Till the end

 


ဒီတော်လှန်ရေးမှာ မချိတင်ကဲဖြစ်ရင်း

မဖြစ်မနေ အောင်ကိုအောင်ရမယ်လို့ စိတ်ပိုင်းဖြတ်မိတဲ့

ကိစ္စကို ပြောပါဆိုရင်...
ကိုယ့်မျိုးဆက်သစ်တွေရဲ့ အနာဂါတ်အတွက်
ရည်ရွယ်ဦးတည်ပြီး ကျနော်တို့
ရွေးချယ်လျှောက်ခဲ့တဲ့ လမ်းမှာ..
အဲဒီ မျိုးဆက်သစ်တွေကိုယ်တိုင်
အသက်တင်မက အရာအားလုံးကိုစွန့်ပြီး
သူတို့အနာဂါတ်အတွက် သူတို့ကိုယ်တိုင်
တိုက်ယူနေကြတဲ့ အဖြစ်ပဲ..။
ကမ္ဘာ့သမိုင်း အဆက်ဆက်
စစ်အာဏာရှင်ဆိုသူတွေရဲ့
တထစ်ချ ယုံကြည်ချက်က
များများစားစား သိပ်ရှိလှတာတော့
မဟုတ်ပါဘူး..။
၁) လူတွေဟာ ဘယ်တော့မှ မညီညွတ်ဘူး...။
၂) ညီညွတ်လည်း ခဏပဲ...။
၃) အဲဒီ ခဏတာညီညွတ်မှုကို လက်နက်အားကိုး၊အကြောက်တရားနဲ့ ရက်ရက်စက်စက် ဖြိုခွင်းလိုက်ရင် ဒီလိုပဲ ပြီးသွားတာပါပဲ...။
ဒီ (၃) ချက်ထက် မပိုဘူး။
ဒါကိုပဲ စစ်အာဏာရှင်ဆိုသူတွေက ခိုင်ခိုင်မာမာ ယုံကြည်ပြီး
အဆုံးစွန်သော ရက်စက်ယုတ်မာမှုတွေနဲ့ ရှေးအတီအတေက
သူတို့အောင်မြင်ခဲ့တဲ့ သာဓကတွေအတိုင်း အတုယူ လုပ်ဆောင်နေကြတာပဲ။
သူတို့ရဲ့ မဟာဗျူဟာ၊ နည်းဗျူဟာက ဒါ လက်ကုန်ပဲ..။
ဒိထက်ပိုတာ ဘာမှမရှိဘူး..။
ဒါဖြင့်ရင် အခုထိ မင်းအောင်လှိုင်နဲ့ အပေါင်းပါတွေ
သူတို့မျှော်လင့်သလို ထင်တိုင်းမပေါက်နေတာ
ဘာကြောင့်လဲ..။
၁) ပြည်သူတွေရဲ့ ညီညွတ်မှုက ခဏတာမဟုတ်လို့...။
၂) အကြောက်တရားရိုက်သွင်းပြီး ဘယ်လိုပဲဖြိုခွဲပစေ
ကြံ့ကြံ့ခံ အံတုရင်ဆိုင်နေနိုင်ကြလို့...။
၃) ဒီတိုက်ပွဲအတွက် ဘာပဲပေးဆပ်ရ ပေးဆပ်ရ
အားလုံးက ဝန်မလေးကြလို့.... ပဲ။
လွယ်သလား ဆိုတော့ ဘယ်လွယ်ပါ့..။
CDM လုပ်ရတာလဲ မလွယ်ဘူး..။
ငြိမ်းချမ်းစွာ ဆန္ဒပြရတာလဲ မလွယ်ဘူး..။
အဲဒီဆန္ဒပြပွဲတွေကို လူမဆန်စွာ ဖြိုခွဲခံရချိန်မှာ
အမှတ်တမဲ့ မှတ်တမ်းယူရတာလဲ မလွယ်ဘူး..။
Silent Strike ဆိုပြီး ကန်စန်းရွက်သည် ဈေးရောင်း
၁ ရက်နားရတာလဲ မလွယ်ဘူး..။
စစ်ကောင်စီကို အခွန်မဆောင်ဘဲ၊ မီတာခမပေးဘဲ နေရတာလဲ မလွယ်ဘူး..။
ည ၈ နာရီမှာ ငါးမိနစ်မျှ သံပုံးတီးရတာလဲ မလွယ်ဘူး..။
တော်လှန်ရေးအတွက် ချွေးနှဲစာထဲကနေ အလှူငွေ ထည့်ရတာလဲ မလွယ်ဘူး..။
ထောက်ပို့ လုပ်ရတာလဲ မလွယ်ဘူး..။
နွေဦးထီ ထိုးရတာလဲ မလွယ်ဘူး..။
NUG အစိုးရကို အခွန်ဆောင်ရတာလဲ မလွယ်ဘူး..။
NUG ငွေတိုက်စာချုပ်ကို ဝယ်ရတာလဲ မလွယ်ဘူး..။
Facebook ပေါ် စစ်အာဏာရှင်ဆန့်ကျင်ရေး အသံထုတ်ရတာလဲ မလွယ်ဘူး..။
Click to Donate လုပ်ရတာလဲ မလွယ်ဘူး..။
ဘာဆို ဘာမှ မလွယ်ဘူး..။
..
..
PDF အနေနဲ့ ကျနော်တို့ချစ်တဲ့ မျိုးဆက်သစ်လူငယ်တွေ
လက်နက်ကိုင်တော်လှန်ရေး လုပ်နေရတာက ပိုတောင် မလွယ်ဘူး..။
ဒါပေမယ့်..
မလွယ်တဲ့ကြားကပဲ ဒီအထိ ခရီးပေါက်ခဲ့ပြီ..။
ကျနော်တို့ရဲ့ ညီညွတ်မှုက ကောက်ရိုးမီးမဟုတ်ကြောင်း သက်သေပြနိုင်ခဲ့ပြီ..။
အာဏာရှင်တွေရဲ့ အစဉ်အလာယုံကြည်ချက်ကို ရိုက်ချိုးနိုင်ခဲ့ပြီ..။
ပေးဆပ်မှုတွေကြားက အာဏာရှင်ကို အရှိုက်ထိုးနိုင်ခဲ့ပြီ..။
သို့သော်...
ပွဲက မပြီးသေးဘူး..။
ပန်းတိုင်မရောက်ခင် တက်ထောင်လို့ မဖြစ်သေးဘူး..။
ဆက်လက်ပြီး အားတင်းတောင့်ခံ ချီတက်ကြရဦးမယ်..။
ဘယ်အထိလဲဆိုတော့..
မြန်မာ့မြေပေါ်ကနေ အာဏာရှင်တွေ မျိုးမသုန်းမချင်းပေါ့..။
💪💪💪


