၂၁ ရာစုရဲ့ စိန်ခေါ်မှုအတွက် အသင့်ဖြစ်နေစေဖို့
၂၁ ရာစုရဲ့ စိန်ခေါ်မှုအတွက် အသင့်ဖြစ်နေစေဖို့
ဒီနေ့ခေတ်ရဲ့ သရုပ်သကန်တစ်ခုကို ပြောပါဆိုရင် ‘Hyper-competition’ ယှဉ်ပြိုင်မှု လွန်ကဲလာတာပဲ။ အရင်ခေတ်ကဆို အခွင့်အလမ်းက နည်းတော့ ဖြစ်မြောက်လာတဲ့သူလည်း နည်းတယ်။ မင်းသမီးဆို လက်ချိုးရေလို့ရတယ်။ နိုင်ငံခြားက ဘွဲ့ရပြီး ပြန်လာတဲ့သူဆို အင်မတန်နည်းတယ်။ ဒီနေ့ခေတ်ကျ အခွင့်အလမ်းတွေက များလာတယ်။ ဒီတော့ ယှဉ်ပြိုင်ရတာလည်း များလာတယ်။ ကိုယ့်တစ်နိုင်ငံတည်းတောင် မဟုတ်ဘူး၊ တခြားနိုင်ငံတွေနဲ့ပါ ယှဉ်ပြိုင်လာရတယ်။
အဲဒီအတွက် ဒီခေတ်မှာ လူတစ်ယောက် အောင်မြင်ဖို့ လိုအပ်ချက်တွေကလည်း ပိုပြီးတော့မှ များလာတယ်။ အရင်က စာတတ်ပေတတ်ပုဂ္ဂိုလ်ဆို ကိုယ့်မိခင်ဘာသာစကား ရေးတတ် ဖတ်တတ်တယ်ဆို လုံလောက်ပြီပေါ့။ ခုခေတ်ကျတော့ Global literacy လို့ခေါ်တဲ့ ကမ္ဘာနဲ့ချီပြီး တွေးနိုင်ခေါ်နိုင်၊ ပြောနိုင်ဆိုနိုင်တဲ့ အစွမ်းအစ၊ Digital literacy လို့ပြောရမယ့် နည်းပညာတွေကို ဘယ်လောက်ထိ ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်သလဲ ဆိုတာတွေ ထပ်တိုးလာပါတယ်။ ဒီနှစ်ခု မရှိထားရင် အဲဒီလူကို စာတတ်တယ်လို့ ဒီခေတ်မှာ မသတ်မှတ်တော့ဘူး။
အဖိုးအဖွားတွေခေတ်က အတန်းပညာ နည်းနည်းရှိရင် အဆင်ပြေတယ်။ အဖေတို့ခေတ်ကျ ဘွဲ့ရမှ အဆင်ပြေတယ်။ ဒီခေတ်ကျ အင်္ဂလိပ်စာ တတ်ထားရင်တောင် အဆင်မပြေဘူး၊ မတတ်ရင်သာ လူရာမဝင်တော့တဲ့ခေတ် ဖြစ်သွားတယ်။ ဘာသာစကားမှာ Limit ဖြစ်နေရင် ကိုယ့်ရဲ့ အသိပညာ နယ်ပယ်ဟာလည်း Limit ဖြစ်သွားမယ်။ အကန့်အသတ်နဲ့ဖြစ်သွားမယ်။ နိုင်ငံတကာမှာ ဘာတွေ ပြောနေသလဲ၊ သူတို့အတွေးအခေါ်တွေ၊ သတင်းတွေ၊ အိုင်ဒီယာတွေကို လက်လှမ်းမီတော့မှာ မဟုတ်ဘူး။ ကမ္ဘာကလည်း ကိုယ့်ကို သိဖို့ လိုသလို၊ အဲဒီမတိုင်ခင် အရင်ကြိုးစားရမှာက ကိုယ်က ကမ္ဘာကို သိအောင်လုပ်ဖို့ပဲ။ ဒီအတွက် ဘာသာစကား တတ်ကျွမ်းဖို့ဟာ အင်မတန်လိုအပ်လာတယ်။
နောက်တစ်ခုက ဒီခေတ်မှာ နည်းပညာတွေ တအားတိုးတက်လာတယ်။ ဘယ်လောက်ထိတောင်လဲဆို လူတွေရဲ့ တချို့အလုပ်အကိုင်တွေ ရှိချင်မှရှိတော့မယ် ဆိုတာမျိုးတောင် ပြောလာကြတယ်။ ဥပမာ Self-driving car တွေ ပေါ်လာတော့မယ်။ Artificial intelligence ဆိုတာတွေ သိပ်ခေတ်စားလာတယ်။ အဲဒါ ဘာလဲ မြင်သာအောင် ပြောရရင် ဖေ့စ်ဘွတ်သုံးတဲ့အခါ ကျွန်တော်တို့ မြင်နေရတဲ့ ကြော်ငြာတွေသည် တစ်ယောက်နဲ့တစ်ယောက် မတူဘူး။ ကျွန်တော်နေတဲ့ဒေသ၊ ကျွန်တော့်စိတ်ဝင်စားမှု၊ ကျွန်တော် ဘာတွေကို ရှာလေ့ရှိ၊ ရှယ်လေ့ရှိသလဲ၊ ဒါတွေပေါ် မူတည်ပြီး ကျွန်တော်နဲ့ဆိုင်တဲ့ ကြော်ငြာတွေကို လာပြပေးတာ။ တခြားဒေသမှာနေတဲ့ တခြားတစ်ယောက်ကိုကျ သူနဲ့ဆိုင်တဲ့ ကြော်ငြာတွေပေါ့။ ဒါကို လူတစ်ယောက်ကနေ ထိုင်ပြီး လုပ်နေတာမဟုတ်ဘူး။ Artificial Intelligence နဲ့ လုပ်နေတာ။ ဘာသာပြန်ရရင် လူလုပ်ဉာဏ်ရည်ပေါ့။ ဆိုလိုတာက ဒီလိုနည်းပညာတွေ တအားတိုးတက်လာတဲ့အချိန်မှာ ဒါကို မသိလို့လည်း မရသလို၊ သူတို့အစားထိုးမပစ်နိုင်အောင် ကိုယ့်ရဲ့ အရည်အသွေးတွေကိုလည်း မြှင့်ထားမှ ရတော့မယ်ဆိုတာလေးကို သိစေချင်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်မှာ ကမ္ဘာ့စီးပွားရေးဖိုရမ် လုပ်တော့ တက်ရောက်လာတဲ့ ခေါင်းဆောင်တွေကို မေးပါတယ်။ ခေတ်သစ်မှာ အောင်မြင်ဖို့ဆိုရင် ဘယ်လိုအရည်အချင်းမျိုးတွေ လိုလာမလဲ။ ဒီအခါ ခေတ်သစ်အတွက် မရှိမဖြစ် လိုအပ်လာမယ့် အရည်အသွေး ၁၀ ခုကို ခေါင်းဆောင်တွေကနေ ထုတ်နှုတ်ပြောပြခဲ့ပါတယ်။ ၂၀၂၀ လောက်ကို မှန်းဆကြည့်လိုက်တဲ့အခါ နည်းပညာတွေက တအားတိုးတက်နေတော့မှာ ဖြစ်တာမို့ ကျွန်တော်တို့ လူတွေနဲ့၊ ဒီလိုနည်းပညာတွေ၊ စက်ရုပ်တွေနဲ့ ကွာခြားနေတဲ့ အရာတွေဖြစ်တဲ့ စိတ်ဓါတ်၊ ခံယူချက်၊ အသင်းအဖွဲ့နဲ့ အလုပ်လုပ်နိုင်စွမ်း၊ ဒါတွေကို ပိုပြီးဇောင်းပေးပြောခဲ့ကြတယ်။
၁။ ပြောင်းလွယ်ပြင်လွယ်ဖြစ်ခြင်း (Flexibility)
ဒီခေတ်ဟာ အပြောင်းအလဲ အင်မတန်များပါတယ်။ ဒီနေ့နဲ့ မနက်ဖြန်တောင် တူချင်မှ တူတော့တာပါ။ ခုအလုပ်ဖြစ်နေတဲ့ နည်းတစ်ခုဟာ နောက်လအနည်းငယ်ကျ အဆင်ပြေချင်မှ ပြေတော့မှာပါ။ ခုအောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဟာ ခဏနေရင် ကျရှုံးချင် ရှုံးသွားမှာပါ။ ဒါကြောင့် အပြောင်းအလဲတွေမှာ အလိုက်သင့် လိုက်ပါနိုင်ဖို့ အရေးကြီးလာပါတယ်။ တခုခုကိုပဲ တရားသေဆုပ်ကိုင်ထားမယ်ဆိုရင် ဒီခေတ်မှာ အဆင်ပြေ အံမဝင်နိုင်တော့ပါဘူး။
၂။ ညှိနှိုင်းဆောင်ရွက်တတ်ခြင်း (Negotiation)
နည်းပညာတွေ၊ Robot တွေဟာ မညှိနှိုင်းတတ်ဘူး။ ဒါဆို ဒါပဲ။ လူတွေမှာတော့ ဒီအရည်အသွေး ရှိနေပါတယ်။ ဒါကို တောက်ပြောင်အောင် လုပ်ဖို့လိုတယ်။ တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းဆောင်ရွက်တာတွေ၊ ချိတ်ဆက်တာတွေ သိပ်လိုအပ်နေတဲ့အချိန်မှာ ဒီအရည်အချင်းမျိုး ရှိနေဖို့ဟာ သိပ်အရေးကြီးပါတယ်။
၃။ ဝန်ဆောင်မှုပေးတတ်ခြင်း (Service orientation)
ဝန်ဆောင်မှုလုပ်ငန်းတွေ တအားထွန်းကားလာဖို့ ရှိပါတယ်။ လက်ရှိလည်း ထွန်းကားနေပါပြီ။ ဒီနေရာမှာ ဝန်ဆောင်မှုလုပ်ငန်းလုပ်မှ ဒါ လိုအပ်တယ်လို့ မထင်ပါနဲ့။ ကိုယ့်ဆီမှာ ဝန်ဆောင်မှုပေးမယ်ဆိုတဲ့ Service mindset လေး ရှိနေမယ်ဆို ဘယ်အလုပ် လုပ်လုပ် အောင်မြင်မှာပါ။ တကယ်တော့ ဝန်ဆောင်မှုဆိုတာ တစ်ဖက်သားကို ဘယ်လိုအဆင်ပြေအောင် လုပ်ပေးလိုက်ရမလဲဆိုတဲ့ စိတ်ကနေ အခြေခံပါတယ်။ ကိုယ်က ဆရာဝန်ဆိုလည်း ဒီလိုစိတ်အခံလေးရှိရင် လူနာတွေ ဆေးခန်းလာရ ပိုအဆင်ပြေသွားတာပေါ့။ ပြုံးပြမယ်၊ နှုတ်ဆက်မယ်၊ ဖော်ရွေမယ်၊ လိုတာလေးတွေ ကူညီပေးမယ်။ ဒီအတွက် ဝန်ဆောင်မှုပေးမယ်၊ တစ်ဖက်သားကို အဆင်ပြေအောင် လုပ်ပေးလိုက်မယ်ဆိုတဲ့ စိတ်လေးရှိဖို့ လိုပါတယ်။
၄။ ဆုံးဖြတ်ချက်ချခြင်း (Decision making)
