စိတ်ဒုက္ခဖြစ်စရာတွေနဲ့ ကြုံတွေ့ရတဲ့အခါ
စိတ်ဒုက္ခဖြစ်စရာတွေနဲ့ ကြုံတွေ့ရတဲ့အခါ
ငယ်ငယ်က လူကြီးတွေပြောရင် နားမလည်နိုင်တဲ့ စကားတစ်ခွန်း ရှိခဲ့တယ်။ အဲဒါ ဘာလဲဆိုတော့ ကျွန်တော်တို့ စာတွေ မကျက်ချင်၊ စာမေးပွဲ မဖြေချင်၊ လူကြီးတွေ ချုပ်ချယ်တာ မခံချင်တော့တဲ့အခါ ပြောကြတယ်၊ လူကြီး ဖြစ်ချင်တယ်၊ လူကြီးဖြစ်ရင် ပျော်စရာကောင်းမှာပဲ ဆိုတော့ သူတို့က ပြန်ပြောတယ်၊ ကလေးဘဝက အကောင်းဆုံးပဲ တဲ့။
အဲဒီတုန်းက နားမလည်ခဲ့ပေမယ့် အသက်ကြီးလာလေလေ နားလည်လာလေလေပဲ။ ငယ်ငယ်တုန်းက အကြီးကြီးထင်ခဲ့ရတဲ့ စိတ်ဒုက္ခတွေဟာ ခုကြုံနေရတာတွေနဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်တော့ဘူး။ ကျောင်းမှာ ဖြေခဲ့ရတဲ့ စာမေးပွဲတွေထက် ဘဝစာမေးပွဲတွေမှာ အောင်မြင်ဖို့က လိုအပ်ချက်တွေ ပိုများလာတယ်။ အဲဒီတုန်းက စည်းကမ်းကြီးတဲ့ ဆရာဆရာမတွေကို တုန်နေအောင် ကြောက်ခဲ့ရတာတွေက အပြုံးချိုချိုလေးတွေသုံးပြီး နောက်ကျော ဓါးနဲ့ထိုးတတ်သူတွေနဲ့ ယှဉ်တဲ့အခါ ဘာမှမဟုတ်တော့ဘူး။ ဖြူဖြူစင်စင် ခင်မင်ခဲ့ကြတဲ့ သူငယ်ချင်းတွေနေရာမှာ “စိတ်မကောင်းလိုက်တာ” ဆိုတဲ့ စကားကို တွင်တွင်သုံးပြီး ကိုယ်ပျက်စီးရှုံးနိမ့်တာကို ကြိတ်ဝမ်းသာနေတဲ့သူတွေ အစားထိုး ဝင်ရောက်လာတယ်။ ကျောင်းမထုတ်ခံရဖို့ ဆိုတာ စည်းကမ်းကြီးကြီးမားမား မဖောက်ဖျက်ရင် ဖြစ်နိုင်ပေမယ့် အလုပ်မထုတ်ခံရဖို့ကတော့ အချိန်ပြည့် ကြိုးစားနေရသလို ဘာမှမမှားဘဲနဲ့လည်း ဝန်ထမ်းလျှော့တဲ့အထဲ နေရင်းထိုင်ရင်း ပါသွားနိုင်တယ်။
ချစ်ရခင်ရသူတွေနဲ့ ခွဲခွာရတာတွေ များလာတယ်။ ပြိုင်ရတဲ့ ပြိုင်ပွဲတွေ များလာတာနဲ့အမျှ ရှုံးပွဲမရှိစံချိန် ဆိုတာတွေ ကျိုးပျက်လာတယ်။ ငယ်ငယ်က မိဘက လိုသမျှ ဖြည့်ဆည်းပေးခဲ့ပေမယ့် ကြီးလာတော့ ဆန္ဒနဲ့ ဘဝဟာ တစ်ထပ်တည်းအမြဲ မကျနိုင်ဘူးဆိုတာ သဘောပေါက်လာတယ်။ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်လာဖို့ ကြိုးစားနေတဲ့ တစ်ချိန်တည်းမှာ မဖြစ်ချင်တာတွေကိုလည်း လက်ခံနိုင်အောင် ကြိုးစားလာရတယ်။ ဒါကိုပဲ ရင့်ကျက်ခြင်းလို့ ခေါ်တယ်။ ဘဝတစ်ခုကို ဖြတ်သန်းနိုင်ဖို့ မရှိမဖြစ် လိုအပ်ချက်လည်း ဖြစ်တယ်။
