ကိုယ့် Brand ကို ဒီ ၃ ချက်နဲ့ တည်ဆောက်ပါ
ကိုယ့် Brand ကို ဒီ ၃ ချက်နဲ့ တည်ဆောက်ပါ
Facebook က ဘဝ မဟုတ်ပါဘူး ဆိုပြီး ပြောတာတွေ ကြားရတဲ့အခါတိုင်း ကျွန်တော် ပြုံးနေမိတယ်။ ဘာလို့ဆိုတော့ Facebook က ကျွန်တော့်အတွက် တော်တော်လေး အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေခဲ့လို့ပါပဲ။
ဒီကနေတစ်ဆင့် တကယ်ကို လေးစားစရာကောင်းတဲ့သူတွေနဲ့ သိကျွမ်းခွင့်ရတယ်။ သူတို့ဆီကနေ လေ့လာလို့ ရခဲ့တယ်။ အလုပ်တွဲလုပ်ခွင့်တွေ ရခဲ့တယ်။ ကျွန်တော် ခုလုပ်နေတဲ့ မျိုးဆက်ပွါးကျန်းမာရေးနဲ့ ပတ်သက်ပြီး ရေဒီယို၊ တီဗွီ၊ ပုံနှိပ်မီဒီယာတွေမှာ ပါဝင်ခွင့်ရခဲ့တယ်၊ နယ်တွေကနေ ကျွန်တော့်ကို လှမ်းဖိတ်ကြတယ်။ ဒါတွေအကုန်လုံးဟာ Facebook ကတစ်ဆင့် ချိတ်ဆက်မိခဲ့ကြတာပါ။ ဒါကြောင့် Facebook ဟာ ခေတ်သစ်ကွန်ရက် (modern networking tool) တစ်ခုလို့ ဆိုနိုင်ပါတယ်။
ကျွန်တော်တို့ဟာ လူတိုင်းနဲ့ လိုက်မတွေ့နိုင်ပါဘူး။ Networking party တိုင်းကိုလည်း တက်မနေနိုင်ပါဘူး။ ဒီတော့ အဆက်အသွယ် များများရဖို့ Digital media ကို အသုံးချတတ်ဖို့လိုတယ်။ နောက်ပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူတွေ၊ ပြောတတ်ဆိုတတ်သူတွေက သိပ်ပြဿနာ မရှိဘူး။ Introvert လို့ ခေါ်တဲ့ အုံ့ပုန်းသမားတွေကျ ပြဿနာ ဖြစ်ပြီ။
ကျွန်တော်ဆိုလည်း Introvert လို့ ပြောလို့ရတယ်။ တအားကြီး လူကြောက်တာမျိုး မဟုတ်ပေမဲ့ ဖြစ်နိုင်ရင် တစ်ယောက်တည်း နေချင်တဲ့သူမျိုး။ အပြင်သိပ်မထွက်တတ်ဘူး။ ဘားတွေ ဆိုင်တွေဆိုလည်း ထိုင်လေ့မရှိဘူး။ လူများများရှိတဲ့ နေရာဆို စိတ်ကျဉ်းကြပ်တယ်။ ရင်းနှီးတဲ့လူလောက်နဲ့သာ စကားများများပြောတာ။ အဲ့လိုလူမျိုးတွေကရော အဆက်အသွယ် ဘယ်လိုရှာမလဲ။
ဒီအတွက် ကျနော့်အကြောင်း နည်းနည်းဝေမျှချင်တယ်။
လက်ရှိ ကျွန်တော့်မှာ ရှိနေတဲ့ အဆက်အသွယ်တွေ၊ ကျွန်တော်နဲ့ အလုပ်တွဲလုပ်နေ၊ တွဲလုပ်ဖူးတဲ့သူတွေ၊ ကျွန်တော့်ကို အကျိုးပြုနေတဲ့သူတွေရဲ့ ၉၅ ရာခိုင်နှုန်းလောက်ဟာ ကျွန်တော့်အနေနဲ့ တကူးတက သွားချိတ်ဆက်ခဲ့တာ မဟုတ်ဘူး။ Social media က တစ်ဆင့်ပဲ အဆက်အသွယ်တွေ ရလာကြတာ။
အဆက်အသွယ်က လိုတယ်။ အရေးလည်းကြီးတယ်။ တစ်ဖက်မှာလည်း ကိုယ်က Introvert ဖြစ်နေတယ်။ ဒီတော့ အသုံးချစရာက Social media ပဲ ကျန်တော့တယ်။ ဒီအပေါ်မှာ ကိုယ့်ကိုယ်ကိုယ် Branding လုပ်တယ်။ နာမည်တည်ဆောက်တယ်။ အဲဒီအခါ သတိထားမိသူတွေ များများလာပြီး လာချိတ်ဆက်ကြတယ်။ အဆက်အသွယ်တွေ ရလာတယ်။ ကိုယ်က သွားချိတ်ဆက်ရင်လည်း အလွယ်တကူ လက်သင့်ခံကြတယ်။ ဒီလိုနဲ့ပဲ အလုပ်တွေ များများစားစား လုပ်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။
