ပြည်ဝင်လက်မှတ် ရပြီးပြီလား
ပြည်ဝင်လက်မှတ် ရပြီးပြီလား
—————/////————————
ငါ့အကောင့်(Account)ထဲကငါ့ပိုက်ဆံကွာ၊ငါ့ဘာသာရောင်းချင်ရောင်းမယ်မရောင်းချင်
မရောင်းဘူးလို့ဘယ်သူငြင်းလို့ရပါသေးလဲ။
ဒေါ်လာတွေကို ‘မပေးမရ ၊အေးဓားပြ’တိုက်ပါပြီ။ဒါကြောင့်ပြောတာ၊”ဘယ်သူလွယ်ကူမယ်ထင်နေသလဲ”လို့။
နှစ်ပေါင်း၆၀ တရားမဲ့ထင်ရာစိုင်း အာဏာရှင်အောက်မှာဘယ်သူမှမလွယ်ကူပါ။
ငါတော့ဒုက္ခမရောက်နိုင်ပါဘူးလို့ဘယ်သူစိတ်ချရပါသလဲ။ဒါ အာဏာရှင်ပါ။ဘယ်သူမှလွတ်မယ်မထင်ပါနဲ့။သူဌေးဖြစ်ဖြစ်အနုပညာရှင်ဖြစ်ဖြစ်ဘာသာရေးခေါင်းဆောင်ဖြစ်ဖြစ်ဝန်ထမ်းဖြစ်ဖြစ်ဘယ်သူမှပြေးမလွတ်ဘူးမှတ်ပါလေ။
ဘဏ်စာရင်းတွေချုပ်လိုက်ပြီ။လွှဲပြောင်းခွင့်ပိတ်လိုက်ပြီဆိုတာ၊မင်းငွေတွေမင်းမပိုင်တော့ဘူးလို့အဓိပ္ပါယ်ရပါတယ်။
ဒါနဲ့ပြီးမထင်ပါနဲ့။”ရှိသမျှဒေါ်လာလုယူရေးအော်ပရေးရှင်း”က အိမ်တိုင်ယာရောက် ကုမ္ပဏီရုံးခန်းအရောက်door to door စံနစ်နဲ့ဝန်ဆောင်မှုပေးရန်အသင့်ပါ။ရုံးချိန်မက ၂၄နာရီအချိန်မရွေးပေးမှာ၊ဇွတ်ပေးမှာပါ။
ငါ့မှာဒေါ်လာမရှိလို့ငါနဲ့အဝေးကြီးပါလို့ထင်ရင်လည်းတချက်ပြန်ကြည့်ပါဦး။မန္တလေးဗထူးကွင်းကသိန်းထောင်ချီတန်တဲ့ဆိုင်ခန်းတွေရာနဲ့ချီပြီးသိမ်းလိုက်တာကြည့်ပါ။ဂရမ်ပိုင်မြေပေါ်ကအိုးအိမ်တွေကိုဘူဒိုဇာနဲ့အထိုးခံလိုက်ရတာကိုဆင်ခြင်ပါ။နောက်ထပ်သူတို့ဘာတွေလုပ်နိုင်သေးလဲ မေးရင်အဖြေရှိပြီးသားဗျ။
၁၉၆၂အာဏာလုသိမ်းပြီးလုပ်ပုံ။
စက်ရုံတွေကုန်တိုက်တွေကိုသိမ်းတော့ ကုန်စုံဆိုင်ရှင်ကငါမပါဘူးဆိုပြီး လေညှာက နေသာခဲ့။ဒါနဲ့ကုန်စုံဆိုင်တွေသိမ်းတော့ကွမ်းယာဆိုင်ကငါတို့လွတ်မယ်ထင်ခဲ့တာပဲ။ဒါပေမဲ့နောက်နေ့ဆိုင်ဖွင့်ဖို့သွားမှငါပါပါပြီဆိုတာကိုသိရတာ။
ဒါဒီစစ်တပ်ပဲလုပ်ခဲ့တာ။စိတ်ကူးယဉ်မဟုတ်ဘူး။ တကယ်လုပ်ခဲ့တာ။
မလုပ်ရဲတာဘာမှမရှိဘူးဆိုတဲ့စကားဟာ”ရမ်းချင်သလိုရမ်းမယ်”လို့လည်း
အဓိပ္ပာယ်ရပါတယ်။သူဌေးသူကြွယ်ဆိုသူတွေချင့်ချိန်ဖို့ပါ။ကျန်အလွှာအသီးသီးလည်းတွေးဆဖို့ပါ။ဘယ်သူ လွယ်ကူမယ် ၊လွတ်မယ်ထင်ပါသလဲ။
ဝန်ထမ်းအစ လက်တွန်းလှည်းစျေးသည်အဆုံးလွတ်လမ်းမရှိတသက်တကျွန်းပါ။အရပ်သားပြည်သူ့အစိုးရလက်ထက်လိုကျူးကျော်တွေကိုတောင်smart card ထုတ်ပေးတဲ့စာနာမှုမျိုး အိပ်မက်မက်ဖို့နေနေသာသာ လူတောင်စိတ်ချလက်ချဘယ်အိပ်ရမလဲ။စစ်ကောင်စီပြောင်းဝရမ်းသမျှ အိပ်ဆေးမရှိဖြစ်ကြမြဲပါ။
