For those who don't know which path to choose

ဘာလုပ်ရမှန်းမသိ ဖြစ်နေတဲ့ လမ်းပျောက်လူငယ်များအတွက်



           ”အစ်ကိုရေ..တကယ်ကို ဘာလုပ်ရမှန်းကို မသိတာပါ။ အရင်အလုပ်တွေမှာလည်း ၂ နှစ် စီလောက် လုပ်ခဲ့ဖူးတယ်။ ဒါပေမယ့် စိတ်မပါသလို ဖြစ်လာတော့ ထွက်ပြီး နောက်အလုပ်ပြောင်းတယ်။ ခဏပဲ ခံတယ်။ စိတ်ထဲမှာ ဒီအလုပ်ကလည်း ကိုယ့်အတွက် မဟုတ်သလို ခံစားလာရပြန်ရော။ အခု အစ်ကို့စာတွေ ဖတ်မိတော့ ကိုယ်တကယ်စိတ်ပါဝင်စားတာကို လုပ်ဖို့တော့ စိတ်ကူးရတယ်။ ဒါပေမယ့် အဓိကပြသနာက ကိုယ်တကယ်စိတ်ပါဝင်စားတာက ဘာမှန်းကို မသိတော့တာပါ။ ကိုယ့်ကိုယ်ကို ဘာလုပ်ချင်နေမှန်း/ဘာဖြစ်ချင်နေမှန်းကို မသိတော့တာပါ။ ဘယ်လို လုပ်ရမလဲ အကြံပေးပါဦး အစ်ကို။“

             ကျွန်တော့်ဆီ ဖုန်းဆက်လာတဲ့ လူငယ်တစ်ယောက်ရဲ့ စကားသံတွေပါ။ ကျွန်တော်ကိုယ်တိုင်လည်း ရုတ်တရက် ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားတယ်။ ဟုတ်တယ်လေ။ ကျွန်တော်တို့က လူငယ်တွေကို “ကိုယ်တကယ်စိတ်ပါဝင်စားတာကို လုပ်ဖို့” စာတွေရေးပြီး အကြံပေးကြတယ်။ လူငယ်တချို့ ဖတ်မိပြီး အဲ့ဒီအကြံကို လိုက်နာဖို့ ကြိုးစားတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ လိုက်နာဖို့မှာ ကိုယ့်ကိုယ်ကို ဘာလုပ်ချင်နေမှန်း/ ဘာဖြစ်ချင်နေမှန်းကို မသိတော့တာနဲ့တင် တစ်,နေပြန်ရော။ ဒါ တစ်ယောက်တည်း မဟုတ်ဘူးနော်။ အတော်များများပဲ။ ၃ ပုံ တစ်ပုံ မဟုတ်ရင် တစ်ဝက်လောက်တောင် ရှိမလားပဲ။



             သူတို့ အဲလို ကျွန်တော့်ကို မေးလာတော့ ကျွန်တော်တို့ကိုယ်တိုင် ငယ်ငယ်က တက်ကျမ်းတွေ စ,ဖတ်တုန်းက အချိန်ကို ပြန်စဉ်းစားမိတယ်။ ဟုတ် ပ။ ကျွန်တော်တို့လည်း အဲလိုတွေ ခံစားခဲ့ရတာပဲ။ အခုမှသာ ကိုယ်လုပ်ချင်တာ၊ ကိုယ်ဖြစ်ချင်တာတွေကို အတိုင်းအတာ တစ်ခုအထိ တိတိကျကျသိပြီး လုပ်နေ၊ အကောင်အထည်ဖော်နေရင်း လမ်းခုလတ်မှာ ပျော်နေတာ။ အဲ့ဒီအချိန်တုန်းက ဘာလုပ်ရမှန်း ကိုယ်လည်း ရုတ်တရက် မသိခဲ့တာပဲ။

