Homesick

အချိန်တွေများကို ရေတွက်ရင်း . . . 

အဖော်မဲ့ လမ်းကြမ်းတွေ . . 

သေရာပါမယ့် မကျေနပ်ခြင်းတွေနဲ့  . .  

ဘာဟာဘဝတစ်ခုလည်း ငါဟာ အိမ်ကို မပြန်ရဲလို့ . . .😭 

အိမ်ပြေး - ဖော်ကာ 



Comments

  1. take care ပါဖီဖီအမြန်ဆုံးသက်သာပါစေနော်ရှင့်

    ReplyDelete
    Replies
    1. အေ first ပေါ့ ဟိဟိရေးးး

      Delete
    2. ကျန်းမာရေး ဂရုစိုက်ပါ မင်မင်ရေ။

      Delete
    3. သေရာပါမယ် မကျေနပ်ခြင်းတွေနဲ့ ဘာဟာဘဝတစ်ခုလဲ ငါဟာ အိမ်ကိုမပြန်ရဲလို့ အိမ်ကိုမပြန်ရဲလို့ ရည်ရွယ်တာတွေကွယ်ပျောက်သွားချိန်မှာ အိမ်မက်ဆိုးများနဲ့ အိမ်အိုလေးပဲ ငါလွမ်းတယ်

      Delete
    4. အမြန်​ရောက်နိုင်ပါ​စေရှင်

      Delete
    5. အသံကောင်းလှချည်လား😂

      Delete
  2. အိမ်မပြန်ရဲရင်ဘယ်သွားမှာလည်းဖီဖီက

    ReplyDelete
    Replies

    1. ကျော့က မမဆီလာခဲ့ 😍

      Delete
    2. အမကိုရော မခေါ်ချင်ဘူးလား စံ
      🥰🥰🥰

      Delete

  3. ဘာမှမတွေးပါနဲ့တော့ကွယ်
    မနက်ဖြန်တွေ မသေသေးသမျှ
    ငါတို့ ရှင်သန်ခွင့်ထဲကနေ မျှမျှပြီး
    ဖေးမကြတာပေါ့...

    ဥာဏ်ပညာရယ်
    ချစ်ခြင်းတရားရယ်
    တော်လှန်ရေးကို
    ရှင်သန်စေမယ်...

    ReplyDelete
    Replies
    1. ကိုယ့်ရဲ့ ရှင်သန်ခွင့်ထဲကနေ မျှမျှပြီး
      ဖေးမကြမယ် စံလေး ကျန်းမာရေး ဂရုစိုက်ပါနော်

      Delete

    2. ဟုတ်
      မမရေ😍

      Delete
    3. Love you 😗

      Delete
    4. မsan ေရနေမှကောင်းရဲ့လား

      Delete
    5. အမှန်ဆုံးပေါ့

      Delete
  4. ဖေဖေအက်မင်ဖျားတော့ အိမ်ကိုလွမ်းနေမှာပဲ
    ဒါမဲ့စလိနော် စလိ မီ ဝတ်ချင်းယူ မင်မင်🧐

    ReplyDelete
    Replies
    1. btw သင်္ကြန် ကရှိအူးမှာလား ဆော့ရမှာလားမဆော့ရဝူးလား🥴

