OK 0122 L

သီချင်း – ဘီးနံပါတ် အိုကေဝ၁၂၂အဲလ် (OK0122L)

တေးရေး – စိုင်းခမ်းလိတ်

တေးဆို – စိုင်းထီးဆိုင်

သီချင်းအဓိပ္ပါယ်ဖွင့်ဆိုချက် ဘီးနံပါတ် OK0122L သို့မဟုတ် No OK 12 2 . ငယ်ငယ်ကတည်းက ကြားဖူးပြီး လိုက်ဆိုခဲ့ ညည်းခဲ့ဖူးတဲ့ သီချင်းကလေးပေါ့။ နားထောင်ခါစ ငယ်ငယ်ကတော့ ပျောက်သွားတဲ့ စက်ဘီးကလေးတစီးကို စွဲလမ်းစွာ စပ်ဆိုရေးဖွဲ့ ထားတဲ့ သီချင်းလေးလို့ပဲ သာမန်ကာလျှံကာ တွေးခဲ့မိတယ်။ . ဒါပေမဲ့ … သူငယ်ချင်း တယောက်ပြောပြလို့ ဒီသီချင်းရဲ့ လျှို့ဝှက်ချက် ကို သိခဲ့ရတယ်။ တချို့လည်း သိပြီးသား ဖြစ်ချင်ဖြစ်မှာပါ။ ဟုတ်မဟုတ် ဆိုတာတော့ သေချာပေါက် မပြောတတ်ပါဘူး။ ကိုယ့်ဘာသာ ကိုယ် ဟုတ်မဟုတ် တွေးကြည့်ကြရုံပါပဲ။ ဒီသီချင်းရဲ့ ရာဇဝင်ကို သေချာသိသူများ ရှိရင်လည်း ပြောပြစေချင်ပါတယ်။ . ပြောပြတဲ့သူငယ်ချင်းက အိုကေသုည ၁၂၂ အယ်လ် (OK0122L) ဆိုတဲ့ နံပါတ်ကို စာရွက်မှာ ချရေးပြတယ်။ နောက်ဆုံးစာလုံး L အရှေ့က OK0 နဲ့ ပေါင်းပြတယ်။ LOOK တဲ့ … ။ ကျန်တဲ့ ဂဏန်း 122 ကတော့ ၁၂ ရက် ၂ လ၊ (ဖေဖော်ဝါရီ ၁၂ရက်ပေါ့)။ LOOK 12 2 -ဖေဖော်ဝါရီ ၁၂ ရက်ကို ကြည့်ပါ … လို့ ဆိုလိုတာပါ တဲ့။ . ဖေဖော်ဝါရီ ၁၂ ရက် ဆိုတာ ပြည်ထောင်စုနေ့ပဲ၊ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေ ပင်လုံစာချုပ် လက်မှတ်ရေးထိုး ကြတဲ့ နေ့ပဲ။ ဒါကို ဘာလို့ ပြန်ကြည့်ခိုင်းတာလဲ …. ။ ပင်လုံစာချုပ်နဲ့ ပတ်သက်ပြီး အကောင်အထည် ဖော်နိုင် မဖော်နိုင် ဆိုတာကတော့ အများသိကြတဲ့ အတိုင်းပါပဲ။ ဒါကြောင့်လည်း စိုင်းခမ်းလိတ်က သီချင်းထဲမှာ ရေးခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒီသီချင်းအပြင် နောက်ထပ် သတိထားမိတဲ့ သီချင်း ကတော့ “ကွတ်ခိုင်ကဇာတ်လမ်းတပုဒ်” ဆိုတဲ့ သီချင်းကလေးပါပဲ။ ရိုးရိုး အချစ် ဇာတ်လမ်းလေး တပုဒ်ကို ရေးဖွဲ့ထားတဲ့ သီချင်းလို့ ထင်ရပေမဲ့ သေချာနားထောင်ရင် အဓိပ္ပါယ် ရှိပါတယ်။

(ဒီ Caption ကိုတော့ FACEBOOK မှကူးယူထားတာဖြစ်ပါတယ်ခင်ဗျာ။)

Note ; အပေါ် အကြောင်းအရာက မှားတယ်လို့ ပြောပါတယ်။ ကာယကံရှင်တွေကိုယ်တိုင် ဖြေရှင်းထားပါတယ်တဲ့ခင်ဗျာ။

မဟုတ်ပေသည့်တိုင်  စိတ်ကူးယဉ်လို့တော့ ကောင်းတယ်မဟုတ်လား?

တစ်စုံတစ်ယောက်နဲ့ စက်ဘီးလေး တူတူစီးဖူးချင်ခဲ့တာ. . .

Comments

  1. နောက်ဆုံးက ဆန္ဒလေး‌‌ပြည့်ပါစေ😁

    ReplyDelete
  2. "တွဲလက်များ"


    သူ့လက်ကို ငါကဆွဲမယ်

    ငါ့လက်ကို မင်းကဆွဲပါ

    မင်းလက်ကို အခြားသူဆီကမ်းပါ

    တစ်ယောက်လက်ကို တစ်ယောက်က

    မြဲမြဲဆွဲ တွဲလက်တွေနဲ့

    ခရီးဆက် ကြရအောင်


    San Zuen 🌸

    ReplyDelete
  3. အလကား​​​ရေး​နေကြတာပါ
    မန္တ​လေးမှာ အဲဒီ အချိန် စက်ဘီး​​ျောက်
    လွန်းလို့ ​ရေးတာ ​​နေမှာပါ

    ​​ရေးသူကိုသာ ​မေးကြည့်သင့်ပါတယ်

    ReplyDelete

Post a Comment