေ့ ပိတောက်ပန်း၊ ငုပန်းအပါအဝင် အခြားအလျဉ်းသင့်ရာ ပန်းများ ပန်ဆင်ကိုင်ဆောင်ကြတဲ့ "ပန်းသပိတ်" နဲ့ "ဆုတောင်းသပိတ်" ကို အတူပူးပေါင်း ဆင်နွှဲကြမယ်ဗျာ။
__________________________
တော်လှန်ရေးကြီးမှာ ရှေ့တန်းကျကျ ပါဝင်ခဲ့ကြတဲ့၊ ပါဝင်နေကြတဲ့၊ ပေးဆပ်ထည့်ဝင်ကြတဲ့ အာဇာနည်ပုဂ္ဂိုလ်များ၊ သူရဲကောင်းများ၊ ရဲဘော်များ၊ ပြည်သူများကို အသိအမှတ်ပြုခြင်း၊ စာနာခြင်း၊ လေးစားခြင်း၊ ဂုဏ်ပြုခြင်း၊ တန်ဖိုးထားခြင်း၊ ထောက်ပံ့ကူညီခြင်း၊ အားပေးခြင်းတို့ကို တော်လှန်သင်္ကြန်ကာလတွေမှာ "လူထုလှုပ်ရှားမှုကြီး" အဖြစ် အုံနဲ့ကျင်းနဲ့ ထိထိရောက်ရောက်၊ ကျယ်ကျယ်ပြန့်ပြန့်၊ လေးလေးနက်နက် ဆောင်ရွက်ကြဖို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သင်္ကြန်ဓလေ့နဲ့ လိုက်ဖက်တဲ့ "သပိတ်" တွေလည်း ဆင်နွှဲကြရန် ဖြစ်ပါတယ်။
ယခုနှစ် မြန်မာနှစ်သစ်ကူးသင်္ကြန်ကို တော်လှန်ရေးကာလနဲ့ လိုက်ဖက်ပြီး တော်လှန်ရေးကို အထောက်အပံ့ဖြစ်စေမယ့်၊ သင်္ကြန်ရိုးရာဓလေ့နဲ့ လိုက်ဖက်တဲ့ အထက်ဖော်ပြပါ လူထုလှုပ်ရှားမှုများဖြင့် "တော်လှန်သင်္ကြန်" အဖြစ် လူထုတရပ်လုံးက ပါဝင်ဆင်နွှဲကြဖို့ အထူးနှိုးဆော်တိုက်တွန်းအပ်ပါတယ်ခင်ဗျား။

Dr. Tayzar San

၉ ဧပြီ ၂၀၂၂

Comments

  1. တော်လှန်သင်္ကြန်
    -----------

    သင်္ကြန်ကြပြီဟေ့

    အဖိနှိပ်ခံတွေ ရုန်းထကြလော့
    ခေါင်းပုံဖြတ်မယ့် အရှင်းရှင်တွေ
    ဖိနှိပ်ခံတွေ ညီညွတ်ရင်
    အရင်းရှင်တွေ မျိုးသုဉ်းလိမ့်မလွဲ
    အခြေခံ လူတန်းစား
    လူလတ်တန်းစား အားလုံးဟာ
    ငြိမ်းချမ်းရေးကို လိုလားသူပဲ....

    ဖိနှိပ်မှုတွေရှိလာရင်
    ပြည်သူ့အောင်လံ လွှင့်တင်တိုက်မဟေ့
    ဒို့လူထုကို ဖိလာတဲ့
    ဖိနှိပ်သွေးစုပ် ဓနရှင်တွေ
    အမြစ်ပါ မကျန်တော်လှန်ပစ်စို့...

    မအလက အာဏာရူးတဲ့ဖိနှိပ်သူ
    နာလန်မထူအောင် တိုက်ထုတ်ပစ်ကြ
    စစ်ဘီလူးကို တွန်းလှန်ရန်
    တိုက်တိုင်းအောင်စိတ် ဦးထိပ်ရွက်ကြ
    ပြည်သူ့အာဏာ ပြန်ရဖို့ရာ
    ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်စို့....

    အမှောင်ခေတ်က ရုန်းထွက်ပါ
    အနာဂတ်ဟာ ဝင်းလက်တောက်ပ
    ကယ်တင်ရှင်ကို မမျှော်နဲ့လေ
    လုံ့လစိုက်ကာ ရုံးထပါလော့
    ဒို့ပြည်သူတို့လေး....


