အချိန်တွေကို စီမံခန့်ခွဲလို့ ရသလား
အချိန်တွေကို စီမံခန့်ခွဲလို့ ရသလား
စီမံခန့်ခွဲမှုဟာ အဖွဲ့အစည်းတစ်ခုဖြစ်ဖြစ် လူတစ်ယောက်ဖြစ်ဖြစ် တိုးတက်အောင်မြင်ဖို့အတွက် အင်မတန်မှကို အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ လက်ဖက်ရည်ဆိုင်တစ်ဆိုင် ဖွင့်ရင်တောင် စီမံခန့်ခွဲမှု ကောင်းရင်ကောင်းသလို၊ ညံ့ရင်ညံ့သလို ရလဒ်က ကွာခြားတတ်ပါတယ်။ ဒါကြောင့်လည်း ဒီနေ့ခေတ်မှာ ဒီအကြောင်းအရာကို အထူးအလေးထား ပြောလာကြတာ။
အဲဒီလို စီမံခန့်ခွဲတဲ့အခါ ငွေကြေး၊ လူ၊ ပစ္စည်း၊ နည်းပညာ စတာတွေကို ထည့်စဉ်းစားရတယ်။ အဲဒီထဲမှာ မဖြစ်မနေ ပါလာတာကတော့ အချိန်ပဲ။ အချိန်တွေကိုလည်း စီမံခန့်ခွဲရတယ်။ လူတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲမယ်ဆိုလည်း ကိုယ့်ရဲ့ ကျန်းမာရေး၊ အလုပ်အကိုင်၊ ငွေရေးကြေးရေး စတာတွေအပြင် ကိုယ့်ရဲ့ အချိန်တွေကိုလည်း သေချာသုံးစွဲရတယ်။ ဘယ်လောက်ထိ အဲ့လိုအချိန်တွေကို စီမံခန့်ခွဲနိုင်သလဲ ဆိုတာကပဲ အောင်မြင်မှုတွေကို အဓိက အဆုံးအဖြတ်ပေးသွားတာပါ။
စီမံခန့်ခွဲတယ်လို့ ပြောနေကြပေမယ့် တကယ်တော့ အချိန်တွေကို ဒီနေ့သိပ်မသုံးဖြစ်လို့ မနက်ဖြန်အတွက် စုထားမယ်၊ ဘဏ်ကို အပ်ထားမယ်၊ ဒါမှမဟုတ်လည်း အချိန်ရှားတဲ့သူတွေက ငွေချေးသလို ချေးမယ်၊ အားနေသူတွေကလည်း သူတို့အချိန်တွေကို ငွေတိုးချေးစားသလို ချေးငှားမယ်၊ အဲ့လိုတွေမှ လုပ်လို့မရတာ။ အချိန်ဆိုတာက သူ့ဟာသူ လည်ပတ်နေတာပဲ။ တကယ်တမ်း ကျွန်တော်တို့ လုပ်လို့ရတာက အဲဒီအချိန်တွေမှာ ဘယ်လောက်ရလဒ်ထွက်အောင် အလုပ်လုပ်မလဲ ဆိုတာပဲ။ အဲဒါကိုပဲ အချိန်စီမံခန့်ခွဲတယ်လို့ ပြောကြတာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာနဲ့ ပတ်သက်ရင် စာအုပ်တွေလည်း အများကြီးရှိတယ်။ ဘယ်လိုလုပ်ဆောင်သင့်တယ် ဆိုတာတွေလည်း ပြောနေ ရေးနေကြတယ်။ ဒီဆောင်းပါးမှာတော့ ကျွန်တော် စဉ်းစားမိတဲ့ အချက် ၃ ကိုပဲ ဝေမျှချင်ပါတယ်။
၁။ ငယ်တုန်းမှာ ကိုယ်တိုင်က တန်ဖိုးထားခဲ့ရင် ကြီးလာတဲ့အခါ လူတကာကလည်း တန်ဖိုးထားလာလိမ့်မယ်။
