ချက်စတာဘန်နင်တန်

ချက်စတာဘန်နင်တန် ( Linkin park )


အောင်မြင်မှုဆိုတာ သိပ်ကောင်းတဲ့အရာတစ်ခုပါ။ ဒါပေမယ့် အဲဒီအောင်မြင်မှုတစ်ခုတည်းအတွက်တော့ ဂီတအနုပညာရှင်ဘဝကို မရွေးချယ်ခဲ့သင့်ဘူးပေါ့ – Chester Bennington

ကျွန်တော်တို့တွေဟာ ကမ္ဘာကျော်အနုပညာရှင်တွေ၊ သူတို့ရဲ့ အနုပညာတွေကို ကြိုက်ကြတယ် ။ သူတို့အောင်မြင်မှုကျော်ကြားမှုတွေ၊ ချမ်းသာကြွယ်ဝမှုတွေကို အားကျကြတယ် ။ သူတို့ရဲ့ ကြိုးစားအားထုတ်မှုတွေအထိ ကျွန်တော်တို့ လေ့လာကောင်းလေ့လာမိကြမှာပါ။ သို့သော် … သူတို့ ခံစားဖြတ်သန်းခဲ့ရတဲ့ နာကျင်မှုတွေ၊ ဖိအားတွေ၊ ခက်ခဲတဲ့ ခရီးကြမ်းတွေကိုတော့ ကျွန်တော်တို့ သတိမမူ ဖြစ်တတ်ကြပါတယ်။ လူသန်း ၁၀၀ မှာ ၁ ယောက် ရနိုင်ဖို့မလွယ်တဲ့ အောင်မြင်မှုတွေရခဲ့သလို၊ ငါ့ကျမှဖြစ်ရလေခြင်းဆိုတဲ့ လောကဓံတွေကို ကလေးဘဝကနေစပြီး နောက်ဆုံးထွက်သက်ထိ ကြုံတွေခဲ့ရသူကတော့ ကျွန်တော်တို့ကို အကောင်းစား ၊ အမိုက်စား သီချင်းတွေ နားထောင်မကုန်အောင်ချပြပေးခဲ့တဲ့ Linkin Park ရဲ့ ရှေ့ထွက်အဆိုတော် Chester Bennington ပါပဲ။

တစ်ခါတစ်ရံမှာ ဝတ္ထုတွေ၊ စာအုပ်တွေထဲက အကြောင်းအရာတွေထက် လက်တွေ့ဘဝထဲက အဖြစ်အပျက်တွေဟာ ပိုပြီး ထူးဆန်းအံ့ဩဖို့ ကောင်းနေတယ်ဆိုတာအမှန်ပါပဲ ။ Chester ရဲ့ ဖခင်က ကလေးသူငယ်လိင်အလွဲသုံးစားအနိုင်ကျင့်မှုတွေကို အထူးကိုင်တွယ်ရတဲ့ ရဲအရာရှိတစ်ဦးဖြစ်ပါတယ် ။ Chester ကတော့အသက် ၇ နှစ်အရွယ်မှာ သူ့ထက်အသက်ကြီးတဲ့ သူငယ်ချင်းရဲ့ လိင်အနိုင်ကျင့်စော်ကားမှုကို ခံခဲ့ရပါသတဲ့။ ကလေးပဲရှိသေးတော့ သေချာမစဉ်းစားမတွေးခေါနိုင်သေးရာကနေ ဒီကိစ္စကို လူကြီးမိဘတွေဆီ တိုင်တောအကူညီတောင်းဖို့ကို တွန့်ဆုတ်နေခဲ့ရသလို သူ့ကို လိင်တူစုံမက်သူတစ်ဦးလို့ ထင်ခံရမှာ၊ လိမ်ညာတယ်လို့ ပြောခံရမှာတွေကို ကြောက်လန့်ပြီး နေခဲ့ရရှာတာပါ ။ ဒီအနိုင်ကျင့်စော်ကားခံရမှုဟာ တစ်ကြိမ် နှစ်ကြိမ်မကခဲ့ပါဘူး။ အသက် ၇ နှစ်ကနေ စ,လိုက်တာ အသက် ၁၃ နှစ် အထိအောင်ပါပဲတဲ့။ ၆ နှစ်ပါ ။ Chester အတွက်တော့ အင်မတန်ကို ဆိုးဝါးလွန်းတဲ့ နာကျင်ဖွယ်ရာနှစ်တွေ ဖြစ်ခဲ့မှာ မြေကြီးလက်ခတ်မလွဲပါပဲ။