      Delete
    2. ဆော့ပါနဲ့ အပူရှပ်လိမ့်မယ်😅

      Delete
    3. aegioo..
      Sanကသဘောကောင်းလတ်တာ ...😺😺

      Delete
  5. app ထဲမှာ မပေါ်လို့ Google ကနေရှာပြီးရောက်အောင်လာခဲ့ရတယ်

    ReplyDelete
    Replies
    1. ဟုတ်တယ် အတူတူဘဲ ဘယ်လိုပြန်ပြင်ရမလဲမသိဘူး

      Delete
    2. App clear cache လုပ်ပြီး ပြန်ဝင်ကြည့်လိုက်နော်

      Delete
  6. အိမ်ကိုလွမ်းနေတာလား မင်မင် ဖိုက်တင်းနော် မြန်မြန်သက်သာပါစေ

    ReplyDelete
  7. အိမ်နဲ့ခွဲပြီး အလုပ်လုပ်ဖူး​​တော့ အိမ်ကိုလွမ်းတာ ဘယ်​လောက်​တောင် နာကျင်ခံစားရလဲ ဆိုတာ သိတယ်
    အထူးသဖြင့် ​နေမ​ကောင်းဖြစ်တဲ့ချိန်​တွေဆို အိမ်ကို အ​ပြေးပြန်လာချင်တယ်
    ​တောထဲ​ရောက်​နေတဲ့သူ​​တွေနဲ့ အထဲထဲ​ရောက်​နေတဲ့သူ​တွေ ဘယ်​လောက်​တောင် အိမ်လွမ်း​နေရှာမလဲ​နော်
    အိမ်ထမင်း အိမ်ဟင်းနဲ့ ချစ်ရသူ​တွေကို အရမ်းကို တမ်းတ​နေမှာ .....
    ​တွေးမိရင်း ငိုချင်တယ်ကွယ် 😔😔😔

    ReplyDelete
    Replies

    1. ရင်ကွဲရတယ် ဆန်းမီရယ်
      ကိုယ်ချင်းစာလွန်းလို့ 😥

      Delete
    2. ရင်ကွဲရတာ​​တော့ မ​ပြောနဲ့​တော့ @ San Zuren ​ရေ
      နှလုံးသား​တွေ နာကျင်ရတယ်ဆိုတာ ဒါကို ​ပြောတာ ထင်ပါရဲ့ 😔😔😔

      Delete
  8. Wheel..............dope.🏹🏹🏹

    ReplyDelete
  9. Fightingပါဘဒို
    သပြေခက်နဲ့ကြိုချင်ပါတယ်ဗျ
    ကျန်းမာရေးအထူးဂရုစိုက်ပါဗျ

    ReplyDelete
  10. သေချာလေး treatmentယူပါဗျာ
    ခဏတိုင်းပြန်ဖြစ်တာ ကြာရင် ပရုပ်လုံးဖြစ်လိမ့်မယ်
    ကိုယ်ခံအားတက်အောင် အာဟာရဖြစ်တာလေး‌ေတွ စားပေးပါ
    မိသားစုနှင့်ဝေးတဲ့သူတွေအများစုက ဖြစ်‌သလိုစားသောက်ကြတာများတယ် ဆရာလုပ်တာမဟုတ်ပါ
    Fighting ပါ

    ReplyDelete
    Replies
    1. ခိုလှုံရာ အရိပ်နှင့် လမ်းခွဲထွက်

      ဒါ ဘဝရဲ့ ခရီးတွေပဲ...

      ရင်မှာ မောပန်းခြင်းနှင့်ဝဲလှည့်ရင်း

      ငါဟာ အိမ်ကိုလွမ်းနေသူ...

      ဒီပင်လယ်ကြီးရဲ့ ဟိုး တစ်ဖက်ကမ်း

      ငါ လှမ်းရင်းမှန်းမျှော်ဆဲ ...

      ဒီရင်ကိုချည်သော ကြိုးတင်းခဲ့

      ငါ အိမ်ပြန်ရန် မဖြစ်နိုင်သူ ...

      ကြေကွဲခြင်းနှင့်ငိုရှိုက်ခဲ့ညတွေ

      ဘယ်သူသိနိုင်မလဲ.....