စာပေအသိုင်းအဝိုင်းနဲ့ နီးစပ်မှု လုံးဝ မရှိခဲ့တဲ့ ကျွန်တော့်လို လူတစ်ယောက်အနေနဲ့ ဒီလို စာအုပ်ထုတ်နိုင်ဖို့ ဆိုတာ Facebook ရဲ့ အကူအညီမရဘဲ မဖြစ်ဘူး။ ကုန်ကုန်ပြောရရင် ဒါသာ မရှိရင် စာရေးဖြစ်ဖို့တောင် မလွယ်ဘူး။ ဒါကြောင့် ကျွန်တော့်တစ်ဦးတည်း အယူအဆအရတော့ Facebook ကို networking နဲ့ branding အတွက် စနစ်တကျ အသုံးချသင့်တယ်လို့ ထင်တယ်။ အထူးသဖြင့် လူငယ်တွေအတွက်ပေါ့။ အပြင်မှာ အောင်မြင်မှု တစ်စုံတစ်ရာ ရပြီးသား လူတွေအတွက်တော့ သိပ်ပြဿနာမရှိဘူးလို့ အကြမ်းဖျင်း ပြောလို့ရတယ်။
အဲဒီလို Facebook ကို အကျိုးရှိအောင် သုံးဖို့ဆိုရင် အဆင့် ၁ ကိုယ့်နာမည် ကိုယ်တည်ဆောက်မယ်၊ အဆင့် ၂ အဲဒီတည်ဆောက်မှုကတစ်ဆင့် ပြင်ပမှာပါ အကျိုးရလဒ် တစ်စုံတစ်ရာ ရအောင်ပြန်လုပ်ရမယ်။ ဥပမာ မားကတ်တင်းပညာရှင်အဖြစ် လူသိအောင် လုပ်မယ်၊ အဲဒီကမှ အလုပ်ပရောဂျက်တွေ ရှာမယ်၊ ကိုယ့်ထက် တတ်ကျွမ်းတဲ့ ပညာရှင်တွေ၊ အလုပ်အပ်မယ့် လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်လို့ ရလာမယ်။ ဒုတိယတစ်ဆင့်ထိ မရောက်ဘဲ Facebook မှာ လူသိများရုံသက်သက်ဆိုရင်တော့ အလဟဿပဲလို့ ဆိုနိုင်ပါတယ်။
အဲဒီတော့ ပထမအဆင့်အနေနဲ့ ကိုယ့်နာမည်ကို အကောင်းဆုံးတည်ဆောက်ပါ။
ဒီနေရာမှာ Facebook ကို သုံးပြီး Branding လုပ်ချင်တဲ့ လူငယ်တိုင်း မဖြစ်မနေ သတိထားသင့်တဲ့ စည်းမျဉ်းနှစ်ခု ပြောလိုပါတယ်။
ပထမစည်းမျဉ်း – “Facebook က Virtual world” ဆိုတာကို မေ့ပစ်ပါ။
ထားပါတော့၊ ကျွန်တော် ကောင်မလေးတစ်ယောက်နဲ့ နိုက်ကလပ်မှာ ကနေတဲ့ ဓါတ်ပုံတစ်ပုံကို Facebook မှာ တင်လိုက်တယ်ဆိုပါစို့။ မြင်လိုက်ရသူတွေက ဘယ်လိုထင်မလဲ။ သူတို့ထင်တဲ့အတိုင်း ကျွန်တော်တို့ဟာ ဖြစ်ချင်မှ ဖြစ်နေမယ်။ ဒါပေမယ့် အားလုံးကတော့ အဲဒီအတိုင်း ထင်သွားကြမှာပဲ။ ကျွန်တော်က ဘုရားမှာ Check-in ဝင်တယ်။ ဘယ်သူကမှ ကျွန်တော် ဘုရားကို တကယ်ရောက်နေမနေ လာမစစ်ပါဘူး။ “တကယ်” လို့ပဲ ထင်လိုက်ကြတာပဲ။
ဟုတ်တယ်၊ Facebook မှာ တင်သမျှ အကုန်လုံး မှန်ကန်တယ်လို့တော့ ယူဆလို့မရပေမယ့် တော်တော်များများက အဲဒီအတိုင်း ယူဆနေကြတယ် ဆိုတာကိုလည်း ငြင်းလို့မရဘူး။ ဒါကြောင့် Facebook ဆိုတာ အတုအယောင်လောကကြီးပါ၊ ဟန်ဆောင်နေကြတာပါ၊ Virtual world ကြီးပါ ဆိုတဲ့ အယူအဆနဲ့ တင်ချင်ရာတင်၊ ပြောချင်ရာပြော လုပ်လိုက်ရင် ကိုယ့်ရဲ့နာမည် တစ်စုံတစ်ရာ ထိခိုက်နိုင်ပါတယ်။
ဒါကြောင့် ထင်ချင်သလိုထင်၊ ဂရုကိုမစိုက်ဘူး၊ လူတွေရဲ့ အထင်အမြင်ကလည်း ကိုယ့်အပေါ် ဘာသက်ရောက်မှုမှ မရှိဘူး ထင်ရင် လုပ်ပါ။ ဒါပေမယ့် ဒီလူမှုကွန်ရက်ကတစ်ဆင့် နာမည်တစ်ခုကို သေချာတည်ဆောက်ချင်တယ်ဆိုရင်တော့ သတိထားဖို့ လိုပါမယ်။