ဘဝဆိုတာ ဆုံးဖြတ်ချက်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒီဆုံးဖြတ်ချက်အမှန်အမှားပေါ် မူတည်ပြီး အောင်မြင်လား ကျရှုံးသလား ဖြစ်လာတာ။ ဒါကြောင့် ဆုံးဖြတ်ချက်ချတတ်ဖို့သည် သိပ်အရေးကြီးတယ်။ အဲဒီအတွက် အကြမ်းအားဖြင့် လိုအပ်တာတွေက သတင်းအချက်အလက် များများနဲ့ မှန်မှန်ကို မြန်မြန်ရတဲ့သူတွေသည် ဆုံးဖြတ်တာမှန်နိုင်တယ်။ နောက်ပြီး ကြောင်းကျိုးဆက်စပ်တွေးတတ်ဖို့ လိုတယ်။ နောက်တစ်ခုကတော့ ပင်ကိုယ်သိစိတ် (Instinct) နဲ့ ဆုံးဖြတ်တာမျိုးလည်း ရှိတယ်။ ဒါကတော့ အတွေ့အကြုံ သိပ်ရင့်လာတဲ့အခါ စိတ်ထဲကနေ ဒါ လုပ်သင့်တယ်ဆိုပြီး သိနေတာမျိုးပေါ့။ ဒီအဆင့်ထိ ကျွန်တော်တို့ မရောက်ကြသေးတောင် သတင်းအချက်အလက် စုဖို့၊ ဦးဖို့နဲ့ Logic ကျကျ စဉ်းစားတတ်ဖို့တော့ လိုမယ်။
၅။ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးမြင့်မားခြင်း (Emotional intelligence)
EQ ကတော့ ဒီနေ့ခေတ်မှာ တော်တော်လေး အပြောများလာကြတဲ့ အရည်အသွေးတစ်ရပ် ဖြစ်ပါတယ်။ ဘာလို့ဆိုတော့ လူဟာ ဦးနှောက်ဖွံ့ဖြိုးနေရုံနဲ့ မရပါဘူး။ နှလုံးသားလည်း ဖွံ့ဖြိုးဖို့ လိုပါတယ်။ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို သိဖို့၊ ထိန်းနိုင်ဖို့၊ စိတ်ဓါတ်တက်ကြွနေဖို့ လိုသလို၊ တစ်ပါးသူရဲ့ ခံစားချက်တွေကို သိဖို့၊ ဖြည့်တွေးတတ်ဖို့လည်း အရေးကြီးပါတယ်။ ကမ္ဘာမှာရော မြန်မာမှာပါ အောင်မြင်နေကြသူတွေ အားလုံးဟာ ပင်ကိုယ်ပါရမီတစ်ခုတည်းကြောင့် ဒီလိုဖြစ်လာတာ မဟုတ်ပါဘူး။ ပရိုပီသတယ်၊ သူတို့ကိုယ်သူတို့ ထိန်းသိမ်းနိုင်တယ်၊ တခုခုကို ပြင်းပြတဲ့ စိတ်ဆန္ဒနဲ့ လုပ်တတ်တယ်၊ အရှုံးတွေ၊ အခက်အခဲတွေ ကြုံရရင်လည်း နောက်မတွန့်ဘူး၊ ဒီအရည်အသွေးတွေ၊ တစ်နည်းအားဖြင့် ပြောရရင် ဒီလို EQ မြင့်ခြင်းကြောင့် အောင်မြင်နေကြတာပဲ ဖြစ်ပါတယ်။
၆။ အများနဲ့ ညှိနှိုင်းဆောင်ရွက်တတ်ခြင်း (Coordinating with others)
‘မြန်မြန်သွားချင်ရင် တစ်ယောက်တည်း သွား၊ ဝေးဝေးသွားချင်ရင်တော့ အသင်းအဖွဲ့နဲ့ သွား’ ဆိုတဲ့ စကားလိုပါပဲ။ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေကို လိုချင်တယ်ဆိုရင် အသင်းအဖွဲ့နဲ့ အလုပ်လုပ်တတ်ဖို့ လိုပါတယ်။ ကိုယ်ပိုင်စီးပွားရေး လုပ်မယ်ဆိုတောင် အစပိုင်းလောက်သာ တစ်ယောက်တည်း လုပ်နိုင်တာပါ။ နည်းနည်းအောင်မြင်လာတာနဲ့အမျှ ကိုယ့်နောက်မှာ ကိုယ်အားကိုးရမယ့်အဖွဲ့တစ်ခုက လိုလာတာပါပဲ။ ဒါကြောင့် ဘယ်လောက်ပဲ တော်တဲ့လူဖြစ်ပါစေ၊ အများနဲ့ ညှိနှိုင်းလုပ်ဆောင်တတ်ဖို့ လိုအပ်ပါတယ်။
၇။ လူအများကို စီမံခန့်ခွဲတတ်ခြင်း (People management)
ဒါကတော့ လူတွေကို ဘယ်လိုစည်းရုံးရမယ်၊ လှုံ့ဆော်ရမယ်၊ ညှိနှိုင်းရမယ်၊ လူ့သဘော သဘာဝတွေအကြောင်း သိထားရမယ်၊ ဒါတွေကို ဆိုလိုတာပါ။ လူတစ်ယောက်ဟာ ဆေးကုသမှုကို တတ်ကျွမ်းတယ်ဆိုရင် ဆရာဝန်တစ်ယောက် ဖြစ်လာပါမယ်။ ဒါပေမယ့် ဆရာဝန်တွေကို ပြန်စီမံခန့်ခွဲရတဲ့ နေရာမျိုး လိုချင်တယ်ဆိုရင်တော့ သူ့မှာ ဒီအရည်အသွေးရှိဖို့ လိုပါလိမ့်မယ်။ ဒါကြောင့် စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှုနေရာကို ယူချင်တဲ့သူတိုင်း ဖြည့်ထားရမယ့် အရည်အချင်းတစ်ခုလည်း ဖြစ်ပါတယ်။
၈။ တီထွင်ဖန်တီးနိုင်စွမ်း (Creativity)