      (အိမ်လွမ်းနေတဲ့သူကိုမနှစ်သိမ့်တတ် ပိုငိုအောင်ပဲလုပ်တတ်တယ် 🥺 ကျနော်လည်း အမေ့ကိုလွမ်းတယ် အိမ်ကိုလွမ်းတယ် 😔)

      Delete
    2. အိမ်ကိုလဲလွမ်း ဟိုဘက်linkတွေကလဲ နေကောင်းရဲ့လားနဲ့မေးနေကျပြီ ဒေါ်ညိုပြာ😍😍😍

      Delete
    3. ဟိုဘက်linkတွေမှာ နေ့တိုင်းကလစ်ပေမယ့် နေ့တိုင်းမမန့်ဖြစ်ဘူးဗျ

      Delete
    4. အိမ်ပြန်ရမယ့်ရက်တွေ
      နီးလာပြီ
      Fighting ပါ

      Delete
  11. 'အိမ်ကိုပြန်ခဲ့တော့...ဟိုမှာမပျော်တဲ့ခဏ...' အဲ့သီချင်းနဲ့ ဖီးလ်ခဲ့ဘူးတယ် (ကြယ်တွေစုံတဲ့ည ကိုတော့ ခုချိန်ထိ နားမထောင်ရဲသေးဘူး)
    နေမကောင်းတဲ့အခါ အိမ်ကိုပိုလွမ်းမိတတ်တယ်. Homesick ကိုခံစားဖူးလို့ နားလည်ပါတယ်. တယောက်တည်း နာကျင်ရတဲ့အခါ မိသားစု/သူငယ်ချင်းနဲ့စကားပြောပါ. ကျန်းမာအောင်နေပါ.အိပ်ရေးဝဝအိပ်ပါ. Bakuteh ပူပူလေးကို သောက်ကြည့်ပါ (ဝက်သားစားခဲ့ရင်).ကိုယ့်ကြောင့်ပျော်ရွှင်နေတဲ့သူတွေ ကိုယ့်ကိုပျော်ရွှင်စေတဲ့သူတွေအကြောင်းတွေးပြီး စိတ်သက်သာရာရပါစေ....
    ဒီအချိန် ဒီနေရာမှာ ရှိသင့်ခဲ့လို့(ရှိခဲ့လို့) ဒီလိုတာဝန်တွေထမ်းရွက်နိုင်တာမို့ ဂုဏ်ယူလိုက်ပါ.
    'မိုးသားမည်းမည်းတွေ ကင်းရှင်းသွားတဲ့ တနေ့တော့ လှပလွန်းတဲ့ ကောင်းကင်ပြာ..ပြန်လည်လို့တွေ့ကြရဦးမယ်......'
    Fighting.....par! Good take care and sound asleep.

    ReplyDelete
    Replies
    1. အားပေးစကားလေး အားရှိလိုက်တာ။

      မင်မင်လေးရေ

      FB မှာ

      တို့လက်ရာ ဆိုပြီး ရိုက်ရှာလိုက်

      အဲ့မှာ မှာစားလို့ရတယ်နော်။

      ဟင်းမချက်နိုင်ရင်။

      Delete
    2. @UNKNOWN လေးရေ
      အဲ့ သီချင်းလေးနဲ့ feel ခဲ့တာ

      မှတ်မိပါ့။

      Delete
    3. This comment has been removed by the author.

      Delete
  12. ကိုလင်းလင်းရဲ့ အဖေနဲ့အမေနေတဲ့အိမ် သီချင်းကို
    ထပ်နားထောင်ကြည့်ပါလား မင်မင်

    ReplyDelete
    Replies
    1. ဖိုက်တင်းနော်
      ဝေးတစ်နေရာရောက်နေချိန်မှာ
      နေမကောင်းဖြစ်နေတဲ့အချိန်မှာ
      အိမ်ကိုလွမ်းရင်း ငိုခဲ့ရတဲ့ရက်တွေကို ကိုယ်ချင်းစာပါတယ်
      ဖိုက်တင်းပါ မင်မင်ရေ့
      နေကောင်းကျန်းမာအောင် ကိုယ့်ကိုဂရုစိုက်

      ကျမတို့က ဖီးနစ်မျိုးတွေ
      ကျမတို့က လူငယ်တွေ
      ✊🍀💙

      Delete
  13. This comment has been removed by the author.

    ReplyDelete
  14. This comment has been removed by the author.