မှတ်ထားပါ။ Brand ဆိုတာ ကိုယ်ကပြောတဲ့ ကိုယ့်အကြောင်း မဟုတ်ပါဘူး။ သူများကပြောတဲ့ ကိုယ့်အကြောင်းပါ။ အဲဒီလို သူများပြောတဲ့ ကိုယ့်အကြောင်း လှလှပပလေး ဖြစ်နေအောင် တည်ဆောက်တာကိုတော့ Branding လို့ ခေါ်ပါတယ်။ ဒီတော့ Branding လုပ်ချင်ရင် ဘယ်သူဘယ်လိုထင်ထင် ကိုယ်မဟုတ်ရင် ပြီးတာပဲ ဆိုတဲ့ အယူအဆ ခေါင်းထဲက ထုတ်ပစ်ပါ။ ကိုယ်မဟုတ်ဖို့လည်း လိုတယ်၊ ကိုယ်မဟုတ်တာကို လူသိဖို့လည်း လိုပါတယ်။
ဒုတိယစည်းမျဉ်း – ကိုယ်သိတာတွေကို ဝေမျှဖို့ ကြိုးစားပါ။
ခပ်တိုတိုပဲ ဥပမာပေးပါမယ်။ ကျွန်တော် စာအုပ်ထုတ်တယ်။ ပုံမှန်ဆို ဒီစာတွေက Facebook မှာ အကုန်တင်ပြီးသား။ သမားရိုးကျ စဉ်းစားကြည့်။ ဝယ်ဖတ်စရာအကြောင်း မရှိဘူး။ အဲဒီတော့ ငါ Facebook မှာ မရေးတော့ဘူး၊ ဒါမှ စာအုပ်ထွက်ရင် သူတို့ဝယ်ဖတ်မှာ ဆိုပြီး လုပ်မယ်ဆိုပါစို့။ သေချာတယ်၊ အဲဒီစာအုပ်တွေ ဘယ်လိုမှ ရောင်းရမှာမဟုတ်ဘူး။ ဘာလို့လဲဆိုရင် ဒေါက်တာ ဖြိုးသီဟ ဆိုတဲ့ Brand ကို လူမသိတော့လို့ပဲ။
ခုတော့ အဲ့လိုမဟုတ်ဘူး။ ကျွန်တော် လူမှုကွန်ရက်မှာပဲ ဆက်ရေးတယ်။ တဖြည်းဖြည်း ဒေါက်တာဖြိုးသီဟ ဆိုတာကို သတိထားမိလာတယ်။ စာအုပ်ဆိုင်ရောက်လို့ ကျွန်တော့် စာအုပ်တွေ့တဲ့အခါ နာမည်မှတ်မိနေတော့ ဝယ်ဖြစ်သွားတယ်။ စာအုပ်ပိုရောင်းရတယ်။
ဒါကြောင့် ဒီခေတ်က သိတာကို လျှိုထားမယ်ဆိုတဲ့ခေတ် မဟုတ်တော့ဘူး။ ကိုယ်သိထားတာကို ချပြပြီး ကိုယ်ဘာကောင်လဲ ဆိုတာကို တည်ဆောက်ရတဲ့ခေတ် ဖြစ်လာပါပြီ။ ကိုယ်က Digital marketer ဆိုပါတော့။ ကိုယ်သိထားတဲ့ Digital marketing အကြောင်းတွေ Facebook မှာ တင်လိုက်လို့ လုပ်ငန်းရှင်တွေက အဲဒါလေးဖတ်ပြီး သူတို့ဟာသူတို့ ထမလုပ်ပါဘူး။ ဒီကောင်က ဒီနေရာမှာ ဆရာပဲ၊ ငါတို့ လုပ်ငန်း သူ့လက်ထဲ အပ်ရင် အဆင်ပြေလောက်တယ်လို့ပဲ တွေးသွားတာပါ။ ဒါကြောင့်မို့ အဲ့လိုတွေ ချပြလိုက်လို့ တခြားလူတွေက ကိုယ့်ဆီကနေ ကူးချသွားမလား မစိုးရိမ်ပါနဲ့။ အဲဒီဝေမျှမှုက လူတွေကို ကိုယ်ဘယ်သူလဲ သိသွားစေတယ်။ ကိုယ့်အပေါ် ယုံကြည်မှုရှိသွားစေတယ်။ Brand တည်ဆောက်ပြီးသားလည်း ဖြစ်သွားစေပါတယ်။
ဒုတိယတစ်ဆင့်ကတော့ အဲဒီကနေမှ ပြင်ပမှာ ရလဒ်တခုခု ရလာဖို့ဖြစ်ပါတယ်။
ဒီအတွက် ဘာဖြစ်ဖို့လိုလဲဆိုရင် အွန်လိုင်းမှာ ကိုယ်တည်ဆောက်ထားတဲ့ Brand နဲ့ ကိုယ့်ရဲ့ပြင်ပပုံစံဟာ တစ်ထပ်တည်းမဟုတ်တောင် တစ်ထပ်တည်းနီးပါးကျဖို့ လိုပါတယ်။ ဒါမှ ရလဒ်တစ်ခု ရမှာပါ။