(12/18/2021_ 3:59 AM)



Tin Tun Naing

ပြည်ထောင်စုဝန်ကြီး
စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှု ဝန်ကြီးဌာန

Comments

  1. Replies
    1. We fall so that we can learn to pick ourselves up.
      But everything will come to us at the time soon.

      Sharing is caring for each and everyone else.
      Thanks for all CLICKERS who help sharing clicks and loves to our heroes.
      This is the main way to achieve our Goal...⭐

      We must win 💪


      Delete
  2. ဘယ်လိုအခက်အခဲတွေဖြစ်ဖြစ်
    ေကျာ်လွှားတဲ့နည်းရှိရမယ်ဆိုတဲ့ အတွေးဟာ
    လူသားတွေရဲ့စွမ်းအားကြီးပါပဲ။

    ReplyDelete
  3. နိုင်ကိုနိုင်မှာယုံတယ်

    ReplyDelete
  4. နိုင်ကို နိုင်ရမယ် 💪💪💪
    ဒီလို စိတ်ထားတယ်
    အချစ်ရေးထက် စစ်ရေးက ခက်တယ်

    အောင်ကို အောင်ရမယ် 👊👊👊
    ကိုယ် မသေရင် ပြန်တွေ့မယ်
    တခါတလေ ကိုယ်ဟာ ဝမ်းနည်း မျက်ရည်လည်

