ခေတ်သစ်ရဲ့ အကောင်းအဆိုးများ
ခေတ်သစ်ရဲ့ အကောင်းအဆိုးများ
ဒီနေ့ခေတ်ရဲ့ အထင်ရှားဆုံး လက္ခဏာတစ်ခုကို ပြောပါဆိုရင် ကျွန်တော်ကတော့ Change (အပြောင်းအလဲ) လို့ ပြောမယ်။ နည်းပညာက တအားတိုးတက်လာတဲ့အချိန်မှာ အရာအားလုံးဟာ ခပ်သွက်သွက် ပြောင်းလဲနေတယ်။ နယ်ပယ်တိုင်းမှာ တိုးတက်မှုတွေ ဖြစ်လာတယ်။ ခုခေတ်မှာ ကြည့်လိုက်ပါ၊ အားလုံးဟာ လွယ်ကူနေတယ်။ ကုန်ကုန်ပြောရရင် တက္ကစီတားရတဲ့ ဒုက္ခတောင် မရှိတော့ဘူး။ ကျွန်တော်တို့ မိဘတွေခေတ်က အထွေထွေ အကြပ်အတည်းခေတ်၊ အလုံပိတ်ခေတ်။ ကျွန်တော်တို့လို Generation Y တွေခေတ်ကျ နည်းနည်းပွင့်လင်းလာတဲ့ ခေတ်။ ခု ဆယ်ကျော်သက်တွေ ဖြတ်သန်းနေရတဲ့ခေတ်ကတော့ တိုးတက်တယ်၊ ပွင့်လင်းတယ်၊ မြန်ဆန်တယ်၊ အတားအဆီး နည်းလာတယ်၊ အခွင့်အလမ်းတွေ ပေါလာတယ်၊ အဲ့ဒီလိုခေတ်။
ရုတ်တရက်ကြည့်လိုက်ရင်တော့ ပျော်စရာကြီးပဲ။ သို့သော် လူတွေဟာ မပျော်ကြဘူး။ အထူးသဖြင့် ဆယ်ကျော်သက်တွေကြားထဲမှာ စိတ်ဖိစီးမှုတွေ၊ စိတ်ဓါတ်ကျတာတွေ ဖြစ်လာတယ်။ ဘာဖြစ်လို့လဲ။ ကောင်းတာတွေ ရှိလာတဲ့ တစ်ပြိုင်တည်းမှာ တစ်ဖက်မှာလည်း ဆုတ်ယုတ်သွားတာတွေ အများအပြား ရှိနေလို့ပါပဲ။
၁။ အခွင့်အလမ်းများလာခြင်း နှင့် ယှဉ်ပြိုင်မှု လွန်ကဲလာခြင်း (Opportunity Vs Competition)
အရင်ခေတ်က အဆိုတော်ဖြစ်ဖို့ မလွယ်ဘူး။ မလွယ်တဲ့အတွက် တစ်ဖက်မှာလည်း ယှဉ်ပြိုင်စရာလူက နည်းတယ်။ စာရေးဆရာဖြစ်ဖို့ မလွယ်ဘူး။ အဲဒီအတွက် အောင်မြင်မှုရပြီးရင် ရေရှည်ခံတယ်။ လူတွေက တသသနဲ့ ဖြစ်နေကြတယ်။ ရုပ်ရှင်သရုပ်ဆောင် ဖြစ်ဖို့ မလွယ်ဘူး။ ဖြစ်သွားပြီးရင်လည်း နှစ်တွေ အများကြီး အောင်မြင်နေနိုင်တယ်။
ဒီခေတ်ကျတော့ မတူတော့ဘူး။ ဖြစ်ဖို့သိပ်လွယ်တယ်။ ရေရှည်အောင်မြင်ဖို့ရာ ခက်တယ်။ အင်တာနက်ကို အခြေခံပြီး စာရေးဆရာ ဖြစ်လာသူတွေ၊ အဆိုတော်ဖြစ်လာသူတွေ၊ ရုပ်ရှင်မှာ အောင်မြင်လာသူတွေ အများကြီးပဲ ရှိတယ်။ အရင်လို အသိုင်းအဝိုင်းရှိမှ၊ အဆက်အသွယ်ရှိမှ မဟုတ်တော့ဘူး။ ဒါပေမယ့် အချိန်အကြာကြီး အောင်မြင်ဖို့တော့ခက်တယ်။ Globalization သဘော ပိုမိုပီပြင်တာနဲ့အမျှ ကိုယ့်တစ်နိုင်ငံတည်းလည်း