Facebook မှာ တင်တာကို လူတွေက တကယ် လို့ပဲ မှတ်ယူနေကြတော့ ကျွန်တော်တို့တွေဟာ ကိုယ့် Brand ကို ဟန်ဆောင်ပြီး တည်ဆောက်ကြတယ်။ အပြင်မှာ စိတ်ကောင်းမရှိဘဲ အွန်လိုင်းမှာ ဖြူစင်အပြစ်ကင်းတဲ့ ပုံစံ ဖမ်းနေကြတယ်။ အပြင်မှာ အလုပ်မကြိုးစားဘဲ အွန်လိုင်းကျမှ မိုးပေါ်က မဆင်းတမ်း စကားလုံးကြီးတွေ ပြောနေကြတယ်။ အပြင်မှာ တစ်စက်မှမလှဘဲ Effect တွေသုံးထားတဲ့ ဓါတ်ပုံတွေနဲ့ Follower စုဆောင်းနေကြတယ်။ ကိုယ်တကယ်မယုံကြည်ဘဲနဲ့ လူကြိုက်များဖို့သက်သက် ဘုန်းတော်ဘွဲ့တွေ ရေးနေကြတယ်။
တဖြည်းဖြည်း ဘာနဲ့တူလာလဲဆိုတော့ ကျင့်ဝတ်မရှိတဲ့ Online shopping က ပစ္စည်းတွေလိုပဲ။ ပြထားတာကတော့ လန်ပျံနေတာပဲ၊ တကယ်တမ်း သုံးကြည့်မှ တက်တက်စင်အောင် လွဲနေတာမျိုး ဖြစ်နေတယ်။ အဲ့တော့ ဘာဖြစ်လဲ ရှင်းပါတယ်။ နောက်တစ်ခေါက် ထပ်မဝယ်ဘူးပေါ့။ လူတွေဟာ ဘယ်လောက်ချစ်ပါတယ် ခင်ပါတယ်ဆိုဆို အလုပ်တကယ်တွဲလုပ်ရတော့မယ်ဆိုရင် ရိုးသားတဲ့သူ၊ တော်တဲ့သူတွေနဲ့ပဲ တွဲလုပ်ချင်တာပါ။ Network သိပ်အရေးကြီးတယ်လို့ ပြောလာကြတဲ့ ဒီခေတ်မှာ ကိုယ်က အရည်အချင်းမရှိဘူး၊ မရိုးသားဘူးဆိုရင် ဘယ်သူနဲ့မှ Network ချိတ်လို့ရမှာ မဟုတ်ပါဘူး။ အဲဒါဆို ကိုယ်ဟန်ဆောင်ပြီး တကူးတက တည်ဆောက်ထားတဲ့ Brand ကြီးကလည်း ဘာအကျိုးရှိဦးမှာလဲ။ ဒါကြောင့်မို့ စစ်မှန်မှု ရှိဖို့ သိပ်အရေးကြီးပါတယ်။
ဒီတော့ လူမှုကွန်ရက်ကတစ်ဆင့် ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ်အောင်မြင်မှုကို တည်ဆောက်ချင်တယ်ဆိုတဲ့ လူငယ်တွေအနေနဲ့ ဒီ ၃ ချက်ကို သတိထားဖို့ လိုပါတယ်။
၁။ “Facebook က Virtual world” ဆိုတာကြီးကို မေ့ပစ်ပါ။ ကိုယ်တင်သမျှ ပို့စ်တွေကတစ်ဆင့် လူတွေက ကိုယ့်ကို အကဲဖြတ်နေပါတယ်။
၂။ ကိုယ့်အလုပ်နဲ့ ပတ်သက်ပြီး ကိုယ်သိထားတာ တခုခုကို ဝေမျှတတ်တဲ့ အလေ့အထမွေးပါ။ အဲဒါက ကိုယ့် Brand ကို အထောက်အကူ ဖြစ်စေပါလိမ့်မယ်။
၃။ ပြင်ပက ကိုယ့်ပုံစံနဲ့ တစ်ထပ်တည်းနီးပါးကျနေတဲ့ Brand image ကိုသာ တည်ဆောက်ပါ။ ရိုးသားပါ။ စစ်မှန်ပါ။ ဒီလောက် သတင်းအချက်အလက်တွေ မြန်ဆန်နေတဲ့ခေတ်ကြီးမှာ ဟန်ဆောင်ဖို့ ကြိုးစားတာဟာ အင်မတန်မိုက်မဲတဲ့ အပြုအမူတစ်ရပ်သာ ဖြစ်ပါတယ်။
ဒေါက်တာ ဖြိုးသီဟ
၁၃.၁၀.၂၀၁၇
[ zawgyi ]
ကိုယ့္ Brand ကို ဒီ ၃ ခ်က္နဲ႔ တည္ေဆာက္ပါ
Facebook က ဘဝ မဟုတ္ပါဘူး ဆိုၿပီး ေျပာတာေတြ ၾကားရတဲ့အခါတိုင္း ကြၽန္ေတာ္ ၿပဳံးေနမိတယ္။ ဘာလို႔ဆိုေတာ့ Facebook က ကြၽန္ေတာ့္အတြက္ ေတာ္ေတာ္ေလး အေရးပါတဲ့ အခန္းက႑မွာ ရွိေနခဲ့လို႔ပါပဲ။
ဒီကေနတစ္ဆင့္ တကယ္ကို ေလးစားစရာေကာင္းတဲ့သူေတြနဲ႔ သိကြၽမ္းခြင့္ရတယ္။ သူတို႔ဆီကေန ေလ့လာလို႔ ရခဲ့တယ္။ အလုပ္တြဲလုပ္ခြင့္ေတြ ရခဲ့တယ္။ ကြၽန္ေတာ္ ခုလုပ္ေနတဲ့ မ်ိဳးဆက္ပြါးက်န္းမာေရးနဲ႔ ပတ္သက္ၿပီး ေရဒီယို၊ တီဗြီ၊ ပုံႏွိပ္မီဒီယာေတြမွာ ပါဝင္ခြင့္ရခဲ့တယ္၊ နယ္ေတြကေန ကြၽန္ေတာ့္ကို လွမ္းဖိတ္ၾကတယ္။ ဒါေတြအကုန္လုံးဟာ Facebook ကတစ္ဆင့္ ခ်ိတ္ဆက္မိခဲ့ၾကတာပါ။ ဒါေၾကာင့္ Facebook ဟာ ေခတ္သစ္ကြန္ရက္ (modern networking tool) တစ္ခုလို႔ ဆိုႏိုင္ပါတယ္။
