“လူတွေအပေါ် လွှမ်းမိုးနိုင်ဖို့ဆိုရင်”

“လူတွေအပေါ် လွှမ်းမိုးနိုင်ဖို့ဆိုရင်”



ဒီနေ့ခေတ် ဆိုရှယ်မီဒီယာတွေ ထွန်းကားလာတဲ့အချိန်မှာ လူငယ်တွေကြားထဲ ရေပန်းစားလာတဲ့ စကားတစ်ခု ရှိတယ်။ အဲဒါကတော့ Social Influencer ဆိုတာပါပဲ။ ဘဝမှာ ဘာဖြစ်ချင်လဲ မေးလိုက်ရင် Social influencer ဖြစ်ချင်တယ် ဆိုပြီး ပြန်ဖြေတဲ့သူတွေတောင် ရှိတယ်။ အဲ့လို Social influencer ဖြစ်နည်းသင်တန်း ဆိုပြီး ဖွင့်နေတာတောင်မှ တွေ့ရတယ်။ ဒါနဲ့ပတ်သက်လို့ လူငယ်တွေကို ပြောချင်တာ ရှိလာတယ်။ ယှဉ်ပြိုင်မှုတွေ များလွန်းလို့၊ လုပ်စရာတွေ၊ လေ့လာစရာတွေ များလွန်းလို့ အချိန်ကို ဘယ်နားရှာရမှန်းမသိ ဖြစ်နေတဲ့ခေတ်မှာ အဓိပ္ပါယ်မရှိတာတွေနဲ့ အချိန်မကုန်စေချင်လို့ပါ။

၁။ Social influencer ဆိုတာ ဘာလဲ။



ကျွန်တော်တို့တွေ ဆိုရှယ်မီဒီယာ သုံးကြတယ်။ ကိုယ့်သက်ဆိုင်ရာ ကျွမ်းကျင်မှုအလိုက် စာတွေ ရေးကြတယ်။ အသိပညာ ဝေမျှကြတယ်။ တချို့ကျတော့လည်း စိတ်ဓါတ်တက်ကြွစေဖို့ စာတွေရေးတယ်၊ ဗီဒီယိုတွေ တင်တယ်။ ဒီအခါ တဖြည်းဖြည်းနဲ့ လူသိလာတယ်။ ခေတ်စကားနဲ့ဆို ဆယ်လီတွေ ဖြစ်လာကြတယ်ပေါ့။ နောက်ပိုင်းမှာတော့ ဆယ်လီအစား အဲဒီ Social influencer ဆိုပြီး ပြောင်းလဲသုံးနှုန်းလာကြတာ သတိထားမိတယ်။

ကျွန်တော့်အတွက်ကတော့ Social media influencer လို့ပြောရင် ပိုမှန်မယ်။ ဘာလို့ဆိုတော့ ဒီလူမှုကွန်ရက်ပေါ်မှာပဲ နာမည်ကြီးနေတာကိုး၊ လူသိနေတာကိုး။ တကယ့်ကို လူအများပေါ်မှာ လွှမ်းမိုးမှု ရှိတဲ့ သူမျိုးဆိုမှပဲ Social influencer လို့ သတ်မှတ်လို့ရမယ်။ တချို့လည်း လူမှုကွန်ရက်ပေါ်ရော အပြင်မှာပါ လွှမ်းမိုးမှုရှိတယ်။ တချို့ကျ ဒီအပေါ်မှာသာ လူအများကြိုက်အောင် ပြောလို့ နာမည်ကြီးနေတာ၊ အပြင်မှာ ဘာမှ မဟုတ်တာတွေလည်း ရှိတယ်။ တချို့ဆရာသမားတွေကျ လူမှုကွန်ရက်မှာ ဒီလောက်ကြီး လူမသိဘူး။ Follower အရေအတွက်လည်း သိပ်မများဘူး။ ဒါပေမယ့် အပြင်လက်တွေ့ဘဝမှာတော့ ကြီးမားတဲ့ လွှမ်းမိုးမှု ရှိနေတယ်။ ဒီလိုလေး ကွဲကွဲပြားပြား သိစေချင်ပါတယ်။