ဗုဒ္ဓမြတ်စွာဘုရား ဟောကြားထားသလိုပါပဲ၊ ဘဝဆိုတာ ဒုက္ခတွေနဲ့ ပြည့်နှက်နေတာပါ။ ကြည့်ကြည့်လိုက်ပါ၊ ဒုက္ခကင်းတဲ့ ဘဝဆိုတာ ဘယ်မှာမှ မရှိပါဘူး။ နိဗ္ဗာန်ရောက်ကြောင်း တရားအားထုတ်ဖို့ ပြောနေတာ မဟုတ်ပေမယ့် ဘဝတစ်ခုကို ဖြတ်သန်းတဲ့အခါ ဒုက္ခဆိုတာ ပါလာမယ်၊ ဒါကို ရှောင်လွှဲလို့ မရဘဲ အရှိအရှိအတိုင်း လက်ခံနိုင်ဖို့ လိုတယ်ဆိုတာလေး ပြောချင်တာပါ။
ကိုယ့်ဘဝမှာ ကိုယ်နဲ့ ကတောက်ကဆ ဖြစ်နေချိန် ကိုယ့်မိသားစုဝင် တစ်ယောက်ယောက်၊ ကိုယ်ချစ်ရသူ တစ်ယောက်ယောက် ရုတ်တရက် ဆုံးပါးသွားတာမျိုး၊ သိပ်ကိုအောင်ချင်လို့ တအားကြိုးစားဖြေဆိုထားတဲ့ အင်တာဗျူးတစ်ခု ကျသွားတာမျိုး၊ ပြိုင်ပွဲတစ်ခုမှာ ရှုံးသွားတာမျိုး၊ ကိုယ်သိပ်ချစ်ရတဲ့ သူတစ်ယောက်ဆီက အကြောင်းမဲ့ လမ်းခွဲစကား ပြောတာ ခံလိုက်ရတာမျိုး၊ ကိုယ်အင်မတန် ယုံကြည်သူတစ်ယောက်ရဲ့ လိမ်ညာတာကို သိလိုက်ရတာမျိုး၊ အဓမ္မပြုကျင့်တာလို၊ အရှက်ခွဲခံရတာ၊ အနိုင်ကျင့်ခံရတာလို အင်မတန် ဆိုးရွားတဲ့ အဖြစ်အပျက်တစ်ခုခုနဲ့ ကြုံခဲ့ရတာမျိုး စသဖြင့် ရှိပါသလား။ အဲဒီလို အဖြစ်အပျက်တွေ၊ ရှုံးနိမ့်မှုတွေကြောင့် အရာရာပြိုလဲသွားတာမျိုးရော ဖြစ်ဖူးပါသလား။
တကယ်တော့ ဒီလိုဆုံးရှုံးမှုတွေ၊ ရှုံးနိမ့်မှုတွေကို ရှောင်လွှဲလို့ မရနိုင်ဘူး။ ကျွန်တော်တို့ လုပ်နိုင်တာက ဒါတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲ ဆိုတာပါပဲ။
စိတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ Martin Seligman က ပြောတယ်၊ အဲဒီလို အဖြစ်အပျက်မျိုးကနေ ပြန်လာနိုင်ဖို့ လူတစ်ယောက်ကို ဟန့်တားနိုင်တဲ့ အရာ ၃ ခု (3 P) ရှိပါတယ်တဲ့။
၁။ Personalization – ကိုယ့်အပြစ်ကြောင့်၊ ကိုယ်အသုံးမကျလို့ ဒီလိုဖြစ်တာလို့ ခံယူတတ်ကြတယ်။
၂။ Pervasiveness – ကိုယ့်ဘဝရဲ့ ကျန်တဲ့ အစိတ်အပိုင်းတွေအားလုံးမှာလည်း ဒါကြီးက သက်ရောက်မှု ရှိလိမ့်မယ်လို့ မှတ်တတ်ကြတယ်။
၃။ Permanence – ဒီကိစ္စကြီးက အမြဲတည်တံ့နေတော့မယ်လို့ ထင်တတ်ကြတယ်။