    San Zuren 🌸

    ReplyDelete
    Replies
    1. အိုခေ စံလေးရေ
      ကယ်တင်ရှင်မမျှော်ပါဘူး
      ပြည်သူတွေအားလုံး နိုင်ရာတာဝန်ထမ်းဆောင်ရင်း
      ပါဝင်နေကြတာ အောင်ပွဲဆွတ်ခူးနိုင်ရမယ်

      Delete
  2. ဒီနှစ်သက်ြန်က​တော့ အိမ်တွင်း​အောင်းမယ် ကလစ်မယ်✌��

    ReplyDelete
  3. "တော်လှန်သင်္ကြန်"
    သေချာပေါက်ပါဝင်ပါ့မယ် မိသားစုထဲတောင် စစ်ဘေးရှောင်တွေရှိနေတာကိုး CDM တွေ အသိတွေကိုလည်းစိတ်ခွန်အား‌‌တွေပေးပါ့မယ်✊❤️

    ReplyDelete
  4. #အပျော်သင်္ကြန်_ဒို့ငြင်းဆန်_တော်လှန်သင်္ကြန်_ပြည်သူ့အသံ

    ReplyDelete
  5. #တော်လှန်သင်္ကြန်
    ဟုတ်ကဲ့ပါဖီဖီ

    ReplyDelete
  6. သင်္ကြန်က အမြဲရှိနေမှာပါ
    ဒီနှစ်ကတော့ ...
    #တော်လှန်သင်္ကြန်
    #အပျော်သင်္ကြန်_ဒို့ငြင်းဆန်_တော်လှန်သင်္ကြန်_ပြည်သူ့အသံ
    #ပေတရာပေါ်မှာ_စီးတဲ့သွေးကို_သင်္ကြန်ရေနဲ့_မဆေးကြော✊

    ReplyDelete
    Replies
    1. Btw, Congratulations ပါနော်မင်မင်
      ပြည်သူတွေက အဓိကဆိုသော်ငြားလည်းဦးဆောင်သူတွေကို ယုံကြည်ကြလို့ အဲလောက်လှူကြတာလေနော် လေးစားပြီးရင်‌လေးစားမိပါတယ်၊ ပါဝင်ကြသူပြည်သူတစ်ဦးချင်းစီကိုလည်းကျေးဇူးတင်ပါတယ်၊ မင်မင်ဦးဆောင်တဲ့ပရောဂျက်တိုင်းအောင်မြင်တော့ ဝမ်းသာရပါတယ် ဆက်လက်ဦးဆောင်ပေးပါဦး ခေါင်းဆောင်ကြီးရေ ကျန်းမာရေးဂရုစိုက်ပါ၊ C2Dက အများဆုံးထောက်ပို့တပ်ကြီးဖြစ်နေတော့ မင်မင်လုံခြုံရေးကို အထူးအထူး ဂရုစိုက်ပါ။

      Delete
    2. ဟုတ်တယ် လုံခြုံးရေး အထူးဂရုစိုက်ပါ
      ကျန်းမာဘေးကင်ပါစေနော်

      Delete
    3. ဘေးကင်းပါစေပြောတာ
      ဌက်ကင်ကိုပဲစိတ်စွဲနေလို့ ( း)ကျန်သွားတယ် 🤭🤭🤭

      Delete
    4. 😅😅😅 ဖြစ်ရမယ် ML Sun ရယ်

      Delete
    5. SAMMI ရေ ကျန်ခဲ့တဲ့ ( း) ဘယ်ရောက်လဲ ခုမှတွေ့ လုံခြုံးရေးတဲ့ 😂😂😂

      Delete
    6. ဟုတ်ပါ့ း က နေရာ​ပြောင်းသွားတာ​နေမှာ 😅

      Delete
  7. မှတ်ထားလိုက်ပါပြီ ကိုယ်လည်းတတ်နိုင်တဲ့ဘက်ကနေပါဝင်မယ်နော်..
    ၁၃-၁၄: ပီဒက်လေးတွေကိုဖုန်းဘေလ်ပေး
    ၁၅-၁၆: စီဒီအမ် သူငယ်ချင်းကိုသွားတွေ့မယ်
    ၁၇: အိမ်ရှေ့မှာငုတွေပွင့်နေလို့ အတော်ပဲ.
    မုန့်လုံးရေပေါ်လည်း လုံးပါရစေ 😁 (ကိုယ့်ဟာကိုယ်စားမို့)
    ကလစ်တာကတော့ နေ့စဉ်ဇယားထဲထည့်ထားလို့..
    နောက်နှစ်မှာတော့ အားလုံးလွတ်လွတ်လပ်လပ်ပျော်ခွင့်ရကြပါစေ.