ကျွန်တော် NGO အလုပ်ဝင်စက အလုပ်ကိစ္စနဲ့ ရံဖန်ရံခါ ခရီးတွေထွက်ရဖူးတယ်။ အဲဒီအခါ များသောအားဖြင့် အသုံးများတာက အဝေးပြေးကားတွေပဲပေါ့။ ညဘက်ကို ကားစီး၊ မနက်ကျဟိုရောက်၊ အလုပ်လုပ်ပေါ့။ ကျွန်တော့်ထက် ရာထူးကြီးတဲ့ ဆရာတွေကျတော့ ကျွန်တော်သွားတဲ့မြို့တွေကိုပဲ ခရီးထွက်ကြတဲ့အခါ လေယာဉ်ကို သုံးကြတယ်။ မနက်ပိုင်းဖလိုက်နဲ့သွား၊ ဟိုကိုရောက်၊ အလုပ်လုပ်၊ ပြီးတော့ ညနေပဲ ပြန်လာ။ ရုတ်တရက်ကြည့်လိုက်ရင် ခွဲခြားဆက်ဆံတယ်ပေါ့၊ ကျွန်တော်က ဘတ်စ်ကားစီးရတယ်၊ သူကျ လေယာဉ်နဲ့။ တကယ်တမ်းကျတော့ အချိန်ရဲ့တန်ဖိုး ကွာခြားတာကြောင့်ပဲ။
ကျွန်တော်က အချိန် ၆ နာရီလောက်ကို ကားပေါ်မှာ သုံးလိုက်လို့ ဘာမှဖြစ်မသွားပေမယ့် ဆရာတွေရဲ့ အချိန် ၆ နာရီကျတော့ သိပ်တန်ဖိုးရှိတယ်။ ကားပေါ်မှာ အိပ်နေရင်း ကုန်သွားရမှာ နှမြောစရာ ကောင်းတယ်။ ကျွန်တော့်ရဲ့ အချိန်ထက် လေယာဉ်ခက တန်ဖိုးပိုများနေတဲ့အခါမှာ ကျွန်တော်က အချိန်ကိုသုံးလိုက်တယ်။ ဆရာ့ရဲ့ အချိန်ကျတော့ တန်ဖိုးကြီးနေတဲ့အခါမှာ ပိုက်ဆံကို အသုံးပြုပြီး အချိန်ကို Save လုပ်လိုက်တယ်။ အဲ့လို ငွေသုံးဖို့ကိုလည်း ဘယ်သူကမှ နှမြောမနေဘူး။ ဘာလို့ဆိုတော့ ဆရာ့ရဲ့ အချိန်တွေ သိပ်တန်ဖိုးရှိတာ သိနေတာကိုး။
အဲဒီအဖြစ်အပျက်လေးကနေ တွေးမိတယ်။ ကျွန်တော်တို့ ငယ်ရွယ်တုန်းမှာ အချိန်တွေ သိပ်ပေါတယ်။ အဲဒါကို ကိုယ်တိုင်က တန်ဖိုးထားပြီး အကျိုးရှိရှိအသုံးချမှ ကျွန်တော်တို့တွေဟာ တော်လာမယ်၊ တတ်လာမယ်၊ ထက်မြက်လာမယ်၊ အများအတွက် အလုပ်တွေပိုလုပ်လာနိုင်မယ်။ ဒီတော့ လူငယ်ဘဝက တစ်နာရီနဲ့ လူကြီးဘဝ တစ်နာရီဟာ တန်ဖိုးချင်းမတူတော့ဘူး။ အကျိုးပြုနိုင်ပုံချင်း မတူတော့ဘူး။ ရတဲ့ အကျိုးအမြတ်ချင်းလည်း ကွာသွားပြီ။ ဒါကြောင့်မို့ ငယ်ရွယ်စဉ်မှာ ကိုယ့်အချိန်ကို တန်ဖိုးထားပြီး ကြိုးစားပါ။ ဒါမှ နောင်တစ်ချိန်မှာ ကိုယ့်အချိန်တွေကို လူတွေကလည်း တန်ဖိုးလိုက်ထားကြပါလိမ့်မယ်။
၂။ အချိန်မရှိဘူး ဆိုတာ ကိုယ့်အတွက် အရေးမကြီးဘူးလို့ ဆိုလိုတာပဲ။
ကြည့်ဖူးတဲ့ TED Talk လေးတစ်ခု ရှိတယ်။ အချိန်စီမံခန့်ခွဲမှုအကြောင်း ပြောထားတာ။ အဲဒါလေး နားထောင်ရင်း အတွေးထဲ လက်ခနဲ ဖြစ်သွားတာတစ်ခုပေါ့။ သိပ်အထူးတဆန်းတော့ မဟုတ်ဘူး။ ဒါပေမယ့် သူပြောတာကြားလိုက်မှ သြော် ဟုတ်သားပဲလို့ တွေးမိသွားတာ။ ဘာလဲဆိုတော့ I don’t have time = It is not a priority for me. တဲ့။ ငါ့မှာ အချိန်မရှိဘူး လို့ ကျွန်တော်တို့ပြောနေကြတာဟာ တကယ်တော့ အဲဒီကိစ္စဟာ ငါ့အတွက် အရေးမကြီးဘူးလို့ ပြောလိုက်တာပါပဲ တဲ့။
