"ကျောင်းသွားဖော် . . . . သို့"
ကျွန်တော်က ကိုယ့်လူတွေကို ကဗျာလေးတစ်ပုဒ်နဲ့ လွန်ခဲ့တဲ့ ၈၀ ခုနှစ်တွေဆီ ကိုခေါ်သွားချင်ပါတယ်။
ဆရာ လင်းမိုးစွေ ရေးထားတဲ့ "ကျောင်းသွားဖော် . . . . သို့" ဆိုတဲ့ ကဗျာလေးနဲ့ပါ။
(ဆရာ လင်းမိုးစွေ ကိုလည်း ဒီနေရာကနေပဲ ကူးယူးဖော်ပြခွင့်ပေးဖို့ ခွင့်တောင်းလိုက်ရပါတယ်ခင်ဗျာ)
ကျောင်းသွားဖော်...သို့
_____________________
( ၁ )
ဒေါင်...
ဒေါင်...
ဒေါင်...
ကျောင်းတက်ခေါင်းလောင်း ထိုးလိုက်တာနဲ့
ကိုယ့်အခန်းထဲကိုယ်ဝင်ဖို့
သူ့ထက်ငါ အပြေးအလွှား
တစ်ယောက်နဲ့တစ်ယောက် မတော်တဆတိုက်မိတဲ့အခါ
တစ်ယောက်ကိုတစ်ယောက် အပြစ်မမြင်ကြဘူး
မောင်နဲ့ မယ်နဲ့
ကျောင်းခန်းထဲ မဝင်ခင်ကတည်းက
အပြုံးပန်းတွေ ဆင်ခဲ့ကြတယ်။
( ၂ )
ပုံနှိပ်စာအုပ်တွေရတဲ့နေ့က
စာအုပ်အဖုံးပေါ် နင့်လက်ရေးနဲ့ရေးပေးဖူးတဲ့ ငါ့နာမည် မေ့သွားပြီလား...။
( ၃ )
အမြဲတမ်းတော့ မဟုတ်ဘူး
တစ်ခါတလေ ဆိုတဲ့စကားလုံးကို အကာအကွယ်ယူလို့
နင့်အကြောင်း ချရေးမိတာပါ
သတိရတဲ့အကြောင်း
အတန်းပိုင်ဆရာမဆီခွင့်တိုင်သလို ခွင့်တိုင်ဖို့မှမလိုတာ။
( ၄ )
နင်စားချင်တယ်ဆိုလို့ သူများခြံထဲက မာလကာသီး
ငါ ဘယ်လိုခူးလာသလဲလို့ နင် မမေးဘူး
နင် မေးလည်း
ငါ မဖြေဘူး
အသီးက ကြွေကျလာပါ့
ဖိနပ်တစ်ဖက်က အပင်ပေါ်မှာ
ဖိနပ်တစ်ဖက်က အပင်အောက်မှာ
မာလကာသီး ပုဆိုးခါးပုံစထဲထည့်
သမိုင်းသင်တဲ့ဆရာကြီးပြောသလို ဂန္ဒီထုံး နှလုံးမူပြီး
ခြေဗလာနဲ့ ပြန်လာခဲ့ရတယ်
ဒီအကြောင်း နင်သိရင်
နင့်မာလကာသီး ချိုမှာ မဟုတ်တော့ဘူး။
( ၅ )
အမေ စျေးကဝယ်ဝယ်လာတဲ့ဘုရားပန်း
တစ်ပွင့်တစ်ပွင့် လျော့လျော့သွားတာ
အတန်းပိုင်ဆရာမ ပေးဖို့မှ မဟုတ်တာ
"ဟဲ့! ကောင်လေး ကလစ်ကဘာလုပ်ဖို့တုန်း"
မယောင်မလည်နဲ့
"နား ယားလို့ပါ အမေရာ"
"အသည်းယားလို့ပါ အမေရာ"လို့ ပြောလို့ ဖြစ်မလား
အမှားတွေ မုသားတွေနဲ့
ငရဲ ကျကျနေငါ...။
( ၆ )
နင့် ပေးထားတဲ့ပန်း
နင်က ဆရာမသွားပေးတော့
တစ်နေ့လုံး စာထဲစိတ်မရောက်တော့ဘူး။
( ၇ )
ငါတို့တစ်တွေက
ဟိုစိတ်ဒီစိတ်တွေ ထားရမယ့်အရွယ် မဟုတ်သေးဘူး လို့
နင့်အပြောလေးကို သဘောကျပြီး
ငါ့မွာ
ဟိုစိတ်ဒီစိတ်တွေကို ဖြစ်လို့...။
( ၈ )
အကြည့်နဲ့အမူအရာက
နင် ပြောပြောနေတဲ့ ငါနားမလည်တဲ့ ဘာသာစကား
မျက်လုံးလေး ထောင့်ကပ်ပြီး ကြည့်လိုက်တာနဲ့
တစ်ညလုံး ငါ့မျက်လုံးတွေ ဖျားတော့တာပဲ။
( ၉ )
နယူတန်ရဲ့တတိယနိယာမက
"မေတ္တာဆိုတာအလျားအနံမရှိပေမဲ့ အသွားအပြန်ရှိတယ်"ဆိုတဲ့သဘော
လူတတ်ကြီးလုပ်ပြီး စကားကြီးစကားကျယ် ငါပြောပြတော့
ငေးကြည့်နေတဲ့ နင့်မျက်နှာလေးက
တကယ့်ပီဘိကလေးလေးပဲ။
( ၁၀ )
ညနေကျောင်းဆင်း
နင့်စက်ဘီး ချိန်းကျ ကျနေလို့
စက်ဘီးအသစ်စီးချင်တိုင်း အိမ်ကိုအပြစ်တင်နေတဲ့ နင့်ကိုကြည့်ပြီး
ငါ ရီ(ရယ်)ချင်မိတယ်။
တကယ်တော့
ချိန်းချထားတာ ငါပါဟာ...။
( ၁၁ )
စကားတပြောပြောနဲ့ နင် မသိလိုက်ပေမဲ့
ငါ သတိထားမိလိုက်တယ်
တို့နှစ်ယောက်အတူ စက်ဘီးယှဉ်စီးလာတာ
နင့်အိမ်က မြင်သွားပြီ
ငါ့မှာ ထိတ်ထိတ်ပျာပျာ...။
( ၁၂ )
နောက်နေ့ ကျောင်းလာတော့
နင် အိမ်နဲ့ဘာမှမဖြစ်ခဲ့သလို
အေးလေ
ငါကိုက အစိုးရိမ်လွန်တာပါ
နင် ပြောခဲ့သလို ဟိုစိတ်ဒီစိတ်တွေထားရမယ့်အရွယ်
မဟုတ်သေးဘူးလေ...။
( ၁၃ )
ထမင်းလက်ဆုံစားတယ်လို့ မခေါ်ဘူး
ဘုံတူစားတယ်လို့ပဲ ခေါ်တယ်
ချိုင့်ထဲက အသည်းဖတ်ကလေး
နင်လည်း မစားရဲ
ငါလည်း မစားရဲ
ကျောင်းတက်ခေါင်းလောင်းတောင် ထိုးသွားပြီပဲ။
( ၁၄ )
နင် ထမီပြင်ဝတ်ဖို့
မဆီမဆိုင် ငါကို့ ဟိုဘက်လှည့်နေ တဲ့
အေးလေ
ငါကလည်း နင့်ကို တချိန်လုံးလိုက်ကြည့်နေတာကိုး...။
( ၁၅ )
စာစီစာကုံးထဲ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့
`အချစ်ဦး´ကဗျာ ထည့်ရေးမိတော့
တစ်ခန်းလုံးက ဝိုင်းလှောင်ကြတယ်
"ကဗျာဆရာ"
( ၁၆ )
လှောင်ကြတဲ့သူတွေအထဲ နင် မပါဘူး
အဲဒီလိုနဲ့
ငါဟာ ကဗျာဆရာ...။
( ၁၇ )
နင် လှတာကို မနာလိုတဲ့ကောင်မလေးတစ်ယောက်
အကြောင်းမရှိ အကြောင်းရှာ ငါ့ စကားလာပြောတော့
အကြောင်းမရှိ အကြောင်းရှာ နင်က ငါ့ စကားမပြောတော့ဘူး။
( ၁၈ )
ခေါ်မလား မခေ်ဘူးလား
လက်ညှိုး လက်ခလယ်ကွင်းလေးက
နင့်ရှေ့မှာ...၊
ငါ့လက်ကို ပုတ်ချလိုက်တော့...
