ခေတ်သစ်ရဲ့ တောင်းဆိုမှုများ


ခေတ်သစ်ရဲ့ တောင်းဆိုမှုများ



တက်ကျမ်းစာအုပ်တွေဟာ ကျွန်တော်တို့ဆီမှာတင်မကပါဘူး၊ ကမ္ဘာမှာလည်း အရောင်းရဆုံး၊ လူဖတ်အများဆုံးစာရင်းဝင်စာအုပ်တွေ ဖြစ်နေတတ်ကြပါတယ်။ စိတ်ဓါတ်လှုံ့ဆော်ရေး ဟောပြောသူတွေ၊ ဟောပြောပွဲတွေဆိုလည်း မနည်းမနောပါပဲ။ ပရော်ဖက်ရှင်နယ်လိုင်းအနေနဲ့ ရပ်တည်နေသူတွေလည်း ရှိပါတယ်။



တက်ကျမ်းတွေဟာ လူကို အကျိုးရှိစေနိုင်တာ မှန်ပေမယ့် အဲဒီလိုအကျိုးရှိစေဖို့ ဆိုရင် ဖတ်တဲ့သူ၊ နားထောင်တဲ့သူက ကိုယ်တိုင် လိုက်လုပ်မှ ရပါလိမ့်မယ်။ မဟုတ်ရင် အလကားပါပဲ။ တက်ကျမ်းစာအုပ်တွေက ကိုယ့်စာအုပ်စင်ရဲ့ နေရာတော်တော်များများကို ယူထားပြီးတာတောင် ကိုယ့်ဘဝ အခြေအနေက ထူးခြားမလာသေးဘူးဆိုရင် အဲဒီစာအုပ်တွေ ထပ်မဝယ်ပါနဲ့တော့။ ဝယ်လည်း ထူးမှာ မဟုတ်တော့ပါဘူး။ ဒါက တက်ကျမ်းရဲ့ ပထမအားနည်းချက်။

နောက်အားနည်းချက်တစ်ခုတော့ ခုလို အပြောင်းအလဲတွေ မြောက်များစွာ ဖြစ်နေတဲ့ ခေတ်ကြီးမှာ တက်ကြမ်းတွေလည်း ပြောင်းလဲဖို့ လိုနေပြီဆိုတာပါပဲ။ သိပ်သမားရိုးကျဆန်တဲ့ “ကြိုးစားကြပါ၊ ဝီရိယရှိကြပါ၊ ပိုက်ဆံစုကြပါ၊ စာဖတ်ပါ” ဆိုတာတွေက နားထောင်လို့တော့ ကောင်းပေမယ့် ဒီခေတ်မှာ မလုံလောက်တော့ပါဘူး။



ဒါကြောင့် ခေတ်သစ်တက်ကျမ်းတွေ လိုလာပါတယ်။ ခေတ်သစ်တက်ကျမ်းဆိုတာ တခြားမဟုတ်ပါဘူး။ ခေတ်သစ်ရဲ့ လိုအပ်ချက်အသစ်တွေကို ဘယ်လိုဖြည့်ဆည်းကြရမလဲ ပြောပြထားတဲ့ စာတွေကို ဆိုလိုတာပါ။
ဒါဖြင့် ခေတ်သစ်က ဘာလိုအပ်ချက်အသစ်တွေ တောင်းဆိုနေသလဲ။

