စွန့်စားမယ် အချစ်

                ဒီပိုစတာ ကို မြင်ပြီးတော့ သီချင်းလေး တစ်ပုဒ် ခေါင်းထဲကို တန်းဝင်လာတာရှိတယ်။ တေးရေး မောင်ဇော်သစ် ရေးထားတဲ့ "စွန့်စားမယ့် အချစ်" ဆိုတဲ့ သီချင်းလေးကိုပါ။
                ပထမတော့ တေးဆို - ရဲသွင် က သီဆိုထားတာပါ။ နောက်ပြန်ဆိုကြတဲ့သူတွေလည်းရှိပါတယ်။ ကျွန်တော်တို့ တော်တော်များများကတော့ ကို Cobra ဆိုထားတဲ့ Version ကို သိကြမှာပါ။ စာသားကိုလည်း Chill လို့ရအောင် ရေးတင်ထားပါတယ်။ (ကျွန်တော်တော့ သီချင်း နားထောင်ရင်း မျက်ရည်တွေ ကျနေပြီ 😁😅)



စွန့်စားမယ့် အချစ်

ဘာဖြစ်ဖြစ် မင်းလေးသာ အနားရှိရင်  ရင်ဆိုင်ကာ ဖြေရှင်းနိုင်သည်
အဆုံးမဲ့တဲ့စွမ်းအားနဲ့တို့အချစ်   နဂါးငွေ့တန်းဖြတ်ကျော်မည်

ပန်းများပွင့်တဲ့ လူလောက  အကြင်နာတွေ ပျောက်ပျက်နေပါပြီ
အရာရာမှာ အဆိုးနဲ့ ကြုံတွေ့လည်း ငါ့အသည်းတွေ မပြိုကွဲပြီ


အချစ်ကို ကမ်းလှမ်းခဲ့တဲ့သူပါ  ''မေ'' ၊ တမ်းတရသူ မင်းလေး

နေ့များစွာ ကုန်ဆုံးတဲ့ ဘဝထဲမှာ  ငါဟာ မျှော်လင့်ငှက်ပဲ


ငါ့အတွက်တော့ မင်းလေးဟာ ''တန်ခိုးရှင်''   ထာဝစဉ် ငါ မြတ်နိုးသည်
လေပြေကို မွှေးမြစေသလိုပင်  ရင်ခွင်ကို ထွင်းဖောက်ခိုဝင်


အန္တရာယ်တွေရှေ့က ပြေးကာ   ကာဆီး မလား?
အသက်စွန့်လို့ အချစ်အတွက် ဖြိုခွင်းသွား

တခါတရံမှာ ရှုံးနိမ့်ခြင်းနဲ့  တွေ့ဦးမှာ  ဒီဒဏ်ရာမင်းလေးကြင်နာ

တကယ်ကို တမ်းတရတဲ့သူပါ  ''မေ''၊  အချစ်လက်ဆင့်ကမ်းလိုက်


စွန့်စားမယ် ကိုယ့်အချစ်ရေ လိုက်ရဲလား?
စွန့်စားမယ် ကိုယ့်အချစ်ရေ  ပြော


စွန့်စားမယ် ကိုယ့်အချစ်ရေ လိုက်ရဲလား?
စွန့်စားမယ် ကိုယ့်အချစ်ရေ  ပြော


မောင်ဇော်သစ်

Comments

  1. Batman ပိုစတာကြီးနဲ့ "စွန့်စားမယ့် အချစ်"
    ဆိုတော့ နဲနဲတော့ ကြောင်သွားတာပေါ့
    But အနည်းငယ် ဖီးလ်မယ်နော်
    ကလစ်ကာတို့ရေ

    "ငှက်ကလေးရေ
    အဖော်မဲ့နေပြီလား
    ငါလည်း မင်းလို
    တစ်ယောက်တည်းပါပဲ
    လွမ်းလို့ ခံနိုင်ရည်မရှိလဲ
    ဆက်လွမ်းနေရဦးမှာပါပဲ"

    ReplyDelete
    Replies
    1. တစ်ခါတစ်လေ ဖီးလ်မယ်လေ၊ တော်နေကြာ နှလုံးသားတွေ ကြောက်ရုပ်ဖြစ်ကုန်မယ် :D