ကွက်ပြိုင်နေလို့ မရတော့ဘူး ဖြစ်လာတယ်။ ဒါကြောင့် အောင်မြင်ဖို့အတွက် လိုအပ်ချက်တွေ များလာတယ်။ အရင်က အဆိုတော်ဖြစ်ဖို့နဲ့ ခုခေတ် အဆိုတော်ဖြစ်ဖို့မှာ ခုခေတ်က လိုအပ်ချက် ပိုများတယ်။ တောင်းဆိုမှု ပိုများတယ်။ ဒီတော့ ပိုကြိုးစားလာရတယ်။ တစ်ဖက်မှာလည်း ဘဝက ဟန်ချက်မညီတာမျိုးတွေ ဖြစ်လာတယ်။ ပျော်ရွှင်မှုတွေ ပျောက်ဆုံးလာတယ်။
၂။ အဆက်အသွယ်များလာခြင်း နှင့် အထီးကျန်ဆန်ခြင်း (Interconnectivity Vs Social isolation)
လူမှုကွန်ရက်တွေ ပေါ်လာတော့ နှစ်တွေအများကြီး ကွဲကွာနေတဲ့ ဆွေမျိုးတွေ၊ သူငယ်ချင်းမိတ်ဆွေတွေ၊ ဆရာတပည့်တွေ ပြန်ဆုံရတယ်။ လူငယ်တွေကျတော့လည်း ဒီကတစ်ဆင့် တစ်ယောက်နဲ့တစ်ယောက် သိကျွမ်းကြ၊ အဆက်အသွယ်တွေရကြတယ်။ ဒါပေမယ့် တကယ်တမ်းတွေးကြည့်ရင် လူမှုကွန်ရက်ပေါ်က ပတ်သက်မှုဆိုတာ အင်မတန်မှကို အပေါ်ယံဆန်တယ်။ လူတွေက မလှဘဲလည်း လှတယ် ပြောကြတယ်။ တကယ်ဝမ်းမသာဘဲနဲ့လည်း Congratulations လို့ ဝင်ပြောနေကြတယ်။ အပြင်မှာ တစ်စက်မှ ကြည့်မရပေမယ့် လူမှုကွန်ရက်မှာတော့ သိပ်ချစ်ကြသယောင်တွေ တင်နေကြတယ်။
ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ်ရလာတာ မှန်ပေမယ့် အဲဒီ လူမှုကွန်ရက်ပေါ်က များပြားလှတဲ့ သူငယ်ချင်းအရေအတွက်ဟာ ကိုယ်တကယ် အရေးအကြောင်း ကြုံတော့ အကူအညီ တောင်းလို့ရတဲ့သူတွေ ဟုတ်မနေကြဘူး။ ကိုယ်ယုံယုံကြည်ကြည်နဲ့ ရင်ဖွင့်လို့ရတဲ့သူတွေ မဟုတ်ဘူး။ ကိုယ့်ကို အမုန်းခံပြီး ပြောဆိုပဲ့ပြင်ပေးမယ့်သူတွေလည်း မဟုတ်ကြဘူး။ ဒီအခါ လူတွေနဲ့ ဆက်သွယ်ပြောဆိုနေရင်းနဲ့ကိုပဲ ကျွန်တော်တို့တွေဟာ အထီးကျန်နေကြရတယ်။ အချိုပေါ် သကာလောင်းထားတဲ့ Sugar-coated စကားလုံးတွေ၊ အပေါ်ယံဆက်ဆံမှုတွေနဲ့ပဲ ဘဝကို ဖြတ်သန်းနေကြရတယ်။ ဒါကလည်း ဒီဘက်ခေတ်ရဲ့ သရုပ်သကန်တစ်ခုပဲ။
၃။ တိုးတက်မှု နှင့် မလုံခြုံမှု (Advancement Vs Insecurity)
