REVO


 ရီဗလူးရှင်း ဖိုင်းနန့်စ်


လက်ရှိနွေဦးတော်လှန်ရေးရဲ့ အစုအဖွဲတွေကို 

(အစုအဖွဲ: နုဂျီ၊ ပီဒီအက်ဖ်၊ လိုကယ် ပီဒီအက်ဖ်၊ 💿M၊ အစရှိသည်) ငွေကြေးထောက်ပံ့နိုင်မှုကို လေ့လာကြည့်မယ်ဆိုရင် ပေးသူဖက်မှာ

1. တစ်ဦးချင်း

2. အစုအဖွဲလိုက်

3. Website အခြေပြု ရန်ပုံငွေရှာဖွေမှု

4. အစိုးရရဲ့ ငွေကြေးထောက်တိုင်မှာ ပါဝင်မှု ဆိုပြီး အကြမ်း လေးမျိုး ခွဲလိုရတယ်။


လက်ခံသူဖက်မှာ၂ မျိုးပဲ လွယ်လွယ်ခွဲမယ်ဆိုရင်တော့ အစိုးရနဲ့  အခြားတော်လှန်ရေးအစုအဖွဲ များ လို ခွဲရင် ရပါပြီ။


လေ့လာမိသလောက် လက်ရှိ အစိုးရရဲ့ ဘဏ္ဍာရေးထောက်တိုင် အနေနဲ့

1. ပြည်တွင်းအခွန်ဌာန

2. ငွေတိုက်စာချုပ်ကဏ္ဍနဲ့

3. နွေဦးထီဆိုပြီး အစိုးရလက်တံ တွေအနေနဲ့ ရှိတယ်။

(တစ်ဦးချင်းအလိုက်၊ အဖွဲအစည်းလိုက် လှူဒါန်းတဲ့ ကဏ္ဍကို ထည့်မတွက်ထားပါ)


ပြည်တွင်းအခွန်များ ဦးစီးဌာနနဲ့ ငွေတိုက်စာချုပ်ကတော့ အစိုးရရဲ့ တိုက်ရိုက် budget ထဲ ဝင်သွားမယ်။

နွေဦးထီကတော့ ၇၀% CDM. ၃၀% ကို ဆုပြန်ဖောက်ပေးမယ်။


ပုဂ္ဂလိက အမြင်နဲ့ ကြည့်မယ်ဆိုရင် အခွန်ထမ်းဖိုနဲ့ Bond ဝယ်ဖိုကတော့ ပြည်ပရောက် မြန်မာတွေကို အားပြုပြီး ထီကတော့ ပြည်တွင်းကို အားပြုတယ်လိုမြင်ပါတယ်။ 


Social media appearance ဖက်ကို ကြည့်ပြီး ကောက်ချက်ဆွဲကြေးဆို လောလောဆယ်မှာ နွေဦးထီ ဖက်မှာ နည်းနည်း အားလျော့နေတယ် မြင်မိတယ်။ 

ဥပမာ - CDM ပေမယ့် ခုထိမရသေးပါ။ CDM အရေးမကြီးဘူး၊ CDM တွေနေ PDF သာ အဓိက စသဖြင့်ပေါ့။

ပြီးတော့ ဒီ post အရကော။


https://www.facebook.com/101846935455895/posts/191246959849225/?d=n


CDM ပေမယ့် ခုထိ မရသေးပါဆိုတဲ့ comment တွေနောက်မှာ ပြန်ကြည့်မယ်ဆိုရင် အစိုးရအနေနဲ့ ဘယ်လောက် CDM ဘယ်လောက်နဲ့ ချိတ်ဆက်ထားနိုင်သလဲ ရယ်၊ (CDM ဝန်ထမ်း ၅ သိန်းရှိတယ်ထား၊ ဘယ်လောက်နဲ့ ချိတ်ထားနိုင်သလဲ? ထီရောင်းရငွေနဲ့ cover ပေးနိုင်တာ ဘယ်လောက်ရှိသလဲပေါ့)

အပေါ်က post အရတော့ အစိုးရဌာန ကဏ္ဍအလိုက် ရောင်းရငွေတွေ ပြန်ခွဲပေးနေသလိုရှိတယ်။ but အဲ့မှာ တွေ့သလို ၆၅ သိန်း က တစ်ယောက် ၁ သိန်းပဲဆိုတောင် ၆၅ ယောက်။ ဒါ တစ်လစာ၊ နောက်တစ်လ ထပ်ထောက်ပံ့ပေးနိုင်ဖို ၆၅ သိန်းဖိုး ထပ်ရောင်းရမယ်။ ဒီထက်ပိုတဲ့ ဝန်ထမ်းတွေကို ထောက်ပံ့ပေးနိုင်ဖိုဆို ၆၅ သိန်းထပ် ပိုရောင်းရမယ်။ ဒါဟာ လစဉ်။


