အဆိုးဘက်ခြမ်းကို လက်ခံနိုင်အောင် ပြင်ဆင်ထားပါ

အဆိုးဘက်ခြမ်းကို လက်ခံနိုင်အောင် ပြင်ဆင်ထားပါ



ကျွန်တော်တို့တွေဟာ လုပ်ငန်းခွင်မှာ အရည်အသွေးပိုင်း အဆင်ပြေကြတယ် ဆိုရင်တောင် တကယ့်ကို အားနည်းနေသေးတဲ့ အပိုင်းကတော့ ပရိုပီသမှုပါပဲ။ နောက်တစ်ခုကတော့ Passion (ပြင်းပြမှု) မရှိတာပါ။ ဒီ Passion ဆိုတဲ့ စကားလုံးက ခုနောက်ပိုင်း တော်တော်လေး ခေတ်စားလာပါတယ်။ ဒါပေမယ့် အပြောလွယ်သလောက် အလုပ်ခက်တာက အဲ့ဒီ Passion ဆိုတာကြီးကို ရှာတွေ့နိုင်ဖို့ပါပဲ။ လူငယ်အများစုဟာ ကိုယ်ဘာဝါသနာပါမှန်း၊ ဘာဖြစ်ချင်မှန်း၊ ဘယ်နေရာမှာ အားသာမှန်း မသိကြဘူး။ အဲ့လိုသိအောင်လည်း ပညာရေးစနစ်နဲ့ နိုင်ငံရေးအခြေအနေက ပံ့ပိုးမပေးဘူး။ ဒါကြောင့် Professional နဲ့ Passion နဲ့ ပတ်သက်ပြီး ဒီဆောင်းပါးလေးကတစ်ဆင့် ဝေမျှချင်ပါတယ်။

အားတော့နာပါတယ်၊ ထမင်းစား ပျက်သွားနိုင်တဲ့ စကားပုံလေးတစ်ခုနဲ့ ဆောင်းပါးကို စဖွင့်ရမှာမို့ပါ။ “ဝက်ဖြစ်မှတော့ မစင် မကြောက်နဲ့တော့” တဲ့။ ဒီစကားလေး ကြားဖူးကြမှာပါ။ အများအားဖြင့်တော့ မထူးဇာတ်ခင်းလိုက် ဆိုတာမျိုး အဓိပ္ပါယ်ပေါက်ကြပါတယ်။ လောင်းကစားနည်းနည်းလုပ်တယ်၊ ရှုံးသွားတယ်၊ မထူးပါဘူး မရပ်နဲ့တော့ ဆက်သာလောင်း ဆိုတာမျိုး၊ ကောင်မလေးတစ်ယောက် အဓမ္မပြုကျင့်ခံလိုက်ရတယ်၊ နင်လည်း အပျိုမှ မဟုတ်တော့တာပဲ ဆိုပြီး ရွှေကြာလုပ်ခိုင်းတာမျိုး၊ သူ့ဂုဏ်သိက္ခာကို တန်ဖိုးမထားတော့တာမျိုးတွေမှာ ပြောလေ့ရှိကြပါတယ်။

ကျွန်တော်ကတော့ နောက်တစ်ဖက်ကနေ လှည့်တွေးကြည့်မယ်။ ပရော်ဖက်ရှင်နယ် အလုပ်တစ်ခုချင်းစီမှာ သက်ဆိုင်ရာအလိုက် မကောင်းတဲ့အပိုင်းတွေ၊ စိတ်ညစ်ရတဲ့အပိုင်းတွေဆိုတာ ရှိကြတာပဲ။ ဥပမာ ကျွန်တော်ဆို အမျိုးသမီးအရေးကိစ္စနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ အရေးများတယ်။ ဘာလို့ဆိုတော့ ဒါဟာ ကိုယ့်နိုင်ငံ၊ ကိုယ့်အသိုင်းအဝိုင်းမှာ တကယ်ကို လိုအပ်နေတယ်လို့ ယုံကြည်လို့။ 