             ဖုန်းဆက်လာတဲ့ လူငယ်လေးကို မိနစ် ၂၀ လောက် သေချာ အမေးအဖြေလုပ်ပြီး စကားပြောပေးလိုက်မိတယ်။ လုပ်လို့ ရနိုင်တာတွေ တစ်ခုပြီးတစ်ခု ပြောပြပေးတာပေါ့။ သူကလည်း ဒါတော့လုပ်ဖူးတယ်။ ဒါပေမယ့် အလုပ်မဖြစ်ဘူး။ ဘာကြောင့်? ဘယ်လို? ဒါတော့ လုပ်မကြည့်ရသေးဘူး။ လုပ်ကြည့်ပါမယ် စသဖြင့် ပြန်ဆွေးနွေးတာပေါ့။ နောက်တော့ သူ လိုချင်တာ အတိုင်းအတာတစ်ခု ရသွားလို့လား? ကျွန်တော့်ကိုပဲ အားနာလို့လားမသိ ကျွန်တော် အကြံပေးတာတွေ လိုက်လုပ်ကြည့်ပါ့မယ်လို့ ပြောပြီး ဖုန်းချသွားတယ်။



            သူကသာ ဖုန်းချသွားတာ။ ကျွန်တော့်ရင်ထဲမှာ ဖုန်းက ကျ,မသွားဘူး။ သူ့ကိုပြောလိုက်တဲ့ ကျွန်တော့်ရဲ့ စကားတွေ/ ကျွန်တော်ပေးလိုက်တဲ့ အကြံတွေကို ကျွန်တော် ကိုယ့်ဘာသာကိုယ် ပြန်သုံးသပ်နေမိတယ်။ ကျွန်တော် ဖတ်ခဲ့ဖူးတဲ့ စာတွေထဲက ဟာတွေ/ ကျွန်တော့် အတွေ့အကြုံတွေကိုပဲ သူ့ကို နိုင်သလောက် လက်ဆင့်ကမ်းလိုက်တာပါ။ ကျွန်တော် နားလည်သလို၊ လက်ခံထားသလို သူ့ကို ပြန်ပြောပြပေးရတာပေါ့။ သူ့ကို ကျွန်တော် ရှင်းပြ၊ ပြောပြခဲ့တဲ့အကြောင်း စဉ်းစားနေရင်းနဲ့မှ တော်တော်လေး ထိရောက်နိုင်မယ်လို့ ကျွန်တော် ယုံကြည်မိတဲ့ နည်းလမ်းနဲ့ ရှင်းပြရမယ့် ပုံစံလေးတစ်ခု ကျွန်တော့်ခေါင်းထဲကို ရောက်လာတယ်။

            ထူးခြားတာက ဒီအတွေးနဲ့ ချဉ်းကပ်ပုံလေးက ကျွန်တော် ဖတ်ခဲ့ဖူးတဲ့ စာတွေထဲက ပုံစံမျိုးလည်း မဟုတ်ဘူး။ ကျွန်တော် ခေါင်းထဲ လင်းကနဲဖြစ်ပြီး အတော်လေးပျော်သွားမိတယ်။

            C, Am, F, G ထဲက ပထမဆုံး ခွဲထွက်လိုက်နိုင်တဲ့ ဂီတသမားတစ်ယောက်ရဲ့ ပီတိမျိုးပေါ့… 🙂

            ကျွန်တော်ကိုယ်တိုင် ရှာတွေ့လိုက်တဲ့ နည်းစနစ်လေးတစ်ခု လူငယ်တွေအတွက် ပေးလိုက်နိုင်တော့မှာပါလားလို့ တွေးမိရင်းပေါ့။ ဒီလိုနဲ့ပဲ ဒီဆောင်းပါးလေး ခင်ဗျားတို့ရှေ့ ရောက်လာတော့တာပါပဲဗျာ။