ဒီခေတ်ရဲ့ ပြဿနာတွေဟာ အသစ်တွေဖြစ်တယ်။ ဒါကြောင့် ဖြေရှင်းပုံတွေကလည်း အသစ်ဖြစ်မှရမယ်။ အရင်က လမ်းမရှိလို့ ရွှံ့ဗွက်တွေထဲ ကားတွန်းခဲ့ရတဲ့ အတွေ့အကြုံဟာ ကတ္တရာလမ်းဖြစ်သွားတဲ့အခါ မလိုအပ်တော့ပါဘူး။ နိုင်ငံတကာကိုလည်း ကြည့်လိုက်ပါ။ အရင်က အသက် ၅၀ ၆၀၊ အတွေ့အကြုံတစ်စုံတစ်ရာ ရှိမှဖြစ်မယ်လို့ ထင်တဲ့ ရာထူးနေရာတွေ၊ နောက်ဆုံး သမ္မတ၊ ဝန်ကြီး၊ ဒီလိုနေရာတွေကိုတောင် ၄၀ ကျော်၊ ၃၀ ဝန်းကျင်တွေနဲ့ ရသွားတဲ့သူတွေ ရှိလာပါပြီ။ ပြောချင်တာကတော့ အတွေ့အကြုံကို အရေးမကြီးဘူး မပြောချင်ပေမယ့်၊ ဒီခေတ်မှာ ရင်ဆိုင်နေရတာတွေဟာ အသစ်ဖြစ်တဲ့အတွက် အတွေ့အကြုံဆိုတာထက် တီထွင်ဖန်တီးနိုင်စွမ်းကို ပိုလိုအပ်လာတယ် ဆိုတာပါပဲ။
၉။ ကျိုးကြောင်းဆက်စပ် တွေးခေါ်နိုင်စွမ်း (Critical thinking)
ကျိုးကြောင်းဆင်ခြင်နိုင်ဖို့ဆိုတာ အင်မတန်မှကို လိုအပ်တဲ့ကိစ္စဖြစ်ပါတယ်။ ဒီအရည်အသွေး မရှိရင် အလွယ်တကူ လိမ်ခံရမယ်။ လူ့အသိ်ုင်းအဝိုင်းထဲ ရှင်သန်ဖို့ရာ မလွယ်ဘူး။ တစ်ယောက်ယောက်က ဝါဒမှိုင်းတိုက်မယ်ဆိုလည်း သိပ်လွယ်တယ်။ အကျယ်ချဲ့ပြောရရင် ဒီကနေပဲ နိုင်ငံရေး၊ လူမျိုးရေးပြဿနာတွေ အများကြီးဖြစ်လာမယ်။ လူပုဂ္ဂိုလ်ကိုးကွယ်မှုတွေ ပိုထွန်းကားလာမယ်။ ဒါကြောင့် ဘယ်အရာကိုမဆို တစ်ထစ်ချယုံလိုက်မယ် ဆိုတာထက်၊ အချက်အလက်တွေ မှတ်နေဖို့ထက် သူပြောတာဟုတ်ပါ့မလား ဆိုပြီး စဉ်းစားတတ်ဖို့၊ ဘာကြောင့် ဒီလိုပြောတာလဲ ဆိုတဲ့ Why ကို များများမေးတတ်ဖို့ သိပ်လိုအပ်ပါတယ်။ ပြောရရင် နိုင်ငံတစ်ခုမှာ ဒီမိုကရေစီ ထွန်းကားဖို့အတွက်လည်း အဲ့ဒီလို ပြည်သူတွေရဲ့ ဆင်ခြင်တုံတရားနဲ့ ကျိုးကြောင်းကျ တွေးခေါ်နိုင်စွမ်းဟာ အင်မတန် အရေးကြီးပါတယ်။
၁၀။ ပြဿနာဖြေရှင်းခြင်း (Problem solving)
ကိုယ်မျှော်မှန်းထားတာနဲ့ ဖြစ်လာတာနဲ့ကြားက အကွာအဟကို ပြဿနာလို့ခေါ်ပါတယ်။ လူရယ်လို့ ဖြစ်လာရင် ပြဿနာဆိုတာက ရှောင်ရှားလို့ မရပါဘူး။ ဖြေရှင်းဖို့ပဲ လိုပါတယ်။ ဖြေရှင်းတတ်ဖို့ပဲ လိုပါတယ်။ တခုခုဆို ရှောင်ပြေးမယ်၊ စိတ်ဖိစီးနေမယ်၊ မှန်ကန်တဲ့ဖြေရှင်းမှုမျိုးကို ခေါင်းအေးအေးထားပြီး မလုပ်နိုင်ဘူးဆိုရင် အဆင်မပြေနိုင်ပါဘူ။
ခုပြောခဲ့တဲ့ အရည်အသွေး ၁၀ ခုကတော့ ဒီဘက်ခေတ်မှာ ယှဉ်ပြိုင်နိုင်ဖို့အတွက် လိုအပ်လာတာတချို့ကို ဝေမျှပေးထားတာ ဖြစ်ပါတယ်။ ဖတ်လိုက်ရတဲ့ လူငယ်တွေ တစ်စုံတစ်ရာ အကျိုးရှိပြီး ကိုယ့်ကိုယ်ကိုယ် အသင့်ဖြစ်နေအောင် ပြင်ဆင်နိုင်ကြဖို့ ရည်ရွယ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၄.၈.၂၀၁၈
ကျေးဇူးပါဆရာ တစ်စုံတစ်ရာမက အကျိုးရှိပါတယ်၊AIတွေကိုကြောက်တောင်ကြောက်လာတယ်😅
ReplyDeleteလူဖြစ်ရတာလည်း လွယ်တော့မလွယ်ဘူး
ခေတ်ပျက်ကြီးထဲ ရုန်းကန်ရတာတမျိုး
ခေတ်ကောင်းတော့လည်း ရုန်းကန်ရတာတမျိုး😅
မကြောက်ပါနဲ့မမရယ်
Deleteအတူတူ ရုန်းကန်ကြိုးစားကြတာပေါ့
day by day, it's a struggle
DeleteIn this world you know you have to hustle
Just know that you're not alone
You don't always have to be strong all by yourself . . XD XD XD
This comment has been removed by the author.