ငါ့ကို ပုတ်ချလိုက်သလိုပါပဲ။
( ၁၉ )
အပေါက်စုံအောင်ပြောတတ်တဲ့
ငါတို့အတန်းထဲက ကောင်မတွေ နင့်နားလာရင်
ငါ့ကို ဘောလုံးသွားမကန်ဘူးလား
အချဉ်ပေါင်း သွားဝယ်ပေးပါလားနဲ့
နင်က မလိမ့်တပတ်နဲ့ မောင်းထုတ်တော့တာပဲ
ငါသိသားပဲ
ငါလည်း ဘောလုံးခြေဦးထိုးလောက်သာကန်တတ်တာဆိုတော့
ဘယ်ကောင်မှ ငါ့ အပါမခံဘူး
မင်းတို့ တောင်ကန်မြောက်ကန် ကန်နေတဲ့ ဘောလုံးလည်း ကြည့်မနေဘူး
ဒီတော့
အချဉ်ပေါင်းသည်ရဲ့ မောင်းသံက ငါ့ကိုလှမ်းခေါ်နေသလို
ငရုတ်သီးထည့်မှာလားဆိုတော့
ထည့် များများသာထည့် လို့
နင့်ကို ငါချဉ်တယ်။
( ၂၀ )
အဲဒီကောင်ဆီ စာသွားမေးရအောင်
နင်က သူ့တပည့်မို့လို့လား
သူက ဆရာကြီးလား
အမှတ်များတိုင်း တော်တဲ့ကျောင်းသားလား
ရှေ့ဆုံးတန်းက ဂျပု ငါကြည့်မရတာကြာပြီ
ငါ့မှာ နေမထိထိုင်မသာ
အိမ်နားက အစ်ကိုကြီးတွေပြောသလိုဆို
အူနုကျွဲခတ်ခံရတယ်
အဲဒီနေ့က
နင့် မစောင့်ဘဲ ကျောင်းကပြန်ခဲ့တယ်
`တူးတူး´သီချင်းထဲက "မိဆိုး"ဟာ နင်ပဲ။
( ၂၁ )
နင့်ကိုငါ မကြည်ဘူး
နင့်ကိုငါ မကြည့်ဘူး
ငါ့ကို နင် ကြည့်နေတာ ငါမကြည့်ဘဲနဲ့ အလိုလိုသိနေတယ်
နင်
အကြည့်တွေ ဝဋ်လည်နေပြီ။
( ၂၂ )
နင့် လက်သည်းနီ မခြောက်သေးတော့
ငါ့ လက်မောင်းတွေက နင့်ကို ပြောင်ချော်ချော်လုပ်နေတယ်
ရိုက်ရဲရင် ရိုက်ကြည့်လေ...
ဆိတ်ရဲရင် ဆိတ်ကြည့်လေ..
လက်ကြီးကားယား ကားယားနဲ့
နင်
"စုန်းမ"
( ၂၃ )
ကိုယ်လက်မအီမသာနဲ့
နင် ဗိုက်နာတဲ့နေ့က ငါ့မှာ ပျာယီးပျာယာ
လျက်ဆားလျက်ကြည့်ပါလားပြောတော့...
"ငါ အပျိုဖြစ်ပြီ" တဲ့
ဗိုက်နာတာနဲ့ နင်အပျိုဖြစ်တာ ဆက်စပ်လို့မရခဲ့တာ
ငါ့မှာ...။
( ၂၄ )
မိန်းမတစ်ယောက်ရဲ့ပကတိအလှကို မြင်ချင်ရင်
မနက်အိပ်ရာထ သွားကြည့်ဆိုလို့
အိမ်နားက အစ်ကိုတွေမြှောက်ပေးတိုင်း
နင့်အိမ်ရှေ့စက်ဘီးတစ်စီးနဲ့ ငါ့မှာမယောင်မလည်
နင့်မြင်ဖို့ဝေးစွ အိမ်တံခါးတွေတောင်မဖွင့်သေးဘူး။
( ၂၅ )
အမေသာသိရင်
စာသာဒီလောက်ကြိုးစားရင် အစချီပြီး
ရေချိုးရင်လည်း အကြာကြီး
မှန်ရှေ့မှာလည်း အကြာကြီး
...........................................