ဥပမာ ဆိုပါတော့၊ ကိုယ်မျှော်လင့်ချက်အပြည့်နဲ့ တအားကြိုးစားခဲ့ရတဲ့ အင်တာဗျူးတစ်ခု ကျသွားပြီး နောက်တစ်ယောက်က ကိုယ့်အစား ရွေးချယ်ခံလိုက်ရတယ်။ အဲဒါက ကိုယ်အသုံးမကျလို့ ဖြစ်တာလို့ တွေးတယ် (Personalization)။ ငါဟာ ဘယ်နေရာမှာမှလည်း အောင်မြင်မယ့်သူ မဟုတ်ဘူးလို့ တွေးတယ်။ ကျန်တဲ့ ဘဝရဲ့အစိတ်အပိုင်းတွေမှာပါ အဆင်မပြေ ဖြစ်လာတယ် (Pervasiveness)။ နောက်ထပ်လည်း ကြိုးစားချင်စိတ် မရှိတော့ဘူး။ ငါဟာ အမြဲရှုံးနိမ့်နေတော့မှာလို့ တွေးတယ် (Permanence)။ဖေ့စ်ဘွတ်ရဲ့ Sheryl Sandberg က သူ့ရဲ့ Option B ဆိုတဲ့ စာအုပ်မှာ ရေးဖူးတယ်။ သူ့အမျိုးသားက ပြေးစက်ပေါ်မှာ ပြေးနေရင်း ရုတ်တရက်ဆုံးပါးသွားတယ်။ အဲဒီအဖြစ်ဆိုးကြီး ကြုံပြီးနောက်မှာ ရုန်းကန်ထပြီး ပုံမှန်အနေအထား ပြန်ရောက်နိုင်ဖို့အတွက် သူလည်း ဒီ 3 P ကို ကျော်ဖြတ်ခဲ့ရတယ်။ သူ ဘယ်လိုထင်သလဲဆိုတော့ ငါ ဂရုမစိုက်လိုက်လို့ ယောကျာ်းဖြစ်သူ ဒီလိုဖြစ်တာပေါ့။ ပြေးစက်ပေါ်ကနေ ပြုတ်ကျပြီး ခေါင်းထိသွားတယ်ထင်လို့ ငါသာ စောစောရောက်လိုက်ရင် သူ့အသက် မီနိုင်တယ်လို့ တွေးတယ်။ သူ့အမျိုးသား ဆုံးပြီးနောက်ပိုင်း လုပ်ငန်းခွင်မှာလည်း အဆင်မပြေတော့ဘူး။ သူရော သူ့ကလေးနှစ်ယောက်ရဲ့ ဘဝတွေအကုန် ဒုက္ခရောက်ပြီလို့ ထင်နေမိခဲ့တယ်။ နောက်ပြီး ဒီစိတ်ဒဏ်ရာ၊ ဒီအရိပ်ဆိုးကြီးက သူတို့ ကျန်ရစ်တဲ့မိသားစုမှာ ရှိနေတော့မှာလို့ တွေးတယ်။
နောက်မှ သူ့ယောကျာ်းဟာ နှလုံးသွေးကြောပြဿနာကြောင့် သေဆုံးတာလို့ သိရတယ်။ သူ့အပြစ် ဘာမှ မပါပါဘူးပေါ့။ လုပ်ငန်းခွင်နဲ့ သူတို့မိသားစုရဲ့ တခြားအစိတ်အပိုင်းတွေမှာလည်း နဂိုအတိုင်း ပျော်ရွှင်မှုတွေ ရနိုင်တယ်လို့ မြင်လာတယ်။ ဒီအရိပ်ဆိုး၊ ဒီစိတ်ဒဏ်ရာတွေကနေ ရုန်းထွက်နိုင်တယ်လို့လည်း ယုံကြည်လာတယ်။ ဒါကြောင့် သူက သူ့အမျိုးသားဆုံးပါးသွားတဲ့ အဖြစ်ဆိုးတစ်ခုကနေ ပြောပြသွားတယ်၊ အဲဒီ 3 P ကနေ မြန်မြန်ရုန်းထွက်နိုင်တဲ့သူဟာ ရှုံးနိမ့်မှုတစ်ခု၊ အဖြစ်အပျက်ဆိုးတစ်ခု ကြုံပြီးတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ် မြန်မြန်ပြန်တည်ဆောက်နိုင်ပါတယ်တဲ့။