            စကားအပြန်အလှန်ပြောဟန်လေးနဲ့ ပြန်ရေးပြရင် ပိုပြီးအဆင်ပြေမယ်ထင်လို့ ဒီဟန်ကိုပဲ သုံးလိုက်ပါတယ်။



၁။ ဝါသနာကို ဘယ်လိုရှာရမှာ

            ”ဒီလို စဉ်းစားကြည့်ကွာ ညီရာ… ညီ အခုလောလောဆယ် ကိုယ်တကယ်လုပ်ချင်တာ၊ ဖြစ်ချင်တာ ဘာလဲဆိုတာ မသိရင် ညီ ဘာဝါသနာပါလဲ? ဒါမှမဟုတ် ကိုယ် ဘာကိုစိတ်ဝင်စားသလဲဆိုတာ ကိုယ့်ဘာသာ သေချာပြန်စဉ်းစားကြည့်ပါလား?“

            ”အဲဒီ ဘာဝါသနာပါလဲဆိုတာကို စဉ်းစားလို့မရတာ အစ်ကို။ ကျွန်တော်ထင်တာ ကျွန်တော်က ဘာမှဝါသနာမပါသလိုပဲ။ ဒီလိုပဲ သူများတွေလုပ်တဲ့ ကောင်းမယ်ထင်တာလေးတွေ လိုက်လုပ်ကြည့်တယ်။ ဒါပေမယ့် ကြာလာတော့ ပျင်းလာပြီး မလုပ်ချင်လို့ ရပ်ပစ်လိုက်မိတာပဲ။“

            ”အင်.. ဒါမှ ပြဿနာပဲ။ အင်းလေ ဒါမျိုးဖြစ်နေတာ ညီ တစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ လူငယ်အတော်များများ အစ်ကို တွေ့ဖူးပါတယ်။ အစ်ကိုတို့တုန်းကတော့ ကံကောင်းခဲ့တယ်ကွ။ ကိုယ် လုပ်ချင်တာ၊ ကိုယ် ဖြစ်ချင်တာ ဘာလဲဆိုတာကို ကိုယ်ကိုယ်တိုင် သိခဲ့တယ်။ အခြေအနေ အကြောင်းကြောင်းကြောင့် အဲဒီဟာကို ချက်ချင်းရွေးချယ်ပြီး မလုပ်နိုင်ခဲ့ဘဲ ပိုပြီးဖြစ်သင့်မယ်ထင်တာ တစ်ခုကို ရွေးချယ် လုပ်ကိုင်ခဲ့ရတယ်။ ဒါပေမယ့် တစ်ချိန်မှာ ကိုယ် လုပ်ချင်တာ၊ ကိုယ် ဖြစ်ချင်တာတွေကို ဖြစ်ခွင့်ရတော့မယ်လို့ ယုံကြည်မှု ထားပြီးတော့ လေ့လာစရာရှိတာတော့ လေ့လာနေခဲ့မိတယ်။



            အရမ်းပင်ပန်းလို့ ကိုယ်ဖြစ်ချင်တာကို တွဲပြီးတောင် မလေ့လာနိုင်တော့တဲ့ အခါမျိုးလည်း ရှိပါတယ်။ ဒါပေမယ့် တတ်နိုင်သလောက် စိတ်က အဲဒီလုပ်ချင်၊ ဖြစ်ချင်တာကို စိတ်ကူးညွတ်နေ၊ မြင်နေခဲ့မိတယ်။ ဒါကြောင့်ပဲ အချိန်တန်တော့ ကိုယ်လုပ်သင့်တယ်ထင်ပေမယ့် မလုပ်ချင်တဲ့အရာတွေကို လုပ်စရာမလိုတော့ဘဲ ကိုယ် လုပ်ချင်တာတွေကိုပဲ အဓိက လုပ်နိုင်တဲ့ နေရာ… ဒါမှမဟုတ် ကိုယ်လုပ်ချင်တာတွေနဲ့ အနီးစပ်ဆုံးအရာတွေကို ရွေးလုပ်နိုင်တဲ့ နေရာကို ရောက်လာခဲ့တာပဲ။