ကြၽန္ေတာ္တို႔ဟာ လူတိုင္းနဲ႔ လိုက္မေတြ႕ႏိုင္ပါဘူး။ Networking party တိုင္းကိုလည္း တက္မေနႏိုင္ပါဘူး။ ဒီေတာ့ အဆက္အသြယ္ မ်ားမ်ားရဖို႔ Digital media ကို အသုံးခ်တတ္ဖို႔လိုတယ္။ ေနာက္ၿပီး ေပါင္းသင္းဆက္ဆံေရး ေကာင္းတဲ့သူေတြ၊ ေျပာတတ္ဆိုတတ္သူေတြက သိပ္ျပႆနာ မရွိဘူး။ Introvert လို႔ ေခၚတဲ့ အုံ႔ပုန္းသမားေတြက် ျပႆနာ ျဖစ္ၿပီ။
ကြၽန္ေတာ္ဆိုလည္း Introvert လို႔ ေျပာလို႔ရတယ္။ တအားႀကီး လူေၾကာက္တာမ်ိဳး မဟုတ္ေပမဲ့ ျဖစ္ႏိုင္ရင္ တစ္ေယာက္တည္း ေနခ်င္တဲ့သူမ်ိဳး။ အျပင္သိပ္မထြက္တတ္ဘူး။ ဘားေတြ ဆိုင္ေတြဆိုလည္း ထိုင္ေလ့မရွိဘူး။ လူမ်ားမ်ားရွိတဲ့ ေနရာဆို စိတ္က်ဥ္းၾကပ္တယ္။ ရင္းႏွီးတဲ့လူေလာက္နဲ႔သာ စကားမ်ားမ်ားေျပာတာ။ အဲ့လိုလူမ်ိဳးေတြကေရာ အဆက္အသြယ္ ဘယ္လိုရွာမလဲ။
ဒီအတြက္ က်ေနာ့္အေၾကာင္း နည္းနည္းေဝမွ်ခ်င္တယ္။
လက္ရွိ ကြၽန္ေတာ့္မွာ ရွိေနတဲ့ အဆက္အသြယ္ေတြ၊ ကြၽန္ေတာ္နဲ႔ အလုပ္တြဲလုပ္ေန၊ တြဲလုပ္ဖူးတဲ့သူေတြ၊ ကြၽန္ေတာ့္ကို အက်ိဳးျပဳေနတဲ့သူေတြရဲ႕ ၉၅ ရာခိုင္ႏႈန္းေလာက္ဟာ ကြၽန္ေတာ့္အေနနဲ႔ တကူးတက သြားခ်ိတ္ဆက္ခဲ့တာ မဟုတ္ဘူး။ Social media က တစ္ဆင့္ပဲ အဆက္အသြယ္ေတြ ရလာၾကတာ။
အဆက္အသြယ္က လိုတယ္။ အေရးလည္းႀကီးတယ္။ တစ္ဖက္မွာလည္း ကိုယ္က Introvert ျဖစ္ေနတယ္။ ဒီေတာ့ အသုံးခ်စရာက Social media ပဲ က်န္ေတာ့တယ္။ ဒီအေပၚမွာ ကိုယ့္ကိုယ္ကိုယ္ Branding လုပ္တယ္။ နာမည္တည္ေဆာက္တယ္။ အဲဒီအခါ သတိထားမိသူေတြ မ်ားမ်ားလာၿပီး လာခ်ိတ္ဆက္ၾကတယ္။ အဆက္အသြယ္ေတြ ရလာတယ္။ ကိုယ္က သြားခ်ိတ္ဆက္ရင္လည္း အလြယ္တကူ လက္သင့္ခံၾကတယ္။ ဒီလိုနဲ႔ပဲ အလုပ္ေတြ မ်ားမ်ားစားစား လုပ္လာႏိုင္ခဲ့တာ ျဖစ္ပါတယ္။
စာေပအသိုင္းအဝိုင္းနဲ႔ နီးစပ္မႈ လုံးဝ မရွိခဲ့တဲ့ ကြၽန္ေတာ့္လို လူတစ္ေယာက္အေနနဲ႔ ဒီလို စာအုပ္ထုတ္ႏိုင္ဖို႔ ဆိုတာ Facebook ရဲ႕ အကူအညီမရဘဲ မျဖစ္ဘူး။ ကုန္ကုန္ေျပာရရင္ ဒါသာ မရွိရင္ စာေရးျဖစ္ဖို႔ေတာင္ မလြယ္ဘူး။ ဒါေၾကာင့္ ကြၽန္ေတာ့္တစ္ဦးတည္း အယူအဆအရေတာ့ Facebook ကို networking နဲ႔ branding အတြက္ စနစ္တက် အသုံးခ်သင့္တယ္လို႔ ထင္တယ္။ အထူးသျဖင့္ လူငယ္ေတြအတြက္ေပါ့။ အျပင္မွာ ေအာင္ျမင္မႈ တစ္စုံတစ္ရာ ရၿပီးသား လူေတြအတြက္ေတာ့ သိပ္ျပႆနာမရွိဘူးလို႔ အၾကမ္းဖ်င္း ေျပာလို႔ရတယ္။