ပြောလို့ပြီးမှာမဟုတ်တော့ဘူး။
( ၂၆ )
အရွယ်မြန်မြန်ရောက်ချင်တဲ့စိတ်နဲ့
ကြက်သွန်နီနဲ့ပွတ်ရင်
နှုတ်ခမ်းမွှေးပေါက်တယ်ဆိုလို့ပါ
အကြော်ဆိုင်မှာ
နင်က ကြက်သွန်ကြော်တောင်မစားတော့ဘူး
ကြက်သွန်နံ့ နံနေတာမဟုတ်
လူပျိုနံ့ မွှေးနေသူမှာ
ငါ...။
(၂၇ )
နင့်အင်္ကျီနောက်ကျောက
အပေါ်ဆုံးနှိပ်ကြယ်သီးလေးပြုတ်နေတာ
တပ်ပေးဆိုလို့ တပ်ပေးရသေးတယ်
ငါ့လက်က နင့်အသားကို မထိပါဘူး
နင့်ဂုတ်ပိုးအစပ်က မွေးညင်းနုနုကလေးတွေ လှုပ်ခတ်သွားတာ ငါ့ သက်ပြင်းတွေကြောင့်ပါ။
( ၂၈ )
နင့် အတွင်းခံဘောင်းဘီ ဘာရောင်ဘယ်နှစ်ထည် ရှိတာကအစ
နင့် ရင်ညွန့်မှာ မှဲ့နီနီကလေးရှိတာကအဆုံး ငါသိခဲ့တယ်
အခု
နင့်ကိုငါ ရဲရဲ မကြည့်ရဲတော့ဘူး
ကြည့်မိရင်လည်း နင် မျက်လွှာချသွားပြီ၊
တစ်တန်းနှစ်တန်းလောက်တုန်းက ငါတို့စိုက်ခဲ့တဲ့ သရက်ပင်
အဖူးကလေးတွေတောင် ပွင့်လို့
သီးကင်းကလေးတွေတောင် သီးလို့
ငါတို့ မငယ်ကြတော့ဘူး...။
( ၂၉ )
ဂစ်တာ စတီးခါစ
နှင်းဆီပန်သူ သီချင်းကလေး
C
Am
Cord နှစ်ခုတည်းနဲ့အတီးလေ့ကျင့်နေသလို
နင့်ရှေ့မှာလည်း ဒီသီချင်းလေးပဲဆိုနေချင်မိတယ်
ဂစ်တာတစ်ခုတည်းတော့မဟုတ်လောက်ဘူး
ငါ ဘာကိုလေ့ကျင့်နေတာလဲ
"အလေးထားသူမှာ စိုးရွံ့ လို့နေမြဲ
ဖွင့်ဟခက်ဆဲ"...။
( ၃၀ )
ကိုယ်လိုရာကို တွေးပြီး စိတ်ကူးယဉ်ရတာ
ကြည်နူးစရာပါ
နင့် လေ့ကျင့်ခန်းစာအုပ်ရဲ့လွတ်နေတဲ့စာမျက်နှာမှာ
"ထာဝစဉ်ရင်မှာ တသိမ့်သိမ့်စွဲရစ်တွယ်"ဆိုတဲ့ သီချင်းစာသားလေးကိုတွေ့တော့
ငါ့မှာ...။
( ၃၁ )
ငါကလည်း နေရာတကာစပ်စပ်စုစုမို့
"ကလေးက ကလေးနေရာနေစမ်း"လို့ ပြောခံရရင်
ငါ့မှာ အောင့်သက်သက်နဲ့
ပုဆိုးသာ ချွတ်ပြလိုက်ချင်တယ်။
ဒီအကြောင်း နင့်ကိုငါ ပြောပြတော့
"အမှန်က ပုဆိုးချွတ်ပြလိုက်ရမှာဟ"လို့ နင်ကပြောပြောပြီး တဟားဟားနဲ့ ရီပါလေရော
ငါလည်း ငါ့စကားငါ သဘောပေါက်ပြီး
နှစ်ယောက်သား
မျက်ရည်တွေထွက်အောင် ရီ(ရယ်)လို့
မျက်ရည်တွေထွက်အောင် ငို့ဖို့ မှ မဟုတ်ခဲ့ဘဲ...။
( ၃၂ )
၈.၈.၈၈
အဲဒီနေ့က နင် ကျောင်းမလာဘူးနော်
ခံစားမှုဆိုတာ ရောထွေးသွားစေသလား
ငါ့မှာ အသံတွေ နာလို့
ငါ့မှာ အသံတွေ ပြာလို့
လက်သီးလက်မောင်းတွေတန်းလို့ ။
( ၃၃ )
လူကြီးသူမတွေပြောကြတဲ့
သစ်ရွက်လှုပ်တာကို ရီချင်တဲ့အရွယ် မဟုတ်တော့ဘူး
သစ်ရွက်ကြွေတာကို ငိုချင်တဲ့အရွယ်
ကျောင်းကြီးပိတ်သွားပြီ
ကျောင်းတွေ ဘယ်တော့ပြန်ဖွင့်မှာလဲလို့ လိုက်မေးရင်း
လူကြီးသူမတွေ မဖြေနိုင်ဘူး
ကျောင်းတွေပိတ်သွားပြီ။
( ၃၄ )
ငါ့မှာ အသံတွေ နာလို့
ငါ့မှာ အသံတွေ ပြာလို့
လက်သီးလက်မောင်းတွေတန်းလို့
ကျောင်းတွေပြန်ဖွင့်တော့
နင်
ကျောင်း ပြန်မလာတော့ဘူး။
( ၃၅ )
နင့်အိမ်က ကျောင်းပြောင်းလက်မှတ် လာထုတ်သွားပြီ
ဆိုတာကလွဲပြီး
နင်နဲ့ပတ်သက်တဲ့အကြာင်း
ဘာအသံှ မကြားရတေ့ဘူး။
( ၃၆ )
တကယ်ဆို
ငါ့ လိပ်စာ နင့်ဆီမှာ ရှိနေတာပဲ
နင် ငါ့ကို စိတ်ဆိုးနာကြည်းသွားလို့လား
ဒါလည်း မဖြစ်နိုင်ဘူး
တို့နှစ်ယောက်က စိတ်ဆိုးစိတ်ကောက်လည်း ခဏပဲ
ဒါဆို
နင့်အိမ်က တစ်ချိန်ချိန် ငါနဲ့နီးစပ်သွားမှာစိုးလို့လား
မပြောကောင်း မဆိုကောင်း