            ”အစ်ကိုကတော့ ဟုတ်တာပေါ့ အစ်ကို။ အစ်ကို လုပ်ချင်တာ၊ ဖြစ်ချင်တာက အစ်ကို့စိတ်ထဲမှာ ပြင်းပြင်းပြပြ ရှိနေတာကိုး။ ကျွန်တော့်လို ဘာမှစိတ်ထဲမှာရှိမနေဘဲ ယောင်လည်လည် ဖြစ်နေတာမျိုးကျတော့ ဘယ်လိုလုပ်မတုန်း“

            ”အဲဒီမှာ ညီ့ကို အစ်ကို တစ်ခု သတိပေးချင်တာ ရှိတယ် ။ ညီ့စိတ်ကို ညီ သေချာပြန်ကြည့်ဖို့ပါ။ ညီ လုပ်ချင်၊ ဖြစ်ချင်နေတဲ့အရာကိုတကယ်ပဲ ရှာလို့မတွေ့တာလား? ဒါမှမဟုတ် ညီ လုပ်ချင်၊ ဖြစ်ချင်နေတဲ့အရာက လက်ရှိအခြေအနေမှာ ညီနဲ့ အလှမ်းဝေးလွန်းနေလို့ အဲဒါကို မလုပ်ချင်၊ မဖြစ်ချင်တော့ဘူးလို့ ကိုယ့်စိတ်ကိုယ်ကို ထင်လာအောင် လှည့်စားလိုက်မိတာလား ဆိုတာပေါ့။ အစ်ကိုတို့ ကိုယ်တိုင်လည်း ဖြစ်ခဲ့ဖူးတာတွေရှိလို့ ပြောတာပါ။



            တခါတလေမှာ ဖြစ်တတ်တာက… အရာတစ်ခုကို အစ်ကိုတို့ လိုချင်တယ်။ ဒါပေမယ့် မရနိုင်လောက်ဘူးလို့ ထင်တယ်။ ဒါမှမဟုတ် ရနိုင်အောင် လုပ်ရမယ့်ဟာတွေ၊ ပေးဆပ်ရမယ့်ဟာတွေကို ရှောင်ရှားချင်တယ်။ ဒါနဲ့ပဲ ဒီအရာကို မလိုချင်ပါဘူး၊ မလုပ်ချင်ပါဘူးလို့ ကိုယ့်ဘာသာကိုယ် ဖြေတွေး တွေးတတ်လာတယ်။ ကြာတော့ အဲဒီဖြေတွေးတွေက ကိုယ့်စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း စွဲထင်သွားပြီး တကယ်ပဲ အဲ့လို ယုံကြည်မိလာတယ်။

            အစ်ကိုပြောတာ ညီ သဘောပေါက်ရဲ့လား မသိဘူး။ အလွယ်ပြောရရင်တော့ မစားရတဲ့ စပျစ်သီးကို ချဉ်တယ်လို့ တွေးပါများရင်း စပျစ်သီးဟာ ချဉ်ပါတယ်ကွာလို့ တကယ်ပဲ စိတ်ထဲမှာ ယုံသွားတာ။

ညီ့စိတ်ထဲမှာ အဲ့လိုဖြစ်နေမှာ စိုးတယ်။ ညီ ကိုယ့်ကိုယ်ကို သေချာ စဉ်းစားသုံးသပ်ကြည့်ပါဦး။ မျက်စိမှိတ်လိုက်၊ အသက်ကို ဝ,အောင်ရှူ၊ ပြီးရင် ဖြည်းဖြည်းချင်း စဉ်းစားကြည့်။ ညီ့ရင်ထဲမှာ အဲ့လိုအရာမျိုးတွေများ ရှိနေလား..?