၂။ Notorious ရယ် Popular ရယ် Influential ရယ် မတူကြပါ။

ခေတ်က သိပ်မြန်၊ ရုပ်ဝတ္ထုကိုးကွယ်မှုတွေက သိပ်ကြီးလာတော့ လူတွေက နာမည်ကြီးရင် ပြီးရော၊ ဘာမဆို လုပ်မယ်ဆိုတာ ဖြစ်လာတယ်။ ကိုယ့်လုပ်ရပ်တွေဟာ တော်တော်အဆင်မပြေလို့ လူတွေက ဝိုင်းဝေဖန်နေကြတာကို နာမည်တောင် ပိုကြီးသေးတယ်ဆိုပြီး ထင်နေသူတွေ အများကြီး ရှိလာတယ်။ ဘယ်သူ့စကားကိုမှ နားမယောင်ပါနဲ့ ဆိုပြီး တက်ကျမ်းတွေမှာ ပြောထားတဲ့ စကားကိုပဲ တထစ်ချ ယုံကြည်လိုက်တဲ့အခါ ကိုယ့်အမှား ကိုယ်မသိတော့၊ ကိုယ့်လုပ်ရပ်လွဲနေတာ ကိုယ်မသိတော့ဘူး ဖြစ်ကုန်တယ်။ ဒါကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားခြင်း (Notorious) နဲ့ ထင်ပေါ်ကျော်ကြားခြင်း၊ လူသိများခြင်း (Popular) နဲ့ဟာ မတူဘူး ဆိုတာလေး သိစေချင်ပါတယ်။

အဲ့လိုပဲ၊ Popular ဖြစ်တာနဲ့ လူတွေအပေါ် လွှမ်းမိုးရှိတာနဲ့ကလည်း မတူပါဘူး။ ထင်ပေါ်ဖို့က အကြောင်းရင်းပေါင်းစုံနဲ့ ဖြစ်သွားနိုင်ပါတယ်။ အနုပညာရှင်တွေ ထင်ပေါ်တယ်၊ အားကစားသမားတွေ ထင်ပေါ်တယ်၊ ကိုယ့်ရဲ့ အလှအပ၊ စတိုင်လ်တွေကြောင့်လည်း ထင်ပေါ်တတ်တယ်။ ဒါပေမယ့် လူတွေအပေါ် လွှမ်းမိုးမှုရှိဖို့ကတော့ အရည်အချင်းတွေ၊ လုပ်ရပ်တွေ၊ စိတ်ဓါတ်တွေနဲ့ပဲ တည်ဆောက်ယူရပါတယ်။



မင်းသမီးနှစ်ယောက် ရှိတယ်ဆိုပါစို့၊ နှစ်ယောက်လုံး ထင်ပေါ်ပါတယ်။ ဒါပေမယ့် လွှမ်းမိုးမှုရှိဖို့ကျတော့ အဲဒီမင်းသမီးဟာ ဘယ်လောက်ထိ ရပ်တည်ချက်မှန်သလဲ (ငွေနောက်မလိုက်ဘဲ အနုပညာကို တန်ဖိုးထားတာမျိုး) ၊ တစ်ဖက်သားကို လေးစားတတ်သလဲ၊ သူ့အလုပ်ကိုသူ အကောင်းဆုံးဖြစ်အောင် လုပ်သလဲ၊ ပရော်ဖက်ရှင်နယ် ဆန်သလဲ၊ အများအကျိုး ဘယ်လောက်ပြုနိုင်သလဲ၊ ပညာ ဘယ်လောက်တတ်သလဲ စတာတွေနဲ့ သက်ဆိုင်သွားပါတယ်။

ဒါကြောင့် နာမည်ကြီးအောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ နည်းစနစ်တွေကို သင်ပေးလို့ ရပေမယ့် လွှမ်းမိုးနိုင်အောင် ဘယ်လိုလုပ်မလဲ ဆိုတာကိုတော့ သင်ပေးလို့ မရပါဘူး။ ကိုယ့်ကိုယ်ကိုယ်သာ တည်ဆောက်ယူရမှာ ဖြစ်ပါတယ်။

