A Christmas Movie I Choose For You

Klaus


        ကဲ... ခရစ်စမတ်ကလည်း နီးပြီဆိုတော့ ကြည့်စရာ ဇာတ်ကားကောင်းလေးတစ်ခု ညွှန်းပေးချင်ပါတယ်။ Director Sergio Pablos က ဇာတ်ညွှန်းရေး ရိုက်ကူးပြီး Netflix က ဖြန့်ချီထားတဲ့ "Klaus" ပါ။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက ထွက်ခဲ့တာဖြစ်ပေမယ့် ကျွန်တော်ကတော့ သဘောကျမိတုန်းပါပဲ။ တခြား ခရစ်စမတ်ဇာတ်လမ်းတွေလို ခရစ်စမတ် စွန့်စားခန်းတွေအကြောင်း မဟုတ်ဘဲ ဒီကားလေးက ဆန်တာကလော့စ်ဆိုပြီး ဖြစ်လာတဲ့အကြောင်းကို ဇာတ်လမ်းဆင်ထားတာပါ။

        ပြောရရင် ဆရာချစ်ဦးညိုရဲ့ "လင်္ကာဒီပချစ်သူ" လို မတူတဲ့ ရှုထောင့်တစ်ခုကနေ ဆန်းသစ်ထားတာမျိုးပါ။ ချစ်ခြင်းမေတ္တာဟာ ပုံသဏ္ဍာန်မျိုးစုံနဲ့ ရှိနိုင်ပြီး အဲ့ဒီချစ်ခြင်းမေတ္တာဟာ တစ်ဦးနဲ့တစ်ဦးကြား ပျံ့နှံ့သွားတဲ့အခါ အတော်ကိုကြည်နူးရတဲ့ အကြောင်းအရာလေးတွေကို ဖြစ်တည်စေနိုင်တဲ့အကြောင်း ထည့်သွင်းရိုက်ပြသွားပါတယ်။

        Rating တွေက ဘယ်လောက်ရှိလို့တုန်းလို့ တွေးမိကြမယ့်သူတွေအတွက် IMDb 8.4၊ Rotten Tomatoes 94% ရှိပါတယ်ခင်ဗျာ။ ဟုတ်ပါတယ်၊ Animation Movie (Budget $40 Million) ပါ။ ကျွန်တော်ကတော့ လူသားတွေနဲ့ ရိုက်မယ်ဆိုရင် ဒီလောက်အထိ မကောင်းနိုင်ဘူးလို့ တွေးမိပါတယ် (ကျွန်တော့်အမြင် သပ်သပ်ပါ) ။

        ၂၀၁၉ က ထွက်ခဲ့တာဆိုတော့ တော်တော်များများ ကြည့်ပြီးကြမယ်လို့ ယူဆပါတယ်။ ဒါပေမယ့် မကြည့်ရသေးသူများ ရှိရင်လည်း စမ်းကြည့်ကြည့်ဖို့ ညွှန်းပါတယ်ခင်ဗျာ။ ကြည့်ပြီးသူများကလည်း ဒီပို့စ်မြင်ပြီး ခရစ်စမတ်မတိုင်ခင် ပြန်ကြည့်ချင် ကြည့်ဖို့ သတိလေး ရသွားတာပေါ့ခင်ဗျာ။ အောက်မှာ Trailer လေး ထည့်ပေးထားပါမယ်။



Comments

  1. တခါတလေ စိတ်အနားပေးရင်း ဒီလိုmovieလေးကြည့်သင့်ပါတယ်‌ေနာ်...

    ReplyDelete
    Replies
    1. ဟုတ်တယ်ဗျ ကျွန်တော်လည်းကြည့်သင့်တယ်လို့ထင်တယ်။

      Delete
    2. ချစ်ခြင်းမေတ္တာဟာ တစ်ဦးနဲ့တစ်ဦးကြား ပျံ့နှံ့သွားတံ့ခါ အရာရာဟာသိပ်ကိုလှနေတော့မှာပဲ ညိုပြာ

      Delete
    3. Celeမမညိုပြာ😂

      Delete
  2. မကြည့်ရသေးဘူး မင်မင်😁

    ReplyDelete
    Replies
    1. တူတူ click ရင်း နီးစပ်ချင်မိ

      Delete
  3. ညကျမှ downကြည့်မယ် မင်မင်
    ကျေးဇူးပါ♥

    ReplyDelete
  4. ဟုကဲ့..ဟုကဲ့
    ကလစ်ရင်းနဲ့တောင်..အိပ်ပျော်ပျော်သွားတာ...ဘယ်လိုကြည့်ရပါ့

    ReplyDelete
    Replies
    1. ၂ရက်အချိန်ယူပြီးကြည့်ပလိုက်တယ်....စိတ်ကူးလေးကြိုက်တယ်..
      ဂျက်စပါက အက်မင်ဂျီးအတိုင်းပဲ. 😁😁😁
      ဉာဏ်များလိုက်တာလွန်ရောပဲ

      Delete
  5. Yes🙂if you recommed ,i've to watch.

