James Webb's first Picture



James Webb အာကာသကြည့်မှန်ပြောင်းကနေ ပထမဆုံးဓာတ်ပုံကို ရိုက်ယူနိုင်ခဲ့ ပါပြီတဲ့ခင်ဗျာ။




NASA မှ မနေ့ အစောပိုင်းတွင် ထုတ်ပြန်ခဲ့တဲ့ ရုပ်ပုံဟာ ကြယ်တစ်လုံးတည်းကို ရိုက်ယူထားတဲ့ ပုံဖြစ်ပါတယ်။ ဒါပင်မဲ့လို့ ၁၈ လုံး အဖြစ် မြင်ရတာက  တယ်လီစကုပ်ရဲ့  အဓိကကြည့်မှန် အပိုင်းတစ်ခုစီမှ ရောင်ပြန်ဟပ်နေသော အလင်းပုံရိပ်တွေကို ပေါင်းစပ်ထားတာကြောင့်ဖြစ်ပါတယ်။ 

အဲ့တော့ဗျာ လာမည့် ရက်တွေအတွင်းမှာ အင်ဂျင်နီယာတွေက  ၎င်း ဆဋ္ဌဂံအပိုင်း ၁၈ ခုစလုံးကို  သေးငယ်တဲ့  ချိန်ညှိမှုများ ဆက်တိုက်ပြုလုပ်မှာဖြစ်ပါတယ်။ 




ဒီပုံကို ကြည့်ပြီး အင်ဂျင်နီယာတွေက  မှန်အပိုင်းများကို တစ်ထပ်တည်းကျအောင် ချိန်ညှိကြမှာ ဖြစ်ပါတယ်ခင်ဗျာ။

ပုံမှာပါတဲ့ ကြယ်ကိုတော့ HD 84406 ခေါ်ပါတယ်။ Ursa Major ကြယ်စုရှိ တောက်ပသောကြယ်ဖြစ်ပါတယ်။  အနီးနားမှာ ကြယ်များမရှိတာကြောင့် အင်ဂျင်နီယာများက ၎င်းကြယ်ကိုရွေးချယ်ခဲ့ကြတာပါတဲ့။

Ursa Major Constellation
Ursa Major Constellation


James Webb Telescope ကနေ  ဓာတ်ပုံကို ဖေဖော်ဝါရီ ၂ ရက်မှာ စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး ၂၅ နာရီအတွင်း ကမ္ဘာမှမြင်ရသည့် လ၏အရွယ်အစား လောက်ရှိမယ် အာကာသအတွင်း နေရာ ၁၅၆ ခုကို ချိန်ရွယ် ရိုက်ကူးထားတာပါတဲ့ခင်ဗျာ။ စုစုပေါင်း ပုံပေါင်း ၁ ၅၆၀ ကို ရယူခဲ့ပြီး အကြမ်းဖျင်းအားဖြင့် ၂ ဘီလီယံ pixels ရှိသော mosaic (ပေါင်းစပ်ထားတဲ့ပုံ ) အဖြစ် ပေါင်းစပ်ထားတာပါ။

လောလောဆယ်မှာတော့ တယ်လီစကုပ်ရဲ့  အဓိကကြည့်မှန် အပိုင်းတစ်ခုစီသည် ၎င်း၏ကိုယ်ပိုင်တယ်လီစကုပ်ကဲ့သို့ လည်ပတ်လျက်ရှိနေမှာ ဖြစ်ပါတယ်။ ချိန်ညှိပြီးတဲ့ နောက်မှာတော့ ကြည့်မှန်တွေက  မှန်တစ်ခုတည်းအဖြစ် အတူတကွလုပ်ဆောင်မှာပါ။


အစီအစဉ်အတိုင်းသာဆိုရင်တော့ တယ်လီစကုပ် က နွေရာသီမှာသုတေသနအရည်အသွေးပုံများကို စတင်ရိုက်ကူးနိုင်မှာဖြစ်ပါတယ်တဲ့ခင်ဗျာ။ 

ကိုယ်လူတို့ကို နည်းနည်းမေးချင်ပါတယ်။ 

Q . ကျွန်တော့်တို့လူသားတွေက ကိုယ်တွေမရောက်နိုင်တဲ့ ကမ္ဘာ‌သစ်တွေကို ဘာလို့ ရှာဖွေနေကြတာပါလဲ။

Comments

  1. This comment has been removed by the author.

    ReplyDelete
    Replies
    1. အက်မင်ကိုပဲစိတ်ဝင်စားနေတာ ကူအုံး

      Delete
    2. This comment has been removed by the author.