            စိတ်ကို မြင်အောင်သေချာကြည့် ညီ။ စိတ်ဟာ နဂိုက မူရင်းအချက်အလက်ထက်စာရင် စိတ်ထဲမှာ တွေးတာ၊ ကြာတာကို ယုံသွားတတ်တဲ့သဘောရှိတယ်။ ကိုယ့်စိတ်ကိုယ်ကို မြင်အောင် သေချာကြည့်။“



  • အလုပ်တစ်ခုခုကို လုပ်နေရင်းနဲ့ အချိန်ကုန်လို့ ကုန်သွားမှန်း မသိလိုက်တာမျိုး၊
  • လုပ်နေရင်းနဲ့ ဘာငွေကြေး၊ အကျိုးအမြတ်မှ မရနေဘူးဆိုရင်တောင် လုပ်ရတာကို ပျော်နေတာမျိုး၊
  • မလုပ်ခင်၊ လုပ်ဆဲ၊ လုပ်ပြီးချိန်မှာတောင် ဒီအလုပ်အကြောင်း တွေးပြီး ပျော်နေတာမျိုး၊ ကိုယ့်ကိုယ်ကို ကျေနပ်နေတာမျိုး ဒါမျိုးရှိသလား? ဒါတွေဟာ ညီ့ဝါသနာ၊ ညီလုပ်ချင်၊ ဖြစ်ချင်တာတွေပဲ ညီ။

            ညီငယ်ဟာ ကျွန်တော်ပြောသလို မျက်လုံးကိုမှိတ်၊ အသက်ကို မှန်မှန်ရှူရင်း ခဏကြာအောင် စဉ်းစားပါတယ်။ သူ့ကို ဒီအချိန်မှာ အာရုံပျံ့လွင့်မှာစိုးလို့ စကားတွေ ထပ်ပြောမနေဘဲ ဒီအတိုင်းပဲ ကျွန်တော် စောင့်ကြည့်နေပေးလိုက်တယ်။ ခဏကြာတော့ သူလည်း မျက်လုံးပြန်ဖွင့်လာပြီး ကျွန်တော့်ကို စကားပြန်စ,ပြောတော့တယ်။

            ”အစ်ကို ပြောသလို စဉ်းစားကြည့်တော့ ကျွန်တော့်ခေါင်းထဲကို ဝင်လာတာ တချို့တော့ ရှိတယ်ဗျ။ ကျွန်တော် လုပ်ချင်တဲ့၊ လုပ်ရရင် ကိုယ့်ကိုယ်ကို ကျေနပ်ပျော်ရွှင်နေတယ်လို့ ထင်တာလေးတွေပေါ့။ ဒီလို ခဏလေးစဉ်းစားတာတောင် နည်းနည်းပေါ်လာရင် အချိန်ယူပြီး စဉ်းစားရင်တော့ ပိုပေါ်လာမှာပေါ့နော် အစ်ကို။“



            ”အင်း ဟုတ်တာပေါ့ ညီရ။ ညီ အခု အစ်ကို့ဆီက ပြန်သွားပြီးရင် အိမ်မှာလည်း အေးအေးဆေးဆေး အချိန်ယူပြီး ပြန်စဉ်းစားဦး။ ဘာလို့ဆို ဒီအဆင့်က အရေးကြီးတယ်။ ကိုယ် တကယ်ဘာလိုချင်တယ်၊ ဘာဖြစ်ချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်းသိမှ ရှေ့ဆက် လုပ်စရာရှိတာတွေကို ထိထိရောက်ရောက် ဆက်လုပ်လို့ရမှာ။ ဘယ်လိုအရည်အချင်းတွေ ဖြည့်ဆည်းဖို့ လိုတယ်။ ဘယ်လိုအခက်အခဲတွေ တွေ့လာရင် ဘယ်လိုဖြေရှင်း ကျော်လွှားနိုင်မယ် စသဖြင့်ပေါ့“