DeleteThanks for your encouragement YURNERO... <3
Deleteကြိုးစားကြမယ် ML SUN 💕
Deleteဒီစာသားသိပါတယ်လို့ တွေးနေတာ
DeleteLike youထဲက စာသား 😁
ဘာပဲဖြစ်ဖြစ်ကျေးဇူးပါ
replyရတာနဲ့တင် ပျော်ရပါတယ်ခညာ <3
This comment has been removed by the author.
Deleteမူရင်းပိုစ့်မှာ Comment မပေးတက်လို့ ဘယ်လိုနှိပ်ရမလည်းရှင့် အကို့ရဲ့မန့်မှာပဲ စာပို့ရတာမို့ပါ
Deleteကြိုးစားမယ်
DeleteThanks
Deleteလိုက်မမှီတော့အရမ်းနီးပညာတွေတို့တက်တော့
Deleteမကြောက်ပါနဲ့။ အားလုံးက Smart ဖြစ်နေကြတာ မဟုတ်ကြပါဘူး။
Deleteကျေးဇူးပါ
ReplyDeleteအားတက်ရပါတယ်
Deleteအားလုံးညီညီညာညာနဲ့စုပေါင်းတိုက်ထုတ်ပစ်ရမယ်
ဒီနေ့က ဆရာ ဖြိုးသီဟ နေ့များလားဗျာ 😁
ReplyDeleteဆရာဖြိုးသီဟ စာတွေ ဆောင်းပါးတွေ ကြိုက်တယ်
Fbမှာ ဖတ်သလို စာအုပ်တွေလဲ ဝယ်ဖတ်ဖြစ်တယ်
ခုလို တခေါက် ပြန်ဖတ်ခွင့်ရလို့ ရှယ်ပေးလို့ C2D လဲ ကျေးဇူးပါ ခင်ဗျာ
အဲ့လိုတော့လည်း မဟုတ်ပါဘူးခင်ဗျာ။ ကျွန်တော် လျောက်ရေးနေတာတွေ ဖတ်ရတာ ပျင်းလာမှာဆိုးလို့ ကြားမှာ ထည့်ထည့် တင်တာပါ။
Deleteစတာပါ ခင်ဗျာ 😊
DeleteC2D က ဘာတင်တင် စိတ်ဝင်စား သဘောကျ အရမ်းကြိုက်တာပါ ခင်ဗျာ
Idea တွေ လတ်ဆတ်လွန်းလို့ ဖန်တီးနိုင်စွမ်း ကောင်းလွန်းလို့ အတုယူနေရတာပါ ခင်ဗျာ
ဆရာဖြိုးသီဟဆိုလို့ ဒီနေ့လဲ Kalay-we assist app မှာလဲ ဆရာ့စာဖတ်ခဲ့ရသေးတယ်...
Delete"မညီမျှမှုများနဲ့ မြန်မာပြည်" ဆိုတဲ့ ခေါင်းစဥ်နဲ့ပါ။ 15Feb, ဆရာ့ fb acc မှာ တင်ထားပါတယ်။ ဖတ်လို့ကောင်းတာမို့ မဖတ်ရသေးရင် ဝင်ဖတ်ကြည့်ကြပါနော်, ပီးတော့ ဆရာ့စာထဲမှာပါတဲ့ Parasite movie လဲ ကြည့်ဖို့ recommend ပေးပါတယ်ခင်ဗျာ, အော်စကာဆုတွေအပြင် တခြားဆုတွေပါ အများကြီး ရခဲ့တဲ့ ဇာတ်ကားကောင်းမို့ပါ ခင်ဗျာ
ဟု ဖတ်လိုက်ပါမယ် Sammi
DeleteParasite ကတော့ ကြည့်ပြီးသွားပီ
လူတွေမှာဖြစ်တတ် ရှိတတ်တဲ့ Dark Sideတွေကို ဖော်ပြထားတယ်၊ Reality ဆန်ပြီး သရုပ်ဆောင်တွေကလည်း လုံးဝ ကွက်တိ....
အကြိုက်ဆုံး Movie လေး ညိုပြာ။
DeleteKorea ဇာတ်ကားဆို မကြိုက်လို့ ဆိုတဲ့သူတွေ ရှိလိမ့်မယ် ဒါပေမယ့် ဆင်းရဲချမ်းသာ ကွာခြားမှုအကြောင်း ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းမို့ ကြည့်သင့်ပါတယ်လို့ 😊
Deleteစာလေးတွေဖတ်ရတာသဘောကျတယ်ကျေးဇူးပါ
DeleteThank you💙ဆရာရေးတဲ့စာတွေ အကုန်ဖတ်လို့ကောင်း🤗
ReplyDeleteမမခြူးရေဟုတ်တယ်ဗျ ကျနော်ဖတ်ဖူးတယ်
ReplyDeleteC2D ရဲ့ websiteမှာဖတ်ခဲ့တာဦးဏှောက်ကအရေးဆိုစဥ်းစားလို့ကိုမရဘူး ဖြစ်နေတယ်
အခုလိုပြန်လည်တင်ပေးတဲ့မင်မင်ရေကျေးဇူးတင်ပါတယ်နော်
ကျေးဇူးပါဗျာ ဆရာဖြိုးသီဟစာတွေကြိုက်တယ်ဗျို့
ReplyDeleteThis comment has been removed by the author.
