သိဟ်ရာသီဝတ်ရုံ - တာရာမင်းဝေ

 သိဟ်ရာသီဝတ်ရုံ


အမုံအဖူးတွေဖြစ်ခဲ့ပြီးမှတော့   အပွင့်ဆက်ဖြစ်ရတော့မှာပေါ့

ဒါပေမယ့် .. 

အဲဒီနေ့ကိုကျွန်တော့်ရဲ့ သစ်ပင်ကလေးတွေ ပြန်ရောက်မလာကြတော့ဘူး။


မျက်နှာပေါ် ဖိနပ်မချွတ်ပဲ တက်လာတဲ့အပြုံးကို

မုန်းတယ် … 

သုညဝင်စားသလိုလိုနဲ့ကိုယ်ကပဲ ကွေ့လျားဝိုင်းစက်

ပြီးဆုံးသည်ထိတိုင်အောင်အိမ်ထရံမှီပြီး ရှက်ရတယ်။


ခုတော့လည်း မဆင်မခြင်လိမ္မာလိုက်ပါပြီ

ဂီတတွေကိုပိုပိုလိုလိုတီးမှုတ်ယူမသွားတော့ဘူး

မုယောအပွင့်ကလေးကိုလည်း မြေပြင်ဆီပြန်ပစ်ပေးလိုက်ပြီ။


၁၈းဝ၀ နာရီ

ရထားဟာ လှလှပပကြီး တံခါးဖွင့်ဝင်ရောက်လာပါရဲ့

ဒါပေမယ့်

အဲဒီအိမ်ကလေးမှာ ဘူတာက သေဆုံးသွားခဲ့ပြီးတာ ကြာပြီ။ ။

 

တာရာမင်းဝေ



မျက်နှာပေါ် ဖိနပ်မချွတ်ပဲ တက်လာတဲ့အပြုံးကို မုန်းတယ် - ဘယ်လောက်မိုက်လဲ စကားလုံးတွေက ၊ ခုနေ အဲ့လိုအပြုံးတွေတော်တော်များများကို စစ်ဆေးရေးဂိတ်တွေမှာ ရပ်ကြည့်ရင် တွေ့နိုင်မယ်ထင်တယ်။

Comments

  1. အရမ်းလှတဲ့ကဗျာလေး
    ဆရာ့ကိုလေးစားတာ အဲ့ဒါတွေကြောင့်

    ReplyDelete
    Replies
    1. အဲဒီအိမ်ကလေးမှာဘူတာကသေဆုံးသွားခဲ့ပြီးတာကြာပြီ💔

      Delete
    2. တွေးမိတယ်

      မှော်အတတ်သာ ပိုင်ခဲ့မယ်ဆိုရင်
      စစ်ပွဲတွေကို ဖျောက်ပစ်ချင်တယ်
      ယမ်းနံ့တွေကို ‌ဖယ်ရှားပစ်ချင်တယ်

      အိမ်ကိုစွန့်ခွာခဲ့ရသူတွေက
      မိုးတိမ်တွေကို ငေးကြည့်ရင်း
      အတွေးမှာ
      ကြိတ်မနိုင်ခဲမရ
      ပူဆွေးတမ်းတနေကြရော့မယ်

      ရက်စက်လွန်းသူသူတွေ
      အလိုလို ပြုတ်ကျသွားစေမယ့်
      မိုးတိမ်တွေ ရှိနေရင်
      ကောင်းမှာပဲလို့
      မျှော်ငေးရင်း တွေးမိတယ်

      Delete
    3. မှော်အတတ်သာငယ်တစ်ကယ်ပိုင်ခဲ့ရင်..
      အထက်ပိုင်းကိုအနွေးဓာတ်ပေးပါလားငယ်.....
      ရက်စက်လွန်းသူတွေကိုကိုယ်တော့အလိုလိုပြုတ်ကျသွားစေမယ့်မိုးတိမ်တွေအစားချော်ရည်နဲ့မျောပါသွားစေချင်တယ်....
      ကိုယ်ကသိပ်နူညံ့သူပါ..
      သိပ်ဆိုးတယ်လို့မထင်လိုက်ပါနဲ့ကွာ...
      နာကျည်းလွန်းလို့သူတို့ကိုလောင်မြိုက်စေချင်တာကိုယ်တရားတယ်ငယ်...