            ”ဟုတ် အစ်ကို။ ကျွန်တော် သေချာပြန်စဉ်းစားမယ်။ ပြီးရင် အစ်ကိုနဲ့ ပြန်လာတိုင်ပင်မယ်နော် အစ်ကို။“

            ”အေးပါ ရပါတယ်။ ဒါပေမယ့် အစ်ကို အခုကတည်းကကြိုပြီး တစ်ခုတော့ ပြောထားချင်တယ်။ အစ်ကိုဟာ ညီ့ကို ဖြစ်တန်ချေတွေ၊ ဖြစ်နိုင်ချေတွေကို အကြံပေးနေတာ သက်သက်ပဲ။ ညီ့အစား ဘာမှ ဝင်ပြီးဆုံးဖြတ်ပေးလို့မရဘူးနော်။ ဖြစ်နိုင်ရင် ညီ့ဘဝ အနာဂတ်အတွက် ဆုံးဖြတ်သူဟာ ညီကိုယ်တိုင်ပဲ ဖြစ်ရမယ်။ မိဘ၊ ဆွေမျိုး၊ ဆရာသမားတွေကစ,လို့ သူငယ်ချင်းအဆုံး ဘယ်သူမှ မဖြစ်သင့်ဘူး။ ညီကိုယ်တိုင်ပဲ ဖြစ်သင့်တယ်။ ဒါလေးတော့ ခေါင်းထဲမှာ သေချာလေး ထည့်ထား။



            မိဘ၊ ဆရာသမားတွေဆီက အကြံဉာဏ်တောင်းရမယ်။ သူတို့က ကိုယ့်ထက် ပညာဉာဏ် ဒါမှမဟုတ် ဘဝအတွေ့အကြုံ ပိုပြီးရှိတာကိုး။ သူတို့ဆီက အမြင်တွေကို ယူသင့်တာပေါ့။ ဒါပေမယ့် ဆုံးဖြတ်တဲ့အခါတော့ ကိုယ်တိုင်ပဲ သေသေချာချာ ဆုံးဖြတ်ရမှာပဲ။ အစ်ကို့ကိုလည်း အားမကိုးနဲ့။ ဘယ်သူ့ကိုမှလည်း မျက်လုံးစုံမှိတ်ပြီး အားမကိုးလိုက်နဲ့။ ကိုယ့်ဘဝအခြေအနေကို ကိုယ်ပဲ ရင်ဆိုင်ဖန်တီးရမှာ။ တခြားလူတွေကလည်း သူတို့ဘဝနဲ့သူတို့ ရှိနေကြမှာ။ အဲဒါလေးတော့ ခေါင်းထဲ ထည့်ထား ညီ။“

            ”ဟုတ် အစ်ကို၊ ကျွန်တော် ကြိုးစားကြည့်ပါမယ်။“

            “ဟ ငါ့ညီ၊ စေတနာနဲ့ တစ်ခု ထပ်ပြောလိုက်ဦးမယ်။ မင်း အဲ့လေသံကို ပြင်ဦးဟ။ ကြိုးစားကြည့်ပါမယ် မဟုတ်ဘူး ။ ”ကြိုးစားမယ်” ဒါပဲ။ ကြိုးစားကြည့်ပါမယ်ဆိုတဲ့လေသံက ပျော့နေတယ်။ စမ်းလုပ်ကြည့်မယ်။ မရရင် ရူးချင်ယောင်ဆောင်ပြီး လက်လျှော့လိုက်မယ် ဆိုတာမျိုး လေသံ ပေါက်နေတယ်။ ဒီအတိုင်း အလကားနီးပါးရနေတဲ့ လေတောင် ပျော့နေရင် တကယ်လက်တွေ့လုပ်တဲ့အခါ အခက်အခဲအဟန့်အတားတွေနဲ့ တကယ်နဖူးတွေ့ ဒူးတွေ့ ကြုံလာရင် မင်းဘယ်လို လုပ်မလဲ? လေသံကို မာထားလိုက်…ကျွန်တော် ကြိုးစားမယ်။ ဒါပဲ။“