ReplyDeleteရိုးရှင်းသော ဘဝ
ReplyDelete--------------
မျှော်လင့်ချက်တွေမပါပဲ ပေးလို့ရတဲ့ ပျော်ရွှင်မှုက ပိုပြီး အေးချမ်းစေလို့ပါ
ရှင်သန်ခဲ့ဖူးတဲ့ ကာလတစ်လျှောက် အဆိုးဆုံးတွေ ကြုံလာတဲ့အခါ အကောင်းဆုံးဖြစ်အောင်
ပြောင်းလဲနိုင်ဖို့အတွက် အမြဲကြိုးစားဖြစ်တယ်
ဖြစ်လာသမျှ အရာရာကို
အကောင်းဆုံးပဲ ရင်ဆိုင်ချင်ပါတယ်
တန်ဖိုးရှိတဲ့အချိန်လေးတွေကို မေတ္တာတရားတွေနဲ့ပဲ အေးချမ်းစွာ ဖြတ်သန်းမယ်
ကိုယ်ကိုယ်တိုင် အခက်အခဲတွေနဲ့ ကြုံရတဲ့အခါလဲ အရူံးမပေးပဲ ဖြတ်သန်းမယ်
သူတစ်ပါး အခက်အခဲတွေနဲ့ ကြုံရတဲ့အခါမှာလဲ တတ်နိုင်တဲ့ဘက်ကနေ
ဖေးမပြီး မျှော်လင့်ချက်မပါပဲ ကူညီမယ်
လူတိုင်းအပေါ် စေတနာထားပြီး
ဘဝကို ပကာသနတွေမထားပဲ
အေးချမ်းစွာ ဖြတ်သန်းသွားမယ်လေ...
San Zuren
ရိုးရှင်းတဲ့ ဘဝလေးပဲ လိုချင်တယ်။
DeleteOk
Deleteအမြန်ဆုံး ရပါစေ T လေး ရေ
Deleteဟုတ်ကဲ့🌿
ReplyDelete🐝
ReplyDeleteThanks for that article.
ReplyDelete"How mutable are our feelings and how strange is that clinging love we have of life even in the excess of misery." Mary Shelley
ReplyDeleteဟုတ်ကဲ့ ပြည်သူ့အားဖြစ်ဖို့များတယ်
ReplyDeleteတန်ဖိုးရှိတဲ့စာ ဖတ်ခွင့်ရလို့ကျေးဇူးပါဆရာ
ReplyDeleteနိူင်
DeleteWe went democracy
ReplyDelete"In a rich man's house,there is no place to spit but his face."
ReplyDeleteDiogenes of Sinope
Thanks.
ReplyDeleteဘာမှ မရှိတော့တဲ့ ဘဝကပဲ ရှင်းတယ် မင်မင်ရယ်
ReplyDeleteFighting
ReplyDeleteFighting together 💪
ReplyDelete✔✔
ReplyDeleteလေးဆယ့်တစ်
ReplyDelete၇၄
ReplyDeleteငါ့အတွက်တော့ 21ရာစု စိန်ခေါ်မှုက
ReplyDeleteမင်းဖြစ်နေမယ်ဆိုတာ ယုံလား😑
ဒါလောကဓံတရားရဲ့ပုံမှန်ပြကွက်တွေပါ😁
ReplyDelete😁😁
ReplyDeleteYes 😊
ReplyDeleteYes yes😍
ReplyDeleteဆရာကိုကျေးဇူးတင်ပါတယ်၊၊ကျေးဇူးတင်ကြောင်းလည်းအရမ်းပြောခြင်ခဲ့ပါတယ်၊၊ဒီကာလမှာဘယ်လိုနေရမလည်းဆိုတာမသိဘူးဖြစ်နေတယ်ဆရာရဲ့စာတွေဖတ်ပြီးသိရဲ့ရပါတယ်၊အသိပညာတွေအများကြီးရခဲ့ပါတယ်၊ဆရာလည်းနေကောင်းကျန်းမာအောင်နေပါလိုမှာခြင်ပါတယ်၊တလရကြီးပြီးရင်ဆရာကိုတွေ့ခြင်ပါတယ်
ReplyDeleteThank you so much.
ReplyDeleteပြည်မှာလား?
ReplyDeleteနပတ မှာလား?
ရန်ကုန်မှာလား?
KTDS ရေ, အဆင်ပြေမှ ပြေပါ့မလား?
Thanks to all clickers.
ReplyDeleteစဝင်စကတည်းက ban ထားတော့ reply ပြန်ခဲ့ပါတယ်
Deleteစိန်ခေါ်မှုတွေအတွက်ကြိုတင်ပြင်ဆင်...????
ReplyDeleteအဆုံးထိအားလုံးနဲ့
ReplyDeleteတူတူရှိမယ်💪🕊
All rights
Deletegood articl
ReplyDeleteWell done 👍👌
ReplyDeleteGood
ReplyDeleteThanks Saya for your sharing.
ReplyDeleteDone
ReplyDelete💙
ReplyDeleteLet" click !
ReplyDeleteဖုန်းဘေအကူညီတောင်းရတာလဲအနားလွန်းလို့
ReplyDeleteအခုတစ်မျိုးပြောင်းပြီးအကူညီတောင်ပါရစေ 😁
Ooredoo သုံးသူများ A နဲ့ I ပိုရင်ကူညီပါအုံး
09986010403
DONE ✅
ReplyDeletepp
ReplyDeleteUnite, good people
ReplyDeleteလူငယ်အများစုအတွက် ပြင်ဆင်ဖို့အခွင့်အရေး ရခဲ့ကြလား???
ReplyDeleteအခွင့်အလန်းတွေ ဖန်တီးပေးခဲ့ကြဖူးလား???
Let's fight
ReplyDeleteခုခေတ်က သူများကို ကူညီချင်တဲ့စိတ်နဲ့ အောင်မြင်ချင်တဲ့စိတ် မသဲကွဲဘူး ဖြစ်နေကြတာ
DeleteHi clickers
ReplyDeleteokokok(27/6/22)monday
ReplyDeleteClick with love 💕
ReplyDelete🍀🍀🍀🍀🍀
Let's click and click together..