    ReplyDelete
  15. လူတယောက်က အိမ်နဲ့ဝေးတာ၆လကျော်ပြီဆို အိမ်လွမ်းဝေဒနာစပြီတဲ့ ကိုယ်လဲ တမာတွေပေါတဲ့အညာမြေတောကမိဘအိမ်လေးလွမ်းနေပြီ😔

    ReplyDelete
  16. အရေးတော်ပုံ အောင်မြင်ပြီး
    ချစ်ရသူတွေနဲ့ အမြန်ဆုံး ပြန်လည်တွေ့ဆုံနိုင်ပါစေ။

    ReplyDelete
  17. မန့်တွေဖတ်လိုက်တော့ဒီထဲမှာမင်မင်နှင့်အတူတူအိမ်န‌ဲဝေးနေတဲ့သူတွေကိုတွေ့လိုက်ရတော့အတော်လေးစိတ်မကောင်းဘယ်လိုအားပေးရမှန်းတောင်မသိတော့ဘူးအားတင်းထားကြပါနော်အရေးတော်ပုံအောင်ပီးဒီမိုကရေစီရတဲ့နေ့ကြရင်တွေ့ဆုံချင်လိုက်တာ

    ReplyDelete
  18. Fighting💪🏻💪🏿💪🏽🦾

    ReplyDelete
  19. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  20. take care ပါမင်မင်

    ReplyDelete
  21. ဒီရက်ပိုင်းသတင်းကောင်းဆိုလို့ ဝမ်းသာမလို့ကို အိမ်လွမ်းနေပြီထင်လို့ စိတ်မကောင်းပြန်ဘူး မင်မင် ကျမ္မာအောင်နေပါ ခမျာ

    ReplyDelete
  22. Homesick ကို ခံစားဖူးတယ် အရင်အလုပ်လုပ်နေချိန်တုန်းက နေမကောင်းဖြစ်တိုင်းမှာ duty တွေကြောင့်အိမ်လည်းမပြန်နိုင် ကိုယ့်ဘာသာတစ်ယောက်တည်းပဲ သက်သာအောင်နေရ အလုပ်ပြန်လုပ်နဲ့ပါပဲ မင်မင်လည်းအားတင်းထားပါ အိမ်ကိုမပြန်နိုင်သေးပေမယ့် pH ဆက်စကားပြောတာတွေလုပ်ပါ အားရှိစာစား အိပ်ရေးဝဝအိပ်ပါနော် ✨🍀🍓

    ReplyDelete
  23. အလုပ်ရှုပ်လို့ မင်း ဆင်​ခြေ​ပေးမှာလား
    တချို့လူ​တွေ ​ရင်းထားတာ အသက်​တွေများ
    လက်ပိုက်ပြီး ကြည့်မ​နေနဲ့
    မင်းစိတ်က ​သွေးမ​အေးရင်
    ငါ့ကို သက်​သေပြ ​. . . ဟ!
    မတရား​သော စစ် ရပ်ပစ်မယ့် clickers
    လက်ညှိုး တစ်​ချောင်းထဲနဲ့ ရင်ဝကို ပစ်မှာ
    ​နောက်တန်းက​နေ မိုးထိ ပစ်မယ့် မြှားးး
    လွတ်လပ်ခွင့်​တွေ အားလုံး ငါတို့ ပြန်သိမ်းမှာ
    Write down a note that we are CLICKERS

    ReplyDelete
  24. ဘာပြောရမှန်း မသိ

    ReplyDelete
  25. အာဏာဖီဆန် CDM

    တိုက်ပွဲ အဆုံးသက် PDf 💪💪💪

    ReplyDelete
  26. 🧡💛💜❤️💙💪🥰💪

    ReplyDelete
  27. ကိုယ့်အရပ် ကိုယ့်ဒေသ ကိုယ်နေခဲ့တဲ့နေရာလေးကို လွမ်းနေကြမှာပါ ကိုယ်ချင်းစာပါတယ် အမြန်အိမ်ပြန်ရဖို့ ကြိုးစားနေပါတယ် ကလေးတို့ရေ စိတ်မကောင်းဘူး💖😙😢💪