အဓိကကတော့ အတွေးတွေကို ပြောင်းဖို့ပေါ့။ တချို့ကိစ္စတွေဟာ ကိုယ့်အမှားကြောင့် ဖြစ်တာမှန်ပေမယ့် အခါခပ်သိမ်းတော့ မဟုတ်ပါဘူး။ ဥပမာ အင်တာဗျူးမှာ လူရွေးတော့ ကိုယ်က တော်ပါရက်နဲ့ အချင်းချင်း ရင်းနှီးသူကို ရွေးလိုက်တာမျိုး ရှိတတ်တယ်။ နေရင်းထိုင်ရင်း သွားရင်းလာရင်းနဲ့ အဓမ္မပြုကျင့်တာ၊ လိင်အကြမ်းဖက်မှုတစ်ခုခု ကျူးလွန်ခံလိုက်ရတာမျိုး ရှိနိုင်တယ်။ ကိုယ် စိတ်အခန့်မသင့်လို့ စကားမာမာ ပြောမိလိုက်ပြီး မကြာခင်မှာပဲ ကိုယ့်မိသားစုဝင်တစ်ယောက် ရုတ်တရက် အသက်ဆုံးရှုံးသွားတယ်။ အဲဒါမျိုးဆိုလည်း ကိုယ်ပြောလို့ဖြစ်တာ မဟုတ်ပေမယ့် သူ့ကို ဒီလိုလေး မပြောခဲ့သင့်ဘူးဆိုပြီး နောင်တရနေတတ်တာပဲ။ အဲ့ဒီလို ကိုယ်နဲ့မဆိုင်တဲ့ကိစ္စတစ်ခုအတွက် ငါ့အပြစ်ကြောင့်ဖြစ်တာဆိုတဲ့ အတွေးတွေကို ဖျောက်ပစ်နိုင်ဖို့ လိုတယ်။
နောက်တစ်ခု၊ ဒီတစ်နေရာမှာ ရှုံးနိမ့်သွားတိုင်း၊ ဒီလိုအဖြစ်အပျက်ဆိုးတွေ ကြုံလိုက်ရတိုင်း ဘဝတစ်ခုလုုံး စုတ်ပြတ်သတ်သွားတာ မဟုတ်ဘူး။ ယောကျာ်းက ဆိုးလို့ အိမ်ထောင်ကွဲသွားတာနဲ့ပဲ အရာအားလုံး ပြိုလဲသွားမှာ မဟုတ်ဘူး။ အသည်းကွဲလို့၊ အဖေအမေဆုံးသွားလို့၊ အလုပ်ပြုတ်သွားလို့ ငါ့ဘဝတစ်ခုလုံး ပျက်စီးသွားပြီ တွေးစရာ မလိုပါဘူး။ ကျန်တဲ့အစိတ်အပိုင်းတွေဟာ သက်သက်ဖြစ်ပါတယ်။ သူ့ဟာနဲ့သူ ဖြစ်တည်နေပါတယ်။ ဒါကို ခွဲခြားပြီးတော့ မြင်ကြည့်ပေးပါ။
နောက်ဆုံးတစ်ခုကတော့ အမြဲအရိပ်လို လိုက်နေမှာ ဆိုတဲ့ အတွေးမျိုးပါ။ ဒီတစ်ခါ ရှုံးနိမ့်သွားတာဟာ ဒီတစ်ခါပါပဲ။ ကိုယ့်ရဲ့ အားထုတ်မှုမှန်သမျှ ရှုံးနိမ့်နေတော့မယ် ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။ ဝမ်းနည်းစရာတွေနဲ့ အဆုံးသတ်သွားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်ဟာ ဒီတစ်ပုဒ်စာပါပဲ။ ထပ်ပြီး ဖြစ်လာမယ့် အချစ်ဇာတ်လမ်းတိုင်းဟာ ဒီလိုပြီးဆုံးမှာ မဟုတ်ပါဘူး။ မအောင်မြင်လို့၊ အရှုံးပေါ်လို့ လုပ်ငန်းတစ်ခု ရပ်လိုက်ရခြင်းဟာ ထပ်လုပ်မယ့် လုပ်ငန်းမှန်သမျှ ရှုံးနေမယ်ဆိုတဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး။
ခုနောက်ပိုင်း ကျွန်တော်တို့နိုင်ငံမှာ တွေ့ရများလာတဲ့ အဓမ္မပြုကျင့်မှုတွေနဲ့ ပတ်သက်လို့လည်း ကျူးလွန်ခံလိုက်ရတဲ့ သူတွေကို ဒါလေး သိစေချင်တယ်။ ဒီလိုအဖြစ်အပျက်မျိုးနဲ့ ကြုံလိုက်ရတာ ကိုယ့်အပြစ် လုံးဝမဟုတ်သလို ဒီလိုကြုံလိုက်လို့လည်း ကိုယ့်ဘဝတစ်ခုလုံး စုတ်ပြတ်သွားပြီ မထင်ပါနဲ့။ စိတ်ဓါတ်မကျဘဲ ကိုယ့်ကိုယ်ကိုယ် သေချာစနစ်တကျ တည်ဆောက်ယူနိုင်ပါတယ်။ ဘဝရဲ့ ကျန်အစိတ်အပိုင်းတွေဟာ သူ့ဟာနဲ့သူပဲ ရှိနေတာပါ။ အဲဒီလိုပဲ၊ ဒီအဖြစ်ဆိုးကြီးက ကိုယ့်ဘဝရဲ့ တန်ဖိုးကို အဆုံးအဖြတ် မပေးနိုင်ပြန်ပါဘူး။ ကိုယ်ဟာ တန်ဖိုးရှိတဲ့သူတစ်ယောက်အနေနဲ့ လောကအလယ်မှာ ဆက်လက်ရပ်တည်နိ်ုင်ပါတယ်။