အဲဒီလို Facebook ကို အက်ိဳးရွိေအာင္ သုံးဖို႔ဆိုရင္ အဆင့္ ၁ ကိုယ့္နာမည္ ကိုယ္တည္ေဆာက္မယ္၊ အဆင့္ ၂ အဲဒီတည္ေဆာက္မႈကတစ္ဆင့္ ျပင္ပမွာပါ အက်ိဳးရလဒ္ တစ္စုံတစ္ရာ ရေအာင္ျပန္လုပ္ရမယ္။ ဥပမာ မားကတ္တင္းပညာရွင္အျဖစ္ လူသိေအာင္ လုပ္မယ္၊ အဲဒီကမွ အလုပ္ပေရာဂ်က္ေတြ ရွာမယ္၊ ကိုယ့္ထက္ တတ္ကြၽမ္းတဲ့ ပညာရွင္ေတြ၊ အလုပ္အပ္မယ့္ လုပ္ငန္းရွင္ေတြနဲ႔ ခ်ိတ္ဆက္လို႔ ရလာမယ္။ ဒုတိယတစ္ဆင့္ထိ မေရာက္ဘဲ Facebook မွာ လူသိမ်ား႐ုံသက္သက္ဆိုရင္ေတာ့ အလဟႆပဲလို႔ ဆိုႏိုင္ပါတယ္။
အဲဒီေတာ့ ပထမအဆင့္အေနနဲ႔ ကိုယ့္နာမည္ကို အေကာင္းဆုံးတည္ေဆာက္ပါ။
ဒီေနရာမွာ Facebook ကို သုံးၿပီး Branding လုပ္ခ်င္တဲ့ လူငယ္တိုင္း မျဖစ္မေန သတိထားသင့္တဲ့ စည္းမ်ဥ္းႏွစ္ခု ေျပာလိုပါတယ္။
ပထမစည္းမ်ဥ္း – “Facebook က Virtual world” ဆိုတာကို ေမ့ပစ္ပါ။
ထားပါေတာ့၊ ကြၽန္ေတာ္ ေကာင္မေလးတစ္ေယာက္နဲ႔ ႏိုက္ကလပ္မွာ ကေနတဲ့ ဓါတ္ပုံတစ္ပုံကို Facebook မွာ တင္လိုက္တယ္ဆိုပါစို႔။ ျမင္လိုက္ရသူေတြက ဘယ္လိုထင္မလဲ။ သူတို႔ထင္တဲ့အတိုင္း ကြၽန္ေတာ္တို႔ဟာ ျဖစ္ခ်င္မွ ျဖစ္ေနမယ္။ ဒါေပမယ့္ အားလုံးကေတာ့ အဲဒီအတိုင္း ထင္သြားၾကမွာပဲ။ ကြၽန္ေတာ္က ဘုရားမွာ Check-in ဝင္တယ္။ ဘယ္သူကမွ ကြၽန္ေတာ္ ဘုရားကို တကယ္ေရာက္ေနမေန လာမစစ္ပါဘူး။ “တကယ္” လို႔ပဲ ထင္လိုက္ၾကတာပဲ။
ဟုတ္တယ္၊ Facebook မွာ တင္သမွ် အကုန္လုံး မွန္ကန္တယ္လို႔ေတာ့ ယူဆလို႔မရေပမယ့္ ေတာ္ေတာ္မ်ားမ်ားက အဲဒီအတိုင္း ယူဆေနၾကတယ္ ဆိုတာကိုလည္း ျငင္းလို႔မရဘူး။ ဒါေၾကာင့္ Facebook ဆိုတာ အတုအေယာင္ေလာကႀကီးပါ၊ ဟန္ေဆာင္ေနၾကတာပါ၊ Virtual world ႀကီးပါ ဆိုတဲ့ အယူအဆနဲ႔ တင္ခ်င္ရာတင္၊ ေျပာခ်င္ရာေျပာ လုပ္လိုက္ရင္ ကိုယ့္ရဲ႕နာမည္ တစ္စုံတစ္ရာ ထိခိုက္ႏိုင္ပါတယ္။
ဒါေၾကာင့္ ထင္ခ်င္သလိုထင္၊ ဂ႐ုကိုမစိုက္ဘူး၊ လူေတြရဲ႕ အထင္အျမင္ကလည္း ကိုယ့္အေပၚ ဘာသက္ေရာက္မႈမွ မရွိဘူး ထင္ရင္ လုပ္ပါ။ ဒါေပမယ့္ ဒီလူမႈကြန္ရက္ကတစ္ဆင့္ နာမည္တစ္ခုကို ေသခ်ာတည္ေဆာက္ခ်င္တယ္ဆိုရင္ေတာ့ သတိထားဖို႔ လိုပါမယ္။
မွတ္ထားပါ။ Brand ဆိုတာ ကိုယ္ကေျပာတဲ့ ကိုယ့္အေၾကာင္း မဟုတ္ပါဘူး။ သူမ်ားကေျပာတဲ့ ကိုယ့္အေၾကာင္းပါ။ အဲဒီလို သူမ်ားေျပာတဲ့ ကိုယ့္အေၾကာင္း လွလွပပေလး ျဖစ္ေနေအာင္ တည္ေဆာက္တာကိုေတာ့ Branding လို႔ ေခၚပါတယ္။ ဒီေတာ့ Branding လုပ္ခ်င္ရင္ ဘယ္သူဘယ္လိုထင္ထင္ ကိုယ္မဟုတ္ရင္ ၿပီးတာပဲ ဆိုတဲ့ အယူအဆ ေခါင္းထဲက ထုတ္ပစ္ပါ။ ကိုယ္မဟုတ္ဖို႔လည္း လိုတယ္၊ ကိုယ္မဟုတ္တာကို လူသိဖို႔လည္း လိုပါတယ္။
ဒုတိယစည္းမ်ဥ္း – ကိုယ္သိတာေတြကို ေဝမွ်ဖို႔ ႀကိဳးစားပါ။
ခပ္တိုတိုပဲ ဥပမာေပးပါမယ္။ ကြၽန္ေတာ္ စာအုပ္ထုတ္တယ္။ ပုံမွန္ဆို ဒီစာေတြက Facebook မွာ အကုန္တင္ၿပီးသား။ သမား႐ိုးက် စဥ္းစားၾကည့္။ ဝယ္ဖတ္စရာအေၾကာင္း မရွိဘူး။ အဲဒီေတာ့ ငါ Facebook မွာ မေရးေတာ့ဘူး၊ ဒါမွ စာအုပ္ထြက္ရင္ သူတို႔ဝယ္ဖတ္မွာ ဆိုၿပီး လုပ္မယ္ဆိုပါစို႔။ ေသခ်ာတယ္၊ အဲဒီစာအုပ္ေတြ ဘယ္လိုမွ ေရာင္းရမွာမဟုတ္ဘူး။ ဘာလို႔လဲဆိုရင္ ေဒါက္တာ ၿဖိဳးသီဟ ဆိုတဲ့ Brand ကို လူမသိေတာ့လို႔ပဲ။