လူ့ပြည်မှာ နင် မရှိတော့လို့လား
ဖွဟဲ့! လွဲပါစေ ဖယ်ပါစေ
မေးခွန်းတွေ မေးခွန်းတွေနဲ့ငါ
နင်ကလွဲပြီး ဘယ်သူမှ မဖြေနိုင်ဘူး
အရေးအခင်းနဲ့အတူ အရေးထဲ အရာပေါ်ခဲ့ပြီ။
( ၃၇ )
နင်က ငါ့ကို ဘာမှ ပြောမသွားသလို
ငါကလည်း နင့်ကို ဘာမှ မပြောလိုက်ရဘူး
တစ်နေ့နေ့
နင့်မျက်နှာကလေးကိုကြည့်ပြီးပြောချင်တဲ့စကားက
နှစ်လုံးတည်းရယ်ပါ။
( ၃၈ )
နင့်ဆံပင်လို ကျစ်ဆံမြီးကျစ်ပေးခဲ့တဲ့
ငါ့လွယ်အိတ်အနားလေးတွေကို တင်းတင်းဆုပ်
လွယ်အိတ်ကလေးပိုက်ပြီး
ကျောင်းထဲမှာ...။
( ၃၉ )
ဘဝပျက်တယ်ဆိုတာ
လမ်းဘေးရောက်သွားမှ မဟုတ်ဘူး
လမ်းပေါ်မှာ...။
( ၄၀ )
ငါ မငိုဘူး
ငါ့ကို နင် ပြောဖူးတယ်
"နင် ယောကျ်ား မဟုတ်ဘူးလား""ကလေးလည်းမဟုတ်ဘဲနဲ့"
ငါ မငိုဘူး
ငါ လူကြီးဖြစ်နေပြီပဲ
ငါ မငိုဘူး
ငါ မငိုဘူး
ထိန်းထားတဲ့ကြားက မျက်ရည်တွေ
ပါးပေါ်မှာ...။
( ၄၁ )
ဘယ်ဘုရားမှာ
ဘယ်လိုဆုတွေ တောင်းရမှန်းမသိ
အမွှေးတိုင်တွေလို
တငွေ့ငွေ့ လောင်ကျွမ်းနေပြီ။
( ၄၂ )
မြင်ယောင်မိတယ်
ဘုရားကန်တော့နေပုံလေး
မဆွတ်ခင်က ညွတ်ချင်သူပီပီ
အမျှမဝေခင်ကတည်းက သာဓုတွေခေါ်နေမိတယ်။
( ၄၃ )
အဘိဓာန်လိုမျိုး စာအုပ်အထူကြီးတွေက
ဖတ်ဖို့မှ မလိုတာ
စွယ်တော်ရွက်ကလေး
ညှပ်ထားရုံသာ...။
( ၄၄ )
နင့် အော်တိုစာအုပ် ရှေ့ဆုံးစာမျက်နှာမှာ
အဦးဆုံး ငါရေးပေးဖူးခဲ့တဲ့"ငယ်ချစ်ဦး"ဆိုတဲ့ကဗျာ
ဒီစာမျက်နှာမှာ နင် ဖတ်ခွင့်ကြုံရင်
စွယ်တော်ရွက်ကလေးနဲ့အတူ
ငါ့ မှတ်မိမှာပါ။
( ၄၅ )
ကျောင်းဆင်း ခေါင်းလောင်းထိုးလိုက်တာနဲ့
ကျောင်းဝင်းထဲ စံပယ်ပန်းခက်တွေ ကြဲချလိုက်သလို
ကျောင်းဝတ်စုံလေးတွေက
ငါတို့ငယ်ဘဝ...
ဒေါင်...
ဒေါင်...
ဒေါင်....။ ။
.
လင်းမိုးစွေ
၃၀.၃.၂၀၁၆
ငါတို့အားလုံးလမ်းပျောက်နေတာမဟုတ်ဘူး
ReplyDeleteလမ်းဖောက်နေတာ....
#သူရအောင်
အနာဂတ်မပျောက်ဘူးအနာဂတ်ကိုတိုက်ယူကြမယ်..
အရင်အချိန်တွေပြန်တွေးရင်းလမ်းပျောက်တယ်ထင်မိတိုင်းငါတို့အားစိုက်လမ်းဖောက်ကြမယ်...
ခွေးမျိုးတွေသာအာဏာမသိမ်းခဲ့ရင်ငါတို့ဟာ
ကျောင်းလေးတက်လိုက်အပြင်လေးသွားလိုက်အချိန်တွေကိုတွေးမိတိုင်း...ဒီအချိန်တွေပြန်ရဖို့ငါတို့အတူတိုက်ကြမယ်....
#သည်း
"နံရံကိုခေါင်းနဲ့မတိုက်နဲ့တဲ့
ငါတို့ကား နိုင်လိုစိတ်ဖြင့်တိုက်၏
အာဏာရှင်တံတိုင်း ဗုံးဗုံးလဲစေ။"
နိုင်ငံရေးအကျဥ်းသားတစ်ဦး
အပေါ်က လွမ်းချင်း တွေဖတ်ပြီး မျက်ရည်ကျချင်နေတာ.. အခုမှ သက်သာသွားတယ်
Deleteတော်လှန်ရေးမှာ
ReplyDeleteအကြောင်းအမျိုးမျိုးကြောင့်
ငါအရင်ပျောက်ကွယ်သွားရရင်တောင်
ငါ့စိတ်ဝိညာဥ်နဲ့အဆုံးထိတော်လှန်မယ်
#သည်း
Fighting
Delete၃၂ ထိ ဖတ်ရတာကြည်နူးစေတယ်..ကျောင်းသားဘွနဲ့ bff ကိုလွမ်းမိသွားစေတယ် (ကိုယ်တို့ကတော်တော်ဆိုးဆိုးတွေ ကျောင်းအုပ်ကြီးရုံးခန်းခိုးဝင်ဖူးတာလေးပြန်အောက်မေ့.secret carbon ဝင်ခိုးကြတာ..😁) ကောင်လေးတွေနဲ့ ရန်ပဲဖြစ်နေတော့. ကိုယ့်ကိုအဲ့လိုကြိတ်ခရက်ရှ်နေတာလဲရှိမယ်မထင်ဘူး. ကိုယ်စာဖတ်မဖတ် ညဘက်ကြီးအိမ်နားလာချောင်းတဲ့ရန်ဖြစ်ဖေါ်တော့ရှိခဲ့ဘူးတယ်. တကယ်တော့ စတိတ်ကျောင်းသားဘွက ခံစားချက်တွေ စစ်မှန်လွတ်လပ်တယ်.