၃။ လွှမ်းမိုးနိုင်စွမ်းရှိဖို့ ဘာတွေ လိုအပ်မလဲ။



ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး ပြောကြတာ ရှိတယ်။ လူတစ်ယောက်မှာ ပါဝါနှစ်မျိုး ရှိတယ်။ တစ်မျိုးက ရာထူးကြောင့်ရတဲ့ ပါဝါ (Positional power)။ အလုပ်ထုတ်ခွင့်၊ အပြစ်ပေးခွင့်၊ ဆုချီးမြှင့်ပိုင်ခွင့် စတာတွေပေါ့။ နောက်တစ်မျိုးကတော့ Personal power ၊ ကိုယ်ရည်ကိုယ်သွေးကြောင့်ရတဲ့ ပါဝါ ဖြစ်ပါတယ်။ ဒီပါဝါကကျ ရာထူးနဲ့ မဆိုင်ဘူး။ လုပ်ပိုင်ခွင့်နဲ့ မဆိုင်ဘူး။ အာဏာရှိခြင်း မရှိခြင်းနဲ့ မဆိုင်ဘူး။ ကိုယ့်ရဲ့ အရည်အသွေးကြောင့်သာ ရလာနိုင်တာမျိုး ဖြစ်တယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ လူအများအပေါ် တကယ်ကို လွှမ်းမိုးနိုင်တဲ့သူ ဖြစ်ဖို့ဆိုရင် အဲ့ဒီ Personal power ရှိနေအောင် ကြိုးစားဖို့ လိုတယ်။

ဒါဆို ဘယ်လိုအချက်တွေက အဲဒီပါဝါကို ရစေနိုင်သလဲ။ အများကြီးရှိတဲ့အထဲက ၃ ချက်ကို အဓိကထား ပြောချင်ပါတယ်။



(က) ရိုးသားဖြောင့်မတ်မှုနဲ့ ကိုယ်ကျင့်သိက္ခာ (Character)

စိတ်နေစိတ်ထားလို့ ပြောလိုက်ရင် တော်တော်လေးကိုမှ ကျယ်ပြန့်ပါတယ်။ နောက်ပြီး ရိုးသားတယ်ဆိုရင် ငွေကြေးနဲ့ပဲ သက်ဆိုင်တယ်လို့ ထင်ကြတယ်။ မလိမ်ဘူး၊ မခိုးဘူး၊ မဖြောင်ဘူးပေါ့။ တကယ်တော့ ရိုးသားဖြောင့်မတ်တယ်ဆိုတာ အရှိအရှိအတိုင်း နေတာ၊ ပြောရင်ပြောတဲ့အတိုင်း လုပ်တာ၊ မလုပ်ပေးနိုင်တဲ့ ကတိတွေကို အလွန်အကျွံမပေးတာ၊ ပရော်ဖက်ရှင်နယ် ပီသတာ၊ ကျင့်ဝတ်သိက္ခာကို လေးစားတာ၊ မလုပ်သင့် မလုပ်ထိုက်တာကို မလုပ်မိအောင် ထိန်းသိမ်းတာ၊ နောက်ကျောကို ဓါးနဲ့မထိုးတာ၊ ဘောင်ထဲကနေ ညစ်တာမျိုး မလုပ်တာ၊ မှားသွားရင် မှားသွားကြောင်း ဝန်ခံတာ၊ တာဝန်ယူတာ စသဖြင့် အဓိပ္ပါယ်တွေအများကြီး ပါဝင်ပါတယ်။

ပတ်ဝန်းကျင်မှာလည်း သတိထားကြည့်ကြည့်ပါ။ တချို့က အရည်အချင်းအားဖြင့် သိပ်တော်ကြတယ်။ ဒါပေမယ့် သူတို့အပေါ် လွှမ်းမိုးနေသူတွေကို ကြည့်လိုက်တော့ အရည်အချင်းအရ သူတို့လောက် မဟုတ်ဘူး၊ စိတ်ဓါတ်ပိုင်းအရ အများအကျိုးအတွက် အနစ်နာခံ၊ ပေးဆပ်တတ်သူတွေ ဖြစ်နေတာ တွေ့ရတယ်။ ဒါဆိုရင် စိတ်ဓါတ်၊ ပေးဆပ်အနစ်နာခံမှု၊ ရိုးဖြောင့်မှုတွေဟာ လူတွေအပေါ် ဘယ်လောက်တောင် လွှမ်းမိုးမှုရှိလဲ သိနိ်ုင်ပါလိမ့်မယ်။