ဟုတ်ပြီ၊ အဲ့လိုတွေ ရပ်တည်ပြီး ရေးတော့မယ်ဆိုတဲ့အခါ စိတ်ထဲ ကြိုပြင်ဆင်ထားရတယ်။ ဒီလူက မိန်းကလေးတွေ ကြိုက်အောင် ရေးနေတာပါကွာ တို့၊ ပေါ်ပင်တွေ လိုက်ရေးတာပါ တို့ ဆိုတဲ့ အသံတွေကို ခံနိုင်ရည်ရှိဖို့ပဲ။ ဒီလိုအကြောင်းအရာရေးရင် ဒီလိုပြောခံရနိုင်တယ်။ အပြောမခံနိုင်ရင် မရေးနဲ့။ မရပ်တည်နဲ့။ ပြောရရင်တော့ ဝက်ဖြစ်ချင်ရင် မစင်မကြောက်နဲ့။

တခြားပရော်ဖက်ရှင်တွေမှာလည်း အဲ့လိုပဲ။ စစ်သားအလုပ်ဟာ တကယ်သာ ကိုယ့်အလုပ် ကိုယ်လုပ်မယ်ဆိုရင် ဂုဏ်ယူစရာကောင်းတယ်။ တိုင်းပြည်ကို ကာကွယ်နေရတာကိုး။ ပြည်သူပြည်သားတွေကလည်း ချစ်တယ်။ ဒါပေမယ့် စစ်သားလုပ်မယ်ဆို တိုက်ပွဲကျနိုင်တယ်၊ ဒုက္ခိတဖြစ်သွားနိုင်တယ် ဆိုတဲ့ အဆိုးဘက်ကိုလည်း လက်ခံထားနိုင်ဖို့လိုတယ်။ ဒါကို ကြောက်နေရင် စစ်သားမလုပ်နဲ့။ စစ်သားလုပ်မယ်ဆိုလည်း ဒါကိုပဲ အကြောင်းပြမနေနဲ့။ ဒါက စစ်သားတစ်ယောက်အဖြစ် ရပ်တည်မယ်ဆိုရင် ပါကိုပါလာမယ့် ကိစ္စပဲ။

ဆရာဝန်ဘဝ၊ ပီတိဖြစ်စရာကောင်းတယ်။ လူ့အသက်ကို ကယ်ရင်း ကိုယ့်အသက်မွေးရတာ။ လူတွေကလည်း လေးစားချစ်ခင်ကြတယ်။ ဒါပေမယ့် အလုပ်ချိန်ရယ်လို့ သတ်သတ်မှတ်မှတ်မရှိနိုင်တာ၊ လူ့အသက်နဲ့ အလုပ်လုပ်ရတာမို့ စိတ်ဖိစီးမှုများတာ၊ အမှားအယွင်းမခံတာ၊ အမြဲတမ်း ဆေးပညာ အသစ်အသစ်တွေကို လေ့လာနေရတာ၊ ဒါတွေကလည်း ဆရာဝန်ဘဝမှာ ကပ်ပါလာပြီးသား ဖြစ်တယ်။ လက်မခံနိုင်ရင် ဆရာဝန် မလုပ်နဲ့ပေါ့။

မီဒီယာအလုပ်ကို စတုတ္ထမဏ္ဍိုင်လို့ တင်စားကြတယ်။ သဘောက အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ဆိုတဲ့ တိုင်းပြည်တစ်ခုရဲ့မဏ္ဍိုင် ၃ ရပ်ကို သူက စောင့်ကြည့်ရတာ၊ ပြည်သူကို ထိခိုက်စေမယ့်အရာတွေကို ထောက်ပြရတာ၊ ပြည်သူကို အသိပေးရတာ၊ အမြင်ဖွင့်ပေးရတာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတစ်ခုရဲ့ ဒီမိုကရေစီရှင်သန်ရေးမှာ မရှိမဖြစ်ဒေါက်တိုင်အဖြစ် သတ်မှတ်ထားကြတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ဒီအလုပ်က လူမုန်းများတယ်။ အတိုက်အခိ်ုက်များတယ်။ အစိုးရက အပြစ်ပေး၊ အရေးယူတာ ခံရနိုင်တယ်။ မလိုတဲ့သူတွေက အသက်အန္တရာယ်ပေးတဲ့အထိ ဖြစ်နိုင်တယ်။ ဒါတွေကို ထည့်စဉ်းစားပြီး လက်ခံနိုင်မှ တကယ့်မီဒီယာသမားစစ်စစ် ဖြစ်လိမ့်မယ်။