ReplyDelete(ခံစားချက်တွေက ခုလဲစစ်မှန်နေတုံးပါ..ads. ကြော်ငြာပါ 😁)
ကိုယ်လဲသူများခြံက သရက်သီးဝင်ခိုးဖူးတယ် (ခွေးတိုးပေါက်က,သရက်သီးစိမ်းဆိုတော့ ချဉ်လိုက်တာ 😪)
Deleteကဗျာဖတ်ရင်း ကျောင်းသူဘဝကို ပြန်လွမ်းမိတယ်ဗျာ
ReplyDeleteအပူပင်ကင်းကင်းနဲ့ လွတ်လပ်ပေါ့ပါးတဲ့ ကျောင်းသူဘွ
ကစားလဲကစားတယ် စာလဲလုပ်တယ်
ခုခေတ်လို အပြိုင်အဆိုင် မများတော့ ကျောင်းသူဘွက တကယ် ပျော်စရာ ကောင်းခဲ့တယ်
ခုခေတ်ကလေးတွေ သိပ်သနားတယ်
ကျောင်း,ကျူရှင်, စာပြီးရင်စာ နေရတာ
ဒါပေမယ့် ခုတော့ မအလကြောင့် စာသင်ကြားခွင့်တွေ ဆုံးရှုံးနေရတဲ့, ကျောင်းသားဘဝကို မခံစားကြရတဲ့ ကလေးတွေ ကြည့်ရင်း သိပ်ဝမ်းနည်းတယ်ကွယ်
very happy . . . XD
Deleteကျောင်းသားဘဝက ခိုးချစ်ခဲ့ရတာ ကောင်မလေးအကြောင်း တွေးမိပြီး ပျော်နေတာလား YURNERO 😁😁😁
Delete
Delete"မေတ္တာဆိုတာအလျားအနံမရှိပေမဲ့ အသွားအပြန်ရှိတယ်"ဆိုတဲ့သဘော
လူတတ်ကြီးလုပ်ပြီး စကားကြီးစကားကျယ် ငါပြောပြတော့
ငေးကြည့်နေတဲ့ နင့်မျက်နှာလေးက
တကယ့်ပီဘိကလေးလေးပဲ။
အဲ့ဒီစာကြောင်းလေး အဲ့ဒီလိုပြောခဲ့ဖူးတဲ့ကျနော် တကယ့်ချစ်စရာကလေးရုပ်ကလေးနဲ့သူမ တိုက်ဆိုင်လိုက်တာဗျာ
ကျနော်ကိုအပြီးတိုင်ထားသွားခဲ့တာနှစ်တွေတောင်ပြောင်းကုန်ပြီ မှူးရေ💔ကျနော်တို့အပြီးတိုင်ခွဲခွာသွားခဲ့ရတာမနေ့တစ်နေ့ကလိုပါပဲ
(ဖြစ်ချင်တော့ဆယ်တန်းအောင်စာရင်းထွက်မည့်ညမှာမှကျနော်ကိုထားသွားခဲ့တာ မှူး)မှူး All D ထွက်တော့ကျနော် ငိုရပြန်သေးတယ် All D ပါရင် အဖြေပေးမယ်လို့ပြောခဲ့တဲ့မှူးစကားလေးတွေကြောင့် ကျနော်အခုထိရူးကြောင်ကြောင်နဲ့စောင့်နေတုန်းပဲ မှူးရေ😞
မှူးရေ ... 😔😔😔
Deleteကျနော်လဲ ကူခေါ်ပေးမယ်လေ
မှူး
Deleteရောက်ရာအရပ်ကအမြန်လာပါတော့
ငိုတောင် ငိုချင်လာပြီ
မှူး ရေ
သူမ ကျနော်အနားကိုပြန်မလာနိုင်တော့ပါဘူး😞😢@SAMMI
Delete@San Zuren 😔😢😞
Delete😭😭😭
Deleteကလေးများအားလုံးကျောင်းအမြန်တက်နိုင်ပါစေ
Deleteဒီကဗျာလေးတောင် အမ ကြိုက်လွန်းလို့ မန့်မလို့ ခြူးလေး ဦးသွားတယ် 😁
ReplyDelete"ကိုယ်လိုရာကို တွေးပြီး စိတ်ကူးယဉ်ရတာ
ReplyDeleteကြည်နူးစရာပါ"
Same here. :D
ကျွန်တော်ရောပဲ
Delete😊
Deleteအဟီး....ခုလည်း ယဉ်ချင်ရာယဉ်ပဲ 😂
Delete✊🏻✊🏻
ReplyDeleteမမခြူး အကြံကြီးလိုက်တာ. 😆
ReplyDeleteတစုံတယောက်ကို ချစ်မိတဲ့အခါ....
ReplyDeleteရှင်သန်ရတာ အဓိပ္ပာယ်ပိုရှိလာတယ်
မျော်လင့်ချက်တွေ ပိုမိုခိုင်မာလာတယ်
အပြုံးတွေ ပိုတောက်ပလာတယ်
အခက်အခဲတွေကျော်ဖြတ်ဖို့ခွန်အားရှိလာခဲ့တယ်
ကုန်ဆုံးသွားတဲ့အချိန်တွေပေါ်နှမြောတသ မဖြစ်တော့ဘူး
ပျော်ရွှင်ရတဲ့ အခိုက်အတန့်လေးတွေကို တန်ဖိုးထားတတ်လာတယ်
အဲ့ဒါကြောင့်.....တစ်စုံတယောက်ကိုချစ်ပါ...
တစ်စုံတယောက်အတွက်....ကိုယ့်ကိုကိုယ်ချစ်ပါ........
တစ်စုံတယောက်အတွက်...ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ
(စဉ်းစားမရလို့ အရင်ဟာလေး ၁ကြောင်းဖြည့်ပြီးပြန်တင် 😁)
ရှင်သန်ရတာ အဓိပ္ပာယ်ပိုရှိလာတယ်
Delete🥰
Deleteဟုတ် မင်မင့်ကောင်မလေးကတော့ ကံကောင်းသူလေးပဲ😁😅
Deleteကျောင်းသွားဖော်တော့မရှိပါဘူးတော်လှန်ရေးရဲဘော်တွေတော့ရှိတယ်သူတို့အားလုံးကိုချစ်တာ
DeleteThat someone is........ 🍎
DeleteApple of my eye. To the Bone.
(သိသလောက်ချရေးထားတာ 😅)
နောက်ရက် တင် ပါ့မယ်ခင်ဗျာ။
ReplyDeleteFIGHT FOR FREEDOM ÖK
ReplyDeleteစစ်အာဏာရှင်ကျရှုံးရမည် 🇹🇼✊
ReplyDeleteနောင်တစ်ချိန်ကျောင်းဝန်းထဲခြေချခွင့်ပြန်ရချိန်မှာ ငိုမိမယ်ထင်တယ်🥺
ReplyDeleteကြားနေရတဲ့ကျောင်းတက်ခေါင်းလောင်သံဟာလဲနားဝင်မချိုခဲ့လေပေါ့
ReplyDeleteငယ်ဘဝလေး လွမ်းမိပါတယ် 😉😉
ReplyDeleteDone
ReplyDeleteOur fights bring us closer to each other.True love is tight hug after a fight.
ReplyDeleteငါ့စက်ဘီးလေလျော့ခံလိုက်ရတယ်😒
ReplyDeleteကဗျာ၂ပုဒ်လုံးဟာ ခံစားချက်တမျိုးစီ
ReplyDeleteလွမ်းမောတာရယ်
နာကြည်းတာရယ်
တချို့ ၁၄ ၁၅အရွယ်လေးတွေ ကြွေလွင့်သွားကြပြီလေ..
ReplyDeleteနွေကျောင်းပိတ်ခါနီးရင် အော်တိုစာအုပ်လေးတွေ
လက်မှတ်ထိုးခိုင်းရတာလေးတွေ ပြန်အမှတ်ရတယ်
ခုထိသိမ်းထားတယ်
တခါတလေ အဲစာအုပ်လေး ထုတ်ဖတ် ငယ်ဘဝ
အလွမ်းဖြေရတာ feelingတမျိုးပါပဲ
ကိုယ်အဖြေမပေးခဲ့တဲ့ ကောင်လေးရဲ့လက်ရေးလှလှ
လေးကိုတော့ ပြန်ဖတ်မိတိုင်းပြုံးမိတယ်
အော်...