    ReplyDelete
    Replies
    1. ဒီခရီးကို ​လျှောက်​နေရတာဟာ ​ချော​မွေ့​နေတာ မဟုတ်ဘူး
      ဘယ်လိုပဲ ကြမ်းတမ်းခက်ခဲပါ​စေ အဆုံးထိ ​လျှောက်မယ်

      Delete
  5. ဒီပွဲဟာ နိုင်မှဖြစ်မဲ့ (နိုင်အောင်တိုက်ရမဲ့) ပွဲဆိုတော့အားလုံးအရှုံးမပေးဆက်လျှောက်ရမဲ့ ခရီးဖြစ်သွားပြီ....(စခ/စကစ တွေမျိုးဆက်ထဲ နည်းပညာကျမ်းကျင်တဲ့သူတွေ မများခင်...ပညာတတ်တကိုယ်ကောင်းသမားတွေမများခင်)

    ReplyDelete
  6. ငါတို့တိုက်ပွဲနိုင်ကိုနိုင်ရမည်။

    ReplyDelete
  7. ငါတို့နိူင်ကိုနိူင်ရမယ်

    ReplyDelete
  8. We must win💪💪💪

    ReplyDelete
  9. အရမ်းကောင်းတဲ့စာသားတွေပါ

    ReplyDelete
  10. နိုင်ကိုနိုင်ရမယ် pdfတို့ဘေးကင်းကြပါစေ🙏🙏🙏🙏🙏🌷🌷🌷

    ReplyDelete
  11. အဆုံးထိတွန်းလှန်မယ်

    ReplyDelete
  12. ပိုမိုလှပသော အနာဂတ်ဆီသို့

    ReplyDelete
  13. အောင်ပွဲကနီးလာပီ

    ReplyDelete
  14. ဒါ နောက်ဆုံးဖြစ်ရမယ်ဟေ့
    ဒီမြေဟာ တရားမျှတာလွတ်လပ်ခြင်းနဲ့မသွေ
    ငါတို့အားလုံးရဲ့မြေ

    ReplyDelete
  15. အားမလျော့တမ်းချီတက်ပါ့မယ် ဆရာ

    ReplyDelete
  16. ငါတို့တွေနိုင်ကိုနိုင်ရမည်

    ReplyDelete
  17. That's right. We had to win in Revolution

    ReplyDelete
  18. Fight for democracy
    This is end game.

    ReplyDelete
  19. နိုင်ရမယ်ဆိုတဲ့စိတ်နဲ့ ရှေ့ဆက်တယ်

    ReplyDelete
  20. ဆရာလည်း ကျန်းမာဘေးကင်းပါစေ။ငါတို့တွေနိုင်ကိုနိုင်ရမည်။

    ReplyDelete
  21. အမှန်အတိုင်းဖြစ်စေချင် ပိုအလုပ်ရှုပ်တယ် ခက်ခဲတယ်. ဒါပေမယ့်စိတ်သန့်တယ် လိပ်ပြာလုံတယ်

    ReplyDelete
  22. အရေးတော်ပုံ အောင်ကိုအောင်ရမည်
    💪💪💪💪💪💪💪

    ReplyDelete
  23. နိုင်မှာဆိုတာသေချာပါတယ်။

    ReplyDelete
  24. သွေးမအေးသ၍ Click နေမယ်

    ReplyDelete
  25. ဟုတ်တယ်ဗျ
    မလွယ်ဘူး
    ဒီကြားထဲ က ဒီ​လောက် ရောက်လာပြီ
    Till the end

    ReplyDelete
  26. ညီညွတ်ကြမယ်
    အမြစ်ပြတ်​အောင် တိုက်ထုတ်ကြမယ်
    အ​ရေး​တော်ပုံ​အောင်​နေပြီ

