Fade Of Fear Part : 2

စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ ပြည်သူလူထုဟာ နေ့စဉ်ရက်ဆက် ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဒါပေမယ့် တတိုင်းပြည်လုံးရဲ့ တောင်းဆိုမှုကိုတွေကို မျက်ကွယ်ပြုတဲ့အပြင် အာဏာသိမ်းစစ်တပ်ဟာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ကိုယ့်ရဲ့ပြည်သူတွေကိုယ် ပြန်လည် အကြမ်းဖက် သတ်ဖြတ်ခဲ့ပါတယ်။
ဒီဖြစ်ရပ်တွေကို မခံမရပ်နိုင်တော့တဲ့ ပြည်သူလူထုဟာ လက်နက်ကိုင်ပြီး ဖြေရှင်းရေးလမ်းစဉ်ကိုရွေးချယ်ခဲ့ကြပါတယ်။ တတိုင်းပြည်လုံးမှာ တောရောမြိုပါမကျန် တနိုင်ငံလုံးအနှံ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ကို ပြန်လည်တိုက်ခိုက်ကြဖို စစ်ပညာတွေကို သင်ကြားပြီး ရရာလက်နက်ဆွဲကိုင်ပြီး ခုခံစစ်ကို ဆင်နွှကြပါတော့တယ်။
ပြည်သူတွေရဲ့ စိတ်အားထက်သန်မှု ပြည်သူတွေရဲ့ စည်းလုံးညီညွှတ်မှုတွေနဲ့ စစ်အာဏာသိမ်းအကြမ်းဖက်အဖွဲကို ပြန်လည်တိုက်ခိုက်လာခဲ့တာ အခုဆိုရင် ရှစ်လကြာတဲ့အထိ အာဏာသိမ်းစစ်တပ်ဟာ အောင်မြင်စွာအုပ်ချုပ်မှုမလုပ်နိုင်သေးပါဘူး။
မကြာခင်မှာပဲ ပြိုလဲသွားတော့မယ့် အနေအထားဖြစ်ပြီး မကြာခင်မှာပဲ ပြည်သူတွေဟာ အောင်ပွဲရရှိတော့မှာဖြစ်ပါတယ်။
ဒီလိုအောင်ပွဲရဖိုအတွက် click2donate ဟာလဲ တဖက်တလမ်းကနေပါဝင်အားဖြည့်နေတာဖြစ်တာမို
ပြည်သူလူထုတွေအနေနဲ့ အိမ်ကနေထိုင်ရာမထပဲ တော်လှန်ရေးအတွက်ပါဝင်ကူညီပေးကြပါဦးခင်ဗျား။

Comments

  1. ပြည်သူ့ရင်သွေးတွေ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်တဲ့အခါ ကျမတို့ဟာ သူတို့ကို စိတ်ဓာတ်အားဖြင့် ကူညီနေလို့ မပြီးသေးဘူး။ သူတို့ကို စစ်ရေးနိုင်အောင် အထောက်အပံ့တွေ ကူညီပေးရမယ်။ ဒါမှလည်း လွတ်မြောက်ရေးတိုက်ပွဲတွေ ဆင်နွှဲအောင်မြင်နိုင်လိမ့်မယ်။

    ဘာမှမဖြစ်ခဲ့သလို မနေကြပါနဲ့
    ဆုံးရှုံးထားရတာတွေက အနာတောင်မကျက်သေးပါဘူး။
    ပျော်ရွှင်မနေကြပါနဲ့ နေရာတိုင်းမှာ အသက်ပေးပြီး လွတ်လပ်မှုအတွက်တိုက်ယူနေကြရတာပါ

    ReplyDelete
  2. To win big,you need to take big risks
    (Bill Gates)

    ReplyDelete
  3. နွေဦးတော်လှန်ရေးအောင်ရမည်

    ReplyDelete

Post a Comment