လူတစ်ယောက်နဲ့တစ်ယောက် အရှုံးတွေကို လက်ခံနိုင်ပုံချင်း မတူကြသလို၊ ကြုံရတဲ့ အဖြစ်အပျက်တွေရဲ့ ဆိုးရွားမှုချင်းကလည်း မတူကြပါဘူး။ တကယ်လို့များ ကိုယ်ဟာ အရှုံးတွေ၊ စိတ်ဒုက္ခတွေကို သိပ်ပြီး လက်မခံနိုင်ဘူး၊ ဒါမှမဟုတ် ဘဝမှာ သိပ်ကိုမှ ဆိုးရွားတဲ့ အဖြစ်အပျက်တွေ ကြုံခဲ့ရဖူးတယ်ဆိုရင်တော့ ခုပြောခဲ့တဲ့ 3 P ကို သိထားဖို့နဲ့ ကျော်လွှားနိုင်ဖို့ လိုပါတယ်။
လူရယ်လို့ ဖြစ်လာရင် ကျွန်တော်တို့မှာ အကြွေစေ့လေးတွေ ရလာပါတယ်။ ဆုံတွေ့ခြင်းဟာ ‘ခေါင်း’ဆိုရင် ခွဲခွာခြင်းဟာ ‘ပန်း’ပါ။ အောင်မြင်ခြင်းဟာ ‘ခေါင်း’ဆိုရင်လည်း ရှုံးနိမ့်ခြင်းဟာ ‘ပန်း’ပါ။ ပျော်ရွှင်ခြင်းက ‘ခေါင်း’ဆိုရင်တော့ ဝမ်းနည်းခြင်းက ‘ပန်း’ပါ။ သုခတွေက ‘ခေါင်း’ဆို ဒုက္ခတွေက ‘ပန်း’ပေါ့။ ‘ခေါင်း’တွေပဲ လိုချင်ပါတယ်ဆိုပြီး တောင်းဆိုနေလို့ မရပါဘူး။ ကျွန်တော်တို့ လုပ်နိုင်တာကတော့ ‘ခေါင်း’ကျတဲ့အခါ ပျော်နေတဲ့ တစ်ချိန်တည်းမှာပဲ ‘ပန်း’ဘက်ခြမ်းမှာ ပါလာတဲ့ အဆိုးတရားတွေကို လက်ခံပြီး ရုန်းကန်ထနိုင်စွမ်း ရှိလာအောင် ကြိုးစားဖို့ပါပဲ။
ဒေါက်တာ ဖြိုးသီဟ
၁၇.၄.၂၀၁၈
Done
ReplyDeleteOore-4319 8074 3153 3859
DeleteThanks 💪
DeleteDone
Delete” စိတ်ဖိစီးမှုတွေကို ဘယ်လိုကျော်လွှားမလဲ ”
Delete၁ – အကောင်းဘက်က မြင်ပေးပါ။
၂ – ကိုယ်တစ်ယောက်တည်း မဟုတ်ဘူး ဆိုတာလေး သတိရပေးပါ။
၃– အကောင်းဆုံးလမ်းကို ရွေးတတ်ပါစေ။
Black Sunday 🌠🌠🌠🌠🌠
DeleteDec5
KyiMyinDine
💪
Deleteok
Delete💪🏻💪🏻💪🏻
Deleteစိတ်ပျော်လည်း Click
Deleteစိတ်မပျော်လည်း Click
Click လို့ရတုန်း Click
တကယ်ကောင်းတဲ့ဆောင်းပါးလေးပါ
Deleteအားလုံး ဖိုက်တင်းနော်
💪💪💪💪💪
Deleteရပ်မနေဖို့ကအဓိက
ReplyDeletetel-29 6409 9942 6588 4053
DeleteFIGHT FOR FREEDOM ÖK
ReplyDeleteစိတ်ဓာတ်ကကျလို့ရတယ်ပြန်ကြိုးစားဖို့ကအဓိကပါ
ReplyDeleteWe must win!