    ReplyDelete


  27. မလွယ်ကူပါဘူး ။ဒါ‌ေပ မယ့် ဘယ်တော့မှ လက်မလျှော့ပါဘူး

    ReplyDelete
  28. ဘာဆိုဘာမှမလွယ်တဲ့ကြားက
    အရေးတော်ပုံအောင်ကိုအောင်ရမယ်

    ReplyDelete
  29. We must win...
    Pdfများ အားလုံးဘေးကင်းကြပါစေ...
    တိုက်ပွဲတိုင်း အောင်မြင်ကြပါစေ...
    လုံးစုံများစွာ မင်းအောင်လှိုင် မပါ ချမ်းသာကိုယ်စိတ်မြဲပါစေ။
    Cho gyi

    ReplyDelete
  30. ������������

    ReplyDelete
  31. အ​ကြောင်းတခုခုဆို
    fbမှာ sad recent ​ပေးခြင်းထက်
    click တချက်နှိပ်ခြင်းက
    အကျိုးရှိသလို လိပ်ပြာလုံ​စေပါတယ်
    ဒို့ပြည်သူ​တွေညီ​စေ​နော်
    နိူင်တဲ့ဘက်က တိုက်ကြမယ်

    ReplyDelete
  32. ငါတို့တွေသွေးမအေးကြေး။ မနေ့ကလည်း click ခဲခဲ့တယ်။ ဒီနေ့လဲ click တယ်။ မနက်ဖြန်လဲ click ကြမယ်။ အောင်ပွဲကိုမြင်နေရပြီ။

    ReplyDelete
  33. မလွယ်ဘူးစိတ်ခွန်အားနဲ့တော်လှန်မှာ။အာဏာရှင်ဆိုတဲ့လူ့နွားတွေကိုအပြီးချေမှုန်းမှာ။

    ReplyDelete
  34. we fight to win till we win.❣🔥💪

    ReplyDelete
  35. တကယ်ကို မလွယ်တာပါ
    CDM လုပ် ဝင်ငွေမရှိတာ ၁၀ လကျော်ပြီ
    ဒါပေမယ့် တော်လှန်ဖို့ကို အားမလျှော့ဘူး
    အကုန်လုံး အားတင်းထားကြပါ

    ReplyDelete
  36. 💪💪💪🤳 Click Click Click 💪💪

    ReplyDelete
  37. ခက်ခဲပင်ပန်းတယ်ကိုယ့်ထက် ပေးဆပ်နေရသူတွေနဲ့ယှဉ်ရင် ငါဘာမှမဟုတ်သေးဘူးလို့တွေးတယ်။ အဆုံးထိတွန်းလှန်မယ် ဒင်းတို့ကို..ငါတို့နိုင်ကိုနိုင်ရမယ်
    🤜🤛🤜🤛🤜🤛🤜🤛

    ReplyDelete
  38. ပြင်းပြသော ဇွဲ လုံးလ ဝိရိယ တို့ဖြင့် အောင်မြင်မူ့သို့ လျှောက်လှမ်းရမည်။

    ReplyDelete
  39. 💪💪💪💪💪💪❤️❤️❤️❤️❤️❤️❤️

    ReplyDelete
  40. မလွယ်ပေမယ့်အောင်မြင်မှာသေချာ

    ReplyDelete
  41. အရေးတော်ပုံ အောင်ရမည်

    ReplyDelete
  42. မအလကို ျင်ချမယ်December 22, 2021 at 8:36 PM

    အိုကေပါ

    ReplyDelete
  43. စံနစ်ဆိုး ၊ ဥပ​ဒေ ဆိုး မှာ ​နေ သားကျ ​နေ တဲ့ စိတ် ဓါတ်​တွေ ကို ပြင်ရတာခက် ​ပေမဲ့ ပြင်ခြင်ရင် မကြာပါဘူး ဆရာ။

    ReplyDelete
  44. မအိမ်လုံးမင်းအောင်လှိုင် စစ်ခွေးအုပ်စု ကျရှုံ

    ReplyDelete
  45. စစ်ခွေးအုပ်စု ကျရှုံးရမည်

    ReplyDelete
  46. ဘယ်တော့မှအရှုံးမပေးဘူးဟေ!!!