နည်းပညာတွေ တိုးတက်လာတယ်။ တစ်ဖက်မှာလည်း ဒီနည်းပညာတွေကြောင့် ဘဝက မလုံမခြုံ ဖြစ်ရတယ်။ လူမှုကွန်ရက်အကောင့်တွေ ဟက်ခ်ခံရတယ်။ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ပေါက်ကြားတယ်။ အဲဒီကနေ ခြိမ်းခြောက်ခံရတယ်။ အရှက်တကွဲ အကျိုးနည်းဖြစ်ရတယ်။ အဲ့လိုတွေ ဖြစ်မှာစိုးလို့ ဒီနည်းပညာတွေ မသုံးဘူး လုပ်နေလို့လည်း မရဘူး။ ခေတ်နောက်မှာ ကျန်နေခဲ့ရလိမ့်မယ်။ ဒီတော့ လုပ်ရမှာက ဒီနည်းပညာတွေကို ဘယ်လောက်ထိ ကျွမ်းကျွမ်းကျင်ကျင်နဲ့ လုံခြုံမှုရှိရှိ သုံးတတ်သလဲ ဆိုတာပဲ။ ဒါကြောင့်လည်း ဒီဘက်ခေတ်မှာ Digital literacy ဆိုတဲ့ စကားလုံးကို သိပ်ပြောလာကြတာပဲ ဖြစ်ပါတယ်။
၄။ ရလဒ်ကို ဦးစားပေးလွန်းခြင်း နှင့် တန်ဖိုးထားမှုများ ပျောက်ဆုံးလာခြင်း (Result Vs Value)
ဒီနေ့ခေတ်ကို ရလဒ်အခြေပြုခေတ် (Result-oriented age) လို့ ခေါ်ကြတယ်။ အကြောင်းကတော့ လူတွေဟာ ရလဒ်ကိုပဲ ကြည့်တော့လို့ဖြစ်တယ်။ တကယ်က ရလဒ်တစ်ခုခုထွက်အောင် အလုပ်လုပ်တတ်တယ်ဆိုတာ သိပ်ကောင်းပါတယ်။ အထူးသဖြင့် ကျွန်တော်တို့နိုင်ငံမှာဆို သိပ်လိုအပ်တဲ့ Mindset မျိုးပေါ့။ ဘာလုပ်လုပ် အဖြစ်သဘောလောက် လုပ်ကြ၊ လုပ်တာပဲလေ ရမှမရတာလို့ ခပ်ပေါ့ပေါ့ပြောကြတာက များနေတယ်လေ။ ဒါကြောင့်မို့ ဘာပဲလုပ်လုပ် အလုပ်ဖြစ်အောင် လုပ်မယ်၊ အဖြစ်မလုပ်ဘူး၊ အထက်ကလူ စိတ်ကျေနပ်ရုံ မလုပ်ဘူး ဆိုတဲ့ အတွေးမျိုးကတော့ ရှိကိုရှိရမယ်။
ဒါပေမယ့် တစ်ဖက်မှာကျတော့လည်း ဒီရလဒ်ဆိုတာကြီးကို သိပ်ဦးစားပေးလာကြတယ်။ ဘောလုံးအသင်းတွေမှာဆို နမူနာကြည့်လို့ ရတယ်။ ဘယ်နှနှစ် ကစားခဲ့သူဖြစ်ဖြစ်၊ သစ္စာဘယ်လောက်ရှိရှိ၊ အရင်က ဘယ်လောက်အကျိုးပြုခဲ့ပြုခဲ့၊ ခုလက်ရှိမှာ စွမ်းဆောင်ရည် မကောင်းတော့ရင် ဘယ်သူကမှ ထောက်ညှာမနေတော့ဘူး။ မနှစ်က ဖလားယူပေးထားတဲ့ နည်းပြတွေ ဒီနှစ်အထုတ်ခံရတယ်။ အရင်လို ၃-၄နှစ်အချိန်ပေး စောင့်ကြည့်တယ်၊ တည်ဆောက်ခွင့်ပေးတယ် ဆိုတာတွေက ရှားလာပြီ။ မင်း ဘယ်လောက်အောင်မြင်ခဲ့လဲ ဘယ်သူမှ မကြည့်တော့ဘူး၊ မင်းအခု ဘာတွေလုပ်ပေးနေသလဲ၊ လုပ်ပေးနိုင်သလဲပဲ ကြည့်တော့တယ်။ သစ္စာတရားတွေ၊ ထောက်ညှာတာတွေ မရှိတော့ဘူး။ အပြန်အလှန် အကျိုးပြုခြင်း (Mutual benefit) ဆိုတာမျိုးပဲ ရှိတော့တယ်။ ကိုယ့်ကို အသုံးမဝင်တော့ဘူး ထင်တဲ့နေ့မှာ ကန်ထုတ်ဖို့လည်း ဝန်မလေးတော့ဘူး။ ဒီအခါ လူက ရပ်နေလို့မရတော့ဘူး။ အချိန်တိုင်း ပြေးနေရတယ်။ ရလဒ်ထွက်အောင် ကြိုးစားနေရတယ်။