ReplyDelete😍😍😍
ReplyDeleteDone ❄️
ReplyDeleteI'm clicker.
ReplyDeletedone
DeleteBe safe 😘
ReplyDeleteအားတင်းထားပါ ဖိုက်တင်(moonshine)
ReplyDeletedone2
ReplyDeleteစိတ်ခွန်အား ရပါတယ်။ ကျေးဇူးပါ။
ReplyDeleteLike it
ReplyDeleteDone . Lee Soo Hyuk's Girlftiend♡
ReplyDeleteပေးဆပ်တာခြင်း အတူတူကို
ReplyDeleteသူတို့က
အသက်တွေပါ ရင်းထားရတာ❣️❣️
တိုက်ပွဲတိုင်းအောင်မြင်ပီး
ဘေးမသီရန်မခပဲ အနိုင်ရကြပါစေ💪💪💪
This comment has been removed by the author.
DeleteThanks 💪💪💪
ReplyDelete❤❤❤
ReplyDeleteအတွေးအခေါ်ကောင်းတဲ့ စာတွေဖတ်ရလေ ပိုပို click လေ. adminနဲ့ စာရေးဆရာ ဖြိုးသီဟ ကျန်းမာပါစေ ဗျာ.
ReplyDelete❤️❤️✨
ReplyDelete💪💪💪
ReplyDeleteDone💕💕💕
ReplyDeleteဖြစ်ပျက်လူ့သံသရာကြီးထဲအကြွေးဆပ်ဖို့လူ့ဖစ်ခဲ့ရတာပါ ခန္ဓာ ရတည်းကဆင်းရဲဒုက္ခရတာပါဘဲ ဝဋ်ကြွေး ကျေအောင်ဆပ်နိုင်ပါရစေဘဲ ပြောလက်တွေ့လုပ်နေတယ်။
ReplyDeleteReplies
ReplyDeleteမမကိုချစ်တယ်
ReplyDelete(ထာဝရနွားလေး)
fightings...
ReplyDelete💪💪💪
ReplyDeleteOk done
ReplyDelete👍
ReplyDeleteDONE
ReplyDeleteDoneeeee
ReplyDeleteBelieve you can...💪🍀❤️
ReplyDeleteအဆိုးနဲအကောင်း တလှည့်စီပေါ့လေ
ReplyDeleteအမြဲ ခေါင်းကျနေဖို့ပဲ မျှော်လင့်နေလို့မှ မရတာ
ဒါမဲ့ ပန်းကျတဲ့ အခါလဲ စိတ်ဓါတ်မကျပဘူး
❤❤❤
ReplyDelete🤍🤍🤍
ReplyDeleteကောက်ရိုးမီးမဟုတ်ပါ
ReplyDeleteဟုတယ်
Deletedone
ReplyDeleteလဲရင်ပြန်ထ အဲဒါ လူ့ဘဝ
ReplyDeleteအားးဒေါသထွက်လို့သေတော့မယ်☺️
ReplyDeleteရှီးပါးးးး🌝
DeleteWe are winner
ReplyDeleteFighting together
အဆုံးထိတိုက်သွားမယ်💪💪
ကလစ်
ReplyDeletegood facts
ReplyDeleteClick Done
ReplyDeleteThanks.
ReplyDeleteThanks
ReplyDeleteအရေးတော်ပံုနိုင်တဲ့နေ့ကျ ကျွန်တော့်ကို ချစ်ပေးကြနော်....။
ReplyDelete18+ တေး ရှိတုန်းဘဲ ဖျက်ပေးပါရှင့်
ReplyDeleteWe all win
Scoppy
ReplyDeleteThanks
ReplyDeleteDone
ReplyDeleteVery good note
ReplyDelete3P
ReplyDeleteမအလကို သတ်ချင်တယ်
Deleteဒီနေ့အရမ်းဝမ်းနည်းဒေါသဖြစ်တယ်
Deletedoyouloveme?
ReplyDeleteWe must win.
ReplyDeleteနိုင်ကိုနိုင်ရမယ်
ReplyDelete👍👍👍
ReplyDeleteMay our spring heroes be safe and health.
ReplyDeleteFightb
💪💪💪
ReplyDeleteDone
ReplyDeleteDone
ReplyDeleteRelax & control yourself.