ဒီလိုပြောလို့စစ်တပ်ကအရေးသာနေသလားမေးပါ။မသာပါဗျာ။တပ်ထဲဝင်သူမရှိတော့လို့ရှိတဲ့လူကိုပေးမထွက်။အသက်ပြည့်လည်းပေးမထွက်ပဲ ပင်စင်သက်ကို ခြောက်ဆယ့်နှစ်နှစ်အထိတိုးလိုက်တာသာကြည့်ပေရော့။
ခြောက်ဆယ့်နှစ်နှစ်ပြည့်တော့ကော။သိတဲ့အတိုင်းပဲ၊လိုသလိုတိုးနေဦးမှာပဲ။ပြင်နေဦးမှာပဲ။လွှတ်တော်မှမရှိတာ။ဥပဒေလည်း ပါးစပ်ထဲထွက်သမျှအမိန့်အောက် ဆိုင်းဘုတ်ကိုကွမ်းသွေးဖုံးရတာပဲ။ဖဲလိမ်ရိုက်တာလည်းသိသိကြီး ၊ထိုးကြေးကိုလည်း ဓားမြှောင်ပြထပ်တင်ခိုင်းနေတဲ့ဝိုင်း၊ဆက်ထိုင်နေရင်ကိုယ့်ထိုက်ကိုယ့်ကံ။ပုဆိုးစုတ်ကျန်ရင်ကံကောင်းပါ ။စစ်ကောင်စီအောက်မှာ “ရမ်းချင်တာရမ်း ၊ခံဝန်ထမ်း”ပဲ။
စစ်ဗိုလ်ချုပ်တွေကကောသတင်းစာရှင်းလင်းပွဲတွေမှာဘာကြောင့်တိုက်ပုံကြီးဝတ်ပြနေတာလဲ။
အာဏာလုစစ်တပ်ဆိုတာကိုဝန်မခံရဲတာပေါ့။စစ်ယူနီဖောင်းနဲ့ဆိုရင်ဘယ်လိုမှလက်မခံတဲ့အခြေနေမို့ဝတ်မပြရဲတာပေါ့။အရပ်သားတွေပဲအုပ်ချုပ်နေသလိုလိုပုံမှားရိုက်တာပေါ့။ဒါကြောင့်လည်းတွေ.ရာ၊ရရာဆွဲထည့်ထားတာပေါ့။အရပ်သားပြည်သူတွေပဲပူးပေါင်းသယောင်၊
ပြောင်လိမ်တာပေါ့။
သူတို့ထဲမှာလည်းသူ့မယုံကိုယ့်မယုံ။တနေ့တနေ့ဘယ်လိုလစ်ရမလဲဘယ်ကိုပြေးရမလဲ ၊ဒါပဲကြိတ်ကြိတ်တိုင်ပင်နေကြတာ။ခုတပ်ထဲကိုကြည့်လိုက်ပါ။အိမ်ထောင်သည်တွေကိုသူ့မိသားစုနဲ့အတူဇာတိမိဘဆွေမျိုးများထံပြန်ခွင့်ပြုရဲသလားလို့မေးလိုက်ပါ။ဒါလေးပဲမေးလိုက်။
စစ်တပ်ကြီး အတွက်မေးခွန်းသတ်ပြီလေ။
သားရှင်ပြုတောင်ပြန်ခွင့်မရလို့ပေါက်ကွဲသံတွေကြားမှာပေါ့။ခုလူပျိုစစ်သားတောင်မှတ်ပုံတင်သိမ်းလိုက်ပါပြီဆိုနေမှ။
ကိုယ့်လူကိုယ်ပြေးမယ်ချည်းထင်နေတာလက်ရှိစစ်တပ်ဘဝအမှန်ပါ။
ကွမ်းယာသွားဝယ်မယ်ဆိုပြီးပြန်မလာ၊
ဒီနားခနဆိုပြီး မာရသွန်ကြလွန်းတော့ ရင်ပူပြီလေ။
ဒီလိုအခြေအနေမှာသူဌေးသူကြွယ်ဆိုသူတွေကဒေါ်လာတွေကိုစစ်အုပ်စုအလုခံမလား၊တော်လှန်ရေးသမားတွေလိုအပ်ချက်ဖြည့်ဖို့ဘွန်းဝယ်မလား။Bondက ၂ နှစ်ပြည့်ရင် ဒေါ်လာစစ်စစ်ပြန်ရမှာ။
ပြည်သူ့တော်လှန်ရေးအပေါ်ရူးယောင်ဆောင်ရှောင်သူတွေ အသိတရား ဝင်သင့်ပြီ။ကိုယ်အန္တရာယ်ကိုယ်ကြိုရှောင်ရတော့မယ်အချိန် ဆိုတာလူတိုင်းသိတဲ့လျှို့ဝှက်ချက်။အခုပြည်သူဘက်ကကမ်းပေးနေတဲ့အရာတွေက သင်တို့အတွက်အာမခံချက်။မိသားစု၊မျိုးဆက်ဂုဏ်သိက္ခာ။အနာဂတ်နိုင်ငံတော်အတွက်ပြည်ဝင်ခွင့်လက်မှတ်ပါ။
တွေဝေချိန်မရှိတော့ပါဘူး။ဓားပြကအိမ်တံခါးတွေကိုလိုက်ခေါက်နေတာကြားရဲ့လား။