တကယ်တမ်း စဉ်းစားကြည့်တော့လည်း ဟုတ်တယ်။ ကျွန်တော့်ကို ဟောပြောပွဲတစ်ပွဲ ဖိတ်မယ် ဆိုပါတော့၊ ချိန်းထားပြီးသားကိစ္စတစ်ခုနဲ့က တိုက်နေတယ်။ ပွဲအကြောင်းမေးလိုက်တဲ့အခါ လူကလည်း နည်းနည်း၊ အချိန်ကလည်း နည်းနည်း၊ သိပ်ပြီး ပွဲအကြီး မဟုတ်ဘူးထင်တော့ ကျွန်တော် ငြင်းလိ်ုက်တယ်။ ဒါပေမယ့် စဉ်းစားကြည့်၊ အဲဒီပွဲကနေ ကျွန်တော့်ကို ပိုက်ဆံတွေအများကြီးပေးမယ်၊ ဒါမှမဟုတ်လည်း ပွဲရဲ့ ထိရောက်မှုက သိပ်ကြီးမယ်ဆို ကျွန်တော်ဟာ မအားအားအောင် လုပ်မှာပဲ။ အချိန်တွေ ဟိုရွှေ့ဒီရွှေ့ လုပ်မှာပဲ။ ဒါကြောင့် မအားဘူးဆိုတာ တကယ်မအားတာ မဟုတ်ဘူး၊ အားအောင်လုပ်ရင် ရတယ်၊ ကိုယ့်အတွက် အရေးမကြီးဘူးထင်လို့သာ မအားဘူးလို့ ပြောနေကြတာ။
တချို့က ပရဟိတကို ကိုယ်ပိုင်အလုပ်ထက် ပိုဦးစားပေးတယ်။ တချို့ကျတော့လည်း ပရဟိတလေး လုပ်ဖို့တောင် မအားပါဘူးတဲ့။ တချို့က မိသားစုကို အချိန်မပေးနိုင်ဘူး။ တချို့ကျ အိမ်ထောင်ဖက် မပြောနဲ့ ချစ်သူရည်းစားကိုတောင် အချိန်ပေးဂရုစိုက်ကြတယ်။ ဘယ်ပေါ်မှာ မူတည်သွားတာလဲဆိုတော့ ကိုယ် ဘယ်ဟာကို Priority ထားသလဲ (ဦးစားပေးသလဲ) ဆိုတာပဲ။ အချစ်ကို ဦးစားပေးတဲ့သူ၊ မိသားစုကို ဦးစားပေးတဲ့သူ၊ အလုပ်ကို ဦးစားပေးတဲ့သူ၊ အကျိုးအမြတ်ကို ဦးစားပေးတဲ့သူ စသဖြင့် ကွာခြားသွားကြတာ ဖြစ်ပါတယ်။
ဘယ်သူမှန်တယ် မှားတယ်ဆိုတာထက် ကိုယ့်ဦးစားပေးမှုနဲ့ ကိုယ်ပဲ။ တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားမှုချင်းလည်း မတူဘူးကိုး။ တချို့က ဘဝအောင်မြင်မှုကို တန်ဖိုးထားတယ်၊ တချို့က အများအကျိုးပြုမှု၊ တချို့ကတော့ မိသားစု စသဖြင့် ကွာခြားကြတယ်။ ကျွန်တော်ကတော့ တအားကြီး တစ်ဖက်စောင်းနင်း ဖြစ်မနေရင် လုံလောက်ပြီလို့ ထင်တယ်။ နောက်ပြီး အချိန်အခါပေါ်လည်း မူတည်သေးတယ်။ ဥပမာ နိုင်ငံခြားမှာ ပညာတော်သင်ဆုရလို့ ကျောင်းသွားတက်နေတဲ့အချိန်မှာ မြန်မာပြည် ခဏခဏပြန်လာပြီး ပရဟိတ လုပ်နိုင်မှာမဟုတ်ဘူး။ ကျန်တဲ့ အချစ်ကိစ္စ၊ မိသားစုကိစ္စတွေလည်း လစ်ဟင်းသွားမှာပဲ။