(ခ) ပညာရပ်ပိုင်း တတ်ကျွမ်းနားလည်မှု (Specialized knowledge)

လူတွေကို လွှမ်းမိုးချင်တယ်ဆို နောက်တစ်ချက်အနေနဲ့ ကိုယ့်မှာ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်မှု ရှိဖို့လည်း လိုပါလိမ့်မယ်။ လူတော်အရေးကြီးလား၊ လူကောင်းအရေးကြီးလား မငြင်းခုန်ချင်ပါဘူး။ တော်ပြီး လုံးဝမကောင်းရင် အဆင်မပြေသလို၊ ကောင်းပြီး လုံးဝမတော်ရင်လည်း ပတ်ဝန်းကျင်ကို ဘာမှအကျိုးပြုနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ကိုယ်ကျင့်သိက္ခာ ကောင်းတာအပြင် တော်ဖို့လည်း လိုပါလိမ့်ဦးမယ်။

ဒီနေရာမှာ ပြောချင်တာလေးတစ်ခု ရှိတယ်။ Generalist က ကောင်းသလား၊ Specialist က ကောင်းသလားပေါ့။ နှစ်မျိုးလုံး သူ့ဟာနဲ့သူ လိုအပ်တာပဲ၊ အရေးကြီးတာပဲ။ ဒါပေမယ့် ရှင်းပြချင်တာလေးကတော့ Generalist ဆိုတာ ဟိုစပ်စပ် ဒီစပ်စပ် သိတာကို ပြောတာမဟုတ်ဘဲ နယ်ပယ်တစ်ခုကို အထူးပြုပြီး ကျွမ်းကျင်တယ်၊ အဲဒါနဲ့ ပတ်သက်ဆက်စပ်တာတွေကိုလည်း နားလည်သဘောပေါက်တယ်၊ အမြင်ကျယ်ကျယ် ကြည့်နိုင်တယ်၊ စီမံခန့်ခွဲမှု၊ ခေါင်းဆောင်မှု အရည်အသွေးတွေ ရှိတယ်၊ ဒီလိုလူမျိုးကို ခေါ်တာပါ။



ခုနောက်ပိုင်း လူငယ်တွေမှာ ဘာတွေ့နေရလဲ ဆိုတော့ Generalist တွေ အရေးကြီးတယ်ဆိုပြီး ဟိုစပ်စပ် ဒီစပ်စပ် လျှောက်သိနေတဲ့သူကို Generalist လို့ ထင်ကုန်ကြတာပါ။ စဉ်းစားကြည့်ပါ၊ ခုခေတ်လို အပြိုင်အဆိုင် များတဲ့အချိန်မှာ ဟိုနည်းနည်း ဒီနည်းနည်း သိနေရုံနဲ့ အလုပ်မရပါဘူး။ နယ်ပယ်တခုခုမှာတော့ အထူးပြုကျွမ်းကျင်နေမှသာ အဆင်ပြေတော့မှာပါ။ အဲဒါကို Foundation သဘောလို ထားပြီးမှ ကျယ်ပြန့်တဲ့အမြင် ရှိလာအောင်၊ စီမံခန့်ခွဲတတ်လာအောင်၊ လူတွေနဲ့ တွဲဖက်အလုပ်လုပ်နိုင်လာအောင် ကြိုးစားယူခြင်းကိုသာ Generalist ဖြစ်တယ်လို့ ခေါ်နိုင်ပါတယ်။

(ဂ) သက်သေပြလို့ရတဲ့ အောင်မြင်မှုတွေ (Career achievement)