ReplyDeleteစိတ်ပျော်လည်း Click
ReplyDeleteစိတ်မပျော်လည်း Click
Click လို့ရတုန်း Click
Done
ReplyDeleteKeep fighting for what do you want.
ReplyDeleteမင်းရဲ့ နိုင်ငံနဲ့ ပြည်သူများကို ချစ်မြတ်နိုးရင်၊ကလစ်လေးလုပ်ပေးခြင်းဖြင့် ကူညီလို့ရပါတယ် ၊အားလုံး ညီကြမယ်။
ReplyDeleteDone
ReplyDelete❤️❤️❤️
ReplyDeleteမွန်မလေးကိုချစ်တယ်
ReplyDeleteDone
ReplyDeleteစိတ်ရဲ့ ချမ်းသာ ဆင်းရဲခြင်းကလဲ ဖြစ်ခြင်း ပျက်ခြင်း သဘော ရှိပါတယ်
ReplyDelete💪💪💪💪💪
ReplyDeleteဒီတစ်ခါမန့်ရင်ရကွာ
ReplyDeleteThank you so much😊
ReplyDeletethz u
ReplyDeleteDone
ReplyDeleteဟုတ်ပါတယ်
ReplyDeletedone5
ReplyDeleteDone
ReplyDeleteရင်တွေပူပီးနာနေရတယ်
ဆန္ဒမပြပဲနဲ့ကျောက်ကျးနဲ့ပဲအနိုင်ယူကြပါလား
😭😭😭
နေ့တိုင်း ဆန္ဒမပြရင်
Deleteမအလက ကမ္ဘာကို ဆူပူမှုတွေမရှိတော့ဘူးဆိုပီး ချပြ
PDFတွေ အကုန်ချေမှုန်းတော့မှာ၊ အဲဒါကြောင့် လူငယ်တွေက သတ်မယ်မှန်းသိရဲ့နဲ့ တောထဲက ကိုယ့်လူတွေမချေမှုန်းခံရအောင်လို့ နေ့တိုင်းအသေခံပီး ထွက်နေကြရတာပါ။
မြန်မာနိုင်ငံသားအားလုံး ပါဝင်ပေးမှသာ မြန်မြန် အကျအရှုံးနဲနဲနှင့် အောင်မြင်နိုင်မှာပါ။
ကိုယ်နဲ့ဆိုင်သလို နေမှ နိုင်မယ့်တော်လှန်ရေးပါရှင်။
💗
ReplyDeleteThank
ReplyDeleteနိုင်ရမည်
ReplyDeleteGood luck
ReplyDelete💪💪💪
ReplyDeleteDone 🍀
ReplyDeleteပေးဆပ်တာခြင်း အတူတူကို
ReplyDeleteသူတို့က
အသက်တွေပါ ရင်းထားရတာ❣️❣️
တိုက်ပွဲတိုင်းအောင်မြင်ပီး
ဘေးမသီရန်မခပဲ အနိုင်ရကြပါစေ
Dome
ReplyDeleteDone✊🏼
ReplyDeleteကောင်းပါတယ် 🌺
ReplyDeleteFightingTogether💪💪💪
ReplyDeleteFIGHT FOR FREEDOM!