လုပ်ငန်းတစ်ခု စလုပ်စမှာလည်း ဒီလိုပဲ။ အချိန်တော်တော်များများကို ဒီထဲမှာ ရင်းနှီးလိုက်ရတယ်။ အာရုံစိုက် ကြိုးစားရတယ်။ အဲဒီလိုအခါတွေမှာ Balance လုပ်ရသိပ်ခက်တယ်။ ကျွန်တော့်သဘောအရဆို Balance လည်း လုပ်မနေသင့်ဘူး။ Concentration အပြည့်နဲ့ ကြိုးစားသင့်တယ်။ ဒီအတိုင်း ပရဟိတလုပ်တာထက် ပညာပြည့်ဝပြီးမှသာ လုပ်မယ်ဆို အကျိုးပြုနိုင်မှုချင်းက တခြားစီ ဖြစ်သွားမယ်။ လုပ်ငန်းအောင်မြင်သွားရင် မိသားစုကို အချိန်တင်မကဘဲ ငွေကြေးပိုင်းမှာပါ ထောက်ပံ့ ကူညီပေးနိုင်တော့မှာလေ။
ဒါကြောင့်မို့ ဘယ်အရာက ကိုယ့်အတွက် Priority ဖြစ်သင့်လဲဆိုတာကို ကိုယ့်ရဲ့တန်ဖိုးထားမှုနဲ့ အချိန်အခါပေါ် လိုက်ပြီး အကောင်းဆုံး ရွေးချယ်နိုင်ကြဖို့ လိုတယ်။
၃။ ဘယ်လောက် အလုပ်လုပ်သလဲထက် ဘယ်လောက်အလုပ်ဖြစ်သွားသလဲကို ပိုအာရုံစိုက်ပါ။
ကျွန်တော်တို့မှာက အလုပ်ချိန်ဆိုတာကြီးကို တော်တော်လေး အာရုံစိုက်ကြတုန်း။ ရုံးဆင်းချိန် တက်ချိန် မှန်ရမယ်ပေါ့။ မမှန်ရင် ဒဏ်တပ်ကြတယ်။ သတိပေးကြတယ်။ တကယ်တမ်း စဉ်းစားကြည့်၊ ရုံးတက်ချိန်တော့ မှန်ပါရဲ့၊ ရုံးမှာ အလုပ်မလုပ်တဲ့သူနဲ့ နည်းနည်းတော့ နောက်ကျပေမယ့် အလုပ်တွေ ပြီးတဲ့ဝန်ထမ်း၊ ဘယ်သူက ပိုအဆင်ပြေသလဲ။ တချို့အလုပ်တွေဆို ရုံးမှာထိုင်လုပ်နေမှ ရတာလည်း မဟုတ်ဘူးလေ။ ဒါပေမယ့် ဝန်ထမ်းတွေရဲ့ ပရိုပီသမှုက မေးခွန်းထုတ်စရာ ဖြစ်နေပြီး အားလုံးကို ထိန်းချုပ်ထားမှ ရမယ်ဆိုတဲ့ အစွဲကြောင့် ဒီလိုတွေ စည်းကမ်းလုပ်နေကြတာပေါ့။
အဲဒီတော့ ကျွန်တော်တို့ရဲ့ အတွေးထဲမှာ ငါ ဘယ်နှနာရီ အလုပ်လုပ်ခဲ့တယ်ဆိုတာကိုပဲ ခေါင်းထဲမှာ တွေးနေတတ်ကြပြီး အဲဒီအလုပ်ချိန်အတွင်း ဘယ်လောက်အလုပ်ပြီးခဲ့တယ်ဆိုတာကိုတော့ မစဉ်းစားမိတော့ဘူး၊ အလေးမထားမိတော့ဘူး ဖြစ်လာကြတယ်။ တကယ်တမ်းမှာ လူတစ်ယောက်ရဲ့ စွမ်းဆောင်ရည်ကို တိုင်းတဲ့ပေတံက Result ဖြစ်တယ်၊ Working hours မဟုတ်ဘူး။ ငါ ဘယ်လောက်တောင် ကြိုးစားခဲ့တာလေ ဆိုတာတွေက အရာမထင်ဘူး၊ ဘယ်လောက်အလုပ်ဖြစ်ခဲ့သလဲကသာ ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို အမှတ်ပေးတာ ဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော်တို့ရဲ့ mindset တွေကို ပြင်ဖို့လိုပါတယ်။ လေးစားရတဲ့ ဆရာတစ်ယောက်ပြောသလို ပြောရရင် အဖြစ်လုပ်မှာလား၊ အလုပ်ဖြစ်အောင် လုပ်မှာလား ကွဲပြားနေဖို့ အရေးကြီးပါတယ်။