ရှိသမျှစည်းစိမ်အထုပ်ကို ဉာဏ်နှင့်ဆင်ခြင်ရွှေ့ပြီးပြီလား။အလွှာအသီးသီးကနိုင်ငံသားများဘဝတွေရှေ့မျိုးဆက်များအထိမျက်စိတဆုံးကြည့်ကြစေချင်တာပါ။မျိုးဆက်သစ်တို့လူ့အဖွဲ့အစည်းမှာအာဏာရှင်နဲ့အဆွယ်အပွါးအချောင်သမားများကိုငြင်းပယ်မှာက ဘယ်သူမှငိုယိုငြင်းဆန်မရတဲ့တရားပါ။
အနာဂတ်နိုင်ငံတော်ကိုမြင်ရဲ့လား။
ပြည်ဝင်လက်မှတ် ဖြတ်ပြီးပြီလား။
ဘဝမှာမမှီလိုက်တဲ့ရထားဥဩသံကလွမ်းစရာအကောင်းဆုံးပဲ “
၆.၄.၂၀၂၂
စစ်ကျ်န်ဖိနပ်အောက် မနေချင်ရတဲ့ အကြောင်းအရင်းတွေပါပဲ 😔
ReplyDeleteလူ့အခွင့်အရေးက ဘဏ်တွေမက အိမ်ထဲထိပါ ချိုးဖောက်ခံနေရတာ ဘယ်လိုစိတ်မျိုးတွေနဲ့ အေးဆေးနေနေနိုင်ကြတာလဲ မတွေးတတ်ဘူး တာဝန်ယူတတ်တဲ့ အသိစိတ်မရှိသူတွေ ဘာဖြစ်ဖြစ် ရတဲ့နေရာကနေ ပါဝင်နေမှာပါ 😔
DeleteDO YOU KNOW KTK SCHOOL.
Deleteမသိဘူးနဲ့တူတယ် ဘာလို့ပါလဲ
Deleteအသိ့အမနဲ့ နာမည်တူနေလို့
Deleteသူမက ကျောင်းမှာ အချောဆုံး😁😊
Sorryနော်အမ🙏🙏🙏
Hoke,It's ok bro 😊
Deleteအမှန်ပဲဗျာ တချို့လူတွေကကိုယ်နဲ့မဆိုင်သလို နေကြတုန်း🙂
Delete"ဘဝမှာမမှီလိုက်တဲ့ရထားဥဩသံကလွမ်းစရာအကောင်းဆုံးပဲ “
ReplyDeleteတချို့တွေကမလိုက်ချင်လို့ကို ကျန်နေရစ်ခဲ့ကြတာ
FB မှာတွေ့လိုက်ပေမဲ့ စာအရှည်ကြီးဖတ်ရမှာပျင်းလို့ (ဒီထဲရောက်တော့ပြေးမလွတ်တော့ပါလား? 😁) သူဌေးတွေက နားချလို့ရမယ်လည်းမထင်ပါဘူး.ဘွန်းဝယ်တာသူတို့ထုတ်မပြောရင် စကစသိမှာမဟုတ်တာကိုတောင် ရူးချင်ယောင်ဆောင်နေကြသေးတာပဲ. (တချိန်ငွေနဲ့အတူဂုဏ်သိက္ခာပါပြန်ရမယ့်အရာ) ပိုင်ဆိုင်မှုများများရှိတဲ့သူတွေကပိုအတ္တကြီးကြတယ်. AYA ရောခေတ်ပျက်ကြီးထဲ ငွေလွှခ၂၀၀ကျပ်အမြဲဖြတ်တယ် (ဘယ်လွှဲလွှဲ) ၂၀၀ကျပ်ဆိုပေမဲ့ သူတို့အတွက်တော့ မီလီယံ/ဘီလီယံ transaction တွေနဲ့.
KBZ ရဲ့ ပြည်ပကနေ ပြည်တွင်းကို ငွေလွှဲခ အခမဲ့ ပရိုမိုးရှင်း ကြော်ငြာတောင် မာဖီးယားဂိုဏ်းကစာထုတ်သလိုလိုပုံစံကြီးနဲ့..အက်မင်ဂျီး စကားငှားသုံးရရင် "ကြောက်နေရပါပြီ 🙄" နော်.
DeleteAso
Delete“အနာဂတ်နိုင်ငံတော်
ReplyDeleteပြည်ဝင်ခွင့် လက်မှတ်
ဝယ်ပြီးပြီလား”
မမီလိုက်တဲ့ ရထားဥဩသံက
လွမ်းစရာ အကောင်းဆုံး။ ။
မင်းကိုနိုင်
၆၄၂၂
လွမ်းတယ်ကွယ်
Deleteပုစဥ်းရင်ကွဲတွေ အော်နေကြတယ်
Deleteကြားတော့ကြားတယ် မမြင်နိုင်တယ်။
ဝန်ထမ်းအစ လက်တွန်းလှည်းစျေးသည်အဆုံးလွတ်လမ်းမရှိ တသက်တကျွန်းပါ။ 😔
ReplyDeleteခုလို မလွတ်မလပ် အခြေအနေတောင် ဘယ်လိုမှ မနေနိုင်တာ
ဘဝတစ်သက်တာ စခတို့အုပ်ချုပ်တာ ခံရမယ်ဆိုရင်ဖြင့် ...