အကျိုးဆက်အနေနဲ့ လူတွေရဲ့စိတ်ထဲမှာ ရလဒ်သာ ထွက်ပါစေ၊ ဘယ်နည်းနဲ့ထွက်ထွက်၊ ဒီလိုမျိုး ယူဆလာကြတယ်။ ဘယ်နည်းနဲ့ချမ်းသာချမ်းသာ ချမ်းသာဖို့ပဲ လိုတယ်၊ ဘယ်နည်းနဲ့နိုင်နိုင် အနိုင်ရဖို့ပဲလိုတယ်၊ ဘယ်လိုပုံစံနဲ့ နာမည်ကြီးကြီး နာမည်ကြီးသွားဖို့ပဲ လိုတယ် ဆိုတာမျိုး ဖြစ်လာကြတယ်။ ဘယ်သူသေသေ ငတေမာရင် ပြီးရော စိတ်တွေ၊ နာမည်ကြီးဖို့အတွက် ဘာမဆို လုပ်မယ် ဆိုတဲ့ အတွေးတွေ ထွန်းကားလာတယ်။ ကိ်ုယ့်ဘဝမှာ ဘာကိုတန်ဖိုးထားသလဲ ဆိုတဲ့ တကယ့်အတွင်းထဲက အနှစ်သာရတွေ ပျောက်ဆုံးလာပြီး ငွေကြေးနဲ့ ထင်ပေါ်ကျော်ကြားမှုတွေ နောက်ကိုပဲ ကောက်ကောက်ပါအောင် လိုက်မိနေကြတယ်။
၅။ ရွေးချယ်မှုများလာခြင်း နှင့် ဝေခွဲရခက်လာခြင်း (Standard Vs Paradox of choices)
စာရေးဆရာ ရော့ဖ်ဒိုဘယ်လီက ပြောဖူးတယ်၊ လူတစ်ယောက်ရဲ့ အဆင့်အတန်း မြင့်မမြင့်ကို သိချင်ရင် သူ့မှာ ဘယ်လောက်ရွေးချယ်ခွင့် ရှိသလဲဆိုတာနဲ့ တိုင်းတာလို့ရတယ်တဲ့။ ဥပမာ ကျွန်တော့်မှာ ငွေ ၃ သိန်းပဲရှိတယ် ဆိုပါစို့၊ ဒါဆို ကျွန်တော် ဖုန်းတစ်လုံးဝယ်ရင် ဘယ်ဖုန်းတွေ ကျွန်တော်ရွေးလို့ရမလဲ။ ဒါမှမဟုတ် ကျွန်တော့်မှာ သိန်း ၂၀ ရှိတယ်ဆိုရင်ရော ဘယ်ဖုန်းတွေ ရွေးလို့ရမလဲ။ သဘောက ကျွန်တော့်မှာ ငွေများများရှိရင် ရွေးစရာများမယ်။ ဒါဆို ကျွန်တော်ဟာ ငွေရေးကြေးရေးအားဖြင့် အဆင့်အတန်းမြင့်တယ်ပေါ့။
အရင်ခေတ်နဲ့ ခုခေတ်ကိုလည်း ယှဉ်ကြည့်လိုက်လို့ရတယ်။ ဘယ်ခေတ်က ရွေးစရာပိုများလဲ။ ဖုန်းနဲ့ပဲ နမူနာဆက်ပေးမယ်။ အရင်တုန်းက ဖုန်းအော်ပရေတာဆို တစ်မျိုးပဲရှိတယ်။ ကြိုက်လည်း ဒါပဲသုံး၊ မကြိုက်လည်း ဒါပဲသုံး။ ခုခေတ်ကျ ရွေးစရာတွေ များလာတယ်။ ကိုယ်အဆင်ပြေတာ သုံးသွားရုံပဲ။ သီချင်းတွေ၊ ရုပ်ရှင်တွေ၊ စာအုပ်တွေ၊ ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ စားသောက်ဆိုင်တွေ၊ လည်စရာ ပတ်စရာတွေ အများကြီးမှ အများကြီးပဲ ရွေးစရာရှိနေတာ။ ဒါကြောင့် ဒီခေတ်ကို ပိုပြီး အဆင့်အတန်းမြင့်တဲ့ ခေတ်လို့ ပြောလို့ရတယ်။