တစ်ခါက ဂျပန်ကားကုမ္ပဏီ Nissan အရှုံးပေါ်တော့ မဟာဗျူဟာမြောက် ခြေလှမ်းအဖြစ် Renault ကားကုမ္ပဏီနဲ့ ပူးပေါင်းလိုက်ရပါတယ်။ Renault-Nissan Alliance ဆိုပြီး ဖြစ်လာတယ်။ အဲဒီအခါ Nissan ကို ဦးဆောင်ဖို့အတွက် Chief Operation Officer (COO) အသစ်အဖြစ် Renault က Carlos Ghosn ဆိုတဲ့သူ ရောက်လာပါတယ်။ ရောက်လာတဲ့အခါမှာ ကျွန်တော် အကောင်းဆုံးလုပ်ပါ့မယ်ဆိုတဲ့ ယေဘုယျဆန်တဲ့ စကားမျိုး မပြောဘဲ Nissan Revival Plan ဆိုပြီး ချပြတယ်။ အဲဒီထဲမှာ ၃ နှစ်အတွင်း လက်ရှိတင်နေတဲ့ အကြွေးရဲ့ ၅၀% ကျေစေရမယ် ဆိုတာ အပါအဝင် တိကျတဲ့ ရည်မှန်းချက် ၃ ခု ပေးခဲ့တယ်၊ ဖြစ်မလာခဲ့ရင် အလုပ်က နှုတ်ထွက်မယ် ဆိုတဲ့ကတိမျိုး ပေးပြီးမှ ဒီအလုပ်ကို လက်ခံခဲ့တာပါ။ အဲဒီလို ထက်မြက်တဲ့လူ ဖြစ်လို့ ၃ နှစ်ပြည့်တဲ့အခါမှာ တကယ်လည်း အောင်မြင်အောင် လုပ်နိုင်ခဲ့ပါတယ်။ သူ့ကို ဂျပန်မီဒီယာတွေက ကင်ပွန်းတပ်ပါတယ်၊ Mr. Seven Eleven ပါတဲ့။ မနက် ၇ နာရီကနေ ည ၁၁ နာရီထက် တောက်လျှောက်အလုပ်လုပ်တတ်သူမို့ပါ။
စက္ကန့်တိုင်း၊ စက္ကန့်တိုင်းဟာ အရေးပါနေတယ်ဆိုတာမျိုးတော့ မပြောလိုပါဘူး။ ဒါပေမဲ့ တစ်နေ့တစ်နေ့ ကိုယ့်အတွက် အကျိုးဖြစ်ခဲ့တဲ့ အချိန်ပမာဏ ဘယ်လောက်ရှိသလဲ ပြန်သုံးသပ်ကြည့်စေချင်တယ်။ 7-11 လား၊ 9-12 လား၊ ဒါမှမဟုတ် အဲ့လိုကို ထိထိရောက်ရောက် အလုပ်ဖြစ်တဲ့ အချိန်တွေရယ်လို့ လောက်လောက်လားလား ရှိမနေဘူးလား၊ တစ်ခါလောက် သတိထား ကြည့်ကြစေချင်တယ်။
ပြောခဲ့ပြီးသလိုပါပဲ၊ ကျွန်တော်တို့အားလုံးမှာ တစ်နေ့ကို အချိန် ၂၄ နာရီစီပဲ ရပါတယ်။ သမ္မတမို့လို့ ပိုမရသလို၊ ကုန်တင်ကုန်ချလောက် လုပ်နေရတာပဲ ဆိုပြီးလည်း လျှော့မပေးပါဘူး။ အားလုံးတပြေးညီပဲ ရနေကြတာပါ။ ဒါပေမယ့် အဲဒီအချိန်တွေကို ဘယ်လိုအသုံးပြုသလဲဆိုတာကပဲ ကိုယ်ဘယ်လိုလူလဲ ဆိုတာကို အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၁၂.၅.၂၀၁၈
Thank you
ReplyDelete
Deleteအမြင့်ဆုံးတောင်တက်ပီးရင်တော့
အလှပဆုံးသော ရှုမျှော်ခင်းတွေ တွေ့ရတော့မှာပါ…
The two most powerful warriors are patience and time.