အသက် ၁၁ နှစ်အရွယ်မှာ Chester မိဘတွေဟာ ကွာရှင်းခဲ့ကြပါတယ်။ မိသားစုပြိုကွဲမှုတွေ ၊ လိင်ကိစ္စ အနိုင်ကျင့်စော်ကားခံရမှုတွေ စတဲ့ အဆင်မပြေမှုတွေ နေ့စဉ်ရက်ဆက် ခံစားနေရတဲ့ ကလေးလေးအတွက် အရာအားလုံးဟာ မုန်းစရာ၊ အရွဲ့တိုက်ပစ်ချင်စရာ ဖြစ်လာတော့တာပါပဲ။ အထက်တန်းကျောင်းသားဘဝမှာလည်း ပိန်ပိန်ပါးပါး၊ မထုံတက်တေး ချာတိတ်လေး Chester က ကျောင်းသားခြင်း အနိုင်ကျင့်တတ်သူတွေရဲ့ ပစ်မှတ်ဖြစ်ခဲ့တယ်လို့လည်း သူကိုယ်တိုင် ထုတ်ပြောခဲ့ဖူးပါသေးတယ်။ ဖိအားတွေများလာရင် အစွန်းဖက်တွေကို ရွေးချယ်မိတဲ့လူ့သဘာဝအတိုင်းပဲ ဆယ်ကျော်သက် Chester လေးဟာလည်း အစွန်း ၂ ဖက်ကို ရွေးချယ်မိခဲ့ပါတယ်။ တစ်ဖက်က သူ့ဘဝကို ချိုမြိန်မှုတွေပေးမယ့် မျိုးစေ့တွေဖြစ်တဲ့ သီချင်းရေးတာတွေ၊ ကဗျာရေးတာတွေ ဖြစ်ခဲ့ပြီး ကျန်တစ်ဖက်ကတော့ ကျသွားရင် ပြန်တက်ဖို့မလွယ်တဲ့ မူးယစ်ဆေးဆိုတဲ့ ချောက်နက်ကြီးဖြစ်နေတာပါပဲ။


အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း Chester လို့ ပြောလိုက်တာနဲ့ ကျွန်တော်တို့ တွဲမြင်တဲ့ သူနှစ်ယောက်ကတော့ Mike Shinoda နဲ့ Chris Cornell တို့ပါပဲ ။ Linkin Park ရဲ့ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်တဲ့ Mike နဲ့ အတူ Linkin Park ရဲ့ အကောင်းဆုံး၊ အမိုက်ဆုံး Album တွေ၊ သီချင်းတွေ၊ Tour တွေ ကျွန်တော်တို့ ခံစားနားဆင်ခွင့်ရခဲ့ပါတယ်။ In The End, One Step Closer, My December လို သီချင်းတွေကအစ Bleed it Out, Numb, Shadow of the Day တို့အလယ်၊ နောက်ဆုံး One More Light အထိကို ပစ်ရက်စရာတစ်စက်မှမရှိတဲ့ အမိုက်စား သီချင်းတွေ မနည်းမနော သီဆိုခဲ့ပါတယ်။ အောင်မြင်တဲ့ သီချင်းတွေရဲ့ ထုံးစံအတိုင်း Grammy ၊ Billboard ၊ AMA စတဲ့ ဆုတွေ မနည်းမနောရရှိခဲ့သလို တစ်ဖက်မှာလည်း အရက် ၊ မူးယစ်ဆေးတွေရဲ့ နောက်ဆက်တွဲပြဿနာတွေ၊ စိတ်ရောကိုယ်ပါ ထိခိုက်တဲ့ ကျန်းမာရေးပြဿနာတွေ၊ မိသားစုရေး ပြဿနာတွေအထိ Chester တစ်ယောက် အလူးအလဲ တွေ့ကြုံခဲ့ရပါတယ်။ Band တစ်ခုရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ အသံသွင်း ဆက်ရှင်တွေကို ကျန်းမာရေးပြဿနာတွေကြောင့်ခက်ခက်ခဲခဲ ဖြတ်ကျော်ခဲ့ရတာတွေရှိခဲ့သလို တစ်ပွဲကို ဒေါ်လာသန်းချီရမယ်မှန်းသိတဲ့ ဖျော်ဖြေပွဲ တချို့ကိုတောင် Chester ရဲ့ ကျန်းမာရေး အခက်အခဲတွေကြောင့် Linkin Park အနေနဲ့ ဖျက်သိမ်းရပ်နားပစ်လိုက်ရတာမျိုးတွေအထိ ရှိခဲ့ပါတယ်။