            ညီငယ်တစ်ယောက် ကျွန်တော့်ကို မျက်လုံးပြူးကြည့်ရင်း ရယ်ပါတယ်။

           ”ဟား ဟား ဟား…အင်းပါ အစ်ကိုရာ။ ကျွန်တော် အစ်ကို ပြောဖူးတာကို မေ့သွားလို့ပါ။ အိုကေ။ ကျွန်တော်ပြန်ပြင် လိုက်မယ်။ ကျွန်တော် ကြိုးစားမယ် အစ်ကို။ ဒါပဲ။ ကျွန်တော် မရ,ရအောင်ကြိုးစားမယ်။“

            ”အေး၊ အဲ့လိုလုပ်စမ်းပါဟ ငါ့ညီရ“

            ကျွန်တော်လည်း သူ့စကားကို အားရဝမ်းသာ ထောက်ခံအားပေးလိုက်မိပါတယ်။ သူ့မျက်လုံးတွေမှာလည်း မျှော်လင့်ချက်အရောင်တချို့ တွေ့နေမိတယ်။ သူ့အတွက် တစ်ခုခု ပေးနိုင်လိုက်ပြီလို့ ယုံကြည်တဲ့အတွက် ကျွန်တော့်ကိုယ် ကျွန်တော်လည်း ကျေနပ်နေမိတယ်။

            တကယ်တမ်းတော့ ကျွန်တော်တို့တွေဟာ ကိုယ်စိတ်ချမ်းသာရာ၊ ပျော်ရာကို လုပ်နေရမှ ဘဝမှာ ရှင်သန်ရတာ အဓိပ္ပာယ်ရှိတယ်လို့ ခံစားနေရမြဲ မဟုတ်လားဗျာ။



Comments

  1. Thanks for sharing. Hope to see more.

    ReplyDelete
  2. လမ်းတွေပျောက်နေရတယ်

    ReplyDelete
  3. ကျေးဇူးတင်ပါတယ်

    ReplyDelete
  4. ကောင်းလိူက်တာ😍😍😍။Thank you very much

    ReplyDelete
  5. ကြိုးစားမယ်💪

    ReplyDelete
  6. Great thought ��

    ReplyDelete
  7. စိတ်ကူးနဲ့ အိမ်မက်များ မအလ​ကြောင့် တစစီ ပျက်စီးသွား

    ReplyDelete
  8. ပန်းတိုင်...!???😟

    ReplyDelete
  9. ကျေးဇူးပါဗျာ ကျွန်တော်လဲ ကြိုးစားမယ်

    ReplyDelete
  10. Reading makes you to choose right path

    ReplyDelete
  11. Thank for knowledges. I got many good things from you.

    ReplyDelete
  12. I want to read text like this, thank you for letting me read it now.(Thank Admin)

    ReplyDelete
  13. အရာအားလုံးအတွက် တောင်းပန်ပါတယ် Phooရေ
    ကိုယ့်အမှားနဲ့ကိုယ်ပဲမို့
    မင်းမမြင်နိုင်တဲ့နေရာတွေကပဲ
    ငေးကြည့်ရုံမှတပါး

    ReplyDelete
  14. ဒီဆောင်းပါးက ကျနော်ဖြစ်ခဲ့ဖူးတာနဲ့
    တစ်ထပ်ထဲပဲ...
    မရင့်ကျက်မှာ အတော်လမ်းပျောက်ကြတယ်။

    ReplyDelete
  15. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  16. ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ရပါမယ်။

    ReplyDelete
  17. လမ်းတွေပျောက်နေတာ
    ကျေးဇူးပါနော်

    ReplyDelete
  18. ဒီလိုစာလေးတွေဖတ်ရတော့ ကလစ်ရတာလဲ အကျိုးရှိသွားတာပေါ့ ကျေးဇူးပါ။

    ReplyDelete
  19. 🙆🙆🙇‍♀️🙇‍♀️

    ReplyDelete
  20. ကိုယ်ကတော့ google map နဲ့ပဲခရီးထွက်တယ်..ဒါတောင်တခါတလေ လမ်းပျောက်တာပဲ..