      Delete
    2. မှားလို့ ကျောက်ရုပ် :P (thank you)

      Delete
    3. Lol မမခြူး...အမှတ်၁၀၀..😆😂

      Delete
    4. လွမ်းလွန်းလို့ သေနိုင်တယ်ဆိုလား
      ☺️☺️☺️

      Delete
  2. အားးး ဘလိုဝောာင်လိုက်ဖက်နာတုန်း🌚

    ReplyDelete
  3. စွန့်စားမယ် ကိုယ့်အချစ်ရေ လိုက်ရဲလား?
    စွန့်စားမယ် ကိုယ့်အချစ်ရေပြော

    ကြိုက်မိတဲ့ သီချင်း​တွေထဲက တစ်ပုဒ်ပါဗျာ

    ခု​ခေတ် ​ယောက်ကျား​လေး​တွေက​တော့ သိပ်မစွန့်စားရဲ​ကြဘူးလို့ မြင်တယ်ဗျာ
    မိန်းက​လေး​တွေ​လောက် သတ္တိမရှိဘူးလို့ ထင်တယ် 😝😝😁

    ReplyDelete
    Replies
    1. မှန်တယ် Sammi ထောက်ခံတယ် 😅

      Delete
    2. ဟားးးဟားးးဟားးး ရမ်းသမ်း ​ထောက်ခံ​နေ
      ဒိုးခ ​ရောက်​တော့မယ် ညိုပြာ 😄😄😄

      Delete
    3. လက်တွေ့မှာ ယောက်ျားလေးတွေက
      သူရဲဘော ကြောင်တွေ Sam ရေ၊

      မိန်းကလေးတွေကသာ စွန့်စားရဲတာပါ။

      အမှန်ပါ Sam Lay ရေ။

      Delete
    4. ဟိဟိ ​ဒီမန့်​တွေကို ​ယောက်ကျား​လေး​တွေ မမြင်ပါ​စေနဲ့ 😁😁😁

      Delete
    5. လိုက်မယ်လေး အချစ် 😁
      ခေါ်အုံးနော် စွန့်စားခန်းအတွက် 😊

      Delete
    6. အို​စ​ခေ ကြာသလားလို့ သွားကြစို့

      Delete
  4. စွန့်စားမယ် ကိုယ့်အချစ်ရေလိုက်ရဲလား?(အဲ့လိုမေးမဲ့လူကမမွေးသေးဘူးတဲ့😢)
    စွန့်စားမယ် ကိုယ့်အချစ်ရေပြော (အယ့်လယ်) အဲ့ဒီအကြောင်းကို ကီးမိမိနဲ့ဆိုတာအဆင်ချောသားပဲ😁

    ReplyDelete
  5. စွန့်စားမယ် လိုက်ရဲလား မချိုသာ

    ReplyDelete
  6. ကိုယ်က ၅ဂဏန်းသမား

    စွန့်စားဖို့အသင့်ပဲ

    နောက်မှ ရူးချင်ယောင်မဆောင်နဲ့ 🤭😅

    ReplyDelete
    Replies
    1. ဘုရားဆွမ်း​တော် ​ပြောတာလား 😝😝😁😁😁

      Delete
    2. ကိုယ်လဲ စွန့်စားတယ် Sam ရေ😁

      Delete
    3. 😅😅😅 ကိုယ်​တွေဆို သစ်သီးဆွမ်းကပ်​ထားရင် "အ​မေ မချ​သေးဘူးလား, သစ်သီးဆွမ်းချရ​တော့မလား" လို့ ခဏခဏ ​မေးတာ 😄😄

      Delete
    4. 🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣🤣

      Delete
    5. စွန့်စားရဲသော
      သူရဲကောင်း မတ်မတ်များအား
      တနေရာတည်းတွင် အတူတူတွေ့ရှိ 🤣

      Delete
  7. မျက်ရည်ကျတဲ့ emoji 😁😂 တဲ့ (တခုခုတော့ တခုခုပဲ, 🙄) cloud9 ပေါ်ရောက်နေသလားပဲ 🤔

    ReplyDelete
    Replies
    1. ဪ...ခုမှနားလည်သွားတယ်.FAပါဆိုပြီးကြော်ငြာဝင်နေတာကိုး.ဟုတ်.မြန်မြန် sold out ဖြစ်ပါစေ.