လစဉ်ထောက်ပံ့ပေးနိုင်ဖို revenue က ဘယ်ကရမလဲ၊ ထီရောင်းရငွေက ရမယ်။ ဒါဆို ထီရောင်းရငွေမရှိရင် အရင်လလို မထောက်ပံ့နိုင်ဘူးဆိုတဲ့ သဘော သက်ရောက်သွားတယ်။


ပြည်ပမှာတော့ အခွန်နဲ့ bond က နာမည်အတော်ကြီးတယ်။ သိသမျှ network တိုင်းကတော့ စိုင်းပြင်းနေကြပြီ။ ကိုယ်လည်း နောက်လ အခွန်ဆောင်မှာ။


PDF သာ အဓိကဆိုတဲ့ comment တွေကို ကြည့်မယ်ဆိုရင်တော့ သူတိုပြောတာလည်း မှန်တယ်။ ဒါပေမယ့် တော်လှန်ရေးက ဘက်စုံခြုံငုံထားနိုင်မှ ရမယ်။ PDF အတွက် Budget မသုံးဘူး။ နုဂျီက ရန်ပုံငွေပွဲတွေပဲ လုပ်နေတယ်ဆိုတာမှာ ကိုယ့်အမြင်ကတော့ အစိုးရလို ခံယူ ကြေညာထားတဲ့ အဖွဲအစည်းဟာ တိုက်ပွဲတိုက်ဖို လက်နက်ဝယ်ဖိုဆိုပြီး ပေါ်တင်ကြီး အလှူခံလိုမရဘူးလိုပဲ နားလည်တယ်။ အပေါ်က အခွန်တို bond တိုဆိုရင် အစိုးရအနေနဲ့ နိုင်ငံတကာမှာ အကောင့်ဖွင့်ထားတာ၊ ဒါကို လက်နက်ဝယ်ဖိုဆိုပြီး description မှာ ဖြည့်လိုမှ မရတာပဲ။


ပြန်ချုပ်ရရင်တော့ နုဂျီအနေနဲ့ နွေဦးထီကို ပြည်ပကနေပါ ထိုးလိုရအောင် လုပ်ပေးနိုင်ရင် ကောင်းမယ်။ ပြည်တွင်းကလည်း တစ်လ တစ်ခါလောက်တော့ ထိုးကြပါလို (၅ စောင် ၁ သောင်းကျပ် ကနေ အစောင် ၅၀ တစ်သိန်းကျပ်ထိ) ထိုးလိုရပါတယ်။

Comments

  1. This comment has been removed by the author.

    ReplyDelete
    Replies

    1. နိုင်ငံရေးမှာ ကျမ မရင့်ကျက်ခဲ့ဘူးပေမယ့်
      နိုင်ငံ့အရေးမှာတော့
      တော်တော်များများ
      ကျမရင့်ကျက်ခဲ့မိပြီလို့ ထင်ပါတယ်။

      Delete
  2. ပို့သမေတ္တာ တံတိုင်းပမာ
    PDFတွေ ဘေးရန်ကာပါစေ

    ReplyDelete
  3. နွေဦးထီ ကိုလည်းထိုးတယ် click တာလည်း တရက်မပျက်ဘူး ဘွန်း ကိုလည်းရအောင်ဝယ်ဦးမှာပါ

    ReplyDelete
  4. Every clickers matter
    Every clicks matter
    Don't give up
    Keep Going

    ReplyDelete
  5. Clickပဲနိုင်သေးသောမိမိ

    ReplyDelete
  6. Safe PDF.
    လစဉ်လှူဖြစ်ပါတယ်...
    အားလုံးဘေးကင်းပါစေ......