အဲ့ဒီလို ရေစီးတစ်ခါ၊ ရေသာတစ်လှည့် ဖြတ်သန်းရင်း ကျွန်တော်တို့ချစ်တဲ့ Chester ဟာ ၂၀၁၇ ခုနှစ် July ၂၀ ရက်နေ့မှာ ကျွန်တော်တို့ကို ရုတ်တရက်ကြီး ခွဲခွါသွားခဲ့ပါပြီ ။ သူကွယ်လွန်တဲ့ July ၂၀ ရက်နေ့ဟာ အဲ့ဒီရက်မတိုင်ခင် ၂ လလောက်က ကွယ်လွန်ခဲ့တဲ့ သူငယ်ချင်းဖြစ်သူ Chris Cornell ရဲ့မွေးနေ့ဖြစ်နေတာ၊ နှစ်ယောက်လုံးဟာ Suicide Case တွေဖြစ်နေတာတွေကတော့ ထူးခြားမှုတွေဖြစ်နေခဲ့ပါတယ်။

ဘာတွေပဲဖြစ်ဖြစ် အသက် ၄၁ နှစ်ဆိုတဲ့ ငယ်ရွယ်သေးတဲ့အရွယ်မှာ သူကိုယ်တိုင် ကျေကျေနပ်နပ်ထွက်ခွါသွားသူတစ်ဦးဖြစ်ပေမယ့် Nu Metal, Alternative Metal စတဲ့ Genre တွေအကြောင်းပြောတိုင်း ချန်လှပ်ထားလို့မရတဲ့၊  Linkin Park လို့ ဆိုလိုက်တာနဲ့ သူ့မျက်နှာကြီး ပြေးမြင်အောင်ကို လွှမ်းမိုးနိုင်တဲ့ အကောင်းစားအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Chester Bennington ဟာ ကျွန်တော်တို့ကို အနိုင်နဲ့ပိုင်းပြီး ထွက်ခွါသွားသူတစ်ဦးအဖြစ် ထာဝရရှိနေဦးမှာ အသေအချာပါပဲ။

ကလစ်ကာတစ်ယောက်



Comments

  1. In the end is my fav song ever

    ReplyDelete
  2. ကပ်ကိုဗိန်းအကြောင်းလေးလည်းဖတ်ရတော့ ကျေးဇူးတင်တယ် ဒီတယောက်တော့မသိဘူး

    ReplyDelete
  3. We are winner
    Fighting together
    အဆုံးထိတိုက်သွားမယ်💪💪

    ReplyDelete
  4. နေဝင်ညကိုကူးဖြတ်ရဲမှရောင်နီသာတဲ့နေ့သစ်ကိုရောက်မယ်

    ReplyDelete
  5. နှိပ်ပြီးပါဗြီ.....