ReplyDeleteငါတို့ အချစ်တွေကို
ReplyDeleteငါတို့ click တွေနဲ့
ကယ်တင်မယ်
Let's win together
ReplyDelete💪
ReplyDeleteDone🤎✌️
ReplyDeleteDone
ReplyDeleteBe safe
ReplyDeleteFighting 💪
ReplyDeleteဟီးး
ReplyDeleteDone ✅✅✅
ReplyDeleteDone
ReplyDeleteDone
ReplyDeletetp 💪💪💪
ReplyDeleteDone
ReplyDeleteငါတို့ကလေးတွေ အားလုံး ဘေးကင်းပါစေ
ReplyDeleteစာဖတ်ပြီး အတွေးနဲနဲပြောင်းသဝါးတယ် ဝုန်းပစ်မယ် 🤨
ReplyDeleteရင်ဘတ်ထဲပြန်ငုံ့ကြည့်လိုက် ယုံကြည်ချက်ကျန်သေးလားဒါဆိုရသေးတယ်
ReplyDeleteနာကျည်းမှုတွေကို တွန်းအား ခွန်အားအဖြစ်ပြောင်းပြီး အောင်မြင်မှုကိုယူဆောင်ရမည်။
ReplyDeleteDone
ReplyDeleteStay_Strong💪
ReplyDeleteတိုင်းပြည်ကိုဖျက်ဆီးတဲ့
ReplyDeleteသခေါမလင်
သောင်းလှိုင်သား
စောက်ဂျပု အသေဆိုးနဲ့ သေပါစေ
⭐⭐⭐⭐⭐
ReplyDeleteOkey
ReplyDeleteD o n e
ReplyDeleteThank
ReplyDeleteKeep Going and Stay strong 💪🏻
ReplyDeleteအရမ်းကောင်းတဲ့ ဆောင်းပါးတစ်ပုဒ်ပါ။
ReplyDeleteအရမ်းကောင်းပါတယ်
ReplyDeletefight to click the end! Not straw fire. ❤❤❤✊��✊��✊��
ReplyDeleteDone
ReplyDeleteDone
ReplyDelete💕🌹💞
ReplyDeleteDone💜🌸
ReplyDeleteစိတ်နာနာနဲ့ များများကလစ်ကြပါ
ReplyDeleteOk
ReplyDelete❤❤❤������
ReplyDeletedoen
ReplyDeleteအနာဂတ်ကိုမျှော်ရည်
ReplyDelete❤️🔥❤️🔥
ReplyDelete💪💪💪
ReplyDeleteDeeply salute the spring heroes
ReplyDelete5-12-2021
Done
ReplyDeleteဆရာဖြိုးသီဟ စာလေးတွေက အရမ်းအသိတရားရတယ် ရင်ထဲလဲ တစ်ကယ်ရောက်တယ်
ReplyDeleteတင်ပေးလို့ ကျေးဇူးတင်ပါတယ် We must win !
we are winner
ReplyDeleteWe do it.
ReplyDelete��
ReplyDeleteကိုယ့်ဘဝဟာ ကိုယ်ဖျက်မှပျက်တာ
ReplyDeleteသူများလာဖျက်လို့မရဘူး ဘာအမှားဖြစ်နေနေ ဘဝကို တစ်ကနေ ပြန်စလို့ရတယ်
Done
ReplyDeleteGood
ReplyDeleteDone
ReplyDeleteFighting 💪
ReplyDeleteThanks sir
ReplyDelete🤝
ReplyDeleteCool
ReplyDeleteNice
ReplyDeleteArmed robbery have a short win, but robber needs to keep inciting violence to keep in control. We must not let robbers win.
ReplyDeleteMay all people be free from oppression.🙏
ReplyDeleteThere there
ReplyDeleteThanks to known.
ReplyDeleteClick with💜
ReplyDeleteRobbers can’t be head of household, even if they can raid the house and captured the mother.
ReplyDeleteဓမြဟာ ဘယ်တော့မှ အိမ်ထောင်ဦး မဖြစ်ဘူး၊ အိမ်ကို စီးပီး အမေ့ကို ဓါးမိုးဖမ်းထာရင်လဲ ဓမြ က ဓမြ ဘဲ။
Thanks for post.
ReplyDeleteDone ☹☹☹ (moonshine)
ReplyDeletesilent strike
ReplyDelete🍁🍂🍁
ReplyDeleteWe must win
ReplyDeleteDone
ReplyDeleteDone
ReplyDeletethank
ReplyDeletedone10
ReplyDeleteအောင်မြင်ခြင်း
ReplyDelete🥰🥰🥰🥰💪💪💪💪
ReplyDelete🤩
ReplyDeleteနာကျည်းချက် တော်လှန်ရေးမှ
ReplyDeleteခံယူချက် တော်လှန်ရေးသို့ ✊✊
Done
ReplyDelete💪💪💪
ReplyDeleteWalk on
ReplyDeleteDonr
ReplyDeleteဒီအိုအန်ဏီး
ReplyDeleteDONE ✅✅✅ zppa
ReplyDelete19.12.2021
💓💓💓
ReplyDeleteDon't regret & never give up whatever happen in your life.
ReplyDelete🌹🦩🎋🌹🦩🎋🌹
ReplyDelete💪💪💪
ReplyDeletedone 19
ReplyDeleteWe must me wine
ReplyDeleteNice article. Thanks for sharing.
ReplyDeleteညိုပြာလုံ့လကို အတုယူမိပါတယ်
ReplyDeleteDone🤍
ReplyDeleteကျေးဇူးပါ ❤
ReplyDeletegood
ReplyDeleteကျန်းမာရေးဂရုစိုက်ကြပါ PDF သူရဲကောင်းတို့
ReplyDeleteDone 💪💪💪💪💪
ReplyDelete