    ReplyDelete
  6. ဇာက်ကားကို ကောင်းကောင်းမကြည့်ရတာကြာပါပီဗျာ ဖုန်းကိုင်လိုက်တာနဲ့ click ဖို့ဘဲ စိတ်ရောက်နေတာ😅😅😅

    ReplyDelete
    Replies
    1. ဟုတ်တယ် ခုဆို ​ဒေါင်းထားပီး မကြည့်တာ​တွေ များကြီး ​အ​ကြွေး​တွေ တင်​နေပီ

      Delete
  7. ဒီကားလေးအရမ်းကောင်း🖤 Christmas နီးရင် Micky's Twice Upon A Christmas တို့ဘာတို့ပြန်ကြည့်သိပ်ကြည့်လို့‌ေကာင်းတာပဲ🖤

    ReplyDelete
  8. 🥰🥰🥰🎄🎄🎄🎅🎅🎅

    ReplyDelete
  9. This comment has been removed by the author.

    ReplyDelete
  10. ကောင်းပါတယ်၊စဆုံးကတော့ တယ်လီဂရမ်မှာရှာကြည့်ရမှာပဲ။

    ReplyDelete
  11. ကြည့်အုန်းမယ်

    ReplyDelete
  12. chrismasနေ့ကျ ကြည့်မယ် ❣

    ReplyDelete
  13. clickနေရတာနဲ့ koreaကားတွေတောင် မကြည့်ရသေးတဲ့Ongoingတွေပုံလို့😅

    ReplyDelete
  14. ဖုန်းကိုင်တာနဲ့ ကလစ်တာပဲ ဇာတ်ကားတွေ မကြည့်ဖြစ်တာကြာပေါ့ ☺️☺️☺️

    ReplyDelete
  15. Merry Christmas To You All,
    Dear Clickers 🎄☃️❄️🎄🧑‍🎄🎄☃️❄️


    ခရစ်စမတ်ပွဲတော်နေ့ဆိုသည်မှာ ခရစ်ယာန်ဘာသာဝင်တွေဟာ ယေရှုခရစ်တော်ဖွားမြင်တဲ့နေ့ကို အထိမ်းအမှတ်ပြုတဲ့နေ့ထူးနေ့မြတ်ဖြစ်ပါတယ်။ ခရစ်တော်ဖွားမြင်ရာနေ့ကို ဒီဇင်ဘာ (၂၅) ရက်နေ့ ခရစ်စမတ်ပွဲတော်နေ့အဖြစ် အတည်အကျ သတ်မှတ်ခဲ့ပါတယ်။

    ပွဲတော်နေ့မှာ ယောကျ်ား၊ မိန်းမ၊ လူကြီးလူငယ်မရွေး သူတို့ရဲ့လုပ်ငန်းတွေကို ရပ်ပြီး ပျော်ပွဲရွှင်ပွဲစားသောက်ပွဲတွေနဲ့ တခမ်းတနားကျင်းပကြပါတယ်။ ခရစ်စမတ်သီချင်းများလည်း တပျော်တပါးသီဆိုကြသလို ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေ၊ ဆွေမျိုးတွေဆီ လက်ဆောင်တွေလည်း အပြန်အလှန်ပေးပို့ကြပါတယ်။ ကလေးတွေကတော့ ဆန်တာကလော့က သူတို့ကို လက်ဆောင်ပစ္စည်းတွေ လာပေးတယ်လို့ ယုံကြည်ထားကြပါတယ်။ အခုခေတ်မှာတော့ ခရစ်စမတ်ပွဲတော်ကို ခရစ်ယာန်ဘာသာဝင်တွေအပြင် အခြားဘာသာဝင်တွေလည်း ဆင်နွှဲလာကြပါပြီ။

    ခရစ်စမတ်ကို အတိုကောက်အနေနဲ့ Xmas လို့သုံးနှုန်းလေ့ရှိပြီး X ဆိုတဲ့စကားလုံးက ဂရိစကားလုံးကနေ ယူထားတာဖြစ်ပါတယ်။ ခရစ်စမတ်လို့ပြောလိုက်တာနဲ့ ခရစ်စမတ်သစ်ပင်နဲ့ ဆန်တာကလော့ဘိုးဘိုးတို့ကတော့ မပါမဖြစ်ပါပဲ။ ခရစ်စမတ်နေ့ရောက်ခါနီးပြီးဆိုရင် နေရာတော်တော်များများမှာ ခရစ်စမတ်သစ်ပင်၊ ဆန်တာကလော့ဘိုးဘိုးအရုပ်တွေနဲ့ အလှဆင်ထားတာကို တွေ့မြင်ကြရပါတယ်။ ခရစ်စမတ်သစ်ပင်နဲ့ ဆန်တာကလော့ဘိုးဘိုးတို့ရဲ့သမိုင်းကြောင်း‌လေးပါ...