အဆိုတော်ဘဝ၊ တွေးကြည့်ရင် ပျော်စရာကြီး။ ကိုယ်က လက်မြှောက်ဆို မြှောက်ကြတယ်၊ ခုန်ဆို ခုန်ကြတယ်၊ ကိုယ့်နာမည်ကို စင်အောက်ကနေ အော်ပြီး အားပေးနေကြတယ်။ ဒါပေမယ့် အဲ့လိုနာမည်မကြီးခင် ရေသန့်ဗူးဒဏ်ကို ခံရမယ် (အဲ့လိုပေါက်တာဟာ လက်မခံနိုင်စရာ ဖြစ်ပေမယ့် ဥပမာပေးထားတာ ဖြစ်ပါတယ်) အဝေဖန်ခံရမယ်။ ကိုယ့်အသံ၊ ကိုယ့်သက်လုံကို ထိခိုက်စေမယ့် အပြုအမူတွေကို ရှောင်ရှားရမယ်။ ဒါတွေကို ကြောက်နေရင် အဆိုတော် မလုပ်တာကောင်းတယ်။

ကိုယ့်နာမည်ကို လူပိုသိလာလေလေ မကောင်းပြောခံ၊ ဝေဖန်ခံရဖို့ကလည်း ပိုများလာလေလေပဲ။ အရင်က လူ ၁,ဝ၀ဝ သိတယ်၊ ၁ % က မကောင်းပြောရင် လူ ၁၀ ယောက်ပဲ ဆိုပေမယ့် လူတစ်သိန်းက သိလာတဲ့အခါ ၁ % က လူတစ်ထောင် ဖြစ်သွားတယ်။ ဒါကြောင့် လူသိများချင်တဲ့သူဟာ ဝေဖန်ခံနိုင်ခြင်း ဆိုတဲ့ အရည်အသွေးကိုလည်း တစ်ခါတည်း ဖြည့်ထားရတယ်။ လူသိပဲများချင်တာ၊ Popular ပဲ ဖြစ်ချင်တာ၊ ဝေဖန်ရင်တော့ ပြင်းပြင်းထန်ထန် ရန်ပြန်တွေ့ပစ်မယ် လုပ်နေလို့မရဘူး။

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ တချို့လူတွေဟာ ကလေးစိတ်မကုန်ကြသေးတာကို တွေ့ရတယ်။ ကလေးရဲ့ သဘာဝအရ ကောင်းတာတွေချည်း လိုချင်တယ်။ မကောင်းတာ နည်းနည်းပါလိုက်ရင် မကြိုက်ကြတော့ဘူး။ တဖြည်းဖြည်း အသက်ကြီးလာတဲ့အခါမှာတော့ ကလေးဘဝကလို အမြဲတမ်းအကောင်းတွေချည်း ဖြစ်မနေနိုင်ဘူး ဆိုတာကို လက်ခံနိုင်အောင် ကြိုးစားလာရတယ်။ ဘယ်အလုပ်မဆို ပျော်စရာရှိသလို စိတ်ပျက်စရာတွေလည်း ရှိတယ်။ ကောင်းတာရှိသလို ဆိုးတာလည်း ရှိတယ်။ Positive ရှိသလို Negative လည်း ရှိတယ်။ အဆီတွေနဲ့ ဝင်းနေသလို၊ သဲကလည်း တရှပ်ရှပ်ဖြစ်နေတယ်။ တစ်ခြမ်းကိုပဲ လိုချင်ပြီး တစ်ခြမ်းကို မကြိုက်ဘူး ငြင်းလို့မရဘူး။ အကုန်လုံးကို လက်ခံနိုင်စွမ်း ရှိရတယ်။ ဒါကိုပဲ ပရိုပီသတယ်လို့ ခေါ်ကြတာဖြစ်တယ်။