      Delete
    4. အောင်ပန်း မှာ စစ်ဘေးရှောင်တွေကို ကူညီလို့တဲ့ ကမောဇ ကိုယ်ပိုင်ကျောင်းကဆရာ မနေ့ညက အဖမ်းခံရတယ် ဘာဖစ်လို့လဲဆိုတော့ လိုင်းပေါ်တင်လို့တဲ့ တော်သေးလို့ တို့အုပ်စုက တိုတိုးတိတ်တိတ်လေးလုပ်ပီး ရက်ကွက်လူကြီး တွေကိုဖားပီး လူတွေလက်ခံထားတယ် ဘယ်နေ့ အဆွဲခံရမလဲမသိဘူး ဖုန်းကို စစ်လို့ကတော့ c2d နဲ့ လွတ်ရက်တောင်ရှိမှာမဟုတ်ဘူး အဖမ်းမခံချင်ဘူး အဖမ်းခံရရင် ဘာမှလုပ်မရတော့ဘူးလေ ပြေးရတဲ့သူတွေတည်းမှာ ခွေးလေးတကောင်ပါလာတယ် တချို့ မှတ်ပုံတင်တောင်ယူချိန်မရလို့မပါဘူး သူတို့မှာ လူသားချင်းကိုယ်ချင်းစာနာစိတ်မရှိဘူး မြန်မြန်အောင်မှဖစ်မယ် မြင်ရတာ ရင်နာလှဘီ

      Delete
    5. အချိန်တေသာနောက်ပြန်ဆုတ်လို့ရခဲ့မယ်ဆိုလျှင်
      မိသားစု အသိုက်အမြုံတေ ပျော်ရွှင်စွာ တည်ရှိနေမှာဘဲ 😌😌

      Delete
    6. ဟုတ်ပါ့ဗျာ

      Delete
    7. ဟုတ်တယ်၊မြန်မြန်ပြီးစေချင်ပြီ။တော်လှန်ရေးမပြီးမချင်း ပြည်သူတွေ ဒုက္ခရောက်နေကြ ရောက်နေဆဲဖြစ်အုံးမှာ

      Delete
    8. အားတင်းထားပါ😘🙏
      နူတ်လည်းလုံပါ ဒီထဲလည်း တခါတယံ
      မျက်စိလည်ရောက်လာတတ်တယ်
      👍🤝🤝🤝

      Delete
    9. လေးစားပါတယ် ညီမရေ။ သတိတော့ထားပေါ့။ ဒါပေမဲ့ ဒီလိုတတ်နိုင်ရာဘက်တွေက လုပ်ကြရင်း တို့တွေအောင်ပွဲမဝေးတော့ပါဘူး။ Fighting💪

      Delete
  2. အပြန်စောတဲ့ ကဗျာသည် ရယ်၊

    ReplyDelete
    Replies
    1. ကဗျာသည်တွေဟာ ဘာလို့သက်တမ်းတိုရတာလဲ
      မတရားဘူး...

      Delete
    2. ခေတ်ကိုမီးမောင်းထိုးပြနိုင်တဲ့ မြန်မာနိုင်ငံကကဗျာဆရာတွေဟာ နွေခေါင်ခေါင်လယ် ပစ်လိုက်တဲ့ မိုးကြိုးမှာ ကြိုးညှိပါလာရရှာတဲ့ နှင်းပန်းလေးတွေပါ၊ သူတို့ဟာ မြေဆီလွှာကို အနမ်းပေး၊ ပျော်ဝင်သွားတဲ့အခါ သိကြားမင်းရဲ့ မှားယွင်းခဲ့တဲ့ သဝဏ်လွှာကို အသံတိတ်ပြန်ကြားခဲ့သူပါ၊ (ကျနော့်အမြင်ပါ လေးစားစွာဖြင့် ဒီအိပ်အက်စ်)