    ReplyDelete
  28. ခဏလောက်ပဲ
    လွမ်းပါကွာ
    စိတ်ပိုပင်ပန်းမှာစိုးလို့ပါ
    ပင်ပန်းစရာတွေကများတယ်လေ
    ������ဖိုက်တင်းပါ

    ReplyDelete
  29. အိမ်နဲ့အဝေးမှာအလုပ်သွားလုပ်ခဲ့ဖူးတော့အိမ်ကိုလွမ်းတဲ့ခံစားချက်ကို အလိုလိုနားလည်ပါတယ် ဒီနှလုံးသားကြီးကခံစားပေးနိုင်ပါတယ် ဒါကြောင့်မို့အားတင်းထားပါနော်💪 ကျန်းမာရေးဂရုစိုက်ပါနော် 🙏ကျနော်တို့မှာကျနော်တို့ပဲရှိတာလေနော် ဂရုစိုက်ပါတစ်နေ့အိမ်အိုလေးထံအရောက်ပြန်ကြမယ်လေနော်💛✊"ဒီလိုဘဝမျိုးတွေနောက်ဆုံးဖြစ်ရပါစေကျနော်ဆုတောင်းပြီးရင်းဆုတောင်းနေတဲ့ဆုတောင်းစကားကြားသိပါစ" 😔

    ReplyDelete
  30. ရည်ရွယ်တာတွေကွယ်ပျောက်သွားချိန်မှာ
    အိပ်မက်ဆိုးများနဲ့ နယ်မြို့လေးပဲငါလွမ်းတယ်

    ဆာဖော် သီချင်းမြင်တော့ ကိုတွတ်ပါရောသတိရ
    SIR

    ReplyDelete
  31. ဖိုက်တင်းပါ မင်မင်ရေ

    ReplyDelete
  32. မင်မင် မြန်မြန်နေကောင်းသက်သာပါစေ
    🙏🙏🙏

    ReplyDelete
  33. အရင်က Homesick
    အခုက officesick 😀😀
    မအလကြောင့်ရုံးမတက်ရတော့ရုံးကိုသတိရတယ်

    ReplyDelete
  34. ဖိုက်တင်း ပါမင်မင် ရေ အလို့ခံစားမှုမျိုးကိုကိုယ်ချင်းစာပါတယ်ကွာ အေးချမ်း မှုတွေရောက်ရှိခံစားရပါစေ ချစ်တယ်
    ငါတို့နိုင်မှာ

    ReplyDelete
  35. အိမ်နဲ့အကြာကြီးခွဲပြီးနေဖူးတယ် ချယ်ရီပွင့်တဲ့အရပ်မှာနေပြီးပိတောက်ပန်းကိုလွမ်းဖူးတယ် homesickကိုကိုယ်တိုင်ခံစားဖူးလို့ကိုယ်ချင်းစာပါတယ် ဖိုက်တင်းပါမင်မင် နေကောင်းကျန်းမာပြီးအိမ်ကိုမြန်မြန်ပြန်လာနိုင်ပါစေ နိုင်ကိုနိုင်မှာပါ💪

    ReplyDelete
  36. အိမ်မက်ဆိုးများနဲ့နယ်မြို့လေးဘဲငါ့လွမ်းတယ်

    ReplyDelete
  37. ဧရာဝတီတိုင်းကလူတေ နေနိုင်ကြတယ် ဗျာ
    သူတို့နဲ့မဆိုင်သလိုပဲ တော်တော်များများက

    ReplyDelete
  38. There is no place for the monsters! although they can handle the world for a little moment, they have to be defeated at last. Justice must prevail!