အစိုးရဖြစ်ရင် ဝေဖန်ထောက်ပြခံရမယ်။ ဘောလုံးသမားဖြစ်ရင် အမြဲမပြတ် လေ့ကျင့်နေရမယ်၊ အနေအထိုင် ဆင်ခြင်ရမယ်။ Customer service ပေးတဲ့သူဟာ ကိုယ့်စိတ်ခံစားချက် ဘယ်လိုပဲ ဖြစ်နေပါစေ၊ မျက်နှာကို ပြုံးရွှင်နေအောင်၊ ဝယ်သူအပေါ် စိတ်ရှည်ရှည်ထားနိုင်အောင် ကြိုးစားထားရမယ်။ တစ်ခုခုကို ကြီးကြီးမားမား ပြောင်းလဲပစ်ချင်တဲ့သူဟာလည်း ရှုံးနိမ့်မှုတွေ၊ စိတ်ပျက်စရာတွေနဲ့ ယဉ်ပါးနေအောင် လေ့ကျင့်ထားနိုင်ရမယ်။ အဲဒီလို ပြင်ဆင်မထားနိုင်ရင် အစောကတည်းက အဲ့အလုပ်ကို မလုပ်ခဲ့တာ ပိုကောင်းလိမ့်မယ်။

တစ်ခါတစ်လေမှာ လူငယ်တွေဟာ အောင်မြင်နေတဲ့သူတစ်ယောက်ကို ကြည့်ပြီး သူ့လိုဖြစ်ချင်ကြတယ်။ ဥပမာ ဘောလုံးသမား၊ အဆိုတော်၊ ဆရာဝန်၊ လုပ်ငန်းရှင် စသဖြင့်ပေါ့။ ဒါပေမယ့် အဲ့လို စီးပွားရေး လုပ်ငန်းရှင်ကြီးတော့ ဖြစ်ချင်ပြီး သူရင်ဆိုင်နေတဲ့ စိတ်ဖိစီးစရာတွေ၊ များပြားလှတဲ့ အလုပ်ချိန်တွေ၊ သူစိုက်ထုတ်ရတဲ့ အားအင်တွေကို သိရတဲ့အခါမှာ ကိုယ်ဟာ အဲ့လိုလူ မဖြစ်ချင်တော့ဘူး။ ဆရာဝန်ကြီးတော့ ဖြစ်ချင်ပြီး သူ့လိုမျိုး စိတ်ဖိစီးစရာတွေကိုတော့ မလိုချင်ဘူး။ ဒါဆိုရင်တော့ ကိုယ်ဟာ အဲဒါကို တကယ်နှစ်နှစ်ကာကာ လိုချင်နေတာ မဟုတ်သေးဘူးလို့ သတ်မှတ်နိုင်ပါတယ်။

အောင်မြင်ချင်တယ်၊ မကြိုးစားချင်ဘူး။ နာမည်ကြီးချင်တယ်၊ ဒါပေမယ့် အဲ့လိုဖြစ်လာဖို့ ဖြတ်သန်းရတဲ့ ခရီးကြမ်းကိုတော့ ကျွန်တော်တို့က မသွားချင်ဘူး။ ရေတွင်းက ခုမှတူးတုန်း၊ ရေကြည်က သောက်ချင်နေကြပြီ။ တကယ်တမ်းတော့ လူဟာ တခုခုကို ဖြစ်ချင်လာပြီဆိုတဲ့အခါ ဘာကိုမှ မမှုတော့ပါဘူး။ ဒီအလုပ်ကိုလုပ်မယ်ဆို ဒါတွေကြုံရနိုင်တယ်ဆိုတာ သိသိကြီးနဲ့တောင် ခေါင်းမာမာနဲ့ ဆက်လုပ်နေဦးမယ် ဆိုတဲ့အလုပ်မျိုးကသာ ကိုယ်တကယ် Passion ရှိတဲ့အလုပ်မျိုး ဖြစ်ပါတယ်။ 