ReplyDeleteDone 27
ReplyDeleteမေတ္တာရေလှိုင်းရိုက်ခတ်လာတော့ ငါ့နှလုံးသားလေးနိုးလာခဲ့ပြန်ပြီ။
ReplyDeleteThanks
ReplyDeleteFB မှာ အန် ထားတဲ့ ဈေးသည်တွေ ထီသည်တွေ MLM တွေဘာလို့ပြန်ပေါ်လာလည်းဆိုပြီး စိတ်ရှုပ်လို့ restricted ထဲထည့်နေတာ C2D page ကစာဖတ်တော့မှပဲသိတော့တယ်.
ReplyDeleteSo precious knowledge for both youth and adults. Thank you.
ReplyDeleteစစ်အာဏာရှင်စနစ်မုချပျက်သုဉ်းစေရမည်
ReplyDeleteစစ္အာဏာရွင္က်ဆုံးပါေစ
ReplyDeleteေဘးကင်းပါေစpdf
ReplyDeleteKeep going.
ReplyDeleteWe can do it.
ကွန်မန့်ရေးလို့ မရတာဘာကြောင့်လဲ?အခုမှရတာ
ReplyDeleteClick done
ReplyDelete❤️
ReplyDeleteဒီတော်လှန်ရေးကြီးအောင်မြင်ပြီရင် စစ်အာဏာရူးအုပ်စုလဲနိဂုံးချုပ်အဆုံးသတ်သွားပြီ။နောင်, ဘယ်တော့မှပြန်မပေါ်လာတော့ဘူး.....💪💪💪
ReplyDeleteGood
ReplyDelete💜💪
ReplyDeleteGood write a knowledge
ReplyDeletewe clicked.
ReplyDelete❤️
ReplyDeleteKeep going....
ReplyDeleteGo Go Clickers
ညီမရဲ့ Profile မှာ နာမည်နဲ့ပုံလေး ပြောင်းချင်လို့ပါ
ReplyDeleteဘယ်လိုပြောင်းရမလည်းရှင့်
စာသားနေရာလေးနှိပ်ပြီးထည့်လို့ရပါတယ်ညီမရေ
DeleteGood morning All...
ReplyDeleteငါ.မသေဘူး...ကလစ်ဖို့..ခရီးဆက်နေဦးမည်...💪💪💪💪💪ငါ.မသေဘူး...ကလစ်ဖို့..ခရီးဆက်နေဦးမည်...💪💪💪💪💪
ReplyDelete21 ရာစုကိုလက်ပြပြီး ကျောက်/ကြောက်ခေတ်ပြန်သွားဖို့ ဖြစ်နေပြီ
ReplyDeleteစိန်ခေါ်မှုအသစ်တွေအတွက်.....
ReplyDeleteကြိုတင်ပြင်ဆင်ရင်း.….....
အန္ဓရဲ့ကောင်းကင်
ReplyDeleteကင်းစင်အောင်မလုပ်နိုင်သမျှ
အနာဂါတ်မလှပ။
Thank you so much Sir. I get a lot of knowledge by reading yours. Please, keep writing.
ReplyDeleteကျေးဇူးပါဆရာ
ReplyDeleteI love everyone who clicks
ReplyDeleteThanks
ReplyDeleteThank U Sir for the knowledge
ReplyDeleteDone💕
ReplyDeleteအားတင်းထားပါ
ReplyDeleteမဂ္လာပါ
ReplyDelete💖💖
ReplyDeleteDone 🍀
ReplyDeleteWell done 👍👌👍😊
ReplyDeleteဟုတ်ကဲ့ပါမဂ်လာပါခင်ဗျာ
ReplyDeleteအားလုံးဘဲမဂ်လာပါခင်ဗျာ
ReplyDeleteအားတင်းထားပါ
ReplyDeleteBest article.
ReplyDeletefight together till the end
ReplyDeleteunity is strength , victory is in our hands
good night
ReplyDeleteSweet Dream.
ReplyDeleteI salute to these valuable people who love and strive for justice and peace.
ReplyDeleteDone
ReplyDeleteAs long as we don't give up, we win.
ReplyDeleteညှိနှိုင်းဖြေရှင်းတာကလဲဘက်ညီမှဖြစ်မှာပါ
ReplyDeleteThanks for sharing 😊
ReplyDeleteNever forget to Democracy.