DeleteLost time is never found again.
တာတိုမှာ အင်အား
Deleteတာလတ်မှာ အဆုံးအဖြတ်
တာဝေးမှာ စိတ်ဓာတ်
Keep clicking ✊
👍👍👍
DeleteSAN ZUREN
Delete💪❤️
This comment has been removed by the author.
ReplyDeleteThis comment has been removed by the author.
ReplyDeleteNever forget to click♥
ReplyDeleteThanks Dr.Phio Thiha
ReplyDeleteRight
ReplyDeleteFighting💪💪💪
ReplyDeleteလှိုင်းကြီးလှေအောက်တောင်ကြီးဖဝါးအောက်
ReplyDeleteမအလကြီး PDFအောက် go clickers go
I don’t have time coz C2D steals all....
ReplyDeleteစီမံခန့်ခွဲတတ်ဖို့က အရမ်းအရေးကြီးပါတယ်
ReplyDeleteအဲထဲမှာ အချိန်လဲ ပါတာပေါ့
ဆရာ ပြောတဲ့ ၃ချက်ကိုလဲ မှတ်သားထားပါ့မယ်
ကောက်ရိုးမီးမဟုတ်
ReplyDeleteFighting 💪
ReplyDeleteThanks🤍
ReplyDeleteကျေးဇူးပါ
ReplyDeleteတယောက်တည်း ကျန်နေလဲ ဆက်ပီး Click နေအုန်းမှာပါ✅
ReplyDeleteThank you
ReplyDeleteGood one
ReplyDeleteၸႆၢးၺၢၼ်ႇသ်ႂ
ReplyDeleteDone
ReplyDeleteDonee3
ReplyDeletewe click, we support and we win.
ReplyDeleteFIGHT FOR FREEDOM ÖK
ReplyDeleteThanks
ReplyDeletethanks (moonshine)
ReplyDeleteDone
ReplyDeleteDONE ✅✅✅ zppa
ReplyDelete16.12.2021
❤
ReplyDeleteLove you all clickers 😍😍
ReplyDeleteဒီအိုအန်ဏီး
ReplyDeleteClick with love 💕
ReplyDelete🍀🍀🍀🍀🍀
🍀🍀🍀🍀🍀
Deleteကောင်းလိုက်တဲ့စာဗျာ
ReplyDeleteနေ့စဉ်မပျက် ကလစ်လျှက်
ReplyDeleteယုံကြည်ချက်နဲ့ ကြိုးစားထားမှတစ်ချိန်မှာအောင်မြင်လွတ်မြှောက်မယ်မလား
ReplyDeleteWe must win 👊
ReplyDelete💝
ReplyDeleteDone
ReplyDeleteFighting together 💪
ReplyDeleteDone UK.
ReplyDeleteTime and tide wait for no man.
ReplyDeleteWe are winner
ReplyDeleteFighting together
အဆုံးထိတိုက်သွားမယ်💪💪
We must win!
ReplyDeleteအရေးတော်ပုံ အောင်ရမည်။
ReplyDeleteဖက်ဆစ်စစ်တပ် အမြစ်ဖြတ်။
Together with clickers
ReplyDelete16 Dec 21
Done 🦾🦾🦾
ReplyDeleteLet's keep on
ReplyDeleteDone👍🧡🤍❤️💜💙
ReplyDeletedone
ReplyDeleteThanks for sharing
ReplyDeleteCool
ReplyDeleteDone
ReplyDeleteDone!!!
ReplyDeleteTrue
ReplyDeleteDone🍕
ReplyDeleteDone
ReplyDeleteမင်္ဂလာပါ။ ခေါင်းဆောင်မှုအရေးကြီးတာပေါ့။
ReplyDelete