ခုေတာ့ အဲ့လိုမဟုတ္ဘူး။ ကြၽန္ေတာ္ လူမႈကြန္ရက္မွာပဲ ဆက္ေရးတယ္။ တျဖည္းျဖည္း ေဒါက္တာၿဖိဳးသီဟ ဆိုတာကို သတိထားမိလာတယ္။ စာအုပ္ဆိုင္ေရာက္လို႔ ကြၽန္ေတာ့္ စာအုပ္ေတြ႕တဲ့အခါ နာမည္မွတ္မိေနေတာ့ ဝယ္ျဖစ္သြားတယ္။ စာအုပ္ပိုေရာင္းရတယ္။
ဒါေၾကာင့္ ဒီေခတ္က သိတာကို လွ်ိဳထားမယ္ဆိုတဲ့ေခတ္ မဟုတ္ေတာ့ဘူး။ ကိုယ္သိထားတာကို ခ်ျပၿပီး ကိုယ္ဘာေကာင္လဲ ဆိုတာကို တည္ေဆာက္ရတဲ့ေခတ္ ျဖစ္လာပါၿပီ။ ကိုယ္က Digital marketer ဆိုပါေတာ့။ ကိုယ္သိထားတဲ့ Digital marketing အေၾကာင္းေတြ Facebook မွာ တင္လိုက္လို႔ လုပ္ငန္းရွင္ေတြက အဲဒါေလးဖတ္ၿပီး သူတို႔ဟာသူတို႔ ထမလုပ္ပါဘူး။ ဒီေကာင္က ဒီေနရာမွာ ဆရာပဲ၊ ငါတို႔ လုပ္ငန္း သူ႔လက္ထဲ အပ္ရင္ အဆင္ေျပေလာက္တယ္လို႔ပဲ ေတြးသြားတာပါ။ ဒါေၾကာင့္မို႔ အဲ့လိုေတြ ခ်ျပလိုက္လို႔ တျခားလူေတြက ကိုယ့္ဆီကေန ကူးခ်သြားမလား မစိုးရိမ္ပါနဲ႔။ အဲဒီေဝမွ်မႈက လူေတြကို ကိုယ္ဘယ္သူလဲ သိသြားေစတယ္။ ကိုယ့္အေပၚ ယုံၾကည္မႈရွိသြားေစတယ္။ Brand တည္ေဆာက္ၿပီးသားလည္း ျဖစ္သြားေစပါတယ္။
ဒုတိယတစ္ဆင့္ကေတာ့ အဲဒီကေနမွ ျပင္ပမွာ ရလဒ္တခုခု ရလာဖို႔ျဖစ္ပါတယ္။
ဒီအတြက္ ဘာျဖစ္ဖို႔လိုလဲဆိုရင္ အြန္လိုင္းမွာ ကိုယ္တည္ေဆာက္ထားတဲ့ Brand နဲ႔ ကိုယ့္ရဲ႕ျပင္ပပုံစံဟာ တစ္ထပ္တည္းမဟုတ္ေတာင္ တစ္ထပ္တည္းနီးပါးက်ဖို႔ လိုပါတယ္။ ဒါမွ ရလဒ္တစ္ခု ရမွာပါ။
Facebook မွာ တင္တာကို လူေတြက တကယ္ လို႔ပဲ မွတ္ယူေနၾကေတာ့ ကြၽန္ေတာ္တို႔ေတြဟာ ကိုယ့္ Brand ကို ဟန္ေဆာင္ၿပီး တည္ေဆာက္ၾကတယ္။ အျပင္မွာ စိတ္ေကာင္းမရွိဘဲ အြန္လိုင္းမွာ ျဖဴစင္အျပစ္ကင္းတဲ့ ပုံစံ ဖမ္းေနၾကတယ္။ အျပင္မွာ အလုပ္မႀကိဳးစားဘဲ အြန္လိုင္းက်မွ မိုးေပၚက မဆင္းတမ္း စကားလုံးႀကီးေတြ ေျပာေနၾကတယ္။ အျပင္မွာ တစ္စက္မွမလွဘဲ Effect ေတြသုံးထားတဲ့ ဓါတ္ပုံေတြနဲ႔ Follower စုေဆာင္းေနၾကတယ္။ ကိုယ္တကယ္မယုံၾကည္ဘဲနဲ႔ လူႀကိဳက္မ်ားဖို႔သက္သက္ ဘုန္းေတာ္ဘြဲ႕ေတြ ေရးေနၾကတယ္။
တျဖည္းျဖည္း ဘာနဲ႔တူလာလဲဆိုေတာ့ က်င့္ဝတ္မရွိတဲ့ Online shopping က ပစၥည္းေတြလိုပဲ။ ျပထားတာကေတာ့ လန္ပ်ံေနတာပဲ၊ တကယ္တမ္း သုံးၾကည့္မွ တက္တက္စင္ေအာင္ လြဲေနတာမ်ိဳး ျဖစ္ေနတယ္။ အဲ့ေတာ့ ဘာျဖစ္လဲ ရွင္းပါတယ္။ ေနာက္တစ္ေခါက္ ထပ္မဝယ္ဘူးေပါ့။ လူေတြဟာ ဘယ္ေလာက္ခ်စ္ပါတယ္ ခင္ပါတယ္ဆိုဆို အလုပ္တကယ္တြဲလုပ္ရေတာ့မယ္ဆိုရင္ ႐ိုးသားတဲ့သူ၊ ေတာ္တဲ့သူေတြနဲ႔ပဲ တြဲလုပ္ခ်င္တာပါ။ Network သိပ္အေရးႀကီးတယ္လို႔ ေျပာလာၾကတဲ့ ဒီေခတ္မွာ ကိုယ္က အရည္အခ်င္းမရွိဘူး၊ မ႐ိုးသားဘူးဆိုရင္ ဘယ္သူနဲ႔မွ Network ခ်ိတ္လို႔ရမွာ မဟုတ္ပါဘူး။ အဲဒါဆို ကိုယ္ဟန္ေဆာင္ၿပီး တကူးတက တည္ေဆာက္ထားတဲ့ Brand ႀကီးကလည္း ဘာအက်ိဳးရွိဦးမွာလဲ။ ဒါေၾကာင့္မို႔ စစ္မွန္မႈ ရွိဖို႔ သိပ္အေရးႀကီးပါတယ္။