    ReplyDelete
  7. ဘုံရန်သူကို ပဲ အဓိကထားပါ အာရုံတွေမလွင့်ပါစေနဲ့

    ReplyDelete
  8. မဆိုင်ဘူးလို့ထင်ရပေမယ့် ဒီတခုကို ထည့်တွေးကြည့်စေချင်ပါတယ်

    အခု CDM supportသမားတော်တော်များများကိုဆွဲကျထောင်ချကျတယ်မဟုတ်လား
    အဲ့ဒီသတင်းကြားကျတော့ CDMသမားတချို့တွေကလဲ ပိုက်ဆံလက်ခံနိုင်ဖို့ကြောက်နေကျပြီလို့ ကြားမိပါတယ်။

    ReplyDelete
  9. ကောင်းတယ်ချ 👍

    ReplyDelete
  10. We are winner
    Fighting together💪💪

    ReplyDelete
  11. ပြိုင်တူတွမ်းလျှင်ရွေ့ပါမည် 💪💪💪

    ReplyDelete
  12. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  13. ကြိုးစားပါမည်

    ReplyDelete
  14. Done ❤️❤️❤️💪💪💪

    ReplyDelete
  15. ကြိုးစားပါမည်

    ReplyDelete
  16. နိုင်ကိုနိုင်ရမယ်

    ReplyDelete
  17. သုံးသပ်ထားတာလေး သဘောကျပါတယ်ဗျ

    ReplyDelete
  18. ကမ္ဘာကလည်း ပယ်
    အာစီယံကလည်း ဖယ်
    အညာကလည်း တွယ်
    ဘယ်သူမှလည်း မကယ်
    #crd

    ReplyDelete
  19. နှိပ်ပြီးပါဗြီ....

    ReplyDelete
  20. အမှန်ဘဲ

    ReplyDelete
  21. ဘွန်းကိုလဲ ပြည်တွင်းက လွယ်လွယ်ဝယ်နိုင်ရင် ကောင်းမယ်ဗျာ

    ReplyDelete
  22. ကလစ်မှသည် နိုင်ငံတော်သစ်ဆီ အထောက်ပံ့ဖြစ်သည်။

    ReplyDelete
  23. အမ်ထားပေမယ့် မယူချင်‌တော့ဘူး
    ကြောက်လို့မဟုတ်ဘူး။ ပိတောက်ဖူးလေးတွေအတွက်ပဲ ကိုယ့်ရှိတာတောင်စားဖို့ချန်ပြီး ပံ့ပိုးပေးလိုက်တယ်။

    ReplyDelete
  24. အားတင်းထားတယ် ဆန်က

    ReplyDelete
  25. အခုနေအဖြစ်ချင်ဆုံးဆန္ဒပြောပါဆို သူဌေးပဲဖြစ်ချင်တယ် ပိုက်ဆံကြည့်နေစရာမလိုဘဲ ကိုယ့်လူတွေက်ုထောက်ပို့ချင်တာ

    ReplyDelete
  26. နွေဦးထီတော့ ထိုးပီးပြီ။

    ReplyDelete
  27. Click click click ကြစို့

    ReplyDelete
  28. ထီလည်းထိုးထားတယ်။နီးစပ်ရာလည်းတတ်နိုင်သမျှ
    ပံ့ပိုးလှူပေးတယ်၊ အခုနုဂျီကိုတတ်နိုင်သလောက် အမ်းဖို့ကြံထားတယ့်ဆူးကားမာမီ 😁အခုက ကလစ်နိုင်သမျှဆက် ကလစ်မယ့် ကလစ်မာမီပေါ့😂

    ReplyDelete
  29. This comment has been removed by the author.

    ReplyDelete
  30. ထီးလည်းထိုးတယ်။
    Bond လည်းဝယ်။
    ကလစ် လုက်တယ်။
    PDF လည်း ငွေကူတယ်။
    👍👍👍

    ReplyDelete
  31. လုပ်လို့ရသမျှ လုပ်နိုင်စွမ်းသမျှ အစွမ်းကုန် အကုန်လုပ်👍👍👍

    ReplyDelete
  32. CDMမို့ ၂လပိုင်းက လစာ ​နောက်ဆုံးရတာပါ။ ဒါ​ကြောင့် လိုအပ်တဲ့ ​နေရာ​တွေ​ရော မျှလှူ​နေရတာမို့ လစဥ် ၅​စောင်ပဲ ထိုးပါတယ်။

    ReplyDelete
  33. နှိပ်ပြီးပါဗြီ...

    ReplyDelete
  34. ​ရှေ့ဆက်ပြီး တဖက်က ဆိုက်ဝါးတွေနဲ့ C2D clicker တွေ အားလျော့အောင် ဆိုက်ဝါးတွေနဲ့ ပိုတိုက်ခိုက်နိုင်ပါတယ်..ကျနော်တို့က ယုံကြည်မှုတွေနဲ့ ပိုအားစိုက် Click ရပါမယ်... ဘယ်သူတွေ ဘယ်လိုပြောပြော ယုံကြည်မှုတွေ မပျောက်ဆုံးဖို့ပါပဲ... ဒါကြောင့်

    စိတ်ပျော်လည်း Click
    စိတ်မပျော်လည်း Click
    Click လို့ရတုန်း Click ကြပါ...