    ReplyDelete
  39. နေကောင်းသက်သာရဲ့လား🍓🌸

    ReplyDelete
    Replies
    1. ဟုတ် သက်သာပါတယ်😁

      Delete
  40. သန်ခေါင်ယံညရဲ့ ညဥ့်နက်ထဲ ငါတယောက်တည်းလွမ်းလို့ဆွေး ွဒီလိုမိုးတွေရွာချိန် အချိန်တိုင်းပဲ့😔

    ReplyDelete
  41. Take care
    အမြန်နေကောင်းပါစေ
    နေမကောင်းချိန်ဆိုတော့ အိမ်လွမ်းနေမယ်ထင် ဖိုက်တင်းပါ💪🏻💪🏻

    ReplyDelete
    Replies
    1. အစားလည်း များများစား အိပ်ရေးလည်း ဝအောင်အိပ်ပါရှင့်

      Delete
  42. ပို့သတဲ့ မေတ္တာတွေ အပြည့်အဝ ရပါတယ်ခင်ဗျာ ❤️

    ReplyDelete
    Replies
    1. အက်မင်ကြီးရေ ပို့သတဲ့မေတ္တာတွေအပြည့်အဝရလို့ဝမ်းသာကြောင်းပါ💛

      ဟီးဟီး 🤭အက်မင်ကြီးမန့်အောက်မှာ မေတ္တာဓာတ်တွေသယ်ဆောင်သွားသည်။

      Delete
    2. အဆင်ပြေလား မင် ကျမ္မာရေး ကော အားရှိအောင်စား အားပြည့်အောင်အိပ်ပါ နော်

      Delete
    3. အဲဒါဆို VMပို့ပေးပါ 🤭

      Delete
    4. ညိုပြာ​ပြောတာ ​​ထောက်ခံပါ၏ 😁😁😁

      Delete
    5. ညိုပြာ ​ပြောတာ ​​ထောက်ခံပါ၏ 😁😁😁

      Delete
  43. လာတဲ့နေရာတွေစုံလင်သော ကျနော်တို့မမခြူး😘

    ReplyDelete
  44. Admin ကြီးကိုချစ်တယ်😁😁😁😘

    ReplyDelete
    Replies
    1. ကျွန်တော့်ကိုရော ချစ်လား 🥺

      Delete
  45. အမေကို ပိတောက်ဖူးတွေနဲ့ မြင်ချင်တာဟာ အကြီးမားဆုံး ဆန္ဒပါ 🙏🙏🙏

    ReplyDelete


  46. လွမ်းတယ်လို့ ခဏခဏ မပြောဖြစ်ခဲ့တဲ့အချိန်
    ကောင်းကင်ကိုမော့ကြည့်လိုက်တယ်
    ဂရုစိုက်ပါလို့ ခဏခဏ မပြောဖြစ်ခဲ့ရင်တောင်ဂရုစိုက်ပါကွာ
    သန်မာတဲ့သူတွေသာရှင်သန်နိုင်တဲ့ ကမ္ဘာကြီးဖြစ်နေတာမို့
    မင်း ခွန်အားအပြည့်နဲ့ ဝံ့ကြွားနိုင်ပါစေ....

    ReplyDelete
  47. သက်ြန်နီးလေ၊မိုးလေစွေရင်၊ပိတောက်ပွင့်ဖူး၊ဝါကောင်လူးရင်၊ပန်းတွေနဲ့တင့်၊အလှဝင့်တဲ့၊ပြည်သူ့အမေ၊လွမ်းတယ်လေ...အကောင်းကျန်ရစ်၊မြန်ပြည်သစ်တွက်၊ဘဝစတေး၊လုပ်ဆောင်ပေးသည့်၊ပြည်သူ့အမေ၊ကျန်းမာစေ..
    လွမ်းမျက်ရေ၊မကုန်သေးပေ။

    ReplyDelete
  48. ဘုရားလမ်းနား ကြက်မတေတွေ့တာနဲ့
    နောက်လိုက်မိတယ်
    ဆီတွေတောင်စျေးတက်နေပိခများတို့ကောစျေးတက်နေပိလားလို့....?
    သူက​ပြန်ပြောတယ် ကျမတို့ကဆီမှမလိုတာတဲ့
    အဲ့တော့တက်စရာမလိုဘူးတဲ့..?
    အော်...မေးတဲ့သူကိုမေးခွန်းသတ်လိုက်တဲ့ချာတိတ်မလေးရဲ့စကားအပိးမှာကျက်သီးထခဲ့ရပါတယ်