    ReplyDelete
  47. မလွယ်ကူတဲ့ကြားက..ကြိုးစားအားထုတ်နေကြတာ💪💪

    ReplyDelete
  48. အားလုံးပဲ fighting

    ReplyDelete
  49. ကောက်ကျစ်ယုတ်မာမှုပိုတော့ လျှော့မတွက်စေချင်ပါ။

    ReplyDelete
  50. မင်းအောင်လှိုင် မအေလိုး

    ReplyDelete
  51. အ​ရေး​တော်ပုံ​အောင်ရမည်

    ReplyDelete
  52. အမှန်တရားကို ရရင်ရ ပြန်မရရင် အဆုံးထိသွားမှာပါ

    ReplyDelete
  53. အသိရှိတဲ့ ပညာရှိသူတိုင်း နိုင်သလောက် ကိုယ်နယ်ပယ်နဲ့ကိုယ် ကျိုးစားအားထုတ်နေပါတယ်

    ReplyDelete
  54. အောင်နိုင်စိတ်နဲ့ရှေ့ဆက်မယ်
    Fighting

    ReplyDelete
  55. ကြယ်တွေကြွေတုန်း ခန‌‌ လှောင်လိုက်ဦးကွယ်
    တကြိမ်မှာ ပြန်လာမယ့် မြှား 🔙

    ReplyDelete
  56. ����

    ReplyDelete
  57. ကြယ်တွေထပ်မကြွေစေချင်လို့ကလစ်တယ်

    ReplyDelete
  58. နောက်တကျော့

    ReplyDelete
  59. သူ့မနဲ့နီးစပ်ဖို့ကလည်းမလွယ်ဘူး

    ReplyDelete
  60. ဘယ်လိုအခက်အခဲရှိရှိ
    တို့ပြည်သူ​တွေစည်းလုံးညီညာ
    အတူတကွ​ကျော်လွှားကြမယ်
    ​နေ့စဥ် Click ကြမယ်
    click fighter တို့​ရေ

    ReplyDelete
  61. ဒါနောက်ဆုံးတိုက်ပွဲ နိုင်ကိုနိုင်ရမယ် 💪💪💪💪💪

    ReplyDelete
  62. အားလုံးအားတင်းထားကြမယ်

    ReplyDelete
  63. နိုင်ကိုနိုင်ရမယ်

    ReplyDelete
  64. စစ်ကိုင်းတိုင်းကို ကူညီကြပါဦး ရေဦးဘက်မှာ ပြည်သူတွေကို ရဟတ်ယဥ်တွေနဲ့ ပစ်သတ်နေပါတယ် အင်တာနက်လည်း ဖြတ်တောက်ထားတယ်တဲ့😢😢

    ReplyDelete
  65. PDF အနေနဲ့ ကျနော်တို့ချစ်တဲ့ မျိုးဆက်သစ်လူငယ်တွေ
    လက်နက်ကိုင်တော်လှန်ရေး လုပ်နေရတာက ပိုတောင် မလွယ်ဘူး..။
    ဒါပေမယ့်..
    မလွယ်တဲ့ကြားကပဲ ဒီအထိ ခရီးပေါက်ခဲ့ပြီ..။
    ကျနော်တို့ရဲ့ ညီညွတ်မှုက ကောက်ရိုးမီးမဟုတ်ကြောင်း သက်သေပြနိုင်ခဲ့ပြီ..။
    အာဏာရှင်တွေရဲ့ အစဉ်အလာယုံကြည်ချက်ကို ရိုက်ချိုးနိုင်ခဲ့ပြီ..။
    ပေးဆပ်မှုတွေကြားက အာဏာရှင်ကို အရှိုက်ထိုးနိုင်ခဲ့ပြီ..။
    သို့သော်...
    ပွဲက မပြီးသေးဘူး..။
    ပန်းတိုင်မရောက်ခင် တက်ထောင်လို့ မဖြစ်သေးဘူး..။
    ဆက်လက်ပြီး အားတင်းတောင့်ခံ ချီတက်ကြရဦးမယ်..။
    ဘယ်အထိလဲဆိုတော့..
    မြန်မာ့မြေပေါ်ကနေ အာဏာရှင်တွေ မျိုးမသုန်းမချင်းပေါ့..။
    💪💪💪