မဖြစ်ဘူး မဖြစ်ဘူး မြောက်ကိုရီးယားစာအုပ်တွေ ဖတ်ဖူးတယ်
မနေနိုင်ဘူး, ငါတို့မျိုးဆက်သစ်တွေလဲ ဒီလိုဘဝနဲ့ မနေစေရဘူး ငါတို့ နိုင်ကို နိုင်မှဖြစ်မှာ, နိုင်မှာလဲ သေချာတာမို့ အဆုံးထိတော့ အားမလျော့ဘဲ တိုက်ကြမယ်
"ဘဝမှာ မမှီလိုက်ရတဲ့ရထားဥဩသံကလွမ်းစရာအကောင်းဆုံးပဲ"
ReplyDeleteအိမ်ထဲမှာနေပြီး သူတို့ဘဝတော့အနာဂတ်ပျောက်ပါပြီလို့ထိုင်အော်နေတဲ့လူငယ်တစ်ချို့လည်းရှိသေးတယ်။ တောထဲ၊ထောင်ထဲက စတေးခံဘဝတွေက ပျော်လို့ပေးဆပ်နေကြတာမှမဟုတ်တာ သူတို့နားမလည်ဘူးလား။လူပါးဝလွန်းတယ်။ ခုထိတောထဲ၊ထောင်ထဲမှာဆက်ပြီးအံတု တော်လှန်နေတဲ့ ကြယ်ကလေးတွေ၊သူရဲကောင်းတွေကို အားနာတတ်စေချင်လိုက်တာ။ သူတို့တွေအိမ်တံခါးမရောက်လာသေးလို့နေနိုင်နေကြတာပဲဖြစ်မှာပါ။
ရထားဥဩသံလေး နားထောင်ရင်း
ReplyDeleteမိန့်မိန့် ကြီး ထိုင်စီးနေပါပြီ
တလရအောင်မြင်ပြီးချိန်
ပြန်တွေးတဲ့အခါ ကိုယ်တတ်နိုင်သမျှပါ၀င်ခဲ့တာတွေ တွေးပြီး အားပါးတရပျော်ချင်လို့
တွဲခေါ်နေတာကို ယက်ကန်ယက်ကန်ကျန်ချင်နေတော့လည်းး..........
ReplyDeleteကိုကလစ်ရေ့ အဲလူတွေလွှတ်ချခဲ့လိုက်ရမလား 😛
Deleteကိုကလစ်က လွှတ်ချဝူးတဲ့. ယက်ကန်ယက်ကန်လည်းရသလောက်အတင်းဆွဲရမှာပဲတဲ့. FB မှာလည်းလူ၁သိန်းကလစ်ဖို့ဖျားယောင်းသွေးဆောင်နေတယ်.😁
Deleteကန် ခဲ့ချင်နေပြီဒီက🤣
Deleteဒုက္ခနေ့ရက်တွေ ပြီးဆုံးဖို့
ReplyDeleteအတူလက်တွဲ
ရင်ဆိုင်ဖြတ်သန်းကြမယ်💪
FIGHT FOR FREEDOM ÖK
ReplyDeleteHi
ReplyDeleteနာကျည်းရတဲ့..နေ့ရက်တွေဟာ...နှစ်ချီကြာနေပြီမို့...စစ်အာဏာရှင် တွေကို...ခွေးထက်တောင်..ရွံမုန်းလာတယ်.
ReplyDeleteသူဌေးကအစသူတောင်းစားအဆုံးဘယ်သူမှလွတ်မည်မထင်နဲ့အချောင်သမားတွေအကြိုက်တွေ့နေကြတာအချိန်မီပါသေးတယ်အမြန်ဆုံးရထားလက်မှတ်လေးဖြတ်ကြမဟုတ်ရင်တော့ဉဩသံလေးလွမ်းနေရအုန်းမှာclickerတွေတော့ရထားပေါ်ရောက်နေကြပီထင်
ReplyDeletewe must win
ReplyDeleteခွင့်သာခိုက်မှ မလိုက်ချင်လျှင်....
ReplyDelete*ဒီနေ့သတင်းမှာဖတ်လိုက်ရတာ
မိဘတွေက pdfထောက်ပံ့လို့ ရှောင်နေကြတယ်ဆိုပြီး အဖိုးနှင့်နေတဲ့၄နှစ်အရွယ် မူကြိုတက်နေတဲ့ကလေးကို ဓားစာခံအဖြစ်ဖမ်းသွားကြတယ်တဲ့။😥
နိုင်ငံ့အရေးစိတ်မဝင်စားဘူး
Deleteကိုယ်လုပ်မှ ကိုယ်စားရတာ blah blah ပြောခဲ့တဲ့သူတွေ ခု ကိုယ့်လုပ်စာအပြည့်အဝ ကိုယ်စားရသေးလားလို့???