တစ်ဖက်ကလည်း ရွေးစရာတွေ သိပ်များလွန်းနေတော့ ဘာရွေးလို့ရွေးရမှန်းမသိဘူး။ လိုချင်စိတ်တွေက များ၊ တွေဝေတာတွေက များ။ ခုပဲ ဖုန်းတစ်လုံး ဝယ်ပြန်ပြီ။ နောက်နေ့ကျ အသစ်တစ်မျိုး ထပ်ထွက်ပြန်ပြီ။ ဒီလိုအခြေအနေကလည်း ရုတ်တရက်ဆို အဆင်ပြေတယ် ထင်ရပေမယ့် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ဖြစ်စေတယ်။
ဒီတော့ ခြုံပြီးပြောရရင် ဒီနေ့ခေတ်မှာ ရုပ်ဝတ္ထုပိုင်းအရ တိုးတက်လာတာတွေ အများကြီးပဲဆိုပေမယ့် စိတ်ပိုင်းဆိုင်ရာမှာ ဆုတ်ယုတ်လာတာတွေ၊ ပြဿနာဖြစ်နေတာတွေလည်း ရှိသင့်သလောက် ရှိနေပြန်တယ်။ မကြာခဏ ကြားသိနေရတဲ့ ကိုယ့်ကိုယ်ကိုယ်သတ်သေတာတွေ၊ စိတ်ဒဏ်ရာ တစ်ပွေ့တစ်ပိုက်နဲ့ လူ့အသိုင်းအဝိုင်းကြားထဲ အံမဝင်ရာကနေ အကြမ်းဖက်သမား ဖြစ်လာတာတွေက ဒီလို ဆုတ်ယုတ်မှုတွေ ရှိနေကြောင်း သက်သေတွေပဲ ဖြစ်တယ်။ လူတွေဟာ ပျော်မလိုနဲ့ မပျော်ကြဘူး။ တန်ဖိုးထားမှုတွေ၊ ဘဝရဲ့ အနှစ်သာရတွေ ပျောက်ဆုံးလာတယ်။ အပေါ်ယံဆက်ဆံမှုတွေပဲ ရှိနေပြီး စစ်မှန်တဲ့ ဆက်ဆံရေးတွေ ပျက်စီးလာတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ဟာ ခေတ်သစ်ရဲ့ အကောင်းတရားတွေ၊ တိုးတက်မှုတွေကို ခံစားနေတဲ့ တစ်ပြိုင်တည်းမှာ အဆိုးတရားတွေ၊ ဆုတ်ယုတ်မှုတွေကိုလည်း ရင်ဆိုင်ကျော်ဖြတ်နိုင်အောင် ပြင်ဆင်ထားကြရမှာ ဖြစ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၃၀.၆.၂၀၁၈
ReplyDelete"ကိုယ့်ကိုယ်ကိုသာ အားကိုးပါ"
အမှားရှိရင်တော့ ဝန်ခံတတ်ဖို့လိုတယ်
မပြည့်စုံသေးရင် ကြိုးစားဖို့လိုတယ်
နိုင်ချင်ရင် နည်းလမ်းရှာဖို့လိုတယ်
ကျဆုံးတာရှိရင် သင်ခန်းစာယူဖို့လိုတယ်
အသာရချင်ရင် ပိုအလုပ်လုပ်ဖို့လိုတယ်
တည်ဆောက်နေချိန်မှာ လူမသိပါစေနဲ့
ကံကောင်းလို့ အောင်မြင်တာ ပြင်ပမှာမရှိပါ
အမှန်တရားကို မရှာနဲ့ အောင်ပွဲကိုရှာပါ
ဓမ္မ အဓမ္မထက် အင်အားတည်ဆောက်ပါ
ကိုယ့်အင်အားသည်သာ ကိုယ့်အောင်ပွဲဖြစ်သည်
San Zuren 🌸
အမှန်တွေချည်းပြောနေပါလား
DeleteTRUTH 💯
Deleteဓမ်မကအရေးကြီးတယ်လို့ထင်တယ်
Delete🥰
Delete😘
DeleteYes 💯💫⭐✨
Deleteဖတ်ရတာမောတယ်...