      Delete
  2. ​အောက်ဆုံးက ​မေးခွန်းက နားလဲလည်ဘူး
    သိလဲသိဘူး 😬😬😣😣😣

    ReplyDelete
    Replies
    1. ကွန်မန့်​တွေ လိုက်ဖတ်မှပဲ ဘာ​မေးလဲ သိ​တော့တယ်
      ငါ​လေး ပိန်းချက် 🤧🤧🤧

      Delete
    2. ပိန်းချင်ယောင်ဆောင်တာ မဟုတ်လား
      Rpရအောင် 🤭😅

      Delete
  3. This comment has been removed by the author.

    ReplyDelete
  4. ထူးခြားဆန်းကြယ်တဲ့ အရာတွေ လေ့လာပြီး မှတ်တမ်းတင်ချင်တာ လူ့သဘာဝမို့ပါ

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. မီ့အထင်စပ်စုစိန်တွေမလို့

    ReplyDelete
    Replies
    1. သွားစပ်စုချင်တယ်😁

      Delete
    2. Same Mary.
      အိမ်နီးနားချင်း တွေမို့ စပ်စုကြည့်တာပါ.
      သူတို့ပြသနာပေါ်ရင် ကိုယ့်ဆီလဲရောက်လာနိုင်တယ်မလား.

      Delete
    3. သွေးအန်တဲ့ထိ စပ်စုမဲ့အဖွဲ့ ပါလား☺️👉👈

      Delete
  7. အသစ်​တွေကို စူးစမ်း​လေ့လာချင်တာ မီလည်း အဲ့လိုကမ္ဘာ​နေရာသစ်​တွေ သွားကြည့်ချင်စိတ် တခါတ​လေဖြစ်တယ်😁

    ReplyDelete
  8. အဲ့တော့ ရာသီခွင်အသစ်တစ်ခုတိုးတော့မှာလား? 🤔 ၁၃လ ရာသီတွေဘာတွေဖြစ်ကုန်မှာလား?
    အဖြေပြန်ပေးတာ passion မရှိဘူးဆိုလို့ မေးခွန်းပဲပြန်မေးလိုက်တယ်. 😁

    ReplyDelete
  9. 'ငှက်တွေကပျံသန်းရင်း သေကြတယ်တဲ့.
    လူတွေကတော့ ကြံရင်းသေကြတယ်' ဆိုလားပဲ
    သုသေတနပညာရှင်တွေ အသစ်အသစ်တွေစူးစမ်းရှာဖွေနေကြသလို NASA ကလဲ သူ့ရည်ရွယ်ချက် အာကာသကိုစူးစမ်းရှာဖွေတယ်လို့ပဲ ထင်ပါတယ်.
    မရောက်နိုင်ပေမဲ့.ပညာရှင်တွေကြောင့် စကြဝဠာကြီးရဲ့ ထူးဆန်းမှုတွေကိုသိခွင့်ရခဲ့တယ်လေ.
    (သင်ရိုးထဲ ထပ်တိုးရင် အလွတ်ကျက်နေရဦးမယ်,
    ခေါင်းတွေကိုက်နေပါတယ်ဆိုမှာ မေးခွန်းမေးတဲ့ဆရာနဲ့တိုးနေတယ်.မြန်မြန်လစ်မှပဲ)

    ReplyDelete
  10. ဟုတ်မှာ..ဂြိုဟ်သားတွေဆို ကမ္ဘာကြီးကိုပဲ ပတ်ကြည့်လေ့လာနေမှာ.

    ReplyDelete
  11. စကြာဝဠာ အနန္တ လို့ ဗုဒ္ဓမြတ်စွာဘုရားက သိတော်မူတယ်မြင်တော်မူတယ်...
    သိပ္ပံပညာဆိုတာကတော့ ရှာဖွေလေ တွေ့ရှိလေပါပဲ
    အနန္တစကြဝဠာဆိုတာ သာမန်လူသားတွေ အဆုံးမသိနိုင်ပါဘူး...အဲ့လောက်ကျယ်ပြန့်တာတောင် မင်းနဲ့မှ တည့်တိုးပြီး ---မိခဲ့တယ်


    ReplyDelete
  12. I am fa. ကျော်မဲရောင်is my fb acc. 17old😁😁
    ထပ်blockခံရပြန်ပီ😿

    ReplyDelete
  13. တဂြိုလ်မပြောင်းသူကောင်းမဖြစ်😁

    ReplyDelete
  14. They discover for their hope and their hope is not exact but they did.Like as, we fight for our hope and our hope is exact. so we must fight.
    (sorry for grammar because i am 88 born)

    ReplyDelete
  15. This comment has been removed by the author.