မတရားမှုတွေကိုမြင်နေ သိနေ ကြားနေ ခံနေကြရတာတောင်မှ မသိ မမြင် မကြားချင်ယောင်ဆောင်နေကြတုန်း၊ တသက်လုံးလွတ်မြောက်ဖို့အရေး ခဏတာ အခက်အခဲကို သည်းမခံနိုင်ကြဘူး လူ့မလိုင်တွေက၊ အသက်ပေး ဘဝပေးထားရတဲ့သူတွေကို သူတို့အစား တကယ်အားနာမိတယ် မျက်နှာပူတယ် သူတို့ကတော့ နေသာသပ လေညာကဆိုသလိုပဲ ဆန်ကုန်မြေလေးစစ်စစ်တွေ၊ ပွဲပြီးလို့ အခွင့်အရေးရပြီးဟေ့ဆို သူတို့ကထိပ်ဆုံးက လိုချင်ကြမှာ မြင်ယောင်နေတယ်
ဟုတ်တယ်ညိုပြာ မိဘကိုမိတာတောင်ကလေးကိုပြန်မလွှတ်ပေးသေးဘူး စစ်ကျွန်ဘဝမှာပျော်မွေ့နေတဲ့သူတွေ နေသာသလိုနေတဲ့သူတွေ ကိုယ့်အိမ်ရှေ့ တံခါးလာခေါက်မှ တောက်တစ်ခေါက်ခေါက်မဖြစ်ဖို့အရေးကြီးတယ်
Deleteဟုတ်တယ် Yuko အဲလိုလူတွေက ကိုယ့်ပေါ်မီးပွားကျမှပူတတ်ကြတာ
Delete“မူကြိုကျောင်းမှာ”
Deleteသားကိုလာဖမ်းတော့
သေနတ်တွေနဲ့
ဆရာမကမပေးပါဘူး
ကျမ မွေးစားလိုက်မယ်တဲ့
အတင်းခေါ်သွားတော့
သားငိုတယ်
တကျောင်းလုံးငိုတယ်
သားတို့အရုပ်လေးတွေပါ
လိုက်ငိုတယ် ။ ။
#မင်းကိုနိုင်
"In my nursery school"
With the guns
They came to get me
My teacher said
Do not take him
I will adopt him
I cried
The whole school cried
Our toys also cried..
-Min Ko Naing
စီလုပ်ထားတယ်
ReplyDeleteရှိတာရောင်းပြီး တတ်နိုင်သလောက် မျှဝေပေးနေတယ်
ကလစ်ကာလုပ်နေတယ်
ဒါဆို ပြည်ဝင်လက်မှတ် ဖြတ်ပြီးပြီဆိုနိုင်မလား
အားမလျော့ပဲ ရှေ့ဆက်မယ်
အောင်ပွဲဆွတ်ခူးနိုင်ရမယ် 💪💪💪
Fighting 💪
Delete@ MAN LUN
DeleteThanks 🥰🥰
"ဘဝမှာ မမှီလိုက်တဲ့ ရထားဥဩသံက လွမ်းစရာအကောင်းဆုံးပဲ"
ReplyDeleteWheel........dope.
ReplyDeleteI'm a clicker ❤️
ReplyDeleteရောက်ရှိ ဘာမန့်ရမှန်းမသိ
ReplyDeleteအဲထုဂ်
Delete'ခေါခေါ' ခွေးဆွဲခံရတဲ့အကြောင်းဖတ်ရင်း အက်ဒ်မင်ကို (တကယ်)စိတ်ပူသွားမိတယ်.လေနဲ့သတ်တဲ့ပန်ဆယ်လိုကိုတောင် နိုင်ငံရေးသမားတွေနဲ့တန်းတူသတ်မှတ်ပြီး ခွေးတွေကအသဲအသန်လိုက်ခဲ့ဖူးတယ်.'ဒရာဂွန်ဖလိုင်း'ပရောဂျက်ကအရမ်းအောင်မြင်တယ်.မီဒီယာတွေကတောင်ဖေါ်ပြနေတာဆိုတော့.(သူတို့အထိနာမဲ့ ပရောဂျက်လဲဖြစ်နေတယ်).C2Dက ပရောဂျက်တွေအောင်မြင်လေ စိတ်ပူလေပါပဲ.မျက်နှာဖုံးတွေအောက်မှာပဲနေပါ.VM လဲမပို့ပါနဲ့တော့.Channel Subscribersတွေထဲမှာလည်းဒလန်ရှိနိုင်တာပဲ. (Family/Personnel security ကိုအထူးဂရုစိုက်ပါနော်) ဖြစ်နိုင်ရင် မေဒိကားကိုပဲသွားစေချင်ပါတယ်.ဒါတောင်ဟိုမှာ မဲသခေါ ရှိနေတယ် (သူ့တော့ စိတ်ဓါတ်မကောင်းလို့ body shaming လုပ်မှာပဲ).