    ReplyDelete
  8. OMG လို့အော်ပြီးပြန်လာတာ ကိုကလစ်ရေ ပျော်လိုက်တာ😭😭

    ReplyDelete
    Replies
    1. တူတူလာ wow မယ်..😁
      ပရောဂျက်စကတည်းက ယုံကြည်ထားခဲ့ပေမဲ့ ခုကတကယ် suprise/amazing ပဲ.
      ဦးဆောင်သူတွေရော/ပါဝင်အားဖြည့်သူတွေရောအားလုံးကိုချစ်လိုက်တာ..😍

      Delete
    2. လာပါ...လေဒီ😍🙆🏻‍♀️

      Delete
  9. #တော်လှန်သက်ြန်
    လိုက်နာပါမည်

    ReplyDelete
    Replies
    1. သက်ြန်မကျရတာ ၃နှစ်ရှိပြီ ကိုဗစ်နဲ့ ငပုကြောင့်

      Delete
  10. အပျော်သင်္ကြန်တို့ငြင်းဆန် 🙅✊🏻

    ReplyDelete
  11. အာညော် စာရှည်လိုက်တာ ခွဲသယ်မယ် ခေါင်းမူးထာ
    နေ့တိုင်းရှယ်ကလစ်ပါမယ်ညော်🙋👀

    ReplyDelete
  12. ဟုတ် ​တော်လှန်သင်္ကြန်အဖြစ် ​ထောက်ပို့တပ်သားလုပ်ရင်း ပါဝင်ပါမယ်ရှင့်

    ReplyDelete
  13. #အပျော်သကြႅန် _ဒို့ငြင်းဆန် _တော်လှန်သကြႅန် _ပြည်သူ့အသံ
    #သွေးအေးသွားရင်_ခွင့်မလွှတ်ကြေး✊

    ReplyDelete
  14. Nway Oo Vlogမှာ တရား videoတွေ ရှိတယ် ခြူးလေး‌
    အတိုလေးတွေဆိုတော့ အဆင်ပြေတယ်

    ReplyDelete
  15. အရေးတော်ပုံ အောင်ရမည်
    💪💪💪

    ReplyDelete
  16. အ​ပျော်သင်္ကြန် တို့ငြင်းဆန်
    ​တော်လှန်သင်္ကြန် ပြည်သူ့အသံ ✊

    ​ပေတရာ​ပေါ်မှာ စီးတဲ့​သွေးကို
    သင်္ကြန်​ရေနဲ့ မ​ဆေး​ကြော ✊

    ပြည်သူ​သွေးနဲ့​ခြေ​ဆေးမယ့်သင်္ကြန်ကို ငါတို့မဆင်နွှဲဘူး
    စစ်​ခွေး​သွေးနဲ့​ခြေ​ဆေးမယ့်​တော်လှန်​​ရေးကိုပဲ
    ငါတို့ဆင်နွှဲမယ် ✊

    ReplyDelete
  17. ညီအကိုမောင်နှမများနှင့်အတူထပ်တူထပ်မျှပါ😍

    ReplyDelete
  18. အရင်ထဲသင်္ကြန်ဆို‌ေရပတ်ခံရမှာ‌ေကြာက်လို့ဘယ်မှမသွားတာ🙂အခုလည်းအိမ်တွင်းပုန်းပြီး click မယ်😊

    ReplyDelete
  19. အပျော်သကြႅန်_ဒို့ငြင်းဆန်_တော်လှန်သကြႅန်_ပြည်သူ့အသံ💪

    ReplyDelete
  20. ၃၀၀၀ ဖန်လေး ရှိတုန်းက
    ထောင်ဝင်စာ၊ အစားအသောက်တွေ
    ပို့ပေးတာတွေ လှူဖြစ်တယ်၊