      Delete
  3. မျက်နှာပေါ်ဖိနပ်မချွတ်ဘဲတက်လာတဲ့အပြုံးကိုမုန်းတယ်

    ReplyDelete
    Replies
    1. ဟုတ်တယ်အဲ့ဒီအပြုံးတွေက
      စက်ဆုပ်ဖွယ်အပြုံးတွေ

      Delete
    2. ခက်တာက အဲ့လိုအပြုံးတွေနဲ့မကင်းနိုင်သေးဘူးဗျာ

      Delete

  4. လှလိုက်တဲ့စကားလုံးလေးတွေ...

    🗒️ကဗျာရေးတတ်သူတွေကို

    အင်မတန်သဘောကျ၊ အင်မတန်မှအားကျမိတယ်။

    သူတို့တွေရဲ့ စိတ်နှလုံးဟာ လွတ်လပ်ပြီး အရမ်းချစ်

    တတ်ကြတယ်ဆိုတာ သူတို့ရေးတဲ့ကဗျာတွေက

    တဆင့် သိနိုင်တယ်။ (ဒါ့ကြောင့်သဘောကျတယ်။)

    သူတို့ခံစားရသမျှကို လဲ ကဗျာထဲကတဆင့်

    တခြားသူတွေသိနိုင်အောင် ရင်ဖွင့်တတ်ကြတယ်။

    (ဒါ့ကြောင့်အားကျတယ်။)

    ကဗျာမရေးတတ်တဲ့ ကိုယ့်လိုလူတွေအတွက်မျက်ရည်၂စက်😂

    Justfeeling
    Nyopyar

    ReplyDelete
    Replies
    1. 🤜🤛ကဗျာမရေးတတ်ပေမယ့် ခံစားတတ်တယ် နော့လေ၊
      စာအရေးကတော့ Adminကိုအားကျလို့ အမီလိုက်နေတာ 😅(မမီနိုင်ပါဘူးလေ)

      Delete
    2. ကိုယ်တော့ ကဗျာဆရာ မဖြစ်ချင်ဘူး
      ဘာကြောင့်လဲဆိုတော့
      ဆရာ့ အရိပ်အောက်ကရုန်းမထွက်နိုင်ဘူး..လှပတဲ့စကားလုံးတွေလဲ မသုံးတတ်ဘူး

      Delete
    3. နောက်ထပ်လေးစားရတာက ဆရာမကြီး ကြည်အေး
      "ညကြီး မင်းကြီး
      ထပြီးထိုင်နေ..
      အိပ်ယာတွေလဲ ကြွေမွတွန့်လိပ် သိပ်စိတ်ညစ်တယ်"

      Delete
    4. "မိတ္တဗလ ဋီကာ"

      လူတွေက ရေစိုပြီး ပြဲနေကြတယ်၊
      သူတို့နေတဲ့မြို့တော်ကလည်း
      ဘယ်အချိန်စိုက်စိုက် မပွင့်ဘူးဆိုတဲ့မျက်နှာနဲ့။

      တစ်ယောက်ယောက်က
      တကျွိကျွိပြုံးလိုက်သံကိုကြားသားပဲ၊
      ဒါပေမယ့် ငါ့ရဲ့ အ.အာ.၏.ဤ.အိပ်မက်လေးကို
      နွားကျွေးပစ်ဖို့ ထွက်ခဲ့ရတယ်။

      တစ်ခရီးတည်းဆိုပေမယ့်
      ကိုယ့်လှေကိုယ်စီးပြီး ပျံသန်းခဲ့ကြတာပါ
      ငါရယ် ကောင်းကင်စော်နံတဲ့လူတွေရယ်
      နောက်ဆုံး ကွဲသွားတယ်။