    ReplyDelete
  49. 500miles ဒါမှမဟုတ် Take me Home, Country Roads လေးနားထောင်ကြည့်ပါလား?
    (ဆီလောင်းပေးတာ😆)

    ReplyDelete
  50. မနေ့ကဟိုဖက်မှာမန့်လို့မရဘူးရယ်
    (moonshine)

    ReplyDelete
  51. ကျန်တာတွေကအရေးမကြီးဘူးC2Dနဲ့clickတွေနှိပ်ရဖို့ကအရေးကြီးဆုံးပဲ

    ReplyDelete
  52. Our revolution must prevail

    ReplyDelete
  53. ရွာပြန်ရောက်ရင်တော့ လိုင်းကမမိနဲ့ ဘယ်လိုတောင် ကလစ်ရပါ့မလဲ

    ReplyDelete
  54. Be strong your self & relax emotion to pass through your homesick buddies.

    ReplyDelete
  55. အားလုံးဘဲ အားတင်းထားကြပါနော်

    ReplyDelete
  56. Me too admin 😥😥😥😢😢💕💕💕

    ReplyDelete
  57. အိမ်မှာနေရင်း Homesick 😌
    22.3.2022
    8:27 am

    ReplyDelete
  58. လူတွေအကြောင်း

    လူတွေကပဲ

    သင်ပေးခဲ့တယ်

    crd

    ReplyDelete
  59. နွေရူးရဲ့ နှစ်ကူးအကြို
    ရန်ကုန်မှာ အစောဆုံး(ကိုယ်မြင်ဖူးတာ)ပိတောက်ပန်းတွေ ပွင့်နေပြီ....

    ReplyDelete
  60. အခုတစ်လောအထီးကျန်သလိုမျိုးစိတ်ခံစားမှုဖြစ်နေတယ် Bille Eilish ရဲ့ Lovely သီချင်းနားထောင်လိုက်တော့ငိုချင်သလိုလို😣
    လူတွေအများကြီးရှိနေလည်းအထီးကျန်နေတာပဲပျောက်မသွားဘူး😔

    ReplyDelete
    Replies
    1. ပင်ပန်းလွန်းလို့ လမ်းပျောက်သူ ဖြစ်ချင်တယ်

      Delete
  61. ဒီရက်တွေ အဆင်ပြေမနေပါ

    ReplyDelete
  62. အိပ်ချင်ပေမဲ့လည်းClickနေဆဲပါclickနေရင်းငိုက်သွားဖူးတယ်😁😁😁

    ReplyDelete
  63. ကလစ်၍ ကူကြမယ်။❤

    ReplyDelete
  64. ငါတို့နိုင်ကိုနိုင်ရမည်

    ReplyDelete
  65. Fight for future...........

    ReplyDelete
  66. Hey............... click together.

    ReplyDelete
  67. One click..... one bullet 🚅

    ReplyDelete
  68. Never give up......

    ReplyDelete
  69. စက္ကန့်လေးတွေ ထည့်ပေးထားတော့
    ပိုအဆင်‌ပြေတယ်ဗျ

    ReplyDelete
  70. Pdf ေအာင်ပါေစ

    ReplyDelete
  71. တလရကြီး အောင်ပြီးရင်
    တူတူပြန်ကြမယ်
    ကိုယ့်တူလေးရေ

    ခုတော့ အားတင်းထားအုံး💪

    ReplyDelete
  72. ရေဒီယိုတေး စိတ်ကြိုက်ရွေးJune 25, 2022 at 8:13 AM

    မအေလိုး မင်းအောင်လှိုင်

    ReplyDelete
  73. တ​နေ့​တေ့ာပြန်ရမယ်​နော်

    ReplyDelete
  74. ချစ်ရတဲ့သူ‌ေတွနဲ့ အမြန်ဆုံး ပြန်ဆုံနိုင်ကြပါစေ။

    ReplyDelete
  75. တစ်နေ့ တာရငွေ နည်းနည်း များများ တို့ကတော့ကျိုးစား Click နေမှာပါ