၁။ ပံ့ပိုးပေးတဲ့ ပတ်ဝန်းကျင်

နယ်က လူငယ်တွေကို ဘီလ်ဂိတ်စ်အကြောင်း သွားပြောမယ်ဆိုပါတော့။ သူက ဘယ်လောက်ကြိုးစားတာ၊ ပညာ ဘယ်လိုထူးချွန်တာ၊ ခုဆို သူ့ပိုင်ဆိုင်မှုတွေက ဘယ်လောက်ဖြစ်နေပြီ၊ သူ့လိုဖြစ်ချင်ရင် သူ့လိုကြိုးစားကြ ဆိုပြီး ပြောတတ်ကြပါတယ်။ လက်တွေ့ကျပါရဲ့လား။ လူတစ်ယောက် အောင်မြင်ဖို့ ဆိုရာမှာ ပတ်ဝန်းကျင်ကလည်း အရေးပါပါတယ်။ စီရော်နယ်ဒို မြန်မာပြည်မှာ လူလာဖြစ်ရင် လူကောင်ခပ်သေးသေးနဲ့ ဘောလုံးသမားလေး ဖြစ်နေမှာပေါ့။ ဘီလ်ဂိတ်စ်ဆိုရင်ရော၊ အောင်မြင်ချင် အောင်မြင်မယ်၊ ဒီနေ့လို အဆင့်အတန်းမျိုး ရှိနေမှာ မဟုတ်တာတော့ သေချာပါတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ ပတ်ဝန်းကျင်ကောင်းကို ရှာနိုင်ဖို့ လိုတယ်။ ရန်ကုန်လို၊ မန္တလေးလို၊ နောက်ဆုံး နိုင်ငံရပ်ခြားအထိ အခွင့်အလမ်းများတဲ့ နေရာတွေကို ရဲရဲဝင့်ဝင့် ပြောင်းရွှေ့ပစ်နိုင်ဖို့ လိုတယ်။ ကိုယ့်နေရာ၊ ကိုယ့်ဒေသမှာပဲ ပုံမှန်ဝင်ငွေရတဲ့ အလုပ်လေးနဲ့ မိန်းမောမနေကြဘဲ Comfort zone ထဲကနေ ထွက်ခဲ့ကြဖို့ လိုပါမယ်။



၂။ Digital literacy

ဖုန်းဘေလ်တွေ အကုန်ခံမယ့်အစား စာအုပ်ဝယ်ဖတ်လိုက်တာ ပိုအကျိုးရှိမတဲ့။ ထပ်မှားပါတယ်။ ဖေ့စ်ဘွတ်ပဲ ဖွင့်ပြီး အရေးမပါတာတွေ လုပ်နေမယ်၊ Chatting ထိုင်နေမယ် ဆိုရင်တော့ တစ်မျိုးပေါ့။ ဒါပေမယ့် ခုခေတ်မှာ ဖုန်းကိုအသုံးပြုပြီး လေ့လာလို့ရတာတွေ၊ ချိတ်ဆက်လို့ရတာတွေ အများကြီး ရှိလာပါပြီ။ ဒါကြောင့် မင်းတို့ ဖုန်းပဲပွတ်မနေနဲ့ ဆိုပြီး တရားသေတားဖို့ ခက်လာပါတယ်။ ပြီးတော့ ဒီနေ့ခေတ်မှာ နည်းပညာ တတ်ကျွမ်းမှုက မရှိမဖြစ် အရေးပါလာပါပြီ။ အရင်လို စာအုပ်ချည်းပဲ ထိုင်ဖတ်နေလို့ ရတော့တဲ့ ခေတ် မဟုတ်ပါဘူး။
ကမ္ဘာကြီးမှာရှိတဲ့ အကန့်အသတ်တွေအားလုံးကို အင်တာနက်က ချုံ့ပစ်လိုက်ပါတယ်။ ဘယ်သူနဲ့မဆို ချိတ်ဆက်လို့ရပြီ၊ ဘယ်ပညာမဆို သင်ကြားလို့ရပြီ။ ဒီခေတ်မှာ အင်တာနက် ကောင်းကောင်း မသုံးတတ်ဘူး၊ သုံးမနေဘူးဆိုရင် ကိုယ့်အတွက်တော့ ဒီအကန့်အသတ်တွေက ရှိနေဦးမှာပဲ ဖြစ်ပါတယ်။