ဒါလေး သိပ်အရေးကြီးပါတယ်။ အလုပ်တစ်ခုကို ထဲထဲဝင်ဝင် လုပ်ဖူးတဲ့သူ၊ အခက်အခဲတွေကို တကယ်ကျော်ဖြတ်ဖူးတဲ့သူ၊ အောင်မြင်မှုမှတ်တိုင်ကို မိဘချမ်းသာလို့ မဟုတ်ဘဲ ကိုယ့်အစွမ်းအစနဲ့ကိုယ် စိုက်ထူဖူးတဲ့သူတွေဟာ အင်မတန် လွှမ်းမိုးမှုကြီးပါတယ်။ Proven track record လို့ခေါ်တဲ့ ကိုယ်ဘာတွေလုပ်ခဲ့တယ် ဆိုတဲ့ သမိုင်းကြောင်းပါ။ အဲ့ဒီလိုဖြတ်သန်းမှု တစ်စုံတစ်ရာ မရှိဖူးဘဲ နိုင်ငံခြားက တက်ကျမ်းစာအုပ်တစ်အုပ်ကို အခြေခံပြီး ပြောတဲ့စကားနဲ့၊ တကယ် အောက်သက်ကျေသူတွေဆီက ကြားရတဲ့ စကား၊ အနှစ်သာရချင်း တအားကွာပါတယ်။ လူကြိုက်များချင်မှတော့ များမယ်၊ ဒါပေမယ့် အပေါ်ယံ အကြံပြုထားတာမျိုး မဟုတ်ဘဲ သူတို့ဖြတ်သန်းမှုကနေ ထွက်လာတဲ့ အကြံပြုချက်တွေမို့လို့ အင်မတန်မှလည်း လက်တွေ့ဆန်တယ်။ လူငယ်တွေအတွက်လည်း အသုံးပိုတည့်ပါလိမ့်မယ်။



ခုခေတ်ဟာ လိမ်လို့မရတော့ပါဘူး။ တစ်ယောက်အကြောင်း တစ်ယောက် အကုန်သိနေကြပါပြီ။ အရင်အလုပ်မှာ ကိုယ်ဘာတွေ လုပ်သွားသလဲဆိုတာက ကိုယ်ရောက်နေတဲ့ အလုပ်ထဲက လူတွေက သိနေကြပါတယ်။

ဒါကြောင့်လည်း လူငယ်တွေကို ပြောရတာပါ။ အလုပ်ကြိုးစားပါ ဆိုတာ တကယ်တော့ ဘယ်သူ့အတွက်မှ မဟုတ်ဘူး၊ ကိုယ့်အတွက်၊ ကိုယ့်နာမည်အတွက်၊ ကိုယ့် Brand Image တည်ဆောက်ဖို့အတွက်ပဲလို့။ အဲ့လို အလုပ်ကို ကောင်းကောင်း မလုပ်ခဲ့ဘဲ၊ ဖြတ်သန်းမှု ကြီးကြီးမားမား မရှိခဲ့ဘဲနဲ့ လူတွေကို လွှမ်းမိုးချင်လိုက်တာ ဆိုပြီး ထိုင်အော်နေလို့ မရပါဘူး။

ဒီတော့ အနှစ်ပြန်ချုပ်ရရင် လူတွေအပေါ် လွှမ်းမိုးနိုင်စွမ်းရှိဖို့ဟာ လိုအပ်ပါတယ်။ ဒါမှလည်း ကိုယ်လုပ်ချင်တဲ့ အလုပ်တွေကို ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မှာပါ။ ဒါပေမဲ့ အဲ့လိုမျိုး ဖြစ်ဖို့က သေချာစနစ်တကျ ပြင်ဆင်ရပါတယ်။ Social influencer ဖြစ်ချင်တယ် ဆိုရုံနဲ့ ဖြစ်သွားနိုင်တာမျိုး မဟုတ်ပါဘူး။ သူများကို လွှမ်းမိုးနိုင်ဖို့အတွက် အရင်ဆုံးလုပ်ရမှာက ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ခြင်းပါပဲ။ အဲ့လိုကျ မတည်ဆောက်ချင်ဘဲ၊ တည်ဆောက်ရကောင်းမှန်း မသိဘဲ နာမည်ကြီးအောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့ နောက်ကိုပဲ လိုက်နေကြမယ်ဆိုရင်တော့ အချိန်တွေ အလဟဿ ဖြစ်ကုန်လိမ့်မယ်။ တံလျှပ်ကို ရေထင်ပြီး အလိုက်မှားတဲ့ ရွှေသမင်လေးတွေ ဖြစ်သွားပါလိမ့်မယ်။



ဒေါက်တာ ဖြိုးသီဟ

၂၆.၂.၂၀၁၉



Comments

  1. Replies
    1. We Will Create Such A World,

      A World Of Only Peace And Love ��When we have a dream, we got to grab it and never let go....
      Nothing is impossible.