ReplyDeleteThanks
ReplyDeleteThank you ❤️
ReplyDeleteကလစ်နေပါသည်
ReplyDeleteကလစ်နေပါသည်
ReplyDeleteနိုင်ကို နိုင်ရမည်
ReplyDeleteကျေးဇူးတင်လျက် Clickd
ReplyDeleteကျေးဇူးပါဆရာ 🙏🙏🙏
ReplyDeleteကျေးဇူးတင်ပါတယ် ဆရာ
ReplyDeleteThanks
ReplyDelete25-8-22💪
ReplyDeleteဆရာ့စာတွေက အမြဲ အဖိုးတန်ပဲ🥰
ReplyDeleteDပွဲမှာ ငါတို့တွေ နိုင်ကိုနိုင်ရမယ်
ReplyDelete5ting
👏
ReplyDeleteDone💜💜💜
ReplyDeleteNice
ReplyDelete♥♥♥♥♥
ReplyDeleteThank u
ReplyDeleteGood article
ReplyDeleteေကာ်ဖီချစ်သူလေးဘယ်ရောက်နေ။
ReplyDelete😍😍😍😍😍
ReplyDeleteမင်္ဂလာပါ
ReplyDeleteစိတ်ဝင်စားပါသည်
nice
ReplyDeleteNice
ReplyDeleteသတိယတယ်ဗျာ။
ReplyDeleteThank you Dr Phyo Thi Ha
ReplyDeletegood
ReplyDelete💪🏻
ReplyDeleteClick
ReplyDeleteငါ.မသေဘူး...ကလစ်ဖို့..ခရီးဆက်နေဦးမည်...💪💪💪💪💪
ReplyDeleteC2D
ReplyDeleteDone✅
ReplyDeleteေမာနင္ 🖤🖤🖤
ReplyDeleteဘာစီးပွားရေးလုပ်လုပ်....EQကမြင့်နေမှ ရေရှည်အဆင်ပြေမာ
ReplyDeleteGood
ReplyDeleteGood
ReplyDelete🦕🦖🐉
ReplyDeleteခင္ဗ်ားက အတ္တျကီးတယ္
ReplyDeleteက်မ က မာနျကီးတယ္လေ
4922 done ☘☘☘
ReplyDeleteDone
ReplyDeleteနံရံပေါ်မှာ ဘာမှချိတ်မထားတဲ့တခုခု
ReplyDeleteနောက်ဆုံးတော့
အထီးကျန်မှုကပဲ
အဖော်ကောင်း ဖြစ်နေသလိုမျိုးပေါ့။
အခုမှ စတာပါ
သေခြင်းတရားက ပစ်မှတ် ဖြစ်နေပြန်တယ်။
ကိုယ့်နားထင် ကိုယ် ပြန်ချိန်ထားတဲ့ သစ္စာတရားနဲ့ပဲ
အနာဂတ်ကို တည့်တည့်ပစ်ချလိုက်တယ်။
မလွဲဘူး
သေချာပါတယ်
အဲဒါ…ငါ့အသက်ရှူသံ။ ။
ဆက်ဝေမိုး
အမြဲဗဟုသုတရတဲ့အတွက်ကျေးဇူးပါ
ReplyDeleteကလစ်တိုင်းနိုင်ပါစေ
ReplyDeleteThank for sharing .
ReplyDeleteကျန်းမာရေး (ကိုယ်/စိတ်) ဂရုစိုက်ကြပါ
ReplyDeleteအဲ့ဒါမှကိုယ်လုပ်ချင်တဲ့အရာကို ကြိုးစားလုပ်နိုင်မယ်
fiting
ReplyDeleteဘေးကင်းကျန်းမာကြပါစေခင်ဗျာ။
ReplyDeleteရှေ့ဆက်လို့ ကလစ်ကြမယ်
ReplyDeleteတစ်ခုနားမလည်လို့ပါ သရုပ်သကန်ဆိုတာဘာကိုပြောတာလဲဗျ
ReplyDeleteနေ့တိုင်းကလစ်ပါတယ်
ReplyDeleteနေ့တိုင်Clickပါတရ်မclickရရင်တာဝန်မကြေးသလိုခံစားရလို့😍😍😍
ReplyDeleteပထမဆုံးရေးတာပါရှင်
ReplyDeleteကျမဒီနေ့ဝန်ထမ်းတွေကိုမဲဖောက်ပေးရင်
ဗိုလ် ကျား သေနတ် ကစားခိုင်းရင်း သတိထားမိသွားတယ်၊ ကျမအသက်၅၀ပါ
ကျားကဗိုလ်ကိုအုပ်ရင် ဗိုလ်သေပါတယ်။
ဗိုလ်ကို သေနတ်နဲ့ပစ်ရင်ဗိုလ်ကမသေပါဘူး သေနတ်သမားကရှုံးပါတယ်။
ပါးစပ်ကလဲဗိုလ်ကိုသေနပ်နဲ့မပစ်ရဘူးလို့အော်သေးတာ။ကျမတို့ဒီကစားနည်းကို
ဘယ်အချိန် ဘယ်ခုနှစ်ကတည်းက Brain Worksအလုပ်ခံရတာလဲ၊ကျမကတော့ဒီနေ့စပြောင်းပါတယ် ဗိုလ်ဆိုတဲ့အကောင်ကလူဘဲသေနပ်နဲ့ပစ်ရင်သေတယ်လို့ပေါ့။ပြောချင်တာကကျမတို့ကလေးတွေဆောဘတာမြင်ရင်ပြောပေးကြပါရှင်။
fightinh
ReplyDeleteကျေးဇူးပါခင်ဗျာ
ReplyDeleteခင်ဗျားက အတ္တကြီးတယ်
ReplyDeleteကျမက မာနကြီးတယ်လေ
အဆင်ရောပြေကြရဲ့လား
DeleteDoYouLoveMe?
ReplyDeleteကလစ်ရင်းဗဟုသုတရပါတယ် 😘😘
ReplyDeleteDT မပြည့်သေးလို့ ပြန်ရောက်လာပြန်ပြီ။
ReplyDeleteyes
ReplyDeleteDone
ReplyDeletemorning
ReplyDeleteေမာနီး 💛💚💙💜🖤
ReplyDeleteအာနာသိမ်းပြီး ၄လ လောက်ကတည့်က Click လာခဲ့တာ ခုချိန်ထိ တစ်ရက်မှမပျက်ခဲ့ပါဘူး 😍😍😍
ReplyDeleteအမြဲကလစ်
ReplyDeleteစိတ်ပင်ပန်း တိုင်းလာဖြစ်တဲ့နေရာလေး😔
ReplyDeleteDone❤
ReplyDeleteမင်္ဂလာနေ့လည်ခင်းပါခင်ဗျာ။
ReplyDeleteD နေ့လည်း DT မပြည့်သေးဘူး။ကြိုးစားပြီကလစ်ဆဲ။
ReplyDeletegood night 💜💜💜💜
ReplyDeleteမင်္ဂလာညချမ်းပါခင်ဗျာ။ ဂလုနိုက်ပါနော်။☺
ReplyDeleteမအိပ်သေးဘူး ပြနရောက်လာပြန်ပြီ။😁
ReplyDeleteကျေးဇူးတင်ပါတယ်
ReplyDelete