၃။ ဆိုင်တဲ့စာပဲ ဖတ်ပါ



စဉ်းစားကြည့်ပါ။ ဒီလောက်များပြားလှတဲ့ စာအုပ်တွေကြားထဲမှာ ဘယ်လိုလုပ် အကုန်လိုက်ဖတ်မလဲ။ စာဖတ်ရုံ သက်သက်နဲ့ကို တစ်ယောက်ယောက်က လစာပေးထားတယ်ဆို ဟုတ်တာပေါ့။ စာအစုံ မဖတ်ပါနဲ့။ ကိုယ့်အလုပ်နဲ့ ဆိုင်တာ၊ ကိုယ့်ရည်မှန်းချက်အတွက် အထောက်အပံ့ဖြစ်မယ့်စာကို ဦးစားပေးဖတ်၊ EQ မြင့်ဖို့ ရသစာပေ များများဖတ်။ ဒီလောက်ဆို လုံလောက်ပါတယ်။
တစ်ခုလေး သတိထားစေချင်တာကတော့ စာဘယ်လောက်ဖတ်ထားတယ် ဆိုတာထက် ဖတ်ထားတဲ့ စာတွေကို ဘယ်လောက်ပြန်အသုံးချပြီးပြီ ဆိုတာက ပိုအရေးကြီးပါတယ်။

၄။ Result-oriented age



ဒီနေ့ခေတ်ရဲ့ အပြောင်းအလဲတစ်ရပ်ပါ။ အဖွဲ့အစည်း တော်တော်များများဟာ ဒီပုံစံဖြစ်နေကြပါပြီ။ မနေ့က မင်း ဘာလုပ်ခဲ့တယ်ဆိုတာ ဘယ်သူမှ စိတ်မဝင်စားတော့ဘူး၊ ဒီနေ့ မင်းဘယ်လောက်လုပ်နိုင်သလဲ ဆိုတာပဲ ကြည့်ကြတော့တယ်။ မင်းရခဲ့တဲ့ ဆုတံဆိပ်တွေထက် မင်းရဲ့ လက်ရှိပုံစံ (current form) ကပဲ မင်းအတွက် အာမခံချက်ပေးနိုင်လိမ့်မယ်။ ဒီကုမ္ပဏီမှာ ကိုယ်က လုပ်သက်အရင့်ဆုံးမို့ နောက်ဆုံးမှ အလုပ်ဖြုတ်မယ် မထင်နဲ့၊ First In Last Out မဟုတ်တော့ဘူး အရင်ဆုံးဝင်ပြီး အရင်ဆုံး ထွက်သွားရတဲ့သူ First In First Out လည်း ဖြစ်သွားနိုင်တယ်။

၅။ Human skill



အောင်မြင်ချင်ရင် အလုပ်ကြိုးစားပါ၊ အလုပ်မှာ ထူးချွန်အောင် လုပ်ပါ ပြောကြတယ်။ မှန်ပါတယ်။ ဒီခေတ်မှာ ကိုယ့်အလုပ်ကို အောင်မြင်ရင် ရပြီလား။

Skill ၃ မျိုး ရှိပါတယ်။ Technical skill အလုပ်နဲ့ပတ်သက်တဲ့ အရည်အသွေးပါ။ တစ်ဆင့်ထပ်တက်ရင် Human skill လူတွေကို စည်းရုံးတာ၊ လှုံ့ဆော်တာ၊ ဦးဆောင်မှုပေးတာ၊ ပူးပေါင်းဆောင်ရွက်တာ၊ ဒါတွေ လုပ်တတ်ဖို့ လိုလာတယ်။ နောက်ဆုံးက Conceptual skill ဆုံးဖြတ်ချက်ပေးရတဲ့ ရာထူးအဆင့်မျိုးတွေ ရှိရမယ့် အရည်အသွေးမျိုး။ လူငယ်အများစုဟာ Technical skill ရှိကြတယ်။ ဒါပေမယ့် Human skill မရှိဘူးဆိုရင်တော့ Managerial role ကို ရဖို့ ခက်ပါလိမ့်မယ်။ အလုပ်ချည်း ကြိုးစားမနေဘဲ Human skill တက်ဖို့ကိုလည်း ကြိုးစားကြစေချင်တယ်။