ဒီေတာ့ လူမႈကြန္ရက္ကတစ္ဆင့္ ကိုယ့္ရဲ႕ ပေရာ္ဖက္ရွင္နယ္ေအာင္ျမင္မႈကို တည္ေဆာက္ခ်င္တယ္ဆိုတဲ့ လူငယ္ေတြအေနနဲ႔ ဒီ ၃ ခ်က္ကို သတိထားဖို႔ လိုပါတယ္။
၁။ “Facebook က Virtual world” ဆိုတာႀကီးကို ေမ့ပစ္ပါ။ ကိုယ္တင္သမွ် ပို႔စ္ေတြကတစ္ဆင့္ လူေတြက ကိုယ့္ကို အကဲျဖတ္ေနပါတယ္။
၂။ ကိုယ့္အလုပ္နဲ႔ ပတ္သက္ၿပီး ကိုယ္သိထားတာ တခုခုကို ေဝမွ်တတ္တဲ့ အေလ့အထေမြးပါ။ အဲဒါက ကိုယ့္ Brand ကို အေထာက္အကူ ျဖစ္ေစပါလိမ့္မယ္။
၃။ ျပင္ပက ကိုယ့္ပုံစံနဲ႔ တစ္ထပ္တည္းနီးပါးက်ေနတဲ့ Brand image ကိုသာ တည္ေဆာက္ပါ။ ႐ိုးသားပါ။ စစ္မွန္ပါ။ ဒီေလာက္ သတင္းအခ်က္အလက္ေတြ ျမန္ဆန္ေနတဲ့ေခတ္ႀကီးမွာ ဟန္ေဆာင္ဖို႔ ႀကိဳးစားတာဟာ အင္မတန္မိုက္မဲတဲ့ အျပဳအမူတစ္ရပ္သာ ျဖစ္ပါတယ္။
ေဒါက္တာ ၿဖိဳးသီဟ
၁၃.၁၀.၂၀၁၇
Done (moonshine )
ReplyDeleteDone
ReplyDelete👍👍👍
ReplyDeleteNever surrender🤍
ReplyDeleteThanks 💪💪💪
ReplyDeleteFIGHT FOR FREEDOM ÖK
ReplyDelete😇😇😇
ReplyDeleteDone
ReplyDeleteWe must win!
ReplyDeleteDone
ReplyDeleteYess
ReplyDeleteနှိပ်ပြီးပါဗြီ......
ReplyDeleteစာအုပ်ရောင်းဖို့ Promotionလား C2D လား မသဲကွဲနေဘူး။ နောက်ပိုင်း C2D part တွေသေချာ
ReplyDeleteလေးလုပ်ပေးစေချင်တယ်။ တော်လှန်ရေးနဲ့ မဆိုင်တာတွေ သိပ်မတင်စေချင်ဘူး
Done
ReplyDelete👍👍👍
ReplyDeleteDone✅✅✅
ReplyDeleteFight together, win together
ReplyDeleteDone
ReplyDeleteDone
ReplyDelete❤❤❤
ReplyDeleteClick တစ်ခုချင်းမှသည် အောင်ပွဲဆီ ရောက်ပါစေ ��
ReplyDeleteWake Up To Reality 🥷
ReplyDeleteA World Of Only Victors
A World Of Only Peace
A World Of Only Love
We Will Create Such A World
We Are The Shawdow Of PDFs🔥
စိတ်ပျော်လည်း Click
ReplyDeleteစိတ်မပျော်လည်း Click
Click လို့ရတုန်း Click
done
ReplyDeleteTruth be told, there is no easy way out. All good paths have to be fought for, and fight to win.
ReplyDeleteyes
ReplyDelete정말감사합니다
ReplyDeleteNoted with thanks!💛
ReplyDeleteThanksb
ReplyDeleteok
ReplyDeleteRight
ReplyDeleteNice information 🙂
ReplyDeleteClick 9
ReplyDeleteM a loe min aung hlaing
ReplyDelete8.12.21 Click
ReplyDelete