      #တာရာမင်းဝေ
      crd-C2D

      Delete
  5. တာရာမင်း​ဝေ ကဗျာ​တွေကို ကြိုက်လွန်းလို့ ကြိုက်လာလို့ စာအုပ်ဝယ်ဖို့ page ​တွေမှာ ရှာ​နေတယ်
    ရှာသ​လောက် စာ​ပေတိုက်​တွေမှာ မရှိဘူးဗျာ
    PDF file ​တွေပဲ လိုက်​ဒေါင်း​နေရတယ်

    ReplyDelete
    Replies
    1. ရိုးရိုးစင်းစင်း ခလုတ်တိုက်လဲ ခဲ့တာပါ
      အစိပ်စိပ်အမြွှာမြွှာ ကွဲပြီးကာမှ
      လမင်းပြန်လုပ်ရမှာမို့
      နည်းနည်းတော့
      ကြာမယ်  ကြာ .. လိမ့် .. ဦးမယ် ။

      တာရာမင်း​ဝေ

      Delete
    2. ချစ်ရတာ ခက်သလား
      ဟင့်အင်း ချစ်ရတာ မခက်ပါဘူး
      ဒါဆို ဘာက ခက်တာလဲ
      ချစ်မြဲချစ်နေဖို့က ခက်တာ

      - တာရာမင်းဝေ

      Delete
  6. တချို့အပိုဒ်ရဲ့ ဆိုလိုရင်းတွေ သိပ်နားမလည်
    😅😅

    ReplyDelete
  7. ဘယ်လိုအခက်အခဲတွေဖြစ်ဖြစ်
    ​​ကျော်လွှားတဲ့နည်းရှိရမယ်ဆိုတဲ့ အတွေးဟာ
    လူသားတွေရဲ့စွမ်းအားကြီးပါပဲ။

    ReplyDelete
  8. Oh..really..🥰🥰
    ရေသူမလေးအကြောင်းဖတ်ရင်း ရင်ထဲဆို့နစ်နေအောင်ရေးတတ်တယ်

    ReplyDelete
  9. .....
    တစ်ယောက်ကို တစ်ယောက်ကချစ်ပါ
    သို့သော် နှောင်ကြိုးဖြင့်မချည်ပါနှင့်......
    အချစ်သည်...
    သင်တို့၏ ဝိညာဉ်ကမ်းခြေနှစ်ခုကြားမှ
    ရွေ့လျားနေသောပင်လယ်သာဖြစ်ပါစေ....
    တစ်ယောက်၏ခွက်ကို တစ်ယောက်ကပြည့်အောင်ဖြည့်စွက်ပါ
    တစ်ခွက်တည်းကို နှစ်ယောက်မသောက်ပါနှင့်...
    ....
    အက်ဒ်ရေ များကြီးမပြောတော့ဘူး...
    ဆရာတာရာမင်းဝေ ဘာသာပြန်ထားတဲ့ အာရတ်ကဗျာထဲကအတိုင်းပဲနော်..အဟိ
    😁😁😁

    ReplyDelete
  10. သိပ်နားမလည်ပေမယ့် ရင်ထဲမှာတော့ခံစားရတယ်

    ReplyDelete
  11. Loikaw ကနေ စစ်ဘေးရှောင်နေလို့ ၃ရက်လောက် click ဖို့ ပျက်ကွက်သွားတယ် အရင်လို C2D 200 pts လက်ဆောင် 300 pts Thadin 150 pts target ထားပီးမလုပ်နိုင်တော့ပေမယ့် တခု ကို point 50 ဆီ အနည်းဆုံး target ထားပီး click မယ်

    ReplyDelete
  12. မန့်တေလိုက်ဖတ်ရင်း ပြန်ထွက်ဖို့တောင် မေ့နေလေရဲ့😍

    ReplyDelete
  13. သိဟ်ရာသီဝတ်ရုံ

    ReplyDelete
  14. THEY CAN”T STOP DIGITAL STRIKE
    The more you click, the more you can donate...