    ReplyDelete
  66. ဒီထဲတခါဝင်တခါ မန့်မယ်
    မအေလိုး မင်းအောင်လှိုင်

    ReplyDelete
  67. အမှန်ပဲ ဘယ်အရာမှ လွယ်လွယ်လေး နှင့်မရနိုင်ဘူး

    ReplyDelete
  68. သွေးကြွေးမှာသွေးမအေးဘူး

    ReplyDelete
  69. အမှန်တရားကို ရင်မှာပိုက်ပြီး ချစ်ခင်ရတဲ့တပည့်တွေဆီ ပြန်ချင်တယ်။ခုနေခါတော့----

    ReplyDelete
  70. အရေးတော်ပုံအောင်တော့မည်

    ReplyDelete
  71. ကလစ်တချက်စီတိုင်းက လိုအပ်​နေ​သော​နေရာများအတွက် ​အ​ထောက်အပံ့ဖြစ်ပါ​စေ

    ReplyDelete
  72. This comment has been removed by the author.

    ReplyDelete
  73. အရေးတော်ပုံအောင်ရမည်

    ReplyDelete
  74. အုံဖွ မရ ကလစ်ကြ

    ReplyDelete
  75. အဲ့မလွယ်တဲ့ကြားကပဲ
    တော်လှန်ရေးအတွက် အလှူငွေထည့်တယ်
    အာဏာသိမ်းပြီးကတည်းက ခုထိ မီတာ လုံးဝမဆောင်
    Silent strike ဆိုလဲ စျေးရောင်းနားတယ်
    ပြည်ပ အဆက်အသွယ်နဲ့လည်း ငွေတိုက်စာချုပ်ဝယ်ဖို့ စာရင်းပေးထားတယ်
    ပြီးတော့ click တယ်

    ReplyDelete
  76. အ​ရေး​တော်ပုံ အောင်ရမည်
    အာဏာရှင်စနစ် မုချကျဆုံးရမည်
    💪💪💪💪💪💪💪💪💪💪💪💪

    ReplyDelete
  77. Believr I can do it, Empower we can do it, Together we can do it.

    ReplyDelete
  78. ခင်ဗျားရဲ့လက် 👆
    ကျနော့်ရဲ့လက် 👆
    ဟိုလူ သည်လူ အရေးတူတဲ့ ငါတို့လက်တွေ …
    ကလစ်ကူရင်း ခရီးဆက်ကြစို့ 👍👍👍

    Credit: မင်းလှ မင်း​ခေါင်

    ReplyDelete
  79. နောက်ဆုံးပွဲ ငါတို့တေနိုင်ကိုနိုင်ရမယ်

    ReplyDelete
  80. we will win, we must win, we are win
    ���������� Fighting

    ReplyDelete
  81. အရေးတော်ပုံ အောင်ပြီး

    ReplyDelete
  82. မသီရိရေချစ်တယ်ဗျို့

    #Nay Lyng Aung

    ReplyDelete
  83. Loikaw ကနေ စစ်ဘေးရှောင်နေလို့ ၃ရက်လောက် click ဖို့ ပျက်ကွက်သွားတယ် အရင်လို C2D 200 pts လက်ဆောင် 300 pts Thadin 150 pts target ထားပီးမလုပ်နိုင်တော့ပေမယ့် တခု ကို point 50 ဆီ အနည်းဆုံး target ထားပီး click မယ်

    ReplyDelete
  84. အားတင်းရပါအုံးမယ်ရှင် တကယ်ပါ
    ဘာပဲဖြစ်ဖြစ် မလျော့သောဇွဲလုံ့လတို့နဲ့ ဆက်ဘက်ချီတက်ရင်း

    ReplyDelete
  85. အရေးတော်ပုံအောင်ရမည်

    ReplyDelete
  86. We will fight till the End...so rise up...

    ReplyDelete

Post a Comment