အဲအချိန်တွေဟာ အပျော်ဆုံး ဖြစ်ခဲ့တာပါ့လား....
လွမ်းမောစရာအတိတ်ကာလတွေ၊ ပြန်တွေးကြည့်တော့လည်း အချိန်တွေဟာ ခဏလေးလိုပဲ....
ကိုယ်အဖြေမပေးခဲ့တဲ့ ကောင်လေးရဲ့လက်ရေးလှလှလေးကိုတော့ ပြန်ဖတ်မိတိုင်းပြုံးမိတယ် တဲ့
Deleteမမညိုပြာတို့ကတော့ မိုက်တယ်ကွာ 😁😁😁
ကိုယ့်မှာလဲရှိသေးတယ် အော်တိုစာအုပ်လေးတွေ
Deleteပျော်စရာကောင်းခဲ့တဲ့ ကျောင်းသားဘဝလေး လွမ်းလိုက်တာ မမညိုပြာရယ်
ကိုယ်မှာတော့မရှိတော့ဘူး. လွှတ်ပစ်လိုက်ပြီ. ဖတ်မိရင် ငါတော်တော်ရူးကြောင်ကြောင်တွေလုပ်ခဲ့ပါလားဆိုပြီး ရယ်နေရလို့. (လျှောက်ပြောတာ ရေးပေးတဲ့သူလဲမရှိလို့ ကိုယ့်ဟာကိုယ်ရေးထားတာတွေမို့😁😁)
Deleteဟုတ်ပါ့ ကျွန်မတို့အထက်တန်းတုန်းကအော်တိုရေးတဲ့ခေတ်လေ စာအုပ်ကိုတစ်ယောက်ကယူသွားရင် တစ်အုပ်လုံးကုန်အောင်လက်ဆင့်ကမ်းရေးပြီးမှကိုယ့်လက်ထဲပြန်ရောက်လာတာ။
Delete-ရှက်လိုက်တာ Sammiရယ် ����
Delete-ဟုတ်ပါ့MLSUNရေ
-ဟုတ်တယ် Unknownေရအဲလိုတွေးမိတဲ့အချိန်ရှိခဲ့တယ်၊ ဒါပေမယ့် ခုတော့လွမ်းစရာကောင်းတဲ့
ရူေကြာင်ကြောင်အမှတ်တရလေးတွေဖြစ်နေတယ်��
-Ma Ohnmar ��
nice
ReplyDeleteဖတ်စရာတေများလို့ ပျော်ပီလေ❤️
ReplyDeleteကဗျာလေးတွေဖတ်ရတာ ငယ်ဘဝလေးတွေကိုသတိရစေပါတယ်။ ပြန်မရနိုင်တော့ငယ်ဘဝလေးတွေကို အခိုက်တန့်သတိရပြီး ပြုံးပျော်ကြည်နူးမိသွားစေပါတယ်။ ကုန်ဆုံးသွားတဲ့အချိန်တွေကို တွေးမိတိုင်း တန်ဖိုးရှိစေဖို့ နောင်တချိန်နောင်တမရမိစေဖို့ တွန်းလှန်ရုန်းကန် ကြိုးစားမယ်။
ReplyDeleteဟေးး လူစုံနေပြီ ဖတ်လို့လဲ ပြီးပြီ
ReplyDeleteကောင်းတယ်နော် ရှယ်ပဲ🤞😛
Mom "ဟဲ့! ကောင်လေး ကလစ်ကဘာလုပ်ဖို့တုန်း"
ReplyDeleteSon : click နှိပ်ပြီး ပီဒက်/UG တွေထောက်ပံ့ဖို့လေ မေမေ
(2021-22 ver.)
Clever son👏
Deleteကျောင်းမတက်ရတာ ၃ နှစ်ပြည့်တော့မှာပါလား😟
ReplyDeleteမရေးတတ်ရေးတတ်ရည်းစားစာလေးအကြောင်းသတိရမိတယ်
ReplyDeleteကြည်နူးစရာလေးတွေတောင် ဆိတ်သုန်းခဲ့တာကြာပေါ့
ReplyDeleteပျော်စရာတွေဆိတ်သုန်းခဲ့တာကြာခဲ့ပေါ့
ReplyDeleteClick with love 💕
ReplyDelete🍀🍀🍀🍀🍀
🍀 STAY STRONG 🍀
Deleteဆုံဆည်းခွင့် မရှိတဲ့ အချစ်တွေက
Deleteသာဓုခေါ်ခွင့် မရှိတဲ့ ဝိဉာဏ်လိုပဲ
အနီးအပါးလဲ ကပ်ခွင့်မရှိ
အဝေးလဲ ကျွတ်လွတ်လွင့်မျောလို့မရ...
စွဲလန်းစိတ်နဲ့ ကပ်ငြိနေတယ် ဆိုရုံလေး...
🤍🍀
🍀🍀🍀🍀🍀
Deleteကျောင်းသွားဖော်ကဗျာဖတ်ပြီးငါ့မှာမဆီမဆိုင်တဲ့နင့်ကိုလွမ်းမိသေးတယ်
ReplyDeleteFighting together 💪
ReplyDeleteFA
ReplyDeleteကျောင်းကသင်တဲ့ ကဗျာတွေပဲဖတ်ဖြစ်ခဲ့တာ
ReplyDeleteခုတော့ ဖတ်ပြီးေကြွတယ်
I love poems.❤️🌹.Thanks. Admin.🌹
ReplyDeleteကဗျာလေးဖတ်ပြီး ကျောင်းသားဘ၀လေးကိုပြန်လွမ်းသွားပြီ😊
ReplyDeleteAww
ReplyDelete၉၀ခုပတ်ဝန်းကျင်တွေလည်း သိပ်မထူးခြားပါပဲ 🙂
ReplyDeleteမင်မင်ကစက်ဘီလေးနဲ့ ကျောင်းတက်ခဲ့တာလားး(moonshine)
ReplyDeleteပြန်သတိရမိကျောင်းသွားဖော်သူငယ်ချင်း
ReplyDeleteဟုတ်ကဲ့
ReplyDeleteငယ်ချစ်ဥိး❤
Our revolution must prevail
ReplyDeleteDone ❤️🧡 :-\
ReplyDeleteကျောင်းသားဘဝဟာပျော်စရာကောင်းလှတယ်
Deleteစာသင်ရတဲ့အလုပ်လေးလည်းလွမ်းလှပီ၊ခုတော့တစ်ခါမှမလုပ်ဖူးတဲ့အလုပ်တွေလျှောက်နေရပီ၊၊💛🧡💙💜♥️💪💪💪💪
ReplyDeleteဆရာမဘဝကိုလွမ်းတယ်♥️💜💙🧡💛💪💪💪
ReplyDelete💛🧡💙💜♥️💪💪💪
ReplyDeleteကျောင်းတောင်ပြန်တက်ချင်လာပြီ
ReplyDeleteCovid နဲ့မအလကြောင့် ကျောင်းမတက်ရတာသုံးနှစ်တောင်ပြည့်တော့မှာပါလား
aww လွမ်းရပြန်ပြီ
ReplyDeleteWe must win!