၆။ ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှပ်နှံပါ

ရတဲ့ ပိုက်ဆံတွေ ဆယ်ပုံတစ်ပုံကို စုထားပါ လို့ ပြောတတ်ကြပါတယ်။ ဒါက မိသားစုအခြေအနေနဲ့တော့ ဆိုင်မှာပေါ့။ အကယ်၍များ ကိုယ်က ကိုယ်ရှာတာ ကိုယ်သုံးခွင့်ရှိတယ်ဆိုရင်တော့ အဲဒီစည်းမျဉ်းကို လိုက်နာစရာ မလိုပါဘူး။ ဘာလို့ဆိုတော့ ငယ်တုန်းမှာ ငွေနောက်မလိုက်ပါနဲ့၊ အတွေ့အကြုံနဲ့ ပညာနောက်သာ လိုက်ပါ။ လုပ်တဲ့ အဖွဲ့အစည်းက လစာနည်းရင်တောင် ခေါင်းဆောင်က လေးစားစရာ ကောင်းမယ်၊ သင်ယူစရာတွေရှိတယ်၊ အတွေ့အကြုံ ကောင်းကောင်းရမယ်၊ ဒီမှာလုပ်လိုက်တဲ့အတွက် ကိုယ့် CV လေးက သိပ်လှသွားမယ်ဆို လုပ်သာ လုပ်လိုက်ပါ။ ရတဲ့ငွေကို မစုနဲ့။ သင်တန်းတွေ တက်၊ စာအုပ်တွေ ဝယ်ဖတ်ပါ။

၇။ ပြောင်းလဲပြင်လွယ် ဖြစ်ဖို့



ကြီးတဲ့ငါးထက် မြန်တဲ့ငါး ဖြစ်ဖို့လိုပါတယ် တဲ့။ ဆိုလိုတာက ခေတ်က ဘာဖြစ်လာနိုင်တယ် ရယ်လို့ ကြိုတင်မှန်းဆပြီး မြန်မြန်ဆန်ဆန် ပြောင်းလဲနိုင်တဲ့သူတွေပဲ ထိပ်တန်းရောက်နေကြတာကို ပြောတာပါ။

၈။ EQ မြင့်ဖို့

ဒီဘက်ခေတ်မှာ ဉာဏ်ရည်ဘယ်လောက်မြင့်တယ် ဆိုတာထက် EQ ဘယ်လောက်မြင့်တယ်ဆိုတာကို ပိုဇောင်းပေးပြောလာကြပါတယ်။ ကိုယ့်ရဲ့ စိတ်ခံစားချက်တွေကို ဘယ်လောက်ထိ ထိန်းချုပ်နိုင်သလဲ၊ တစ်ဖက်ရဲ့ အခြေအနေကို ထည့်တွေးပြီး ဘယ်လောက်ညှိနှိုင်းဆောင်ရွက်နိုင်သလဲ၊ ပေါင်းသင်းဆက်ဆံရေး ဘယ်လောက် ကောင်းသလဲ ဆိုတာက အောင်မြင်မှုမှာ တော်တော်လေး အရေးပါလာပါတယ်။ Social capital လို့ ပြောရမယ့်၊ ကိုယ့်မှာ Network ဘယ်လောက်ကျယ်သလဲ၊ ကိုယ့်ကို ကူညီမယ့်သူ၊ ထောက်ခံမယ့်သူ၊ ကိုယ်နဲ့ ပူးပေါင်းဆောင်ရွက်မယ်သူ ဘယ်နှယောက်ရှိလဲ၊ ဘယ်လိုလူတွေလဲ၊ ဒီလိုလူမှုအရင်းအနှီးတွေက အောင်မြင်ဖို့အတွက် အရေးပါလာပါတယ်။