ReplyDelete“At your highest moment, be careful, that’s when the devil comes for you." D.W ပြောတာလေးပြန် quote လိုက်ပါတယ်. (ဝီလ်လိုစိတ်လိုက်မာန်ပါလုပ်မယ်လို့ဆိုလိုတာဟုတ်ဘူးနော်.တခါတလေ စခတွေကိုလျှော့တွက်မိမှာစိုးတာပါ) အက်ဒ်မင်ကိုဆရာလုပ်မိသလိုဖြစ်နေမလားပဲ.😟
ReplyDeleteပျော်စရာကြီး
ဒီနေ့တနေကုန်
ဘာမှကို အဆင်မပြေဘူး😭😭😭
This too will psss.san💪
Deleteအဆင်ပြေလာမယ် တနေ့နေ့
Deleteဒီထက် အဆင်ပြေမယ် တနေ့နေ့
အဆင်ပြေလာမှာနော် @ San Zuren
အားမလျော့ဖို့ပဲ လိုတာ ဖိုက်တင်းးး 💪💪💪
နင်ကတော်တယ် ညီမ အဲဒါကို မမေ့နဲ့ 💪💪💪
Deleteကြယ်လေးရေ မင်းရဲ့ အလင်းရောင် သေးသေးလေးက ငါကမ္ဘာထိတောင် မြင်နေရတယ်
Deleteနင်ကို ရွယ်ညွှန်းလိုက်ဒါ နင်တော်တယ် ညီမ
💪💪💪
တချို့ရက်တွေ အဲလိုပါပဲSanရေ
Deleteဘာလုပ်လုပ်အဆင်မပြေ စိတ်လည်းအဆင်မပြေဖြစ်ရတဲ့ရက်တွေ
Sanက စိတ်ဓာတ်ကြံ့ခိုင်ပြီးသားပါ
ကျော်ဖြတ်နိုင်မှာပါ Fighting 💗🍀
ဖိုက်တင်းပါစံလေးရေ အမတို့အတူရှိနေပါတယ် အားလုံးအတူတူကျော်ဖြတ်နိုင်ရမယ် ညီမက ကြံ့ခိုင်ပြီးသားပါ အဆင်မပြေမှုတွေကို မေ့ထားကြမယ် love you baby 🥰🥰🥰
Delete
Deleteအားလုံးကို ကျေးဇူးပါရှင့်
အားပေးကြလို့ အားပြန်တက်ရပါတယ်
ပန်းတိုင်ရောက်သည့်တိုင် ဆက်ချီတက်ကြမယ်နော်
🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾🌾
အမှန်တရားဘက်ကိုရုန်းထွက်ဖို့လိုနေပါပြီ
ReplyDeleteဓမ္မဘက်မှာ ရပ်တည်ပါတယ်ဆိုသူတွေလဲ
စစ်ကျွန်ဘဝမှာနေသားတကျပျော်မွေ့မနေကြပါနဲ့
Telepathy လေမမခြူးရဲ့.😁 ကိုယ်လည်းအဲ့ဝန်းကျင်လောက်ထဲက ရေးရမလားမရေးရဘူးလားဝေခွဲမရနဲ့ နောက်ဆုံးတော့ ရေးမယ်ဆိုပြီး..စဆရကလုပ်မိတော့တာပါပဲ.😁
ReplyDeleteခေါခေါအတွက်လဲတော်တော်စိတ်မကောင်းဖြစ်မိတယ်😢
Deleteခေါခေါက စကစလက်ထဲရောက်သွားပြီတဲ့ပြန်ဆယ်လိုမလွယ်တော့ဘူး အစက BGF တွေဖမ်းမိတာ ခေါခေါမှန်းလဲမသိသေးဘူး ဒီအတိုငိးဖမ်းလိုက်တာ like ရူးတွေကြောင့်ပြန့်ကုန်တာ အတော်ခက်တဲ့လူတွေ
Deleteစစ်အာဏာရှင်စနစ်အမြန်ကျရှုံးပါစေ🙏🙏🙏
ReplyDeleteTill the end
ReplyDeleteFighting together 💪
ဘဝမှာမမှီလိုက်တဲ့ရထားဥဩသံဟာ လွမ်းစရာအကောင်းဆုံးပဲ
ReplyDeleteဒီလိုပါပဲ မင်မင်ရေ့
လွမ်းစရာမကျန်ရအောင် ရထားကိုမှီအောင် ကြိုးစားရမှာပေါ့
ဖိုက်တင်းပါ မင်မင်နဲ့ကလစ်ကာတို့ရေ့
နေ့ရက်တိုင်းက အမြဲအဆင်ပြေနေမှာလဲ မဟုတ်သလို
အမြဲတမ်းလဲ စိတ်ဆင်းရဲစရာချည်းပဲလဲ မဟုတ်ပါဘူး
လူ့လောကမှာရှင်သန်ရတဲ့အခါ လောကဓံလို့ခေါ်တဲ့
ထိုအရာတွေကို ကြံ့ကြံ့ခံနိုင်သွားမှသာ
စိတ်ရော လူရော ကျန်းမာနိုင်မှာပါ
# လူ့ဘဝဆိုတာ အမြဲအဆင်ပြေနေမှာ မဟုတ်ပါဘူး
အဆင်ပြေနေရင်လဲ ဒါကို ဘဝလို့ ဘယ်ခေါ်ပါ့တော့မလဲ။။။။
ကျနော်ကစာထက်ပုံလေးကိုပိုသဘောကျတယ်..ကိုမင်းကိုနိုင်ရေ😊
ReplyDeleteပုံလေးက ကိုကလစ်ဆွဲထားတာလို့ထင်တယ် (C2D logo လေးနဲ့အိတ်လေးဆွဲနေတဲ့ပုံကိုပြောတာမလား?)
Deleteစစ်ကျွန်ဘဝမှာနေသားကြသွားပြီလား?