    #C2D poster

    ReplyDelete
  15. ညီညွတ်ကြရင် ဘာမဆိုဖြစ်နိုင်တယ်

    ReplyDelete
  16. 🌄🌄🌄🌄🌄2️⃣0️⃣2️⃣2️⃣

    ReplyDelete
  17. လေးစားပါတယ်အရမ်းကောင်းတဲ့ကဗျာလေး

    ReplyDelete
  18. Good............
    Click
    Click
    Click........✍️✍️✍️15.1.2022

    ReplyDelete
  19. နာကျင်ရလေပိုclickလေ

    ReplyDelete
  20. မင်းအောင်လိှုင် အာဏာရူး ကျဆုံးရမည်

    ReplyDelete
  21. ငါတို့ PDF ရဲ​​ဘော်​လေး​တွေအတွက် ​ထောက်ပို့တပ်သား​တွေက သန်း​ပေါင်းများစွာ​သော မြန်မာနိုင်ငံသား​တွေပဲ ဖြစ်ပါတယ်

    ReplyDelete
  22. Our revolution must prevail
    Our HEADs are BLOODY but UNBOWED

    ReplyDelete
  23. ငါတို့နိုင်မှာ

    ReplyDelete
  24. ကဗျာလေးတေဖတ်ရင် ကလစ်ရတာ တန်လိုက်တာ 😍😍😍

    ReplyDelete
  25. ကဗျာမရေးတတ်ပေမဲ့ ခံစားနားလည်တတ်ပါတယ်

    ReplyDelete
  26. This comment has been removed by the author.

    ReplyDelete
  27. အရမ်းကောင်းတဲ့ကဗျာလေးပါဆရာလေးစားလျက်ပါ

    ReplyDelete
  28. အားလုံးပဲဘေးကင်းကြပါစေ

    ReplyDelete
  29. မင်းတစ်ကိုယ်တည်း လျှောက်ပေတော့

    မင်းခေါ်လို့ သူတို့မလိုက်ရင်
    မင်းတစ်ကိုယ်တည်း လျှောက်ပေတော့

    ကြောက်ဒူးတုန်လို့
    နံရံဘက်လှည့်ပြီး သူတို့နုတ်ဆိတ်နေရင်
    မင်းကံဆိုးတာပေါ့
    စိတ်ရှင်းရှင်းနဲ့ တစ်ကိုယ်ထဲသာ
    ပွင့်ပွင့်လင်းလင်း ပြောပေတော့

    တောကြီးမျက်မဲထဲ ဖြတ်သန်းနေတုန်း
    မင်းကို သူတို့စွန့်ခွာသွားရင်
    မင်း ကံဆိုးတာပေါ့
    ဆူးငြောင့်ခလုတ်တွေ နင်းချေရင်း
    သွေးစွန်းတဲ့လမ်းမှာ မင်းတစ်ကိုယ်ထဲ လျှောက်ပေတော့

    မုန်တိုင်းထန်တဲ့ညမှာ
    မီးအိမ်ကို သူတို့ မကိုင်ရင်
    မင်း ကံဆိုးတာပေါ့
    ဝေဒနာမီးလျှံနဲ့ မင်းနှလုံးသားကိုထွန်းညှိ
    တစ်ကိုယ်တည်း တောက်လောင်ပါစေတော့

    တဂိုးကဗျာမှ ဒေါ်အောင်ဆန်းစုကြည်ဘာသာပြန်ဆိုသည်

    ReplyDelete
    Replies
    1. တဂိုးပရိတ်သတ်တွေ့တုန်း ပွားလိုက်ဦးမယ်နော်...
      "ဆင်းရဲမွဲတွေမှုက အိမ်ရှေ့တံခါးလာခေါက်တဲ့အခါ အချစ်ဟာ နောက်ဖေးပေါက်ကထွက်သွားတယ်"
      အဲ့ဒါ တဂိုးကဗျာထဲကမလားဟင်..မေ့နေလို့
      (စာစီထားတာမှားနိုင်ပါတယ်, အဲ့လိုပဲမှတ်မိတော့လို့)