၉။ Strategic approach

Strategy ဆိုတာ အရိုးရှင်းဆုံး ပြောရရင် A set of long term objectives ပါ။ ဒါဟာ စီးပွါးရေးမှာမှ သုံးလို့ရတာ မဟုတ်ပါဘူး။ ကိုယ့်ဘဝအတွက်လည်း အသုံးချလို့ ရပါတယ်။ ရေရှည်ရည်မှန်းချက်တွေ ချပြီး အလုပ်လုပ်တာဟာ မဟာဗျူဟာပါပဲ။ တစ်နေ့ ငါဘာဖြစ်ရမယ် ဆိုတဲ့ ယေဘုယျဆန်တဲ့ ရည်မှန်းချက်တွေထက် ငါ ဘယ်အသက်အရွယ်မှာ ဘာဖြစ်နေရမယ်၊ ဒီအတွက် ငါ ဘာကျောင်းတက်ရမယ်၊ ဘာပညာတွေ သင်ရမယ်၊ ဘယ်လိုအဖွဲ့အစည်းမျိုးမှာ အလုပ်လုပ်ရမယ်၊ ကိုယ့် Brand ကို ဘယ်လိုတည်ဆောက်မယ်၊ ဘယ်သူတွေနဲ့ Network ချိတ်မယ် စသဖြင့် နှစ်ကာလအလိုက် မဟာဗျူဟာတွေ ချမှတ်ပြီး အလုပ်လုပ်တတ်ဖို့ လိုလာပါတယ်။



၁၀။ Work smart

အလုပ်ကြိုးစားတယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် ဆိုက္ကားဆရာတစ်ယောက် တစ်နေ့ ၁၀ နာရီလောက် ပင်ပင်ပန်းပန်း အလုပ်လုပ်လို့ ရတဲ့ငွေဟာ ဆရာဝန်တစ်ယောက်ရဲ့ တစ်နာရီစာ ဝင်ငွေနဲ့ သွားတူနေပါတယ်။ ဆရာဝန်တစ်ယောက်ရဲ့ ဝင်ငွေတစ်လစာက သူ့ဆေးရုံပိုင်ရှင်ဝင်ငွေရဲ့ အင်မတန် သေးငယ်သော အစိတ်အပိုင်းလေးမျှသာ ဖြစ်နေပြန်ပါတယ်။ ဒါကြောင့် အလုပ်ကြိုးစားတိုင်း ရပြီလားဆိုရင် မရသေးပါဘူး။ ဒါဖြင့် ဘာတွေ ထပ်ဆောင်းဖို့ လိုသေးလဲ။ ပညာ လိုပါတယ်။ အိုင်ဒီယာ လိုပါတယ်။ ရင်းနှီးမြှပ်နှံတတ်ဖို့ လိုပါတယ်။
ဒါတွေကတော့ ခေတ်သစ်က ကျွန်တော်တို့ကို တောင်းဆိုနေတဲ့ လိုအပ်ချက်တွေထဲက စဉ်းစားမိသလောက်ကို ရေးလိုက်တာဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း သတိပေးရင်းနဲ့ စာဖတ်သူများအတွက်လည်း တစ်စုံတစ်ရာ အကျိုးရှိမယ် ယူဆလို့ပါ။



ဒေါက်တာ ဖြိုးသီဟ
၂၄.၁၀.၂၀၁၆

 


Comments

  1. Replies
    1. စာအရေးအသားကောင်းပြီး လူတွေကို လမ်းညွှန်ပေးနိုင်တဲ့ ဆရာတို့ကို အင်မတန်မှလေးစားအားကျမိပါတယ် <3

      Delete

    2. ဆောင်းတော့ ဆောင်းပဲ
      ဒါပေမယ့် ရင်ထဲမှာတော့
      အရမ်းကို ပူပါတယ်...💔

      Delete
  2. Replies
    1. DDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDDD

      Delete
  3. ကလစ်တချက်နဲ့ ​ခွေးသတ်ကြမယ်

    ReplyDelete
  4. ကလစ်တစ်ချက်နဲ့အရေးတော်ပုံအောင်မြင်ရမာ်

    ReplyDelete
  5. pdfများတိုက်ပွဲတိုင်းအောင်မြင်ပါစေ

    ReplyDelete
  6. အားလုံးရဲ့အနာဂတ်တွေလှပအောင်လို့ကြိုးစားကြပါစို့

    ReplyDelete
  7. ​ကျေးဇူးပါ ဆရာ

    ReplyDelete
  8. First မန့် က အစ်မကို ချစ်မိတဲ့ကောင်လေး

    ReplyDelete
    Replies
    1. First မန့်ကိုပြေးကြည့်သေးတာ
      (ဘာရယ်မဟုတ်ဘူး စပ်စုတာ အကျင့်ပါနေလို့) 😂😂
      ချသာချ အဆင်ပြေပါစေ။ တလရ ပြီးရင် ကလစ်ကာတွေတင် လက်ဖွဲ့မနည်းမနောရမှာ။ 😁😁

      Delete
  9. We are winner
    Fighting together
    အဆုံးထိတိုက်သွားမယ်💪💪

    ReplyDelete
  10. ပုခုံးနှစ်ဖက်ကြားခေါင်းပေါက်ယုံနဲ့လူလို့ခေါ်တာမဟုဘူး ကိုယ်စခဲ့တဲ့တာဝန်အဆုံးထိလုပ်မှတာဝန်ယူစိတ်တာဝန်ခံစိတ် တာဝန်သိစိတ်ရှိမှ လူလို့ခေါ်တာ

    ReplyDelete
  11. fight to click the end! Not straw fire! ❤❤❤❤❤

    ReplyDelete
  12. သွေးကြွေးမှာဆွေးနွေးစရာမရှိ၊အဆုံးထိတိုက်မည်။

    ReplyDelete
  13. မနက်အစောကြီး လက်တုန်တုန်နဲ့ clickနေရတယ် ဟူးးးချမ်းတယ်ဗျ

    ReplyDelete
  14. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  15. classes looks only revenue and
    Feel like cheatin to learners..
    Certificate decide somethin doesn't make sense.👀

    ReplyDelete
  16. Clickerများချစ်တယ်ဗျာ

    ReplyDelete
  17. Truth be told, there is no easy way out. All good paths have to be fought for, and fight to win.

    ReplyDelete
  18. May all people be free from oppression.🙏

    ReplyDelete
  19. Oops↗️i↖️dropped↘️all⬇️my⬅️clicks↖️↪️↩️🔃⤴️⤵️

    ReplyDelete
  20. မအေလိုး မင်းအောင်လှိုင် မင်းအောင်လှိုင် မအေလိုး

    ReplyDelete
  21. ကျေး‌ဇူးပါ

    ReplyDelete
  22. ဖတ်ရတာအကျိုးရှိတဲ့​ဆောင်းပါးတစ်ပုဒ်ပါ

    ReplyDelete
  23. ကျေးဇူးပါ ဆရာ

    ReplyDelete
  24. 知っておくのは良いことです。

    ReplyDelete
  25. အုတ်တစ်ချပ် သဲတစ်ပွင့် အနာဂါတ်မြန်မာ့လူထု စစ်အာဏာရှင်လက်အောက် မကျရောက်ဖို့ ပါ၀င်ရလို့ကျေနပ်တယ်..