    ReplyDelete
  16. ကမ္ဘာ့အပြင်ဖက်မှာဘာရှိလဲသိခြင်တဲ့စိတ်ကြောင့်ပါ တကယ်တော့စပ်စုစိန်😁😁

    ReplyDelete
  17. စပ်စုတာနေမှာပေါ့🤭😂

    ReplyDelete
  18. စိတ်ကူးပြောင်းသွားလို့ ပြန်ဖြေရရင်...
    ကမ္ဘာကြီးကတချိန်မှာအကြောင်းအမျိုးမျိုးကြောင့်နေဖို့မဖြစ်နိုင်တော့ရင် ပြောင်းနေဖို့အသစ်ရှာနေတာဖြစ်မယ်.😁😁😁

    ReplyDelete
  19. ဂြိုလ်သားတေ ရှိမရှိသိချင်လို့ပါ

    ReplyDelete
  20. စစ်အာဏာရှင်ကျရှုံးရမည် 🇹🇼✊

    ReplyDelete
  21. ကမ္ဘာကြီးရဲ့အတွင်းဘက်တစ်စိတ်တစ်ပိုင်းကိုသာကိုယ်ကဉာဏ်ရည်မမှီတမှီနဲ့စူးစမ်းကြည့်နေရတာ
    ကမ္ဘာ့အပြင်ဘက်ကိုစိတ်ဝင်စားတဲ့သူတို့စူးစမ်းလေ့လာမှုတွေကတကယ့်အံံ့မခန်းပါပဲ (ကမ္ဘာကြီးအပြင်ဘက်မှာဘာတွေရှိနေလည်းဆိုတာကျနော်ဆိုအရမ်းသိချင်တာ )ပညာရှင်တွေကတော့အမြဲလေ့လာနေတာပါပဲ ပြန်လည်မျှဝေပေးတာလည်းကျေးဇူးတင်မိတာပေါ့ဗျာ😊


    ReplyDelete
  22. ကမ္ဘာကြီး ပျက်သွားခဲ့ရင်
    သက်ရှိတွေ ဆက်လက်အသက်ရှင်နိုင်မယ့်
    နေရာ(ဂြိုလ်)တခု ရှာနေကြပုံပါပဲ, အင်္ဂါဂြိုလ်က တော့ သက်ရှိတွေ အသက်ရှင်နိုင်တယ်ဆိုလားဘာလား သေချာတော့မသိပါဘူး...
    Admin ပြောပြကြည့်ပါဦး သိချင်လို့ပါ

    ReplyDelete
  23. စိတ်
    စိတ်ပါကွယ်

    ReplyDelete
  24. This comment has been removed by the author.

    ReplyDelete
  25. ကိုယ့်လက်ရှိ ရှိနေတဲ့အရာတွေ၊ ကိုယ်ပိုင်တဲ့ အရာတွေကို
    ငြီးငွေ့သွားကြလို့ အသစ်အဆန်းကိုလိုချင်ကြတာပါ။
    အင်္ကျီတွေ အများကြီးရှိရဲ့သားနဲ့ ဟောင်းသွားတာလဲ မဟုတ်၊ မတော်တာလဲ မဟုတ်ဘဲနဲ့ အသစ်ထပ်ဝယ်ချင်သလိုပေါ့။
    လက်ရှိအနေအထားကို တန်ဖိုးထားပါ။ လက်ရှိပိုင်ဆိုင်ထားသမျှကို တန်ဖိုးထားပါ။ တင်းတိမ်ရောင့်ရဲခြင်းပေါ့။အသစ်အဆန်းကိုလည်း ရှာဖွေပါ။ ဝီရိယ ဆိုတာ ထားကောင်းတဲ့အရာပါ။

    ReplyDelete
  26. ကမ္ဘာပျက်တဲ့အခါ သွားနေကြဖို့နေရာရှာနေတာထင်တယ်

    ReplyDelete
  27. admin နဲ့ ကိုယ်တွေက အလုပ်ရှုပ်မခံချင်တဲ့ဘက်ကလား 😅😅

    ReplyDelete
  28. စိန်ခေါ်မှု အသစ်တွေကို လိုချင်စိတ်ရှိတတ်တဲ့ လူတချို့ပဲ လုပ်ကြတာပါ

    ReplyDelete
  29. Thanos ကြီး ကိုလိုက်ရှာနေကြတာပါ

    ReplyDelete

Post a Comment