    Jingle bells, jingle bells,
    jingle all the way.
    Oh what fun it is to ride
    in a one-horse open sleigh, hey!
    ☃️❄️🎄🧑‍🎄❄️🎄☃️🪘🎺🥁🎷🧸🎄☃️❄️

    ReplyDelete
  16. ကြည့်ရအုံးမယ်

    ReplyDelete
  17. ဇာတ်ကားတွေမနိုင်တာပါ

    ReplyDelete
  18. အင်းးးကြည့်မယ်

    ReplyDelete
  19. စီတူးဒီ နှိပ်ရတာ ကံစမ်းမဲနှိုက်ရသလိုပါပဲ..
    Where is ads, Sir-Bat?

    ReplyDelete
  20. ကြည့်ပြီးပါပြီ

    ReplyDelete
  21. ဇာတ်ကား​​တွေ ​ဒေါင်းထားပီး မကြည့်ဖြစ်တာ​တွေ များကြီး အသံ​တွေနဲ့အိပ် အသံ​တွေနဲ့ နိုးရတဲ့ ရက်​တွေ ကုန်ဆုံးချင်ပြီ

    ReplyDelete
  22. ကြည့်pp
    အတွေးလေးတွေသဘောကျ

    ReplyDelete
  23. တော်လှန်နှစ်သစ်

    အမှောင်တွေကို
    တော်လှန်စိတ်နဲ့ လင်းခဲ့ကြပြီးပြီ
    ရောင်နီတွေလာတော့မယ်ဆိုတာ
    အိပ်မက်မဟုတ်ဘူး။

    ဟာရှိန်း

    ReplyDelete
  24. အိမ်မက်​တွေထဲမှာ​တောင် click​နေတယ်

    ReplyDelete
  25. ထွေလာကြည့်ခဲ့သည်

    ReplyDelete
  26. Good Animation with good plots

    ReplyDelete
  27. ငါ့ဆီငါပြန်ရောက်ပါတော့မလား
    မြေပုံကြမ်းကိုကြည့်ပြီး လမ်းလျှောက်ရတာ...မောလှပြီ
    ငါ့ကိုယုံပါ
    ငါဟာ....
    လမ်းကူးရင်တောင်
    မျဉ်းကြားကဖြတ်ကူးတတ်တဲ့
    ခွေးလေ ခွေးလွင့်တကောင်ပါ
    ငါ...မပစ်ခတ်ခဲ့ပါဘူး
    လေးကြိုးဆွဲရင်း
    လက်ထဲက...လွတ်ထွက်သွားခဲ့တာပါ
    ငါ့ကို...ယုံပါ
    လူတွေဆီက မတောင်းခဲ့ပါဘူး
    ဘုရားက မပေးဘူးဆိုတောင်
    ဘုရားဆီကပဲ တောင်းခဲ့သူပါ
    ငါ့ကိုယုံပါ
    (ဖိနပ်မစီးထားတဲ့ ကလေးငယ်လိုပဲ...
    ဘယ်သူကမှ...
    အိမ်ထဲဝင်ဖို့ ငါ့ကိုမဖိတိချင်ကြဘူး)
    လက်တဖက်နဲ့
    ခေါ်လို့မရတဲ့ကောင်းကင်
    လက်နှစ်ဘက်နဲ့ လှမ်းခေါ်တော့လည်း
    အရာမထင်ဘူး
    ငါ...တတ်ထားတဲ့မြေကြီးစကားနဲ့
    ကောင်းကင်ကြီးနားလည်အော​င်
    ပြောမပြနိုင်ခဲ့လေ
    (တာရာမင်းဝေ-စောင်းကြိုးပြတ်ရွာ...)
    ဒီမှာမန့်ခြင်းကတော့ ဒါနောက်ဆုံးဖြစ်မယ်
    တချို့ ငှားထားတဲ့ devices တွေပိုင်ရှင်ပြန်ပေးရမယ် (နောက်ပိုင်းတော့ Android ၁လုံးနဲ့ပဲကလစ်နိုင်တော့မယ်)
    ခရိးသွားဖို့ပြင်ဆင်နေလို့ Apps အကုန် တွေပြန်ဖျက်ရမယ် (နှမျောလို့ မဖျက်ချင်လို့ ဒီတိုင်းဖွက်ကိုင်နေခဲ့ပေမဲ့လို့😪)
    အဆင်ပြေတာနဲ့ ပြန်ကလစ်ပါမယ်
    မိုးတွေက သည်းကြီးမည်းကြီးရွာနေတော့တာပဲ....သွားစရာရှိပါတယ်ဆိုမှ
    (အာ့ကြောင့် ကိုယ့်ရဲ့(luck) ကံ ကိုမယုံခဲ့တာ)

    ReplyDelete

Post a Comment