    ReplyDelete
  35. လွတ်လပ်ရေးဆိုရာ၌ နိုင်ငံရေးလွတ်လပ်မှုကို သာမကြည့်ဘဲ၊ လူတိုင်းလူတိုင်း ညီတူညီမျှ လူတန်းစေ့နေနိုင်သည့် လောကသစ်ကြီး တည်ထောင်ရန် ကိုလည်း အဆုံးစွန် ရည်ရွယ်ချက် ထားရပေလိမ့်မည်။✔️💯💥

    ReplyDelete
  36. ကလစ်တစ်ခုချင်းကနေ အောင်ပွဲတွေထိရောက်ရှိပါစေ

    ReplyDelete
  37. Bond မ၀ယ်နိုင်ပေမယ့် နေ့တိုင်းကလစ်တယ်ထီထိုးတယ်တက်နိုင်တာလေးပါ၀င်မယ်

    ReplyDelete
  38. နွေဦးထီလဲ ထိုးပါမယ်။
    click လဲ နေ့စဥ် မပျက် click ပါတယ်။
    bond တော့မဝယ်နိူင်သေးပါ။

    ReplyDelete
  39. ❤️❤️❤️❤️❤️💪💪💪💪💪

    ReplyDelete
  40. အခက်အခဲတွေအားလုံး ပြေလည်နိုင်ကြပါစေ

    ReplyDelete
  41. ငါတို့ နိုင် မှာ

    ReplyDelete
  42. စိတ်ခွန်အားအရ အနိုင်ရနေပြီဖြစ်ပေမယ့် ရုပ်ဝတ္ထုစွမ်းအားတွေ ပြည့်စုံအောင် ထောက်ပံ့ပေးနိုင်မှ တော်လှန်ရေးကြီး အမြန်ပြီးမှာပါ။

    ReplyDelete
  43. We are here for support pdf teams and for the country future

    ReplyDelete
  44. ever click အချိန်တိုင်းclick နေပါတယ်။

    ReplyDelete
  45. This comment has been removed by the author.

    ReplyDelete
  46. ပိတောက်ဖူးလေးတွေပွင့်ဖို
    ကလစ်ကာလက်လေးတွေနဲ့
    ရေစက်ရေပေါက်လေးတွေ ပက်ဖျန်းပေးနေသလိုပါပဲ

    ReplyDelete
  47. Done🙆🏻🙆🏻🙆🏻😍😍😍

    ReplyDelete
  48. ပိတောက်ဖူးလေးတွေအတွက် နေ့စဥ် click

    ReplyDelete
  49. ရှင်းပြပေးလို့ကျေးဇူးပါ

    ReplyDelete
  50. We are not just clickers..
    We are creators of our future…
    Let’s go for the Mission…!!!

    ReplyDelete
  51. မန့်ချင်တယ်လေ ရလား🌚✌️

    ReplyDelete
  52. အဲ့လို ထီ ကို ဘယ်လို ထိုးရမလဲ ဗျ
    ကျနော် တကယ် မသိသေးလို့ပါ
    သိတဲ့ မိတ်ဆွေများ အလင်းပြကြပါဦးဗျ

    ReplyDelete
  53. click lote ya tar pyaw sa yar gyi

    ReplyDelete
  54. စာဖတ်ရင်းclick clickရင်းစာဖတ်

    ReplyDelete
  55. နေ့တိုင်းclickပါတယ်

    ReplyDelete
  56. တစ်ယောက်တစ်လက်ဝိုင်းလို့ကူ တို့ပြည်သူတွေအောင်ပွဲရဖို့။

    ReplyDelete
  57. ​နွေဦးထီမထိုး​ရေ​သေးပါ/bondဝယ်ဖို့ကြိုးစား
    တစ်ခြားအဖွဲ့အစည်း​​တွေကို အနည်းငယ်​ထောက်ပံ့​ပေး ​နေ့တိုင်းclick/webside/Thadin/You Tubeမကျန်ခဲ့​စေရ
    အ​ရေး​တော်ပုံအောင်ရမည်

    ReplyDelete
  58. ပြိုင်တူတွန်းလျှင် နိုင်ကိုနိုင်ရမယ်

    ReplyDelete
  59. Happy sweet December ❤️🕯️. God bless you all. ( Not including MLA junta).

    ReplyDelete

Post a Comment