    ReplyDelete
  26. မြန်မာလိုလေးတွေက ဖတ်ရတာ တကယ်ကောင်းပါတယ်
    NUG,PDF အောင်မြင်မှုရရှိပါစေ

    ReplyDelete
  27. ကျေးဇူးပါ ဆရာ

    ReplyDelete
  28. တဖြည်းဖြည်းလေ့ကျင့်ယူရမှာပါပဲ

    ReplyDelete
  29. Work smart ¡¡¡¡
    Its not easy , I think 😀

    ReplyDelete
  30. သိပ်ကောင်းတဲ့ အတွေးအခေါ် နဲ့အရေးအသား တွေပါ လိုက်နာနိုင်အောင် ကြိုးစားပါ့မယ်

    ReplyDelete
  31. Done💪🏻💪🏻💪🏻💪🏻💪🏻💪🏻

    ReplyDelete
  32. အသိအမြင်ပွင့်လင်းစေတဲ့ အရေးအသားတွေပါ
    ဖတ်ခွင့်ရတာ ကျေးဇူးပါ Admin🙂

    ReplyDelete
  33. ကြိုက်လိုက်တာ

    ReplyDelete
  34. လူငယ်ဒေါက်တာတစ်ယောက်ရဲ့ အဆင့်မြင့်
    ခေတ်မီအတွေးအခေါ်များ၊ လမ်းညွှန်ချက်များ

    ReplyDelete
  35. အရေးတော်ပုံ အောင်ရမည်

    ReplyDelete
  36. ဖတ်ခွင့်ရလို့ ကျေးဇူးပါ

    ReplyDelete
  37. သိပ်တော်တဲ့ကလေးတွေ

    ReplyDelete
  38. အရမ်းကောင်းတဲ့ အတွေး

    ReplyDelete
  39. စာလေးအတော်ကောင်းပါတယ်

    ReplyDelete
  40. ဟုတ်ကဲ့ပါ ဆရာ🤍

    ReplyDelete
  41. ဘုရားသခင်ထံမှလာသောငြိမ်သက်ခြင်းသည်သင်တို့အပေါ်တွင်သက်ကောက်ပါစေနေသာ်
    အာမင်

    ReplyDelete
  42. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​စေ

    ReplyDelete
  43. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​စေ

    ReplyDelete
  44. ဖတ်ခွင့်ရတဲ့အတွက်ကျေးဇူးပါရှင့်

    ReplyDelete
  45. အရေးတော်ပုံအမြန်အောင်ဖို့ clickနေပါတယ်

    ReplyDelete
  46. ကျေးဇူးပါ 💖

    ReplyDelete
  47. ကောင်းမွန်သောအရေးအသားတွေပါ

    ReplyDelete
  48. VPN US only ပတ်ချိန်း click နော် အမျိုးတို့ရေ

    ReplyDelete
  49. ပညာရှိစကားအရမ်းမှန်တယ် နံပါတ် ၁အချက်အရမ်းထိတယ်ရွာကဘောမတစ်သိုက်ကိုပြေးမြင်မိတယ်

    ReplyDelete
  50. အရမ်း​ကောင်းမွန်တဲ့ ​ဆောင်းပါးပါ။
    တကယ်လည်း အရာရာက ​ပြောင်းလဲ​နေတတ်တဲ့သဘာဝရှိတာပါ။ ​ကောင်းခြင်း ဆိုးခြင်းက​တော့ ဒွန်တွဲ ပါလာတတ်တာပါပဲ။

    ReplyDelete
  51. တက်ကျမ်း ေတွဖတ် ကြပါ

    ReplyDelete
  52. ဒီတစ်ခါ လွန်ပွဲမှာ
    နွံထဲကမထွက်ရင် လူမျိုးလဲတုန်း ဘဝလဲဆုံးပြီ
    #မင်းကိုနိူင်

    ReplyDelete
  53. Dr.ဖြိုးသီဟ စာတွေ ဖတ်လို့ကောင်း တန်းဖိုးရှိတယ်။

    ReplyDelete
  54. Good night all clicker ❣️💪 Fighting ❣️😍

    ReplyDelete
  55. Fighting ������

    ReplyDelete
  56. ဗဟုသုတလည်းရ စိတ်ခွန်အားလည်းရလို့ ကျေးဇူးပါ

    ReplyDelete

Post a Comment