      Delete
  8. ဒီသီချင်းတွေကို ကြိုက်တော့
    မင်မင်က ကိုယ်တို့ အရွယ်လား🤔

    ဖြစ်နိုင်ပါဘူး၊ ကိုယ်တို့ထက်

    ၁၅ နှစ်လောက်တော့ ငယ်မှာပါ။

    ReplyDelete
  9. အဲ့သီချင်းတွေ မသိတော့ lovesick girlsနဲ့ပဲ feel တော့မယ် (◔‿◔)

    ReplyDelete
  10. အဲ့ကား ထွက်လာရင်ဒေါင်းပြီး အဲ့သီချင်းနဲ့ ဖွင့်ကြည့်လိုက်မယ်နော်. 😝
    မြန်မာကားထဲကလို လျှောက်ပြေးမနေရင် ကြည့်ရတာ ဖီးလ်လို့ကောင်းမယ်မထင်ဘူး. 😐😑

    ReplyDelete
  11. ငယ်တုန်းက နားထောင်တဲ့ သီချင်း
    အခုနောက်ပိုင်း သီချင်းတွေလည်း နားမထောင်ဖြစ်တာကြာပြီ

    ReplyDelete
  12. ဆွမ်းတော်တင်ထားတာလောက်ပဲစွန့်စားရဲတယ်အချစ်ရယ် အဲ့တာတောင် အမေမသိအောင်ခိုးစွန့်ရတာ😂😂😂

    ReplyDelete
  13. ဆွမ်းတော်ဗျိူ့

    ReplyDelete
  14. ကိုကိုဘတ်ရဲ့ကြော်ငြာကိုယူကျူ့မှာတွေ့တယ်🤩

    ReplyDelete
  15. အန္တရာယ်တွေ ရှေ့ကပိတ်လို့ ကာဆီး..မလား
    အသက်စွန့်လို့ အချစ်အတွက် ဖြေရှင်းထား

    ReplyDelete
  16. FA မင်မင် က ဘာတွေဖီးလ်ပြီး မျက်ရည်ကျတာလဲ😅

    ReplyDelete
  17. စွန့်စားမယ်ကိုယ့်အချစ်ရေ လိုက်ရဲလား
    အဲ့တစ်ကြောင်းပဲ သိတယ်
    ရတာလည်း အဲ့တစ်ကြောင်းထဲ😂😁

    ReplyDelete
  18. ကဲကဲ
    မူန့်မျိုးစုံ ရမယ်နော်
    အအေးပါရတယ်
    Clicker လေးတွေ အားပေးကြအူး😁

    ReplyDelete
  19. ချစ်တော့ချစ်တယ်မစွန့်စားရဲဘူးတဲ့😢😢😢

    ReplyDelete
  20. Copy or owntune?

    ReplyDelete
  21. ဘာဖြစ်ဖြစ် မင်းလေးသာ အနားရှိ...

    ReplyDelete
  22. ကိုယ်လဲ မျက်ရည်ကျတယ်
    စက်ဘီးတွေ ဆိုင်ကယ်တွေ မီးခိုးခေါင်းတိုင်တွေ လိုက်ရှာရလွန်းပီး မျက်မှန်ပါဝါ မကိုက်တော့လို့ 🤧

    ReplyDelete
  23. ဆံခြည်တစ်မျှင်တောင် နောက်မဆုတ်နဲ့ ၊ဆက်တိုက်!

    ReplyDelete
  24. တကယ်ကို တမ်းတရတဲ့ သူပါ မေ

    ReplyDelete
  25. ကလေးတွေက ဖီးတုန်း
    ကိုယ်လူကြီးပိုင်းလဲ ဝင်မန့်သွားပါသည်ပေါ့

    ReplyDelete
  26. စွန့်စားရမဲ့ အချစ်ကို ရှာမတွေ့သေးဘူး
    မြားနတ်မောင်ကို အလုပ်ဖြုတ်ပစ်မယ်😑

    ReplyDelete
  27. Replies
    1. ချစ်နဲ့ငါနဲ့ပဲ့မဆိုင်တာလား. ?
      ချစ်ဆိုတာလဲ ဘယ်လိုဘယ်ပုံမျိုးဆိုတာကိုလဲ
      မသိတော့ပါ😴