    ReplyDelete
    Replies
    1. ဂူးဂလ်မတ်လဲ မမှန်တော့ဝူးဂျာ..ညန်မာပလာဇာဂျီးလဲ ဘမပလာဇာဂျီးဖြစ်သွားပြီ..

      Delete
  21. I used to lose my dream before but once I realized What makes me Happy then I found out the correct way

    ReplyDelete
  22. လမ်း​တွေ ​ပျောက်အနာဂါတ်​တွေမရှိသလိုဖြစ်​နေ​ပေမယ့် နိုင်တဲ့​နေရာက​နေ
    အနာဂါတ်မျိုးဆက်​တွေနဲ ဘဝ​တွေအတွက် click together
    Win together ပါအားတင်းပြီး ရင်ဆိုင်​ကျော်ဖြတ် ငါတို့နိုင်​နေပြီ💪💪💪💪💪

    ReplyDelete
  23. ကိုယ်လဲ အာ့လိုဖစ်နေတာ
    ကျေးဇူးပါ ခုလိုဆောင်းပါးတွေများများရေးပေးပါအုံးနော်

    ReplyDelete
  24. 👍🏿👍🏿👍🏿👍🏿👍🏿👍🏿

    ReplyDelete
  25. 👍🏿👍🏿👍🏿👍🏿💪🏿💪🏿💪🏿💪🏿😍

    ReplyDelete
  26. 😍😍😍😍😍👍🏿👍🏿👍🏿💪🏿💪🏿💪🏿💪🏿

    ReplyDelete
  27. ဖတ်ထားတာ ကြာပေမယ့် ထပ်ဖတ်ခွင့်ရတော့ ထပ် သတိကပ်နိုင်ပြန်တာပေါ့
    ကျေးဇူးပါ ဆရာ

    ReplyDelete
  28. ဆောင်းပါးတွေများများတင်ပေးပါ

    ReplyDelete
  29. မသိ​တော့ဘူး ဘာမှ 🖱🖱🖱🖱🖱

    ReplyDelete
  30. အဆင်သင့်လိုက်လေခြင်း

    ReplyDelete
  31. ကိုယ့် လမ်းကိုယ်ဖောက် ကိုယ်တိုင်လျှာက် ဖြစ်အောင်လုပ်ရင် ဖြစ်ရမယ်
    Done.

    ReplyDelete
  32. ❤️❤️❤️❤️💪💪💪💪

    ReplyDelete
  33. လူငယ်တွေလမ်းပျောက်တာလည်းမပြောနဲ့ ကိုယ်တွေအဘွားကြီးဖြစ်ခါနီးအရွယ်တောင် ဝါသနာနဲ့ဘဝအသက်မွေးဝမ်းကျောင်းခုထိထပ်တူမကျဘူး
    တစ်ခါတစ်ရံ stress တွေအရမ်းများလာရင် ကိုယ့်ဘဝကိုယ်ခုထိစိတ်တိုင်းမကျဘူး🙂

    ReplyDelete
  34. ​​အောင်မြင်မှာ အ​သေအချာပါ ဒီတိုက်ပွဲ

    ReplyDelete
  35. ​ကျေးဇူးပါ

    ReplyDelete
  36. စာသားကြိုက်လို့

    ReplyDelete
  37. For the liberation of all💪🏻🤩❤❤

    ReplyDelete

Post a Comment