      Delete
    2. "When Poverty comes in at the Door, Love flies out at the Window" (German proverb)

      -GEORGE FREDERICK WATTS

      အဲဒါလား မသိဘူး
      ဂလူးဂလူးမှာတွေ့မိတာလေးပါ

      Delete
  30. ဆရာတာရာမင်းဝေရဲ့ဗျာတွေလဲကြိုက်တယ်
    wallpaper တောင်ထားထားတယ်

    ReplyDelete
  31. ကျေးဇူးပါ CHU ZIM

    ReplyDelete
  32. မီတော့ကဗျာမဖတ်တတ်ဘူး...း ဘယ်လောက်ဖတ်ဖတ်နားမလည်ပေမဲ့
    Cool ကြပါတယ်😗

    ReplyDelete
  33. ကဗျာလေးတေကောင်းတယ်​adminအရမ်းတော်(Moonshine)

    ReplyDelete
  34. မင်္ဂလာပါ comment မှာ ကိုယ့် Profile ပုံလေးပေါ်အောင် ဘယ်လိုလုပ်ရလဲမသိ ?

    ReplyDelete
  35. တချို့အရာတွေက
    မြိုသိပ်ထားလွန်းရင်ဝေးကွာတတ်တယ်
    မပြောပဲသိနေရအောင်နတ်ဘုရားမှမဟုတ်ဘဲ

    ReplyDelete
  36. ကျန်တယ်သူတွေက ဘူတာကိုဆက်ပြီးပြုပြင်လိမိ့မယ်

    ReplyDelete
  37. Admin comment ကအမှန်ဆုံးပဲ😁😆

    ReplyDelete
  38. အရမ်းကြိုက်ရပါသောစာရေးဆရာပါ
    ကဗျာတွေတင်မိုက်တာမဟုတ်ဘူးဆရာရေးခဲ့သမျှစာအုပ်တွေလည်းအရမ်ကြိုက်ခဲ့ရပါတယ်မင်မင်ရေ
    ငါသည်သာပန်းဖြစ်၍နောက်တစ်ကြိမ်ပြန်ပွင့်ခွင့်ရခဲ့သော်
    ကဲဘယ်လောက်မိုက်လဲ😌

    ReplyDelete
    Replies
    1. ကိုယ်လဲအရမ်းကြိုက်ခဲ့တာ...ခုထိလဲကြိုက်ဆဲပဲ...တခြားအရမ်းတော်တဲ့ စာရေးဆရာ/ကဗျာဆရာတွေရှိပေမဲ့ "ဆရာတာရာမင်းဝေ"ကတော့ကိုယ့်ပေါ်အတွေးအမြင်တွေကအစ လွှမ်းမိုးခဲ့တာ..ဆရာက စာဖတ်နာတဲ့ ကဗျာဆရာ/စာရေးစရာတယောက်လို့ထင်တယ်....

      Delete
  39. ကဗျာလေးတွေ အရမ်းချစ်တယ်ဗျာ

    ReplyDelete
  40. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  41. ကဗျာ​လေး​တွေ မမြင်ရတာ ကြာပြီ။ ခု​တော့ ပြန်​တွေ့ပြီ 😍😍😍

    ReplyDelete
  42. ကဗျာမခံစားရတာတောင်တော်တော်ကြာပီ

    ReplyDelete
  43. အဆုံးထိသွားကြမယ်

    ReplyDelete
  44. Dear Aurore, I love u 3000 ��

    ReplyDelete
  45. ဘီလူးသွားကို လဖြဲ တည်း

    ReplyDelete
  46. ထိမိတဲ့ စာသားတွေ

    ReplyDelete
  47. နိုင်ငံတော်မပီသမှု့ကြောင့် ကဗျာတွေလဲအဖမ်းခံရ

    ReplyDelete
  48. ဆရာတာရာမင်းဝေရဲ့ စာအုပ်တွေ ဖတ်ရတာ ကြိုက်တယ် ရွှေရောင်ဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေး ၊ကိုးမရှိတဲ့ နဝင်း ၊တော်တော်များများဖတ်ဖူးတယ်