ဆရာတစ်ယောက် ပြောသလို ပြောရရင် ဂီတကို သိပ်ဝါသနာပါတဲ့ လူတစ်ယောက်ဟာ သူ့အခွေထွက်၊ သီချင်းတွေပေါက်၊ ပရိသတ်က အားပေးမှ ပျော်တာ မဟုတ်ဘူး၊ သူ့ဟာသူ သီချင်းတွေရေး၊ သီချင်းတွေတီး၊ ဖန်တီးမှုတွေလုပ်နေရကတည်းကိုက ပျော်နေတာတဲ့။ သဘောက ပန်းတိုင်ရောက်မှ မဟုတ်ဘူး၊ ခရီးကြမ်းကို ဖြတ်နေရကတည်းက ပျော်နေတာ။ အဲ့လိုအလုပ်မျိုးကို ရှာဖို့လိုပါတယ်။

အစပိုင်းမှာ ပြောခဲ့တဲ့ စကားပုံကို ပြန်ကောက်ရရင် ဝက်ဖြစ်ချင်တယ်ဆို မစင် မကြောက်နဲ့၊ အဲ တကယ်လို့ မစင်ကို ကြောက်နေပြီဆိုလည်း သေချာတယ်၊ ကိုယ်ဟာ တကယ် ဝက်ဖြစ်ချင်တာ မဟုတ်သေးပါဘူး။

ဒါကြောင့် ဆောင်းပါးကို ပြန်ချုပ်ပြီး ပြောရရင်တော့ အလုပ်တစ်ခုမှာ ပရိုပီသတယ်ဆိုတာဟာ ဒီအလုပ်ရဲ့ အကောင်းအဆိုး အားလုံးကို လက်သင့်ခံနိုင်စွမ်းကို ခေါ်တာဖြစ်ပြီး၊ လူတွေပြောပြောနေတဲ့ Passion ဆိုတာကတော့ အကောင်းတွေဖြစ်နေချိန်မှာ ပျော်နေတာမျိုး မဟုတ်ဘဲ၊ အဆိုးတွေနဲ့ ရင်ဆိုင်နေရချိန်မှာတောင် ရှေ့ဆက်လျှောက်နေဦးမယ်ဆိုတဲ့ စိတ်ကို ခေါ်တာ ဖြစ်ပါတယ်။

ဒေါက်တာ ဖြိုးသီဟ 

၉.၆.၂၀၁၈ 



Comments

  1. ကိုယ်ကိုယ်တိုင်မှ မခံစားဖူးရင်
    "ကိုယ်ချင်းစာ" တရားရဲ့ အဓိပ္ပါယ်ကို
    နားလည်ဖို့ ခက်လိမ့်မယ်

    လဲကျနေ၍ မထနိုင်သူကို ကျန်းမာပါစေ ချမ်းသာပါစေဟု မေတ္တာပို့နေမည့်အစား ကိုယ်တိုင်ထူပေးလိုက်ပါ🙏

    ReplyDelete
    Replies
    1. Positivity always wins. Do good and good will come to you.I believe one of my strengths is my ability to keep negative thoughts out.
      Please,be positive.

      Delete
    2. ဘယ်လိုအခက်အခဲတွေဖြစ်ဖြစ်
      ေကျာ်လွှားတဲ့နည်းရှိရမယ်ဆိုတဲ့ အတွေးဟာ
      လူသားတွေရဲ့စွမ်းအားကြီးပါပဲ။

      Delete
    3. This comment has been removed by the author.

      Delete
    4. ချိုသာတဲ့ညိုပြာကို အရမ်းမဆိုးနဲ့ကွာ

      Delete
  2. များများ click မြန်မြန်နိုင်

    ReplyDelete
  3. I'm more interested in picture. When I read title and see the picture, thought that the war is coming soon or earthquake prediction...
    my head is something wrong. :D

    ReplyDelete
  4. အရင်ဖတ်သွားတယ့်သုံးခေါက်မှာ Cmt မမန့်မိလို့

    ReplyDelete
    Replies
    1. for me, I didn't read yet, but cmt first. heeheee

      Delete
  5. ဟုတ်ကဲ့ပါ, ​ကျေးဇူးပါ ဆရာ

    ReplyDelete
  6. ဟုကဲ့...ဝက်မဖြစ်ချင်ပါဘူး..မစင်လဲရွံတယ်..
    ဝတုတ်ကြီးလဲဖြစ်ချင်ဘူး.....လူပဲဖြစ်ပါရစေ
    မနက်စောကြီး ထကလစ်တာတောင် R2P internet နဲ့တိုးနေလို့ အဆိုးကိုလက်ခံပြီးဆက်ကလစ်နေပါတယ်ဂျာ...