    ReplyDelete
  6. ဒီ post တော့ သိပ်သဘောမကျဘူး Link တွေအများကြီးဖြတ်လာရပီးမှ Chester အကြောင်းလာဖတ်နေရသလိုပဲ 😤🤤

    ReplyDelete
  7. Every clickers matter
    Every clicks matter
    Don't give up
    Keep Going

    ReplyDelete
  8. Wake Up To Reality 🥷

    A World Of Only Victors
    A World Of Only Peace
    A World Of Only Love

    We Will Create Such A World

    We Are The Shawdow Of PDFs🔥

    ReplyDelete
  9. အပ်ဒိိပ်သွားလုပ်ခိုင်းတာသွားလည်းမလုပ်တတ်သုခသုခ😍

    ReplyDelete
  10. ကိုယ့်အနာဂတ်က ကိုယ့်ရဲ့လက်ထဲမှာ ကိုယ့်အခွင့်အရေးမို့ ကိုယ်ကြိုးစား
    မိစ္ဆာ စစ်ခွေးများကို တိုက်ထုတ်မယ့်လက်နက်တွေအင်အားတွေအတွက် တို့ဟာ ထောက်ပို့တပ်သား

    ReplyDelete
  11. Thanks for sharing about legend

    ReplyDelete
  12. 👍🏿👍🏿👍🏿👍🏿👍🏿😍

    ReplyDelete
  13. Everybody see what they wanna see,it's easier to judge me than to believe...

    ReplyDelete
  14. Done🙆🏻😍🙆🏻😍🙆🏻😍

    ReplyDelete
  15. တွေးကတည်းက အောင်မြင်ဖို့တွေးခဲ့ သလို လက်တွေ့လည်း အောင်မြင်ဖို့ အကောင်အထည်ဖော်နေကြမှတော့ အောင်မြင်မှာ အသေချာ ဒီတိုက်ပွဲ

    ReplyDelete
  16. click ရတာစာကြည့်တိုက်လာရသလိုပဲ ရသမျိုးစုံစာဖတ်ရတယ်Thank you so much.

    ReplyDelete
  17. ငါတို့နိုင်မှာ

    ReplyDelete
  18. အ​ရေး​​တော်ပုံ ​​အောင်ကို​အောင်ရမည်❤💪💪💪

    ReplyDelete
  19. If you click today, you have a duty to click on tomorrow too.

    ReplyDelete
  20. 우리는 더 나아질 자격이 있습니다. 싸우자

    ReplyDelete
  21. the robbers managed to held the homeowner hostage by the use of guns, and they take all gold and saving from the whole household, but it doesn't mean the armed robbers are head of household. The robbers are just robbers

    ReplyDelete
  22. စစ်ခွေးတွေ ကျွဲခတ်လိုက် မြွေကိုက်လိုက် ပြည်သူ့ကာကွယ်ရေး တပ်မတော်သားကသတ်လိုက်နဲ မျိုးတုန်းတော့မယ်ဟေ့

    ReplyDelete
  23. နိုင်‌ချင်‌လွန်းလို့ပဲ

    ReplyDelete
  24. "In The End" is my favourite song.

    ReplyDelete
  25. ထောက်ပို့ကလစ်များ တွဲလက်တွေခိုင်ခိုင်ထား

    ReplyDelete
  26. I am fa. ကျော်မဲရောင်is my fb acc. 17old😁😁😁

    ReplyDelete
  27. 💪🏻💪🏻💪🏻
    never give up

    ReplyDelete
  28. ကြော်ငြာတွေမလားဘူးဖြစ်နေတယ်

    ReplyDelete
  29. သီချင်းတွေရှာပီလေ😋

    ReplyDelete
  30. Carrot. 🥕🥕🥕 ဘယ်ရောက်နေလဲ 😞😞😞

    ReplyDelete
  31. Click
    Click
    Click.......✍️✍️✍️

    ReplyDelete
  32. Done ✊👍in the end we will be win✊✊

    ReplyDelete

Post a Comment