    ReplyDelete
  76. စောက်ဂျပု ရယ်မြန်မြန်သေပါတော့လားကွယ်

    ReplyDelete
    Replies
    1. ဟုတ်ပ
      ရှည်လိုက်တဲ့ အသက်
      ကျက်သရေလဲ မရှိ
      စွရှက်လဲ တစက်မှ မရှိ

      Delete
    2. ငရဲမင်း မျက်စိလည်နေတာနေမယ်

      Delete
  77. ခေါကြီးJune 25, 2022 at 4:31 PM

    အမြဲကလစ်နေပါတယ်

    ReplyDelete
  78. ဂွတ်လ်မောနင်းအောလ်
    ( 🎶 နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်းအိမ်...🎶 ကလစ်ကာတွေရှိတဲ့ အိမ်လေးမှာ နေရင်း အလွမ်းပြေနိုင်ပါစေ)

    Keep going...
    We can do it...
    Put more effort in..

    ReplyDelete
  79. အောင်မြင်ပါစေ

    ReplyDelete
  80. ကိုယ့်မြေမှာ ကိုယ်ဖူးပွင့်ခွင့်ရချင်မိတယ်

    ReplyDelete
  81. အရာရာအားလုံး ဟာ မြဲတယ်ဆိုတာ မရှိပါဘူး ၊ ဆင်ရဲစရာတွေကြီးပါဘဲ ၊ ဒါလည်ဘဲ အစိုးရ သလားဆိုတော့ အစိုးမရပါဘူး၊ သို့သော် အကောင်းဆုံး ကံ တွေပြုပြီးတော့မှ လောကကြီးကထွက်သွားမှာပါ။ အကောင်းဆုံး ကံ တွေကိုဘဲ လုပ်လိုက်ကြရအောင်!

    ReplyDelete
  82. ကလစ်တစ်ခုထဲသာ ကူညီနိုင်တဲ့
    အတွက် စိတ်မကောင်းပါဘူးဗျာ

    ReplyDelete
  83. click ကြော်ငြာက အဆုံးထိကြည့်ပေးရတာလား youtube လို့ skic adsပေါ်ရင်ကျော်ရတာလား အခုထိဝေခွဲမရလို့ သိသူများဖြေပေးစေလိုပါတယ်

    ReplyDelete
  84. စစ္အာဏာရွင္က်ဆုံးပါေစ

    ReplyDelete
  85. 'မိုးသားမည်းမည်းတွေ ကင်းရှင်းသွားတဲ့ တနေ့တော့ လှပလွန်းတဲ့ ကောင်းကင်ပြာ..ပြန်လည်လို့တွေ့ကြရဦးမယ်......'
    Fighting.....par! Good take care and sound asleep.

    ReplyDelete
  86. နေ့တိုင်း clickမယ်။ ပြိးရင် သူတို့ မမြင်နိူင်တဲ့ ဒီနေရာလေးမှာ ရင်ဖွင့်ခဲ့မယ်။
    ကိုကြီးကို လွမ်းတယ်။

    ReplyDelete
  87. clickers များအားလုံး fighting 💪💪💪

    ReplyDelete
  88. ရေဒီယိုတေး စိတ်ကြိုက်ရွေးJune 28, 2022 at 8:16 AM

    စိတ်မကောင်းမဖြစ်ပါနဲ့​ဗျ ကလစ်တာလည်း ကူညီတာပါပဲ

    ReplyDelete
  89. ကျန်မာရေးဂရုစိုက်ကြပါ😘

    ReplyDelete
  90. အဲ့လိုရေးလေပိုကလစ်နေမယ်။ကလစ်တဲ့နေရာလေးကိုကိုယ့်မိသားစုအဖြစ်သတ်မှတ်ထားပါနော်၊အားတင်းထားညီကိုတို့ရေ။

    ReplyDelete
  91. 🎶 light will guide you home...🎶

    ReplyDelete

Post a Comment