    ReplyDelete
    Replies
    1. ရေးဟန်လေးတွေက ချစ်ဖို့ကောင်း😘😘😘

      Delete
  7. We Click, We Support & We Win.

    ReplyDelete
  8. တ​ယောက်တည်း ရှိ​နေလဲ ဆက် Click ​နေအုန်းမှာပါ✅

    ReplyDelete
  9. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  10. admin link တေချပေးနေသ၍ဆက်ကလစ်နေအူးမှာပါ🤜🤛(moonshine )

    ReplyDelete
  11. ဝက်ဖြစ်မှတော့ မစင်မကြောက်ပါနဲ့တော့

    ReplyDelete
  12. အဆိုးဘက်ခြမ်းကိုလဲလက်ခံတယ်
    အရွန်းကိုလဲ လက်ခံတယ်

    ReplyDelete
  13. ကလစ်တချက်နဲ့ ​ခွေးသတ်ကြမယ်

    ReplyDelete
  14. We fight for freedom
    Freedom fighters

    ReplyDelete
  15. နိုင်အောင်တိုက်မှာ

    ReplyDelete
  16. ကလစ်ပြီးပြီလား
    ပြီးပြီဆိုရင်ဆက်ကလစ်စို့
    များများကလစ် မြန်မြန်နိုင်

    ReplyDelete
  17. 🤓☃️❄️☃️🤓
    မစင်ကြောက်ရင် ဝက်တကယ် မဖြစ်ခြင်သေးဘူး။ အဟိ

    ReplyDelete
  18. ၸႆၢးၺၢၼ်ႇသ်ႂ

    ReplyDelete
  19. လပ်တီး ကိုအမြစ်ဖြတ်ဖို့ နေ့စဥ်ကလစ်ကြစို့

    ReplyDelete
  20. Passion (ပြင်းပြခြင်း)ဆိုတာ ကောင်းတာချည်းဖြစ်တဲ့အခါ ပျော်ရွှင်နေတာချည်းမဟုတ်ပဲ သူနဲ့ဒွန်တွဲလာတဲ့ အဆိုးတွေ ဖြစ်လာတဲ့အခါမှာလဲ လက်မလျှော့ပဲ ဆက်လုပ်သွားမယ်လို့ ဆိုလိုပါတယ်။ #crd:to Dr phio Thiha.#

    ReplyDelete
  21. Believe you can...💪🍀❤️

    ReplyDelete
  22. Thanks . Click ရင်းနဲ့ဗဟုသုတပါရ ပါတယ်။ Click Click Click 💪🤳

    ReplyDelete
  23. လောကဓံကို မခံနိုင်ရင် လောကထဲကထွက်
    ငါတို့နိုင်မှာ

    ReplyDelete
  24. ပုံစံမွန္‌သြားၿပီ

    ReplyDelete
  25. ယုံကြည်ချက်နဲ့ ကြိုးစားထားမှ တစ်ချိန်မှာအောင်မြငအလွတ်မြှောက်မယ်မလား

    ReplyDelete
  26. အဆုံးထိတိုက်မယ်

    ReplyDelete
  27. You are not alone karen We are with you We love karen

    ReplyDelete
  28. 💪💪💪💪💪💪💪💪💪💪💪💪💪💪💪💪💪💪

    ReplyDelete
  29. 🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴🔴

    ReplyDelete
  30. ရတာလုပ်ရတာပါ့

    ReplyDelete
  31. Thanks for the post

    ReplyDelete
  32. ယခုနှစ်မှာ အထူးသဖြင့်
    ငါတို့နမ်းခွင့်မရသော ပန်းများ ပွင့်ပါစေ ။ ။

    -အောင်ချိမ့်

    ReplyDelete

Post a Comment