ReplyDeleteရွေးချယ်စရာများတော့ကောင်းတာပေါ့...ကြိုက်တာရွေးကြပလေစေပေါ့..😁😁😁 (ကိုယ်လိုချင်တာသိဖို့တော့လိုတာပေါ့...education အကြောင်း..တင်ပေးပါလား? Internaltion school တက်တဲ့ကလေးအများစုက ကိုယ်ဘာလိုချင်လဲ..ကိုယ့်ရည်မှန်းချက်ဘာလဲ ဆိုတာ ငယ်ငယ်တည်းကသိကြသလိုပဲ...)
အကောင်းအဆိုးကတော့ အမြဲဒွန်တွဲနေတာပဲ
ReplyDeleteတိုးတက်လာတာနဲ့အမျှ သိပ်ကြောက်စရာ ကောင်းလာတယ်
အခုတော့အနာဂတ်နဲ့အိပ်မက်ကိုခဏမေ့ထားတယ်။ ဒီစာတွေကနောင်တစ်ချိန်ဆိုတာရှိခဲ့ရင် အသုံးဝင်ပါသေးတယ်။✊✊
ReplyDeleteMa a loe Min Aung hlaing
ReplyDeleteနောက်မှဘဲ သေချာဖတ်တော့မယ်။Geration Y ပါ။Passpost ရဖို့ 6 လ 1 နှစ် စောင့်ရတဲ့ ခေတ်ကိုပြန်မသွားချင်တော့ဘူး။Click ကြ၊Youtube ကြည့်ပေးကြပါ။Please🙏 Clicker တို့ရေ Fighting 💪
ReplyDeleteအဲခေတ်ကို ပြန်မရောက်ချင်လို့ ကြိုးစားကလစ်နေပါတယ် ဖိုက်တင်း
DeleteThis comment has been removed by the author.
ReplyDeleteဘာရေးရမလည်းမသိပင်မဲ့ရေးတော့ရေးခဲ့ပါတယ်
ReplyDeleteရေးခဲ့တာလေးပဲ ဖတ်ခဲ့လိုက်ပါတယ် ကျော့ :D
DeleteThis comment has been removed by the author.
ReplyDeleteWe Can Rebuild, We Can Do Better!!
Delete-C2D
အခုချိန်က ကိုယ့်နိုင်ငံကို တတ်စွမ်းသလောက် ကယ်တင်ရမယ့်အချိန်ပါ...
ReplyDeleteကိုယ်နဲ့ဆိုင်သလိုနေထားမှ နိုင်မယ့်တော်လှန်ရေးမို့ ကောက်ရိုးမီးမဟုတ်တဲ့
ကလစ်လက်တွေနဲ့ အဆုံးထိတိုက်ပွဲဝင်ကြပါစို့...✊
done
ReplyDeleteThis comment has been removed by the author.
ReplyDeleteအကောင်းအဆိုးဒွန်တွဲနေတဲ့ လောကကြီး
ReplyDeleteကျေးဇူးတင်ပါတယ်မင်မင်ရေ
ReplyDeleteDone TTK
ReplyDeleteDone👍
ReplyDeleteကျေးဇူးတင်ပါတယ်ဆရာ
ReplyDeleteStay_Strong💪💪💪
ReplyDeleteDone
ReplyDeleteDone
ReplyDeletethanks
ReplyDeleteဟုတ် 💙
ReplyDeleteFIGHT FOR FREEDOM ÖK
ReplyDeleteDone
ReplyDeletedone
ReplyDeleteC2DမှာAds မတက်တော့ဘူး မင်မင်ရေ ၂ရက်ရှိပြီလူတိုင်းမဟုတ်ပေမယ့်တစ်ချို့တစ်လေ မတက်တော့ဘူး တက်ရင်လည်း စာပြီးမှတက်လာတာမျိုးဖြစ်နေပါတယ်
ReplyDeleteကိုယ်ဆီမှာလဲ တခါတလေ အဲ့လိုပဲဖြစ်တယ်...
Deleteအဲ့လိုဖြစ်နေရင် လက်ဆောင်ဖက် သွားကလစ်လိုက်တယ်..ပြီးမှပြန်လာကလစ်ရင် အဆင်ပြေသွားတယ်..