      Delete
  2. မီးပျက်နေတယ် မင်မင်ရေ

    ReplyDelete
  3. ဖြည့်ဆည်း​ပေးဖို့ဆို
    မင်းကိုပဲ ​တွေးနေခဲ့တာ
    အ​ပေါစား သစ္စာစကား​တွေနဲ့
    ငါ့ကို ပစ်သွား ...
    အစက မခွဲနိုင်ဘူးဆိုပြီး
    ​မင်း ခြွေခဲ့တာ
    အခုမှ မဖြစ်နိုင်ဘူးဆိုပီး
    မျက်ရည်​​တွေဝဲ
    Youtube မှာ တင်ထားတဲ့ သီချင်း​လေးပါ

    ReplyDelete
    Replies
    1. သဘောကျတယ် အဲ့ song ကို

      Delete
    2. ဟုတ်တယ် ကျ​နော်လဲ ကြိုက်လို့ မန့်လိုက်တာ

      Delete
    3. Sammi

      Betrayers တွေကိုမုန်းတယ်
      သီချင်းတော့ ကြိုက်ခိုက်စ်😄

      Delete
  4. မီးပျက်လို့ဒေတာနဲ့ချနေရတယ်မင်မင် (moonshine)

    ReplyDelete
    Replies
    1. ဘေလ်လိုရင်ပြော ကျွန်တော်ဖြည့်ပေးမယ်

      Delete
  5. 24/Nov
    weclick4pdf.com 
    raungni.com
    pyithuarr.com
    pyithubawa.com

    ReplyDelete
  6. မြန်မာပြည် ကြီးငြိမ်းချမ်းဖို့ဆို..ကျုပ်နိုင်တဲ့ဘတ်က ကူညီဖို့အသင့်ပဲဗျာ

    ReplyDelete
  7. We are winner
    Fighting together
    အဆုံးထိတိုက်သွားမယ်💪💪

    ReplyDelete
  8. ခွေးတစ်သိုက်မြန်မြန်ကျရှုံးပါစေ

    ReplyDelete
  9. လူပီသစွာနေ
    ဝါသနာပါရာမှာ အောင်မြင်စေ
    အမှန်ဘက်မှာ ရပ်တည်

    ReplyDelete
  10. ကောက်ရိုးမီးမဟုတ်

    ReplyDelete
  11. အမှန်ပါပဲ ပေါ်ပင်မှာ ပျော်ရွှင်နေကြတာတွေများကြီး
    ကျနော်ကတော့ Admin teamsရဲ့လုပ်ဆောင်မှု​ဗတွကို လေးစားရင် နုတ်ခမ်းနီဖိုးမျာများရရေးလုပ်ရင် ပျော်ရွှင်နေသူပါ🤜🤛

    ReplyDelete
  12. ​အောင်မြင်ပါ​စေ

    ReplyDelete
  13. ကိုယ့်ကျင့်တရားကောင်းရမယ်
    စေတနာရှိရမယ်
    ဉာဏ်ပညာရှိရမယ်

    ReplyDelete
  14. If you do a lot of good things and always think of good things, you will always meet good people and less bad people.

    ReplyDelete
  15. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  16. We need patriotic social influencer

    ReplyDelete
  17. I don't want to be influenced by others and I don't want to influence others too.