    ReplyDelete
    Replies
    1. တာရာမင်း​ဝေ ကဗျာစာအုပ်နဲ့ တခြားဖတ်လို့​ကောင်းတဲ့စာအုပ်​တွေ မန့်ခဲ့​ပေးလို့ ရမလား ညီမ, တလရပြီးရင် ဝယ်မဲ့စာရင်းထဲ ထည့်ထားချင်လို့

      Delete
    2. ကဗျာတော့ မဖတ်ဖူးဘူးရယ်
      💜အပေါ်မှာ ပြောထားတဲ့ ၂အုပ်ရယ်၊ ကြယ်အကြွေကောက်တဲ့လက်၊သင်နှင့် နံနက်ခင်းသာဝင်ခွင့်ပြုမည်(Favorite😁)၊အနောက်မြို့ရိုးမှ မိုးရေစက်များ(ဆရာတာရာမင်းဝေ ထင်တာပဲ ဖတ်ခဲ့တာကြာပီ မမှတ်မိတော့လို့ )💜fb gpတွေမှာ pdf linkချပေးတယ် အဲ့တွေကနေ ဝင်ဖတ်တာ စာအုပ်တော့ဝယ်မဖတ်ဖူးဘူးရယ်) ဓာတ်တိုင်ကိုနှုတ်ဆက်တဲ့ ကောင်လေးလေ အဲ့စာအုပ်နမည်ကမေ့နေလို့ ဆရာတာရာမင်းဝေစာအုပ်တွေဖတ်ရတာတော့ တကယ်ကြိုက်တယ်🥰

      Delete
    3. အို​ခေ ညီမ ​ကျေးဇူး, ဝယ်ဖို့ မှတ်ထားလိုက်​တော့မယ်, အမ​တော့ စာအုပ်ကိုင်ပြီး စာဖတ်ရတာပဲ သ​ဘောကျတယ်, ​ကျေးဇူး ညီမ​လေး

      Delete
    4. ဟုတ်ကဲ့ပါ😍

      Delete
  49. တာရာမင်းဝေ ကဗျာတွေကို
    ငယ်ငယ်တုန်းက ငယ်သေးလို့ လိုက်မမှီဘူးထင်တာ

    ကြီးလာလို့ ဖတ်တော့လည်း လိုက်မမှီသေးဘူး😁

    တယ်တော်တဲ့ ငါလေးပါလား😂

    ReplyDelete
  50. အဆုံးသတ်တိုက်ပွဲ 💪

    ReplyDelete
  51. ခလေးတွေဘေးကင်းပါစေ ������

    ReplyDelete
  52. တစ်ပွင့်ကြွေရင် တစ်တောလုံးဝေပြစ်မယ် မှတ်ထား

    ReplyDelete
  53. ကျိန်ဝလူလုံးလှသူများအတွက်နေ့စဉ်မေတ္တာပို့သလျက်ပါ������

    ReplyDelete
  54. လူတစ်ယောက်ကို
    ချစ်မိပြီဆိုကတည်းက
    အဲ့ဒီနှလုံးသားဟာ
    တယုတယ
    သေမိန့်ကျတော့တာပါပဲ... ။

    -တာရာမင်းဝေ

    ReplyDelete
  55. Hey
    You never walk alone
    ဟေး မင်းတစ်ယောက်တည်း ဘယ်တော့မှ မလျှောက်ဘူး။

    ReplyDelete
  56. အဟဲ 😁 လင့်အသစ်လဲချိန်နဲ့တိုးတော့တာပဲ. ဒီမနက်ဖုန်းက သဘောကောင်းပြီး ဝင်လို့ရချိန် မန့်ခဲ့မယ် 😜

    ReplyDelete
  57. Let’s click together

    ReplyDelete

Post a Comment