Done❤️
ReplyDeleteကျက်ဖော်ကျော်ဖတ်
ReplyDeleteDone for today
ReplyDeleteDone💙
ReplyDeleteThanks for reading
ReplyDeleteကြိုက်တယ်ဒါနဲ့မင်မင်ရေတူတူclickမဲ့ကောင်မလေးရှိဘူး
ReplyDeleteသိပ်ကောင်းတယ်စာတွေပါ ကျေးဇူးပါစာရေးသူ
ReplyDeletedone1
ReplyDeleteအမှန်တွေ
ReplyDeleteSugar coated words☺️
ReplyDeleteစစ်အာဏာရှင်ကျရှုံးရမည် 🇹🇼✊
ReplyDeletewe went democracy
ReplyDeleteအပေါ်ယံ တွေများလားတယ်
ReplyDelete💪💪💪💪💪
ReplyDeleteဆောင်းပါးလေး အရမ်းဂွတ်တယ်။
ReplyDeleteကျေးကျေးပါ ဒေါက်တာဖြိုးသီဟခင်ဗျား။
မန့်တွေကလဲ ကောင်းမွန်လှပ။thz
အဲထက် ကလစ်နေကြသူတွေက စခအ,တွေကို မျိုးပြုတ်စေကြမှာမို့ ပိုလို့လှ။
ပသို့ဆိုစေ အားလုံး ကျန်းမာ ဘေးကင်းကြပါစေပေါ့။👍👍👍
ဖိုက်တင်းးး💪💪💪
အရေးတော်ပုံ မုချ အောင်ရမည်။🚩🚩🚩
Daily click
ReplyDeleteအဆိုးတွေ ပိုများလာတယ်ထင်တယ် (ကိုယ့်တယောက်တည်းအမြင်)
ReplyDeleteဒါလေးဖတ်ရတာ ကြိုက်တယ်
ReplyDeleteFighting
ReplyDelete👍
ReplyDeleteမြန်မာနိုင်ငံကခိုးဆိုးလုနှိုက်တေပိုများလာတယ်😔
ReplyDelete💪💖
ReplyDeleteClick with love 💕
ReplyDelete🍀🍀🍀🍀🍀
Pretending to help
ReplyDelete...
ကမ္ဘာကြီးက တကယ်ပျော့တယ်
လူယုတ်မာတွေရဲ့ခြေရာထပ်နေတဲ့အထိ
သန်းထွန်းလေး ☆ အင်းတဲရွာ
မဂ်လာပါ အရေးတော်ပုံအောင်ရမည်
ReplyDeleteအကောင်းအဆိုးရင်ဆိုင်ကျော်ဖြတ်နိုင်အောင်ပြင်ဆင်ထားပါတယ်
ReplyDeleteကြိုးစားလျှက်ပါ
ReplyDeleteThanks
ReplyDeleteကျန်းမာဘေးကင်းပျော်ရွှင်နိုင်ကြပါစေ။
ReplyDelete24-8-22💪
ReplyDeleteFight for freedom.
ReplyDeleteDone
ReplyDeleteDone ✅
ReplyDeletefighting all clicker
ReplyDeleteWe are winner
ReplyDeleteFighting together
🐳🐳🐳
ReplyDelete💪 all clickers
ReplyDeleteDone
ReplyDeleteဘေအလှူခံချင်လို့ပါဗျာ။နေ့စဉ်ကလစ်ပါတယ်။ လက်ဆောင် c2d အလှူရှင် ဒို့ခေတ် သတင်း ကလစ်ပါတယ်။09966479963
ReplyDeleteI'm thinking about it!
ReplyDeleteအရမ်းကောင်းတဲ့ဆောင်းပါးပါ
ReplyDeleteDone💜💜💜
ReplyDeleteThanks for the knowledge
ReplyDeleteတော်ရုံ Motivation တွေအလုပ်မဖြစ်ပေမဲ့ Dr ဖြိုးသီဟ ရဲ့ တကယ် အလုပ်ဖြစ်တယ်။
ReplyDeleteC2D
ReplyDelete💪💪💪
ReplyDelete🤒🤒🤒🤒🤒🤒
ReplyDeleteမှန်ကန်တဲ့ရွေးခြယ်မှုဖြစ်ဖို့မိမိမှာသာတာဝန်ရှိသည်။
ReplyDeletedone
ReplyDeleteI hate you c2d admin
ReplyDelete@lily🍅