    ReplyDelete
  18. ဆရာ့စာတွေဖတ်ရတာအရမ်းကောင်းတယ်

    ReplyDelete
  19. လေးစားပါတယ်ဆရာ

    ReplyDelete
  20. PDF ​တွေ ​ဘေးရန်ကင်းပါ​စေ
    PDF ​တွေ ​ကျန်းမာကြပါ​စေ

    ReplyDelete
  21. အောင်ရမည်

    ReplyDelete
  22. ဒီလိုစာလေးတွေဖတ်ခွင့်ရတာသိပ်အဖိုးတန်တာဘဲကျေးဇူးတင်ပါတယ်
    ကုသိုလ်လည်းရ ဝမ်းလည်းဝဆိသလို
    clickလုပ်ရင်းလှူလည်းလှူ ကိုယ့်အတွက်လည်း အသိတွေထပ်တိုးရတယ်

    ReplyDelete
  23. When we have a dream, we got to grab it and never let go....
    Nothing is impossible.

    ReplyDelete
  24. Click to donate, all to participate

    ReplyDelete
  25. Truth be told, there is no easy way out. All good paths have to be fought for, and fight to win.

    ReplyDelete
  26. အဖိုးတန္လိုက္တာ

    ReplyDelete
  27. May all people be free from oppression.🙏

    ReplyDelete
  28. ကျေးဇူးပါ ဆရာ

    ReplyDelete
  29. အရမ်းကောင်းပါတယ်ဆရာ

    ReplyDelete
  30. နှင်းတွေကျနေတာလား အက်မင်ဂျီး..
    မိုက်တယ်...love it. 😁

    ReplyDelete
  31. အရမ်းကောင်းပါတယ်ဗျာ

    ReplyDelete
  32. ကျေးဇူးတင်ပါတယ်

    ReplyDelete
  33. data နဲ့click နေရတယ် မင်မင်ရေ

    ReplyDelete
  34. Self Building is best.
    Good Article.

    ReplyDelete
  35. စစ်အာဏာရှင်စနစ်ဆိုး မုချပျက်သုဥ်းစေရမည်။

    ReplyDelete
  36. Linkတိုင်း မြန်မာလိုလေးတွေဆို ပိုကောင်းမယ်
    ဖတ်ရတာ အရမ်းကောင်းပါတယ် ��
    Pdfတွေ ဘေးကင်းကြပါစေ ����

    ReplyDelete
  37. Thanks a lot for the post that gives me several ideas and thoughts.

    ReplyDelete
  38. ကိုယ့် ရဲ့. Brand Image
    I like this word.

    ReplyDelete
  39. မအေလိုးမင်းအောင်လှိုင် နဲ့ စစ်ခွေးအားလုံ အမြန်ကျဆုံး

    ReplyDelete
  40. ဆရာ့စာ‌တွေဖတ်ရတာ စိတ်ခွန်အားဖြစ်ပြီး ပြင်ဆင်ရမှာတွေကို သတိထားမိလာတယ် ကျေးဇူးပါ Admin 🙂

    ReplyDelete
  41. Done
    ဘေကူနိုင်သူများကူပေးပါအုံးခင်ဗျ
    အမေ့ဆီက ခိုးမရလို့🥴
    09740992256
    ​ဈေးဗန်းလဲခင်းမယ်😁
    Fa ကောင်လေးပါ
    VB မှာလာလဲ စကားပြောရတယ်နော်

    ReplyDelete
  42. မြန်မာပြည်ကြီး အမြန်ဆုံးအောင်မြင်ငြိမ်းချမ်းပါစေ

    ReplyDelete
  43. ကြိုက်တယ်ဗျာ ပညာရှယ်ရတယ်

    ReplyDelete
  44. မအလ အခွက်ကြီးကိုမှန်းပီး
    Click ကြ

    ReplyDelete
  45. ဗဟုသုတရလို့ ကျေးဇူးပါ

    ReplyDelete
  46. ဘယ်သူရှိလဲ ငါ့ကောင်မလေးရှိလား🥺

    ReplyDelete
  47. Honesty is the best policy.

    ReplyDelete
  48. Phay Loe Ma Kyu Kyu Hla...Phar Thal MaDecember 18, 2021 at 6:20 PM

    Get a Job You Love (Or at Least Like)

    ReplyDelete
  49. ကိုယ့်ကိုဘယ်သူမှမသိတဲ့နေရာမှာဘဲ ပျော်တယ်။

    ReplyDelete
  50. ကျေးဇူးပါ ဆရာ

    ReplyDelete
  51. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​စေ

    ReplyDelete

Post a Comment