      Delete
    2. အချစ်ဆိုတာ ရုပ်ရည်နဲ့ money 💸ပါ😑

      Delete
  28. အချစ်ဆိုတာ ဘာလဲ🤣

    ReplyDelete
  29. ညီလေးရေ ဂျင်းသုတ်တစ်ပွဲပေးပါ

    အကိုရေ အရမ်းချစ်တယ် ထားမသွားဘူး တစ်ပွဲတဲ့
    🤣🤣🤣

    ReplyDelete
  30. အကြံပြုချက်

    မင်မင်ရေ မဂ်လာပါ

    မင်မင်တို့ ဖန်တီးထားတဲ့ Click app တွေဟာ ပြီးခဲ့တဲ့ တော်လှန်ရေး ကာလတလျှောက် ကနေ ခုချိန်ထိ အလွန်အကျိုးပြုခဲ့တာ တွေ့ရပါတယ်။တော်လှန်ရေးကို မောင်းနှင်ဖို့ ငွေပမာဏတခု ရှာဖွေပေးနိုင်ခဲ့ပါတယ်။

    Click app တွေရဲ့ ငွေရှာအားအတွက် အဓိကကျတာကတော့ Clicker တွေပါပဲ။

    တော်လှန်ရေး အစမှာ Clicker အရေတွက်ဟာ အတိုင်းတာ တခုထိ များခဲ့ပါတယ်။

    တော်လှန်ရေး ကြာလာတာနဲ့အမျှ Clicker အရေအတွက်ဟာ တဖြည်းဖြည်း ကျဆင်းလာပါတယ်။

    ခံယူချက်၊ ယုံကြည်ချက် ခိုင်မာတဲ့သူ အချို့သာ ဆက် click နေကြတာ တွေ့ရပါတယ်။

    Clicker အရေတွက် တိုးလာဖို့နဲ့ Clicker တွေကို ပြန်လည် အကျိုးပြုနိုင်ဖို့ စဉ်းစားမိတာလေး
    အကြံပြုပါရစေ။

    Click လုပ်နေတဲ့ app တွေကို NUG pay နဲ့ ချိတ်ဆက်ပြီး point ဘယ်လောက်ဆို NUG pay ဘယ်လောက် စသဖြင့် ပြန်ပေးတာမျိုးဆိုရင် clicker တွေ အတွက်လဲ ပိုပြီးစိတ်ဝင်စားလာကြမယ် ထင်ပါတယ်။

    ကျွဲကူး ရေပါဆိုသလို NUG pay သုံးစွဲသူတွေလဲ များလာနိုင်ပါတယ်။

    နောက်တဆင့်က စုမိလာတဲ့ NUG pay ထဲက points တွေကို ပြည်တွင်းသုံး Mobile money (e.g KBZ pay)နဲ့ သတ်မှတ်နှုန်းအတိုင်း ပြန်လဲလှယ်ပေးနိုင်မယ်ဆိုရင် Clicker တွေအနေနဲ့ တဖက်တလမ်းက ဝင်ငွေရမယ်။

    စစ်ဘေးရှောင်တွေ၊CDM erတွေ အတွက် ပိုအကျိုးရှိလာသလို တော်လှန်ရေး အဖွဲ့တွေ ကြားမှာလဲ အပြန်လှန် ငွေကြေးစီးဆင်းမှု အားကောင်းလာပါမယ်။

    NUG pay ကိုသုံးပြီး နယ်စပ်ဖြတ်ကျော် ငွေကြေးစီးဆင်းမှု ပိုအားကောင်းလာနိုင်ပါတယ်။

    အခက်ခဲတချို့ ရှိနိုင်ပေမဲ့ ကြိုးစားရင် နည်းလမ်းရှိနိုင်မယ် ထင်ပါတယ်။

    ကျေးဇူးပါ။



    ReplyDelete
  31. အရမ်းကြိုက်တဲ့ သီချင်းလေး ကလစ်ရင်း ဖီးလ်

    ReplyDelete
  32. စွန့်စားမယ် ကိုယ့်အချစ်ရေ လိုက်ရဲလား 🦾🦾🦾

    ReplyDelete

Post a Comment