ReplyDeleteWe must win!!
DeleteWe must win!!!
DeleteDDD
ReplyDeleteကျေးဇူးတင်ပါတယ် မင်မင်ရယ်
ReplyDeleteဒီလိုကဗျာကိုချစ်ပြီး ကဗျာကိုတန်ဖိုးထားပေးတဲ့အတွက်
၄လ တစ်ပိုင်းသာ တက်ခဲ့ရသေးတဲ့ college က
ReplyDeleteကောင်မလေးကိုတောင် ပြန်လွမ်းသွားပြီ။
အလွမ်းဓာတ်ခံကောင်းတဲ့ ဒီကောင်ကြီး မျက်ရည်တွေနဲ့ click ေနေပါတယ်။
🙃🙃🙃
DeleteFAဆိုတော့ကောင်မလေးတွေအကုန်လွမ်းတယ်🙃🙃🙃
Deleteအရေးတော်ပုံ အောင်ရမည်
ReplyDeleteမျှော်သာမျှော် ပေါ်မလာသူရေ စိမ်းကား 😅😅
ReplyDeleteခြူးလေးကို အိမ်မက်တွေ ပေးသွားတာ
done20
ReplyDeleteသတိတောင်ရသွားတယ် ငယ်ဘ၀ကို
ReplyDeleteDone❤❤❤
ReplyDeleteကဗျာအစ ပိုင်း လေးက ဖတ်ရင်း ငယ်ဘဝကိုသတိရပြီး ပြုံးမိရတယ်
ReplyDeleteကျောင်းခန်းထဲဝင်ပြေးရင်း အချင်းချင်း ဝင်တိုက်မိရင်တောင် စိတ်ဆိုးစရာမထင်ပဲ ရယ်မောခဲ့ကြတဲ့ ဖြူစင်လွန်းတဲ့အရွယ်တွေ
ကဗျာအဆုံး ပိုင်းကျ ခြူးဇင်လေးပြောဝလိုပဲ လက်ရှိဘဝအချိန်တွေထဲ ပြန်ရောက်သွားပြီး သက်ပြင်းမောတွေ ချမိ
ဒါပေမဲ့လည်း try everything ပေါ့
မန့်တွေဖတ်ရင်း ကိုယ့်အကြောင်းကိုယ်တွေးမိတာက သူများ တွေ ငါးတန်းလောက်ကထဲက ရည်းစားစာတွေရနေချိန် ကိုယ်က ရှစ်တန်းလောက်ရောက်တဲ့အထိ ကြိုက်မဲ့သူတယောက်လေးတောင် မရှိခဲ့တာပဲ
သူများတွေကိုဲ အောင်သွယ်လိုက်လုပ်ပေးနေခဲ့ရတာ
so sad
ကိုယ်ကတော့ဘာမှကိုမလုပ်တာ ကျောင်းတက်တုန်းက
Deleteရည်းစားလည်းမထားဘူး (အမှန်ကကြိုက်မဲ့သူမရှိတာာ😂)
အောင်လည်းမသွယ်ပေးဘူး (အမြင်ကပ်လို့ 🤣)
မအေလိုး မင်းအောင်လှိုင်
ReplyDeleteမင်းအောင်လှိုင် မအေလိုး
ကျွန်တော်တို့ဟာ အမှန်တရားအတွက် လွတ်လပ်မှုအတွက် ခိုင်မာတဲ့စိတ်ဓာတ်တွေနဲ့ မဆုတ်တမ်း တိုက်ပွဲဝင်ကြပါရမယ်။
ReplyDeleteကဗျာလေးကအရမ်းကောင်းတယ်
ReplyDeleteMissing stat school life 🥺
ReplyDeleteအချိန်တွေကုန်တာမြန်လိုက်တာ
ReplyDeleteချစ်စရာ ကဗျာလေး. ပြန်ဖတ်တိုင်းပြုံးမိတယ်
ReplyDeleteWe must win!!
ReplyDeleteကျောင်းသွားဖော် သူငယ်ချင်း
ReplyDeleteကျနော့်ရဲ့ နတ်သမီးလေး...
(ဘယ်သူဆိုတာလဲမသိ)
တစ်ခုသောမိုးဥတု၏တစ်နေ့သ၌ ကိုင်ဇာ
Deleteသူနဲ့ကျနော် ခရေပင်လမ်း
ReplyDeleteပန်းခြောက်တွေ ကောက်ခဲ့စဉ်
အချိန်ရယ်က
တထောင်ကိုးရာ ရှစ်ဆယ့်လေး
ရက်စက်တယ် ခုတော့လေ
တယောက်တဖက်ဆီ လွန်ကွာဝေး
အဲ့တာ လွမ်းမိုးသီချင်းလား မသိဘူး
DeleteDone🚴♀️❤
ReplyDelete👨🏻💻👨🏻💻👨🏻💻
ReplyDeletefor freedom
ReplyDelete💪 click 😍
ReplyDeleteGood ကဗျာလေးက ကောင်းလိုက်တာ ငယ်ဘဝကို တောင်လွမ်းမိသေးတယ်။
ReplyDeleteအစအဆုံးသာဖတ်လိုက်တယ်
ReplyDeleteဖတ်နေရင်းကဗျာဆုံးမှာကြောက်နေတယ်
ထပ်တူတွေကျခဲ့တာကို
လိုက်မယ်🥰
ReplyDeleteအရမ်းကောင်းတဲ့ကဗျာ ရင်ထဲကိုထိတယ် အလွမ်းဓာတ်ခံရှိနေတဲ့ငါ့အဖို့ ကဗျာထဲကအလွမ်းတွေအဆွေးတွေ ငါ့ကိုလာမှန်တယ် စိတ်ရင်းအမှန်နဲ့ဆန္နပြုပါတယ် ချစ်ရတဲ့သူတွေခဏတာဝေးနေကြရပေမဲ့ ဇာတ်လမ်းအဆုံးမှာပေါင်းဖက်နိုင်ကြပါစေ
ReplyDeleteDone
ReplyDeleteအခုဆိုကဗျာထဲကကေါင်လေးနဲ့ကောင်မလေးက
ReplyDelete၄၅ မှ၅၀ အရွယ်ရှိကြရောပေါ့ ကိုယ်တို့အရွယ်တွေဘဲ
Nice poem
ReplyDeleteGood poem
ReplyDeleteကြိုက်လိုက်တာ
ReplyDeleteဆရာ မရှိတော့ပေမယ့် 😞
ReplyDeleteဆရာ့ကဗျာလေးက လှလှပပ ရှင်သန်နေတုန်းပဲ
နွေသီချင်း
ReplyDeleteချစ်သောကျောင်းသွားဖော်ရယ်
နှလုံးသားကမြတ်နိုးစွာချစ်ရသူပါလို့
တိုးတိုးလေးပြောခဲ့ပါ့မယ်
ဥသြရဲ့သီချင်းတေးကို
ပိတောက်လက်မှာစုရုံးလို့
ကျောင်းနဲ့ချစ်သူကို နွေမှာလွမ်းရသူက
တိတ်တိတ်လေးပေးခဲ့ပါ့မယ်...