ReplyDeleteတစ်ချို့လူတွေနေသားကြနေကြပြီ ငါပြောတာဟုတ်တယ်မလား မင်းပတ်ဝန်းကျင်မှာ အဲ့လိုလူတွေအများအပြားရှိနေတာမင်းတွေ့မှာပါ (ငါ့ပတ်ဝန်းကျင်မှာ လည်းရှိတယ်) နေသားကြသွားတဲ့လူ,ကိုယ်နဲ့မဆိုင်ဘူးလို့အခုထိတွေးနေတဲ့လူတွေ လိပ်ပြာလုံတယ်ထင်ပြီးမျက်နှာပြောင်တိုက်နေနိုင်တဲ့မျက်နှာတွေကိုပါးရိုက်ပစ်ချင်တဲ့စိတ်မနည်းထိန်းထားရတာလည်းမလွယ်ပါဘူး
💙
ReplyDeleteClick with love 💕
ReplyDelete🍀🍀🍀🍀🍀
ဒီနိုင်ငံမှာ နေရတာ အဆင်မပြေဘူး
ReplyDeleteတချို့တွေကစစ်ကျွန်ဘဝနေသားကျနေတာ ဘီယာသောက် ktvသွား သာသာယာယာနေနိုင်ကျတယ်
ReplyDeleteApril 9😍
ReplyDeleteStay_Strong
ReplyDeleteApril 11 ပုဇင်းဖမ်းချင်တာပါဆိုဗျာ😍
ReplyDeleteApril 12 we get it.
ReplyDeleteကလစ်ကာဖစ်ခွင့်ရလို့ပျော်တယ်အရမ်း🕊
ReplyDeleteဟုတ် ကြိုဆိုပါတယ်
ReplyDelete2 times
ReplyDeleteမွန်အောင် သီချင်းလေးကို သွားသတိရမိတယ်
ReplyDeleteပြန်ပါပြန်ပါခွပ်ဒေါင်းနီ
နောက်မျိုးဆက်သစ်တွေ စစ်ဖိနပ်အောက် မနေစေရ။
ReplyDeleteကိုယ်တိုင်မှ စ ခွန်အားရှိသမျှ တိုက်ထုတ်ကြမယ်။
😂သင်္ကြန်ဆိုလား
ReplyDeleteပြီးပေါ့
ReplyDelete💪💪💪
ReplyDelete😘
ReplyDeleteClickတာပဲလုပ်နိုင်တယ်
ReplyDeleteClickတာပဲလုပ်နိုင်
ReplyDeleteဖုဌသ လောက ဓ မ္မေဟိ စိတ္တံယသ နကမ္ပတိ အသောကံ ဝိရဇံခေမံ လို့ပဲ နှလုံးသွင်းထားပါတယ်။
ReplyDeleteအာဏာရှင်စနစ် အမြန်ကျဆုံးရမည်
ReplyDelete18.5.2022
ReplyDeleteခုဆို အကောင့်ထဲက ဒေါ်လှပါသိမ်းတဲ့ခေတ်ရောက်ပြန်ပြီလေ
ReplyDeleteClip Together Win Together
ReplyDeleteပြောပြလို့မရတဲ့သူတေကိုလက်လွတ်
ReplyDeleteလိုက်ပီကိုလစ်ရေ🕊
အရေးတော်ပုံအောင်ရမည်
ReplyDeleteHope you are OK with everythings....
ReplyDeleteKeep going..
pdf ေအာင်ရမည်
ReplyDeleteစစ်ကျွန်ဘဝကလွတ်မြောက်ဖို့ ပြည်သူအားပူးပေါင်းပါဝင်ကြိုးစားကြပါစို့
ReplyDeleteclick
ReplyDeleteပြည်သူ့အတွက် ကလစ်
ReplyDeleteပြည်သူအားလုံး ကို လေးစားပါတယ်
ReplyDeleteမအေလိုးတဲ့ မင်းအောင်လှိုင် ဆီက ဘာမှမမျှော်လင့်နဲ့ ပြိုင်တူရုန်းကြမယ် အားလုံးပါဝင်နိုင်ရင်တော့ အကောင်းဆုံးပဲပေါ့
ReplyDeleteGood suggestion.
ReplyDeleteဒီရထားကိုမှီအောင်စီးမှရမှာမို့
ReplyDeleteမှီအောင်စီးကြပါစို့
ကိုယ် ချင်းစာ တရား ေပျာက်ကွယ် ေနတဲ့ တိုင်း ပြည်
ReplyDeleteသိပ်မှန်တာပေါ့
ReplyDelete❤️❤️❤️
ReplyDeletedone
ReplyDeletegood
ReplyDeleteပြည်သူမှာ ပြည်သူပဲရှိတယ်တဲ့
ReplyDeleteတချို့ နေသာသလိုေနကြတာ
မြင်ေတာ့ရင်နာရတယ်
တချို့တွေ တွဲခေါ်လို့မရဘူးအကြောင်းပြချက်တွေပဲပေးတယ်
ကြာတော့လည်း သူတို့ကိုပြောစရာစကားမရှိတော့ဘူး
ခွေးချီးစားမင်းအောင်လှိုင်
ReplyDeleteခွေးချီးစားမင်းအောင်လှိုင်
ReplyDeleteမဂ်လာပါ 🙏🙏🙏🙏🙏
ReplyDeleteအခုမှပဲမန့်လို့ရတော့တယ် 😁😁😁 အရင်နေ့တွေကမလုပ်တတ်လို့..... 😂😂😂
ReplyDeleteIf we want democracy
ReplyDeleteWe had to click💪🏻💪🏻💪🏻
ငါတို့နိူင်မှာ 💪
ReplyDeleteVictory is here and now.