    ခုတော့ ကလေးတွေလဲ
    ရှောင်နေရတယ်ထင်တယ်။
    ခေါခေ့ ပါသွားတော့။
    ရင်နှင့် မမျှဘူး
    ကလေးတို့ရေ။

    ReplyDelete
  21. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  22. Myanmar Federal New year Thingyan⭐

    ReplyDelete
  23. ဟုတ်ကဲ့ပါမင်မင် တော်လှန်သကြ်န်ကိုပါဝင်ဆင်နွဲမှာပါ✌
    မင်မင်လဲကျန်းမာရေးဂရုစိုက်ပါ🙏 projectအတွက် big congrate ပါနော်🎉 ပါဝင်ပေးကြတဲ့ပြည်သူတွေရဲ့စိတ်အားထက်သန်မှုကလဲအောင်ပွဲပါပဲ ငွေအားအတွက်ပြည်ပရောက်မြန်မာတွေကိုအရမ်းကျေးဇူးတင်ပါတယ်💛
    ဒီမှာကyuko တို့အတွက် လုပ်နိုင်တာ clickအားရယ် လူအားရယ်ပေါ့ ကျရာနေရာကအဆုံးထိပါဝင်သွားမှာပါ
    နှစ်သစ်မှာအားလုံးကမပျော်ရွှင်ရပေမယ့် ကျန်းမာဖို့ဆုတောင်ပေးပါတယ် 🙏🍀💛

    ReplyDelete
  24. ပိုကလစ်တယ်
    The PDF gameမှာလည်း အမြဲဆော့တယ်

    ReplyDelete
  25. အတူပူပေါင်းပါဝင်ပါ့မယ် 💪💪💪

    ReplyDelete
  26. အရေးတော်ပုံအောင်ရမည်💙

    ReplyDelete
  27. အရေးတော်ပုံ အောင်ရမည်

    ReplyDelete
  28. ပန်းသပိတ် 🌹

    ReplyDelete
  29. pdfများဘေးကင်ပါစေ

    ReplyDelete
  30. တော်လှန်သကြန်မှာပါဝင်ပီးကလစ်မယ်🕊

    ReplyDelete
  31. ကလစ်တယ်
    ဝမ်းးစာအတွက် ဈေးရောင်းရ
    သင်္ကြန်ဆိုတာ နေ့ရက်တစ်ခုသာ
    သတိရ(မရတဲ့ရက်များ)

    ReplyDelete
  32. သင်္ကြန်တော်လှန် ကလစ်🥰🥰

    ReplyDelete
  33. ​တော်လှန် သင်္ကြန်
    ကလစ်ရင်းနဲ့ ပါ၀င်နွှဲ

    ReplyDelete
  34. တော်လှန်သင်္ကြန် ဒို့သင်္ကြန်

    ReplyDelete
  35. အကြတ်နေဆို ဟုတ်လား?

    ReplyDelete
  36. ​တော်လှန်သင်္ကြန်ပါဝင်ရင်း
    ကလစ်​နေပါတယ်
    ပြည်သူ​တွေညီ​ကြောင်းပြသနိုင်ပြီ
    နည်းမျိုးစုံနဲ့ဆန့်ကျင်​တော်လှန်ကြမယ်

    ReplyDelete
  37. စစ်ဘေးှောင်အတွက်တဲ့ဟ များပါရစေနော်

    ReplyDelete
  38. ကဆုန်လ လဲ သပိတ် လုပ်ပေးပါဦး🥰

    ReplyDelete
  39. တော်လှန်သင်္ကြန် 👍👍👍

    ReplyDelete
  40. လွမ်းးးးးးးးးးးးးးးးးးးးးးးးးးး

    ReplyDelete
  41. May 1 တောက်ရောက်ပြီလေ

    ReplyDelete
  42. သင်္ကြန်နဲ့မသက်ဆိုင်တော့တာ ၃နှစ်ရှိခဲ့ပြီ

    ReplyDelete
  43. Clickerများ အားလုံးမင်္ဂလာပါ။

    ReplyDelete
  44. ဘေးကင်းကျန်းမာစိတ်ချမ်းသာ လိုရာဆန္ဒပြည့်ဝကြပါစေ။

    ReplyDelete

Post a Comment