မိုးရာဇဝင်
Deleteတိမ်စိုင်ညိုတွေက
ကောင်းကင်ရင်ခွင်မှာ
မပျော်လို့ထင်ပါရဲ့
ဟိုးအဝေးဆီမှာ
အုံ့သည်းငိုကြွေးနေလိုက်တာ
မြေကမ္ဘာပါးပြင်ထက်မှာတောင်
မျက်ရည်မြစ်ချောင်းတွေ
ပင်လယ်ဖွဲ့နေလေရဲ့......
This comment has been removed by the author.
Deleteဆောင်းချစ်သူ
Deleteပြာလွင်အုံ့မှိုင်း
ဟိုးအဝေးဆီကနေ့တိုင်းမှာ
နင်ထွက်သွားရင်
ငါ့ကိုနှုတ်ဆက်သွားပါ နှင်းရယ်...
ဖြူဖွေးဝင်းလက်
နှင်းစက်ရဲ့လက်အောက်မှာ
နှုတ်ဆက်နမ်းရက်ကိုမှတ်သား
ငါ့ဆီကိုများ
ပြန်လာမလားကွယ် ဆောင်းရယ်....
❤✔
ReplyDelete၃ဆယ့်နှစ်
ReplyDeleteBeautiful poem
ReplyDeleteWe must win
ReplyDeleteကြည်နူးစရာကဗျာလေး ဖတ်ရင်းပြုံးမိပြန်တယ်
ReplyDeleteကိုယ်လည်းသူငယ်ချင်းကောင်းတချို့ရှိခဲ့ဖူးတယ် (ခုတော့ ကို်ယ့်လမ်းကိုယ်လျှောက်ပေါ့) အိမ်မှာနေရင်အခန်းဖေါ်နဲ့ကွီးယားဇာတ်လမ်းတွဲတွေချည်းကြည့်မိမှာစိုးလို့ ကျောင်းသွားပြီး တယောက်တည်းစာလုပ်တာကို ယောင်တောင်တောင်နဲ့လိုက်လာပြီးစာရှင်းပြခဲ့ဖူးတဲ့ သူငယ်ချင်းရှိခဲ့ဖူးပါရဲ့
(သူ့အတွက်က အဲ့လိုလုပ်စရာမလိုတဲ့ စာအရမ်းတော်တဲ့ကျောင်းသားတယောက်, စကော်လာနဲ့ကျောင်းတက်နေသူ)
Let’s click together.
ReplyDeleteမင်္ဂလာပါ။
ReplyDeleteHave a good day.
ReplyDeleteကျောင်းအတူသွားထမင်းဘုံတူစားဘဝလမ်းကခြားဆယ့်ငါးပြားတမတ်အိမ်သာခန်ဆက်နင်တို့တပ်မတော်သားတွေအတွက်ရှစ်ဆယ့်ရှသစ်ကပက်ပက်စက်စက်ပြောထွက်ခ့ဲဘူးတ့ဲဒီပါးစပ်ကာလနာတွေမြန်မြန်တိုက်မှလို့ပါးစပ်သေနတ်ပစ်နေမီတယ်။
ReplyDeleteအိမ်သာခွန်ဆက်
ReplyDeleteDone.. ....
ReplyDeleteစပါယ်ပန်းလေးတွေဖူးပွင့်ငုံဝေမွှေးရန့ံတို့သင်းပျံ့စေချင်။
ReplyDeleteစပါယ်ရန့ံသင်းပျံ့စေချင်ပြီ
ReplyDeleteအခုလို ဒီဇင်ဘာမနက်ခင်းလေးမှာ နှင်းမြူမှုန်တွေကြား ဝိုးတဝါးဖြတ်သန်းပြီး ထမင်းဗူးလေးတွေကိုယ်စီနဲ့ သြော်💞💕💞💕
ReplyDeleteသတိရတယ်
ReplyDeleteအေးချမ်းစွာအပူကင်းကင်းကျောင်းတတ်၇မယ့်ကလေးဘ၀တွေဒင်းတို့ကြောင့်
ReplyDeleteငယ်ဘဝလေးကိုလွမ်းတာ
ReplyDeleteLwan
ReplyDeleteLwan
ReplyDeleteအသက်ကြီးမှလွမ်းမိပါတယ်
ReplyDeleteဘဲလိုချင်တယ်
ReplyDelete2005နောက်ပိုင်း သိပ်မတွေ့ရတော့တဲ့ အချိန်တွေ
ReplyDeleteWe Clicks📲 We Fights🦾 We Wins✊🏾
ReplyDeleteကျောင်းစာသင်ခန်းထဲပြန်ရောက်သွားသလိုခံစားရတယ်
ReplyDelete😢😢😢
ReplyDeleteအရမ်းကြိုက်တယ်ဗျာ၊ ကဗျာတွေထပ်တင်ပေးပါ့ဦး
ReplyDeleteဒီလိုကဗျာတွေ ဖတ်မိရင် ရင်ထဲဟာတာတာကြီး
ReplyDeleteဆွတ်ပျံ့လွမ်းမောကြေကွဲ🥲🥲🥲
ReplyDeleteကဗျာနှစ်ပုဒ်စလုံးအတွက် ဆုတောင်းမိပါတယ်
ကျောင်းသွားဖော်လေးနဲ့ ကျောင်းပြန်တက်နိုင်ပါစေ😢😢😢
တက်ညီလက်ညီ Click ပေးကြတာမြင်ရတာ ဝမ်းသာပါတယ်ဗျာ Clicker အသစ်အသစ်လေးတွေကိုလည်း ထပ်မံပြီး Invite ပေးကြပါဦး ပိုပြီး များများ Click နိုင်ကြအောင်လို့ပါ
ReplyDeleteChu ရေ ကျေးဇူးပါ
ReplyDelete👍✊💪👏
ReplyDelete👍💪✊
ReplyDelete👶🏻
ReplyDeleteWe Clicks📲 We Fights🦾 We Wins✊🏻
ReplyDelete🫶🏻
ReplyDelete21-March(6:19Pm)
ReplyDeleteWe Click
We Win
We are very strong.