ReplyDeleteGood afternoon 🔆
ReplyDeleteနိုင်ရာတာဝန်တွေအတူတူထမ်းဆောင်ရင်းရှေ့ဆက်သွားကြပါစို့ဘယ်တော့မှအရှုံးမပေးဘူးအဆုံးထိတိုက်သွားကြမယ်
ReplyDeleteClick
ReplyDeleteဖုန်းဘေကူညီပေးသူများခင်ဗျာ
ReplyDeletedata နဲ့ကလစ်ရတာသိမ့်မကိုက်လို့
အဲဒါအခု Wifi လေးတပ်ချင်လို့
အဆင်ပြေသလောက်လေးပဲ
တစ်လတစ်ခါ လှူပေးကြပါလားဗျ
၁ လကို ၃၀၀၀၀ ကျပ်ပါ
ကျနော်က တဝက်ဖိုး ၁၅၀၀၀
တတ်နိုင်ပါတယ် ကျန်တဲ့ ၁၅၀၀၀
ကို ပါဝင်ကူညီပေးကြမလားဗျ
09986010403 ကို sms ပို့လို့ပါတယ်
viber လဲသုံးပါတယ် အကြံလေးလာပေးကြပါခင်ဗျာ ❤
good
ReplyDeleteပုံလေး ဆေ့ချင်ပါတယ်
ReplyDeleteကဗျာတွေပို့ပေးချင်ပါတယ်ဘယ်လိုပို့ရမယ်သိပါရစေ
ReplyDeleteဘလော့ပို့စ်အသစ်တွေရဲ့ ထိပ်ဆုံးမှာမန့်လိုက်လို့ အက်ဒ်မင်မြင်သွားရင် အဆင်ပြေတဲ့အချိန် ပြန်တင်ပေးတတ်ပါတယ်.
DeletePage messenger မှာသွားပို့လို့ လူများ
(အာ..စာရိုက်တာမပြီးသေးပဲ မှားနှိပ်မိပြန်ပြီ)
DeletePage messenger မှာက ထောက်ပို့အတွက်ပြောနေကြတာများမယ်ထင်တယ်. အဲ့မှာသွားပို့ရင် မမြင်မှာစိုးလို့
Done💕💕
ReplyDeleteDone 💪💪💪
ReplyDeleteအားလုံးမင်္ဂလာပါ
ReplyDeleteပြည်သူပိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး ပြည်သူလက် ပြန်ရဖို့ clickကြစို့🤝
ReplyDeleteတကယ်ကို ခံယူချက် ပြင်းပြသူတွေ ကသာ ကလစ်ကြတာပါ။ ဘယ်လေက်စည်းရုံး စည်းရုံး ဟုတ်ကဲ့ ဟုတ်ကဲ့ ပဲပြောပြီး မကလစ်ကြဘူး။ ခုတော့ စည်းရုံးမနေတော့ဘူး။ ကိုယ်ကသာ ပိုကြိုးစား ကလစ်နေတယ်။ ၁၂နှစ် ကလေးနဲ့ ၈နှစ် ကလေးကိုပါ တနေ့ကို အနည်းဆုံး ပွိုင့် ၅၀ စီလောက်ရအောင် ကလစ်ခိုင်းရတယ်။ ကိုယ်ကတော့ C2D 100, LattSaung 100, YouTube ၁ နာခွဲလောက်၊
ReplyDeleteအချိန်တန်အိမ်ပြန်ရမဲ့ ငါတို့ကလေးတွေအတွက်နေ့တိုင်းတစ်ရက်မပျက် ကလစ်နေပါတယ် မသွားဘဲနေရင်မရောက်ဘူး သွားနေရင်တနေ့တော့ရောက်မှာပါ ဘယ်တော့မှမလျော့ဘူး အရှူံးမပေးမချင်း ငါတို့နိုင်ကိုနိုင်ရမယ်
ReplyDeleteDon't give up.
ReplyDeleteWe win unless we give up.
I will not give up.
clicker အပေါင်းတို့ရေညချမ်းလေးပါ clickerအပေါင်းတို့စိတ်ချမ်းသာကိုယ်ကျမ်းမာပီနေ့စဥ်မပျက် click ပေးနိုင်ကျပါစေ
ReplyDeleteအောင်မြင်ဖို့Clickကြစို့
ReplyDelete၂၀၂၂ ရထားကို ကလစ်ခြင်းဖြင့် အမီလိုက်ခဲ့ပါပြီ။
ReplyDeleteအရင်ကတော့ ဆန္ဒဖော်ထုတ်ခြင်းနဲ့ပေါ့
ကိုယ်နိူင်သလောက် သဲတစ်ပွင့်အဖြစ်ပါဝင်ရင်း
မမီလိုက်ဘူး မရှိရအောင်ပေါ့...
Fighting all clickers 😍
ReplyDeleteDone
ReplyDeleteဒီနေ့အထိ ရောက်ခဲ့ပြီးမှတော့ ရှေ့ဆက်ကြဖို့ပဲရှိတော့တယ်......
ReplyDeleteပြည်တော်သစ်ဆီသို့....
June 30 done 😃
Deleteနောက်တခါ reply ပါ ပိတ်ထားနော်
Deleteမင်္ဂလာပါ။
ReplyDeleteThanks.
ReplyDeleteအဆုံးထိသွားကြသာပေါ့..
ReplyDelete